
12/04/2025
သိထားသင့်သည်.......ဒါလေးကြိုမသိထားလို့ ပြဿနာတွေတက်ကြပါတယ်။
မိမိက အခုမှ စတင်ပြီး မျက်စိဆေးခန်းသွားသူတစ်ယောက်ဖြစ်ရင် လုပ်သင့်သည်များ
၁။ မိမိက အချိန်အလုံလောက် ပေးနိုင်မှသာ ဆေးခန်း၊ ဆေးရုံ သွားသင့် အချိန်အလုံအလောက်ပေးခြင်းကြောင့်တိကျသေချာသော ပါဝါနဲ့ စိတ်ကျေနပ်မှု အပြည့်အဝကို ခံစားရစေနိုင်ပါတယ်။
၂။ ဆေးခန်း၊ ဆေးရုံမှ အကူများရဲ့ ညွန်ကြားမှုအတိုင်း လုပ်ဆောင်ရန်လို။
၃။ ဆေးခန်းထဲဝင်ချိန် ဖုန်းပိတ်ထားရန် (သို့) အသံပိတ်ထားရန်လို။
၄။ မိမိဖြစ်စဥ်ကို အသေးစိတ်ပြောကြားရန်လို၊ အရင်ကုသဖူးတဲ့ ဆေးစာအုပ်များ တပါတည်း ယူဆောင်လာရန်လိုအပ်။
၅။ ဆရာဝန် စမ်းသပ်ချိန် သက်တောင့်သက်သာဖြင့် စာလုံးများဖတ်ရန်လို။ ( အာရုံစိုက်ဖတ်ခြင်း၊ စိတ်မငြိမ်ခြင်း ရှောင်သင့်)။ ဒီအချက်မှာ အဆင်ပြေမှ မျက်မှန်ခုပ်တဲ့အခါ အဆင်ပြေချောမွေ့စေပါတယ်။
၆။ ဆရာဝန် ညွန်ကြားချက်များကို သေချာနားထောင်ရန်လို၊ ပြီးမှသာ မရှင်းတာမေးရန်လို (စကားဖြတ်ပြောခြင်း ရှောင်ရှားသင့်)။
၇။ ဆေးခန်းအတွင်း စကားကျယ်လောင်စွာ ပြောခြင်းရှောင်ရှားသင့်၊ မိမိရဲ့ အပြုအမူသည် မိမိရဲ့ ဂုဏ်သိက္ခာ ဖြင့်သောကြောင့် ဆင်ချင်သင့်။
၈။ ဆေးခန်းသည် မိမိနေထိုင်ရာ မဟုတ်သောကြောင့် အမှိုက်များ၊ Tissue များ၊ ရေသန့်ဗူး များကို သေချာစွာ စွန့်ပစ်ရန်။
၉။ မိမိနှင့် လိူက်ဖက်သော ကိုင်းများသာ ဝတ်ဆင်သင့် ကြိုးကိုင်းများကို မှန်ဆိုဒ်ချဲ့ခြင်းဟာ မလိုအပ်ရင် မလုပ်သင့်၊ အမြင်အတွက်လည်း ထူးခြားမှုမရှိသလို နှာခေါင်းမှ ၁ကျပ်သားအလေးသာနိုင်ပေမဲ့ မိမိရဲ့စိတ်ကြောင့် ၃ကျပ်ပိုတင်ထားသလို ဖြစ်တတ်တယ်။
ထိုသို့တပ်ခြင်းကြောင့် နှာခေါင်းများ နှာထောက်ရာ ထင်ပြီး အညိုအမည်းဖြစ်တတ်တယ်။
၁၀။ မိမိတွင် မတည့်ဆေးများရှိခဲ့ရင် ဆရာဝန်အား ကြိုတင်ပြောပြရန်လို။
၁၁။ ဆရာဝန်မှ စိတ်မရှည်သူဖြစ်ပါက အတတ်နိုင်ဆုံး စကားမမှားဖို့လိုအပ်။
၁၂။ တခါတလေမှာ အဆင်မပြေတာ ဖြစ်တတ်ပါတယ် သို့ပေမဲ့ အခြေအနေအပေါ်မှုတည်ပါတယ်၊ ဆရာဝန်စမ်းတာ မြန်တယ်။ နားလည်တာ မရှင်းတာတွေ ရှိသော်လည်း စိတ်မရှည်သော ဆရာဝန်များနှင့် ကျနော့်ရဲ့ လူနာရှင်တွေ ကြုံတွေ့ခဲ့လျှင် ကျနော့်ဆီသို့ အချိန်မရွေး လာရောက် မေးမြန်းနိုင်ပါတယ်။
မသိမဖြစ် သိထားသင့်သည်များသာ ဖြစ်ပါတယ်။
စေတနာဖြင့်
မိတ်ဆွေ၊ လူနာ များအားလုံး
ကျန်းမာ၊ ချမ်းသာ ကြပါစေ🙏🙏🙏🙏🙏
Aung Lay (Health)