20/03/2026
🔰နှစ်စဉ်ထိုးနေကြ မိုးရာသီတုပ်ကွေးကာကွယ်ဆေး Flu vaccine ဖြစ်တဲ့ Influvac Tetra (2026) လေးမျိုးစပ် မိုးရာသီတုပ်ကွေးကာကွယ်ဆေး ကို မြန်အောင်မြို့ သီရိသုခ အထူးကုဆေးခန်းတွင် လာရောက်ထိုးနိုင်ပါပြီရှင်
🔰Influvac Tetra (2026) လေးမျိုးစပ် မိုးရာသီတုပ်ကွေးကာကွယ်ဆေး တွင် ကာကွယ်နိုင်သော strain များမှာ
1.A/Sydney/5/2021(H1N1)pdm09-like strain
2. A/Darwin/9/2021(H3N2)-like strain
3. B/Austria/2021 -like strain
4. B/Phuket/2013-like strain ဖြစ်ပါတယ်။
အဆိုပါ ဗိုင်းရပ်စ် ( virus ) လေးမျိုးဒဏ်က ကာကွယ်ပေးနိုင်ပါတယ်။ အကယ်၍ ဖြစ်ပွားခဲ့ရင်လည်း မပြင်းထန်အောင် ကာကွယ်ပေးနိုင်ပါတယ်ရှင်
🔰ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုမိုကောင်းမွန်သည်ဆိုသည့်အတိုင်း မိုးရာသီ မရောက်မီ ရာသီတုပ်ကွေးရောဂါများ ကူးစက်ခြင်းမှကာကွယ်ရန် ကာကွယ်ဆေးကြိုတင်ထိုးနှံထားခြင်းကလည်း အကောင်းဆုံး နည်းလမ်းဖြစ်ပါသည်။
🔰ရာသီတုပ်ကွေး ကာကွယ်ဆေးဖြစ်သောကြောင့် တစ်နှစ်တစ်ကြိမ်ထိုးရန်လိုအပ်ပြီး၊ ဆေးထိုးပြီး အကျိုးသက်ရောက်မှုရရှိရန်မှာ (၂)ပတ်မှ (၃) ပတ်အထိ ကြာတတ်ပါသည်။ထို့ကြောင့် မိုးရာသီ မရောက်မှီ ကြိုတင် ထိုးထားသင့်ပါသည်။
ကာကွယ်ဆေး ထိုးသင့်သည့်သူများမှာ
✅ (1) ကိုယ်ဝန်ဆောင်မိခင်များ
✅ (2) အသက် ၆ လ မှ ၅ နှစ်အထိ ကလေးများ
✅ (3) သက်ကြီးရွယ်အိုများ (အသက် ၆၅နှစ်အထက်)
✅ (4) နာတာရှည်ရောဂါအခံရှိသူများ ( ဥပမာ- သွေးတိုး ဆီးချို နှလုံး အစသဖြင့် ရောဂါရှိသူများ )
✅ (5) နေ့စဉ် လူနာများနှင့် ထိတွေ့နေရသည့် ကျန်းမာရေးဝန်ထမ်းများ
✅ (6) သာမန် ပြည်သူလူထုများ ဖြစ်ပါတယ်
✅ G6PD Deficient လူနာများလည်းထိုးနှံနိုင်ပါသည်။
💉💉Flu Vaccine ကို အသက် (၆)လ မှစတင်၍ထိုးနိုင်ပါသည်။
💉💉အသက်(၉)နှစ်အောက် တစ်ခါမှမထိုးဖူးသော ကလေးများဖြစ်လျှင်တော့ ပထမ တစ်ကြိမ်တစ်လုံးထိုးပြီး ၁ လအကြာတွင် ဒုတိယအကြိမ် တစ်လုံး ထပ်မံထိုးရပါမည်။ အကယ်၍ အရင်က ထိုးခဲ့ဖူးလျှင် ၁ ကြိမ်ပြန်ထိုးပေးရပါမည်။
💉💉အသက် ၉ နှစ်အထက် ကလေးများနှင့် လူကြီး များဆိုလျှင် တစ်ကြိမ်ထိုးရုံဖြင့် ကာကွယ်မှု ရရှိပါသည်။
🌡🌡ကာကွယ်ဆေးတွေမှာ cold chain အဓိကဖြစ်တာကြောင့်ဆေး quality နှင့် cold chain ကို အထူးဂရုစိုက် ထိန်းသိမ်းထားပါသဖြင့် စိတ်ချယုံကြည်နိုင်ပါသည်။
💊💊ဆေးထိုးမည့် အချိန်တွင် ဖျားနာနေခြင်း (သိုမဟုတ်) ဆေးမတည့်ခြင်းများရှိပါက ဆေးမထိုးခင် ကြိုတင်ပြောပြထားသင့်ပါသည်။ ဖျားနာနေလျှင် အဖျားပျောက်သွားမှသာ ကာကွယ်ဆေးထိုးရပါမည်။
👉 ဆေးခန်းသို့လာရောက်ထိုးနှံနိုင်သလို အိမ်အရောက်ဝန်ဆောင်မှုလည်းရှိပါသည်။
👉 တစ်နေရာတည်းတွင် (2) ဦးနှင့်အထက် ထိုးနှံလျှင် ခရီးစရိတ်အခမဲ့ပါ။
⭐ ငွေပေးချေမှုအဆင်ပြေစေရန်အတွက် KBZ Pay,AYA pay,Wave pay တို့ဖြင့်လည်း ပေးချေနိုင်ပါသည်။
⭐ အသေးစိတ်သိရှိလိုပါက Page messenger သို့မဟုတ် ဖုန်း 09952000500,09782000500သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
⭐ သီရိသုခ
အထူးကုဆေးခန်း နှင့် အဆင့်မြင့်ရောဂါရှာဖွေရေး
အမှတ်(၄) ရပ်ကွက် ကြာနီကန်လမ်း မြန်အောင်မြို့