
15/11/2023
အာရုံကြောအားနည်းခြင်းကြောင့်
နောက်ဆက်တွဲခံစားရမည့်ဝေဒနာများ
**************************************
အာရုံကြောအားနည်းရောဂါသည်
အာရုံကြောများ
ပျက်စီးလာခြင်းကြောင့်ဖြစ်ပြီး
လူ့ခန္ဓာကိုယ်အစိတ်အပိုင်းများသို့
ဦးနှောက်နှင့် ပင်မအာရုံကြောမကြီးမှ
သတင်းအချက်အလက်များပေးပို့ခြင်း
အလုပ်ကိုလုပ်ပါတယ်
ပင်မအာရုံကြောမကြီးပျက်စီးလာလျှင်
အာရုံကြောအားနည်းခြင်း လက္ခဏာတွေ
ဖြစ်လာပြီးအာရုံကြောနှင့်ပက်သက်သော
ဝေဒနာများခံစားလာရပါတော့တယ်
အာရုံကြောအာနည်းခြင်းကြောင့်
နောက်ဆက်တွဲခံစားလာရသည့်
သောလက္ခဏာများမှာကို
အသေးစိတ်ဖေါ်ပြပေးရမည်ဆိုလျှင်
*မျက်စိညောင်းညာ မျက်ရိုးကိုက်ခဲတတ်ခြင်း
*မိုက်ခနဲ မူးဝေတတ်ခြင်း
*ချွေးထွက် မှန်ကန်မှုမရှိခြင်း
*ဆီး၊ ဝမ်း မမှန်တတ်ခြင်း
*ခြေနှင့်လက်များ၏
ရိုးတွင်းချဉ်ဆီ ကိုက်ခဲတတ်ခြင်း
*လှုပ်ရှားမှု နှေးကွေးလာတတ်ခြင်း
*စိတ်မကြည်လင်၊နုံးချိသလိုခံစားရခြင်း
*အကြောများ နာကျင်တတ်ခြင်း၊
အကြောညှပ်ခြင်း
*ခြေနှင့်လက်များ ခဏခဏ ထုံကျင်ခြင်း
*ယောင်္ကျားလေးများ၏
စွမ်းဆောင်ရည် ကျဆင်းခြင်းများ
ဖြစ်လာတတ်ပါတယ်
မိတ်ဆွေများအားအထူးသတိပေးလိုတာက
အာရုံကြောအာနည်းခြင်းရောဂါဟာ
မပေါ့ဆသင့်သောရောဂါတစ်ခုဖြစ်ပြီး
အာရုံကြောနာကျင်မှုဝေဒနာ
ခံစားနေရသူများသည်
မဖြစ်သောသူများနှင့် နှိုင်းယှဉ်ကြည့်ပါက
ပေါ့ပါးမှုမရှိဘဲ အသွားအလာ
အထိုင်အထလေးလံနှေးကွေးနေပါလိမ့်မယ်
အာရုံကြောအားနည်းရောဂါဝေဒနာ
သက်သာစေရန်အတွက်
ဆရာဝန် နှင့် တိုင်းရင်းဆေးပညာရှင် ညွှန်ကြားသောဆေးဝါး(သို့)ဓာတ်စာအပြင် သင့်လျှော်သော
စားသောက်နေထိုင်မှုများလည်း
ပြုလုပ်ကြရပါလိမ့်မယ်
အာရုံကြောအားနည်းခြင်းရောဂါ
သက်သာစေရန်အတွက်
*အချိန်မှန်စားခြင်း
*အချိန်မှန်မှန် အိပ်စက်အနားယူခြင်း
*အချိန်မှန် ဆေးသောက်ခြင်း
*စိတ်ဖိစီးမှုများလျော့နည်းအောင်
*တရားထိုင်ခြင်း
*သွေးအားကောင်းစေသော
အသား၊ငါး ၊အသီးအရွက်များစားပေးခြင်း
*အလုပ်များ အလွန်လုပ်ကိုင်ခြင်းများကို
လျော့ချခြင်းစသောအလေ့အကျင့်များကို
လုပ်ကိုင်ပေးပါက
ဝေဒနာများသက်သာစေနိုင်ပါတယ်ခင်ဗျာ