Beacon Healthcare Alliance Vocational Training Centre

Beacon Healthcare Alliance Vocational Training Centre healthcare alliance vocational training

သတိပြုစရာ မှတ်သားပါ 💕
30/06/2025

သတိပြုစရာ မှတ်သားပါ 💕

Be aware of the symptoms of a heart attack 👇

မကြာခင် စတင်ကြမယ်Let's start soon.
30/06/2025

မကြာခင် စတင်ကြမယ်
Let's start soon.

04/06/2025

"တတိယလှိုင်း ဗီဇပြောင်း Covid 19 ရောဂါလက္ခဏာများ"

ကူးစက်ခံရပြီး ၁ ရက်မှ ၃ ရက်
၁။ သာမန်အအေးမိအဖျားနှင့်ဆင်တူသည်။
၂။ လည်ချောင်းအနည်းငယ်နာသည်။
၃။ ဖျားနာကိုက်ခဲ ပင်ပန်းနွမ်းနယ်ခြင်းမရှိ။
၄။ ပုံမှန်အတိုင်း အစားအသောက်မပျက်။

၄ ရက်မြောက်နေ့
၁။ အာသီးအနည်းငယ်ယောင်သည်။
၂။ စကားပြောလျှင် လည်ချောင်း နာလာသည်။
၃။ ကိုယ်အပူအချိန်မှာ ပုံမှန်အပူချိန် 36.5C ဖြစ်သည်။
သို့သော် အစားသောက်မြိုချရာတွင် အခက်အခဲရှိသည်။
ခေါင်းအနည်းငယ်ကိုက်မည်။
၄။ light belly အစာအိမ်လေထမည်။ အရက်မူးသကဲ့သို့
အနည်းငယ် မူးဝေနေမည်။

၅ ရက်မြောက်နေ့
၁။ လည်ချောင်းနာနေမည်။ ပင်ပန်းနွမ်းနယ်နေမည်။
၂။ ကိုယ်အပူချိန် 36.5-36.7C တွင်ရှိမည်
၃။ အဆစ်အမြစ် ကိုက်ခဲနာကျင်မည်။

၆ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 37 C+ အထက်ရောက်လာသည်။
၂။ သလိပ်မထွက်သည့် ချောင်းခြောက်ဆိုးသည်။
၃။ စကားပြောတိုင်း အစာစားတိုင်း လည်ချောင်း
နာကျင်နေမည်။
၄။ အားအင်ကုန်ခမ်းပြီး မောပန်းနွမ်းနယ်နေမည်။
၅။ ရံဖန်ရံခါတွင် အသက်ရှူရန် အခက်အခဲဖြစ်လာမည်။
၆။ inches feel pain ခြေချောင်းများ နာကျင်လာမည်။
၇။ ဝမ်းလျှော၍ အော့အန်မည်။

၇ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 37.4-37.8C ရှိလာသည်။
၂။ ချောင်းအဆက်မပြတ်ဆိုးပြီး သလိပ်ပျစ်ပျစ်များ
ထွက်နေမည်။
၃။ ခေါင်းကိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲနာကျင်နေ
မည်။
၄။ အပြင်းအထန် ဝမ်းလျှောမည်။
၅။ အော့အန်မည်။

၈ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 38C +++ အထက်ထိရောက်လာပြီး
အပြင်းအထန်ဖျားလာမည်။
၂။ အသက်ရှူရန် အခက်အခဲဖြစ်လာသည်။
၃။ ချောင်းအဆက်မပြတ်ဆိုးမည်။
၄။ ခေါင်းကိုက်ပြီး အဆစ်အမြစ်နှင့် ကြွက်သားများ
နာကျင်မည်။
၅။ ခြေထောက်နှင့် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး
ကိုက်ခဲနာကျင်မည်။

၉ ရက်မြောက်နေ့
၁။ ရောဂါအခြေအနေ အတိုးအလျော့မရှိပါ။
၂။ အပြင်းအထန် အဖျားတက်လာမည်။
၃။ အချို့ရောဂါလက္ခဏာများ သက်သာလာမည်။
၄။ သို့သော် အသက်ရှူရန်အတွက် အပြင်းအထန်
ကြိုးစားလာရမည်ဖြစ်သည်။ ထိုအနေအထားသို့
ရောက်လာလျှင် သွေးစစ်ပြီး ရင်ခေါင်းဓာတ်မှန်ရိုက်ရန်
လိုအပ်လာပြီဖြစ်သည်။

ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်သည်။

အကြံပြုချက်များ
***************
၁။ မတ်(စ်)တပ်ပါ
၂။ လက်ကို ဆပ်ပြာဖြင့် စက္ကန့် (၂၀) ဆေးပါ
၃။ တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာနေပါ
၄။ ထိတွေ့ပြီးတိုင်း ပိုးသတ်ဆေးဖြင့် ဖြန်းပါ
၅။ လက်ဆွဲနှုတ်ဆက်ခြင်းမှ ရှောင်ကြင်ပါ
၆။ အပြင်သွားလျှင် လက်အိတ်ဝတ်ပါ
___________________________________ တဆင့်ပြန်လည်မျှဝေပါတယ်

24/01/2025

နိုရိုဗိုင်းရပ်စ်အကြောင်း သိကောင်းစရာ

နိုရိုဗိုင်းရပ်စ်ဟာ အင်မတန်မှ ကူးစက်မြန်ဆန်တဲ့ ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပြီး ကူးစက်ခံရပြီဆိုရင် အစာအိမ်နဲ့အူလမ်းကြောင်း ရောင်ရမ်းခြင်းကို အဓိက ဖြစ်စေတဲ့အတွက် အစာအိမ်တုပ်ကွေးလို့လည်း လူသိများလှပါတယ်။ ဒီဗိုင်းရပ်စ်ဟာ ကမ္ဘာတစ်ဝှမ်း အစာအိမ်နဲ့ အူလမ်းကြောင်း ရောင်ရမ်းခြင်းရဲ့ အဓိက တရားခံဖြစ်ပြီး အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ဒီဗိုင်းရပ်စ်ဟာ ကူးစက်မှုနှုန်း တအားမြန်ဆန်တဲ့အတွက် ကျောင်း၊ မူကြို၊ သက်ကြီးရွယ်အိုစောင့်ရှောက်မှုစင်တာနဲ့ စားသောက်ဆိုင်တို့လို့ နေရာမှာ ကူးစက်ပြီဆိုရင် တပြုံတမကြီး ကူးစက်ပျံ့နှံ့သွားတတ်ပါတယ်။

နိုရိုဗိုင်းရပ်စ်ကူးစက်ခံရပြီဆိုရင်
- ပျို့မယ်
- အန်မယ်
- ဝမ်းလျှောမယ်
- ဗိုက်အရမ်းရစ်ပြီးနာမယ်
- ချမ်းတုန်ပြီးဖျားမယ်
- ခေါင်းကိုက်မယ်
- ကြွက်သားတွေ နာကျင်ကိုက်ခဲမယ်

ဒီရောဂါလက္ခဏာတွေက ပိုးကူးစက်ခံရပြီး ၁၂ နာရီကနေ ၄၈ နာရီအတွင်း ပြတတ်လေ့ရှိပြီး ဖျားနာခြင်းကို ၁ ရက်ကနေ ၃ ရက်လောက်တော့ ခံစားရတတ်ပါတယ်။ အများစုကတော့ ဘာရေရှည်နောက်ဆက်တွဲမှ မရှိဘဲ ပြန်သက်သာသွားတတ်ကြပြီးတော့ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ခံအားစနစ်အားနည်းတဲ့ သူတွေမှာတော့ အန်တာ၊ ဝမ်းလျှောတာတွေကြောင့် ရေဓာတ်ဆုံးရှုံးမှု အရမ်းများသွားရင်တော့ စိုးရိမ်ရတာမျိုး ရှိနိုင်ပါတယ်။

နိုရိုဗိုင်းရပ်စ်က ဘယ်လိုပျံ့နှံ့လဲ?
- ရောဂါပိုးရှိတဲ့သူနဲ့ လက်ဆွဲနှုတ်ဆက်တာ၊ သူတို့ ကိုင်ထားတဲ့ စားပွဲ၊ ထိုင်ခုံ အစရှိတဲ့ မျက်နှာပြင်တွေကို ထပ်ကိုင်မိတာ၊ ဒါမှမဟုတ် ရောဂါရှိနေတဲ့သူကို ပြုစုစောင့်ရှောက်ရတာ စတဲ့ တိုက်ရိုက်ထိတွေ့မှုတွေကတဆင့် ကူးစက်နိုင်ပါတယ်။
- ရောဂါပိုးရှိတဲ့ အစားအသောက်တွေကို စားသောက်မိရာကနေ တဆင့်လည်း ကူးစက်တတ်ပါတယ်။ ဒီလိုကူးစက်မှုမျိုးကတော့ အစားအသောက်ကို ကိုင်တွယ်တဲ့နေရာမှာ ကျန်းမာရေးနဲ့ ညီညွတ်အောင် မကိုင်တွယ်တဲ့ နေရာမျိုးတွေမှာ အဖြစ်များပါတယ်။
- ရောဂါပိုးရှိတဲ့သူက အန်လိုက်တဲ့အခါမှာ အဲ့ဒီဗိုင်းရပ်စ်က လေထဲကနေ တဆင့်လည်း အလျင်အမြန်ကူးစက်ပျံ့နှံ့သွားတတ်ပြီးတော့ အဲ့ဒါကို ရှူလိုက်မိတဲ့အခါမှာလည်း ကူးစက်နိုင်ပါတယ်။
- နိုရိုဗိုင်းရပ်စ်ဟာ စားပွဲမျက်နှာပြင်၊ တံခါးလက်ကိုင်နဲ့ ရေချိုးခန်းကြမ်းပြင်နဲ့ မျက်နှာပြင်တွေလိုပေါ်မှာလည်း အသက်ရှင်နိုင်တဲ့အတွက် ရောဂါပိုးတွေ တင်ကျန်နေတဲ့ အဲ့လိုမျက်နှာပြင်တွေကို ကိုင်တွယ်မိရာကနေတဆင့်လည်း ကူးစက်တတ်ပါတယ်။

ကူးစက်မှုကို ဘယ်လိုကာကွယ်ကြမလဲ?
၁) လက်ကို စနစ်တကျ ဆေးကြောပါ။ အထူးသဖြင့်တော့ အိမ်သာတက်ပြီးတဲ့အခါ၊ အစားမစားခင်နဲ့ အစားအသောက်တွေကို မပြင်ဆင်ခင်မှာ ရေနဲ့ ဆပ်ပြာကို အသုံးပြုပြီး လက်ကို သေချာဆေးကြောပေးဖို့ အရေးကြီးပါတယ်။ အရက်/အရက်ပျံပါတဲ့ လက်သန့်ဆေးရည်တွေက နိုရိုဗိုင်းရပ်စ်အတွက် သိပ်မထိရောက်တဲ့အတွက် ရေနဲ့ဆပ်ပြာကိုသုံးပြီး လက်ဆေးတာက အကောင်းဆုံးဖြစ်ပါတယ်။
၂) အစားအသောက်တွေကို ပြင်ဆင်တဲ့အခါ၊ သိုလှောင်တဲ့အခါမှာလည်း သတိထားရမယ့် အချက်လေးတွေ ရှိပါတယ်။ ကိုယ်က အစားအသောက်ပြင်ပေးရတဲ့သူဆိုရင် ဖျားနေတဲ့အခါမျိုးမှာ အစားအသောက်ကို မပြင်ပါနဲ့။ ကိုယ်ကနေတဆင့် ရောဂါဖြန့်လိုက်သလို ဖြစ်သွားနိုင်ပါတယ်။ နောက်ပြီး မီးဖိုချောင်ထဲက စားပွဲနဲ့ အခြားမျက်နှာပြင်တွေကိုလည်း မကြာခဏ သန့်ရှင်းရေး လုပ်ပေးဖို့ လိုပါတယ်။ အထူးသဖြင့်တော့ အသား၊ ငါး နဲ့ ပင်လယ်စာတွေကို ပြင်ဆင်တဲ့အခါမျိုးမှာပေါ့။
၃) တံခါးလက်ကိုင်၊ မီးခလုတ် အစရှိတဲ့ လူနဲ့ထိတွေ့မှုများတဲ့ မျက်နှာပြင်တွေကိုလည်း ပိုးသတ်ဆေးနဲ့ သန့်ရှင်းရေး ပုံမှန်လုပ်ပေးဖို့ လိုပါတယ်။ ဖြစ်နိုင်ရင်တော့ ချွတ်ဆေး (Bleach) ပါတဲ့ ဆေးရည်တွေနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။
၄) ကိုယ်မှာ ရောဂါကူးစက်ခံစားရပြီဆိုရင် တခြားလူတွေနဲ့ မထိတွေ့ဖြစ်အောင် ရှောင်ကြဉ်ပါ။ အထူးသဖြင့် လူထူတဲ့နေရာတွေ မသွားဘဲ အိမ်မှာပဲ နေပါ။ အလုပ်နဲ့ ကျောင်းတွေကိုတော့ အနည်းဆုံး ရောဂါလက္ခဏာတွေ ပျောက်ပြီး ၂ ရက်လောက်နေမှ ပြန်သွားသင့်ပါတယ်။
၅) ရေဓာတ်အမြဲပြည့်နေပါစေ။ အန်တဲ့အခါ၊ ဝမ်းလျှောတဲ့အခါမှာ ခန္ဓာကိုယ်ထဲက ရေဓာတ်ဆုံးရှုံးမှုများတဲ့အတွက် ဓာတ်ဆားရည်ကို အမြဲပြန်သောက်ပြီး ရေဓာတ်ကို ဖြည့်ပေးနေဖို့ကလည်း အရေးကြီးပါတယ်။

ဘယ်လို ကုသနိုင်သလဲ?
ဘာမှတော့ ထွေထွေထူးထူး သောက်ဆေး၊ ထိုးဆေးရယ်လို့ မရှိပါဘူး။ အဓိကကတော့ ရောဂါလက္ခဏာတွေကို သက်သာအောင်ပဲ လုပ်ရမှာဖြစ်ပါတယ်။ အန်တာ၊ ဝမ်းလျှောတာရှိရင် ဓာတ်ဆားများများသောက်ပါ။ ဖျားတယ်၊ နာတယ်ဆိုရင် အဖျားကျဆေး၊ အကိုက်ခဲပျောက်ဆေးသောက်ပါ။ ဒီလောက်ပဲ လုပ်လို့ရပါတယ်။ နောက်ပြီး ကောင်းကောင်းအနားယူပေးဖို့လည်း လိုပါတယ်။ ဒါမှသာ မြန်မြန် နလန်ထနိုင်မှာ ဖြစ်ပါတယ်။

ဘယ်အချိန်မှာ ဆေးခန်းပြဖို့မလိုမလဲ?
ရောဂါလက္ခဏာတွေက ပိုဆိုးလာတယ်၊ ဒါမှမဟုတ် ရက်ပိုကြာလာတယ်၊ နှုတ်ခမ်းခြောက်တာ၊ ဆီးနည်းသွားတာ၊ မူးတာစတဲ့ ရေဓာတ်ခမ်းခြောက်တဲ့လက္ခဏာတွပြလာရင် ဆေးခန်းပြသင့်ပါတယ်။ နောက်ပြီး ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ခံအားစနစ် အားနည်းတဲ့သူတွေမှာ ရောဂါကူးစက်ခံရတယ်ဆိုရင်တော့ ဆေးခန်းပြသင့်ပါတယ်။

အနှစ်ချုပ်အနေနဲ့ ပြောရမယ်ဆိုရင်တော့ နိုရိုဗိုင်းရပ်စ်ဟာ ကူးစက်မြန်တဲ့ဗိုင်းရပ်စ်ဆိုပေမယ့်လည်း တကိုယ်ရည်သန့်ရှင်းရေး (လက်ပုံမှန်ဆေးတာ) သေချာလုပ်မယ်၊ ကူးစက်ခံရရင်လည်း ရေဓာတ်သေချာဖြည့်မယ်၊ လူစုလူဝေးရှောင်ရှားမယ်ဆိုရင် သက်သာပျောက်ကင်းဖို့ကလည်း မြန်မှာဖြစ်သလို တခြားသူတွေဆီ ကူးစက်ပျံ့နှံ့တာကိုလည်း ကာကွယ်ပြီးသား ဖြစ်သွားမှာ ဖြစ်ပါတယ်။

နိုရိုဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ ဒီထက်ပိုပြီး သိချင်သေးတယ် ဒါမှမဟုတ် တခြားကျန်းမာရေးပြဿနာတွေနဲ့ ပတ်သက်ပြီး "အခမဲ့" တိုင်ပင်ဆွေးနွေးချင်တယ်ဆိုရင်တော့ Equal Health ရဲ့ ဖုန်းနံပါတ် ဖြစ်တဲ့
Phone - 0620703913
Viber – +66620703913
Line – +66620703913
တို့ကို သောကြာနေ့ကလွဲပြီး နေ့စဉ် မနက် ၉ နာရီမှ ည ၁၁ နာရီအထိ ဖုန်းခေါ်ပြီး ဒါမှမဟုတ် စာပို့ဆက်သွယ်ပြီး တာဝန်ကျ ဆရာဝန်နဲ့ "အခမဲ့ "တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ ကျန်းမာရေးအတွက် ဆွေးနွေးတိုင်ပင်မှုက "အခမဲ့" ဖြစ်တဲ့အတွက် စာပို့ဖို့ ဖုန်းခေါ်ဖို့ တွန့်ဆုတ်မနေဘဲ အခုပဲ ဆက်သွယ်လိုက်ပါ။



#အကြင်နာတွဲလက်အီကွဲဟတ်

15/11/2024

Online Courses စိတ်ဝင်စားသူများအတွက် December လတွင် စတင်ပါမည်

မီတင်
08/11/2024

မီတင်

05/11/2024

ဥပါဒါန်ကြောင့် ဥပါဒ်ရောက်တတ်ပါတယ်။
=•=•=•=•=•=•=•=•=•=•=•=•=•=•=•

သတ္ထုတွင်းမြို့က မိန်းကလေးတစ်ဦး ရှိုက်ကြီးတငင်ငင်
ငိုတယ်။ ဘာလို့လဲဆိုတော့ လေတိုက်လို့ သစ်ပင်က
သစ်ကိုင်းနဲ့ရိုက်ပြီး အိမ်မှန်ပြတင်းတံခါးကွဲသွားတာ နမိတ်မကောင်းဘူး။ ခရီးထွက်သွားတဲ့ သူမရဲ့အဖေ လမ်းမှာ
တစ်ခုခုတော့ဖြစ်နေပြီလို့ တွေးပြီးငိုသတဲ့။

ဗေဒင်မေးပြီးလာတဲ့ မိန်းကလေးတစ်ဦး အိမ်ဆောက်နေ
တဲ့အစ်ကိုထံ အမောတစ်ကောပြေးလာတယ်။ သူယုံကြည်တဲ့ဗေဒင်ဆရာကဟောလိုက်တယ်။ အိမ်ဆောက်တဲ့သစ်ထဲမှာ သစ်ပိုးထိုးတွေပါလိမ့်မယ်။ အဲဒါတွေပါရင် မကောင်းဘူး၊ အိမ်ပြိုကျလိမ့်မယ်၊ အမြန်ဖယ်ပစ်လို့ဟောလိုက်လို့တဲ့။

အ်ိမ်တောင်ဘက် စိုက်ထားတဲ့ဗူးစဉ်လေးကို လူတစ်
ယောက်ဟာ ခုတ်ပစ်လိုက်တယ်။ ဘာလို့လည်းဆိုတော့
ခိုက်တတ်တယ်လို့ လူတွေက လာလာပြောလို့တဲ့။

နေ့စဉ်လူဘဝမှာ အခြေအမြစ်မရှိတဲ့ ယုံကြည်မှုတွေကို
ဥပါဒါန်စွဲလို့ ဘေးဒုက္ခရောက်ရတဲ့ အခြေအနေတွေလည်း
ရှိတတ်ပါတယ်။

ဥပမာ-ဘဏ်တွေပြိုလဲတော့မှာပဲလို့ ဆိုတဲ့ကောလဟာလ
ကိုယုံပြီး စိုးရိမ်သွားတဲ့စိတ်ကြောင့် လူတွေဟာ ဘဏ်မှာ
အပ်ထားတဲ့ ငွေတွေကို ကြောက်စိတ်နဲ့ဝိုင်းထုတ်ကြတာ
ဘဏ်တွေပြိုလဲသွားတာမျိုး ဖြစ်ဘူးတယ်။ ဥပါဒန်ကြောင့်ဥပါဒ်ရောက်တယ်ဆိုတာမျိုးပါ။ စိတ်ပညာအရ ဒီသဘောကို Self-fulfilling Prophecy လို့ခေါ်ပါတယ်။

ဥပါဒါန်ကြောင့် ဥပါဒ်မရောက်အောင် ကျိုးကြောင်းဆီလျော်စွာ စဉ်းစားတတ်တဲ့စွမ်းရည်၊ ယုတ္တိရှိမရှိ ဆန်းစစ်ဝေဖန်စဉ်းစားတတ်တဲ့စွမ်းရည်၊ တခြားသူတွေပြောတာကိုလွယ်လွယ်မယုံပဲ မှားမှန်စဉ်းစားတတ်တဲ့စွမ်းရည်တွေ
လိုပါလိမ့်မယ်။ အဲဒီအတွက် စာများများဖတ်ဖို့ အတွေး
အခေါ်မှန်ဖို့လည်း လိုပါတယ်။

ဒေါက်တာမြင့်လွင်(စိတ်ပညာ)

03/09/2024

ဘာကြောင့် စာဖတ်ဖို့လိုသလဲ...
ဆရာကြီးဦးအောင်သင်းရဲ့
ကျွန်တော်အကြိုက်ဆုံးထဲက
အကြိုက်ဆုံးစကား

လူနဲ့တိရစ္ဆာန်
ဘယ်သူသာလဲမေးရင်
လူကသာတယ်လိုပဲဖြေကြတယ်
စဉ်းစားကြည့်ရအောင်...

မြင်းလောက်အပြေးသန်သလား?

ဆင်လောက်ခွန်အားကြီးသလား?

ငါးလောက်ရေကူးကျွမ်းသလား?

ကျီးကန်တို့လဒတို့လောက်
မျက်စိလျှင် လား?

အယ်ဇေးရှင်းခွေးလောက်
အနံ့ခံကောင်းလား?

ကျွန်တော်တို့က
အဖွဲ့အစည်းနဲ့ဘာနဲ့ညာနဲ့
စည်းလုံးတယ် ဘာညာနဲ့မပြောနဲ့

ပျားတွေလောက်မစည်းလုံးဘူးနော်

ပျားတွေဟာသိပ်ဝီရိယကောင်းတယ်

ပန်းပွင့်မညိုးခင်
မနက်စောစော
ကတည်းက လုံ့လစိုက်ပြီး
အလုပ်လုပ်တယ်

ပျားတစ်ကောင်ဟာ
ပန်းဝတ်ရည်ကိုတွေ့လာရင်
သတင်းလာပို့တယ်

သူကဦးဆောင်ခေါ်သွားတယ်
နောက်ကပျားတွေကလည်း
ထပ်ကြပ်မကွာလိုက်တယ်
သူတို့ယူလာတဲ့ဝတ်ရည်ကို
သိုလှောင်တဲ့နေရာမှ အတိတကျထားတယ်
ဘယ်ပျားကမှမခိုးဘူး ။
မှောင်ခိုမချဘူး
ကောင်းလိုက်တဲ့ဗီဇ

ရှဉ့်လျှောက်လို့ရအောင်
လမ်းချန်ပေးထားတယ်

သူများသွားလမ်းပိတ်မထားဘူး
လူတွေလို ဘယ်သူသေသေ
ပြီးပြီးရောဆိုတဲ့
စိတ်ယုတ်မရှိဘူး
ပျားအုံကိုထိရင်
အသေခံကာကွယ်တယ်
ကြည့်စမ်း

ပျားတွေနိုင်ငံတော်သည်
ဘယ်လောက်အားကျဖို့ကောင်းလဲ
ဘယ်လောက်အတုယူဖို့ကောင်းလဲ
ကောင်းပြီး ဆက်စဉ်းစားကြရအောင်
လူတွေဟာတိရစ္ဆာန်တွေထက်
ဘယ်နေရာသာသလဲ
အဖြေထုတ်ကြည့်ရင်
်သုံးမျိူးပဲရှိတယ်

၁.အလှအပကိုခံစားတတ်ခြင်း
ဖန်တီးတတ်ခြင်း

၂.ကိုယ့်ကျင့်တရားရှိခြင်း

၃.ကျိူးကြောင်းဆင်ခြင်နိုင်ခြင်း
ဥာဏ်ပညာရှိခြင်း

လူတွေဟာအလှအပကိုခံစားတတ်တယ် ဖန်တီးတတ်တယ်
တိရစ္ဆာန်တွေမှာကိုယ်ကျင့်တရားမရှိဘူး
ကြီးနိုင်ငယ်ညှင်းတယ်

မကောင်းတာကောင်းတာသူတို့မသိဘူး
ကိုယ့်ကျင့်တရားဆိုတာလည်းမရှိဘူး
လူတစ်ယောက်မှာ ကိုယ်ကျင့်တရားမရှိရင်
တိရစ္ဆာန်နဲ့မခြားနားဘူး
ကျိုးကြောင်းဆင်ခြင်ဥာဏ်
ပညာကြီးတယ်

ဘယ်လိုလုပ်ရင် ဘယ်လိုဖြစ်မယ်ဆိုတာသိတယ်

ကိုယ့်ထက်အားကြီးတဲ့ဆင်ကို
ချွန်ပေါက်ပြီးသစ်ဆွဲခိုင်းတယ်

မြင်းကိုပါးချုပ်တက်ပြီးခွစီးတယ်
လှည်းတပ်ဆွဲခိုင်းတယ်

ရေကူးကျွမ်းတဲ့ငါးကို
ငါးမျှားချိတ်နဲ့များတယ်
ပိုက်နဲ့ဖမ်းတယ်

ကိုယ့်ထက်စည်းလုံးပါတယ်ဆိုတဲ့ပျားကို ဖွတ်စားတယ်
ဒါဘာလို့လဲ
လူတွေကတိရစ္ဆာန်တွေထက်
အကျိူးအကြောင်းဆင်ခြင်နိုင်လို့
ဥာဏ်ပညာကြီးလို့ပေါ့
လူတွေကတိရစ္ဆာန်တွေအပေါ်
လွှမ်းမိုးနိုင်တာဟာ
ဥာဏ်ပိုကြီးလို့

ဒါဆိုရင်လူအချင်းချင်းရော
သေချာစဉ်းစားကြည့်
လူတွေမှာလည်း
ပညာကြီးတဲ့လူက
ပညာနည်းတဲ့သူကို
လွှမ်းမိုးနိုင်မှာပေါ့

သူများနိုင်ငံမှာသွားပြီး
ပညာသင်ရတယ်

သူများနိုင်ငံမှာသွားပြီး
အောက်ကျို့ခံအလုပ်လုပ်ရတယ်
သူတို့လောက် ငါတို့ပညာမတတ်လို့ပဲ

ဒါကိုတို့နိုင်ငံက လူတွေက
အခုချိန်ထိပညာကို
တန်ဖိုးထားရကောင်းမှန်းမသိဘူး..

အမြင်ကျယ်တဲ့သူက အမြင်ကျဉ်းတဲ့သူကို လွှမ်းမိုးနိုင်မှာပေါ့

အဲ့ဒီတော့ သူများလွှမ်းမိုးတာမခံရအောင်
သူများခေါင်းပုံဖြတ်တာမခံရအောင်
သူများလူလည်ကျတာမခံရအောင်
သူများအနိုင်ကျင့်တာမခံရအောင်
ပညာတတ်ဖို့ အမြင်ကျယ်ဖို့
အသိပညာရှိဖို့ ဗဟုသုတရှိဖို့လိုတယ်
ဘာလုပ်ရမလဲ ။

စာဖတ်ရမှာပေါ့
စာဖတ်တယ်ဆိုတာ
သူများအမှား
ကိုယ်ဆက်မမှားအောင်လုပ်တာ
သူများအတွေအကြုံ
ကိုယ့်အတွေအကြုံအဖြစ်
ရယူတာ..

စာဖတ်တဲ့နေရာမှာ
ဦးနှောက်ကို ခွန်အားဖြစ်စေမယ့်
စာမျိူး များများဖတ်ပါ ။

ဘဝကိုဦးနှောက်ကဦးဆောင်တာ
အသိပညာရစေမယ်စာတွေ
များများဖတ်စေချင်တယ်

ဆရာကြီးအားလေးစားလျက်....

Credit....


#လူငယ်တွေအောင်မြင်ဖို့

လှုပ်လှုပ်ရှားရှား ပုံရိပ်များTeam Activities & Practice
09/05/2024

လှုပ်လှုပ်ရှားရှား ပုံရိပ်များ
Team Activities & Practice

07/01/2024

စုံစမ်းရန်
ဆရာသန်းတိုးလှိုင် 09969300250
မာမီမိုး 0943044779
အန်တီခင်မ 09798277927

Address

Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959251775077

Website

Alerts

Be the first to know and let us send you an email when Beacon Healthcare Alliance Vocational Training Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Beacon Healthcare Alliance Vocational Training Centre:

Share