Light Physiotherapy Clinic

Light Physiotherapy Clinic မိတ်ဆွေတို့၏ အကြောအဆစ်ဆိုင်ရာပြဿနာများကို သက်သာပျောက်ကင်းအောင် ကူညီပါရစေ ။

အခု နောက်ပိုင်းမှာ လူနာတွေတွက် ကုသတဲ့ စက်တစ်မျိုး အကြောင်းကို ပြောပြချင်ပါတယ်။ Traction စက်ဆွဲကုသခြင်းပဲ ဖြစ်ပါတယ်။ Cerv...
01/07/2025

အခု နောက်ပိုင်းမှာ လူနာတွေတွက် ကုသတဲ့ စက်တစ်မျိုး အကြောင်းကို ပြောပြချင်ပါတယ်။ Traction စက်ဆွဲကုသခြင်းပဲ ဖြစ်ပါတယ်။ Cervical Traction လို့ခေါ်တဲ့ လည်ပင်းစက်ဆွဲကုသခြင်း၊ Lumbar Traction လို့ခေါ်တဲ့ ခါးစက်ဆွဲ ကုသခြင်းဆိုပြီး ( ၂) မျိုးရှိပါတယ်။

Traction စက်ကို ဘယ်ရောဂါတွေမှာ အသုံးပြုလဲ ?
- ခါးအာရုံကြောပိခြင်း
- ခါးနာပေါင်တန်းနာကျင်ဖြစ်ခြင်း
- ခါးရိုးဆစ်ကျွံခြင်း
- ခါးကျီးပေါင်းဖြစ်ခြင်း
- လည်ပင်းရိုးဆစ်ကျွံခြင်း
- လည်ပင်းကျီးပေါင်း၊ ဂုတ်ကျီးပေါင်းဖြစ်ခြင်း
- လည်ပင်းအာရုံကြောပိခြင်း

Traction စက်ဆွဲရာတွင် လူနာ၏ ဖြစ်တဲ့အခြေအနေ၊ ကိုယ်အလေးချိန် ပမာဏစသည်တို့ကို သေချာတွက်ချက်ကာ ဆွဲရန်လိုအပ်ပါသည်။ မိမိကိုယ်တိုင် အိမ်မှာ မဆွဲသင့်ပါ။ Traction စက်ဆွဲ၍ မကုသသင့်သော အခြေအနေများမှာ
- အရိုးပွခြင်း
- အရိုးကင်းဆာ
- အရိုးဆစ်ကျိုးခြင်း
- အကျိတ်အခဲရှိခြင်း
- သွေးလေးဖက်နာ
- သွေးပေါင်းချိန်တိုးနေခြင်း
- သွေးကြောရောဂါ စသည်တို့ ဖြစ်သည်။

ထို့ကြောင့် မိမိမှာ ခါးနာခြင်း၊ ခါးကျီးပေါင်းဖြစ်ခြင်း၊ ခါးအာရုံကြောညက်ခြင်း ၊ ဂုတ်အာရုံကြောညက်ခြင်း စသည့်ရော ဂါများဖြစ်လျင် အရိုး အကြောအဆစ် အထူးကုဆရာဝန်ကြီးများနှင့် ပြသကာ ဆေးဝါးကုသမှု့များနှင့် လည်းကောင်း၊ Physiotherapist အကြောအဆစ်ကု ပညာရှင်များနှင့်ပြသကာ Traction စက်ဆွဲ ကုသမှု့များ၊ စနစ်တကျ အိမ်တွင်ပြုလုပ်ရမည့် လေ့ကျင့်ခန်း ကုသမှု့များနှင့်လည်းကောင်း သက်သာပျောက်ကင်းနိုင်ပါသည်။

မိမိတို့၏ အရိုး၊ အကြောအဆစ်ဆိုင်ရာ ရောဂါများအကြောင်း တိုင်ပင်ဆွေးနွေးမေးမြန်းလိုပါက 09444484313 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

အလင်းရောင် အရိုး၊အကြောအဆစ်အထူးကုဆေးခန်း
#09402991190

#နွေးထွေးမှု့ဂုဏ်ဆောင်အလင်းရောင်

Danger of Deep Vein Thrombosisသွေးခဲခြင်းနှင့် သွေးကြောပိတ်ခြင်းအန္တရာယ်ခွဲစိတ်ပြီးစ လူနာများ အိပ်ယာထဲ ကြာရှည်စွာ လဲလျော...
04/05/2025

Danger of Deep Vein Thrombosis
သွေးခဲခြင်းနှင့် သွေးကြောပိတ်ခြင်းအန္တရာယ်

ခွဲစိတ်ပြီးစ လူနာများ အိပ်ယာထဲ ကြာရှည်စွာ လဲလျောင်းနေရသော လူနာများအတွက် သွေးခဲခြင်းနှင့် သွေးကြောပိတ်ခြင်းဟာ အန္တရာယ်များသော အထူးဂရုစိုက်ရမည့် အခြေအနေတစ်ရပ် ဖစ်ပါတယ်။

DVT ဆိုတာ Deep Vein လို့ခေါ်တဲ့ သွေးပြန်ကြောအတွင်းမှာ Blood Clot သွေးခဲ ပိတ်တဲ့ အခြေအနေတစ်ရပ်ပဲ ဖြစ်ပါတယ်။
သွေးခဲပိတ်ခြင်းဟာ ခြေထောက်ပိုင်းတွင်း အများဆုံးဖြစ်ပေါ်လေ့ရှိပြီး ပေါင်နှင့် ခြေသလုံးပိုင်းတွင် နာကျင်ရောင်ရမ်းမှုကို ခံစားရလေ့ရှိသည်။

ဘယ်လိုလူတွေမှာ အဖြစ်များလဲ ဆိုရင်

> ခန္ဓာကိုယ် လှုပ်ရှားမှု ၊ လက် ခြေထောက်ပိုင်းဆိုင်ရာ လှုပ်ရှားမှု အားနည်းသူများ ။
> ခွဲစိတ်ပြီး လူနာများ
> အိပ်ယာထဲ ကြာရှည်စွာ လဲလျောင်းနေရသော လူနာများ ။

သွေးခဲပိတ်လာပါက ဘယ်လိုလက္ခဏာတွေရှိလဲ ?

> ခြေထောက်ပိုင်း ပူနေခြင်း။
> ခြေထောက် ခြေသလုံး နီလာခြင်း ယောင်လာခြင်း ၊ နာလာခြင်း
> ခြေထောင်နှစ်ဖက် အသားရောင် မညီခြင်း။
> အသက်ရှူမဝခြင်း။
> ရင်ဘက်နာကျင်ခြင်း။
> မူးဝေခြင်း။
> နှလုံးခုန်မြန်ခြင်း။
> အသက်ရှူမြန်ခြင်း။

ပြုတ်ထွက်လာသော သွေးခဲမှ အဆုပ်ဆီသို့ သွားပိတ်တဲ့ အခြေအနေတစ်ရပ်ကို Pulmonary Embolism ဟုခေါ်ပါသည်။
ဒီအခြေအနေ ဖြစ်ပေါ်လာပါက အဆုပ်ဆီသို့ သွားသော သွေးလည်ပက်မှု ရပ်တန့်သွားပြီး အသက်အန္တရာယ်ကို ထိခိုက်စေသည် အထိ ဖစ်ပေါ်နိုင်ပါတယ်။

သွေးခဲပိတ်ခြင်းကို ဘယ်လို ကာကွယ်ကြမလဲ ?

ခွဲစိတ်ခန်းက ထွက်လာသော လူနာများ ၊ အိပ်ယာထဲ ကြာရှည်စွာ လဲလျောင်းနေရသော လူနာများအနေဖြင့် လှုပ်ရှားမှု ပြုလုပ်ပေးခြင်း ဖြင့် သွေးခဲပိတ်ခြင်းကို ကာကွယ်နိုင်ပါတယ်။

ဘယ်လို လှုပ်ရှားမှု ပြုလုပ်ပေးရမလဲ ?

>ခြေကျင်းဝတ်ကော့ခြင်း ၊ ကုပ်ချခြင်း ၁၀ ကြိမ်
> ခြေကျင်းဝတ်လှည့်ခြင်း ၁၀ ကြိမ်
> ဒူးအကွေးအဆန့်လုပ်ခြင်း ၁၀ ကြိမ်
> ခြေထောက်မြှောက်ခြင်း ၁၀ ကြိမ်
> လက်ချောင်းလေးများ ကွေးလိုက် ဆန့်လိုက် လုပ်ပေးခြင်း ဆယ်ကြိမ်
> တံတောင်ဆစ် အကွေး အဆန့်လုပ်ပေးခြင်း ၁၀ ကြိမ်
> လက်မြှောက်ခြင်း ၁၀ ကြိမ်

တစ်ခြားသော လေ့ကျင့်လှုပ်ရှားမှုများကို လူနာ​၏ လိုအပ်ချက်ပေါ်မူတည်ကာ သက်ဆိုင်ရာ ဆရာဝန်ထံမှလည်းကောင်း Physiotherapist အကြောအဆစ်ကုပညာရှင်​၏ အကြံဉာဏ် ယူကာ ပြုလုပ်သင့်သည်။

အထက်ပါ လေ့ကျင့်လှုပ်ရှားမှုများသည် သွေးခဲပိတ်ခြင်းကို ကာကွယ်ရန်အတွက်သာ ဖြစ်သည်။
မိမိမှာ သွေးခဲပိတ်သော လက္ခဏာများ ခံစားနေရပါက မပြုလုပ်သင့်ပါ။ သက်ဆိုင်ရာ ဆရာဝန်ထံ သေချာပြသပြီးမှ စနစ်တကျ ကုသမှု ခံယူသင့်ပါသည်။





Reference -Deep vein thrombosis (DVT) - Symptoms & causes - Mayo Clinic
https://my.clevelandclinic.org/health/diseases/16911-deep-vein-thrombosis-dvt

Tennis Elbow တံတောင်ဆစ် အရွတ်ရောင်ခြင်းWhat is Tennis Elbow?     Tennis Elbow ဆိုသည်မှာ  တံတောင်ဆစ် အရွတ် ရောင်၍ ဖြစ်ပေါ...
21/02/2025

Tennis Elbow
တံတောင်ဆစ် အရွတ်ရောင်ခြင်း

What is Tennis Elbow?
Tennis Elbow ဆိုသည်မှာ တံတောင်ဆစ် အရွတ် ရောင်၍ ဖြစ်ပေါ်လာသော တံတောင်ဆစ် ကြွက်သားများတဝိုက် နာကျင်မှုဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။ ဆေးပညာ အခေါ်အရ Lateral Epicondylitis လို့လဲ ခေါ်ပါတယ်။

ဘယ်လို လက္ခဏာတေ ရှိလဲ ?
တံတောင်ဆစ်နားတစ်ဝိုက် တင်း၍ နာကျင်ခြင်း ၊ လက်မောင်းတလျှောက် နာကျင်ခြင်း တို့ဖြစ်ပေါ်ပါတယ်။ တံတောင်ဆစ် အကွေး အဆန့် မှာနာကျင်ခြင်း ၊ လက်ကောက်ဝတ်ကို ကော့လိုက်ချိန် ၊ ဘောလ်ပင်ကို အားပြုဆုပ်ကိုင်ချိန် ၊ တံခါးကို လှည့်၍ ဖွင့်ချိန်တို့တွင်သိသိသာသာ နာကျင်ခြင်း ၊ ရုပ်တရက် လက်ကိုဆန့်ထုတ်လိုက်ချိန်တွင် မခံမရပ်နိုင်အောင် နာကျင်ခြင်း ၊ နာကျင်မှုဟာ လက်မောင်းတစ်လျောက် သာမက တံတောင်ဆစ်မှတဆင့် လက်ကောက်ဝတ်ထိဖြာထွက် နာကျင်ခြင်းတို့ ဖြစ်ပေါ်တတ်ပါသည်။ နာကျင်မှုသည် အစပိုင်းတွင်း အရမ်းမဆိုးသော်လည်း ဂရုတစိုက်ကုသမှု့ မခံယူပါက ရေရှည်နာကျင်မှု့သည် ပိုဆိုးလာတတ်သည် ။

ဘယ်သူတွေမှာ အဖြစ်များလဲ ?

Tennis Elbow ဟာ အသက် 30 နဲ့ 50 ကြားမှာ အဖြစ်များပြီး အမျိူးသမီးများထက် အမျိုးသားများမှာ ပိုမို အဖြစ်များပါတယ် ။ Activity တစ်ခုခု လုပ်ရသည့်အခါ လက်ကို ထပ်ခါ ထပ်ခါ အသုံးပြုရသူ ( တင်းနစ် ရိုက်သူ ၊ ဂေါက်ရိုက်သူ ၊ လက်သမားများ ၊ ဘက်စကတ်ဘော ကစားသူများ ) မှာ အဖြစ်များ ပါတယ်။

ဘယ်လို ကုသမလဲ ?

စဖြစ်ဖြစ်ချင်း အခြေအနေမှာ အဓိက အရေးကြီးတဲ့ အချက်ဟာ Rest လက်ကို အနားပေးချင်းဖြစ်ပါတယ်။ သတိထားရမည်မှာ လက်ကို အားပြင်းစွာ အသုံးပြုရသည့် အလုပ်များရှောင်ရန် ၊ အိမ်ရှင်မများအနေဖြင့်လည်း အိမ်တွင်းလုပ်ငန်း မီးဖိုချောင်လုပ်ငန်းများမှ လက်ကို ခဏတာ အနားပေးခြင်း၊ တံမျက်စည်းလှည်းခြင်း ၊ စျေးခြင်းများမခြင်းကို ရှောင်ရန် လိုအပ်ပါသည် ။အိမ်တွင်းကုသမှု့ အဖြစ် တံတောင်ဆစ်နား တဝိုက် ရေခဲဖြင့် ၅ မိနစ်ခန့် ကပ်ရန်လိုအပ်ပါသည်။ တံတောင်ဆစ်အစွပ် Elbow Support ဝတ်ဆင်ရန် လိုအပ်ပါသည်။ နာကျင်မှု့ မသက်သာပါက အရိုး အကြောအဆစ်အထူးကု ဆရာဝန်ကြီးများမှ ညွှန်ကြာသော ဆေးဝါးကုသမှု့၊အကြောအဆစ်ကုပညာရှင်များ ( Physiotherapists)တို့မှ ညွှန်ကြားသောလေ့ကျင့်ခန်းကုသမှုများဖြင့် ကုသမှုခံယူဖို့ လိုအပ်ပါတယ်။ တံတောင်ဆစ် အရွတ်ရောင် ကျစေရန် Ultrasound Therapy အသံလှိုင်းကုသမှုဖြင့် လည်းကောင်း ၊ TENS နာကျင်မှုကို ပျောက်ကင်းစေသည့် စက်ဖြင့်လည်းကောင်း ၊ နာကျင်မှုသက်သာလာသည်နှင့်အမျှ Physiotherapists တို့ ညွှန်ကြားသော Stretching Exercises ၊ Strengthening Exercises လေ့ကျင့်ခန်း ကုသမှု့များဖြင့် စနစ်တကျ ကုသကာ တံတောင်ဆစ် အရွတ်ရောင်ရမ်း နာကျင်ခြင်းကို ပျောက်ကင်းစေပါသည်။

အကြောအဆစ် ရောဂါများကင်းဝေးကြပါစေ။
Light Physiotherapy Clinic



#09402991190

 #လက်မကိုအကွေးအဆန့်လုပ်တဲ့အခါနာနေပါသလား ?  #လက်လှုပ်ရှားမှုတိုင်းလက်ကောက်ဝတ်နဲ့လက်မကြားမှာမခံမရပ်နိုင်အောင်နာကျင်တာမျိုး...
02/06/2023

#လက်မကိုအကွေးအဆန့်လုပ်တဲ့အခါနာနေပါသလား ?
#လက်လှုပ်ရှားမှုတိုင်းလက်ကောက်ဝတ်နဲ့လက်မကြားမှာမခံမရပ်နိုင်အောင်နာကျင်တာမျိုးဖြစ်နေပါသလား ?
ဘာကြောင့်ဖြစ်တတ်သလဲ ?
ဘယ်လိုကုသမှုယူရင် ပျောက်ကင်းနိုင်မလဲဆိုတာကို ပြောပြပေးမှာဖြစ်ပါတယ်။
လက်မနာကျင်ခြင်းနဲ့ စပ်ဆက်နေတဲ့ De Quervain Tenosynovitis လို့ခေါ်တဲ့ လက်မနဲ့ လက်ကောက်ဝတ်ကြား ဆက်သွယ်ပေးထားတဲ့ အရွတ်လွှာ ရောင်ရမ်းခြင်း အကြောင်းကို ပြောပြပေးပါမယ်။

လက္ခဏာတွေကဘာတွေလဲ ?
-လက်ကောက်ဝတ်အရင်း လက်မကြားမှာ မခံမရပ်နိုင်အောင်နာကျင်ခြင်း။
-လက်မအကွေး အဆန့်ခက်ခဲခြင်း။
-လက်မနေရာမှာ ကြွက်သားများ တင်းနေတတ်ခြင်း၊ ခဲနေတတ်ခြင်း၊ ရောင်နေတတ်ခြင်း၊
- လက်ကောက်ဝတ်နဲ့ လက်မတစ်လျောက် ပူသလို ခံစားချက်ဖြစ်ခြင်း၊
- လက်သီးဆုပ်လိုက်တိုင်း နာကျင်ခြင်း၊

ဘယ်သူတွေမှာ အဖြစ်များလဲ ?
- လက်လှုပ်ရှားမှုများသောသူတွေမှာ အဖြစ်များခြင်း၊
- အိမ်မှုကိစ္စအလုပ်များသူများ
- ကွန်ပျူတာmouse အသုံးများသူများ၊
- ကပ်ကြေးကို ခနခနအသုံးပြုရသူများ
- ဂိမ်းကစားသူများ
- စက်ချုပ်သူများ ။
- လက်ကောက်ဝတ် လမ်မဘက်ခြမ်းမှာ ထိခိုက်ဒဏ်ရာရရှိထားခြင်း။

ဘယ်လိုကုသကြမလဲ?
ဒီလိုဖြစ်ပေါ်လာပြီဆိုရင် ပထမဦးစွာ အရိုး အကြောအဆစ်အထူးကုဆရာဝန်ကြီးများနှင့် ပြသကာ ဆေးဝါးကုသမှု့များ Physiotherapist အကြောအဆစ်ကုပညာရှင်များနှင့် ပြသကာ စက်များ၊ လေ့ကျင့်ခန်းကုသမှု့များနှင့် စနစ်တကျပျောက်ကင်းအောင် ကုသနိုင်ကြပါတယ်။

ဂရုစိုက်ရမည့်အချက်များ
-လက်ကို အနားပေးပါ၊
- ရောင်ရမ်းနေလျင် ရေခဲအိတ်ကိုကပ်ပါ။
-လက်ကောက်ဝတ်လှုပ်ရှားမှု့ဖြစ်စေသော အပြုအမူများ ရှောင်ရှားပါ။
- ညွှန်ကြားထားသော လက်ကောက်ဝတ် Support ကို ဝတ်ဆင်ပါ။
- လေ့ကျင့်ခန်း ကုသမှုများကို စနစ်တကျ ပြုလုပ်ပါ။

အကြောအဆစ်ရောဂါများ ကင်းဝေးကြပါစေ။



#09402991190

Wrong Posture or  Rounded Shoulder ခန္ဓာကိုယ် ပုံစံအနေအထား မှားယွင်းခြင်း သို့ ပုခုံးကိုင်းခြင်း ၊ ပုခုံးကျုံ့ခြင်း     ...
01/06/2023

Wrong Posture or Rounded Shoulder
ခန္ဓာကိုယ် ပုံစံအနေအထား မှားယွင်းခြင်း သို့ ပုခုံးကိုင်းခြင်း ၊ ပုခုံးကျုံ့ခြင်း

အခုတစ်ခေါက်မှာတော့ ကိုယ်နေဟန်ထား မှားယွင်းတဲ့ ပုံစံတစ်ခုဖြစ်တဲ့ Rounded Shoulder ပုခုံးကိုင်းခြင်း၊ ပုခုံးကျုံ့ခြင်း အကြောင်းကို ပြောပြပေးမှာဖြစ်ပါတယ်။

Rounded Shoulder
ပုခုံးကိုင်းခြင်း ဟာ ဘာကြောင့်ဖြစ်ရသလဲ ?
- ကွန်ပျူတာ အသုံးပြုစဉ် ပုခုံးကို ရှေ့သို့ကိုင်းကာ အချိန်ကြာမြင့်စွာ ကြည့်ခြင်း၊
-ဖုန်း အသုံးပြုစဉ် ခေါင်းကို ငုံ့ကာ အချိန်ကြာမြင့်စွာ အာရုံစိုက်၍ ကြည့်ခြင်း။
-မိမိ နေ့စဉ်ရက်ဆက် ပြုမူသော နေထိုင်မှု ပုံစံ အမှားများမှ ကိုယ်နေဟန်ထား မှားယွင်းမှုကို ဖြစ်စေသည်။

Rounded Shoulder ပုခုံးကိုင်းခြင်း ကိုယ်နေဟန်ထား မှားယွင်းခြင်းက မိမိ ခန္ဓာကိုယ်မှာရှိတဲ့ ဘယ်ကြွက်သားတွေကို ထိခိုက်စေသလဲ ?

Weakness in Neck Flexor Muscles
လည်ပင်း ကြွက်သားများ အားနဲစေခြင်း

Tightness in Upper Back Muscles
နောက်ကျော အပေါ်ပိုင်းကြွက်သားများကို တောင့်တင်းစေခြင်း။

Tightness in Chest Muscles
ရင်ဘက်ကြွက်သားများကို တင်းစေခြင်း။

Weakness in Back Muscles
နောက်ကျောဘက်ကြွက်သားများကို အားနဲစေခြင်း။

ထို့ကြောင့် မိမိရဲ့ ကိုယ်ခန္ဓာ အနေအထား မှားယွင်းခြင်းဟာ မိမိခန္ဓာကိုယ်ပေါ်မှ အရိုးအဆစ်ကြွက်သားများအပေါ် များစွာထိရောက်မှုဖြစ်စေပါသည်။
ကိုယ်နေဟန်ထား မှားယွင်းခြင်းကြောင့် ရေရှည်မှာ အရိုးအဆစ်နှင့် ကြွက်သားရောဂါများကို ဖြစ်စေပါသည်။

ဒါကြောင့် အရိုးအကြောအဆစ် ရောဂါများ နှင့် ကြွက်သားပြသနာများကို ကာကွယ်ရန် မိမိရဲ့ Wrong Posture မှားယွင်းသော ကိုယ်နေဟန်ထားကို ပြုပြင်ဖို့ လိုအပ်ပါတယ်။

မှန်ကန်သော ကိုယ်နေဟန်ထားဖြစ်ရန် Posture Correction Exercises များကို အောက်တွင်ဖော်ပြထားပါသည်။
အောက်ပါ လေ့ကျင့်ခန်းကုသမှုများကို ပြုလုပ်ပေးခြင်းဖြင့် အကြောတက်ခြင်း အစရှိသော ရေရှည်ပုခုံးကြွက်သား ပြသနာများကို ကာကွယ်ပေးသည့်အပြင် အခြားသော အကြောအဆစ်ဆိုင်ရာ ပြသနာများကို ကြိုတင်ကာကွယ်နိုင်ပါသည်။

Ps- မိမိတွင် အရိုးအကြောအဆစ်ဆိုင်ရာ ပြသနာရှိပါက အရင်ဆုံး အရိုး အကြောအဆစ် အထူးကုဆရာဝန်များ အကြောအဆစ်ကုပညာရှင်များနှင့် ဆွေးနွေး တိုင်ပင်ပါ။ လေ့ကျင့်ခန်းများပြုလုပ်စဉ် ခေါင်းမူးခြင်း ၊ မူးဝေခြင်း များရှိပါက ရပ်နားပါ။




#09402991190

 #ခြေဖနောင့်နာခြင်းနှင့်သက်သာစေရန်ပြုလုပ်နိုင်သောလေ့ကျင့်ခန်းကုသမှု့များ  #ခြေဖနောင့်နာခြင်း  Heel Pain အကြောင်းခြေဖနောင...
22/05/2023

#ခြေဖနောင့်နာခြင်းနှင့်သက်သာစေရန်ပြုလုပ်နိုင်သောလေ့ကျင့်ခန်းကုသမှု့များ

#ခြေဖနောင့်နာခြင်း Heel Pain အကြောင်း

ခြေဖနောင့်နာ ခြင်းသည် Plantar Fasciitis ရောဂါ၏ လက္ခဏာ တစ်ရပ်ဖြစ်သည်။ Plantar Fascia သည် ခြေဖနောင့်မှ ခြေချောင်းလေးတွေအထိ ဆက်သွယ်ပေးထားသော Tissue အလွှာထူဖြစ်ပါသည်။ ထို Tissue အလွှာ ရောင်ရမ်း၍ ဖနောင့်နာခြင်း၊ ခြေဖဝါး နာခြင်းတို့ ဖြစ်ပေါ်လာပါသည်။

ဘယ်လိုလူတွေ အဖြစ်များလဲ ?

အပြေးသမားများ ၊ အားကစား အလွန်အကျွံလုပ်သူများ ၊ ခြေဖနောင့်အားပြုလျောက်ရသူများ ၊ Flat feet ဟုခေါ်သော ခြေဖဝါးတွင်း မွေးရာပါ ဂငယ်ပုံ အကွေးလေး ပါဝင်မှု့ အားနည်းကာ လမ်းလျှောက်ရာတွင် ခြေချောင်းလေးများဖြင့်ထောက်၍ လျှောက်ရသူများ ၊ ကြာရှည်မက်တပ်ရပ်ကာ အလုပ်လုပ်ရသူများ ၊ ခြေဖဝါးတွင် ထိခိုက်ဒဏ်ရာ ရရှိဖူးသူများ မှာ အဖြစ်များပါတယ် ၊

ဘယ်လို ရောဂါလက္ခဏာတွေ ရှိလဲ ?

မနက်ခင်း နိုးနိုးချင်း ခြေလှမ်းစလှမ်းချိန်မှာ ခြေဖနောင့်တွင် ဓားနဲ့ထိုးနေသကဲ့သို့ နာတတ်ပါတယ် ။ လမ်းအနည်းငယ် လျှောက်သည့်အချိန်ကျမှ သက်သာလာတတ်ပြီး ကြာရှည် ရပ်ရသည့်အချိန် ၊ ထိုင်ရာမှာ မတ်တပ်ရပ်လိုက်သော အချိန်တွင် စူးပြီး နာလာတတ်ပါတယ် ၊ ခြေဖဝါး တစ်ရှူးအလွှာ တင်းခြင်း ရောင်ခြင်းတို့ကြောင့် လမ်းလျှောက်ရ ခက်ခဲခြင်း တို့ဖြစ်ပေါ်စေပါတယ် ။

ဘယ်လိုကုသမလဲ ?
ခြေဖနောင့် နာကျင်နေလျင် အိမ်တွင်းကုသမှု့အဖြစ် ရေနွေး နွေးနွေးထဲတွင် ၁၅ မိနစ်ခန့် စိမ်ပေးခြင်းဖြင့် ဖနောင့်နာခြင်းကို သက်သာစေပါသည်။ ဖနောင့်တွင် ပိုမိုနာကျင်လာပါက အရိုး အကြောအဆစ်အထူးကုဆရာဝန်ကြီးများ ၊ Physiotherapists အကြောအဆစ်ကု ပညာရှင်များနှင့် တိုင်ပင်ကာ Ultrasound therapy အသံလှိုင်း ကုသမှု့ အစရှိသော စက်များဖြင့်လည်းကောင်း ၊ Exercise Therapy လေ့ကျင့်ခန်း ကုသမှု့ဖြင့် လည်းကောင်း ကုသခြင်းဖြင့် သက်သာပျောက်ကင်းစေပါသည်။

ဘယ်လို ကာကွယ်ကြမလဲ ?

ခြေဖဝါးသည် ကိုယ်အလေးချိန်ကို ထိန်းထားရသောကြောင့် အဝလွန်နေသူများအနေဖြင့် weight ချပေးခြင်းသည်လည်း ထိုရောဂါကို ကာကွယ်ပေးခြင်းတစ်မျိူးဖြစ်သည်။ ဖိနပ်အမြင့် စီးခြင်းတို့ကို လျော့ချခြင်း ၊ ကြမ်းအမာ ပေါ်တွင် ဖိနပ်မပါဘဲ ကြာကြာလမ်းလျှောက်ခြင်းတို့ကိုရှောင်ရှားရမည်။ ဖိနပ်စီးသည့်အခါ ခြေထောက်ကို ကောင်းကောင်း Support ဖြစ်စေသော ဖိနပ်ပျော့ပျော့ကို စီးရန်လိုအပ်ပါသည်။

#ခြေဖနောင့်နာကျင်မှု့တွက်လေ့ကျင့်ခန်းကုသမှု့များ

လေ့ကျင့်ခန်း ကုသမှု့ များသည် သက်သာစေရန်
ရည်ရွယ်ပြီး ပြသထားသော လေ့ကျင့်ခန်းကုသမှု့ များဖြစ်သည်။ နာကျင်မှု့ မသက်သာပါက အရိုးအကြော အထူးကုဆရာဝန်ကြီး များနှင့်လည်းကောင်း ၊ Physiotherapists အကြောအဆစ်ကုပညာရှင်များနှင့် သေချာပြသပြီး စနစ်တကျ ကုသရန် လိုအပ်ပါသည်။
လေ့ကျင့်ခန်းများကို ပုံအောက်တွင် ဖက်ရှု့ပေးပါ။လေ့ကျင့်ခန်း မပြုလုပ်မှီ ဖနောင့် နာကျင်သောဘက်ကို ရေနွေး နွေးနွေးဖြင့် ဆယ်မိနစ်ခန့် စိမ်ပေးပါ။
လေ့ကျင့်ခန်းများကို တစ်ခါလုပ်လျင် ဆယ်ကြိမ်ဖြင့် တစ်နေ့သုံးကြိမ် ပြုလုပ်ပေးပါ။

https://www.facebook.com/Light-Physiotherapy-Clinic-823592854686007/
အကြောအဆစ်ရောဂါများ ကင်းဝေးကြပါစေ။
မိမိတို့ ခံစားရသော အရိုး အကြောအဆစ်နှင့် ပက်သက်သော ရောဂါများအကြောင်း တိုင်ပင်ဆွေးနွေးလိုပါက09402991190 သို့ဆက်သွယ်နိုင်ပါသည်။



11/05/2023
Low Back Pain and Sciatica ခါးနာခြင်းနှင့် ပေါင်တန်းနာကျင်ခြင်း အကြောင်းမေး - ဆရာမရေ ကျွန်တော်ကတော့ ခါးနာတာ အတော်ဆိုးပါတ...
10/05/2023

Low Back Pain and Sciatica
ခါးနာခြင်းနှင့် ပေါင်တန်းနာကျင်ခြင်း အကြောင်း

မေး - ဆရာမရေ ကျွန်တော်ကတော့ ခါးနာတာ အတော်ဆိုးပါတယ် ။ တင်ပါးခွက် တွေ ပေါင်တွေကနေလည်း နာပါတယ် ။ တခါတလေ ပေါင်နောက်ကနေ ခြေသလုံးထိ မီးစထိုးသလို ပူဆင်းပြီး နာပါတယ် ။ လမ်းလျောက်တဲ့ အခါ ခြေထောက်လေးတွေ ထုံနေပီး အားနည်းသလို ခံစားရပါတယ် ။ ထိုင်နေရာမှ မတ်တပ်ရပ်တဲ့ အခါ ချက်ချင်း မရပ်နိုင်ဘဲ အခက်အခဲ ဖြစ်ပါတယ် ဆရာမ ။ အဲ့ဒါ ဘာဖြစ်တာပါလဲ ဆရာမ။

ဖြေ- ခါးနာခြင်းနဲ့ ပေါင်တန်းနာကျင်ခြင်းဟာ ဆက်စပ် နေပါတယ်။ဒီလို လက္ခဏာ တွေဟာ Sciatica လို့ခေါ်တဲ့ ပေါင်တန်းနာကျင်ခြင်းရဲ့ လက္ခဏာ ရပ်တွေ ဖြစ်ပါတယ်။ ဒီလိုဖြစ်ရခြင်းဟာ ခါးကနေတစ်ဆင့် ခြေထောက်စီသို့ ဖြာထွက်သွားသော Sciatic Nerve လို့ခေါ်တဲ့ အာရုံကြော ဖိမိကာ ရောင်ရမ်းခြင်းကြောင့် ဖြစ်ပါတယ်။ ခါးမှာ အဆစ်ကျွံခြင်း ၊ အရိုးအတတ်ထွက်ခြင်း ၊ ကြွက်သားတင်းခြင်း တို့ကြောင့် Sciatic Nerve လို့ခေါ်တဲ့အာရုံကြောကို ဖိမိကာ ပေါင်တန်းနာကျင်ခြင်း ဖြစ်ပေါ်လာပါတယ်။

Sciatic Nerve အာရုံကြောကို ဖိမိရတဲ့ အကြောင်းရင်း များစွာရှိပါတယ်။
1- Piriformis Syndrome လို့ခေါ်တဲ့ ပေါင်ထိပ်နဲ့ တင်ပါးကိုတွယ်ဆက်ထားသော Piriformis Muscle တောင့်တင်းရောင်ရမ်း ခြင်းကြောင့် အာရုံကြောကို ဖိမိနိုင်ပါတယိ။
2- အားကစား လုပ်၍သော်လည်းကောင်း ၊ လဲကျသော်လည်းကောင်း ၊ကြွက်သား ဒဏ်ရာရ ပေါက်ပြဲ၍သော်လည်းကောင်း အာရုံကြောကို ဖိမိနိုင်ပါတယ်။
3- ခါးရိုးတစ်လျောက်ရှိ ခါးရိုးဆစ်ကျဉ်းသောအခါတွင်လည်း Sciatic Nerve ကိုဖိမိနိုင်ပါတယ်။
4- ခါးရိုးဆစ် တစ်ခုချင်းဆီကြားမှာ ရှိသော အရိုးနုပြားလေးတွေဟာ အသက်ကြီးလာတာနဲ့အမျှ ခြောက်လာ ပုံပျက်လာတတ်ပါတယ် ။ အရိုး အတတ်များ ထွက်လာတတ်ကာ အာရုံကြောကို ဖိမိနိုင်ပါတယ်။
5- ခါးရိုးဆစ် တစ်ခုနှင့် တစ်ခု ချိတ်ဆက်ထားသော Facet Joints များ ထိခိုက်မိခြင်းကြောင့် အဆစ်လေးများ ပုံစံမှားကာ ချော်ထွက်ခြင်းကြောင့် အာရုံကြောကို ထိခိုက်မိနိုင်ပါတယ်။

မေး - ဒီလို ရောဂါဖြစ်ပေါ်လာပြီ ဆိုရင် ဘယ်လိုကုသမှုတွေ လုပ်လို့ရပါလဲ ဆရာမ။
ဖြေ - ဟုတ်ကဲ့ ဒီလို ခါးနာခြင်းနှင့်အတူ ပေါင်တန်းနာကျင်ခြင်း ဖြစ်ပေါ်လာပြီဆိုရင် အရေးကြီးဆုံးအချက် Self Care ပါ ။
1) Rest အနားယူရပါမယ် ။ အနားမယူဘဲ ခါးအလွန်အကျွံ လှုပ်ရှားမှု့တွ ၊ ခါးပုံစံမှားနေတာတွေ လုပ်နေခဲ့ရင် ရောဂါ ပိုဆိုးစေနိုင်ပါတယ်။
2) Ice Pad ရေခဲကို ကြွက်သားနာကျင်သော နေရာများတွင် ဆယ့်မိနစ်ခန့် ကပ်ပေးပါ။ ထို့နောက် အရိုး အကြောအဆစ်အထူးကု ဆရာဝန်ကြီးများနှင့် ပြသ၍ ဆေးဝါးကုသမှု့များနှင့်သော်လည်းကောင်း ၊အကြောအဆစ်ကု ပညာရှင်များ Physiotherapists တို့နှင့် ပြသကာ စမ်းသပ်စစ်ဆေးမှု့များ ပြုလုပ်ပြီး လေ့ကျင့်ခန်းကုသမှု့များနှင့်လည်းကောင်း ပျောက်ကင်းအောင် ကုသနိုင်ကြပါသည်။

ခါးနာခြင်းနှင့် ပေါင်တန်းနာကျင်ခြင်းအတွက် အရိုး
အကြောအဆစ် အထူးကု ဆရာဝန်ကြီးများ Physiotherapists အကြောအဆစ်ကုပညာရှင်တို့နှင့် စောစီးစွာ ကုသမှု့ယူခဲ့လျှင် နာကျင်ခြင်း ကင်းဝေးကာ ပုံမှန်လှုပ်ရှားမှုရရန်မြန်ဆန်ပါသည်။ Physiotherapists အကြောအဆစ်ကုပညာရှင်များမှ ခါးမနာစေရန် ၊ အာရုံကြော ထိခိုက်မှု့မဖြစ်စေရန် နေထိုင်မှု့ပုံစံများ ၊ ခါးရိုးဆစ်ကို ထိန်းထားသော ကြွက်သား တစ်ခုချင်းစီ သန်မာစေသော လေ့ကျင့်ခန်းကုသမှု့များ ၊ ကြွက်သား ရောင်ရမ်းခြင်း အာရုံကြော ရောင်ရမ်းခြင်းတို့အတွက် လိုအပ်သော စမ်းသပ်စစ်ဆေးမှု့များ ပြုလုပ်ကာ Ultrasound Therapy အသံလှိုင်း ကုသမှု့၊ Short Wave Therapy လျက်စစ်သံလိုက်လှိုင်းကုသမှု့၊ Infra Red Therapy အနီအောက်ရောင်ခြည် ကုသမှု့Traction Therapy ခါးစက်ဆွဲ ကုသမှု့တို့ဖြင့် လိုအပ်သော ကုသမှု့များပေးကာ ခါးနာခြင်းကို ပျောက်ကင်းအောင် ကုသနိုင်ပါသည်။

ကာကွယ်ခြင်း နှင့် ရှောင်ကျဉ်ရမည့် အချက်များ

- Weight မခြင်း အလေးမခြင်းတို့ မလုပ်ရပါ။ အချိန်ကြာကြာ ထိုင်ခြင်း ၊ အချိန်ကြာမြင့်စွာ လမ်းလျှောက်ခြင်း မပြုလုပ်ရပါ။
- ခါးကို လိမ်ခြင်း ချိူးခြင်း နှိပ်ခြင်း လုံးဝမပြုလုပ်ရပါ။
- Stretching Exercises ဆန့်တန်းလေ့ကျင့်ခန်း , Strengthening Exercises ကြွက်သားသန်မာစေသော လေ့ကျင့်ခန်းကုသမှု့တို့ကို ပုံမှန်ပြုလုပ်ရန် လိုအပ်သည်။

ခါးနာခြင်း ကင်းဝေး၍ ပျော်ရွှင်ကျန်းမာသော ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။
အကြောအဆစ်နှင့် ပက်သက်သော ရောဂါများ Cb တွင်မေးမြန်းနိုင်ပါသည်။
Light Physiotherapy Clinic

#09402991190

Low Back Pain & Sciaticaခါးနာ ပေါင်တန်းနာကျင်လျင် ရှောင်ကြဉ် ရမည့် အချက်များ
10/05/2023

Low Back Pain & Sciatica
ခါးနာ ပေါင်တန်းနာကျင်လျင် ရှောင်ကြဉ် ရမည့် အချက်များ

Address

Myaing

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00

Telephone

+959402991190

Website

Alerts

Be the first to know and let us send you an email when Light Physiotherapy Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram