Japan Pharmacy

Japan Pharmacy လူသားတွေအတွက်အကျိုးရှိရမယ်လို့ ခံယူချက်ထားတဲ့ဆေးဆိုင်မှာဝယ်ပါ။
(1)

15/06/2025

လူဝင်မှုကြီးကြပ်ရေးအဖွဲ့၏ ဖြိုခွင်းမှု၊ ဖယ်ဒရယ်အစိုးရ၏အသုံးစရိတ်ဖြတ်တောက်မှုနှင့် ထရမ့်၏ ၇၉ နှစ်ပြည့်မွေးနေ့နှင့်တိုက်ဆိုင်နေသော စစ်ရေးပြချီတက်ပွဲတို့ကို ဆန့်ကျင်သည့်အနေဖြင့် ဆန္ဒပြသူများ သည် အမေရိကန်တဝန်းတွင် “No Kings” ဟူသော ကြွေးကြော်သံဆောင်ပုဒ်ဖြင့် ဆန္ဒပြပွဲပေါင်း ၂,၀၀၀ ခန့် ပြုလုပ်ရန် စီစဉ်ခဲ့ကြသည်။

လော့စ်အိန်ဂျလိစ်ရဲများက ဆန္ဒပြသူများကို ဖြိုခွင်းရန် မျက်ရည်ယိုဗုံးများနှင့် လူစုခွဲလက်နက်များကို အသုံးပြုခဲ့ကြသည်။⁩

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ထရမ့်ဆန့်ကျင်ရေး
#ညမထွက်ရအမိန့်
#လော့စ်အိန်ဂျလိစ်

#မဇ္ဈိမသတင်းဌာန
--------

15/06/2025

ယနေ့မြန်မာပြည်သူတွေ ဂုဏ်ယူဝမ်းမြောက်‌နေပါတယ်။ ကျွန်တာ်တို့ရဲ့ မြန်မာဖိုက်တာညီအကိုတွေဖြစ်တဲ့ သွေးလင်းထက်နဲ့ စောမင်းမင်းတို့ဟာ မနေ့ညက ONE Championship မှာ အံ့မခန်းဖျော်ဖြေမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ကျွန်တော် ဂုဏ်ယူလို့မဆုံးပါဘူး- 2 ခါအလဲထိုးရလဒ်ပါ။ သွေးလင်းထက်က သူ့ပြိုင်ဘက်ကို ပတ်တံတောင်ရိုက်ချက်ဖြင့် Fight of the Night ဘောနပ်စ်ရရှိခဲ့ပြီး စောမင်းမင်းကလည်း ၎င်း၏ပြိုင်ဘက်ကို လက်သီးဖြင့်ထိုးကာ အနိုင်ရရှိခဲ့ပါတယ်။ ဒါဟာ တကယ်ကို ဂုဏ်ယူစရာပါပဲ။

သူတို့ကမွေထိုင်းနည်းစနစ်နဲ့ယှဉ်ပြိုင်ကစားတာဖြစ်ပါတယ်၊ မြန်မာ့ရိုးရာလက်ဝှေ့နည်းစနစ်မဟုတ်ဘဲ ယှဉ်ပြိုင်တာဖြစ်လို့ ခေါင်းတိုက်မပါဘဲ လက်အိတ်အသေးစားတွေ ၀တ်ထားကြပါတယ်။ ONE Championship မှာ အရင်လို မြန်မာ့လက်ဝှေ့ပွဲတွေကို ကျင်းပစေချင်ပါတယ်။ ဒါပေမဲ့ ထိုင်းနည်းစနစ်နဲ့ ထိုင်းဖိုက်တာတွေကို အနိုင်ယူတာက ပိုလို့တောင် အထင်ကြီးစရာပါပဲ၊ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့ ခေါင်းကိုတောင် သုံးလို့ရတယ်။ သူတို့အတွက် အရမ်းဂုဏ်ယူပါတယ်၊ ကျွန်တော့်လို ဂုဏ်ယူတယ်ဆိုရင် comment မှာ ပြောပြပေးပါ။

15/06/2025
2025 Flu Vaccine ( 2°C - 8°C )  Cold Chain စိတ်ချရသော Myanmar registration number ပါသည့် ကိုရီးယား နိုင်ငံထုတ် ရာသီတုပ်က...
31/05/2025

2025 Flu Vaccine ( 2°C - 8°C ) Cold Chain စိတ်ချရသော Myanmar registration number ပါသည့် ကိုရီးယား နိုင်ငံထုတ် ရာသီတုပ်ကွေးကာကွယ်ဆေး Japan pharmacy မှာ ကြိုတင်စာရင်းပေး ဝယ်ယူနိုင်ပါပြီရှင့်။
ကျေးဇူးတင်ပါတယ်ရှင့်။

Japan Pharmacy
၃၁လမ်း၊ ၈၃လမ်းနှင့်၊ ၈၄လမ်းကြား၊
မန္တလေးမြို့။

ဖုန်း-၀၉ - ၇၉ ၃၃၃ ၅၅၃၈
၀၉ - ၇၉ ၃၅၃ ၅၅၃၈

🔷 ခွေးရူးပြန်ရောဂါအကြောင်းသိကောင်းစရာ•ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်တွင် ၁၅ မိနစ်လျှင် တစ်ဦးနှုန်း...
31/05/2025

🔷 ခွေးရူးပြန်ရောဂါအကြောင်းသိကောင်းစရာ

•ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်တွင် ၁၅ မိနစ်လျှင် တစ်ဦးနှုန်း ခွေးရူးပြန် ရောဂါဖြစ်ပွား၍ အသက်ဆုံးရှုံးလျက်ရှိပြီး တစ်နှစ်လျှင်လူဦးရေ ၅၅,၀၀၀ မှ ၇၀,၀၀၀ ခန့် ခွေးရူးပြန် ရောဂါဖြင့် သေဆုံးလျက်ရှိကာ အာရှနှင့် အာဖရိကနိုင်ငံတို့၏ ဆင်းရဲသောကျေးရွာများတွင်ထိခိုက်မှုပိုမိုဖြစ်ပွားနေကြောင်း မှတ်တမ်းများအရ လေ့လာသိရှိရပါတယ်။

🔷 ခွေးရူးပြန်ရောဂါ

ခွေးရူးပြန်ရောဂါဆိုသည်မှာ ခွေးရူးပြန်ရောဂါဖြစ်စေသော ဗိုင်းရပ်(စ်) ပိုးတစ်မျိုးကြောင့်ဖြစ်ပွားပြီး၊ ကူးစက်ဖြစ်ပွားလျှင် ရာနှုန်းပြည့်သေဆုံးနိုင်သောရောဂါဆိုး ဖြစ်ပါသည်။

🔷 ရောဂါလက္ခဏာများ

လူတွင် ခွေးရူးပြန်ရောဂါ ဖြစ်ပွားပါက ခွေး၊ ကြောင်စသည့် တိရစ္ဆာန်များ အကိုက်ခံရခြင်း၊ အကုတ်ခံရခြင်းရာဇဝင်နှင့် အောက်ပါရောဂါလက္ခဏာများကို တွေ့ရှိရနိုင်ပါသည်။
(၁) ရောဂါဖြစ်ပွားသည့်အနာမှ နာခြင်း၊ ယားခြင်း
(၂) လေကြောက်ခြင်း
(၃) ရေကြောက်ခြင်း
(၄) ရေနှင့်အစာမြိုရခက်ခဲခြင်း
(၅) သွားရည်တစီစီကျခြင်း
(၆) ဂနာမငြိမ်ဖြစ်ခြင်း
(၇) တက်ခြင်း
(၈) အသက်ဆုံးရှုံးခြင်း

🔷 ကူးစက်နိုင်သည့် နည်းလမ်းများ

•ခွေးရူးပြန်ရောဂါပိုးရှိသည့် ခွေး၊ ကြောင် စသည့် တိရစ္ဆာန်များ ကုတ်ခံရခြင်း၊ ကိုက်ခံရခြင်း
•ခွေးရူးပြန်ရောဂါရှိသည့် တိရစ္ဆာန်များ၏ သွားရည်နှင့် မိမိတွင်ရှိသည့် အနာ၊ ဒဏ်ရာများကို ထိမိခြင်း
•ခွေးရူးပြန်ရောဂါဖြင့် သေဆုံးသူထံမှ ရရှိသည့် မျက်ကြည်လွှာနှင့် အခြားခန္ဓာကိုယ်အစိတ်အပိုင်းများအား အစားထိုးကုသမှု ခံယူခြင်း

🔷 ခွေးရူးပြန်ရောဂါဖြစ်ပွားနေသည့် တိရစ္ဆာန်များသည်
ဒေါသအလွန်ကြီးပြီး ကိုက်တတ်ခြင်း တုတ်ချောင်း၊ အမှိုက်စ၊ စက္ကူတို့အား စားခြင်း အသံအက်ဖြင့် ဟောင်ခြင်း၊ အူခြင်း၊ သွားရည်တစီစီကျခြင်း၊ အမြီးကုတ်ခြင်း စသည့်လက္ခဏာများတွေ့ရနိုင်ပါသည်။
ခွေးရူးပြန်ရောဂါဖြစ်ပွားပါက ရာနှုန်းပြည့် သေးဆုံးနိုင်ပါသည်။

🔷 ကာကွယ်နိုင်မည့် နည်းလမ်းများ

-အိမ်မွေးခွေးနှင့် ကြောင်များအား တိရစ္ဆာန်ဆေးကုဆရာဝန်၏ ညွှန်ကြားချက်အတိုင်း ခွေးရူးပြန်ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပေးခြင်း။
-ခွေး၊ကြောင် တိရစ္ဆာန်များနှင့် အနီးကပ်ကိုင်တွယ်သူများအား ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးကြိုတင်ထိုးနှံပေးခြင်းနှင့် လိုအပ်ပါက ထပ်မံထိုးနှံပေးခြင်း။

🔷 ခွေးကိုက်ခံရပါက ခွေးရူးပြန်ရောဂါ မဖြစ်အောင်ကာကွယ်ပုံ

-ခွေးကိုက်ခံရပါက ဒဏ်ရာအား ရေဖြင့် အနည်းဆုံး(၁၅)မိနစ် ဆေးပါ။
-အနာအား အရက်ပြန် (သို့) ဘီတာဒင်းကဲ့သို့သော ပိုးသန့်စင်ဆေးရည်ထည့်ပါ။
-ဦးခေါင်း၊ လည်ပင်းနှင့် လက်ချောင်းထိပ်တို့တွင် အကိုက်ခံရပါက ပိုမိုဂရုစိုက်၍ အရေးပေါ် ချက်ချင်းကုသမှုခံယူရန် လိုအပ်ပါသည်။
-ခွေးရူးပြန်ရောဂါ မဖြစ်စေရန် တစ်ခုတည်းသော ကာကွယ်ရန်နည်းလမ်းမှာခွေးရူးပြန်ရောဂါကာကွယ်ဆေး အမြန်ဆုံးနှင့် အကြိမ်ပြည့်ထိုးနှံရန် ဖြစ်ပါသည်။
-သို့ဖြစ်ပါ၍ ခွေးကိုက်ခံရပါက နီးစပ်ရာဆေးရာဆေးရုံသို့ အမြန်ဆုံးသွားရောက်ကုသမှုခံယူရန် လိုအပ်ပါသည်။
-အချိန်မီ ကာကွယ်ဆေးထိုးခြင်းဖြင့် ခွေးရူးပြန်ရောဂါဖြစ်ပွားမှုအား ကာကွယ်နိုင်သည်။
-အချုပ်အားဖြင့်ဆိုသော် ခွေးရူးပြန် ရောဂါဖြစ်ပေါ် ခံစားရပါက ကုရာနတ္ထိဆေးမရှိပါ။
-ခွေးကိုက်ခံရပြီး ၁၀ နှစ်ကြာမှ ခွေးရူးပြန်ရောဂါပြန်ပေါ်နိုင်သည်ဟု ရန်ကုန်ကလေးဆေးရုံကြီးက သတိပေးထား ပါတယ်။
-ဒါကြောင့်ခွေးကိုက်ခံရပါက နီးစပ်ရာဆေးရုံ၊ဆေးခန်းသို့သွား၍ခွေးရူးပြန်ကာကွယ်ဆေးထိုးနှံထားသင့်ပါသည်။

🔷 ခွေးကိုက်ခံရပြီး ဘယ်လောက်ကြာလျှင် ဆေးထိုးရမလဲ။

-ခွေးကိုက်ခံရပြီး စောနိုင်သမျှစောစော ထိုးပါက အကောင်းဆုံးပါ။
-စောစောထိုးဖို့ အကြောင်းမညီညွတ်ခဲ့ရင် ထိုးခွင့်ရတဲ့အချိန် ထိုးပါ။
-ရောဂါက အစောဆုံး ၃ ရက် မှ ၁၀ နှစ်အတွင်း ဖြစ်နိုင်တာကြောင့်ပါ။
-ခွေးကိုက်ခံထားရရင် ဘယ်လောက်ပဲကြာကြာ ရောဂါလက္ခဏာ မပေါ်မခြင်း ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ပါတယ်။

Ref : ကျန်းမာရေးဆိုင်ရာစံပြုအချက်အလက်များ

*** ဆေးမှာယူရန် **
📩Japan Pharmacy
☎09 - 79 333 55 38 ( Viber )
☎09 - 78 353 55 38 ( Viber )
☎09 - 940 40 88 28
☎09 - 940 40 88 38
🏥လိပ်စာ - 31လမ်း၊ 83လမ်းနှင့်84လမ်းကြား၊ မန္တလေးမြို့။

22/05/2025

လိုအပ်တဲ့ ဆေးများ မှာယူရ အခက်အခဲမရှိရအောင် ကူညီပေးမဲ့ GPP Pharmacy

ရန်ကုန်မြို့တွင်း ဆေးမှာချင်တာလား .. ?
နယ်မြို့တွေကနေ ဆေးမှာချင်တာလား … ?
ရပ်နီး ရပ်ဝေး ဘယ်က ပဲ မှာမှာ လိုအပ်တဲ့ ဆေးဝါးများမရလိုက်မရှိရအောင် ကျွန်တော်တို့ GPP Pharmacy မှ ဝန်ဆောင်မှုပေးနေပါပြီခင်ဗျာ။

GPP Pharmacy မှာ ဘာလို့ ဆေးဝယ်ယူသင့်တာလဲ
မိတ်ဆွေတွေ ခံစားရတဲ့ ရောဂါဝေဒနာများ သက်သာစေဖို့ လိုအပ်တဲ့ ဆေးများကို အချိန်တိုအတွင်းရရှိနိုင်အောင် ရှာဖွေစုံစမ်းပေးခြင်း။
ဆေးများကို ထိန်းသိမ်းထားရှိသင့်တဲ့ စံချိန်စံညွှန်းအတိုင်း စနစ်တကျ ထားရှိခြင်း။
Cold Chaing ဆေးများအတွက် လိုအပ်တဲ့ အအေးဓာတ်ရရှိအောင် Solar System ဖြင့် စနစ်တကျထားရှိထားခြင်း။
ဆေးအာနိသင်နှင့်ပတ်သက်၍ စိတ်ချရခြင်း။
GPP Pharmacy တွင် ဆေးနှင့်ပတ်သက်သည်များ၊ ရောဂါအခြေအနေနဲ့ ပတ်သက်သည်များကို တိုင်ပင်ဆွေးနွေးနိုင်ရန် သေချာရှင်းပြပေးမည့် ဆရာဝန်ထားရှိထားခြင်း။
ကောင်းမွန်ချိုသာစွာ ဝန်ဆောင်မှု အမြဲပေးမည့် အရောင်းဝန်ထမ်းများရှိခြင်း။
ရပ်ဝေးဆေးအမှာများကိုလည်း စနစ်တကျ ထုပ်ပိုး ပို့ဆောင်ပေးခြင်း။

ကဲ ဒီအချက်တွေကြောင့် ဆေးဝယ်မယ်ဆို စိတ်ချရတဲ့ ကျွန်တော်တို့ GPP Pharmcy ကို ပဲ ရွေးချယ်လိုက်ပါခင်ဗျာ။

*** ဆေးမှာယူရန် **
📩GPP Pharmacy Page Messenger (သို့)
☎09 - 888 0808 11
☎09 - 888 0808 33
☎09 - 888 0808 66
☎09 - 888 0808 77
🏥လိပ်စာ - အမှတ်( ၇၄ )၊ ဇင်္ဂမလမ်းမကြီး၊ အနော်မာလမ်းနှင့် ထူပါရုံလမ်းကြား၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့။


ေးဆိုင်ကောင်း

11/02/2025

အရွယ်မရောက်သေးတဲ့ ကျောင်းသား ၁၇ ယောက်ကို အဓမ္မပြုကျင့်ခဲ့တဲ့ ကျောင်းအုပ်ကြီးကို ရဲတွေက ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်က စစ်ဆေးတဲ့အခါမှာ ကလေးငယ်စုစုပေါင်း ၄၈ ယောက်ကို အဓမ္မပြုကျင့်ခဲ့တယ်လို့ ဝန်ခံထွက်ဆိုခဲ့ပါတယ်။

“သတင်းကပြန့်သွားပြီး ကျောင်းကို စစ်ဆေးရေးတွေ ဝင်မှ ကလေးတွေ အမူအရာပျက်နေတာ ငိုနေတာတွေ တွေ့လို့ ရဲဘက်က ထပ်စစ်ဆေးတာ၊ သူ r**e လုပ်ခဲ့တာ ၄၈ ယောက်လို့ ထွက်ချက်ပေးတယ်၊ ဇန်နဝါရီ ၂၃ ရက်နေ့က ၁၇ ယောက်၊ ၂၄ ရက်နေ့မှာ ၃၁ ယောက်။”
အပြည့်အစုံ ကွန်မန့်တွင် ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
#သက်ငယ်မုဒိမ်းမှု #အဓမ္မပြုကျင့်မှု #ကျောင်းအုပ်ဆရာကြီး #ပဲခူးမြို့ #မုက္ကလကျေးရွာ

21/01/2025
14/01/2025

ကူးစက်မြန်Norovirus ရောဂါပိုးအကြောင်းသိကောင်းစရာ ..❗️

လတ်တလောကာလမှာ Norovirus ဖြစ်ပွားမှု မြင့်တက်လာပြီး အရှေ့တောင်အာရှမှာပါ ဖြစ်လာတာကိုတွေ့ရပါတယ်။အသက်အရွယ်မရွေးဖြစ်နိုင်ပေမယ့် အသက် ၆၅နှစ်အထက်လူကြီးတွေမှာ ပိုအဖြစ်များတာတွေ့ရပါတယ်။အန်တာနှင့် ဝမ်းလျှောတာအဓိကဖြစ်တတ်ပြီး
ကူးစက်လွယ်သော ပိုးတမျိုးဖြစ်ပါတယ်။

နိုဝင်ဘာလကနေ ဧပြီလအထိ ကာလတွေမှာ ပိုအဖြစ်များတတ်ပါတယ်။ ရောဂါပိုးရှိသူနှင့် တိုက်ရိုက်ထိတွေ့၍သော်လည်းကောင်း၊ စားသောက်ဆိုင်၊ ပါတီ နှင့် အခြားပွဲများတွင် အစားအစာနှင့် ပန်းကန်ခွက်ယောက် များမျှဝေသုံးစွဲမိ၍သော်လည်းကောင်း ကူးစက်နိုင်ပါတယ်။

📌 Norovirus ရောဂါလက္ခဏာများ

▪️အဖြစ်များဆုံးလက္ခဏာမှာ ဝမ်းလျှောတာနဲ့ အန်တာဖြစ်ပြီး ရောဂါပိုးဝင်ပြီး ၁၂နာရီမှ ၄၈နာရီအတွင်း လက္ခဏာပြတတ်ပါတယ်။

▪️ပျို့တာ၊ ဗိုက်နာတာ၊ ဖျားတာ၊ ခေါင်းကိုက်တာနဲ့ ကိုယ်လက်ကိုက်ခဲတာတွေလည်းဖြစ်နိုင်ပါတယ်။

▪️တနေ့တည်းမှာ အကြိမ်ကြိမ်ဝမ်းလျှောတာ၊ အန်တာမျိုးဖြစ်တတ်ပြီး ကလေးငယ်တွေ၊ အသက်ကြီးပိုင်းတွေနဲ့ ရောဂါအခံရှိတဲ့သူတွေမှာ ရေဓာတ်ခမ်းခြောက်တဲ့အထိ ဖြစ်နိုင်ပါတယ်။

▪️ရေဓာတ်ခမ်းခြောက်တဲ့လက္ခဏာတွေကတော့ ဆီးသွားနည်းတာ၊ အာခြောက်ပြီးရေဆာတာ၊ မူးတာ၊ မှိန်းတာ၊ သတိမမှန်တာတို့ဖြစ်ပါတယ်။

▪️အသက်အရွယ်မရွေး ရောဂါပိုးဝင်နိုင်ပါတယ်။

▪️ခရု၊ကမာတွေကို အစိမ်းစားတာမျိုးကလည်း ရောဂါဖြစ်စေတတ်ပြီး ပြင်းထန်တတ်ပါတယ်။

▪️ကလေးငယ်တွေ၊ အသက်ကြီးပိုင်းတွေနဲ့ ရောဂါအခံရှိတဲ့သူတွေမှာ ပိုပြင်းထန်တတ်ပါတယ်။

📌Norovirus ဘယ်လိုကူးစက်ပျံ့နှံ့နိုင်သလဲ?

Norovirus ဟာ အလွန်လွယ်ကူလျှင်မြန်စွာ ကူးစက်ပျံ့နှံ့နိုင်တဲ့ပိုးဖြစ်ပါတယ်။ ရောဂါပိုးရှိသူနှင့် ခဏတာလေးထိတွေ့မိရုံနှင့် ကူးစက်နိုင်တာဖြစ်ပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ဆေးရုံ၊ဆေးခန်းတွေ၊ စားသောက်ဆိုင်တွေ၊ကျောင်းတွေနဲ့ ကလေးစောင့်ရှောက်မှုဂေဟာတွေမှာ အုပ်စုလိုက်ကူးစက်ဖြစ်ပွားတာမျိုး ဖြစ်တတ်ပါတယ်။

📌 ကူးစက်နိုင်တဲ့ပုံစံတွေကတော့

▪️ရောဂါပိုးရှိသူနဲ့ တိုက်ရိုက်ထိတွေ့တာ
▪️ဗိုင်းရပ်စ်ရှိနေတဲ့ ပစ္စည်းများကို ထိတွေ့ကိုင်တွယ်တာ
▪️ဗိုင်းရပ်စ်ရှိနေတဲ့ အစားအသောက်များကို စားသောက်မိတာ
▪️ရောဂါပိုးရှိသူအသုံးပြုထားတဲ့ ပန်းကန်ခွက်ယောက်များကို အသုံးပြုမိတာတွေ ဖြစ်ပါတယ်။

📌 Norovirus ကူးစက်တာကနေ ကာကွယ်ဖို့အတွက် နည်းလမ်းတွေကတော့

▪️လက်ကို ရေနှင့် ဆပ်ပြာဖြင့်သေချာဆေးကြောတာ၊
▪️ပင်လယ်စာများကို သေချာဆေးကြောတာ၊
▪️ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေကိုသေချာဆေးကြောတာ၊
▪️တယောက်ယောက်အန်ထားပြီး သို့မဟုတ် ဝမ်းလျှောပြီးတဲ့နေရာတွေကို ပိုးသတ်ဆေးနဲ့ သေချာဆေးကြောသန့်ရှင်းတာနဲ့
▪️အဝတ်များကိုရေနွေးပူပူနဲ့ပြုတ်လျှော်တာ
▪️ရောဂါလက္ခဏာပျောက်ပြီး ၂ရက်ကြာသည့်တိုင်အောင် အိမ်မှာနေတာ တို့ပဲဖြစ်ပါတယ်။

📌 Norovirus ပိုးဝင်ရင် ပျောက်ဖို့ဘယ်လောက်ကြာနိုင်လဲ?

▪️လူအများစုကတော့ ရောဂါလက္ခဏာစပြပြီး ၁ရက်ကနေ ၃ရက်အတွင်း သက်သာပျောက်ကင်းတတ်ပါတယ်။
▪️ရောဂါလက္ခဏာသက်သာပြီး ၂ပတ်ကြာတဲ့အထိ အခြားသူများကို ကူးစက်နိုင်တဲ့ အန္တရာယ်ရှိပါတယ်။
▪️အသက် ၅နှစ်အောက်ကလေးတွေ၊ အသက်အရွယ်ကြီးသူတွေနဲ့ ကိုယ်ခံအားမကောင်းတဲ့သူတွေမှာတော့ ပိုပြင်းထန်တတ်ပါတယ်။

📌 Norovirus ကုသမှု

▪️Norovirus ကို ကုသပျောက်ကင်းစေနိုင်သောဆေးရယ်လို့ တိတိပပမရှိပါ။ ဗိုင်းရပ်စ်ဖြစ်တဲ့အတွက်ကြောင့် Antibiotics ပဋိဇီဝပိုးသတ်ဆေးများဖြင့် မကုသနိုင်ပါ။
▪️ရေဓာတ်ခမ်းခြောက်တဲ့ လက္ခဏာများကို စောင့်ကြည့်ပါ။
▪️ဝမ်းလျှောပြီး အန်တာကြောင့်ဖြစ်တဲ့ ရေဓာတ်ဆုံးရှုံးတာကို ကာကွယ်ကုသဖို့အတွက် ရေ၊ အရည်များများသောက်ပါ။
▪️ဓာတ်ဆားရည် အဓိက သောက်ပါ။
▪️Caffeine ဓာတ်မပါသော၊ အရက်မဟုတ်သောအခြားအရည်များကိုသောက်သုံးနိုင်ပါတယ်။

**ရေဓာတ်ဆုံးရှုံးမှုပြင်းထန်လျှင် ဆေးရုံဆေးခန်းပြပါ။**

Reference:
https://www.cdc.gov/norovirus/index.html
https://www.nbcchicago.com/news/local/norovirus-symptoms-what-to-know-as-very-contagious-virus-spreads-around-holidays/3626552/

*** ဆေးမှာယူရန် **
📩GPP Pharmacy Page Messenger (သို့)
☎09 - 888 0808 11
☎09 - 888 0808 33
☎09 - 888 0808 66
☎09 - 888 0808 77
🏥လိပ်စာ - အမှတ်( ၇၄ )၊ ဇင်္ဂမလမ်းမကြီး၊ အနော်မာလမ်းနှင့် ထူပါရုံလမ်းကြား၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့။

ေးဆိုင်ကောင်း

HEART & SOUL Co., Ltd.No (47/1), First Floor, ISO Pharmacy, 27 St, Bet: 72 & 73 St, Chan Aye Thar San Tsp, MDY, Myanmar....
12/11/2024

HEART & SOUL Co., Ltd.
No (47/1), First Floor, ISO Pharmacy, 27 St, Bet: 72 & 73 St, Chan Aye Thar San Tsp, MDY, Myanmar.
Tel: 09-788150150, 789150150, 796988838.

စံချိန်စံညွှန်းနဲ့ သိုလှောင်ထားပြီး အရည်အသွေးကောင်းသောဆေးများကို ဝယ်သူစိတ်တိုင်းကျ ရောင်းချပေးနေသော Japan နှင့် ISO Pharmacy တွင် အောက်ဖော်ပြပါ ဝန်ထမ်းများအလိုရှိပါသည်။

– Female ( 2 ) Posts
Location - Mandalay
Employment Type - Full Time
Job Level - Mid-Level
Minimum Qualification - High School
Job Summary
၁။လုပ်ငန်းအတွေ့အကြုံ ရှိသူဦးစားပေးမည်။
၂။အုပ်ချုပ်မှုအဖွဲ့မှ အခါအားလျော်စွာ ပေးအပ်လာ သော တာဝန်များအား ထမ်းဆောင်နိုင်ရမည်။
၃။အဖွဲ့အစည်းနှင့် ရေရှည်လက်တွဲ လုပ်ကိုင်နိုင်ရမည်။
Job Description
၁။လုပ်ငန်းအတွေ့အကြုံ ရှိသူဦးစားပေးမည်။
၂။ ပညာအရည်အချင်း (၁၀) တန်းအောင်ရမည်။
၃။ Computer အခြေခံများကိုပိုင်နိုင်စွာ အသုံးပြုနိုင်ရမည်။
၄။ Customer service ကောင်းမွန်ရမည်။
၅။ အရောင်း Sales target ကိုစိတ်ဝင်စားရမည်။
၆။ အသင်းအဖွဲ့နှင့် လုပ်ဆောင်နိုင်ပြီး သွက်သွက်လက်လက်ရှိရမည်။
၇။ အဖွဲ့အစည်းနှင့် ရေရှည်လက်တွဲလုပ်ကိုင်နိုင်ရမည်။
၈။ ရုပ်ရည်သန့်ပြန်ပြေပြစ်ရမည်။
၉။အမှန်တကယ်အလုပ်ကိုစိတ်ပါဝင်စားသူဖြစ်ရမည်။

Staff – Female ( 2 ) Posts
Location - Mandalay
Employment Type - Full Time
Job Level - Mid-Level
Minimum Qualification - High School
Job Summary

၁။လုပ်ငန်းအတွေ့အကြုံ ရှိသူဦးစားပေးမည်။

၂။အုပ်ချုပ်မှုအဖွဲ့မှ အခါအားလျော်စွာ ပေးအပ်လာ သော တာဝန်များအား ထမ်းဆောင်နိုင်ရမည်။

၃။အဖွဲ့အစည်းနှင့် ရေရှည်လက်တွဲ လုပ်ကိုင်နိုင်ရမည်။
Job Description

၁။လုပ်ငန်းအတွေ့အကြုံ ရှိသူဦးစားပေးမည်။

၂။ ပညာအရည်အချင်း (၁၀) တန်းအောင်ရမည်။
၃။ Computer အခြေခံများကိုပိုင်နိုင်စွာ အသုံးပြုနိုင်ရမည်။
၄။ Customer service ကောင်းမွန်ရမည်။
၅။ အရောင်း Sales target ကိုစိတ်ဝင်စားရမည်။
၆။ အသင်းအဖွဲ့နှင့် လုပ်ဆောင်နိုင်ပြီး သွက်သွက်လက်လက်ရှိရမည်။
၇။ အဖွဲ့အစည်းနှင့် ရေရှည်လက်တွဲလုပ်ကိုင်နိုင်ရမည်။
၈။ ရုပ်ရည်သန့်ပြန်ပြေပြစ်ရမည်။
၉။အမှန်တကယ်အလုပ်ကိုစိတ်ပါဝင်စားသူဖြစ်ရမည်။

– Female ( 1 ) Post
Location - Mandalay
Employment Type - Full Time
Job Level - Senior Level
Minimum Qualification - Bachelor
Job Summary

၁။လုပ်ငန်းအတွေ့အကြုံ ရှိသူဦးစားပေးမည်။

၂။အုပ်ချုပ်မှုအဖွဲ့မှ အခါအားလျော်စွာ ပေးအပ်လာ သော တာဝန်များအား ထမ်းဆောင်နိုင်ရမည်။
၃။အဖွဲ့အစည်းနှင့် ရေရှည်လက်တွဲ လုပ်ကိုင်နိုင်ရမည်။
Job Descriotion

၁။လုပ်ငန်းအတွေ့အကြုံ ရှိသူဦးစားပေးမည်။

၂။ Computer အခြေခံများကိုပိုင်နိုင်စွာ အသုံးပြုနိုင်ရမည်။

၃။ Microsoft office ပိုင်နိုင်စွာအသုံးပြုနိုင်ရမည်။

၄။ English စာ အရေးအသား၊ အပြောအဆို အတော်အသင့် တတ်မြောက်ရမည်။

၅။ ဆက်ဆံရေးပြေပြစ်ပြီး အသင်းအဖွဲ့နှင့် လုပ်ဆောင်နိုင်ရမည်။

၆။ အဖွဲ့အစည်းနှင့်ရေရှည်လက်တွဲလုပ်ကိုင်နိုင်ရမည်။
သင်ယူလိုစိတ်ရှိ၍ ရုံးစည်းကမ်း လိုက်နာပြီး လိုအပ်သည့် အစီရင်ခံစာများ ပြုလုပ်နိုင်သူဖြစ်ရမည်။ အလုပ်နှင့်ပတ်သက်ပြီး လိုအပ်သည်များကို သင်ကြားပေးမည်။

၇။အမှန်တကယ်အလုပ်ကို စိတ်ပါဝင်စားသူဖြစ်ရမည်။

ဆက်သွယ်ရန် -
📬📬 HR Department -ISO Pharmacy
အမှတ် ( ၄၇ / ၁ )၊ ပထမထပ်၊ ၂၇ လမ်း၊ ၇၂ လမ်းနှင့် ၇၃ လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
📲📲 ဖုန်း ( ဝ၉ ) ၇၉၆၉၈၈၈၃၈။

Neo-Muneပြန်ရောက်ပါပြီရှင့်။Japan Pharmacy  ၃၁လမ်း၊ ၈၃လမ်းနှင့်၊ ၈၄လမ်းကြား၊မန္တလေးမြို့။ဖုန်း-၀၉-၇၉၃၅၃၅၅၃၈       ၀၉-၇၉၃...
23/10/2024

Neo-Mune

ပြန်ရောက်ပါပြီရှင့်။

Japan Pharmacy

၃၁လမ်း၊ ၈၃လမ်းနှင့်၊ ၈၄လမ်းကြား၊

မန္တလေးမြို့။

ဖုန်း-၀၉-၇၉၃၅၃၅၅၃၈

၀၉-၇၉၃၃၃၅၅၃၈

၀၂-၄၀၃၅၅၃၈

၀၂-၄၀၆၁၅၁၅

👉နေ့စဉ် ဈေးနှုန်းအပြောင်းအလဲနှင့် ပစ္စည်းရှိခြင်း/မရှိခြင်းတို့ ဖြစ်တတ်သဖြင့် သိလိုသည်များကို Page Messager ( သို့မဟုတ် ) အထက်ပါဖုန်းနံပါတ်များသို့ မေးမြန်းနိုင်ပါတယ်ရှင့်။👈

“သီတင်းကျွတ် မင်္ဂလာ အခါသမယ မှာ ‌‌ဖိုးဖိုးဖွားဖွား ဖေဖေမေမေတို့ကို Nutri-Meal နဲ့ ဂါရဝပြုကြရအောင်"ဂျာမဏီနိုင်ငံ နည်းပညာဖ...
16/10/2024

“သီတင်းကျွတ် မင်္ဂလာ အခါသမယ မှာ ‌‌ဖိုးဖိုးဖွားဖွား ဖေဖေမေမေတို့ကို

Nutri-Meal နဲ့ ဂါရဝပြုကြရအောင်"

ဂျာမဏီနိုင်ငံ နည်းပညာဖြင့် ထုတ်လုပ်ထားသည့် Nutri-Meal သဘာဝဖြည့်စွက်စာလေးနဲ့အတူ ချစ်ခြင်းမေတ္တာကို ထုတ်ဖော်ပြသနိုင်ပါပြီ

သဘာဝ ဆန်ဂျုံပြောင်းများနဲ့ သက်စောင့်ဓါတ်များကို
အချိုးကျကျစီမံထုတ်လုပ်ထားတဲ့ Nutri-Meal သဘာဝဖြည့်စွက်စာလေးနဲ့ဆို ကျန်းမာဖို့ စိတ်ပူစရာမလိုတော့ဘူးပေါ့ ….Credit

Address

Myaing
<<NOT-APPLICABLE>>

Opening Hours

Monday 08:30 - 19:00
Tuesday 08:30 - 19:00
Wednesday 08:30 - 19:00
Thursday 08:30 - 19:00
Friday 08:30 - 19:00
Saturday 08:30 - 19:00
Sunday 08:30 - 19:00

Telephone

09 - 793535538.

Alerts

Be the first to know and let us send you an email when Japan Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Japan Pharmacy:

Share