Move with Iris

Move with Iris သင်မလုပ်နိုင်တာ သေချာပီလား ? Let’s try with Iris 💪🏼🏋️‍♀️

19/05/2026

2 မိနစ်ခွဲလောက်အလိုမှ 10 မှတ်ယူပီး
Team Work ညီညီ အမှားနည်းနည်းနဲ့ အကျိတ်အနယ်
အနီအသင်းကို သရေကျအောင်
ကြိုးစားခဲ့တဲ့ အခိုက်အတန့်လေး 😍👏👏
လူအင်အားအရ weak ပေမယ့်
အကုန်လုံး နားလည်မှုနဲ့ အကောင်းဆုံးကြိုးစားခဲ့ကြလို့
ဂုဏ်ယူပါတယ်။ 😍
နောက် challenge တွေမှာလဲ အကောင်းဆုံးကြိုးစားကြမယ်။ 💪🏼💪🏼

(ပီးခါနီး 1 min အလိုမှာ ကို Henry ထွက်လာနိုင်လို့ အမှတ်ရသွားတာ။ 👏👏)

ခါးနာတဲ့ အကိုကြီးကတော့ လူပဲ မဆော့ရတာပါ။
တစ်ကွင်းလုံးတော့ သူ့အသံပါတယ်😂
အဲ့တုန်းက သွေးပူတုန်း အပြင်က ဘာသံမှ မကြားဘူး😆
Confession မှာ မိက်ပျက်ဆွေပျက်ပဲ ရှယ်ဖြဲတာ😜
ဆော်တီးပါ ပြိုင်ပွဲမို့ပါ တခြားစိတ်မရှိပါ။😜😁

16/05/2026

Cross The line (ထုပ်စီးတိုး) Challenge မှာ ..
ပထမပိုင်းမှာ ကိုယ်တွေ အမဲအသင်းက
အမှားအများကြီးနဲ့ အနီအသင်းကို 11-3 မှတ်နဲ့ရှုံးနိမ့်ခဲ့ပါတယ်။…
ဒုတိယပိုင်းမှာ လိုအပ်ချက်တွေ ပြန်ပြင်ဆင်ပီး
မိန်းကလေး 4 ယောက်ပါတဲ့ အကုန်လုံးက အားနည်းတယ်လို့ သတ်မှတ်တဲ့အမဲအသင်းက
ထင်ထားသလိုပဲ အမှတ်ပြတ်နဲ့ ရှုံးနိမ့်သွားမလား?
အကောင်းဆုံးပြန်ကြိုးစားသွားနိုင်မလား ?
ခေါင်သူကြီး လုပ်ချင်တဲ့ အေးမြတ်ကရော် အသင်းကို ပြန်ဦးဆောင်ပီး အမှတ်တွေ ပြန်ယူပေးနိုင်မှာလား ?

မနက်ဖြန် ည 8 နာရီ MRTV 4 မှာ စောင့်မျှော်ကြည့်ဖို့
မမေ့ပါနဲ့နော် 💪🏼💪🏼

15/05/2026

FOE Individual Teaser 👏🔥
ဒီကောင်မလေးက ဗလမရှိပေမယ့် ဇတော့ ရှိတယ်နော် ☺️

11/05/2026

ကောင်မလေးက တကယ်က …
2 rounds မှာတင် Give Up လုပ်ဖို့တွေးနေတာ ..
ဘာလို့လဲဆို back pain ရှိထားတော့ ပြိုင်ပွဲမတိုင်ခင်
၁ လ လောက်ကို heavy liftမ မ တော့ဘူး..
တကယ်ဆော့တဲ့ချိန်ရောက်တော့လဲ
Deadlift က အချမှာ ထိန်းချတော့ ပိုပင်ပန်းတယ်။
Bounce နဲ့ က အလေ့အကျင့်မရှိထားတော့
Bounce 1 ချက်ချင်းစီက ခါး pain ပိုခံစားရတယ်။
ဒါပေမယ့်လဲ ဒီတစ်နည်းမရရင် နောက်တစ်နည်းနဲ့ မ မယ်။
အလေးကြွရင် ရပီ ငါအရှုံးပေးလို့တော့ မဖြစ်ဘူး။
ငါ ပြိုင်ပွဲရောက်နေတာ ..
ငါလုပ်နိုင်တာတွေ ဒီအချိန်မှ ချမပြရရင် ဘယ်ချိန်ပြမလဲ.
စောင့်ကြည့်နေတဲ့သူတွေ အားပေးနေတဲ့သူတွေလဲ ရှိတယ်
အလုပ်တွေပျက် အပင်ပန်းခံပီး ရန်ကုန်ထိလာပြိုင်နေတာ
ဆိုတဲ့ စိတ်နဲ့ Breathing မှန်မှန်လေးနဲ့ ..
တစ်ချက်ချင်း တစ်ခုချင်း တစ် rounds ချင်းစီကို
ကျော်ဖြတ်နိုင်ခဲ့တာ 🥰👏

7 rounds ထိတော့ မရခဲ့ပေမယ့် အကောင်းဆုံးကြိုးစားခဲ့ပါတယ်။ ဘေးကနေ တောက်လျှောက် support ပေးတဲ့
My coach Ko Nanda ကျေးဇူးအများကြီးတင်ပါတယ်🤗
နောက် Challenge တွေမှာလဲ အကောင်းဆုံးကြိုးစားသွားပါ့မယ် ။ 💪🏼💪🏼👏👏🥳

08/05/2026

ဒီထဲမှာ ပြောတာနဲ့ ပက်သက်ပီး
မိန်းကလေးပြိုင်ပွဲဝင်တွေကို အထင်သေးတာမျိုး မရှိပါဘူး။
FOE ပြိုင်ဖို့ ရန်ကုန် Balance gym စရောက်တော့ ..
မှတ်မှတ်ရရ တစ်ခြားသူတွေကို စေ့စေ့ကြည့်ဖို့မပြောနဲ့မှန်ထဲက ကိုယ့်ကိုယ်ကိုယ်တောင် လှမ်းမကြည့်ရဲဘူး။
ရှက်တာလား ကြောက်တာလား သိမ်ငယ်တာလား?
အဲ့လိုကောင်မလေးက ..
မခင်သဇင် နဲ့ စကားပြောဖြစ်တယ်။
အမမေးတဲ့ မေးခွန်းတစ်ခုချင်းစီတိုင်းမှာ မျက်ရည် ပေါက်ပေါက်ကျပီး ငိုခဲ့ပီး ရင်ဖွင့်ခဲ့တယ်။
ပြိုင်ပွဲနဲ့ ပက်သက်ပီး အဲ့တာနောက်ဆုံးငိုခြင်းပါပဲ …
Aye Myat You are strong enough….
အမရဲ့ သိပ်ကောင်းလှတဲ့ အဆုံးအမတွေအောက်မှာ
စိတ်ခွန်အားတွေ အပြည့်ရခဲ့တယ်။
ကိုယ့်ကိုယ်ကိုယ် ပြန်ရှာတွေ့ခဲ့တယ်။
ကိုယ်လုပ်နိုင်တာတွေကို ယုံကြည်ခဲ့တယ်။
အဲ့ဒီမှာ အကောင်တစ်ကောင် ထွက်လာခဲ့တယ်။
ပျော့ညံ့တာတွေနဲ့ ကွဲထွက်ပီး
အကောင်ပြောင်းတဲ့ အေးမြတ်ဖြစ်ခဲ့တယ်။
တကယ်တော့ ဒီပြိုင်ပွဲမှာ ကိုယ်ကိုယ်ကိုယ် ဘယ်လောက်ထိလုပ်ပြနိုင်မလဲ သိချင်နေခဲ့တာပါ ။
ပြိုင်ဘက်က ကျား မ ရယ်လို့ မရှိပါဘူး။
ဒီ FOE ပြိုင်ပွဲမှာ
ကိုယ့် လုပ်နိုင်စွမ်း ကိုယ့် Treasure ကို ပြန်ရှာခဲ့ချင်တာပါ ။……
တကယ်ကောင်းတဲ့ အသက်အရွယ် …
တကယ့်ကို အထောက်အပံ့ကောင်းတွေ ရခဲ့တဲ့ပတ်ဝန်းကျင်တွေနဲ့ ပြိုင်ပွဲကို ဘယ်အဆင့်ထိ တက်သွားနိုင်ခဲ့မလဲဆိုတဲ့ စိတ်နဲ့
ယှဉ်ပြိုင်ထားလို့ …
နောက် video တွေမှာ လေတိုက်မိခဲ့ရင်လဲ အားလုံးပဲ နားလည်ပေးစေချင်ပါတယ်နော်😘
အမကိုလဲ ဒီနေရာကနေ ထပ်ပီး ကျေးဇူးတင်ချင်ပါတယ်နော် 💞

ခွန်အားဖြစ်စေခဲ့တဲ့ တစ်ဦးချင်းစီရဲ့ အကူအညီတွေကို အမြဲအမှတ်ရနေမှာပါ💞

Edit-ပွဲထဲမှာ တစ်ခါ ငိုရပါသေးတယ်။ရှုံးနိမ့်လို့တော့ မဟုတ် 🤭
ဘာလို့ ငိုလဲ ဆက်လက်စောင့်ကြည့်ပါ🤪

06/05/2026

FOE Training 👏💪🏼💪🏼
မန်းလေးမှာ တက်စရာကြိုးမရှိလို့
ရန်ကုန်ရောက်တော့ စမ်းတက် …

အားနည်းချက်ကတော့ You Tube ကြည့်ပီး ၁ရက်ထဲကျင့်လိုက်ရတယ် 🤪
(Gym က ဆရာကြီးတွေလဲ မေးရပါတယ်)

Ps.ငယ်ငယ်ထဲက မျောက်မ လို့ ခေါ်ခံရတဲ့ထိ တအား ဆော့ခဲ့တဲ့ အကျိုးတွေပါ 😂😂

04/05/2026

ပိန်တယ်နော် ဗလလဲ မရှိဘူး ?
အလေးရော် မ နိုင်ပါ့မလား ?
ဒီ အရိုးလေးက Sweat sesh ကို ဘယ်နှ round မ သွားနိုင်မလဲ နောက်အပတ်မှာ စောင့်ကြည့်ပေးပါအုံးနော် 🫣👏👏

01/05/2026

FOE Season 3 Press Show တက်ဖို့အတွက်
မန်းလေးကနေ ရန်ကုန် 1 ညအိပ်သွားခဲ့တဲ့
‘ Beautiful Day! Beautiful moments’ လေးတွေပါ 🫶🏻❤️‍🔥

နယ်ပယ်အသီးသီးက ပြိုင်ပွဲဝင်တွေရဲ့
ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေနဲ့ ဒီ Reality Showကြီးကို
May လ 3 ရက်နေ့ အပတ်စဉ် Sun day ည 8 နာရီတိုင်းမှာ
MRTV 4 နဲ့ Pyone Play app တို့ကနေ ကြည့်ရှူအားပေးလို့ရတော့မှာပါ 🔥🔥

အကြမ်းစား ပြိုင်ပွဲဝင်တွေရဲ့
နောက်ကွယ်က အမှတ်တရတွေကို
ကြည့်ရှုချင်ရင် Page လေးကို Follow လေး လုပ်ထားဖို့
မမေ့နဲ့နော် 😍🥰🥰




#အေးမြတ်သန္တာထွန်း

06/04/2026

မေလ 3 ရက်နေ့စပီး အပတ်စဉ် တနင်္ဂနွေည 8 နာရီတိုင်းမှာ
MRTV 4 နဲ့ Pyone Play ကနေ ကြည့်ရှု အားပေးနိုင်ပါပီ 😍🥰



Address

Myaing

Telephone

09786063582

Website

Alerts

Be the first to know and let us send you an email when Move with Iris posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Move with Iris:

Share