Innovative Diagnostics

Innovative Diagnostics We are offering reliable and accurate Diagnostic services to our customers with Innovative technology

၂၀၂၆ ခုနှစ်၊ မေလ (၁) ရက်နေ့သည် ကမ္ဘာတစ်ဝှမ်းလုံးမှာရှိသော အလုပ်သမားထုရဲ့ ရပိုင်ခွင့် ၊ အခွင့်အရေး များအတွက်ရည်ရွယ်ပြီး က...
01/05/2026

၂၀၂၆ ခုနှစ်၊ မေလ (၁) ရက်နေ့သည်
ကမ္ဘာတစ်ဝှမ်းလုံးမှာရှိသော အလုပ်သမားထုရဲ့ ရပိုင်ခွင့် ၊ အခွင့်အရေး များအတွက်ရည်ရွယ်ပြီး ကျင်းပသော
"အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့" ဖြစ်ပါတယ်။

မိသားစုအတွက်သာမက နိုင်ငံနဲ့ ကမ္ဘာကြီး တိုးတက်ဖို့အတွက် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ရုန်းကန်ကြိုးစားအားထုတ်နေကြသော
အလုပ်သမားထုတစ်ရပ်လုံးကိုလေးစားဂုဏ်ပြုသောနေ့တစ်နေ့လည်းဖြစ်ပါသည်။
ကမ္ဘာကြီး လည်ပတ်နေတာဟာ စက်ရုံအလုပ်ရုံတွေ၊ ရုံးခန်းတွေ၊ ဆောက်လုပ်ရေးခွင်တွေနဲ့ လယ်တောထဲက အလုပ်သမားတွေရဲ့ ကြိုးစားလှုပ်ရှားမှုတွေကြောင့်ဖြစ်ပါသည်။

🧑‍🔧အလုပ်သမားထုရဲ့ ရပိုင်ခွင့်တွေ အပြည့်အဝရရှိပြီး၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းစွာနဲ့ ထိုက်တန်သော ဂုဏ်သိက္ခာ၊ ထိုက်တန်သော လုပ်ခလစာတွေ ခံစားရရှိပါစေကြောင်း Innovative Diagnostics မိသားစုမှဆုမွန်ကောင်းတောင်းရင်း လေးစားစွာ ဂုဏ်ပြုအပ်ပါတယ်။








‎ .innovativediagnosticsfacebook.com
‎ Diagnostics Channel
‎ : 09-977 809 108 /
‎09 - 969 923 821
‎ :N0.(68), Taw Win St, 9 Mile, Mayangon Tsp ,Yangon.

🌕ကဆုန်လပြည့်နေ့ အခါသမယမှာ မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ စိတ်ချမ်းသာမှု၊ အောင်မြင်မှုများနှင...
30/04/2026

🌕ကဆုန်လပြည့်နေ့ အခါသမယမှာ မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ
စိတ်ချမ်းသာမှု၊ အောင်မြင်မှုများနှင့် ပြည့်စုံပြီး မင်္ဂလာရှိသော နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေ၊
ကဆုန်လပြည့်နေ့၏ ကုသိုလ်ကောင်းမှုအလင်းရောင်များဖြင့်
အားလုံး၏ ဘဝလမ်းခရီးများ တောက်ပစွာ ရှင်သန်နိုင်ကြပါစေလို့ Innovative Diagnostics မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်ခင်ဗျာ။ ✨🙏








.innovativediagnosticsfacebook.com
Diagnostics Channel
: 09-977 809 108 /
09 - 969 923 821
:N0.(68), Taw Win St, 9 Mile, Mayangon Tsp ,Yangon.

🔬Laboratory Professionals Week ဟုလူသိများသော ဆေးဘက်ဆိုင်ရာဓာတ်ခွဲကျွမ်းကျင်ပညာရှင်များအတွက် အသိမှတ်ပြုဂုဏ်ပြုပေးသော ရက်သ...
27/04/2026

🔬Laboratory Professionals Week ဟုလူသိများသော ဆေးဘက်ဆိုင်ရာဓာတ်ခွဲကျွမ်းကျင်ပညာရှင်များအတွက် အသိမှတ်ပြုဂုဏ်ပြုပေးသော ရက်သတ္တပတ် (MLPW) သည် ဧပြီလ၏နောက်ဆုံးပတ်တွင်နှစ်စဉ်ကျင်းပလေ့ရှိသည့်အသိမှတ်ပြုနှစ်ပတ်လည်အခမ်းအနားတစ်ခုဖြစ်ပါသည်။

🔬ထိုပွဲအခမ်းအနားသည် ကျန်းမာရေးစောင့်ရှောက်မှုနှင့်မှန်ကန်တိကျသော အချိန်မီဓါတ်ခွဲစစ်ဆေးမှုများပြုလုပ်ပေးနေသည့်ဆေးဘက်ဆိုင်ရာဓာတ်ခွဲကျွမ်းကျင်ပညာရှင်များ၏ အရေးကြီးသောအခန်းကဏ္ဍကို မီးမှောင်ထိုး အသိမှတ်ပြုပေးသည့်ပွဲအခမ်းအနားလေးပဲဖြစ်ပါသည်။

🔬၂၀၂၆ ခုနှစ် ဧပြီလ ၁၉ ရက်မှ ၂၅ ရက် ရက်သတ္တပတ်ကို Medical Laboratory Professionals Week အဖြစ် ဂုဏ်ပြုသတ်မှတ်ပြီး အမှတ်တရကျင်းပကြပါတယ်။

🔬၂၀၂၆ ခုနှစ်အတွက် ဆောင်ပုဒ်ဖြစ်သည့် "Lab Story: To Infinity and Beyond for Our Patients" ဆိုသည့် အတိုင်း အနာဂတ်တွင် နိုင်ငံတကာအဆင့်မီဓါတ်ခွဲနည်းပညာများဖြင့်ရောဂါစစ်ဆေးရှာဖွေမှုများပြုလုပ်သွားမည့် ဓါတ်ခွဲကျွမ်းကျင်ပညာရှင်များအားလေးစားဂုဏ်ပြုသောအားဖြင့် ကျွန်တော်တို့ Innovative Diagnostics တွင်ကျင်းပပြုလုပ်ခဲ့သည့်ပွဲအခမ်းအနားပုံရိပ်များအား အမှတ်တရ မှတ်တမ်းတင်ပြအပ်ပါသည် ခင်ဗျာ။.
💜🩵🤍💜🩵🤍💜🩵🤍💜🩵🤍







🌍🦟 World Malaria Day Malaria ဟာ ယနေ့တိုင် ကမ္ဘာတစ်ဝှမ်း လူသန်းပေါင်းများစွာကို သေဆုံးစေနိုင်သော ရောဂါတစ်ခုဖြစ်ပါသည်။ ယခု...
25/04/2026

🌍🦟 World Malaria Day
Malaria ဟာ ယနေ့တိုင် ကမ္ဘာတစ်ဝှမ်း လူသန်းပေါင်းများစွာကို သေဆုံးစေနိုင်သော ရောဂါတစ်ခုဖြစ်ပါသည်။ ယခုအချိန်မှာတော့ Malaria ကို တိုက်ဖျက်နိုင်တဲ့ နည်းပညာ၊ ဆေးဝါးနဲ့ ကာကွယ်ရေးနည်းလမ်းတွေ ရှိနေပြီ ဖြစ်ပါသည်။

2026 Theme အရ
👉 “Now We Can. Now We Must.”
အဓိပ္ပာယ်ကတော့
✔ လုပ်နိုင်တဲ့အခြေအနေရှိနေပြီ
✔ အခုအချိန်မှာ အားလုံးပူးပေါင်းပြီး တိုက်ဖျက်ရမယ့်အချိန်ကာလဘဲဖြစ်ပါတယ်

🔬 Innovative Diagnostics Laboratory အနေနဲ့ Malaria တိုက်ဖျက်ရေးတွင် အရေးကြီးသောအခန်းကဏ္ဍ တစ်ခုဖြင့်ပါဝင်နေပါသည်။

Malaria ရောဂါနဲ့ ပတ်သက်သော နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲစစ်ဆေးမှုများအား တိကျမှန်ကန်မြန်ဆန်စွာ ဝန်ဆောင်မှုပေးလျက်ရှိနေပါသည်။

🦟 ⚠️ Malaria ကို စောစီးစွာ မသိရှိပါက အသက်အန္တရာယ်ဖြစ်နိုင်ပါသည်။ဒါကြောင့် Early Testing သည် Life Saving Step ဖြစ်ပါသည်။အချိန်မီစစ်ဆေးသိရှိပါက ပျောက်ကင်းသည်အထိ ကုသနိုင်သော ငှက်ဖျားရောဂါအား မိဘပြည်သူများ သတိပြုဆင်ခြင်နိုင်စေရန် ကျန်းမာရေးအသိပညာပေးတင်ပြအပ်ပါသည်ခင်ဗျာ။

💦 သင်္ကြန်အမှတ်တရ အထူးအစီအစဉ် 💦မြန်မာ့နှစ်သစ်ကူး သင်္ကြန်ကာလအတွင်း Innovative Diagnostics Laboratory သို့ ဓါတ်ခွဲစစ်ဆေးမ...
19/04/2026

💦 သင်္ကြန်အမှတ်တရ အထူးအစီအစဉ် 💦
မြန်မာ့နှစ်သစ်ကူး သင်္ကြန်ကာလအတွင်း Innovative Diagnostics Laboratory သို့ ဓါတ်ခွဲစစ်ဆေးမှုလာရောက်စစ်ဆေးခဲ့ကြသော Customer များအား အမှတ်တရအဖြစ် ကံစမ်းမဲအစီအစဉ်ကို ပျော်ရွှင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ 🎁✨ပါဝင်ခဲ့သူများအားလုံးကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါသည်။

Innovative Laboratory မှ
🎁 Padauk Lamp ဆုရရှိသူများ​၏ပုံရိပ်များအား ဂုဏ်ယူစွာဖြင့် မှတ်တမ်းတင် တင်ပြအပ်ပါသည်ခင်ဗျာ🎉✨”

၁၃၈၈ ခုနှစ် မင်္ဂလာအပေါင်းနှင့်ပြည့်စုံသောမြန်မာနှစ်သစ်ကူးအခါသမယဖြစ်ပါစေကြောင်းInnovative Diagnostics မိသားစုမှ ဆုတောင်း...
17/04/2026

၁၃၈၈ ခုနှစ် မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော
မြန်မာနှစ်သစ်ကူးအခါသမယဖြစ်ပါစေကြောင်း
Innovative Diagnostics မိသားစုမှ
ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျ။🙏







‎ .innovativediagnosticsfacebook.com
‎ Diagnostics Channel
‎ : 09-977 809 108 /
‎09 - 969 923 821
‎ :N0.(68), Taw Win St, 9 Mile, Mayangon Tsp ,Yangon.

Bowel cancer (အူမကြီးကင်ဆာ) သည် ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပွားမှုအများဆုံးကင်ဆာများထဲမှ တတိယမြောက်အဖြစ်များသော ရောဂါတစ်ခုဖြစ...
12/04/2026

Bowel cancer (အူမကြီးကင်ဆာ) သည် ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပွားမှုအများဆုံးကင်ဆာများထဲမှ တတိယမြောက်အဖြစ်များသော ရောဂါတစ်ခုဖြစ်ပါသည်။
Adenomatous polyps ဟုခေါ်သော ဆဲလ်အစုငယ်များ အူလမ်းကြောင်းအတွင်းတွင် စတင်ပေါ်ပေါက်လာပြီး အချိန်ကြာလာသည်နှင့်အမျှ ကင်ဆာအဖြစ်သို့ ပြောင်းလဲသွားခြင်းကြောင့် ဖြစ်ပေါ်လာရပါသည်။
Bowel cancer (အူမကြီးကင်ဆာ) သည်
အသက်ရွယ်ကြီးသူများ (အထူးသဖြင့် 50 နှစ်အထက်)
မိသားစုတွင်း ရောဂါရှိဖူးသူများ
အဆီများသောအစားအစာများ၊ အနီရောင်အသားများအား အစားများသူများ
မှားယွင်းသော လူမှုနေထိုင်မှုအကျင့်ရှိသူများ
oဆေးလိပ်သောက်သူများ။
oအရက်သောက်သူများ။
oကိုယ်လက်လှုပ်ရှားမှုနည်းပါးသူများ။
အဝလွန်သူများ အစရှိသူများတွင် ရောဂါဖြစ်ပွားနိုင်ခြေများပြားသည်ကိုတွေ့ရပါသည်။

အူမကြီးကင်ဆာကို စောစီးစွာသိရှိနိုင်ရန် အောက်ပါနည်းလမ်းများဖြင့် စစ်ဆေးနိုင်ပါသည်။

အူမကြီးမှန်ပြောင်းကြည့်ခြင်း (Colonoscopy)
- သွေးစစ်ဆေးခြင်း (Tumor markers CA 19-9 & CEA)
- CT scan ဖြင့် ဝမ်းဗိုက်စစ်ဆေးခြင်း။
- အသားစ စစ်ဆေးခြင်း (Biopsy)
- ခန္ဓာကိုယ်အရည် စစ်ဆေးခြင်း (Cytology)
- ဓာတုဆေးဆိုးစစ်ဆေးခြင်း (IHC)
- မျိုးဗီဇပြောင်းလဲမှုအားစစ်ဆေးခြင်း (Mutation tests)
- ဝမ်းတွင်းသွေးပါဝင်မှုစစ်ဆေးခြင်း (Stool occult blood test)
ယနေ့ခေတ် အူမကြီးကင်ဆာကုသရာတွင် KRAS နှင့် BRAF mutation tests များသည် အရေးပါသော အခန်းကဏ္ဍတစ်ခုဖြစ်ပြီး နိုင်ငံတကာ လမ်းညွှန်ချက်များအရ ကုသမှုရွေးချယ်ရာတွင် မဖြစ်မနေ စစ်ဆေးလေ့ရှိပါသည်။

▪️💁🏻‍♂️ကျွန်ုပ်တို့ Innovative Diagnostics တွင် KRAS & BRAF mutation tests များအပါအဝင် ဓါတ်ခွဲစစ်ဆေးမှုများအား နိုင်ငံတကာအဆင့်မီ နည်းပညာများနှင့် ကျွမ်းကျင်ပညာရှင်များမှ တိကျမှန်ကန်စွာ စစ်ဆေးပေးလျက်ရှိပြီး ယုံကြည်စိတ်ချရသော ဝန်ဆောင်မှုများကို ပေးဆောင်လျက်ရှိပါသည်။

ကင်ဆာရောဂါများကို စောစီးစွာ ရှာဖွေတွေ့ရှိခြင်းသည် ကုသမှုဆိုင်ရာအောင်မြင်မှုကို များစွာတိုးမြှင့်ပေးနိုင်သောကြောင့် ပုံမှန်စစ်ဆေးမှုများ ပြုလုပ်၍ မိမိကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ကြပါရန် တိုက်တွန်းအပ်ပါသည်ခင်ဗျာ🙏🏻🙏🏻🙏🏻








.innovativediagnosticsfacebook.com
Diagnostics Channel
: 09-977 809 108 /
09 - 969 923 821
:N0.(68), Taw Win St, 9 Mile, Mayangon Tsp ,Yangon.

10/04/2026

မြန်မာနှစ်သစ်အခါသမယတွင်
Innovative Diagnostics ၏
ချစ်ခင်လေးစားရပါသော ဆရာ၊ဆရာမများ၊ကျန်းမာရေးဝန်ဆောင်မူလုပ်ငန်းအသီးသီးမှမိတ်ဆွေများနှင့်မိဘပြည်သူများကို ကျန်းမာချမ်းသာ စိတ်ချမ်းမြေ့မှုများနှင့်ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။







‎ .innovativediagnosticsfacebook.com
‎ Diagnostics Channel
‎ : 09-977 809 108 /
‎09 - 969 923 821
‎ :N0.(68), Taw Win St, 9 Mile, Mayangon Tsp ,Yangon.

Innovative Diagnostics ၏ဓါတ်ခွဲခန်းဝန်ဆောင်မှုများကို အတာသင်္ကြန်ကာလအတွင်း ကျေးဇူးရှင်မိဘပြည်သူများအသုံးပြုရအဆင်ပြေစေရန်...
07/04/2026

Innovative Diagnostics ၏ဓါတ်ခွဲခန်းဝန်ဆောင်မှုများကို အတာသင်္ကြန်
ကာလအတွင်း ကျေးဇူးရှင်မိဘပြည်သူများအသုံးပြုရအဆင်ပြေစေရန်ရည်ရွယ်၍
အကောင်းဆုံးဝန်ဆောင်မှုပေးနေသော Center များ၏ service ပေးမည့်အချိန်ကာလများအားလေးစားစွာကြိုတင်အသိပေးကြော်ငြာအပ်ပါသည်ခင်ဗျာ။ဝန်ဆောင်မှုအသုံးပြုသောမိဘပြည်သူများအား Innovative diagnostics မှ ကျေးဇူးအထူးတင်ရှိပါသည်ခင်ဗျာ။








.innovativediagnosticsfacebook.com
Diagnostics Channel
: 09-977 809 108 /
09 - 969 923 821
:N0.(68), Taw Win St, 9 Mile, Mayangon Tsp ,Yangon.

🩵 March လတွင်ကျွန်တော်တို့ Innovative Diagnostics  ဓါတ်ခွဲခန်းမှာ ဝန်‌ဆောင်မှု ရယူသူ customer များရဲ့ ID အပေါ် အပြုသဘောဆ...
02/04/2026

🩵 March လတွင်ကျွန်တော်တို့ Innovative Diagnostics ဓါတ်ခွဲခန်းမှာ ဝန်‌ဆောင်မှု ရယူသူ customer များရဲ့ ID အပေါ် အပြုသဘောဆောင်၍ ပြောင်းလဲတိုးတက်စေချင်သောစေတနာဖြင့် အချိန်ပေးပြီး feedback ပေးခဲ့သော ချစ်ခင်လေးစားရပါသော Customer တစ်ဦးတစ်ယောက်ချင်းစီတိုင်း၏ feedbacks များကိုအစဉ်‌လေးစားတန်ဖိုးထားပါသည်။
ပိုမိုတိုးတက်ကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရန် အတွက်လဲစဉ်ဆက်မပြတ်ကြိုးစားသွားမည်ဖြစ်ကြောင်း တင်ဆက်ရင်း အထူးကျေးဇူးတင်ရှိကြောင်းနှင့်အသိအမှတ်ပြုကြောင်း အမှတ်တရပြန်လည်ဝေမျှ
အပ်ပါသည်ခင်ဗျာ။ 🩵








.innovativediagnosticsfacebook.com
Diagnostics Channel
: 09-977 809 108 /
09 - 969 923 821
:N0.(68), Taw Win St, 9 Mile, Mayangon Tsp ,Yangon.

🩺 World Doctor Day 2026🩺ယနေ့ကမ္ဘာတစ်ဝှမ်းမှာ ကျင်းပပြုလုပ်ခဲ့သော World Doctor Day ဟာ လူသားအရင်းမြစ် အသက်ရှင်သန်နိုင်မှု၊...
01/04/2026

🩺 World Doctor Day 2026🩺

ယနေ့ကမ္ဘာတစ်ဝှမ်းမှာ ကျင်းပပြုလုပ်ခဲ့သော World Doctor Day ဟာ လူသားအရင်းမြစ် အသက်ရှင်သန်နိုင်မှု၊
ကျန်းမာရေးနှင့် မျှော်လင့်ချက်တွေကို ကာကွယ်ပေးနေကြတဲ့ ဆရာဝန်များအားလုံးကို ဂုဏ်ပြုသည့် နေ့ထူးနေ့မြတ်ဖြစ်ပါတယ်ခင်ဗျာ

👉 “ဆရာဝန်များသည် လူနာများ အသက်ရှင်ခြင်း၏ မျှော်လင့်ချက်ပင်ဖြစ်ပါသည်”

နေ့စဉ် လူနာများအတွက် အချိန်မရွေး အန္တရာယ်ကို ရင်ဆိုင်ပြီး
ကိုယ်ပိုင်အချိန်များကိုပင် စွန့်လွှတ်ကာ
လူသားတို့၏ ကျန်းမာရေးအတွက်
အစွမ်းကုန် ကြိုးပမ်းနေကြသော
ဆရာဝန်များအားလုံးကို
❤️ လေးစားဂုဏ်ပြုအပ်ပါသည်။

ကျွန်တော်တို့ ဝိတိုရိယဆေးရုံတွင်ကျင်းပခဲ့သော World Doctor Day အခမ်းအနားပုံရိပ်များအား ဂုဏ်ယူစွာ
ဖြင့်ပြန်လည်တင်ပြအပ်ပါသည်ခင်ဗျာ။








‎ .innovativediagnosticsfacebook.com
‎ Diagnostics Channel
‎ : 09-977 809 108 /
‎09 - 969 923 821
‎ :N0.(68), Taw Win St, 9 Mile, Mayangon Tsp ,Yangon.

Address

အမှတ်(68), Taw Win Road, 9 Mile, Mayangone Township, Yangon
Myaungmya

Telephone

+959969923821

Website

Alerts

Be the first to know and let us send you an email when Innovative Diagnostics posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Innovative Diagnostics:

Share

Category