We Care Specialist Clinic & Health Service

We Care Specialist Clinic & Health Service GP , Specialist OPD , Blood investigation , Home service , Vaccinations

We Care Specialist clinic and Health Care မှ ကြိုဆိုပါတယ်ရှင့်🙏
မန္တလေးမြို့နေ မိဘပြည်သူများအတွက် အနီးအနားမှာ မိသားစုဆရာ၀န် တစ်ယောက် ပိုင်ဆိုင်ထားရသလိုမျိုး ကျန်းမာရေးစောင့်ရှောက်မှုတွေပေးစွမ်းနိုင်ဖို့ မန္တလေးမြို့မှာ We Care ရှိနေပြီ ဖြစ်ပါတယ် 👩‍⚕️
အမျိုးမျိုးသော ကျန်းမာရေးအခက်အခဲများအတွက် We Care ဆေးခန်းသို့ လာရောက် တိုင်ပင်
ဆွေနွေးကုသနိုင်သလို ၊ဆေးခန်းလာဖို့ အဆင်မပြေသူများအနေနဲ့ We Care ရဲ

့ အိမ်တိုင်ရာရောက် ကျန်းမာရေး ဝန်ဆောင်မှုကို ဖုန်းဆက် ရယူနိုင်ပါတယ် ရှင့်။
We Care ကနေစီစဉ်ထားတဲ့ ပြီးပြည့်စုံလှတဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေကတော့👇👇👇
✅CONSULTATION
အသက်အရွယ်မရွေး ဖြစ်တတ်တဲ့ ကျန်းမာရေးအခက်အခဲများကို ဆရာ၀န်များနှင့် မိသားစုသဖွယ် ရင်းရင်းနှီးနှီး ဆွေးနွေးတိုင်ပင် ကုသမှုပေးခြင်း။
✅SPECIALIST CONSULTATION
အထူးကု ဆရာဝန်ကြီးများဖြင့် မျက်နှာချင်းဆိုင် ဆွေးနွေးတိုင်ပင်နိုင်ခြင်း ။
✅SPECIALIST TELECONSULTATION
အထူးကု ဆရာဝန်ကြီးများဖြင့် အွန်လိုင်းမှတစ်ဆင့် တိုက်ရိုက် ဆွေးနွေးတိုင်ပင်နိုင်ခြင်း။
✅HOME VISIT
ဆရာ၀န်နှင့် ကျွမ်းကျင်သူနာပြုများမှ အိမ်တိုင်ရာရောက် လာရောက်ကြည့်ရှုပြီး အသေးစိတ် စမ်းသပ်ကုသပေးခြင်း။
✅LABORATORY INVESTIGATIONS
နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲစက်ကြီးများဖြင့် ဆီး၊ ဝမ်း၊ သွေး စတာတွေကို တစ်နေရာတည်းမှာ လွယ်ကူစွာ စစ်ဆေးပေးနိုင်ခြင်း၊ ဆေးခန်းသို့ လာရောက်စစ်ဆေးနိုင်သလို ၊အပြင်မထွက်ချင်သူတွေ အိပ်ရာက မထနိုင်တဲ့ လူကြီးတွေ၊ သက်ကြီးရွယ်အိုများအတွက် အိမ်တိုင်ရာရောက်လည်း စစ်ဆေးပေးခြင်း။
✅ECG
နှလုံးကျန်းမာရေးအတွက် ECG စစ်ဆေးပေးခြင်း။
✅REFERRAL TO SPECIALISTS
လူနာရောဂါအခြေအနေနှင့် စစ်ဆေးထားသော ရလဒ်အဖြေများပေါ်မူတည်ပြီး အထူးကုများနှင့် ထပ်မံဆွေးနွေးရန်လိုအပ်ပါက သက်ဆိုင်ရာ အထူးကုဆရာ၀န်ကြီးများထံ ကုသမှုခံယူနိုင်ရန် ညွှန်ကြားပေးခြင်း၊ ချိတ်ဆက်ပေးခြင်း။
✅IV, IM INJECTION AND IV INFUSION
ဆရာ၀န်ညွှန်ကြားထားသော အကြောဆေး၊ အသားဆေး ၊ ပိုးသတ်ဆေးများကို အိမ်တိုင်ရာရောက် ထိုးပေးခြင်း ၊ Drip ချိတ်ပေးခြင်း။
✅PHARMACY DELIVERY
လိုအပ်သော သောက်ဆေး ၊ လိမ်းဆေး၊ ထိုးဆေးများကို အိမ်အရောက် ပို့ဆောင်ပေးခြင်း။
✅SUGGESTING FOR APPROPRIATE MEDICAL CHECKUP
ကျန်းမာရေးပုံမှန်စစ်ဆေးလိုသူများအတွက် သက်ဆိုင်ရာ အသက်အရွယ် အမျိုးသား၊ အမျိုးသမီး လိုအပ်ချက်အလိုက် စီစဉ်ထားတဲ့ Routine medical checkup packages များစွာထဲကမှ လူကြီးမင်းတို့နဲ့ သင့်လျော်ရာကို ရွေးချယ် အကြံပေး စစ်ဆေးနိုင်ခြင်း။
✅VACCINATION
Covid ကာကွယ်ဆေး၊ ရာသီတုပ်ကွေးကာကွယ်ဆေး၊ ဘီပိုးကာကွယ်ဆေး၊ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး အစရှိသည့် ကာကွယ်ဆေးများထိုးနှံပေးခြင်း။
✅COVID 19 CARE
Covid 19 လူနာများအတွက် Team လိုက် အိမ်တိုင်ရာရောက်ကုသပေးခြင်း။
✅PREMARITAL CONSULTATION
မကြာခင်ရွှေလက်တွဲကြတော့မယ့် မင်္ဂလာဇနီးမောင်နှံများအတွက် ကျန်းမာရေး စစ်ဆေးပေးခြင်း ၊ သားဆက်ခြားနည်းများကို ရှင်းပြဆွေးနွေးပေးခြင်း။
✅NG TUBE AND CATHETER INSERTION
နာတာရှည်လူနာများအတွက် အိမ်တိုင်ရာရောက် နှာခေါင်းအစာပိုက် ၊ ဆီးပိုက် တပ်ပေးခြင်း၊ ဖြုတ်ပေးခြင်း ၊ လဲလှယ်ပေးခြင်း၊ လိုအပ်သောကုသမှုများ လုပ်ဆောင်ပေးခြင်း။
✅DRESSING
အိပ်ယာနာများ ၊ ခွဲစိတ်ထားပြီး အနာပုံမှန်ဆေးထည့်ရန် လိုအပ်သူများအတွက် အနာဆေးထည့်ပေးခြင်း။
စတာတွေပဲဖြစ်ပါတယ်။

ရာသီအကူးအပြောင်းကာလဖြစ်တဲ့အလျောက် တုပ်ကွေးရောဂါလက္ခဏာနဲ့ ဖျားနာခြင်းတွေကိုလည်း ခပ်စိတ်စိတ် မြင်တွေ့လာရပါပြီ 🦠ရာသီတုပ်ကွေ...
02/07/2025

ရာသီအကူးအပြောင်းကာလဖြစ်တဲ့အလျောက် တုပ်ကွေးရောဂါလက္ခဏာနဲ့ ဖျားနာခြင်းတွေကိုလည်း ခပ်စိတ်စိတ် မြင်တွေ့လာရပါပြီ 🦠

ရာသီတုပ်ကွေးဆိုတာက ပိုးဝင်ပြီး နှစ်ပတ်ခန့်နေမှ အာနိသင်ပြတာဖြစ်လို့ အသက် (၆) လ ပြည့်ပြီးသူတိုင်း ကြိုတင်ကာကွယ်ထားသင့်တယ်နော် ❗

ဒီတော့ တုပ်ကွေးဆိုတဲ့အတိုင်း အိပ်ရာထဲမှာကွေးပြီး ဘာအလုပ်မှ မလုပ်နိုင်အောင် ခံစားစေမဲ့ ဒီရောဂါဆိုးကြီးကို ကာကွယ်နိုင်ဖို့အတွက် 💁

We Care မှာ 2025 ခုနှစ်အတွက် WHO ကသတ်မှတ်ထားတဲ့ လေးမျိုးစပ် ရာသီတုပ်ကွေးကာကွယ်ဆေး လာရောက်ထိုးနှံနိုင်ကြောင်း သတင်းကောင်းပါးအပ်လိုက်ပါပြီ 📢

▪️အသက် ၆၅နှစ်နှင့်အထက်လူကြီးများ
▪️အသက် ၅နှစ်အောက်ကလေးများ
▪️ကိုယ်ဝန်ဆောင်မိခင်များ
▪️ပန်းနာရင်ကြပ်ရောဂါရှိသူများ၊ ဆီးချိုရောဂါရှိသူများ၊ နာတာရှည်ရောဂါနှင့် ခုခံအားနည်းသူများ
▪️ကျန်းမာရေးဝန်ထမ်းများ

ဖော်ပြပါသူတွေကတော့ ရာသီတုပ်ကွေးကာကွယ်ဆေးကို မဖြစ်မနေထိုးထားသင့်ပြီး 🤷

တစ်ခြားသောလာရောက်ထိုးနှံသူအားလုံးကိုလည်း We Care က 💁

💉 အရည်အသွေးပြည့်မီတဲ့ ကာကွယ်ဆေးများနဲ့တကွ

🧑‍⚕️ကျွမ်းကျင်သူများကိုယ်တိုင် ဂရုတစိုက်ထိုးနှံပေးနေတာဖြစ်လို့ အကြွင်းမဲ့စိတ်ချယုံကြည်နိုင်ပါတယ်ရှင့် 💯

အသေးစိတ်သိရှိလိုတယ်၊ ကြိုတင်စာရင်းပေးလိုတယ်ဆိုရင်တော့ Page Messenger (သို့) အောက်ဖော်ပြပါ ဖုန်းနံပါတ်တွေကို အခုချက်ချင်းဆက်သွယ်လိုက်တော့နော် 👇

🤙 09 54 17 170
🤙 09 98 540 8899
🤙 02 40 600 14

ကို ဆက်သွယ်နိုင်ပါတယ်နော်

ဆေးခန်းလိပ်စာကတော့

🏡 အမှတ် (၃၂၄)၊ ၈၁ လမ်း၊ ၂၆ လမ်းနှင့် ၂၇ လမ်းကြား၊ မန္တလေးမြို့။

#ရာသီတုပ်ကွေး

❝သတိထားကာကွယ် တစ်ကြော့ပြန် ကိုဗစ်အန္တရာယ် ❞ခုဆိုရင် မြန်မာနိုင်ငံမှာ ကိုဗစ်တွေပြန်ဖြစ်နေပါပြီ 😷ခုနောက်ပိုင်း ကိုဗစ်မျိုး...
19/06/2025

❝သတိထားကာကွယ် တစ်ကြော့ပြန် ကိုဗစ်အန္တရာယ် ❞

ခုဆိုရင် မြန်မာနိုင်ငံမှာ ကိုဗစ်တွေပြန်ဖြစ်နေပါပြီ 😷

ခုနောက်ပိုင်း ကိုဗစ်မျိုးကွဲတွေက ကူးစက်မှု မြန်ဆန်လွန်းတာမို့ အသက်ကိုဉာဏ်စောင့်ကာ သတိထားကာကွယ်ရမှာ ဖြစ်ပါတယ် 🛡️

ကိုဗစ်ကူးစက်ခံရသူအချို့မှာ သာမန်ဖျားနာတာလောက်နဲ့ ပြီးသွားတတ်ပေမယ့်

👉ကိုယ်ခန္ဓာအား နည်းသူတွေဆိုရင်တော့ မောတာ၊ အသက်ရှူကြပ်တာ စတဲ့ပြင်းထန်တဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
သာမန်ဖျားနာတာမျိုးအထင်နဲ့ ပေါ့ပေါ့ဆဆ မနေသင့်ပါဘူး။

ကိုဗစ်ကို လက်ဦးမှုရယူပြီး ကြိုတင် ကာကွယ်ထားမှသာ မိမိနဲ့တကွ မိသားစုဝင်အားလုံး အန္တရာယ်ကင်းမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဟိုးအရင်ကိုဗစ်တွေတုန်းကလိုပဲ

🔸ကျန်းမာရေး ဂရုစိုက်ပါ။

🔸Mask တပ်ပါ။

🔸လူထူထပ်တဲ့ နေရာတွေကိုရှောင်ပါ။လက်ဆေးပါ။

🔸 ကာကွယ်ဆေးထိုးပါ။

🔸ကျန်းမာရေးအတွက် လိုအပ်လာရင်တော့ We Care ကို ဆက်သွယ်လိုက်ပါ။

ကိုဗစ်နဲ့ပတ်သက်ပြီး သံသယရှိပါက ပေါ့ဆမနေသင့်ဘဲ We Care မှာ ကုသမှုခံယူနိုင်ပါတယ် 👩‍⚕️💚

👉ကိုဗစ်ကူးသံသယရှိလို့ စစ်ဆေးချင်တာ၊
👉ကိုဗစ်ကာကွယ်ဆေးထိုးချင်တာ၊
👉ကုသမှုခံယူချင်တာ
စတဲ့ ကိုဗစ်နဲ့ပတ်သက်တာမှန်သမျှအတွက်
ဆေးခန်းကို လာရောက်ကုသနိုင်သလို We Care ရဲ့ဆရာဝန်နဲ့ Nurse တွေကို အရောက်ခေါ်ပြီးလည်း ကုသနိုင်ပါတယ် 🏡👩‍⚕️

လိုအပ်ရင် အထူးကုဆရာဝန်ကြီးများနဲ့လည်း ချိတ်ဆက် ကုသနိုင်တာကြောင့် ကျန်းမာရေးအတွက်ဆိုရင်တော့ We Care ကို သာအရင်ဆုံး သတိရလိုက်ပါနော်💚

We Care ရဲ့ မိတ်ဆွေများအားလုံးလည်း ကိုဗစ်အန္တရာယ်ကင်းဝေးပြီး ကျန်းမာပျော်ရွှင်တဲ့နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်ရှင့်။

ဆက်သွယ်ရန်
📞 02 4060014
📱09 985408899
📱09 5417170
📍81 လမ်း 26x27 လမ်းကြား မန္တလေးမြို့။

အားလုံးအတွက် We Care…




We Care Specialist clinic and Health Care မှ  ကြိုဆိုပါတယ်ရှင့်🙏 မန္တလေးမြို့နေ မိဘပြည်သူများအတွက်  အနီးအနားမှာ မိသားစုဆ...
19/06/2025

We Care Specialist clinic and Health Care မှ ကြိုဆိုပါတယ်ရှင့်🙏

မန္တလေးမြို့နေ မိဘပြည်သူများအတွက် အနီးအနားမှာ မိသားစုဆရာ၀န် တစ်ယောက် ပိုင်ဆိုင်ထားရသလိုမျိုး ကျန်းမာရေးစောင့်ရှောက်မှုတွေပေးစွမ်းနိုင်ဖို့ မန္တလေးမြို့မှာ We Care ရှိနေပြီ ဖြစ်ပါတယ် 👩‍⚕️

အမျိုးမျိုးသော ကျန်းမာရေးအခက်အခဲများအတွက် We Care ဆေးခန်းသို့ လာရောက် တိုင်ပင်
ဆွေနွေးကုသနိုင်သလို ၊ဆေးခန်းလာဖို့ အဆင်မပြေသူများအနေနဲ့ We Care ရဲ့ အိမ်တိုင်ရာရောက် ကျန်းမာရေး ဝန်ဆောင်မှုကို ဖုန်းဆက် ရယူနိုင်ပါတယ် ရှင့်။

We Care ကနေစီစဉ်ထားတဲ့ ပြီးပြည့်စုံလှတဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေကတော့👇👇👇

✅CONSULTATION
အသက်အရွယ်မရွေး ဖြစ်တတ်တဲ့ ကျန်းမာရေးအခက်အခဲများကို ဆရာ၀န်များနှင့် မိသားစုသဖွယ် ရင်းရင်းနှီးနှီး ဆွေးနွေးတိုင်ပင် ကုသမှုပေးခြင်း။

✅SPECIALIST CONSULTATION
အထူးကု ဆရာဝန်ကြီးများဖြင့် မျက်နှာချင်းဆိုင် ဆွေးနွေးတိုင်ပင်နိုင်ခြင်း ။

✅SPECIALIST TELECONSULTATION
အထူးကု ဆရာဝန်ကြီးများဖြင့် အွန်လိုင်းမှတစ်ဆင့် တိုက်ရိုက် ဆွေးနွေးတိုင်ပင်နိုင်ခြင်း။

✅HOME VISIT
ဆရာ၀န်နှင့် ကျွမ်းကျင်သူနာပြုများမှ အိမ်တိုင်ရာရောက် လာရောက်ကြည့်ရှုပြီး အသေးစိတ် စမ်းသပ်ကုသပေးခြင်း။

✅LABORATORY INVESTIGATIONS
နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲစက်ကြီးများဖြင့် ဆီး၊ ဝမ်း၊ သွေး စတာတွေကို တစ်နေရာတည်းမှာ လွယ်ကူစွာ စစ်ဆေးပေးနိုင်ခြင်း၊ ဆေးခန်းသို့ လာရောက်စစ်ဆေးနိုင်သလို ၊အပြင်မထွက်ချင်သူတွေ အိပ်ရာက မထနိုင်တဲ့ လူကြီးတွေ၊ သက်ကြီးရွယ်အိုများအတွက် အိမ်တိုင်ရာရောက်လည်း စစ်ဆေးပေးခြင်း။

✅ECG
နှလုံးကျန်းမာရေးအတွက် ECG စစ်ဆေးပေးခြင်း။

✅ Ultrasound
ဝါရင့်ကျွမ်းကျင်ဓါတ်မှန်ဆရာဝန်ကြီးများနှင့်အတူ နောက်ဆုံးပေါ် GE စက်အသစ်ကြီးဖြင့် တိကျသေချာပြီး၊ ပုံရိပ်ကြည်လင်ပြတ်သားမှုရှိတဲ့ ultrasound စက်က​ြီးဖြင့်ရောဂါရှာဖွေစစ်ဆေးပေးခြင်း။

✅REFERRAL TO SPECIALISTS
လူနာရောဂါအခြေအနေနှင့် စစ်ဆေးထားသော ရလဒ်အဖြေများပေါ်မူတည်ပြီး အထူးကုများနှင့် ထပ်မံဆွေးနွေးရန်လိုအပ်ပါက သက်ဆိုင်ရာ အထူးကုဆရာ၀န်ကြီးများထံ ကုသမှုခံယူနိုင်ရန် ညွှန်ကြားပေးခြင်း၊ ချိတ်ဆက်ပေးခြင်း။

✅IV, IM INJECTION AND IV INFUSION
ဆရာ၀န်ညွှန်ကြားထားသော အကြောဆေး၊ အသားဆေး ၊ ပိုးသတ်ဆေးများကို အိမ်တိုင်ရာရောက် ထိုးပေးခြင်း ၊ Drip ချိတ်ပေးခြင်း။

✅PHARMACY DELIVERY
လိုအပ်သော သောက်ဆေး ၊ လိမ်းဆေး၊ ထိုးဆေးများကို အိမ်အရောက် ပို့ဆောင်ပေးခြင်း။

✅SUGGESTING FOR APPROPRIATE MEDICAL CHECKUP
ကျန်းမာရေးပုံမှန်စစ်ဆေးလိုသူများအတွက် သက်ဆိုင်ရာ အသက်အရွယ် အမျိုးသား၊ အမျိုးသမီး လိုအပ်ချက်အလိုက် စီစဉ်ထားတဲ့ Routine medical checkup packages များစွာထဲကမှ လူကြီးမင်းတို့နဲ့ သင့်လျော်ရာကို ရွေးချယ် အကြံပေး စစ်ဆေးနိုင်ခြင်း။

✅VACCINATION
Covid ကာကွယ်ဆေး၊ ရာသီတုပ်ကွေးကာကွယ်ဆေး၊ ဘီပိုးကာကွယ်ဆေး၊ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး အစရှိသည့် ကာကွယ်ဆေးများထိုးနှံပေးခြင်း။

✅PREMARITAL CONSULTATION
မကြာခင်ရွှေလက်တွဲကြတော့မယ့် မင်္ဂလာဇနီးမောင်နှံများအတွက် ကျန်းမာရေး စစ်ဆေးပေးခြင်း ၊ သားဆက်ခြားနည်းများကို ရှင်းပြဆွေးနွေးပေးခြင်း။

✅NG TUBE AND CATHETER INSERTION
နာတာရှည်လူနာများအတွက် အိမ်တိုင်ရာရောက် နှာခေါင်းအစာပိုက် ၊ ဆီးပိုက် တပ်ပေးခြင်း၊ ဖြုတ်ပေးခြင်း ၊ လဲလှယ်ပေးခြင်း၊ လိုအပ်သောကုသမှုများ လုပ်ဆောင်ပေးခြင်း။

✅DRESSING
အိပ်ယာနာများ ၊ ခွဲစိတ်ထားပြီး အနာပုံမှန်ဆေးထည့်ရန် လိုအပ်သူများအတွက် အနာဆေးထည့်ပေးခြင်း။

စတာတွေပဲဖြစ်ပါတယ်။

We Care နဲ့သာ ဆိုရင် မိသားစုဆရာ၀န်တစ်ယောက်ပိုင်ဆိုင်ထားသလို ကျန်းမာရေးနဲ့ပတ်သက်ပြီး အပူအပင်မရှိ စိတ်ချမ်းသာရမှာမို့ မန္တလေးနေ လူကြီးမိဘများအနေနဲ့ လိုအပ်တဲ့ ကျန်းမာရေးဝန်ဆောင်မှုများအတွက်ဆို We Care ကိုသာ သတိတရ ဆက်သွယ်လိုက်ပါရှင်💞

ဆက်သွယ်ရန်…
📱09 5417170
📱09 985408899
☎️ 02 4060014
☎️ 02 4060013

📍အမှတ် (၃၂၄ ) ၈၁ လမ်း၊ ၂၆ လမ်းနှင့် ၂၇ လမ်းကြား၊ မန္တလေးမြို့

အားလုံးကျန်းမာချမ်းသာ ဘေးဘယာဝေးကွာကြပါကြောင်း ဆုမွန်ခြွေလျှက် We Care🙏🙏🙏


FYI…
12/01/2025

FYI…

ျားနေတယ်
ှာအသည်းအဆီဖုံးတယ်ဆိုလို့
#အဆီကျဆေး_သောက်နေတယ်လေ

Dyslipidaemia
#သွေးထဲအဆီတွေများနေတယ်

👉👉👉
သွေးစစ်လို့ Lipid profile မှာပါတာတွေက

- Total Cholestrol
- LDL Cholestrol
- HDL Cholestrol
- Triglyceride

ဆိုပြီး (၄) မျိုးပါပါတယ်။

လူတော်တော်များများရဲ့ အဖြေမှာ HDL Cholestrol ကနည်းပြီး ကျန်တဲ့ (၃) မျိုး များနေတတ်ပါတယ်။

ဘာလို့ပါလဲ 🤔

👉👉👉
အကြောင်းနည်းနည်းပြောပြပါမယ်။

အဆီတွေ (အသားကရတာ၊ငါးကရတာ၊ အသီးကရတာ၊ ဟင်းချက်ဆီ) အားလုံးကို ချေဖျက်ပြီးရင် fatty acid နဲ့ glycerol ဆိုတာရပါတယ်။

အဲ့ဒါတွေကို အူတွေက စုပ်ယူပါတယ်။

စုပ်ယူတဲ့ အဆီတွေကို အသည်းဆီပို့ပါတယ်။ လိုအပ်ရင်သုံးလို့ရအောင်။

အဲ့ထက် ပိုတဲ့ အဆီတွေကို ခန္ဓာကိုယ်က Cells တွေဆီ ပို့ပါတယ်။ ပိုတဲ့ အဆီတွေကို Cells တွေထဲမှာ သိမ်းရင်းသိမ်းရင်း နဲ့ အဆီ Cells တွေများလာပါတယ်။

အဲ့တော့ ဝ လာတယ်ဆိုတာပေါ့။

ဒီမှာပြောချင်တာက အဆီစားမှ မဟုတ်ပါဘူး၊

ထမင်းစားများရင် => glucose များပါတယ်၊ အဲ့ဒါ ကိုအသည်းမှာ Glycogen အနေနဲ့ သိမ်းပါတယ်
အဲ့ထက်ပိုရင် #အဆီအဖြစ်ပြောင်းလိုက်ပါတယ်၊

အသားအစားများရင် => Amino acid တွေကို ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ပစ္စည်းတွေထုတ်ပါတယ်။ ကြွက်သားပျက်စီးတာတွေအစားထိုးပါတယ်၊ အနာတွေရှိရင် အစားထိုးပါတယ်(အနာကျက်အောင်) အဲ့ဒါထက်ပိုရင် #အဆီအဖြစ်ပြောင်းလိုက်ပါတယ်

အဲ့တော့ "ကိုယ်က cholesterol free ပဲစားတာ၊ ဘာလို့ ဝ လာလဲမသိပါဘူး" ဆိုတဲ့ ပုဂ္ဂိုလ်များ သိလောက်ပါပြီနော်။

ခန္ဓာကိုယ်က အရွက်ကလွဲလို့ ကြိုက်တာစား ပိုလို့ကတော့ #အဆီပြောင်း ပလိုက်တာ။

👉👉👉

အဆီဟာရေမှာ မပျော်ဝင်ပါဘူး။ အဲ့တော့ တစ်နေရာကတစ်နေရာသွားဖို့ သယ်ပေးမယ့်သူလိုပါတယ်။

LDL နဲ့ HDL ဆိုတာ Carrier Protein တွေပါ (အဆီမဟုတ်ပါဘူး)

ဆိုတာက အဆီတွေကို အူကနေ၊ အသည်းကနေ ခန္ဓာကိုယ်က Cells တွေဆီကို ပို့ပေးတဲ့ကောင်ပါ

***LDL များနေတယ်ဆိုတာ ခန္ဓာကိုယ်က cells တွေဆီကို အဆီတွေများများပို့နေတယ် လို့ပြောတာပါ။
မကောင်းတဲ့ကောင်ပါ ၊ များလေ မကောင်းလေပါ

ဆိုတာ ခန္ဓာကိုယ်က Cells တွေဆီက အဆီတွေကို ခန္ဓာကိုယ်အတွက် စွမ်းအင်အဖြစ်သုံးဖို့ အသည်းဆီကို ပို့ပေးတဲ့ ကောင်ပါ

***HDL များတယ်ဆိုတာ ခန္ဓာကိုယ် cells တွေဆီက အဆီတွေကို သုံးပစ်နေပြီလို့ပြောတာပါ
ကောင်းတဲ့ကောင်ပါ၊ များလေ ကောင်းလေပါ

(HDL ဘယ်အချိန်များလဲဆိုတော့ လေ့ကျင့်ခန်းလုပ်ရင် ခန္ဓာကိုယ်က စွမ်းအင်လိုတော့ အဆီတွေကို ဖြိုခွဲပြီးသုံးလို့ အသည်းဆီအဆီသယ်ပေးမယ့် HDL များများလိုတာပါ)

------

Triglyceride (TG) ဆိုတာ ခန္ဓာကိုယ်ထဲမှာ
- သိုလှောင်ထားတဲ့ အဆီ၊
- အသည်းအဆီဖုံးတယ်ဆိုတဲ့အဆီ ၊
- နှလုံးအဆီဖုံးတယ်ဆိုတဲ့အဆီ၊
- သွေးကြောထဲပိတ်တယ်ဆိုတဲ့အဆီ၊
- နှလုံးသွေးကြောပိတ်တဲ့အဆီ
- ဦးနှောက်သွေးကြောပိတ်ပြီးလေဖြတ်စေတဲ့အဆီ
- ခြေလက်သွေးကြောတွေပိတ်ပြီး ခြေပုတ်လက်ပုတ်ဖြစ်စေတဲ့ အဆီပါ

အဲ့တော့ TG များတယ်ဆိုတာ အခြေအနေမကောင်းပါဘူး။

👉👉👉

#အဆီချရပါမယ်

ဘာတွေကို နည်းအောင်လုပ်မလဲ ?

☑️ TG နည်းရပါမယ်
☑️ LDL နည်းရပါမယ်

✅ HDL များရပါမယ်

ဘာစားစား #လိုတာထက်ပိုစားရင် အဆီတက်မှာပါ
(အစားလျှော့ပါမယ်)
#လေ့ကျင့်ခန်းလုပ်ရင် Energy လိုတဲ့ အတွက် ရှိပြီးသားအဆီတွေကို ဖြိုခွဲပါတယ် (HDL တတ်လာပါလိမ့်မယ်)

လုပ်ရမှာက (၂) ခုထဲပါ။

👉👉👉

လုပ်ရမယ့် (၂) ခုကို မလုပ်ပဲ နဲ့ #ဆေး တွေ လျှောက်သောက်ပါတယ်။

#အဆီကျဆေး ဆိုတာတွေသောက်ပါတယ်။

အဆီကျဆေး ဆိုတာ အကြမ်းအားဖြင့် (၂) မျိုးရှိပါတယ်။
၁။ သွေးထဲက အဆီတွေ ကျအောင်လုပ်တဲ့ဆေး
၂။ စားတဲ့ အစာထဲက အဆီတွေ မစုပ်အောင်တားတဲ့ဆေး

👉👉👉

၁။ သွေးထဲက အဆီတွေ ကျအောင်လုပ်တဲ့ဆေး

အဲ့ဒီဆေးက သွေးထဲက #အဆီတွေကို အသည်းဆီကို ပို့ပြီ ဖျက်ပစ်ခိုင်းပါတယ်။

(ဒါပဲဆိုရင် ကောင်းလှချည်လားပေါ့ HDL လုပ်သလို လုပ်ပေးတာလေ) ❌❌❌ မဟုတ်ပါဘူး

👉 များနေသမျှ အဆီတွေကို ဆေး 💊 က တာဝန် ကျေကျေ အသည်းဆီ ပို့ပါတယ်၊
👉 အသည်းကလည်း တာဝန် ကျေကျေ အဆီတွေကို ဖျက်ဆီးပစ်ပါတယ်
😢😢😢😢😢
လူကကျတော့ အဆီကျဆေး သောက်ထားတယ်ဆိုပြီး စားမြဲစား၊ သောက်မြဲသောက်နေပါတယ်
👉 အဆီတွေ သွေးထဲ တရားလွန်များနေတော့
👉 အသည်းက အလုပ်မတရားလုပ်ရပါပြီ
👉 အရက်လေးကလည်းသောက်တော့ အရက်ကိုလည်း ဖျက်တဲ့အလုပ်လုပ်ရပါတယ်

👉 နဂိုထဲက ကောင်းတဲ့ အသည်းလားဆိုတော့ မဟုတ်ပါဘူး အဆီဖုံးနေတဲ့ အသည်းပါ။

ဘာနဲ့တူလဲဆိုတော့ ပေါင် (၃၀၀) လောက်ရှိတဲ့ လူဝကြီးကို ပြေးခိုင်းပြီး နောက်က ကျားလိုက်ခိုင်းသလိုဖြစ်နေပါတယ်။ (သေမှာကြောက်တော့ ပြေးရင်းအမောဆို့ပြီးသေသွားပါလိမ့်မယ်)

👉 အဲ့လိုနဲ့ အသည်းပျက်ပါလိမ့်မယ်။ အသည်းရောင်ပါမယ်။ နောက်အသည်းခြောက်ပါလိမ့်မယ်။

😰😰😰

အထူးကုဆရာဝန်ကြီးတွေ သောက်ခိုင်းတာကြတော့ရော
သူတို့က
- လိုအပ်တဲ့ သူကိုပဲပေးတာပါ
- အသည်းကောင်းမကောင်း အရင်ကြည့်ပါတယ်။
- (၃) လတစ်ခါ ရက်ချိန်းခေါ်ပြီး သွေးစစ်နေတယ် ဆိုတာ သူတို့ ပိုက်ဆံလိုချင်လို့ ခေါ်နေတာ မဟုတ်ပါဘူး (လိုအပ်တာတွေပြန်စစ်ဖို့ခေါ်တာပါ)
- သွားပြလဲ ဒီဆေးတွေပဲ ဆက်ပေးတာပဲ ဆိုပြီး (သွားမပြပဲ ဆေးတွေဆက်သောက်နေကြတာ ကြောက်ဖို့ကောင်းပါတယ်)
- ဒီဆေးတွေ ဆက်ပေးတယ်ဆိုတာက စစ်ဆေးကြည့်ပြီးသောက် လို့ရသေးလို့ ဆက်ပေးတာပါ
- ပြီးတော့ အစားလျှော့ခိုင်းတယ်လေ

(အဆီကျဆေး သောက်မယ်ဆိုရင် အသည်းကောင်းဖို့လိုသလို၊ အသည်းဝန်မပိအောင် အစားလျှော့ဖို့လည်း လိုပါတယ်)
အဲ့တော့ ဆေးသောက်သောက်/မသောက်သောက် အစားက လျှော့ရမှာပဲ။
လေ့ကျင့်ခန်းက လုပ်ကမှာပဲ။

👉👉👉
၂။ စားတဲ့ အစာထဲက အဆီတွေ မစုပ်အောင်တားတဲ့ဆေး
- Online ကနေ ရောင်းတာဖြစ်ဖြစ်၊
- Gym သွားပြီး Workout မလုပ်ပဲ စကားသွားပြောရင်း အချင်းချင်း ညွှန်းတာဖြစ်ဖြစ်ကနေ သောက်ကြတာပါ

❌❌❌ (အူထဲက နေ စားတဲ့ အဆီမစုပ်အောင်ပိတ် တော့ ကြိုက်သလောက်စား အဆီ မတက်ဘူးလေ)❌❌❌

အဲ့လောက်လွယ်ရင် ပိုက်ဆံတတ်နိုင်တဲ့ လူတိုင်း Six Packs တွေ နဲ့ဖြစ်နေကြမှာပေါ့ 🤷‍♂️

6 packs နဲ့က ရုပ်ဆိုးလို့
👉 ခန့်အောင် ဗိုက်ပူကြီး တမင်ထားတဲ့သူ ရှိမယ် မထင်ပါဘူး

(ထားပါတော့ အဆဲခံရတော့မယ် 😅)

#ဆေးတွေက တကယ် အူကနေ အဆီမစုပ်စေပါဘူး

ဒါပေမယ့်
- အဆီပဲမစုပ်တာလေ တခြားဟာစုပ်တယ်၊ ဆေးသောက်ထားတယ်ဆိုပြီး မတရားစားတော့ ပိုတဲ့ဟာတွေက ခန္ဓာကိုယ်ထဲ အဆီပြောင်းသွားတာပဲ
- ဘာထူးလဲ ဆိုတော့ Fat soluble Vitamin ဖြစ်တဲ့ Vitamin E မစုပ်ဘူးလေ အဆီမှမစုပ်တာ (အဲ့တော့ ရုပ်တွေရင့်လာရော)
- Fat soluble Vitamin ဖြစ်တဲ့ Vitamin D မစုပ်ဘူးလေ အရိုးတွေပွ၊ ကိုယ်ခံအားတွေကျ၊ အရိုးတွေနာ၊ ကြွက်သားတွေနာ
- ပြီးတော့ အဆီမစုပ်တော့ ဝမ်းသွားဆီတရွှဲရွှဲ နဲ့၊ အဲ့ဒါအပြင် တောက်လျှောက်ကျနေတာဆိုတော့ ပုဆိုးတွေ၊ ထမီတွေ ဆီတွေကွက် လူကြားထဲ ဒီလောက် ဒုက္ခရောက်တဲ့ ဆေးကြီး

😰😰😰
-------

ပြန်ချုပ်ရရင်

သွေးထဲအဆီများနေတယ် ဘာလုပ်ရမလဲ

✅ အစားလျှော့စားပါ၊ ည (၆) နာရီနောက်ပိုင်းမစားပါနှင့် (စောစောအိပ်ပါ ၊ မအိပ်ရင်ပြန်ဆာလိမ့်မည်)
✅ အချိုရည် လုံးဝ (လုံးဝ) မသောက်ပါနှင့်
✅ ဆီကြော် လျှော့စားပါ (မစားကအကောင်းဆုံးပါ)
✅ ဗိုက်ပြည့်နေအောင်အရွ​က်များများစားပါ
✅ လေ့ကျင့်ခန်းလုပ်ပါ ၊ အပြင်းအထန်ကြီး လုပ်စရာ မလိုပါဘူး တစ်နေ့ မနက် (၃၀) မိနစ် ညနေ (၃၀) မိနစ် လမ်းလျှောက်ပေါ့ (ခပ်သွက်သွက်တော့လျှောက်ပါ ၁၀ မိနစ်ဆို ချွေးထွက်လာမှ မှန်ပါတယ်
ပြေးစက်နဲ့ဆို 6km/hr နှုန်းလျှောက်ပါ)
(Gym မှာ တစ်နှစ်စာ ပိုက်ဆံသွင်းပြီး စကားသွားပြောကြရင် မိအေး၂ ခါနာပါတယ်)
✅ ဆေးက ဆရာဝန်မညွှန်းပဲ ❌ မသောက်သင့်ပါ

အဲ့လိုသာလုပ်မယ်ဆိုရင်

(၃) လအတွင်း သွေးတွင်းအဆီတွေကျပြီး (ကိုယ်အလေးချိန်ချက်ချင်းမကျရင်တောင်) ကျွန်တော်လို ကျန်းမာတဲ့ ဝက်ကြီးအဖြစ်ကနေ တဖြည်းဖြည်း ကိုယ်အလေးချိန်ပါ ကျလာပါလိမ့်မယ်။

😀 တစ်ပတ်ကြာရင် လူက Fit ဖြစ်တာသိသာ လာပါလိမ့်မယ်
😀 တစ်လ ကြာရင် အကျင့်ဖြစ်သွားပါပြီ
😀 (၃) လ ကြာရင် ရလဒ်တွေ မြင်လာရပါမယ်

အဲ့ဒါကြောင့်
#ဒီနေ့ပဲစလုပ်ပါ
(Original Post ; Oct;2020 👉 https://www.facebook.com/104993831383029/posts/121296613086084/)

သက်ရှည်ကျန်းမာစိတ်ချမ်းသာကြပါစေ

Dr. ဘုန်းစည်သူလွင်

(ကျန်းမာရေးဆောင်းပါးများ နေ့စဉ်တင်ပေးနေသောကြောင့် #ကျွန်တော့_Pageကို_Like လုပ်ထားခြင်းဖြင့် ကျန်းမာရေးဗဟုသုတတိုးပွား လာပါလိမ့်မယ် 💕💕💕 )

အမျိုးသမီးတိုင်းအတွက် ကျန်းမာရေးWe Care Clinic နဲ့ စစ်ဆေးပေး...အမျိုးသမီးတစ်ဦးအဖြစ် မွေးဖွားလာရတာ တန်ဖိုးရှိရဲ့လား ❓သိပ်...
01/11/2024

အမျိုးသမီးတိုင်းအတွက် ကျန်းမာရေး
We Care Clinic နဲ့ စစ်ဆေးပေး...

အမျိုးသမီးတစ်ဦးအဖြစ် မွေးဖွားလာရတာ တန်ဖိုးရှိရဲ့လား ❓

သိပ်ကိုတန်ဖိုးရှိတာပေါ့ ✨

အပျိုဖော်ရာသီဝင်ချိန်ကနေစလို့ ကိုယ်ဝန်ဆောင်ချိန်၊ နောက်ဆုံး ရာသီကုန်ဆုံးချိန်အထိ

🦠 ပုံမှန်မဟုတ်တဲ့ အဖြူဆင်းခြင်း၊
🦠 သားအိမ်ခေါင်းကင်ဆာ၊
🦠 မိန်းမကိုယ်နှင့် ရင်သားနဲ့ပတ်သက်တဲ့ရောဂါ၊

အစရှိတဲ့ အမျိုးသမီးရောဂါပေါင်းစုံကို ခက်ခဲပင်ပန်းစွာ အံတုကျော်ဖြတ်ရင်း ရှင်သန်နေထိုင်နေရတာကိုးရှင့် 💖

ဒါပေမဲ့ ဆေးဘက်ဆိုင်ရာနည်းပညာတွေ ခေတ်မှီတိုးတက်လာတာနဲ့အမျှ အမျိုးသမီးရောဂါတွေကိုလည်း ကြိုတင်ကာကွယ်လို့‌ရနေပါပြီ 💫

ဒီလိုမျိုး အမျိုးသမီးတိုင်းရဲ့ ကျန်းမာရေးအတွက်လိုအပ်တဲ့
"အမျိုးသမီးရောဂါနဲ့ ပတ်သတ်တဲ့စစ်ဆေးခြင်း" တွေကို ကျွန်မတို့ We Care Clinic မှာ လာရောက်စစ်ဆေးနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်လိုက်ရပါတယ်ရှင့် 🙌

🌟 ကျွမ်းကျင်တဲ့ သားဖွားမီးယပ်အထူးပြုဆရာဝန်များနဲ့ ညှိနှိုင်းဆွေးနွေးနိုင်မဲ့ အခွင့်အရေးအပြင်

မိမိစိတ်ပူပန်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကိုသီးသန့်စိတ်ကြိုက် စစ်ဆေးနိုင်သလို
အမျိုးသမီးများအတွက်အထူးစီစဉ်ပေးထားတဲ့ သားအိမ်ခေါင်းကင်ဆာစစ်ဆေးမှုအပါအဝင် အခြားအမျိုးသမီးရောဂါများအပြည့်အစုံစစ်ဆေးမှုပါဝင်တဲ့
(Queen package) နဲ့စစ်ဆေးမယ်ဆိုရင်လည်း Promotion တွေရှိနေတာမို့ အခုပဲ We Care Clinic ကို လာရောက်လိုက်တော့နော် 🙇

🏥ဆေးခန်းလိပ်စာ
📍81 လမ်း 26x27 လမ်းကြား
မန္တလေးမြို့
📱095417170
09985408899

#ဆေးခန်း #အမျိုးသမီးကျန်းမာရေး

🩺 Time for a Health Check 🩺ကျန်းမာခြင်းသည် လာဘ်တစ်ပါးဆိုတဲ့အတိုင်း ကျန်းမာရေးက အရေးကြီးပါတယ် ❗ ရောဂါလက္ခဏာတွေ ပေါ်လာတဲ့အ...
16/10/2024

🩺 Time for a Health Check 🩺

ကျန်းမာခြင်းသည် လာဘ်တစ်ပါးဆိုတဲ့အတိုင်း ကျန်းမာရေးက အရေးကြီးပါတယ် ❗

ရောဂါလက္ခဏာတွေ ပေါ်လာတဲ့အချိန်ထိ မစောင့်ပဲ ခန္ဓာကိုယ်မှာ ဘာတွေ ယိုယွင်းပျက်စီးနေလဲ စောလျင်စွာ သိရှိနိုင်ဖို့အတွက် ဆေးစစ်ချက်ရယူဖို့ လိုအပ်တယ်နော်

ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုကောင်းမွန်တဲ့အတွက် We Care ရဲ့ အတန်ဆုံးသော သီတင်းကျွတ်ပရိုမိုးရှင်းတွေရှိတုန်း Health Check လုပ်ဖို့ အခုပဲ ရက်ချိန်း 📅 ရယူလိုက်ပါ

Health Check Package အနေနဲ့
🩺 Silver Package
🩺 Gold Package
🩺 Diamond Package ဆိုပြီး ရွေးချယ်စရာ (၃) မျိုးရှိပါတယ် ရှင့်

မိမိကိုယ်တိုင်ဖြစ်စေ၊ ချစ်ခင်ရသူတွေကို စစ်ဆေးပေးချင်လိုပဲဖြစ်ဖြစ် အသေးစိတ် သိချင်တာတွေအတွက် အခုပဲ ဆက်သွယ်မေးမြန်းလိုက်ပါနော် 🙂

🤙 09 54 17 170
🤙 09 98 540 8899

ဆေးခန်းလိပ်စာကတော့

🏡 အမှတ် (၃၂၄)၊ ၈၁ လမ်း၊ ၂၆ လမ်းနှင့် ၂၇ လမ်းကြား၊ မန္တလေးမြို့။

သားအိမ်ခေါင်းကင်ဆာဆိုတာ အမျိုးသမီးတိုင်း ဖြစ်နိုင်ချေရှိတဲ့ ရောဂါဆိုးတစ်ခုပါ။လက်တွဲဖော်နဲ့ အတူနေပြီးသူ အမျိုးသမီးတိုင်း ...
30/05/2024

သားအိမ်ခေါင်းကင်ဆာဆိုတာ အမျိုးသမီးတိုင်း ဖြစ်နိုင်ချေရှိတဲ့ ရောဂါဆိုးတစ်ခုပါ။

လက်တွဲဖော်နဲ့ အတူနေပြီးသူ အမျိုးသမီးတိုင်း သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်သလို

👉 ဆေးလိပ်သောက်ခြင်း၊
👉 ကိုယ်ခံအားစနစ် အားနည်းခြင်းနှင့်
👉 တစ်ချို့သော ဓာတုပစ္စည်းများကို ထိတွေ့ခြင်းတွေကလည်း

သားအိမ်ခေါင်းကင်ဆာ ဖြစ်လာဖို့ကို အကူအညီပေးပါတယ်။

• ပုံမှန်မဟုတ်တဲ့ အဖြူ / အချွဲအကျိဆင်းခြင်း၊
• ပုံမှန်ရာသီကာလမဟုတ်ပဲ နာကျင်သွေးဆင်းခြင်း၊
• သွေးအားနည်းခြင်း၊
• ဆီးသွားရင် နာကျင်ခြင်း၊
• ကိုယ်အလေးချိန် သိသိသာသာ ကျဆင်းခြင်း၊

စတာတွေက သားအိမ်ခေါင်းကင်ဆာရဲ့ လက္ခဏာတွေဆိုပေမဲ့

အစောဆုံးကာလတွေမှာ ရောဂါလက္ခဏာပြလေ့မရှိတာကြောင့် အမျိုးသမီးတော်တော်များများက ဒီရောဂါရှိမှန်း သတိမထားမိကြပဲ အဆင့် (၂) ခန့်ရောက်မှသာ သားအိမ်ခေါင်းကင်ဆာရှိမှန်း သိကြရပါတယ် 🤦

ဒါပေမဲ့ သားအိမ်ခေါင်းကင်ဆာဆိုတာ ကြိုတင်ကာကွယ်တားဆီးနိုင်တဲ့ ကင်ဆာရောဂါတွေထဲက တစ်ခုအပါအဝင်ဖြစ်လို့ 💁

အသက် (၉) နှစ်ပြည့်ပြီးသူ အမျိုးသမီးတိုင်း ငယ်ရွယ်စဉ်တည်းက သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံပြီး ကြိုတင်ကာကွယ်ထားသင့်ပါတယ် 💪

ဒါ့ကြောင့် ဒီလိုမျိုး ရောဂါဆိုးကြီးထံကနေ အမျိုးသမီးတိုင်း လွတ်မြောက်နိုင်ဖို့အတွက် We Care မှာ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်လိုက်ရပါတယ် 🥳

💉 အရည်အသွေးပြည့်မှီတဲ့ ကာကွယ်ဆေးများနဲ့တကွ

🧑‍⚕️ကျွမ်းကျင်သူများကိုယ်တိုင် ဂရုတစိုက်ထိုးနှံပေးနေတာဖြစ်လို့ အကြွင်းမဲ့စိတ်ချယုံကြည်နိုင်တယ်နော် 💯

သားအိမ်ခေါင်းကင်ဆာကို We Care နဲ့အတူ ကြိုတင်ကာကွယ်ထားလိုက်ကြရအောင် ❤️

🤙 09 54 17 170
🤙 09 98 540 8899 ကို ဆက်သွယ်နိုင်ပါတယ်နော်

ဆေးခန်းလိပ်စာကတော့

🏡 အမှတ် (၃၂၄)၊ ၈၁ လမ်း၊ ၂၆ လမ်းနှင့် ၂၇ လမ်းကြား၊ မန္တလေးမြို့။

#သားအိမ်ခေါင်းကင်ဆာ

ကဲ ... လူအများစောင့်စားနေကြတဲ့ မိုးဦးကာလတော့ မကြာခင်အချိန်အတွင်းမှာ ပြန်လည်ရောက်ရှိလာတော့မှာပဲဖြစ်ပါတယ် 🌧️ရာသီအကူးအပြောင...
24/04/2024

ကဲ ... လူအများစောင့်စားနေကြတဲ့ မိုးဦးကာလတော့ မကြာခင်အချိန်အတွင်းမှာ ပြန်လည်ရောက်ရှိလာတော့မှာပဲဖြစ်ပါတယ် 🌧️

ရာသီအကူးအပြောင်းကာလဖြစ်တဲ့အလျောက် တုပ်ကွေးရောဂါလက္ခဏာနဲ့ ဖျားနာခြင်းတွေကိုလည်း ခပ်စိတ်စိတ် မြင်တွေ့လာရပါပြီ 🦠

ရာသီတုပ်ကွေးဆိုတာက ပိုးဝင်ပြီး နှစ်ပတ်ခန့်နေမှ အာနိသင်ပြတာဖြစ်လို့ အသက် (၆) လ ပြည့်ပြီးသူတိုင်း ကြိုတင်ကာကွယ်ထားသင့်တယ်နော် ❗

ဒီတော့ တုပ်ကွေးဆိုတဲ့အတိုင်း အိပ်ရာထဲမှာကွေးပြီး ဘာအလုပ်မှ မလုပ်နိုင်အောင် ခံစားစေမဲ့ ဒီရောဂါဆိုးကြီးကို ကာကွယ်နိုင်ဖို့အတွက် 💁

We Care မှာ Vaxigrip Tetra 2024 ရာသီတုပ်ကွေးကာကွယ်ဆေး လာရောက်ထိုးနှံနိုင်ကြောင်း သတင်းကောင်းပါးအပ်လိုက်ပါပြီ 📢

▪️အသက် ၆၅နှစ်နှင့်အထက်လူကြီးများ
▪️အသက် ၅နှစ်အောက်ကလေးများ
▪️ကိုယ်ဝန်ဆောင်မိခင်များ
▪️ပန်းနာရင်ကြပ်ရောဂါရှိသူများ၊ ဆီးချိုရောဂါရှိသူများ၊ နာတာရှည်ရောဂါနှင့် ခုခံအားနည်းသူများ
▪️ကျန်းမာရေးဝန်ထမ်းများ

ဖော်ပြပါသူတွေကတော့ ရာသီတုပ်ကွေးကာကွယ်ဆေးကို မဖြစ်မနေထိုးထားသင့်ပြီး 🤷

တစ်ခြားသောလာရောက်ထိုးနှံသူအားလုံးကိုလည်း We Care က 💁

💉 အရည်အသွေးပြည့်မီတဲ့ ကာကွယ်ဆေးများနဲ့တကွ

🧑‍⚕️ကျွမ်းကျင်သူများကိုယ်တိုင် ဂရုတစိုက်ထိုးနှံပေးနေတာဖြစ်လို့ အကြွင်းမဲ့စိတ်ချယုံကြည်နိုင်ပါတယ်ရှင့် 💯

အသေးစိတ်သိရှိလိုတယ်၊ ကြိုတင်စာရင်းပေးလိုတယ်ဆိုရင်တော့ Page Messenger (သို့) အောက်ဖော်ပြပါ ဖုန်းနံပါတ်တွေကို အခုချက်ချင်းဆက်သွယ်လိုက်တော့နော် 👇

🤙 09 54 17 170
🤙 09 98 540 8899 ကို ဆက်သွယ်နိုင်ပါတယ်နော်

ဆေးခန်းလိပ်စာကတော့

🏡 အမှတ် (၃၂၄)၊ ၈၁ လမ်း၊ ၂၆ လမ်းနှင့် ၂၇ လမ်းကြား၊ မန္တလေးမြို့။

#ရာသီတုပ်ကွေး

မန္တလေးမြို့ရှိ We Care အထူးကုဆေးခန်းတွင် တာဝန်ထမ်းဆောင်ရန် part time Lab technician Grade 1 or 2        (၂ဦး)အလိုရှိပါ...
27/03/2024

မန္တလေးမြို့ရှိ We Care အထူးကုဆေးခန်းတွင် တာဝန်ထမ်းဆောင်ရန် part time

Lab technician Grade 1 or 2 (၂ဦး)
အလိုရှိပါသည်။

လိုအပ်ချက်များ

- စက်များကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင် ရမည်။
-အလုပ်ကိုတိတိကျကျလုပ်ကိုင်နိုင်ရမည်။
- အသင်းအဖွဲ့ နှင့် ပူးပေါင်း လုပ်ကိုင်ဆောင်ရွက်နိုင်ရမည်။
- လုပ်ငန်းအတွေ့အကြုံ ရှိရမည်။
- ကွန်ပျူတာ အခြေခံတတ်ကျွမ်းရမည်။
- lab procedure များကို ကျွမ်းကျင်ရပါမည်။

လစာ
- ညှိုနှိုင်း

လျှေက်ထားရန်
- CV form အား ဆေးခန်းသို့လာရောက်လျှောက်ထားနိုင်ပါသည်။

🛑We Care အထူးကုဆေးခန်း
81 လမ်း 26x27 ကြား မန္တလေးမြို့

09793112210

တိကျသေချာပြီး၊ ပုံရိပ်ကြည်လင်ပြတ်သားမှုရှိတဲ့ Ultrasound ဝန်ဆောင်မှုကို ရှာဖွေနေပါသလား❓🌟 Ultrasound စစ်ဆေးခြင်းအတွက်ဆိုရ...
12/03/2024

တိကျသေချာပြီး၊ ပုံရိပ်ကြည်လင်ပြတ်သားမှုရှိတဲ့ Ultrasound ဝန်ဆောင်မှုကို ရှာဖွေနေပါသလား❓

🌟 Ultrasound စစ်ဆေးခြင်းအတွက်ဆိုရင် တိကျသေချာပြီး၊ စိတ်ချရတဲ့ We Care Clinic ရှိပါတယ်

GE အမှတ်တံဆိပ် နောက်ဆုံးပေါ်စက်သစ်ကြီးကို အသုံးပြုထားတဲ့အတွက် တိကျသေချာပြီး၊ ကြည်လင်ပြတ်သားသော ပုံရိပ်ကို ပေးစွမ်းနိုင်သည့်အတွက် ရောဂါရှာဖွေခြင်းနှင့် ကုသမှုအစီစဥ်များအတွက် ကောင်းစွာ အထောက်အကူဖြစ်စေပါတယ် ရှင့် 💁🏻‍♀️

မိမိ ကျန်းမာရေးကို ထိန်းသိမ်းဖို့အတွက် အချိန်စောင့်ဆိုင်းမနေပါနဲ့ 🌟

ပုံမှန်စစ်ဆေးခြင်း၊ ဒါမှမဟုတ် ရောဂါရှာဖွေရေး ပုံရိပ်ဖော်ခြင်း (Ultrasound) အတွက် လိုအပ်လာတဲ့အခါ တိကျသေချာသော အဖြေကို ပေးစွမ်းနိုင်ဖို့အတွက် We Care မှ အသင့်ရှိနေပါတယ်

Ultrasound အတွက်တိုင်ပင်ချင်ရင်ပဲ ဖြစ်ဖြစ်၊ လာမရိုက်ခင် ကြိုတင် Booking ယူထားချင်ပဲဖြစ်ဖြစ် ဆေးခန်း ဖုန်းနံပါတ်တွေဖြစ်တဲ့

🤙 09 54 17 170
🤙 09 98 540 8899 ကို ဆက်သွယ်နိုင်ပါတယ်နော်

ဆေးခန်းလိပ်စာကတော့

🏡 အမှတ် (၃၂၄)၊ ၈၁ လမ်း၊ ၂၆ လမ်းနှင့် ၂၇ လမ်းကြား၊ မန္တလေးမြို့။

စိုးရိမ်စရာကျန်းမာရေးပြဿနာတွေရှိလာတဲ့အခါ We Care ကိုသာ သတိရလိုက်ပါ 🌟နှာစေး၊ ချောင်းဆိုး၊ ဖျားနာ​တာတွေဟာ ရာသီအကူးအပြောင်း...
24/02/2024

စိုးရိမ်စရာကျန်းမာရေးပြဿနာတွေရှိလာတဲ့အခါ We Care ကိုသာ သတိရလိုက်ပါ 🌟

နှာစေး၊ ချောင်းဆိုး၊ ဖျားနာ​တာတွေဟာ ရာသီအကူးအပြောင်းတွေမှာ ဖြစ်လေ့ဖြစ်ထရှိတတ်ပေမယ့် သာမန်ထက် ရက်ကြာလွန်းလာရင်တော့ သာမန်အခြေအနေ မဟုတ်တော့ပါဘူး။

နောက်ပြီး ဖြစ်လေ့ဖြစ်ထမရှိပဲ မူမမှန်တဲ့ ကျန်းမာရေးပြဿနာတွေဟာလည်း စိုးရိမ်စရာတွေပါပဲ။

ဒီလိုအ​ခြေအနေတွေမှာ နီးစပ်ရာ ဆေးရုံဆေးခန်းတွေမှာ သွားရောက်ပြသသင့်ပါတယ်။

မန္တလေးမြို့မှာ နေထိုင်နေတယ်ဆိုရင်တော့ We Care Clinic ကိုလှမ်းလာခဲ့နိုင်ပါတယ်။

ဘယ်လိုကျန်းမာရေးပြဿနာတွေပဲဖြစ်ဖြစ် ဘယ်လိုခံစားနေရတာပဲဖြစ်ဖြစ် အနာရှိရင် ဆေးရှိဆိုသလို We Care ရောက်ရင် ကျန်းမာပျောက်ကင်းစေမှာတော့ အသေအချာပါပဲ။

သက်ဆိုင်ရာ ကျန်းမာရေး ပါရဂူကြီးတွေ၊
ခေတ်မီဆေးဝါးတွေ၊
ခေတ်မီရောဂါ​ရှာဖွေရေးစက်ကြီးတွေ၊
နွေးနွေးထွေး​ထွေး တိုင်ပင်ကုသနိုင်တဲ့ ဆရာဝန်ကြီးတွေရှိတာမို့ We Care ရောက်တာနဲ့ ရောဂါတစ်ဝက်လောက်က သက်သာသွားစေမှာပါ။

ဒါကြောင့် ဘယ်လို ကျန်းမာရေး ကိစ္စတွေပဲရှိရှိ နွေးနွေးထွေးထွေး မေးမြန်းဆွေးနွေးပြီး သေချာဂရုစိုက်ကုသပေးတဲ့ We Care Clinic ကိုသာ လှမ်းခဲ့လိုက်ပါနော်။

ဖုန်းဆက်ပြီး Booking လုပ်ထားချင်ရင် -

📱09 5417170
📱09 985408899 ကို ဆက်သွယ်ပြီး ဘိုကင်လုပ်ထားနိုင်ပါတယ်နော်။

📍အမှတ် (၃၂၄ ) ၈၁ လမ်း၊ ၂၆ လမ်းနှင့် ၂၇ လမ်းကြား၊ မန္တလေးမြို့



#အထူးကု #သမားတော်
#အထူးကုဆေးခန်း
#ရောဂါရှာဖွေရေး

မန္တလေးမြို့ရှိ We Care အထူးကုဆေးခန်းတွင် တာဝန်ထမ်းဆောင်ရန်Lab technician Grade 1 or 2        (၂ဦး)အလိုရှိပါသည်။လိုအပ်ခ...
01/01/2024

မန္တလေးမြို့ရှိ We Care အထူးကုဆေးခန်းတွင် တာဝန်ထမ်းဆောင်ရန်

Lab technician Grade 1 or 2 (၂ဦး)
အလိုရှိပါသည်။

လိုအပ်ချက်များ

- စက်များကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင် ရမည်။
-အလုပ်ကိုတိတိကျကျလုပ်ကိုင်နိုင်ရမည်။
- အသင်းအဖွဲ့ နှင့် ပူးပေါင်း လုပ်ကိုင်ဆောင်ရွက်နိုင်ရမည်။
- လုပ်ငန်းအတွေ့အကြုံ ရှိရမည်။
- ကွန်ပျူတာ အခြေခံတတ်ကျွမ်းရမည်။
- lab procedure များကို ကျွမ်းကျင်ရပါမည်။

လစာ
- ညှိုနှိုင်း

လျှေက်ထားရန်
- CV form အား ဆေးခန်းသို့လာရောက်လျှောက်ထားနိုင်ပါသည်။

🛑We Care အထူးကုဆေးခန်း
81 လမ်း 26x27 ကြား မန္တလေးမြို့

09793112210

Address

Myaing

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00

Telephone

+9595417170

Website

Alerts

Be the first to know and let us send you an email when We Care Specialist Clinic & Health Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to We Care Specialist Clinic & Health Service:

Share