Innovative Diagnostics

Innovative Diagnostics We are offering reliable and accurate Diagnostic services to our customers with Innovative technology

05/12/2025

📣 Here we go! Quiz time just arrived❗

‌‌🥳ပျော်ရွှင်ဖွယ် မေးခွန်းလေးများ ဖြေဆိုရင်း ဆုလက်ဆောင်များ ကံထူးခွင့်ရရှိနိုင်မဲ့ December လရဲ့ Quiz အစီစဉ်လေးပြန်လည်ရောက်ရှိလာပါပြီ။👏

ဒီတစ်ခေါက် Quiz လေးကတော့ အရင်အခေါက်တွေလို မေးခွန်းရဲ့အဖြေကို စဉ်းစားရမှာမျိုးမဟုတ်ဘဲ Christmas gift အနေနဲ့ ဘာလက်‌ဆောင်ပေးမလဲကို မှန်အောင် ခန့်မှန်းပီး ဖြေရမှာပဲဖြစ်ပါတယ်🤔

အဖြေမှန်သူများထဲမှQuiz Winner (၃)ဦး အား December လ 9 ရက်နေ့မှာ ကြေငြာပေးသွားမှာဖြစ်ပါတယ်။
ဆုလက်‌ဆောင်များကံထူးနိုင်ရန်ဝင်ရောက်ဖြေဆိုဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ခင်‌ဗျ🤗








.innovativediagnosticsfacebook.com
Diagnostics Channel
: 09-977 809 108 /
09 - 969 923 821
:N0.(68), Taw Win St, 9 Mile, Mayangon Tsp ,Yangon.

ယနေ့မှာတော့ကျွန်တော်တို့ Innovative Diagnostics ရဲ့ Continuous Laboratory Education အနေဖြင့် Concordia Co Ltd., မှ 29.11...
02/12/2025

ယနေ့မှာတော့ကျွန်တော်တို့ Innovative Diagnostics ရဲ့ Continuous Laboratory Education အနေဖြင့် Concordia Co Ltd., မှ 29.11.2025 တွင် “Empowering Lab Professionals” ခေါင်းစဉ်ဖြင့် ပြုလုပ်ကျင်းပခဲ့သောပွဲတွင် Innovative Diagnostics မှ Medical Technologists များတက်ရောက်ခဲ့သော ပုံရိပ်လေးများကို အမှတ်တရပြန်လည်တင်ပြပေးလိုက်ပါသည်ခင်ဗျာ။








.innovativediagnosticsfacebook.com
Diagnostics Channel
: 09-977 809 108 /
09 - 969 923 821
:N0.(68), Taw Win St, 9 Mile, Mayangon Tsp ,Yangon.

💚 November လတွင်ကျွန်တော်တို့ Innovative Diagnostics  ဓါတ်ခွဲခန်းမှာ ဝန်‌ဆောင်မှု ရယူသူ customer များရဲ့ ID အပေါ် အပြုသဘ...
01/12/2025

💚 November လတွင်ကျွန်တော်တို့ Innovative Diagnostics ဓါတ်ခွဲခန်းမှာ ဝန်‌ဆောင်မှု ရယူသူ customer များရဲ့ ID အပေါ် အပြုသဘောဆောင်၍ ပြောင်းလဲတိုးတက်စေချင်သောစေတနာဖြင့် အချိန်ပေးပြီး feedback ပေးခဲ့သော ချစ်ခင်လေးစားရပါသော Customer တစ်ဦးတစ်ယောက်ချင်းစီတိုင်း၏ feedbacks များကိုအစဉ်‌လေးစားတန်ဖိုးထားပါသည်။
ပိုမိုတိုးတက်ကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရန် အတွက်လဲစဉ်ဆက်မပြတ်ကြိုးစားသွားမည်ဖြစ်ကြောင်း တင်ဆက်ရင်း အထူးကျေးဇူးတင်ရှိကြောင်းနှင့်အသိအမှတ်ပြုကြောင်း အမှတ်တရပြန်လည်ဝေမျှ
အပ်ပါသည်ခင်ဗျာ။ 💚








.innovativediagnosticsfacebook.com
Diagnostics Channel
: 09-977 809 108 /
09 - 969 923 821
:N0.(68), Taw Win St, 9 Mile, Mayangon Tsp ,Yangon.

27/11/2025

💚 We are now ISO 15189 accredited in Clinical Pathology (Paraffin blocks & Surgical specimens) scope.
This is another big quality achievement milestone of Innovative Diagnostics at Victoria Hospital. We have made a record again as “The very first Medical Laboratory in Myanmar” 💚.
Innovative Diagnostics အနေနှင့်အရည်အသွေးပြည့်မီသောဓါတ်ခွဲအဖြေများကို ခေတ်မီနည်းပညာများအသုံးပြုကာ မှန်ကန်တိကျမြန်ဆန်စွာဖြင့် ဝန်ဆောင်မှုပေးမည်ဟုသော ရည်မှန်းချက်ထားရှိသောဓါတ်ခွဲခန်းဝန်ဆောင်မှုလုပ်ငန်းအဖြစ်ကြိုးစားရပ်တည်လာခဲ့သည်မှာ ၁၄ နှစ်တိုင်တိုင်ရှိခဲ့ပြီဖြစ်ပါသည်။
အရည်အသွေးဆိုင်ရာမူဝါဒများ စနစ်တကျချမှတ်ကာ ရောဂါ‌ဗေဒဆရာဝန်ကြီးများ၏လမ်းညွှန်မှု၊ နည်းပညာရှင်များ၏ကြိုးစားအားထုတ်မှုများနှင့်အတူ လုပ်ငန်းရှင်များ၏ရင်းနှီးမြှုပ်နှံမှု၊ စီမံအုပ်ချုပ်သူများ၏ စီမံခန့်ခွဲမှုလမ်းစဥ်များဟန်ချက်ညီညီပေါင်းစပ်လျှောက်လှမ်းရင်းဖြင့် Innovative Diagnostics ၏ နိုင်ငံတကာ စံအသိမှတ်ပြု Quality Milestone များတစ်ခုပြီးတစ်ခု ထုဆစ်နိုင်ခဲ့ကြပါသည်။
ယခုထပ်မံ၍ Clinical Pathology (အသားမျှင်တစ်သျှူးဗေဒဆိုင်ရာစစ်ဆေးမှု) အတွက် မြန်မာနိုင်ငံတွင် တစ်ဦးတည်းသော ပထမဦးဆုံး ISO 15189:2022 နိုင်ငံတကာအရည်အသွေးစံအသိအမှတ်ပြုလက်မှတ်ရ ဓါတ်ခွဲခန်းတစ်ခုအဖြစ် ၂၀၂၅ ခုနှစ်တွင် ဂုဏ်ယူစွာမှတ်တမ်းတင်နိုင်ခဲ့ပြီဖြစ်ပါသည်။








.innovativediagnosticsfacebook.com
Diagnostics Channel
: 09-977 809 108 /
09 - 969 923 821
:N0.(68), Taw Win St, 9 Mile, Mayangon Tsp ,Yangon.

2025 ခုနှစ် Victoria Hospital,World Antimicrobial Resistance Awareness ရက်သတ္တပတ် လှုပ်ရှားမှုအခမ်းအနားတွင် ကျွန်တော်တို...
22/11/2025

2025 ခုနှစ် Victoria Hospital,
World Antimicrobial Resistance Awareness ရက်သတ္တပတ် လှုပ်ရှားမှုအခမ်းအနားတွင် ကျွန်တော်တို့
Innovative Diagnostics Medical Technologists များမှ ပိုစတာတင်ဆက်မှုအဖွဲ့များတွင် ပျော်ရွှင်စွာပါဝင်ဆောင်ရွက်နေ
မှုပုံရိပ်များအား ဝမ်းမြောက်ဂုဏ်ယူစွာ မှတ်တမ်းတင် တင်ပြအပ်ပါသည်ခင်ဗျာ 💚







.innovativediagnosticsfacebook.com
Diagnostics Channel
: 09-977 809 108 /
09 - 969 923 821
:N0.(68), Taw Win St, 9 Mile, Mayangon Tsp ,Yangon.

🗓️ နှစ်စဉ် November လသည် Pancreatic Cancer Awareness Month ဖြစ်သည့်အတွက် မိဘပြည်သူများ Pancreatic Cancer (မုန့်ချိုအိတ်က...
21/11/2025

🗓️ နှစ်စဉ် November လသည် Pancreatic Cancer Awareness Month ဖြစ်သည့်အတွက် မိဘပြည်သူများ Pancreatic Cancer (မုန့်ချိုအိတ်ကင်ဆာ)နှင့်ပတ်သက်သော ကျန်းမာရေးဆိုင်ရာအသိပညာများသိရှိသတိပြုမိစေရန် ကျန်းမာရေးအသိပညာပေးအပ်ပါသည် ခင်ဗျာ။🙏
🤔Pancreatic Cancer (မုန့်ချိုအိတ်ကင်ဆာ)သည် ဝမ်းဗိုက်အပေါ်ပိုင်း၊ အစာအိမ်နောက်ဘက်ခြမ်း
နှင့် ကျောရိုးရှေ့တွင်ရှိသောကိုယ်အင်္ဂါမှ ဖြစ်ပွားသော Cancer တစ်မျိုးဖြစ်ပါတယ်။
🦠 Pancreatic Cancer ဆဲလ်များသည် အလွန်လျင်မြန်စွာတိုးပွားနိုင်ပြီး အခြားသော ကိုယ်တွင်းအင်္ဂါများအား လျင်မြန်စွာကူးစက်နိုင်သောရောဂါဖြစ်ပါသည်။
🤒 Pancreatic Cancer ဟာ မူလ အစမှာ ရောဂါလက္ခဏာသိသာစွာ မပြတတ်သောရောဂါ ဖြစ်သည့်အတွက် ရောဂါဖြစ်နေကြောင်းအားအချိန်မီ သိရှိဖို့အတွက် လွန်စွာခက်ခဲလှပါသည်။

ခံစားရမည့်ရောဂါက္ခဏာများမှာ -
(၁) ဗိုက်အောင့်ခြင်းနှင့် ကျောနာခြင်း။
(၂) အစာစားချင်စိတ်လျော့နည်းပြီး အလေးချိန် လျင်မြန်စွာ ကျဆင်းခြင်း။
(၃) ဆီးနှင့်အသားရောင် ဝါလာခြင်း။
(၄) မအီသာနှင့် အန်ချင်စိတ် မကြာခဏဖြစ်ပေါ်ခြင်း။
(၅) ဆီးချိုရောဂါ အစပြုလာခြင်း တို့ကိုခံစားရတတ်ပါသည်။

🤒အောက်ဖေါ်ပြပါလူနာများတွင် ရောဂါဖြစ်ပွားနိုင်ခြေအများဆုံးတွေ့ရပါသည်။
Pancreatic Cancer သည် အသက် (၆ဝ) ကျော်အရွယ်များ၊
မျိုးရိုးဗီဇအရ မိသားစုတွင် Pancreatic Cancer ဖြစ်ပွားဖူးသူများ၊
ဆေးလိပ်သောက်သုံးသူများ၊
အဝလွန်သည့်သူများ နှင့် ‌ဆီးချိုရောဂါရှိသည့် သူများတွင် ဖြစ်ပွားနိုင်ချေ ပိုမိုမြင့်မားပါသည်။

😷Pancreatic Cancerသည် ကိုယ်ခန္ဓာအတွင်း ပြန့်ပွားကူးစက်လွယ်သော ကင်ဆာအမျိုးအစားဖြစ်ပါသည်။
(၁) ဆေးလိပ်သောက်သုံးမှုကိုရှောင်ကြဉ်ခြင်း။
(၂) ကျန်းမာ‌ သော အစာအဟာရများ မျှတစွာစားသုံးခြင်း။
(၃) ခန္ဓာကိုယ်အလေးချိန် ထိန်းသိမ်းခြင်း။
(၄) မိသားစုအတွင်း မျိုးရိုးဗီဇ ရှိဖူးပါက ကြိုတင်စစ်ဆေးကာကွယ်ခြင်း နှင့် ရောဂါလက္ခာများတွေ့ရှိပါက အလေးနက်ထား စစ်ဆေးကုသခြင်း စသည်တို့ဖြင့် ကာကွယ်ကုသနိုင်ပါသည်။
2021 ခုနှစ်လေ့လာတွေ့ရှိချက်များအရ ပန်ကရိယကင်ဆာကြောင့်ကမ္ဘာတစ်ဝှမ်းတွင် အသက်ဆုံးရှုံးမှုမှာ လူတစ်သိန်းလျှင် 5.95% ခန့်ဖြစ်နေသည်ကိုတွေ့ရပါသည်။
ကမ္ဘာတစ်ဝှမ်းတွင် ပန်ကရိယကင်ဆာကြောင့် သေဆုံးမှုသည် ဆဋ္ဌမမြောက် အများဆူံးဖြစ်နေပြီး 2022 ခုနှစ်တွင် ခန့်မှန်းခြေ အသစ်ဖြစ်ပွားသူ 510,922ဦးနှင့် သေဆုံးသူ 467,409 ဦး ရှိနေခဲ့ပါသည်။
ဖြစ်ပွားမှုကိုအလွယ်တကူမသိရှိနိုင်သော၊ ဖြစ်ပွားပါက ထိန်းချုပ်ကုသရန်ခက်ခဲသော Pancreatic Cancer အတွက် မိဘပြည်သူများအချိန်မီ စစ်ဆေးကုသနိုင်ရန်အတွက် ထပ်လောင်းအသိပေးအပ်ပါသည်ခင်ဗျာ။
ကျွန်တော်တို့ Innovative Diagnostics တွင်လည်း Pancreatic Cancer အားအချိန်မီလျှင်မြန်မှန်ကန်စွာ စစ်ဆေးနိုင်ရန်အတွက် နိုင်ငံတကာနည်းပညာသုံးခေတ်မီစက်ကိရိယာများ၊ နိုင်ငံတကာသုံးစစ်ဆေးမှုနည်းလမ်းများ၊ အထူးကျွမ်းကျင်ပညာရှင်ကြီးများမှ အကောင်းဆုံးဝန်ဆောင်မှုပေးလျက်ရှိနေကြောင်း သတင်းကောင်းပေးအပ်ပါသည် ခင်ဗျာ။

Pancreatic Cancer အတွက်
(1) သွေးရည်ကြည်မှတဆင့်စစ်ဆေးခြင်း (Liver Function Tests , Kidney Function Tests, Tumor Markers & Complete Blood Count စစ်ဆေးခြင်း )
(2) အသားစ စစ်ဆေးခြင်း (Biopsy Test )
(3) ခန္ဓာကိုယ်စုပ်ထုတ်အရည်များမှစစ်ဆေးခြင်း (Cytology Test )
(4) အထူးဓါတုဆေးဆိုး IHC markers များစစ်ဆေးခြင်းများ
ပြုလုပ်၍ အသက်အန္တရာယ်နှင့်ရောဂါဖြစ်ပွားခြင်းမှ အချိန်မှီ ကုသနိုင်‌ စေရန်အတွက် အသိပေးဝေမျှလိုက်ရပါတယ်ခင်ဗျာ။








.innovativediagnosticsfacebook.com
Diagnostics Channel
: 09-977 809 108 /
09 - 969 923 821
:N0.(68), Taw Win St, 9 Mile, Mayangon Tsp ,Yangon.

Innovative Diagnostics Laboratory, Academic & Information Unit ​၏ Academic Support Program ခေါင်းစဉ်အောက်မှ Business Eng...
19/11/2025

Innovative Diagnostics Laboratory, Academic & Information Unit ​၏ Academic Support Program ခေါင်းစဉ်အောက်မှ Business English Intermediate level နှင့် The Best Presentation Award များကို ထူးထူးချွန်ချွန်ရရှိအောင်မြင်ခဲ့ကြသော လုပ်ဖော်ကိုင်ဖက်များအတွက် ယနေ့ကျင်းပပြုလုပ်ပေးခဲ့သော ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားမှ ပုံရိပ်များကို အမှတ်တရသိမ်းဆည်းမှတ်တမ်းတင် တင်ပြအပ်ပါသည်ခင်ဗျာ။








.innovativediagnosticsfacebook.com
Diagnostics Channel
: 09-977 809 108 /
09 - 969 923 821
:N0.(68), Taw Win St, 9 Mile, Mayangon Tsp ,Yangon.

📢 Vacancy Announcement 📢✳️Sales & Marketing Supervisor - 2 PostsDate Needed - ImmediatelyRequirements:📌 Any Graduate📌 Mi...
19/11/2025

📢 Vacancy Announcement 📢

✳️Sales & Marketing Supervisor - 2 Posts
Date Needed - Immediately

Requirements:
📌 Any Graduate
📌 Minimum 3 years experiences in Service sector
📌 Full time candidate
📌 Additional degree/ courses holders for Sales & Marketing field, Business Management
📌 Good Listener, service orientated mindset and creative thinker
📌 Good communication skills
📌 Proficient in MS office and able to travel frequently across the country

For a complete job description please apply via mail:
hr.id@innovativediagnosticsmyanmar.com
or contact Human Resource (+959 969982885)








.innovativediagnosticsfacebook.com
Diagnostics Channel
: 09-977 809 108 /
09 - 969 923 821
:N0.(68), Taw Win St, 9 Mile, Mayangon Tsp ,Yangon.

What is Diabetes ???❓‎‎Diabetes (သွေးချိုဆီးချိုရောဂါ) သည် ကမ္ဘာတဝှမ်းမှာ သန်းချီသောသူတွေ ခံစားနေရသော အဖြစ်များသည့် ရောဂ...
18/11/2025

What is Diabetes ???❓

‎Diabetes (သွေးချိုဆီးချိုရောဂါ) သည် ကမ္ဘာတဝှမ်းမှာ သန်းချီသောသူတွေ ခံစားနေရသော အဖြစ်များသည့် ရောဂါတစ်ခု ဖြစ်ပါသည် ။
‎အချို့ရောဂါရှိနေသောသူများသည်
‎ရောဂါရှိနေတယ်ဆိုတာကိုပင်မသိကြသေးတဲ့အခြေနေမျိုးကြောင့် ထိုရောဂါအားထိန်းချုပ်ရန်ခဲယဉ်းနေခြင်းဖြစ်ပါသည်။
‎Diabetes အမျိုးစား (၂)မျိုးရှိပါသည် ။

‎Type 1 – ကိုယ်ခံစွမ်းအားက insulin ထုတ်ပေးသော မုန့်ချိုအိတ်မှ beta ဆဲလ်များအားမှားယွင်းစွာ တိုက်ခိုက်ခြင်းဖြင့် အချိုဓါတ်ကိုခြေဖြတ်ပေးသော insulin ဓါတ်လျော့နည်းခြင်းကြောင့် Diabetes ဖြစ်ပေါ်ခြင်း

‎Type 2 – ကိုယ့်ခန္ဓာမှ insulin ကို မှန်ကန်အောင် အသုံးမပြုနိုင်တော့ခြင်း နှင့် လုံလောက်စွာ မထုတ်လုပ်နိုင်တော့ခြင်းတို့ကြောင့် Diabetes ဖြစ်ပေါ်ခြင်း စသဖြင့် 2 မျိုးရှိပါသည် ။

‎ရောဂါမဖြစ်ပွားမီကြိုတင်ကာကွယ်ရန်အရေးကြီးလှပါသည် ။📣

‎ဆီးချိုသွေးချိုရောဂါဖြစ်ပွားခြင်းမှကာကွယ်ရန် 🛡️

‎1) နေ့စဉ် သင့်တင့်မျှတစွာခြေလက်လှုပ်ရှားအားကစားပြုလုပ်ခြင်း

‎2) သကြား၊ ဆီ၊ အဆီ နှင့်အချိုလွန်ကဲ အစားစာစားသုံးမှုများကို လျှော့ချခြင်း

‎3)ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း

‎4) သွေးတွင်းအချိုဓါတ် သကြားပမာဏကို စနစ်တကျစစ်ဆေးခြင်း
‎တို့ဖြင့်ကာကွယ်နိုင်ပါသည်။

‎Diabetes ရောဂါလက္ခဏာများမှာ -

1️⃣ ဆီးသွားသည့်အကြိမ်ရေတွက်များခြင်း(ဆီးများခြင်း)
2️⃣ ဆားငတ်လွယ်ခြင်း – မကြာခဏရေဆာလောင်ခြင်း
‎3️⃣ မောပန်းနွမ်းနယ်လွယ်ခြင်း
‎4️⃣ ဗိုက်ခဏခဏဆာနေတတ်ခြင်း
‎5️⃣ မျက်လုံးမွဲခြင်း / အမြင်အာရုံချို့ယွင်းခြင်း
‎6️⃣ ဒဏ်ရာ/အနာများပျောက်ကင်းရန်အချိန်ကြာခြင်း
‎7️⃣ လက်ခြေထုံးကျဉ်ခြင်း အစရှိသည်တို့ခံစားရတတ်ပါသည် ။

‎အသက် 20 မှ 79 နှစ်ကြား အရွယ်ရောက်ပြီးသူများတွင် တစ်ကမ္ဘာလုံးသေဆုံးမှု၏ 11.3% ခန့် သို့မဟုတ် သေဆုံးသူ ကိုးဦးတွင် တစ်ဦးခန့် သည် ဆီးချိုရောဂါအားအချိန်မီစစ်ဆေးကုသမှုမခံယူသောကြောင့်ဖြစ်ပါသည် ။

‎ကုသလျှင်ပျောက်ကင်းနိုင်သော ဆီးချိုသွေးချိုရောဂါအားအချိန်မီစစ်ဆေးမှုများပြုလုပ်ကာလိုအပ်သောဆေးကုသမှုများခံယူရန် ထပ်လောင်းတိုက်တွန်းနှိုးဆော်အပ်ပါသည်။

‎ကျွန်တော် Innovative Diagnostics တွင် ဆီးချိုသွေးချိုရောဂါနှင့်ပတ်သက်သော ဓါတ်ခွဲစစ်ဆေးမှုများစွာအားနိုင်ငံတကာအဆင့်မီနည်းပညာသုံးစက်က်ိရိယာများ နိုင်ငံတကာအသိမှတ်ုပု စစ်ဆေးမှုနည်းလမ်းများ နှင့်ကျွမ်းကျင်ပညာရှင်များမှ အကောင်းဆုံးနှင့်အမှန်ကန်အမြန်ဆန်းဆုံးစစ်ဆေးပေးလျက်ရှိနေကြောင်းသတင်းကောင်းပါးအပ်ပါသည် ။💙








.innovativediagnosticsfacebook.com
Diagnostics Channel
: 09-977 809 108 /
09 - 969 923 821
:N0.(68), Taw Win St, 9 Mile, Mayangon Tsp ,Yangon.

Arthritis ဆိုတာဘာလဲ? ကျွန်‌တော်တို့ရဲ့ နေ့စဉ်လှုပ်ရှားသွားလာမှုများတွင်အရေးပါလွန်းလှသည့် အဆစ်များ ရောင်ရမ်းနာကျင်ခြင်း၊လ...
17/11/2025

Arthritis ဆိုတာဘာလဲ?

ကျွန်‌တော်တို့ရဲ့ နေ့စဉ်လှုပ်ရှားသွားလာမှုများတွင်အရေးပါလွန်းလှသည့် အဆစ်များ ရောင်ရမ်းနာကျင်ခြင်း၊လှုပ်ရှားရခက်ခြင်းများခံစားရပြီး
ကျွန်တော်တို့တစ်နေ့တာလှုပ်ရှားသွားလားရန် အခက်အခဲဖြစ်စေပါတယ်။

Arthritisတွင် အမျိုးအစား၁၀၀
ကျော်ရှိပြီး အဓိကအနေဖြင့်
1) Osteoarthritis
2) Rheumatoid Arthritis
3) Gout ရောဂါတို့သည်
အဖြစ်အများဆုံးသောအမျိုးအစားများဖြစ်ပါတယ်။

အချို့သော အမျိုးအစားများကိုမကာ
ကွယ်နိုင်သော် လည်း ကျန်းမာမျှတစွာစားသုံးခြင်း၊စနစ်တကျ‌ ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း၊အဆစ်များကို ဂရုတစိုက်ထိန်းသိမ်း စောင့်ရှောက်ခြင်း တို့ဖြင့် ရောဂါ အခြေအနေဆိုးရွားမှုကို လျှော့ချပေးနိုင်ပါသည်

မိဘပြည်သူများအား Arthritis ရောဂါ
၏ သက်ရောက်မှုနှင့် နာကျင်မှုများအကြာင်း သိရရှိစေခြင်း၊ရောဂါရှိသူများအတွက် စောင့်ရှောက်မှုများနှင့် နည်းလမ်းအသစ်များကို တိုးတက်အောင် လုပ်ဆောင်ခြင်း၊နေရာဒေသအလိုက်ကျန်းမာရေးအဖွဲ့အစည်းများနှင့် ပူးပါင်းဆောင်ရွက်ခြင်းများ ပြုလုပ်ပေးသော ယနေ့ကျရောက်သည့် World Arthritis Day လူတိုင်းအတွက် အရေးပါသောနေ့တစ်နေ့ဘဲဖြစ်ပါတယ်။
💪2025 "World Arthritis Day" ဆောင်ပုဒ်ဖြစ်သည့် "Power of dreams" အရ
ခြေလက်အဆစ်မြစ်ရောင်ရမ်းနာကျင်ခြင်းကြောင့် နေ့စဉ်သွားလာလှုပ်ရှားမှုတွင်ခက်ခဲနေမှုများကို အသက်ရွယ်ကြီးမားသောသူများတွင်သာမက လူငယ်များတွင်ပါတွေ့ရှိလာရသည်များကိုလျော့ချရန် စိတ်သွားတိုင်းကိုယ်ပါ အောင်မြင်တက်ကြွစွာလှုပ်ရှားသွားလာနိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်ပါသည်

✅️ Rheumatoid factor (အဆစ်မြစ်ရောင်ရမ်းမှုအားစစ်ဆေးခြင်း)
✅️ Uric Acid (ဂေါက်ရောဂါဖြစ်စေသောသွေးတွင်းယူရစ်အက်ဆစ်ဓါတ်အားစစ်ဆေးခြင်း)

✅️ Anti CCP (ရောင်ရမ်းမှုအားစစ်ဆေးခြင်း)

✅️ ANA & ENA (Auto immune ကြောင့်ဖြစ်ပေါ်တတ်သော အဆစ်မြစ်ရောင်ရမ်းမှုအားစစ်ဆေးခြင်း)
✅️Erythrocyte Sedimentation Rate (ESR) (သွေးနီဉအနည်ထိုင်နှုန်းစစ်ဆေးခြင်း)
✅️C-Reactive Protein (CRP) (ကိုယ်တွင်းအဂ်ါရောင်ရမ်းမှုရှိ၊မရှိအားစစ်ဆေးခြင်း)
✅️Synovial fluid analysis (အရိုးတွင်းရည် စစ်ဆေးခြင်း)
✅️Urine analysis (ဆီးစစ်ဆေးခြင်း)
အစရှိသော ဓါတ်ခွဲစစ်ဆေးမှုများအား ကျွန်တော်တို့ Innovative Diagnostics တွင် နိုင်ငံတကာအဆင့်မီနည်းပညာသုံးစက်ကိရိယာများ နှင့် ဓါတ်ခွဲစစ်ဆေးမှုနည်းလမ်းများအသုံးပြုကာ ဓါတ်ခွဲကျွမ်းကျင်ပညာရှင်များမှ အကောင်းဆုံးဝန်ဆောင်မှုပေးနေကြောင်းတင်ပြရင်း မိဘပြည်သူများအနေဖြင့် Arthritis (အဆစ်မြစ်ရောင်ရောဂါ) ဖြစ်ပွားမှုအန္တရာယ်မှကင်းဝေးပါစေကြောင်းဆန္ဒပြုလျက် ကျန်းမာရေးအသိပညာပေးတင်ပြအပ်ပါသည်ခင်ဗျာ။








.innovativediagnosticsfacebook.com
Diagnostics Channel
: 09-977 809 108 /
09 - 969 923 821
:N0.(68), Taw Win St, 9 Mile, Mayangon Tsp ,Yangon.

❓️Neuroendocrine cancer ကို သင်သိပါသလား။သွေးနှင့် အာရုံကြောစနစ်နှစ်ခုကို ချိတ်ဆက်ပေးသော ဆဲလ်များမှဟော်မုန်းများကို ထုတ်ပ...
10/11/2025

❓️Neuroendocrine cancer ကို သင်သိပါသလား။
သွေးနှင့် အာရုံကြောစနစ်နှစ်ခုကို ချိတ်ဆက်ပေးသော ဆဲလ်များမှဟော်မုန်းများကို ထုတ်ပေးခြင်း အဆင့်တွင် ပြသနာဖြစ်ပေါ်ပြီး ကိုယ်ခန္ဓာလုပ်ဆောင်မှုများကို ထိန်းညှိပေးရာတွင် အကျိတ်တည်နေရာနှင့် ဟော်မုန်းထုတ်လုပ်မှုပေါ် မူတည်၍ လက္ခဏာကွဲပြားသော ကင်ဆာအမျိုးအစားဖြစ်ပါသည်။

❓️World Neuroendocrine Cancer Dayသတ်မှတ်လုပ်ဆောင်တာမျိုးရှိပါလား။
နှစ်စဉ် နိုဝင်ဘာလ(10) ရက်နေ့ကို World Neuroendocrine Cancer Day အဖြစ် သတ်မှတ်ကျင်းပပြီး ကျန်းမာရေးအသိပညာမြှင့်တင်ရန်၊ အချိန်မီရောဂါရှာဖွေနိုင်စေရန် နှင့် တိုးတက်ကောင်းမွန်သောကုသမှုများလေ့လာဖော်ထုတ်နိုင်ရန် ရည်ရွယ်၍ လှုပ်ရှားမှုများပြုလုပ်ကြပါသည်။

❓️Neuroendocrine ကင်ဆာသည် မည်သည့်နေရာတွေမှာအဖြစ်များတတ်ပါသလဲ။
Neuroendocrine ဆဲလ်များသည် အစာအိမ်နှင့်အူတွင်းလမ်းကြောင်း ၊ အဆုတ် ၊ အသည်း နှင့် မုန့်ချိုအိတ် တို့တွင် ရှိသောကြောင့် cancer ဖြစ်ပွားပါက အဆိုပါ အတွင်းအဂ်ါများထိခိုက်ပျက်စီးမှုများတွေ့ရပါသည်။သေဆုံးမှုနှုန်းသည် ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပိုမိုမြင့့်မားသည်ကိုတွေ့ရပါသည်။
အချိန်မီစစ်ဆေးကုသမှုခံယူရန်မှာအလွန်အရေးကြီးပါသည်။

❓️Neuroendocrine ကင်ဆာအတွက် ဘာတွေစစ်ဆေးလို့ရပါလဲ။
ကျွန်တော်တို့ Innovative Diagnostics ဓာတ်ခွဲခန်းတွင် Neuroendocrine cancer နှင့်ပတ်သက်၍ဓါတ်ခွဲစစ်ဆေးမှုများဖြစ်သည့်
🩸1)Blood tests သွေးမှတဆင့်စစ်ဆေးခြင်း (CBC, Insulin, Chromogranin A level, etc.,)
🧠2)Cytology test (ခန္ဓာကိုယ်စုတ်ထုတ်အရည်များမှစစ်‌ေဆးခြင်း)
🔬3) Biopsy test (အသားစစစ်ဆေးခြင်း)
🔬4) IHC (immuno histochemical stains) အထူးဓါတုဆေးဆိုးစစ်ဆေးခြင်း
🔬5) Molecular test (next generation sequencing) မျိုးရိုးဗီဇဆိုင်ရာအခြေနေများအားစစ်ဆေးခြင်း အစရှိသည့်ဓါတ်ခွဲစစ်ဆေးမှုများကို နိုင်ငံတကာအဆင့်မီနည်းပညာသုံးစက်ကိရိယာများ၊ကျွမ်းကျင်ပညာရှင်များနှင့်အကောင်းဆုံးဝန်ဆောင်မှုပေးလျက်ရှိနေကြောင်းသတင်းကောင်းပါးလျက် မိဘပြည်သူများအနေဖြင့် Neuroendocrine cancer နှင့်ပတ်သက်သော ကျန်းမာရေးအသိပညာရစေရန်တင်ပြအပ်ပါသည်ခင်ဗျာ။🙏








.innovativediagnosticsfacebook.com
Diagnostics Channel
: 09-977 809 108 /
09 - 969 923 821
:N0.(68), Taw Win St, 9 Mile, Mayangon Tsp ,Yangon.

🎉Congratulations to all Winners🎉🥳Yayy....November Quiz ရဲ့ အဖြေမှန်သူများမှ ကံထူးရှင်Winners လေးတွေကတော့ပေါ်ပေါက်လာပါပြီ...
08/11/2025

🎉Congratulations to all Winners🎉

🥳Yayy....
November Quiz ရဲ့ အဖြေမှန်သူများမှ ကံထူးရှင်Winners လေးတွေကတော့ပေါ်ပေါက်လာပါပြီခင်‌ဗျ။

အဖြေမှန်လေးကတော့...

1.Hair
2.Breakfast
3.Engineer
4.Waterfall
5.Gloveတို့ဘဲဖြစ်ပါတယ်ဗျ။

🎉ပါဝင်ဖြေဆိုသူတစ်ဦးတစ်ယောက်ချင်းဆီအားကျွန်တော်တို့ရဲ့ Innovative Laboratory ဘက်မှ ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် နောက်လာမည့် Quiz အစီအစဉ်များတွင်လဲ
ကံထူးရှင် Lucky Winner‌s လေးများဖြစ်ဖို့ ယခုလိုပဲ ပျော်ရွှင်စွာပါဝင်ဆင်နွှဲပေးဖို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျာ🎉

😍Winnerလေးများ Page Messenger တွင် လာရောက်ဆက်သွယ်၍ ဆုလက်‌ဆောင်များထုတ်ယူနိုင်ပါပြီခင်ဗျ။😍








.innovativediagnosticsfacebook.com
Diagnostics Channel
: 09-977 809 108 /
09 - 969 923 821
:N0.(68), Taw Win St, 9 Mile, Mayangon Tsp ,Yangon.

Address

အမှတ်(68), Taw Win Road, 9 Mile, Mayangone Township, Yangon
Myaungmya

Telephone

+959969923821

Website

Alerts

Be the first to know and let us send you an email when Innovative Diagnostics posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Innovative Diagnostics:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category