မြတ်မင်္ဂလာ - အဆင့်မြင့်ရောဂါရှာဖွေရေးဓါတ်ခွဲခန်း နှင့် အထူးကုဆေးခန်း

  • Home
  • Myanmar
  • Mu-se
  • မြတ်မင်္ဂလာ - အဆင့်မြင့်ရောဂါရှာဖွေရေးဓါတ်ခွဲခန်း နှင့် အထူးကုဆေးခန်း

မြတ်မင်္ဂလာ - အဆင့်မြင့်ရောဂါရှာဖွေရေးဓါတ်ခွဲခန်း နှင့် အထူးကုဆေးခန်း With expert doctors and modern technology, we are committed to your health and well-being.

မြတ်မင်္ဂလာ အဆင့်မြင့်ရောဂါရှာဖွေရေးနှင့် အထူးကုဆေးခန်း မှ နွေးထွေးစွာ ကြိုဆိုပါတယ် ရှင်

​Address -အမှတ်(၁)ဈေးမီးပွိုင့် (၉၉၉)ဖုန်းဆိုင်လမ်းကြား , ဈ/၂၀ ,ဈေးရပ်ကွက် , မူဆယ်မြို့

🔔2025 အတွက် ရာသီတုတ်ကွေးကာကွယ်ဆေးယနေ့မှ စတင်ထိုးနှံနိုင်ပါပြီ 💉💉💉🦠မိုးဦးဝင် ကာလဖြစ်တဲ့ ဇွန် ဇူလိုင် လတွေဟာ မြန်မာနိုင်ငံ...
09/04/2025

🔔2025 အတွက် ရာသီတုတ်ကွေးကာကွယ်ဆေး
ယနေ့မှ စတင်ထိုးနှံနိုင်ပါပြီ 💉💉💉

🦠မိုးဦးဝင် ကာလဖြစ်တဲ့ ဇွန် ဇူလိုင် လတွေဟာ မြန်မာနိုင်ငံမှာ ရာသီတုပ်ကွေး အဖြစ်အများဆုံး ကာလတွေ ဖြစ်ပါတယ်။

ရာသီတုပ်ကွေးရောဂါ Seasonal Flu ဟာ စိုးရိမ်စရာကောင်းတဲ့ ရောဂါမျိုးမဟုတ်သလို ပေါ့ဆသင့်တဲ့ရောဂါမျိုးလည်း မဟုတ်ပါဘူး။

🤒ကိုယ်ခံအားကောင်းသူတွေအတွက် အချိန်တိုတိုနဲ့ သက်သာသွားနိုင်ပေမယ့် အခန့်မသင့်ရင် အဆုတ်ရောင်ရောဂါဖြစ်သွားတဲ့အထိ ဆိုးရွားတတ်ပါတယ်။

နာတာရှည်ရောဂါအခံရှိသူများ၊ ကလေးသူငယ် များအတွက် ကြိုတင်ကာကွယ်နိုင်သော seasonal flu vaccine 💉 ကိုတနှစ်တခါ ပုံမှန်ထိုးထားသင့်ပါသည်။ကာကွယ်ဆေး ကိုမုတ်သုံရာသီမဝင်ခင်ကြိုတင်ထိုးထားခြင်းသည် အကောင်းဆုံးဖြစ်ပါသည်

တုတ်ကွေးကာကွယ်ဆေးကို မဖြစ်မနေထိုးသင့်သူများကတော့
(၁) အသက် (၆၅)နှစ်အထက် လူကြီးများ
(၂) ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက် ၆လ အထက် ကလေးသူငယ်များ
(၃) နာတာရှည်ရောဂါ အခံရှိသူများ။
(၄) covid ရောဂါဖြစ်ပွားထား၍ အဆုတ် ထိခိုက် ဖူးသူများ။
(၅)ကျောက်ကပ်ရောဂါဖြစ်နေသူများ၊သွေးတိုးဆီးချို ရောဂါဖြစ်နေသူများ၊

💊Registered vaccine များကို cold chain system
နှင့် ဆေးသိုလှောင်မှု ဖြင့်စနစ်တကျထိုးနှံပေးနေပါတယ်။

ကာကွယ်ဆေးထိုးနှံ လိုသူများ အနေနှင့်
👉ဆက်သွယ်စုံစမ်းရန်👈
မြတ်မင်္ဂလာအဆင့်မြင့်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းနှင့်အထူးကုဆေးခန်း

☎Hotline - 082-2951704
Mobile - 0997666041,09898060334

🏥လိပ်စာ
အမှတ်(၁)စျေးမီးပွိုင့်(999)ဖုန်းဆိုင်လမ်းကြား၊
စျ/၂၀၊စျေးရပ်ကွက်၊မူဆယ်မြို့။

⚠️ အပူချိန်မြင့်တက်မှုသည် ပတ်ဝန်းကျင်နှင့် လုပ်ငန်းခွင်ဆိုင်ရာ ကျန်းမာရေးအတွက် ကြီးမားသော အန္တရာယ်တစ်ခုဖြစ်ပါသည်။ အထူးသဖ...
08/04/2025

⚠️ အပူချိန်မြင့်တက်မှုသည် ပတ်ဝန်းကျင်နှင့် လုပ်ငန်းခွင်ဆိုင်ရာ ကျန်းမာရေးအတွက် ကြီးမားသော အန္တရာယ်တစ်ခုဖြစ်ပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံတွင် မကြာသေးမီက ဖြစ်ပွားခဲ့သော ငလျင်ကဲ့သို့သော ဘေးအန္တရာယ်များနောက်ပိုင်းတွင် အဆောက်အအုံများ ပျက်စီးခြင်း၊ လုံလောက်သော ခိုလှုံရာနေရာ မရှိခြင်းတို့ကြောင့် အပူဒဏ်ကို ကြုံတွေ့နေရသူများတွင် အပူဒဏ် ကြောင့်ကျန်းမာရေးပြဿနာများဖြစ်နိုင်ခြေ ပိုမိုမြင့်တက်လာပါသည်။

အောက်ဖော်ပြပါအချက်အလက်များတွင် အပူဒဏ်ကြောင့်ဖြစ်သော ကျန်းမာရေးပြဿနာများကို ကာကွယ်ရန်နှင့် ဘေးကင်းစွာနေထိုင်နည်းများ အရေးကြီးသော အချက်အလက်များ ပါဝင်ပါသည်။

📌 အပူဒဏ် မခံရအောင် နေပါ၊ အသိပညာမျှဝေပါ၊ အခြားသူများကိုကူညီရန် ဤအချက်အလက်များကို မျှဝေပေးပါ။

⚠️ Heat is a serious environmental and occupational health risk—especially after disasters like Myanmar's recent earthquake. With damaged buildings and inadequate shelter, people who facing extreme heat, increasing the risk of heatstroke.

This infographic provides important tips on how to stay safe and prevent heat-related illnesses.
📌 Stay cool, stay informed, and share to help others.


🤰🏻ကျန်းမာနေတဲ့ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်မှာ ကိုယ်ဝန်ဆောင်နေစဉ်တလျှောက် ကိုယ်အလေးချိန် ဘယ်လောက်တက်သင့်လဲ❓🥙ကိုယ်ဝန်ဆောင်နေ...
25/03/2025

🤰🏻ကျန်းမာနေတဲ့ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်မှာ ကိုယ်ဝန်ဆောင်နေစဉ်တလျှောက် ကိုယ်အလေးချိန် ဘယ်လောက်တက်သင့်လဲ❓
🥙ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ ဘယ်လောက် ကယ်လိုရီ ပိုတိုးစားသင့်သလဲ❓
#ကျန်းမာရေးဗဟုသုတ #ကိုယ်ဝန်ဆောင်မိခင်များ

🚨🤒 ဗိုက်အောင့်/ဗိုက်နာ စတဲ့ရောဂါလက္ခဏာတစ်ခုခုခံစားနေရပြီဆိုရင် လေထိုးလေအောင့်ရုံပဲလား၊ အစာအိမ်ရောဂါတစ်ခုခုဖြစ်လို့လား၊ အ...
24/03/2025

🚨🤒 ဗိုက်အောင့်/ဗိုက်နာ စတဲ့ရောဂါလက္ခဏာတစ်ခုခုခံစားနေရပြီဆိုရင် လေထိုးလေအောင့်ရုံပဲလား၊ အစာအိမ်ရောဂါတစ်ခုခုဖြစ်လို့လား၊ အသည်းရောဂါဖြစ်နေပြီလား၊အူအတတ်ယောင်တာလား ၊ကျောက်ကပ်ကျောက်တည် လား ၊သားအိမ် ၊ သားဥ အိမ်ပြဿနာလား စသဖြင့် ရောဂါရဲ့ပြင်းထန်မှုအဆင့်များကို ချက်ချင်းသိနိုင်ရန်အတွက်
ကျွမ်းကျင်နားလည်တဲ့ဆရာဝန်တွေ ဆီ အမြန်ဆုံးသွားရောက် စစ်ဆေးပြသဖို့လိုအပ်ပါတယ်။

မြတ်မင်္ဂလာအဆင့်မြင့်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းနှင့်အထူးကုဆေးခန်းတွင်
🩻ဝမ်းဗိုက်ဓာတ်မှန်(အာထွာဆောင်း) ရိုက်ခြင်း၊
👨‍⚕️အထွေထွေဆရာဝန် နှင့်ဆွေးနွေးတိုင်ပင်ခြင်း၊
🩸🧪သွေး/ဆီးဓာတ်ခွဲစစ်ဆေးခြင်းများ စတဲ့ကျန်းမာရေးစောင့်ရှောက်မှုများကို အချိန်ကြာ
စောင့်ဆိုင်းရန် မလိုဘဲ ရယူနိုင်ပါပြီ ။

တိကျမှန်ကန်တဲ့ကုသမှုများ လျင်မြန်စွာပေးနိုင်ရန်အတွက် ကျန်းမာရေးစစ်ဆေးမှုရလာဒ်အဖြေများ
ကိုလည်း အမြန်ဆုံးရအောင် စီစဉ်ပေးထားပါတယ်။

👉ဆက်သွယ်စုံစမ်းရန်👈
မြတ်မင်္ဂလာအဆင့်မြင့်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းနှင့်အထူးကုဆေးခန်း

☎Hotline - 082-2951704
Mobile - 0997666041,09898060334

🏥လိပ်စာ
အမှတ်(၁)စျေးမီးပွိုင့်(999)ဖုန်းဆိုင်လမ်းကြား၊
စျ/၂၀၊စျေးရပ်ကွက်၊မူဆယ်မြို့။

#မူဆယ် #အထူးကုဆေးခန်း #ကျန်းမာရေး

❓ဘယ်အခါမှာခွေးရူးပြန်ရောဂါကာကွယ်ဆေးထိုးသင့်သလဲ ခွေး၊ ကြောင် နဲ့ ခွေးမျိုးနွယ်ဝင်၊ ကြောင်မျိုးနွယ်ဝင်တောရိုင်းသတ္တဝါတွေ၊ ...
22/03/2025

❓ဘယ်အခါမှာခွေးရူးပြန်ရောဂါကာကွယ်ဆေးထိုး
သင့်သလဲ

ခွေး၊ ကြောင် နဲ့ ခွေးမျိုးနွယ်ဝင်၊ ကြောင်မျိုးနွယ်ဝင်တောရိုင်းသတ္တဝါတွေ၊ ကြွက် နဲ့ ရှဉ့်လိုမျိုး ကြွက်မျိုးနွယ်ဝင် (rodents) သတ္တဝါတွေ၊ မျောက်၊ လင်းနို့၊ နွား၊ မြင်း၊ သိုး၊ ဆိတ်၊ ယုန် တွေရဲ့တံတွေးမှာ ခွေးရူးပြန်ရောဂါဗိုင်းရပ်စ်ပိုးရှိနေတတ်တဲ့အတွက် အဲ့လိုသတ္တဝါတွေအကိုက်ခံရတဲ့အခါ ထိုးဖို့လိုအပ်ပါတယ်။

📍Rabies vaccine (ခွေးရူးပြန်ရောဂါကာကွယ်ဆေး) ကိုထိုးတဲ့အခါ ခွေးရူးပြန်ရောဂါကိုကာကွယ်နိုင်ဖို့လုံလောက်တဲ့ကိုယ်ခံအားပမာဏရအောင် ၁ ပတ်ကနေ ၂ ပါတ်လောက်အထိအချိန်ကြာတတ်တာကြောင့် အကိုက်ခံရပြီးစောစောထိုးနိုင်လေ လုံလောက်တဲ့ကိုယ်ခံအားစောစောရလေ၊ ခွေးရူးပြန်ရောဂါမဖြစ်အောင်ကာကွယ်ဖို့ပိုစိတ်ချရလေ၊ ပိုကောင်းလေပါ။

❓အကိုက်ခံရပြီးဘယ်လောက်ကြာတဲ့အချိန်အထိ ခွေးရူးပြန်ကာကွယ်ဆေးစထိုးလို့ရလဲ

ဘယ်လောက်ကြာမှထိုးရင်တော့
အကျိုးမထူးတော့ဘူးလို့တော့ သတ်မှတ်ပြဌာန်းထားတာမရှိပါဘူး။ ဒါပေမယ့် အာရုံကြောမှာခွေးရူးပြန်ရောဂါဗိုင်းရပ်စ်ပိုးမတွယ်ကပ်ခင်အဆင့် အတွင်းမှာထိုးမှ အာနိသင်ရှိပါလိမ့်မယ်။ အာရုံကြောမှာရောဂါပိုးတွယ်ကပ်တဲ့အဆင့်ရောက်ဖို့ ၃ ပါတ်ကနေ ၃ လလောက် အချိန်ကြာနိုင်ပါတယ်။
တခါတလေမှာ ခွေးရူးပြန်ရောဂါဟာ ရောဂါပိုးဝင်ရောက်ပြီး၊ အကိုက်ခံရပြီး ချက်ချင်းရောဂါမဖြစ်ဘဲ၊ ခွေးရူးပြန်ရောဂါဗိုင်းရပ်စ်ပိုးတွေက အာရုံကြောတွေထဲမှာခိုအောင်းနေတတ်ပြီး လတွေ နှစ်တွေကြာတဲ့အခါမှ ရောဂါစဖြစ်ပြီး ခွေးရူးပြန်တာဖြစ်တတ်ပါတယ်။ ဒါကြောင့် အကိုက်ခံရရင် အချိန်မဆွဲဘဲ တတ်နိုင်သမျှစောစောထိုးပါ။ စောစောမထိုးဖြစ်ရင်တောင်မှ အာရုံကြောတွေမှာခွေးရူးပြန်ရောဂါဗိုင်းရပ်စ်ပိုးတွယ်ကပ်တဲ့အဆင့်မရောက်သေးခင် ထိုးဖြစ်အောင်ထိုးပါ။

❓မတော်တဆခွေးကိုက်ခံရပြီဆိုပါက PEP အတွက်ဘာလုပ်ကြမလဲ

ခွေးကိုက်ခံရတဲ့ဒဏ်ရာကို ဆပ်ပြာ၊ရေနဲ့ ၁၅မိနစ်ကြာအောင် ဆေးကြောပါ။ ရေလောင်းချပြီးဆေးတာမျိုး ဘုံဘိုင်အောက်မှာဆေးတာမျိုးက အကောင်းဆုံးပါ။ ရေများများနဲ့ဆေးကြောပါ။
ပြီးရင်တော့ ဒဏ်ရာဟာ ဆေးထိုးရမယ့်ဒဏ်ရာဟုတ်မဟုတ် ဆုံးဖြတ်ဖို့ အနီးဆုံး ကျန်းမာရေးဌာန/ဆေးရုံ/ဆေးခန်း ကိုသွားရပါမယ်။

❓မဖြစ်ခင်တည်းကဘယ်လိုကြိိုတင်ကာကွယ်မလဲ

မဖြစ်ခင်တည်းက ကြိိုတင်ကာကွယ်သင့်တဲ့အထဲမှာ Rabiesရောဂါက ထိပ်ဆုံးကပါ။
အိမ်မွေးခွေး၊ကြောင်အပါအဝင် အိမ်မွေးတိရစ္ဆာန်များအားလုံးကို ကာကွယ်ဆေးထိုးနှံထားရပါမယ်။
ရောဂါပိုးကူးစက်နိုင်ခြေမြင့်များတဲ့အလုပ်လုပ်ကိုင်သူများကိုတော့ Pre-Exposure Prophylaxis အနေနဲ့ ကြိုတင်ပြီး ကာကွယ်ဆေးထိုးနှံထားသင့်ပါတယ်။

📍ခွေးရူးပြန်ရောဂါဖြစ်ရင် mortality rate (သေနှုန်း) က 100% ဖြစ်တာကြောင့် Rabies vaccine ထိုးတဲ့အခါ မှန်ကန်ဖို့ အရမ်းအရေးကြီးပါတယ်။
အကယ်၍သာ ကိုက်တဲ့ခွေးမှာသာခွေးရူးပျံရောဂါပိုးရှိနေရင် အကိုက်ခံရတဲ့လူမှာလည်း ခွေးရူးပျံရောဂါဖြစ်မှာပါ။

ကာကွယ်ဆေးအမျိုးမျိုး အတွက်

👉ဆက်သွယ်စုံစမ်းရန်👈
မြတ်မင်္ဂလာအဆင့်မြင့်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းနှင့်အထူးကုဆေးခန်း

☎Hotline - 082-2951704
Mobile - 0997666041,09898060334

🏥လိပ်စာ
အမှတ်(၁)စျေးမီးပွိုင့်(999)ဖုန်းဆိုင်လမ်းကြား၊
စျ/၂၀၊စျေးရပ်ကွက်၊မူဆယ်မြို့။

#မူဆယ် #အထူးကုဆေးခန်း #ကာကွယ်ဆေး
#ခွေးရူးပြန်ရောဂါ

အသည်းရောင်အသားဝါဘီပိုးကာကွယ်ဆေး ထိုးပြီးပြီလား ❓❓❓💉သင်နဲ့ ထိတွေ့ဆက်ဆံနေသူတွေထဲမှာဘီပိုး ရှိနေတဲ့သူ ဘယ်နှယောက် ရှိ‌နေနိုင...
19/03/2025

အသည်းရောင်အသားဝါဘီပိုးကာကွယ်ဆေး
ထိုးပြီးပြီလား ❓❓❓

💉သင်နဲ့ ထိတွေ့ဆက်ဆံနေသူတွေထဲမှာ
ဘီပိုး ရှိနေတဲ့သူ ဘယ်နှယောက် ရှိ‌နေနိုင်မလဲ ??
💉လုံးဝမထိုးဖူးဘူးဆိုရင်တော့ နောက်ဆက်တွဲ
ကူးဆက်မှုများ/ရောဂါများမဖြစ်ခင်
ကြိုတင်ကာကွယ်ထိုးနှံထားဖို့ လိုအပ်ပါတယ်

💉ကာကွယ်ဆေးထိုးထားပြီးတဲ့ သူတွေကတော့ (ဘီပိုးကာကွယ်‌‌ဆေးဟာ အပြည့် ထိုးနှံထားရင်တောင် တသက်တာကာကွယ်မှု မပေးနိုင်တာဖြစ်တဲ့အတွက်) Booster Dose ထိုးမလား ၊ Full schedule ပြန်ထိုးမလား ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ်

အသည်းရောင်အသားဝါဘီပိုးကူးစက်ခံရလျှင်အသည်းရောင်တာကနေ နောက်ဆုံး အသည်းခြောက် ၊ အသည်းကင်ဆာ ရောဂါများဖြစ်နိုင်ပြီး အသက်အန္တရာယ် ရှိနိုင်ပါသည်

⭐️မြတ်မင်္ဂလာအဆင့်မြင့်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းနှင့်အထူးကုဆေးခန်း တွင် အသည်းရောင် အသားဝါဘီပိုး ရှိမရှိ ကို မိနစ် ၂၀ အတွင်း စစ်ဆေးနိုင်ပြီး ဘီပိုး မရှိပါက ကာကွယ်ဆေးများလည်း အဆင်သင့်ထိုးနှံနိုင်ပါပြီ။
⭐️ကာကွယ်ဆေးများကို အအေးဓာတ် သိုလှောင်မှု (cold chain system) နဲ့စနစ်တကျသို‌လှောင်ထားတဲ့အတွက်ယုံကြည်စိတ်ချစွာထိုးနှံနိုင်ပါတယ်

👉ဆက်သွယ်စုံစမ်းရန်👈
မြတ်မင်္ဂလာအဆင့်မြင့်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းနှင့်အထူးကုဆေးခန်း
☎Hotline - 082-2951704
Mobile - 0997666041,09898060334

🏥လိပ်စာ
အမှတ်(၁)စျေးမီးပွိုင့်(999)ဖုန်းဆိုင်လမ်းကြား၊
စျ/၂၀၊စျေးရပ်ကွက်၊မူဆယ်မြို့။

06/03/2025

ဝန်ထမ်းခေါ်ယူခြင်း

မြတ်မင်္ဂလာအဆင့်မြင့်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းနှင့် အထူးကုဆေးခန်း အတွက် Nurse Aid (၂)ဦး အလိုရှိပါသည်

Nurse Aid - Female (2) posts

Job Requirements
- ကျောင်းကိစ္စ၊ စာမေးပွဲကိစ္စ ကင်းရှင်းသူဖြစ်ရမည်။
- သူနာပြုအကူ သင်တန်းဆင်းလက်မှတ်ရှိပြီး သက်ဆိုင်ရာ လုပ်ငန်းအတွေ့အကြုံ အနည်းဆုံးတစ်နှစ် ရှိသူဖြစ်ရမည် (အတွေ့အကြုံမရှိသေးသော သင်တန်းဆင်းများလည်း လျှောက်ထားနိုင်ပါသည်။)
- အလုပ်ကို သွက်လက်စွာ လုပ်ကိုင်နိုင်ရမည်။
- ၀န်ထမ်းအချင်းချင်း ညီညွတ်စွာဆက်ဆံနိုင်ရမည်။
- Patient များအပေါ် ဖော်ရွေပျူငှာစွာ ပြောဆိုတတ်သူဖြစ်ရမည်။ စကားအပြောအဆို ပြေပြစ်ရမည်။
- သန့်ရှင်းသပ်ရပ်စွာ နေထိုင်တတ်ပြီး ဆက်ဆံရေးကောင်းမွန်သူဖြစ်ရမည်။

လစာ-ညှိနိူင်း + နေ/စား ငြိမ်း

အသေးစိတ်သိရှိရန် နှင့် CV ပေးပို့ရန်အတွက် -
မြတ်မင်္ဂလာအဆင့်မြင့်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းနှင့်အထူးကုဆေးခန်း

☎Hotline - 082-2951704
Mobile/ Viber - 09954121639

🏥လိပ်စာ
အမှတ်(၁)စျေးမီးပွိုင့်(999)ဖုန်းဆိုင်လမ်းကြား၊
စျ/၂၀၊စျေးရပ်ကွက်၊မူဆယ်မြို့။

🧧 𝐇𝐚𝐩𝐩𝐲 𝐂𝐡𝐢𝐧𝐞𝐬𝐞 𝐍𝐞𝐰 𝐘𝐞𝐚𝐫 𝟐𝟎𝟐𝟓🎊🎉🧧𝐘𝐞𝐚𝐫 𝐨𝐟 𝐭𝐡𝐞 𝐒𝐧𝐚𝐤𝐞 🎆ပျော်ရွှင်စရာတရုတ်နှစ်သစ်ကူးအချိန်မှ စပြီး ကိုယ်ကျန်းမာခြင်း၊စိတ်ချမ်...
29/01/2025

🧧 𝐇𝐚𝐩𝐩𝐲 𝐂𝐡𝐢𝐧𝐞𝐬𝐞 𝐍𝐞𝐰 𝐘𝐞𝐚𝐫 𝟐𝟎𝟐𝟓🎊🎉
🧧𝐘𝐞𝐚𝐫 𝐨𝐟 𝐭𝐡𝐞 𝐒𝐧𝐚𝐤𝐞 🎆
ပျော်ရွှင်စရာတရုတ်နှစ်သစ်ကူးအချိန်မှ စပြီး
ကိုယ်ကျန်းမာခြင်း၊စိတ်ချမ်းမြေ့ခြင်း
ကြွယ်ဝချမ်းသာခြင်းများဖြင့်ပြည့်စုံပါစေကြောင်း
မြတ်မင်္ဂလာမိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

🎉🧧တရုတ်နှစ်သစ်ကူး အမျိုးသမီးများအတွက်ကျန်းမာရေး စစ်ဆေးခြင်းPromotion အစီအစဉ်များ👑🩺သားအိမ်ခေါင်းကင်ဆာဟာ ကြိုတင်ကာကွယ်နိုင...
28/01/2025

🎉🧧တရုတ်နှစ်သစ်ကူး အမျိုးသမီးများအတွက်ကျန်းမာရေး စစ်ဆေးခြင်းPromotion အစီအစဉ်များ👑

🩺သားအိမ်ခေါင်းကင်ဆာဟာ ကြိုတင်ကာကွယ်နိုင်တဲ့ ကင်ဆာရောဂါ တစ်ခုဖြစ်ပြီး စောစီးစွာတွေ့ရှိပါက အောင်မြင်စွာကုသနိုင်ပါတယ်။
1️⃣သားအိမ်ခေါင်းကင်ဆာပုံမှန်စစ်ဆေးခြင်း နှင့်
2️⃣သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးခြင်း
စတဲ့ အချက်တွေကို လိုက်နာပါက သားအိမ်ခေါင်းကင်ဆာကို ထိထိရောက်ရောက်ကာကွယ်တားဆီးနိုင်မှာဖြစ်ပါတယ်။

🦠Human Papilloma Virus (HPV) ကြောင့်အဓိက ဖြစ်တဲ့ သားအိမ်ခေါင်းကင်ဆာတွေဟာ ပုံမှန်အားဖြင့်ကြီးထွားမှုနှုန်းနှေးကွေးသောကင်ဆာဖြစ်ပြီး HPV ပိုးစစ်ခြင်းနဲ့သားအိမ်ခေါင်းကင်ဆာစစ်ဆေးမှုတွေသာပုံမှန်ပြုလုပ်မယ်ဆိုရင် ကင်ဆာ
မဖြစ်ခင် ဆဲလ်များပြောင်းလဲတဲ့ အဆင့်မှာတင်ရှာဖွေတွေ့ရှိပြီးကုသနိုင်ပါတယ်။

🏥မြတ်မင်္ဂလာအဆင့်မြင့်ရောဂါရှာဖွေရေးဓာတ်ခွဲခန်း
နှင့်အထူးကုဆေးခန်း မှာ
သားအိမ်ခေါင်းကင်ဆာအသိပညာပေးလ ဖြစ်တဲ့ ဇန်နဝါရီလမှာ တရုတ်နှစ်ကူးလက်ဆောင်အဖြစ်
သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်းနှင့်ကာကွယ်ဆေးထိုးခြင်းများကို အထူးစျေးနူန်းများဖြင့်ပေးသွားမှာဖြစ်ပါတယ်

💉သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်းကို
သားအိမ်ခေါင်းချွဲမြှေးယူပြီးတော့ ကင်ဆာအကြိုအဆင့်နဲ့ကင်ဆာကြောင့် သားအိမ်ခေါင်းက
ဆဲလ်တွေ မူမမှန်စွာပြောင်းလဲခြင်းရှိမရှိကို စစ်ဆေးပေးမှာ ဖြစ်ပါတယ်

💁🏼‍♀️အသက် ၂၁ နှင့်အထက် အမျိုးသမီးများကို ဆရာဝန်နှင့် တိုင်ပင်ပြီးသားအိမ်ခေါင်းကင်ဆာ ရှိမရှိ
စစ်ဆေးမှုပြုလုပ်နိူင်ပါတယ်

🎁မိမိ ကိုယ်တိုင်သာမက မိမိချစ်ခင်ရသူတွေအတွက်ပါ သားအိမ်ခေါင်းကင်ဆာမှ ကာကွယ်ဖို့
နှစ်သစ်ကူး လက်ဆောင်အဖြစ်ပေးနိုင်ရန် အခုပဲ ဆက်သွယ်စာရင်း ပေးလိုက်ပါနော်။

✍️သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်းပက်ကေ့ချ်များများကို ဇန်နဝါရီလ ၂၈ ရက်မှ ဖေဖော်ဝါရီလ ၂၈ရက်အတွင်းဝယ်ယူထားနိုင်ပါတယ်

👉ဆက်သွယ်စုံစမ်းရန်👈
မြတ်မင်္ဂလာအဆင့်မြင့်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းနှင့်အထူးကုဆေးခန်း

☎Hotline - 082-2951704
Mobile - 0997666041,09898060334

🏥လိပ်စာ
အမှတ်(၁)စျေးမီးပွိုင့်(999)ဖုန်းဆိုင်လမ်းကြား၊
စျ/၂၀၊စျေးရပ်ကွက်၊မူဆယ်မြို့။

အာထရာဆောင်းရိုက်ခြင်း(Ultrasound)အာထရာဆောင်းဆိုတာ အသံလှိုင်းကို အသုံးပြုပြီး ပုံရိပ်ဖော်ပေးတဲ့ စက်တစ်မျိုးဖြစ်ပါတယ်။ အာထ...
25/01/2025

အာထရာဆောင်းရိုက်ခြင်း(Ultrasound)
အာထရာဆောင်းဆိုတာ အသံလှိုင်းကို အသုံးပြုပြီး ပုံရိပ်ဖော်ပေးတဲ့ စက်တစ်မျိုးဖြစ်ပါတယ်။
အာထရာဆောင်းဟာ အခြား X ray ဓာတ်မှန်တွေလိုမျိုး ဓာတ်ရောင်ခြည်အန္တရာယ် မရှိတဲ့အတွက် ကိုယ်ဝန်ဆောင်မိခင်တွေမှာ မိခင်ရော ကလေးအတွက် ထိခိုက်စေခြင်းမရှိပါဘူး။

ဝမ်းဗိုက်အာထရာဆောင်းရိုက်ခြင်းဖြင့်
(Ultrasound Abdomen)
✍️ကိုယ်တွင်းအင်္ဂါများစစ်ဆေးနိုင်ခြင်း
အသည်း၊သည်းခြေအိတ်၊အစာအိမ်၊ကျောက်ကပ်
အူအတတ်၊အူလမ်းကြောင်း၊ ဆီးလမ်းကြောင်း ၊သားအိမ်အခြေအနေများ၊
အလုံးအကျိတ်များရှိမရှိသိနိုင်ခြင်း
✍️ကိုယ်ဝန်ရှိမရှိ စစ်ဆေးနိုင်ခြင်း
✍️ကိုယ်ဝန်ဆောင်မိခင်များတွင်
-သန္ဓေသားအရေအတွက် (ကလေး တစ်ဦး သို့မဟုတ် အမြွှာကိုယ်ဝန်)
- သန္ဓေသား နှလုံးခုန်နှုန်းရှိ/မရှိ
- ‌သ‌‌န္ဓေသားရဲ့အသက်နဲ့ မွေးမယ့်ရက်ကို ကြိုတင်ခန့်မှန်းနိုင်ခြင်း
- အခြားသော ပြဿနာများဖြစ်တဲ့ သားအိမ်ပြင်ပသန္ဓေတည်ခြင်း၊ သားအိမ်အလုံးရှိ/မရှိ
မိခင်ရဲ့ သားဥအိမ်အခြေအနေတွေ
- သန္ဓေသား မွေးရာပါချို့ယွင်းမှုရှိ/ မရှိ
- သန္ဓေသားကြီးထွားနှုန်း/နှလုံးခုန်နှုန်း
- ကလေးလိင် (ကျား/မ ဖြစ်ခြင်း)
- အချင်းအနေအထားနဲ့ တည်နေရာ (အချင်းရှေ့ရောက်ခြင်း၊ အချင်းကွာကျခြင်း)
- ရေမြွှာရည် အနည်းအများ စသဖြင့် တွေ့နိုင်ပါသည်

မြတ်မင်္ဂလာအထူးကုဆေးခန်း-မူဆယ်မြို့မှာ
နေ့စဉ် ပိတ်ရက်မရှိ မနက်၈ နာရီမှ ညနေ ၆ နာရီအထိ အထူးစျေးနူန်း ၂၅၀၀၀ ကျပ်ဖြင့်
Ultrasound(အာထရာဆောင်း) ရိုက်နိုင်ပါပြီ

👉ဆက်သွယ်စုံစမ်းရန်👈
မြတ်မင်္ဂလာအဆင့်မြင့်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းနှင့်အထူးကုဆေးခန်း

☎Hotline - 082-2951704
Mobile - 0997666041,09898060334

📍လိပ်စာ
အမှတ်(၁)စျေးမီးပွိုင့်(999)ဖုန်းဆိုင်လမ်းကြား၊
စျ/၂၀၊စျေးရပ်ကွက်၊မူဆယ်မြို့။

🩺 ရာသီဥတု အေး​အေးလေးမှာ နေမကောင်းချင်သလိုဖြစ်နေပြီလား ?🩺 နှာစေး၊ ချောင်းဆိုး၊ ဖျားနာခြင်းက စပြီး ကျန်းမာရေးစစ်ဆေးခြင်းမျ...
21/01/2025

🩺 ရာသီဥတု အေး​အေးလေးမှာ နေမကောင်းချင်သလိုဖြစ်နေပြီလား ?

🩺 နှာစေး၊ ချောင်းဆိုး၊ ဖျားနာခြင်းက စပြီး ကျန်းမာရေးစစ်ဆေးခြင်းများအထိ
စိတ်ကြိုက်ဝန်ဆောင်မှု များရရှိနိုင်တာမို့ ကျန်းမာရေးအတွက်ဆို မြတ်မင်္ဂလာဆေးခန်း မှာယုံကြည်စွာ လာရောက်ဆွေးနွေးတိုင်ပင်လိုက်နော်။

သင့်တင့်တဲ့စျေးနူန်းဖြင့်အရည်အသွေးပြည့်မှီ​သော ဆေးဝါးများ၊အတွေ့အကြုံရှိသော ဆရာဝန်၊
ဆရာမများနှင့်အတူ အကောင်းဆုံးကျန်းမာရေး ဝန်ဆောင်မှုများပေးနေပါတယ်။

👉ဆက်သွယ်စုံစမ်းရန်👈
မြတ်မင်္ဂလာအဆင့်မြင့်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းနှင့်အထူးကုဆေးခန်း

☎Hotline - 082-2951704
Mobile - 0997666041,09898060334

📍လိပ်စာ
အမှတ်(၁)စျေးမီးပွိုင့်(999)ဖုန်းဆိုင်လမ်းကြား၊
စျ/၂၀၊စျေးရပ်ကွက်၊မူဆယ်မြို့။

🩺အသည်းရောင်အသားဝါဘီပိုး (Viral Hepatitis)ဆိုတာဘာလဲ ?အသည်းရောင်အသားဝါဘီပိုးရောဂါဟာကူးစက်တတ်တဲ့ Hepatitis B virus ကြောင့်ဖ...
17/01/2025

🩺အသည်းရောင်အသားဝါဘီပိုး (Viral Hepatitis)
ဆိုတာဘာလဲ ?

အသည်းရောင်အသားဝါဘီပိုးရောဂါဟာကူးစက်တတ်တဲ့ Hepatitis B virus ကြောင့်ဖြစ်သောရောဂါတစ်ခုဖြစ်ပါတယ်
💉ရောဂါရှိသူ၏သွေး၊သုတ်ရည်၊ကိုယ်ခန္ဓာမှထွက်သော အရည်တို့မှကူးစက်နိုင်ပါတယ်.
💉ရောဂါပိုးရှိသူမိခင်မှသန္ဓေသားသို့လည်းကူးစက်နိုင်တယ်။ကိုယ်ခန္ဓာအတွင်းသို့ရောက်ရှိသောVirusအမျိုးအစား၊အနည်းအများပေါ်လိုက်၍ရောဂါလက္ခဏာများကွဲပြားပါတယ်
💉တချို့မှာအသည်းရောင်ခြင်း၊အသည်းခြောက်ခြင်းနှင့်အသည်းကင်ဆာကဲ့သို့သောဆိုးရွားသည့်နောက်ဆက်တွဲရောဂါများခံစားရတတ်ပါသည်။

💉အသည်းရောင်အသားဝါဘီပိုးကိုကာကွယ်ဆေးထိုးခြင်းဖြင့်ကာကွယ်နိုင်ပါသည်။ပထမဦးစွာရောဂါရှိ/မရှိစစ်ဆေးပြီးရောဂါမရှိပါကကာကွယ်ဆေးထိုးနှံနိုင်ပါသည်။

💉အသည်းရောင်အသားဝါ(ဘီ)ပိုး ကာကွယ်ဆေးကို မွေးကင်းစအရွယ်မှစ၍ လူတိုင်းထိုးထားသင့်ပါသည်။

ကာကွယ်ဆေးကို(3)ကြိမ်ထိုးရပါသည်။
0 - ပထမတစ်ကြိမ်
1 - တစ်လပြည့်လျှင် ဒုတိယ တစ်ကြိမ်
6 - ခြောက်လပြည့်လျှင် တတိယ တစ်ကြိမ်

ကာကွယ်ဆေးထိုးပြီးနောက်တစ်လခွဲ(သို့)2လအကြာမှာသွေးတွင်းရှိ(HBs Antibody) ပမာဏကိုစစ်ဆေးနိုင်ပါသည်။
ဆေးအောင်သောသူ(HBs Antibody )ရှိသောသူများတွင် Booster dose ကို (5) နှစ်တစ်ကြိမ်ထိုးနှံသင့်ပါသည်။

💉ရောဂါဖြစ်လာမှကုသခြင်းထက်မဖြစ်ခင်ကြိုတင်ကာကွယ်ထားဖို့လိုအပ်ပါသည်
ဒါကြောင့်အသည်းရောင်အသားဝါဘီပိုးရောဂါကိုကာကွယ်ဆေးထိုးထားခြင်းဖြင့်နောက်ဆက်တွဲ
ဆိုးကျိုးများကိုကာကွယ်နိုင်ပါသည်
💉ကာကွယ်ဆေးထိုးနှံလိုသော မိဘ ပြည်သူများအတွက် မြတ်မင်္ဂလာဆေးခန်းတွင် သင့်တင့်သော
စျေးနူန်းဖြင့် စိတ်ချယုံကြည်စွာ နေ့စဉ်ပိတ်ရက်မရှိ
ထိုးနှံလို့ရနေပါပြီ

👉ဆက်သွယ်စုံစမ်းရန်👈
မြတ်မင်္ဂလာအဆင့်မြင့်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းနှင့်အထူးကုဆေးခန်း

☎Hotline - 082-2951704
Mobile - 0997666041,09898060334

📍လိပ်စာ
အမှတ်(၁)စျေးမီးပွိုင့်(999)ဖုန်းဆိုင်လမ်းကြား၊
စျ/၂၀၊စျေးရပ်ကွက်၊မူဆယ်မြို့။

Address

အမှတ်(၁)ဈေးမီးပွိုင့်(၉၉၉)ဖုန်းဆိုင်လမ်းကြား, ဈ/၂၀, ဈေးရပ်ကွက်, မူဆယ် မြို့
Mu-Se

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Telephone

+959898060334

Website

Alerts

Be the first to know and let us send you an email when မြတ်မင်္ဂလာ - အဆင့်မြင့်ရောဂါရှာဖွေရေးဓါတ်ခွဲခန်း နှင့် အထူးကုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram