ဒေါက်တာ စိုးရန်ပိုင် - အာရောဂျံ အထွေထွေရောဂါကုဆေးခန်း၊မူဆယ်မြို့။

  • Home
  • Myanmar
  • Mu-se
  • ဒေါက်တာ စိုးရန်ပိုင် - အာရောဂျံ အထွေထွေရောဂါကုဆေးခန်း၊မူဆယ်မြို့။

ဒေါက်တာ စိုးရန်ပိုင် - အာရောဂျံ အထွေထွေရောဂါကုဆေးခန်း၊မူဆယ်မြို့။ အရည်အချင်း/အရည်အသွေး = တန်ကြေး

10/10/2025

"လူနာခံစားရတဲ့ ခေါင်းအစခြေအဆုံး ဝေဒနာ မှန်သမျှကို ဖြေရှင်းမှု (ဝါ) ကုသခြင်း (အကြောင်းတရားကိုဖြေရှင်း - ဖြည်ရှင်းခြင်း)"

(1) အဆင့်ဆင့်သော စာတွေ့ + လက်တွေ့ လေ့လာတွေ့ရှိချက်များနဲ့ အထောက်အထားခိုင်မာစွာ ကြောင်းကျိုးဆီလျော်အောင် ဖြေရှင်း/ကုသ ပြထားတဲ့ နိုင်ငံတကာကုထုံး Upgraded + Updated Guidelines တွေက လူအများစု လက်ခံယုံ​ကြည် လိုက်နာကျင့်သုံးကြတဲ့ အဆင့်တစ်ခုမှာရပ်တည်လျက်ရှိပါတယ် (ကုသမှုပေးသူအားလုံးဟာ ၎င်းကုထုံးများကို အချိန်နဲ့တပြေးညီ လေ့လာသိရှိဖို့ရာ စဥ်ဆက်မပြတ် မဖြစ်မနေ ကြိုးပမ်းအားထုတ်နေရမှာဖြစ်ပါတယ်)။

(2) ထိုထက်အဆင့်မြင့်သွားရင်တော့ လေ့လာသိရှိထားတဲ့ (လေ့လာသိရှိပြီးဖြစ်နေဖို့က အရင်လိုပါတယ်) နိုင်ငံတကာ ကုထုံး Upgraded + Updated Guidelines များကို မှီငြမ်းရုံသာမှီငြမ်း၍​ မိမိနေထိုင်ကြီးပြင်းရာ အရပ်ဒေသပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် ခိုင်မာတဲ့ကြောင်းကျိုးဆီလျော်မှုနဲ့ လိုအပ်သလို/အလျဥ်းသင့်သလို/အလိုက်သင့် - ကိုးကား/ချိန်ထိုးကာ ရှိတာ/ရတာလေးနဲ့ မဖြစ်ဖြစ်အောင်/မရရအောင် ကုသမှုပေးနိုင်ရမည်ဖြစ်သည် (ပြီးပြီးရော လုပ်တာမျိုးတော့ လုံးဝမဖြစ်ရပါ)။

(3) ထိုထက်ပို၍ အဆင့်မြင့်သွားရင်တော့ (1 နဲ့ 2 ကိုအတတ်နိုင်ဆုံး ပြည့်စုံ/တတ်မြောက်/ကျွမ်းကျင် ပြီးဖြစ်နေရမည်) လောကမှာရှိသမျှ/ရသမျှ အရာအားလုံးနဲ့ အသိဉာဏ်ပညာ/ဆင်ခြင်တုံတရားကို အသုံးချကာ လူနာကုသမှုကို စွမ်းဆောင်ပေးနိုင်ရမည်ဖြစ်သည် (Upgraded + Updated Guidelines ခေတ်နဲ့ညီသော နိုင်ငံတကာကုထုံးများ >>> Valid or Reliable Adaptation of these Guidelines ၎င်းနိုင်ငံတကာကုထုံးများကို အလျဥ်းသင့်သလို​ ပြောင်းလဲအသုံးချပြီး ကုသမှုပေးခြင်း >>> ထိုမှသည် မြေ / ရေ / လေ / မီး / အာကာသ ဓာတ်များအပါ / ပရဆေး နဲ့ ရိုးရာကုထုံးများ / အိမ်တွင်းဆေးမြီးတိုများ / လေ့ကျင့်ခန်း - ယောဂ ကုထုံးများ / ချွတ်ချော် တိမ်းစောင်း နေသော အရိုးအဆစ်များနဲ့ တွန့်လိမ် တွန့်ခေါက်နေသော အရွတ်-အသား များကို တည့်မတ်-ပြန့်ဆန့်အောင် ပြုပြင်တည့်မတ်ကုသခြင်းများ Chiropractic and Physiotherapy / လျှပ်စစ်ကုထုံးနဲ့ဓာတ်ရောင်ခြည်ကုထုံးများ / စိတ်ကုထုံးများ နဲ့ Neuroplasticity ဦးနှောက်ပြုပြင်ကုထုံးများ / Stem Cell Therapy ကောင်းမွန်သောဆဲလ်-tissue များကိုသွပ်သွင်းကာ ပွားများစေပြီး မကောင်းသောဆဲလ်-tissue များအား အစားထိုးအနိုင်ယူ ပပျောက်စေခြင်း / Life Style Modification အစားအသောက်အနေအထိုင်အပြုအမူအပြောအဆိုများ ဆန်းသစ်တီထွင်ကာ ဇီဝရုပ်နဲ့စိတ် ဖြစ်-ပျက်မှုကို ပြုပြင်တည့်မတ်ပေးရသည့်ကုထုံးများ စသဖြင့်...အများကြီးထပ်ရှိပါသေးသည်)။ နံပါတ် (3) အချက်မှာ ပါရမီ (ဘဝအဆက်ဆက်ဖြည့်ကျင့်ခဲ့သောအထုံ + တစ်ဘဝစာ ကြုံကြိုက်ခဲ့ရသော အများနဲ့မတူ တမူထူးကဲသာလွန်နေသော ကိုယ်ပိုင်အရည်အချင်း) လိုပြီး ဥပမာ - ဘောလုံးသမား မက်ဆီ ကဲ့သို့ ပါရမီရှင် ဖြစ်နေပါက အထူးကောင်းမွန်ပြည့်စုံပါမည်။ ပါရမီပါမပါ-ပါရမီသာမသာ ယှဥ်ကြည့်မှသာ သိသာပါမည်။

နံပါတ်စဥ်အတိုင်းတစ်ခုပြီးမှတစ်ခု ချည်းကပ်နိုင်မှသာ ကုသမှုကိုအစဥ်သဖြင့် ထိရောက်အောင်ပေးနိုင်စွမ်းရှိပါမည်။ နံပါတ် (1) မပြီးဘဲ (2) / (2) မပြီးဘဲ (3) ကိုကျော်လုပ်ရင် အောက်သက်မကြေ အောက်ခြေမခိုင်သဖြင့် ဘေးဒုက္ခ တွေ့တတ်သည်။ အခြေခံဖြစ်သော နံပါတ် (1) ကို တတ်မြောက် + ကျွမ်းကျင် + အထူးကျွမ်းကျင် မှသာ တစ်ဆင့်ပြီးတစ်ဆင့် အဆင့်တက်သင့်ပါသည်။

နံပါတ် (1) ကို ထိရောက်ကျွမ်းကျင် ပိုင်နိုင်စွာ အသုံးချတတ်ဖို့က ကုသမှုဆိုင်ရာ အခြေခံအသိပညာ ဗဟုသုတ အရမ်းများ (အရမ်းများ) နေဖို့အရင်လိုအပ် (အဓိကလိုအပ်) ပြီး အချိန်နဲ့အမျှ တိုးတက်ပြောင်းလဲနေသော နိုင်ငံတကာကုထုံးများကို စဥ်ဆက်မပြတ် လေ့လာနေမှရပါမယ်။

နံပါတ် (2) ကို ထိရောက်ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချနိုင်ဖို့က အချိန် = အတွေ့အကြုံများစွာလိုအပ်ပြီး + Basic Science အခြေခံသိပ္ပံပညာ + Forensive Medicine ဥပဒေရေးရာဆေးပညာကို ကျယ်ကျယ်ပြန့်ပြန့်အသုံးချနိုင်ဖို့လို + Public Health and Overall Preventive & Social Medicine including Dynamic Epidemiology Based Ecosystem and Evolution ပြည်သူ့ကျန်းမာဆေးပညာနဲ့ ကာကွယ်ရေးနဲ့လူမှုရေးဆေးပညာကို ကျယ်ကျယ်ပြန့်ပြန့်အသုံးချကာ အမြဲလိုလိုပြောင်းလဲနေသော ဒေသဆိုင်ရာ ဂေဟစနစ်များ/ဆင့်ကဲတိုးတက်မှုများကို စဥ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုကာ ခွဲခြမ်းစိတ်ဖြာ၍ အကဲဖြတ်သုံးသပ်နေဖို့လိုပါသည်။

နံပါတ် (3) ကိုထိရောက်ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချတတ်ဖို့က ကုသမှုမှာ ယူအသုံးချလို့ရတဲ့ အခြားသောအထွေထွေဗဟုသုတမျိုးစုံ + စက်မှု-လက်မှုပညာမျိုးစုံ + နိုင်ငံရေး-စီးပွားရေး-လူမှုရေး-ဝိဇ္ဇာ သိပ္ပံ ပညာရပ်မျိုးစုံ + အားကစားမျိုးစုံ​ + ဘာသာ​ရေးရှုထောင့်မျိုးစုံ + နယ်ပယ်မျိုးစုံမှာ ဖြန့်ကျက်လေ့လာပြီး စုစည်းအသုံးချခြင်း Divergent Datas of Different-Various-Lateral Dimensions to Convergent Data + ဘက်စုံကဏ္ဍအသီးသီး၌ နှံ့နှံ့စပ်စပ်သိထားဖို့ရယ် (သုတ + ရသ မျိုးစုံ) + Passion ထက်သန်ပြင်းပြတဲ့ စိတ်ဆန္ဒရယ် အားလုံး လိုအပ်ပါသည်။

(မှတ်ချက်။ ။ကုသခြင်း/ကုထုံး လို့သာကျနော်သုံးနှုန်းထားပါတယ်။ ကုသခြင်း/ကုထုံး ဆိုတာ ဆေးပေးကုသတာ Medicine Only တစ်ခုတည်းမဟုတ်ဘဲ နည်းအမျိုးမျိုး ဆေးပေးကု / နည်းအမျိုးမျိုး ခွဲစိတ်ကု / လေ့ကျင့်ခန်းကု / နှိပ်ကု / အပ်စိုက်ကုအစရှိသော တိုင်းရင်းဆေး-ရိုးရာ နည်းနဲ့ကု / စိတ်ကုထုံး / လျှပ်စစ်ကုထုံး / ဓာတ်ရောင်ခြည်ကုထုံး / ယောဂကုထုံး စသဖြင့် များပြားလွန်းလှတဲ့ကုသခြင်း/ကုထုံး များသည် ရေးလျှင်ရေးသလို စာရှည်သွားမည်ဖြစ်သည်)။

ဒေါက်တာစိုးရန်ပိုင် (အာရောဂျံ ဆေးခန်း၊ မူဆယ်မြို့၊ မြန်မာ - တရုတ် နယ်စပ်)

10.10.2025 (သောကြာနေ့)

09/10/2025

ပညာအ​ခြေပြု ဂေါတမဗုဒ္ဓ မြတ်စွာဘုရား အလေးအနက်ထား ဟောကြားတော်မူခဲ့သော "ပညာစစ်စစ်" ကိုတန်ဖိုးထား လေးစားခြင်းမရှိတဲ့သူတွေ 95% လောက်ရှိနေတဲ့ ပညာအဆိပ်သင့်နိုင်ငံဟာ မနေအပ်တဲ့အရပ်ဒေသဖြစ်နေပေမယ့်လို့ ရှောင်လွဲလို့မရတဲ့ အခြေခံမတူသည့် ဘဝ​ပေးအနေအထားတွေကြောင့် နေထိုင်နေရတယ်။

ထိုသူအများဟာ အမှားနဲ့အမှန် / အကောင်းနဲ့အဆိုး /အတုနဲ့အစစ်ကို ခွဲခြားတတ်တဲ့အသိဉာဏ်လည်း မရှိသလောက်နည်းပြီး ငါချင်းစာတရားပဲလက်ကိုင်ထားကြတော့ (သုတ + ရသ စာပေဖတ်ရှုမှု နည်းကြလို့ပါ) "မှန်တယ်ထင်ရင်လုပ်သာလုပ်" - "ငါ့ဖက်ကကြည့်ရင် ငါမှန်တယ် ၁ - င - ပ - ဂ" စတဲ့ပညာမပါတဲ့ အတ္တလွန်ကဲမှုတွေနဲ့ ဆုံးဖြတ်တတ်ကြတယ် (အမှားနဲ့အမှန်ကို ခွဲခြားပေးတာ ပညာမှတပါးအခြားမရှိပါ = ဘာသာရေးအဆုံးအမများ / နိုင်ငံတကာ ဥပဒေများ / ပညာရှိ များရဲ့ အဆိုအမိန့်များ နဲ့မှီငြမ်းပြီး အသိဉာဏ်ပညာဆင်ခြင်တုံတရားနဲ့ ဆုံးဖြတ်ရတာဖြစ်ပါတယ်)။

အရေးကြီးတာက ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ဖို့ နဲ့ မိုးခါးရေ မသောက်ဖို့ ရယ် အဲ့ဒီလိုနေထိုင်ပြောဆိုသွားလာရတာ လိပ်ပြာလုံနေဖို့ရယ်ပဲ လိုတာပါ။

ဒေါက်တာစိုးရန်ပိုင် (အာရောဂျံ ဆေးခန်း၊ မူဆယ်မြို့၊ မြန်မာ - တရုတ် နယ်စပ်)

06/10/2025

ဆေးတက္ကသိုလ်မှာလည်း အသုံးမကျ + ဆေးရုံမှာလည်း တလွဲလုပ် + အပြင်လောကမှာ ဆေးကု/ခွဲစိတ် တော့လည်း အရည်အချင်းကအရမ်းညံ့ (နိုင်ငံတကာစံနှုန်းများနဲ့ တခြားစီ) >>>

ဒါပေမယ့်လူနာ အများဆုံး/အများကြီး ဖြစ်နေ​တယ် (အရမ်းတော်တဲ့သူတွေက ရုန်းကန်နေရတယ်) ဆိုရင် မြန်မာပြည်ကြီးကမှားနေပြီ >>> (ဘာကြောင့်လဲဆိုတော့ >>> စျေးပိုပေါလို့ရယ် + ပြည်သူအများစုက ပညာမသိတော့ တန်ဖိုးထားဦးစားပေးမှု လွဲမှားနေလို့ရယ် + စျေးမပေါရင်လည်း ၎င်းတို့ညံ့တာကိုညံ့မှန်းမသိရ​လေအောင် ဟိတ်ဟန် မှင်မောင်းသုံးပြီး တလွဲကုသမှုတွေနဲ့ ပြည်သူအများစုကို လိမ်လည်လှည့်စား ဂျင်းထည့်ထားကြလို့ရယ် + ပြည်သူ - လူနာ အများစုက စာဖတ်အားနည်းပြီးပညာနည်းတော့ အမှား နဲ့ အမှန် / အကောင်း နဲ့ အဆိုး = "ဂျင်း" မခွဲခြားတတ်ကြလို့)

အဲ့ဒီလိုအမှားတွေနဲ့မြန်မာပြည်မှာ ဆရာဝန်ပညာရှင်စစ်စစ်တွေ ရပ်တည်ဖို့ရာ လုံးဝမဖြစ်နိုင်ပါဘူး (အရမ်းတော်တဲ့သူတွေက အမေရိက / ဥရောပ / ဂျပန် နဲ့ သြဇီ ကိုပြောင်းရွှေ့နေထိုင်ကြပြီး နည်းနည်းတော်တဲ့သူတွေက စင်ကာပူ / မလေးရှား / ယိုးဒယားမှာ ပြောင်းရွှေ့အခြေချနေကြပါပြီ) >>> ရှောင်လွှဲလို့မရတဲ့ တာဝန်တွေ ဝတ္တရားတွေ ထမ်းထားရတဲ့ ဆင်းရဲသားဆရာဝန်ပညာရှင်စစ်စစ်တွေကတော့ အဲ့ဒီလိုအခြေအနေများကြားမှာ မြန်မာပြည်ကိုအရမ်းနာကျည်းပြီး မလွှဲရှောင်သာနေထိုင်ကျက်စားလျက်ရှိနေတာပါ >>> ၎င်းတို့မှာ ဘာတာဝန်မှမရှိတော့ဘူးဆိုရင် ပညာကိုတန်ဖိုးထားတဲ့နိုင်ငံကိုပဲ ချက်ချင်းသွားကြမှာ (လူတော် - လူကောင်း တွေကို မြန်မာပြည်ကလူအများစုက ရိုသေလေးစား တန်ဖိုးထားရကောင်းမှန်းမသိကြပါဘူး) >>> လူတော် - လူကောင်း ဟုတ်မဟုတ်အောက်ပါအချက်များနဲ့ ချိန်ထိုးကြည့်ကြပါ

(နိုင်ငံခြားရောက်နေတဲ့ဆရာဝန်တွေလည်း ဒီလို​​ပြည်သူ​တွေနဲ့ဆိုရင် ရပ်တည်ဖို့မဖြစ်နိုင်ဘူးဆိုတာ သိမှာပါ / ရှင်းပြလဲလက်မခံ တစ်ဖက်ပိတ်ပြီး - နွားပလာတာကျွေးသလို - ကျွဲပါးစောင်းတီးသလို ဖြစ်ပြီး - စေတနာကိုစေတနာမှန်းမသိကြတဲ့ - အမှားကိုအမှန်ထင် အမှန်ကိုအမှားမှတ် - အတုကိုအစစ်ထင် အစစ်ကိုအတုမှတ်နေတဲ့ - ပညာရှင်စစ်စစ်ကိုတန်ဖိုးမထား ပညာရှင်အတုအပတွေကိုရိုသေလေးစားနေကြတဲ့ - ပညာမဲ့ ပြည်သူတွေကြားထဲမှာ နိုင်ငံခြားရောက်ပြီးအဆင်ပြေနေမယ့် ဘယ်ဆရာဝန်မှ မြန်မာပြည်ကိုပြန်လာပြီး ဆရာဝန်မလုပ်တော့ပါ) >>>

ပညာရှင်စစ်စစ်တွေမရှိတော့တဲ့ + ပညာစစ်စစ်နဲ့မတန်တဲ့နိုင်ငံဟာ ပညာအဆိပ်သင့်သထက်သင့်ပြီး ဒုက္ခရောက်သထက်ရောက်ရုံပဲရှိမယ် >>> အဲ့ဒီလိုမဖြစ်အောင် ပြည်သူများကိုသိစေချင်တာက ခင်ဗျားတို့ မအကြပါနဲ့ခင်ဗျား >>> ခင်ဗျားတို့ရဲ့ အသက်နဲ့ခန္ဓာကို တန်ဖိုးထားကြပါခင်ဗျား >>> အောက်ပါ အချက်များကို ကြည့်ပြီး မိမိပိုက်ဆံပေးရမယ့် ဆေးခန်း/ဆရာဝန် များကို ရွေးချယ်ကြပါ >>> အချက်အများစု သို့မဟုတ် အချက်အားလုံးမှာ ပိုကောင်း/ပိုသာတဲ့သူကို နှိုင်းယှဥ်ရွေးချယ်လို့ရအောင် တစ်ချက်ချင်းစီမှာ အနုစိတ် နှိုင်းယှဥ်ကြည့်ကြပါခင်ဗျား >>>

(1) ကျွမ်းကျင်မှု

(2) နှံ့စပ်မှု

(3) ပေးဆပ်မှု (ကြိုးစားအားထုတ်မှု)

(4) ပြည့်စုံကောင်းမွန်မှု

(5) ထောင့်စေ့မှု (ဟာကွက်နည်းမှု အမှားမရှိသလောက်နည်းမှု)

(6) နိုင်ငံတကာ ဆေးကုသမှုစံနှုန်း သတ်မှတ်ချက်များ (update) အချိန်နဲ့တပြေးညီဖြစ်မှု

(7) ဂရုစိုက်မှု

(8) ကြင်နာမှု

(9) နွေးထွေးပျူငှာမှု

(10) လေးစားမှု

(11) အချိန်ပေးမှု

(12) စိတ်ရှည်မှု

(13) သည်းခံမှု

(14) တိကျမှန်ကန်မှု

(15) အထောက်အထားခိုင်မာမှု

(16) အ​န္တရာယ်ကင်းမှု

(17) ယုံကြည်စိတ်ချရမှု (ကတိတည်)

(18) လူနာတွေ နားလည်အောင် ဘက်ပေါင်းစုံနေ အ​ကြောင်းအရာရှုထောင့်မျိုးစုံကိုဆွေးနွေးနိုင်မှု

(19) ပွင့်လင်းမြင်သာမှု

(20) ကြိုတင်ကာကွယ်နိုင်မှု

(21) စစ်မှန်တဲ့အရည်အချင်းနဲ့အထွေထွေဗဟုသုတ မျိုးစုံကို မှန်ကန်စွာ အသုံးချတတ်မှု

(22) စေတနာပြည့်ဝမှု

(23) စာနာမှု

(24) အပြန်အလှန် နားလည်ပေးမှု

(25) ဖြည့်တွေးပေးမှု နဲ့ ကိုယ်ချင်းစာမှု

(26) ငဲ့ညာ - ငဲ့ကွက် ထောက်ထားမှု

(27) လူနာတွေ သိလိုသမျှအချက်အလက်အစုံအလင်ကို (update) ခေတ်နဲ့အညီပေးနိုင်မှု

(28) တိကျသေချာစိတ်ချရတဲ့ ပြည်တွင်းနဲ့နိုင်ငံတကာညွှန်းပို့မှု / ချိတ်ဆက်နိုင်မှု

(29) ရလာဒ်ကောင်းမှု (ရေရှည် / ကြာရှည် ခံမှု)

(30) တာဝန်သိ + တာဝန်ယူ + တာဝန်ခံ + တာဝန်ကျေ + % အများကြီးတာဝန်ကျေမှု

ဒေါက်တာစိုးရန်ပိုင် (အာရောဂျံ ဆေးခန်း၊ မူဆယ်မြို့၊ မြန်မာ - တရုတ် နယ်စပ်)

6.10.2025 (တနင်္လါနေ့)

03/10/2025

ဘယ်အရာကအတု ဘယ်အရာကအစစ်မှန်း မခွဲခြားတတ်ကြသလို ဘယ်အရာကို ရိုသေလေးစား တန်ဖိုးထားရကောင်းမှန်းမသိတဲ့ အကျင့်ပျက်ခြစားနေတဲ့ တိုင်းပြည်ကြီးမှာ ---

ထမင်းတစ်ဝိုင်းစာ (တစ်နပ်စာ) တစ်သိန်းကျော်ကျသင့်တယ် (ပျော်ပျော်ကြီးပေးပြီး စားကျတယ်)

အဝစားဟော့ပေါ့ ဘူဖေးလည်း ပိုက်ဆံအများကြီးပေးစားနိုင်ကြတယ်

မလ ရှမ်းကော နဲ့ အကင် ဆိုလည်း ပိုက်ဆံအများကြီး ပေးစားဖို့ မနှမြောကြဘူး

သိန်းချီအကုန်ခံပြီး တစ်ညတာ ဘီယာသောက်ပျော်​ပါးဖို့ ဝန်မလေးကြဘူး

တခါတလေမှထဖောက်တဲ့ မိမိရဲ့အသက်နဲ့ခန္ဓာကျန်းမာရေးအတွက်ကျတော့ အသောက်အစား အပျော်အပါး လောင်းကစားတွေမှာ ဖြုန်းသလောက်တောင် ပိုက်ဆံမပေးချင်ကြဘူး (တကယ်တမ်းက သူများနိုင်ငံတွေမှာဆိုရင် အသောက်အစား အပျော်အပါးထက် ကျန်းမာရေးအတွက်ဆို ပိုက်ဆံပိုပြီးကုန်ကျတယ် - ဒီနိုင်ငံမှာလည်း နိုင်ငံခြားထက်အဆပေါင်းများစွာသာအောင် လုပ်ပေးနိုင်သူတွေရှိပါတယ် / လူ - လူချင်းကွာပါတယ် - အမှား/အမှန် ကိုကျွမ်းကျင်စွာ ခွဲခြားတတ်တဲ့သူတွေခေါ်လာပြီး ​ကြိုက်သလို ပညာလာစမ်းလို့ရတယ်)

အသက်တွေကိုတန်ဖိုးမထားလို့ အသက်တွေတန်ဖိုးမဲ့နေတဲ့ ပညာမဲ့ပတ်ဝန်းကျင်ကြီးမှာ ရှောင်လွဲလို့မရတဲ့ အခြေအနေတွေကြောင့် နေထိုင်နေရတာ နေ့စဥ်ငရဲကျနေသလိုပါပဲ (ဝဋ်ကြွေးအကြီးစားပါပဲ)

အိပ် + စား + ကာမ ထိုသုံးဝကိုပဲ တန်ဖိုးထားတယ်ဆိုရင် တိရစ္ဆာန်လုံးလုံး ဖြစ်သွားပါပြီ။ ဗိုလ်ချုပ်အောင်ဆန်းဖြစ်မှာစိုးရိမ်ခဲ့တဲ့ ဖာနိုင်ငံကမှ တိရိစ္ဆာန်နိုင်ငံထက်စာရင် တော်ပါသေးတယ်

ခေါင်းထဲမှာ ဦးနှောက်ပါတယ်ဆိုရင်တော့ အမှန်နဲ့အမှားကို ခွဲခြားတတ်ရမှာပေါ့ (နိုင်ငံတကာကို ကြည့်ကြပါ) --- အထက်ပါစကားနဲ့ သက်ဆိုင်သူတွေအဖို့ လူပီသတယ်ဆိုရင် နိုင်ငံတကာနဲ့ယှဥ်ကာ အမှားကိုသိလို့ အမှန်ကိုပြင်ကြရမှာပါခင်ဗျား...

ကျနော်ကတော့ ဘဝတစ်သက်စာ လိပ်ပြာလုံတယ်ခင်ဗျ...

27/09/2025

ပြည်သူများအကြား တစ်ဦးနဲ့တစ်ဦး စိတ်ဓာတ် + စည်းကမ်း + ပညာ သုံးမျိုးပေါင်း ယှဥ်ပြိုင်ကြည့်ကြပါ။

ပိုသာတဲ့သူကို ပိုဦးစားပေးကြပါ။ ပိုပြီးနေရာပေးကြပါ။ ပိုပြီး ရိုသေလေးစားကြပါ။ ပိုသာတဲ့သူကိုသာ လုပ်ပိုင်ခွင့်အာဏာများ အပ်နှင်းကြပါ။ ချီးမြှင့်မြောက်စားကြပါ။

"ထိုနည်းအားဖြင့်သာ ဝန်းကျင်ကောင်းအောင် တည်ဆောက်နိုင်မည် >>> ဝန်းကျင်ကောင်းမှ တိုင်းပြည်ကောင်းမည်။

ဝန်းကျင်ကောင်းမှ လူကောင်းထွက်မည် >>> လူကောင်းထွက်မှ စနစ်ကောင်းပေါ်မည် >>> စနစ်ကောင်းမှ တိုင်းပြည်ကောင်းမည်။"

ဒေါက်တာစိုးရန်ပိုင် (အာရောဂျံ ဆေးခန်း၊ မူဆယ်မြို့၊ မြန်မာ - တရုတ် နယ်စပ်)

27.9.2025 (စနေနေ့)

25/09/2025

တိုင်း​ပြည်တိုးတက်ပြောင်းလဲဖို့ရာအတွက်က တကယ်ဆိုရင် ဒီ (၃) ချက် ပဲလိုတယ်။

(1) မိမိပတ်ဝန်းကျင်မှာရှိတဲ့ လူကောင်းတွေကို >>> ခွဲခြားသိမြင်ပြီး + ရိုသေဖို့ + တန်ဘိုးထားဖို့ + လေးစားဖို့ + ဦးစားပေးဖို့ + နေရာ​ပေးဖို့ + ငွေပေးဖို့ + အာဏာပေးဖို့ + ချီးမြှင့်မြှောက်စားဖို့ လိုပါတယ်​။ ပိုသာတဲ့သူကို ပိုကောင်းပေးကြပါ။ (အခုဟာက လူကောင်းဆိုရင် ဖယ်ကျဥ်ခံရပြီး - လူကောင်းယောင်ဆောင်တဲ့သူတွေ လူဆိုးတွေကျတော့ နေရာရကြတယ် ရိုသေလေးစားခံနေရတယ် - အမှားတွေကိုပဲ လက်ခံကျင့်သုံးနေကြတဲ့ ပတ်ဝန်းကျင်ကြီးဖြစ်နေတယ်)

(2) လူတိုင်း လူတိုင်း စာပေ နဲ့ အနုပညာ ကောင်းတွေကို စဥ်ဆက်မပြတ် နေ့စဥ် ဖန်တီး/ထိတွေ့ နေဖို့လိုပါတယ်။

(3) ပြုပြင်​ပြောင်းလဲမှု ဆယ်စုနှစ်အတွင်း တင်းကျပ်ပြီး တရားမျှတတဲ့ (တန်းတူညီမျှ - သာတူညီမျှထက် သာလွန်သော) တရားဥပဒေ စနစ်သစ်တစ်ခု ခေတ်နဲ့အညီ အကောင်အထည်ဖော်ကာ စိုးမိုးဖို့လိုပါတယ်။

ဒေါက်တာစိုးရန်ပိုင် (အာရောဂျံ ဆေးခန်း၊ မူဆယ်မြို့၊ မြန်မာ - တရုတ် နယ်စပ်)

25.9.2025 (ကြာသပတေးနေ့)

24/09/2025

"တာဝန်"

တာဝန်ဆိုတာ

သိရမယ် +
ယူရမယ် +
ခံရမယ် +
ကျေရမယ် +
တစ်ခုချင်းဆီမှာလည်း ဘယ်လောက်အတိုင်းအတာ ဘယ်လောက်အချိန်ကာလအထိ တာဝန် သိ + ယူ + ခံ + ကျေ - ခဲ့လဲ / နေလဲ / နေဦးမလဲ ဆိုတာက သင့်ရဲ့တန်ဖိုးသတ်မှတ်ချက်ပဲ။

လူတစ်ယောက်နဲ့တစ်ယောက်အကြား အဲ့ဒါတွေနဲ့နှိုင်းယှဥ်ပြီး တန်ဖိုးကွာသွားတယ်။ ပိုပြီးတော့ တာဝန်သိ တာဝန်ယူ တာဝန်ခံ တာဝန်ကျေတဲ့သူဟာ ပိုပြီးလူပီသတယ်။ ဘဝမှာ ရှင်သန်ရပ်တည်ရတာ ပိုပြီးလိပ်ပြာလုံမယ်။

သင့်ကိုသင် မေးကြည့်ပါ။ သင်တာဝန် သိ - ယူ - ခံ - ကျေ - % ? (အတိတ် - ပစ္စုပ္ပန် - အနာဂတ်)။ ကျနော်ကတော့ မိမိကိုယ်ကို နေ့တိုင်းမေးပါတယ်။ (ရှက်တတ်အောင်လို့ပါ)

(1) နိုင်ငံသား တစ်ယောက်ရဲ့ တာဝန် သိ - ယူ - ခံ - ကျေ - % ?

(2) သင့်ကိုထမင်းကျွေးနေတဲ့ သင့်အလုပ်အပေါ်မှာ တာဝန် သိ - ယူ - ခံ - ကျေ - % ?

(3) သင်ဘာလည်းဆိုတဲ့အပေါ်မှာ တာဝန် သိ - ယူ - ခံ - ကျေ - % ?

(4) ဆရာတစ်ယောက်ရဲ့ တာဝန် သိ - ယူ - ခံ - ကျေ - % ? (ဘဝမှာလူတိုင်းဟာ အသက်ရှင်နေသမျှ နေ့စဥ်သင်ယူ - သင်ပေး မှုတွေကို အချိန်နဲ့အမျှ ပြုလုပ်လျက် ရှိကြပါတယ်)

(5) တပည့်တစ်ယောက်ရဲ့ တာဝန် သိ - ယူ - ခံ - ကျေ - % ? (ဘဝမှာလူတိုင်းဟာ အသက်ရှင်နေသမျှ တပည့် ဖြစ်ဖူး - ဖြစ်နေ - ဖြစ်နေရဦးမှာပါ)

(6) မြေးတစ်ယောက်ရဲ့ တာဝန် သိ – ယူ - ခံ - ကျေ - % ?

(7) တူ / တူမ တစ်ယောက်ရဲ့ တာဝန် သိ - ယူ - ခံ - ကျေ - % ?

(8) သား / သမီး တစ်ယောက်ရဲ့ တာဝန် သိ - ယူ - ခံ - ကျေ - % ?

(9) မိဘ တစ်ယောက်ရဲ့ တာဝန် သိ - ယူ - ခံ - ကျေ - % ?

(10) ဦးကြီး - ဦးလေး / ဒေါ်ကြီး - ဒေါ်လေး တစ်ယောက်ရဲ့ တာဝန် သိ - ယူ - ခံ - ကျေ - % ?

(11) ညီအစ်ကိုမောင်နှမ တစ်ယောက်ရဲ့ တာဝန် သိ - ယူ - ခံ - ကျေ - % ?

(12) အိမ်ထောင် / ချစ်သူသက်ထား တစ်ယောက်ရဲ့ တာဝန် သိ - ယူ - ခံ - ကျေ - % ?

(13) ဆွေမျိုးသားချင်း / နှစ်ဘက်ဆွေမျိုးသားချင်း တစ်ယောက်ရဲ့ တာဝန် သိ - ယူ - ခံ - ကျေ - % ?

(14) မိတ်ဆွေ / သူငယ်ချင်း တစ်ယောက်ရဲ့ တာဝန် သိ - ယူ - ခံ - ကျေ - % ?

(15) အလုပ်ရှင် / ဝန်ထမ်း တစ်ယောက်ရဲ့ တာဝန် သိ - ယူ - ခံ - ကျေ - % ?

(16) လူသားတစ်ယောက်ရဲ့ တာဝန် သိ - ယူ - ခံ - ကျေ - % ?

ကျနော်ကတော့ လူတစ်ယောက်ကို အထက်ပါအချက်တွေနဲ့ပဲ နှိုင်းယှဥ်ပြီး တန်ဖိုးသတ်မှတ်ပါတယ်။ ပိုပြီးတာဝန် သိ - ယူ - ခံ - ကျေ - % များတဲ့သူကို ပိုပြီးတော့ အသိအမှတ်ပြုပါတယ်။

လူပီသခြင်း - လူသားဆန်ခြင်း - မေတ္တာပြည့်ဝနှလုံးလှခြင်း ... အစရှိတဲ့ မည်သည့်လူ့ကျင့်ဝတ် သတ်မှတ်ချက်ကိုမဆို "တာဝန်" ဆိုတဲ့စကားတစ်လုံးတည်းနဲ့ပဲ ယတိပြတ်ဆုံးဖြတ် သတ်မှတ်လို့ရပါတယ်။

အဲ့ဒီ "တာဝန်" ဆိုတာ စိတ်ဓာတ် + စည်းကမ်း + ပညာ အလုံးစုံကောင်းမွန်နေမှ % များများကျေပြီး လိပ်ပြာလုံစွာနဲ့ ရှင်သန်ရပ်တည်နိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့် "တာဝန်" ဆိုတာ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ စိတ်ဓာတ်နဲ့အကျင့်စာရိတ္တ + စည်းကမ်းရှိမှု + ပညာပြည့်မှု အပေါ် 100 % ရာနှုန်းပြည့် အ​​​​​ခြေခံပြီး ၎င်းအခြင်းအရာတွေကလည်း စာပေနဲ့အနုပညာကောင်းတွေနဲ့ အမြဲမပြတ် အုတ်မြစ်ချ - မွမ်းမံ နေရတာဖြစ်ပါတယ်။

တာဝန် မသိ - မယူ - မခံ - မကျေ တဲ့သူဟာ လူဖြစ်ဖို့ရာအတွက် မထိုက်တန်သလို ရှက်စရာလည်း အရမ်းကောင်းပါတယ်။ သူတို့ဘဝမှာ လိပ်ပြာလုံဖို့ဆိုရင် ဝေးသထက်​​ဝေးပေါ့။

အဲ့ဒီတော့ တာဝန်သိရုံနဲ့မပြီးသေး တာဝန်ယူတတ်အောင် - တာဝန်ယူရုံနဲ့မပြီးသေး တာဝန်ခံတတ်အောင် - တာဝန်ခံရုံနဲ့မပြီးသေး တာဝန်ကျေအောင် - တာဝန်ကျေရုံနဲ့မပြီးသေး % များများကျေအောင် နေထိုင်ရင်း ရှင်သန်ရပ်တည်ကြဖို့ရာ မိဘပြည်သူများနဲ့ ကျနော့်မိတ်ဆွေသူတော်ကောင်းအပေါင်းကို တိုက်တွန်းနှိုးဆော်ပါတယ် (ဝန်းကျင်ကောင်းဖို့ရာအတွက် သူယုတ်မာများကိုလည်း ပြင်စေ့ချင်ပါတယ်)

(မှတ်ချက်။ ။အမှား နဲ့ အမှန် ကို "ပညာ" တစ်ခုတည်းနဲ့သာ ဆုံးဖြတ်ပါတယ်)

ဒေါက်တာစိုးရန်ပိုင် (အာရောဂျံ ဆေးခန်း၊ မူဆယ်မြို့၊ မြန်မာ - တရုတ် နယ်စပ်)

24.9.2025 (ဗုဒ္ဓဟူးနေ့)

23/09/2025

"ဂျင်း" လား "အမှန်တရား" လား 🤔🤔🤔

"ဂျင်း" လို့ခေါ်တဲ့ "မလိမ့်တပတ်ပြုလုပ်ခြင်း" မှာ အမှား နဲ့ အမှန် ကို ခွဲခြားတတ်တာ "ပညာ" ဗျ။ အဲ့ဒါကို ခွဲခြားသိမြင်နိုင်တဲ့ဗဟုသုတရှိဖို့ စာများများဖတ်ဖို့/များများလေ့လာဖို့ ပတ်ဝန်းကျင်က လူတစ်ဦးချင်းစီမှာ တာဝန်ရှိတယ်။ ​အဲ့ဒီလိုမဟုတ်ဘူးဆိုရင် ပတ်ဝန်းကျင်ထဲမှာ "ဂျင်း" / အမှား တွေက ပျော်မြူးစွာ စီးပွားရှာအဆင်ပြေလို့ ကမ္ဘာ့စံနှုန်းနဲ့ "အမှန်" သမား လူကောင်းတွေက ဒုက္ခပင်လယ်ဝေကြရတယ်။

ပိုက်ဆံများများပေးရတိုင်းသာ "ဂျင်း" လို့လျှောက်ပြီးတော့ သတ်မှတ်နေလို့ကတော့ iPhone လည်း "ဂျင်း" ဖြစ်​နေလိမ့်မယ်။ iPhone က "ဂျင်း" မဟုတ်ဘူးနော်။ တကယ့်ကို အရည်အသွေးမြင့် ထုတ်ကုန်ပစ္စည်း။

ပိုက်ဆံများများပေးရပြီးမှ တန်သင့်သလောက်ပြန်မရတာကိုမှ "ဂျင်း" လို့ခေါ်တယ်။ အရှိကိုအရှိအတိုင်းမဟုတ်ဘဲ ဟန်ဆောင်လိမ်ညာပြီး ဟိတ်ဟန် မှင်မောင်းအပြည့်နဲ့ နိုင်ငံခြားကလိုမဟုတ်ဘဲ $တလွဲတွေ လျှောက်လုပ်နေမှ "ဂျင်း" လို့ခေါ်ပါတယ်ခင်ဗျား။

ဝန်ဆောင်မှုလုပ်ငန်း (သို့မဟုတ်) ရောင်းကုန်ပစ္စည်းမှာ "ဂျင်း - အမှား" နဲ့ "အမှန်" ကိုအောက်ပါ အချက်များအား တစ်ချက်ချင်းနှိုင်းယှဥ်ချိန်ထိုးကြည့်ပြီးမှသာ ဆုံးဖြတ်ကြပါခင်ဗျား။ ပိုသာရင် ပိုက်ဆံပိုပေးရပြီး ပိုညံ့ရင်ပိုက်ဆံပိုနည်းရမှာပါခင်ဗျား။

(1) ပညာ / ကုန်ပစ္စည်းချင်း မတူရင် ပညာတန်ဖိုးချင်းမတူဘူး (လူသားအကျိုး ပိုသယ်ပိုးနိုင်တဲ့အရာက ပိုသာလို့ ပိုက်ဆံပိုပေးရပါမယ်)

(2) ပညာ / ကုန်ပစ္စည်းချင်း တူရင်တောင် အရည်အချင်း (အစစ်နဲ့အတု ကွဲသေးတယ် ပိုကောင်းတာနဲ့ပိုညံ့တာ ကွဲသေးတယ်) အရည်အသွေး (​အစစ်နဲ့အတု ကွဲသေးတယ် ပိုကောင်းတာနဲ့ပိုညံ့တာ ကွဲသေးတယ်)

(3) ကျွမ်းကျင်မှု

(4) နှံ့စပ်မှု

(5) ပေးဆပ်မှု

(6) ပြည့်စုံမှု

(7) ထောင့်စေ့မှု (ဟာကွက်နည်းမှု အမှားမရှိသလောက်နည်းမှု)

(8) နိုင်ငံတကာစံသတ်မှတ်ချက်များ (update) အချိန်နဲ့တပြေးညီဖြစ်မှု

(9) ဂရုစိုက်မှု

(10) ကြင်နာမှု

(11) နွေးထွေးပျူငှာမှု

(12) လေးစားမှု

(13) အချိန်ပေးမှု

(14) စိတ်ရှည်မှု

(15) သည်းခံမှု

(16) တိကျမှန်ကန်မှု

(17) အထောက်အထားခိုင်မာမှု

(18) အ​န္တရာယ်ကင်းမှု

(19) ယုံကြည်စိတ်ချရမှု (ကတိတည်)

(20) ပိုက်ဆံပေးရမယ့်လူတွေ နားလည်အောင် ဘက်ပေါင်းစုံနေ အ​ကြောင်းအရာရှုထောင့်မျိုးစုံကိုဆွေးနွေးနိင်မှု

(21) ပွင့်လင်းမြင်သာမှု

(22) ကြိုတင်ကာကွယ်နိုင်မှု

(23) စစ်မှန်တဲ့အရည်အချင်းနဲ့အထွေထွေဗဟုသုတ မျိုးစုံကို မှန်ကန်စွာ အသုံးချတတ်မှု

(24) စေတနာပြည့်ဝမှု

(25) စာနာမှု

(26) အပြန်အလှန် နားလည်ပေးမှု

(27) ဖြည့်တွေးပေးမှု နဲ့ ကိုယ်ချင်းစာမှု

(28) ငဲ့ညာထောက်ထားမှု

(29) ပိုက်ဆံပေးရမယ့်လူတွေ သိလိုသမျှအချက်အလက်အစုံအလင်ကို (update) ခေတ်နဲ့အညီပေးနိုင်မှု

(30) တိကျသေချာစိတ်ချရတဲ့ ပြည်တွင်းနဲ့နိုင်ငံတကာညွှန်းပို့မှု / ချိတ်ဆက်နိုင်မှု

(31) ရလာဒ်ကောင်းမှု (ရေရှည် / ကြာရှည် ခံမှု)

စတဲ့ အသေးစိတ်ဝန်ဆောင်မှု / နှိုင်းယှဥ်မှု တစ်ခုချင်းစီမှာ ကွာဟချက် (ကွာဟချက်) ကြီးမားရင် ပညာ - ပစ္စည်း တန်ဖိုးချင်းမတူညီနိုင်ပါဘူး / တန်းတူလာညှိလို့မရပါဘူး >>> ပိုသာရင် ပိုပေးရပါတယ် - များများသာရင် များများပိုပေးရပါတယ် >>>

ပညာ - ဝန်ဆောင်မှုလုပ်ငန်း (သို့မဟုတ်) ကုန်ပစ္စည်း အတွက် ပိုက်ဆံပေးရမယ့်လူတွေက မပေးခင် ဒါတွေကို အရင်ကြည့်ရှု နှိိုင်းယှဥ်ပြီးမှ ခွဲခြားသိမြင် ဆုံးဖြတ်ရွေးချယ်တတ်ရမှာ ဖြစ်ပါတယ်ခင်ဗျား။ မဟုတ်ရင် "ဂျင်း" တွေကို အမှန်ထင်ပြီး "အမှန်" တွေကို အမှားထင်တတ်ကြကာ တလွဲတွေချည်းပဲ လုပ်မိနေကြမှာပါခင်ဗျား။ တလွဲပတ်ဝန်းကျင် တလွဲတိုင်းပြည်/နိုင်ငံကြီးလုံးလုံးကိုဖြစ်နေလို့ မိဘပြည်သူများ အချိန်မီ ပြင်ဆင်နိုင်အောင် အခုလိုအမုန်းခံပြီး ထောက်ပြလိုက်ရပါတယ်ခင်ဗျား။

နောက်ပြီးတော့ နိုင်ငံတကာကိုကြည့်ပါ - ယေဘုယျအားဖြင့် ဘယ်ပညာ / ပစ္စည်းတွေက အဖိုးအခကြီးလဲ သိလိမ့်မယ် >>> အခုဟာက မြန်မာပြည်သူတွေရဲ့ ဦးစားပေးတန်ဖိုးထားမှုစံနှုန်းတွေမှာ လူပီသတဲ့လူစိတ်ရှိတဲ့နိုင်ငံကောင်းတွေနဲ့မတူဘဲ လွဲမှားနေကြလို့ မသိချင်ယောင်ဆောင် သိရက်နဲ့ရူးချင်ယောင်ဆောင်နေကြတဲ့လူ များသထက်များလာလို့ ထောက်ပြတာပါ >>> ပညာကိုတန်ဖိုးမထားတဲ့နိုင်ငံဟာ ဘယ်တော့မှပျော်ရွှင်စရာကောင်းတဲ့နိုင်ငံဖြစ်လာမှာမဟုတ်ပါဘူး။

(မနက်မိုးလင်းကနေ ညမိုးချုပ်အထိ နေ့စဥ်နေ့တိုင်း ခံရတာများလွန်းလို့ နာလိုခံခက်/မချိတင်ကဲ/အောင့်သက်သက် ဖြစ်ရတာ နှစ်ဆယ်ချီကြာညောင်းလာခဲ့တော့ ခံပြင်းဒေါသအချို့ကြောင့် စကားလုံးအသုံးအနှုန်း အနည်းငယ်ရိုင်းသွားခဲ့ရင် မိဘပြည်သူများကိုလည်း တောင်းပန်ပါတယ် / ဒါပေမယ့် တစ်ကမ္ဘာလုံးက လက်ခံထားကြတဲ့ အမှန်တရားကို ကျနော်တို့မြန်မာပြည်သူတွေ ညီညာဖြဖြ လက်ခံတတ်ကြဖို့ကိုတော့ ထပ်မံတိုက်တွန်းနှိုးဆော်ပါတယ် /မေတ္တာရပ်ခံပါတယ် ခင်ဗျား။)

အရေးကြီးဆုံးက မိမိကိုယ်ကို ဘဝတစ်သက်စာ လိပ်ပြာလုံနေဖို့လိုပြီး ဘယ်သူမိုးခါးရေသောက်သောက် ကိုယ်မသောက်ဖို့လိုပါတယ်ခင်ဗျား။

ဒေါက်တာစိုးရန်ပိုင် (အာရောဂျံ ဆေးခန်း၊ မူဆယ်မြို့၊ မြန်မာ - တရုတ် နယ်စပ်)

23.9.2025 (အင်္ဂါနေ့)

21/09/2025

တချို့လူတွေက မနေသင့်တဲ့အရပ်ဒေသပတ်ဝန်းကျင်မှန်းသိရက်နဲ့ တမင်ရှင်သန်နေကြတာမဟုတ်ဘူး။

ဘယ်လိုမှ ရှောင်လွှဲထွက်ခွာသွားလို့မရတဲ့ ဘေးကြပ်နံကြပ် အခြေအနေမျိုးစုံကြောင့် မလွှဲသာလို့​ကျင်လည်နေကြ (ရ) တာပါခင်ဗျား။

တချို့လူတွေက မွေးရာပါသာမက ကြီးလာတဲ့အခါမှာပါ သူများတွေလို ရွေးချယ်ခွင့်တွေ မရကြဘူး။(ရွေးချယ်မှုဆိုတာ မိမိဘာသာပြုလုပ်ရတာမှန်ပေမယ့်လို့ တချို့ရွေးချယ်မှုတွေက အတ္တ နဲ့ တာဝန် ကို လျစ်လျူရှုမှရမှာမို့လို့ လူပီသလွန်းတဲ့သူတွေမှာ တချို့လူတွေလို ရွေးချင်သလိုရွေးခွင့်မရကြပါ)။

တစ်ကောင်ကြွက်တစ်မျက်နှာ သုညဘဝသမားတွေက ကြီးကြီးမားမား လှည့်ကြည့်စရာ မလိုတဲ့သူ = ငဲ့ကွက်ထောက်ထား တာဝန်ယူစရာ မလိုတဲ့သူ = အဲ့ဒီလိုလူတွေက ဆင်းရဲဒုက္ခရောက်နေရင်တောင် ကိုယ်ပိုင်ရွေးချယ်ခွင့်အချို့နဲ့ ကိုယ့် ကံ - ကြမ္မာ ကိုယ်ရေးနိုင်ပါသေးတယ်။

လှည့်ကြည့်စရာ ကြီးကြီးမားမား - တကယ့်ကိုကြီးကြီးမားမားကိုမှ တစ်ဘဝလုံးစာ အချိန်အကြာကြီး ငဲ့ကွက်ထောက်ထားနေခဲ့ရတဲ့ အနုတ်ကြီး​ကြီးဘဝသမား ဆင်းရဲသားတွေက သုညဘဝသမား ဆင်းရဲသားတွေထက် အရမ်းသနားစရာကောင်းလွန်းလှပါတယ် / တာဝန်သိ + တာဝန်ခံ + တာဝန်ယူ + တာဝန်ကျေလွန်းသထက်ကျေပြီး လူပီသလွန်းတဲ့သူတွေပေါ့။

ဒေါက်တာစိုးရန်ပိုင် (အာရောဂျံ ဆေးခန်း၊ မူဆယ်မြို့)

21.9.2025 (တနင်္ဂနွေနေ့)

20/09/2025

"ပညာ အစစ်အမှန်"

ပညာမဲ့ အယောက်တစ်သန်းက မလိုမုန်းထား ကဲ့ရဲ့ပြစ်တင်တာထက် ပညာရှင် 5 - 10 ယောက် (သို့မဟုတ်) ပညာရှိ တစ်ယောက်လောက်က လိုလားကြည်ဖြူစွာ ချီးကျူးတာကိုသာ လိုချင်တဲ့သူ/မြတ်နိုးတဲ့သူ ဖြစ်ကြပါစေ။

ပညာစစ်စစ်ကို တန်ဖိုးမထား / အားမပေးတဲ့ ပတ်ဝန်းကျင်မှာ ဘယ်လောက်ပဲနက်နဲတဲ့ ပညာကိုထုတ်ဖော်ပြသပါစေ တန်ဖိုးထားခံရဖို့ ချီးမြှင့်မြောက်စားခံရဖို့ မမျှော်လင့်ပါနဲ့။

ပညာစစ်စစ် တစ်ခုနဲ့တစ်ခု အကြားမှာလည်း >>> အကြောင်း - အကျိုး အကောင်း - အဆိုး အမှား - အမှန်ကို ချက်ကျလက်ကျနဲ့ >>> ဆီ​​လျော်အောင် / ခိုင်လုံအောင် ချပြ / ထောက်​ပြနိုင်ရမှာဖြစ်ပြီး >>>

အားသာချက် / အားနည်းချက်ကိုယ်စီ နှိုင်းယှဥ်ကြည့်ကြရာ၌ >>>

(1) အားသာချက်များ / အားသာချက်ကြီးပြီး +
(2) အားနည်းချက်နဲ / အားနည်းချက်သေး၍ +
(3) ကမ္ဘာလုံးဆိုင်ရာ / အနန္တစကြာဝဠာလုံးဆိုင်ရာအထိ ဖြန့်ကျက်လွှမ်းခြုံကာ +
(4) အဲ့ဒီခေတ်အချိန်အခါသမယမှာ +
(5) ရောက်နေမယ့်နေရာကိုလိုက်လို့ +
(6) ကောင်းကျိုးအဖြာဖြာပို +
(7) ဆိုးကျိုးပိုနည်းရာကိုသာ

ပိုစစ်မှန်တဲ့အမှန်ဟု လက်ခံယူဆပြီး လိုက်နာကျင့်သုံးကြရမှာ ဖြစ်ပါတယ်။

ဒေါက်တာစိုးရန်ပိုင် (အာရောဂျံ ဆေးခန်း၊ မူဆယ်မြို့၊ ရှမ်းပြည်မြောက်ပိုင်း၊ မြန်မာ - တရုတ် နယ်စပ်)

19.9.2025 (သောကြာနေ့)

Address

Mu-Se

Opening Hours

Monday 07:30 - 19:30
Tuesday 07:30 - 19:30
Wednesday 07:30 - 19:30
Thursday 07:30 - 19:30
Friday 07:30 - 19:30
Saturday 07:30 - 19:30
Sunday 07:30 - 19:30

Website

Alerts

Be the first to know and let us send you an email when ဒေါက်တာ စိုးရန်ပိုင် - အာရောဂျံ အထွေထွေရောဂါကုဆေးခန်း၊မူဆယ်မြို့။ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share