Par Kyel Pharmacy & Watches

Par Kyel Pharmacy & Watches အဂ်လိပ်ဆေးနှင့် မြန်မာဆေးမျိုးစုံ လက်လီလက်ကားမှာယူအားပေးနိုင်ပါပြီ။

Glaritus Dispo Pen 2 လေး Order မှာလိုသူများ ရနိုင်ပါတယ်နော်...☎ 09263993974 (Viber) #ပါကျဲဆေးဆိုင်    #မုဒုံ  #ကွမ်တုံရပ...
07/09/2023

Glaritus Dispo Pen 2 လေး Order မှာလိုသူများ ရနိုင်ပါတယ်နော်...

☎ 09263993974 (Viber)

#ပါကျဲဆေးဆိုင် #မုဒုံ #ကွမ်တုံရပ်ကွက်

အစာအိမ်နံရံရောင်ရမ်းခြင်း (သို့) အစာအိမ်နာခြင်း (Gastritis) (အပိုင်း ၁)အစာအိမ်ရောင်ရမ်းခြင်း (Gastritis) ဆိုသည်မှာ လူ၏အစ...
06/09/2023

အစာအိမ်နံရံရောင်ရမ်းခြင်း (သို့) အစာအိမ်နာခြင်း (Gastritis) (အပိုင်း ၁)

အစာအိမ်ရောင်ရမ်းခြင်း (Gastritis) ဆိုသည်မှာ လူ၏အစာအိမ်ကို အကာအကွယ်ပေးထားသော နံရံများရောင်ရမ်းလာခြင်းကိုဆိုလိုခြင်းဖြစ်ပါသည်။ အများစုတွင် အစာအိမ်အတွင်းရှိ အစာများကို ချေဖျက်ပေးသော အက်စစ်အရည်များပိုမို ထွက်ရှိလာကာ အစာအိမ်နံရံကို တိုက်စားခြင်းကြောင့် နံရံရှိ အလွှာများပါးလာကာ အစာအိမ်နံရံအနာဖြစ်ခြင်းနှင့် အစာအိမ်နံရံရောင်ရမ်းခြင်းများ ဖြစ်ပေါ်လာတတ်ပါသည်။

အစာအိမ်အတွင်းရှိအက်စစ်ဓာတ်ပိုမိုထွက်ရှိရခြင်းနှင့် အစာအိမ်ရောင်ရမ်းခြင်းကို ဖြစ်ပေါ်စေသော အကြောင်းအရင်းများ

✅ လူတွင် ဝမ်းပျက်ဝမ်းလျောခြင်းကို အများဆုံးဖြစ်စေသော ဘက်တီးရီးယားပိုး (H.Pylori) ရောဂါပိုးမကြာခဏဝင်ရောက်ကူးစက်ခံရ​ခြင်း။

✅ Non-Steroid Anti-Inflammatory Drug (NSAID) စအကိုက်အခဲပျောက်ဆေး (Ibuprofen နှင့် Naproxen Sodium)များအား မကြာခဏ သို့မဟုတ် ကာလကြာရှည်စွာ သောက်သုံးခြင်း။

✅ အသက်အရွယ်ကြီးသူများ၊ ဆေးလိပ်/အရက်/ကွမ်းယာ ပမာဏအလွန်အကျွံ သို့ ကာလကြာရှည်စွာ စားသုံးသူများ၊ စိတ်ပင်ပန်းမှု (Stress) များသူများ၊ ကင်ဆာဆေးဝါးများသောက်သုံးနေရသူများ။

✅ Autoimmune Disorder ကြောင့်ဖြစ်သော မိမိခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များအချင်းချင်း ပြန်လည်ဖျက်ဆီးခြင်းကြောင့် အစာအိမ်နံရံရှိ ဆဲလ်များပျက်စီးကာ အစာအိမ်နံရံရောင်ရမ်းခြင်း။

အစာအိမ်ရောင်ရမ်းခြင်း (Gastritis) ရှိနေပြီဟု သိရှိနိုင်သည့် လက္ခဏာများ

အစာအိမ်ရောင်ရမ်းခြင်း အဆင့်မရောက်မီ လူအများစုသည် မည်သည့်လက္ခဏာမှ မခံစားရ၍ သတိမပြုမိကြပါ။

အောက်ပါလက္ခဏာများ ပေါက်ပေါက်လာမှသာ အစာအိမ်ရောင်ရမ်းခြင်း (Gastritis) ဖြစ်နေပြီဟု သိကြရမှာ ဖြစ်ပါသည်။

✅ ဝမ်းဗိုက်တောင့်တင်းခြင်း၊ နာခြင်း၊ အောင့်ခြင်း။

✅ ဝမ်းဗိုက်အပေါ်ပိုင်း အလယ်နေရာ (ရင်ညွန့်အောက်) တွင် ပူစပ်ပူလောင်ခံစားရခြင်း။

✅ အစာမကြေခြင်း၊ ပျို့ခြင်း။

✅ အန်သည့်အခါ သို့မဟုတ် ဝမ်းသွားသည့်အခါသွေးပါခြင်း (ကတ္တရာစေကဲ့သို့ ဝမ်းမဲမဲသွားခြင်း နှင့် မစင်မှာ ကြက်ဉပုပ်နံ့နံခြင်း၊ အညိုရောင် သို့ ကော်ဖီရောင်အန်ခြင်း)။

✅ သွေးအားနည်းလာခြင်း။

✅ တဖြည်းဖြည်းပိန်လာခြင်း များ ဖြစ်တတ်ပါသည်။

အပိုင်း (၂) ဆက်ရန်ရှိပါသည်။

#ပါကျဲဆေးဆိုင် #ကွမ်တုံရပ်ကွက် #မုဒုံ

Rowatinex (ရိုးဝါးတီးန်နက်စ်) ကျောက်ပျော်/ကြေဆေး (၁၀လုံးပါကဒ်)💊 Type _ Soft Gelatin Capsule (ဂျယ်ပုံစံဆေးလုံး)💊 ထုတ်လုပ်...
04/09/2023

Rowatinex (ရိုးဝါးတီးန်နက်စ်) ကျောက်ပျော်/ကြေဆေး (၁၀လုံးပါကဒ်)

💊 Type _ Soft Gelatin Capsule (ဂျယ်ပုံစံဆေးလုံး)

💊 ထုတ်လုပ်သည့်နိုင်ငံ _ Germany (ဂျာမနီ နည်းပညာ)

💊 အသုံးပြုနိုင်သည့်ရောဂါများ

ကျောက်ကပ်အတွင်းရှိ ဆီးပို့ပြွန်များတွင်ကျောက်တည်ခြင်း၊ ဆီးလမ်းကြောင်းကျောက်တည်ခြင်းနှင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်းများတွင်အသုံးပြုလေ့ရှိပါသည်။

💊 ဆေး၏အလုပ်လုပ်ပုံ

ဆီးသွားခြင်းကို ထောက်ပံ့ပေးပြီး ဆီးလမ်းကြောင်းအတွင်းရှိကျောက်များအား ဆီးနှင့်အတူပါသွားစေရန်ကူညီပေးခြင်း၊ ကြွက်သားများပြေလျော့ကာ သွေးကြောအတွင်း သွေးလှည့်ပတ်မှု ပိုမိုကောင်းမွန်စေပြီး ကျောက်တည်ခြင်းကြောင့်ဖြစ်သော ရောင်ရမ်းကိုက်ခဲခြင်းနှင့် နာကျင်မှုများကို သက်သာပျောက်ကင်းစေပါသည်။

💊 အသုံးပြုရမည့်ပမာဏ

ဆရာဝန် သို့ ကျန်းမာရေးပညာရှင်များနှင့်ပြသပြီး ရောဂါရှိမှသာ ညွှန်ကြားပေးသော ပမာဏအတိုင်း သောက်သုံးခြင်းက အကောင်းဆုံးဖြစ်ပါသည်။ ဆေးလုံးအား ချိုးခြင်း၊ဖဲ့ခြင်းမပြုဘဲ တစ်ခါတည်း သောက်သုံးသင့်ပါသည်။ ကုသမှုခံယူနေစဉ် ကာလအတွင်း ရေများများသောက်သုံးပေးရပါမည်။

💊 သတ်မှတ်ထားသော ပမာဏမှာ

👨👩 လူကြီး) (အသက် ၁၄နှစ်အထက်))_ တစ်ခါသောက် တစ်လုံးဖြင့် တစ်ရက်တွင် လေးကြိမ်မှ ငါးကြိမ်အထိ အစာမစားမီ ရေများများဖြင့် သောက်သုံးနိုင်ပါသည်။

👦👧 ကလေး (အသက် ၆နှစ်မှ ၁၄နှစ်အထိ) _ တစ်ခါသောက် တစ်လုံး ကနေ နှစ်လုံးအထိ တစ်ရက်တွင် နှစ်ကြိမ် အစာမစားမီ ရေများများဖြင့် သောက်သုံးပေးရပါမည်။

👶 အသက် ၆နှစ်အောက် ကလေးငယ်များတွင် အသုံးပြုသော မှတ်တမ်းမျိုး မရှိပါ။

💊 ဆိုးကျိုးများ

အများစုတွင် သိသာထင်ရှားသော ဆိုးကျိုးဖြစ်မှု မရှိသလောက်နည်းပါသည်။ မဆိုစလောက်သော အသုံးပြုသူများသာ ဝမ်းဗိုက်တောင့်တင်းခြင်း နှင့် အားနည်းဖြင်းများ ဖြစ်တတ်ပါသည်။

💊 သတိပြုသင့်သူများ

သွေးမခဲရအောင်ဆေးသောက်နေရသူများ (ဉပမာ_Warfarin)/ အသည်းတွင် ခြေဖျက်ရသောဆေးဝါးသောက်သုံးနေသူများ (မိမိသောက်နေသည့်ဆေးများအား ဆရာဝန်ကိုပြောပြပါ)

ကိုယ်ဝန်ဆောင်များတွင် လနုစဉ် (ကိုယ်ဝန်ပထမ ၃လအတွင်း မသောက်သုံးသင့်ပါ။) ဆရာဝန်နှင့် တိုင်ပင်ပြီးမှသာ သောက်သုံးသင့်ပါသည်။

#ပါကျဲဆေးဆိုင် #မုဒုံ #ကွမ်တုံရပ်ကွက် #ဆေးဝါး
#ကျောက်ကြေဆေး

Amtas 5 ခေါ် သွေးတိုးကျဆေးပြား Amlodipine 5mg (အမ် မလိုဒီပင်း ၅ မီလီဂရမ်)💊 Amtas 5 အကြောင်းAmtas 5 ဟာဆိုရင် သွေးတိုးကျဆေ...
12/07/2023

Amtas 5 ခေါ် သွေးတိုးကျဆေးပြား Amlodipine 5mg (အမ် မလိုဒီပင်း ၅ မီလီဂရမ်)

💊 Amtas 5 အကြောင်း

Amtas 5 ဟာဆိုရင် သွေးတိုးကျဆေး အုပ်စုတွေအထဲမှာမှ Calcium Channnel Blocker လို့ခေါ်တဲ့ ဆေးအုပ်စုထဲမှာ ပါဝင်ပါသည်။ Amtas 5 ပါဝင်သော ထို ဆေးအုပျစုသည် သွေးတိုးရောဂါ (Hypertension)တွင် နှလုံးသွေးလွှတ်ကြောနံရံများရှိ ွကြွက်သားများအားဖြေလျော့​ေစကော သွေးကြောများပြန်လည်ကျယ်စေခြင်းဖြင့် သွေးကြော နံရံပေါ်သို့သက်ရောက်​ေနသော သွေးတိုးအားကိုလျော့ကျ စေကာ နှလုံးမှခနာကိုယ်အစိတ်အပိုင်းများသို့ သွေးထောက်ပံ့မှုကို ချော့မွေ့​ေစပေါသည်။ ထို့အပြင် သွေးကြောများပြန်လည်ကျယ်လာသဖြင့် လူ၏နှလုံးခုန်/ညှစ်၍ အလုပ် လုပ်ရခြင်း အဆင်ပြေစေကာ ရင်ဘတ်စူးအောင့်ခြင်း (Angina/Chest Ppain) ကိုလည်းသက်သာစေပါသည်။ ထို့ကြောင့် နှလုံးအမောဖောက်ခြင်း(Heart Attack) နှင့် လေဖြတ်ခြင်း (Stroke) ကိုလည်း ကာကွယ်ရာရောက်ပါသည်။

👉 သွေးတိုးရောဂါဆိုတာကတော့ လူတိုင်းသိကြသည့်အတိုင်း နှလုံး၏ သွေးကြောနံရံပေါ် သို့ သွေး၏တွန်းအား/တိုးအားမြင့်တက်ကာ နာတာရှည်/ဘဝတစ်သက်တာ ခံစားရလေ့ရှိသည့် ကူးစက်ရောဂါမဟုတ်သော (Non Communicable Disease) တစ်မျိုးလည်းဖြစ်ပါသည်။နှလုံးသွေးကြောအတွင်းနံရံပေါ်သို့ သွေး၏တွန်အားများလေ နှလုံး၏ လုပ်ငန်းဆောင်တာများပိုမိုခက်ခဲလေဖြစ်ပါသည်။ နောက်ပိုင်းတွင် သွေးတိုးရောဂါအကြောင်း အသေးစိတ် ဖေါ်ပြပေးသွားပါမည်။

💊 အသုံးပြုနိုင်သောရောဂါများ

သွေးတိုးခြင်း (High Blood Pressure) ၊ နှလုံးနှင့်သက်ဆိုင်သော ရင်ဘတ်စူးအောင့်ခြင်း (Heart Related Chest Pain)၊ နှလုံးအမောဖောက်ခြင်းမှ ကာကွယ်ခြင်း (Prevention of Heart Attack)

💊 အသုံးပြုပုံ/ဆေးသောက်သုံးခြင်း

ဆရာဝန် ညွှန်ကြားချက်မပါပဲ မိမိသဘောနှင့်မိမိ လုံးဝမသောက်သုံးသင့်ပါ။ ရေများများ (အနည်းဆုံး ဖန်ခွက်တစျခွက်စာ)​ဖြင့် သောက်သုံးပေးရပါမည်။ အချိန်တစ်ချိန်တည်းကို နေ့တိုင်း ဆရာဝန်ညွှန်ကြားသည့် ပမာဏအတိုင်းသောက်သုံးပေးရပါမည်။ ဆေးလုံးအား ချိုးခြင်း၊ ဖဲ့ခြင်း၊ ဝါးစားခြင်းများ မလုပ်သင့်ပါ။ ဆေးတစ်ကြိမ်သောက်ရန် မေ့သွားပါက တစ်ခါတည်း နှစ်ကြိမ်စာ သောက်သုံးခြင်းမျိုး ရှောင်ကျဉ်ရပါမည်။

💊 ဆေး၏ ဘေးထွက်ဆိုးကျိုးများ

မူးဝေနုံးခွေခြင်း၊ ခေါင်းကိုက်ခြင်း၊ မောပန်းခြင်း၊ ခြေဆစ်လက်ဆစ်ရောင်ခြင်း၊ ပျို့ခြင်းများ ဖြစ်တတ်ပါသည်။

💊 အခြား

✅ အရက်နှင့် တွဲဖက်သောက်သုံးခြင်းမပြုရပါ။
✅ ကိုယ်ဝန်ဆောင်များတွင် ဆရာဝန်ညွှန်ကြားချက်ရမှသာ သောက်သုံးသင့်ပါသည်။
✅ နို့တိုက်မိခင်များတွင် ဆေးအာနိသင်က ကလေးအပေါ် သက်ရောက်မှု နည်း၍ နို့တိုက်တာ ရပ်စရာမလိုပါ။ သို့သော် ဆရာဝန်ညွှန်ကြားချက်အတိုင်းသာ ဆေးကို သောက်သုံးရပါမည်။
✅ ကားမောင်းမည်ဆိုပါက သတိထားသောက်သုံးရပါမည်။ (နုံးခွေခြင်း၊ ငိုက်မျဉ်းခြင်းများ ဖြစ်နိုင်ပါသည်။)
✅ ကျောက်ကပ်ရောဂါအခံရှိသူများ ဆရာဝန်ညွှန်ကြားသည့် ပမာဏအတိုင်းသာ သောက်သုံးသင့်ပါသည်။
✅ ကေလးငယ်များ (အသက် ၆နှစ်မှ ၁၂နှစ်) အရွယ်တွင် ကလေးအထူးကုဆရာဝန်နှင့်ပြသပြီး ညွှန်ကြားချက်အတိုင်း သောက်သုံးနိုင်ပါသည်။

#ပါကျဲဆေးဆိုင် #မုဒုံ #ကွမ်တုံရပ်ကွက်

ALAXAN (အလက်ဇန်) နှစ်မျိုးစပ် အကုိက်အခဲပျောက်ဆေး ၁၀လုံးပါကဒ် ❣ပါဝင်ပစ္စည်းများ _ Ibuprofen 200mg + Paracetamol 325mg (အိ...
08/07/2023

ALAXAN (အလက်ဇန်) နှစ်မျိုးစပ် အကုိက်အခဲပျောက်ဆေး ၁၀လုံးပါကဒ် ❣

ပါဝင်ပစ္စည်းများ _ Ibuprofen 200mg + Paracetamol 325mg (အိုင်ဗျူပရိုဖန် ၂၀၀ မီလီဂရမ် + ပါရာစီတမော ၃၂၅ မီလီဂရမ်)

ပုံစံ _ ဆေးပြား

ထုတ်လုပ်သည့်နိုင်ငံ _ Made in Indonesia (အင်ဒိုနီးရှား)

အသုံးပြုနိုင်သည့်ရောဂါများ _ (နာကျင်ကိုက်ခြင်း၊ ရောင်ရမ်းခြင်း) ကိုယ်ပူအဖျားတက်ခြင်း၊ ကြွက်သားများနာကျင်ကိုက်ခဲခြင်း၊ ခြေဆစ်လက်ဆစ်/ ခြေဖဝါးလက်ဖဝါးများနာကျင်ကိုက်ခဲခြင်း၊ ခါးနာ/ဒူးနာခြင်း၊ ခေါင်းကိုက်ခြင်း၊ အမျိုးသမီးများ ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်း၊ သွားကိုက်ခြင်း။

ဘေးထွက်ဆိုးကျိုးများ _ ရင်ပူခြင်း၊ အစာမကြေခြင်း၊ ပျို့ခြင်း၊ အစာအိမ်နာခြင်း။ ထို့ကြောင့် အစာအိမ်ကာကွယ်ဆေး Omeprazole (အိုမီပရာဇော) နှင့် တွဲသောက်ပါက ပိုကောင်းပါသည်။

သောက်သုံးရမည့် ပမာဏ _ ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်သုံးရပါမည်။

#ပါကျဲဆေးဆိုင် #မုဒုံ #ကွမ်တုံရပ်ကွက်

Address

Yazardirit Street
Mudon

Telephone

+959263993974

Website

Alerts

Be the first to know and let us send you an email when Par Kyel Pharmacy & Watches posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Par Kyel Pharmacy & Watches:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram