ပြည့်စုံ ဆေးခန်း နှင့် ဆေးဆိုင်

  • Home
  • Myanmar
  • Myaungmya
  • ပြည့်စုံ ဆေးခန်း နှင့် ဆေးဆိုင်

ပြည့်စုံ ဆေးခန်း နှင့် ဆေးဆိုင် For healthy life

အသည်းရောဂါဆိုတာ အချိန်မှီကုသနိုင်ရင် သက်တမ်းစေ့ နေနိုင်ကြပါတယ်..ခုလိုအချိန်မှာ အသည်းနဲ့ ပတ်သတ်တဲ့ရောဂါတွေကို ပြသနိုင်ဖို...
18/05/2026

အသည်းရောဂါဆိုတာ အချိန်မှီကုသနိုင်ရင် သက်တမ်းစေ့ နေနိုင်ကြပါတယ်..ခုလိုအချိန်မှာ အသည်းနဲ့ ပတ်သတ်တဲ့ရောဂါတွေကို ပြသနိုင်ဖို့ တခြားမြ်ို့ကြီးတွေကို သွားရောက်ပြသရတဲ့ အခက်အခဲတွေ ကင်းဝေးအောင် ပြည့်စုံ(၂) အထူးကုဆေးခန်းက စီစဥ်ထားရှိပေးပါတယ်.ရန်ကုန်မြို့မှ အသည်းအထူးကုဆရာဝန်ကြီးဖြင့် ၂၃.၅.၂၆(စနေနေ့) မှာလာရောက်ကြည့်ရှုကုသပေးမှာဖြစ်ပါတယ်..အသေးစိတ်စုံစမ်းမေးမြန်းလိုပါက -09965129409 သ်ို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်
ပြည့်စုံ(၂)ရောဂါရှာဖွေရေးနှင့်အထူးကုဆေးခန်း
အမှတ်(၁၄၄) ရှမ်းကုန်းပိုင်း တောင်ဆင်း ဦးဘချိုလမ်းမကြီးမြောင်းမြ
ဖုန်း -၀၉၉၆၅၁၂၉၄၀၈/၊၀၉၉၆၅၁၂၉၄၀၇

မြောင်းမြမြို့နှင့် အနီးတဝိုက်ရှိ မိဘပြည်သူများအတွက် သတင်းကောင်း မိဘပြည်သူများအတွက် ရန်ကုန်မြို့မှ နှလုံးအထူးဆရာဝန်ကြီး ...
18/05/2026

မြောင်းမြမြို့နှင့် အနီးတဝိုက်ရှိ မိဘပြည်သူများအတွက် သတင်းကောင်း
မိဘပြည်သူများအတွက် ရန်ကုန်မြို့မှ နှလုံးအထူးဆရာဝန်ကြီး 👉Dr အောင်သီဟစိုး
နှလုံးအထူးကုသမားတော်
M.B,B.S, M.Med.Sc(Int:Med)
Fellowship in interventional cardiology(India)
မှ ပြည့်စုံ(၂)အထူးကုဆေးခန်းတွင် လာမည့်
၂၃.၅.၂၆(စနေနေ့)မှာ
မနက် ၉ နာရီမှ ညနေ ၃ နာရီထိ လာရောက်ကြည့်ရှုကုသပေးမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်.

👉နှလုံးရောဂါသည် အချိန်မီကုသနိုင်ပါက အသက်အန္တရာယ်နှင့် နောက်ဆက်တွဲဆိုးကျိုးများကို လျှော့ချနိုင်ပါသည်။ သံသယရှိပါက ဆိုင်းငံ့မနေပါနှင့်
အောက်ပါ လက္ခဏာများ ခံစားရပါက နှလုံးအထူးကုဆရာဝန်ကြီးနှင့် တိုင်ပင်ပြသသင့်ပါသည်

ဤလက္ခဏာများ ခံစားနေရပါက ချက်ချင်းပြသပါ!**

> ✅ **ရင်ဘတ်အောင့်ခြင်း၊ ရင်ဘတ်တင်းကျပ်ခြင်း၊ ဖိအားဖြစ်ခြင်း** (နှလုံးသွေးကြောပိတ်ဆို့နိုင်သည့် လက္ခဏာ)
> ✅ **မောပန်းလွယ်ခြင်း၊ အသက်ရှူကြပ်ခြင်း** (ပုံမှန်လှုပ်ရှားမှုတွင်ပင်)
> ✅ **နှလုံးခုန်မြန်ခြင်း၊ ခုန်ကျဲခြင်း၊ ခုန်မမှန်ခြင်း** (Palpitations)
> ✅ **လက်မောင်း၊ မေးရိုး၊ လည်ပင်း၊ ကျောပြင်တို့တွင် နာကျင်ခြင်း** (အထူးသဖြင့် ဘယ်ဘက်)
> ✅ **ရုတ်တရက် ချွေးစေးပြန်ခြင်း၊ ပျို့အန်ခြင်း၊ မူးဝေခြင်း**
> ✅ **ညဘက် ချောင်းဆိုးခြင်း၊ ခြေထောက်ဖောရောင်ခြင်း**
> ✅ **သတိလစ်ခြင်း (သို့) သွေးခုန်နှုန်းရုတ်တရက် မြန်လွန်း/နှေးလွန်းခြင်း**

⚠️ **သတိပြုရန်:** တစ်ခါတရံ နှလုံးရောဂါလက္ခဏာများသည် **တိတ်ဆိတ်စွာ** (Silent) ဖြစ်နိုင်ပြီး ဆီးချို၊ သွေးတိုး၊ အဝလွန်သူများတွင် အထူးသတိထားရန် လိုအပ်ပါသည်၊
ပြည့်စုံ ၂ အထူးကုဆေးခန်း နှင့်ရောဂါရှာဖွေရေးစင်တာ
ဦးဘချိုလမ်း၊ရှမ်းကုန်းပိုင်းတောင်ဆင်း၊မြောင်းမြမြို့
(ဖုန်း-၀၉၉၆၅၁၂၉၄၀၉)သို့ ကြိုတင် စာရင်းပေးသွင်းနိုင်ပါသည်။
ဖုန်း-(၀၉၉၆၅၁၂၉၄၀၈)(၀၉၉၆၅၁၂၉၄၀၇)

📣📣📣ရန်ကုန်မြို့မှ အရိုးအကြောအဆစ် နှင့် ပြန်လည်သန်စွမ်းရေး ဆရာဝန်ကြီး မှ မြောင်းမြမြို့ ပြည့်စုံ(၂)ရောဂါရှာဖွေရေးနှင့်အထူ...
18/05/2026

📣📣📣ရန်ကုန်မြို့မှ အရိုးအကြောအဆစ် နှင့် ပြန်လည်သန်စွမ်းရေး ဆရာဝန်ကြီး မှ မြောင်းမြမြို့ ပြည့်စုံ(၂)ရောဂါရှာဖွေရေးနှင့်အထူးကုဆေးခန်းတွင် ၂၃.၅.၂၆(စနေနေ့)မှာ လာရောက်ကြည့်ရှုကုသပေးမှာဖြစ်ပါတယ်📣📣📣
အရိုး အကြောအဆစ်နှင့်ပြန်လည်သန်စွမ်းရေး အထူးကုဆရာဝန်ကြီးနှင့်အောက်ပါ ဝေဒနာရှင်များ လာရောက်ပြသနိုင်ပါတယ်ရှင်
*ကာလကြာရှည် ခါးနာ ခါးကိုက် ခံစားနေရသူများ
*ဒူးနာခြင်း အထိုင်အထ နာကျင်ခြင်း ခံစားနေရသူများ
*အညောင်းမိ သောကြောင့် အကြောအဆစ်များနာကျင်နေသူများ
*ထုံနာ ကျဥ်နာခံစားနေရသူများ
*ကျီးပေါင်းရောဂါ ခံစားနေရသူများ
*လေဖြတ်ပြီးစ လူနာများ နှင့်
အကြောအဆစ် နာကျင် ရောဂါအမျိုးမျိုးတို့ ခံစားနေရသူများ လာရောက်ပြသနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်.
ပြည့်စုံ(၂)ရောဂါရှာဖွေရေးနှင့်အထူးကုဆေးခန်း
အမှတ်(၁၄၄) ဦးဘချိုလမ်း ရှမ်းကုန်းပိုင်းတောင်ဆင်း မြောင်းမြမြို့ဖုန်း-(09965129408)(09965129407)
ဖုန်း-(09965129409)သို့ကြိုတင်စာရင်းပေးနိုင်ပါသည်။

မြောင်းမြမြို့နှင့် အနီးဝန်းကျင်မှ မိဘ ပြည်သူများအနေဖြင့် အထွေထွေအထူးကု သမားတော်ကြီး ဒေါက်တာဇော်မိုးရှိန်နှင့်ပြသလိုပါက ...
18/05/2026

မြောင်းမြမြို့နှင့် အနီးဝန်းကျင်မှ မိဘ ပြည်သူများအနေဖြင့် အထွေထွေအထူးကု သမားတော်ကြီး ဒေါက်တာဇော်မိုးရှိန်နှင့်ပြသလိုပါက
အထူးကုဆရာဝန်ကြီးမှ ( ၂၃.၅.၂၆) စနေနေ့တွင် နံနက် ၉ နာရီမှ ညနေ ၃ နာရီထိ ကြည့်ရှုကုသပေးမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
ရှမ်းကုန်းပိုင်းထိပ် ဦးဘချိုလမ်း မြောင်းမြမြို့
ဖုန်း -09965129409,09965129408

ကိုယ်ဝန်ဆောင် မိခင်များ အတွက်သတင်းကောင်း မြောင်းမြမြို့နှင့် အနီးဝန်းကျင်မှ မိဘ ပြည်သူများအနေဖြင့် သားဖွားမီးယပ် ဆိုင်ရာ...
17/05/2026

ကိုယ်ဝန်ဆောင် မိခင်များ အတွက်သတင်းကောင်း
မြောင်းမြမြို့နှင့် အနီးဝန်းကျင်မှ မိဘ ပြည်သူများအနေဖြင့် သားဖွားမီးယပ် ဆိုင်ရာ ရောဂါများအတွက် ဆွေးနွေးပြသလိုပါက
မြောင်းမြ ပြည်သူ့ဆေးရုံကြီးမှ သားဖွားမီးယပ်ဆိုင်ရာ အထူးကု ဆရာဝန်
ဒေါက်တာ ဆုသဲခိုင် နှင့်
ပြည့်စုံ(၂) ရောဂါရှာဖွေရေးနှင့်အထူးကုဆေးခန်း(မြောင်းမြမြို့) တွင် နေ့စဉ် ပြသနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါအပ်ပါသည်။
ရက်ချိန်းရယူနိုင်ရန်-
ဖုန်း -09965129409,09965129408
👉ကိုယ်ဝန်ရှိ/မရှိစစ်ဆေးမှုများ
👉ကိုယ်ဝန်ဆောင်ကာလ စောင့်ရှောက်မှုများ
👉ကလေးရရှိလိုသော အိမ်ထောင်သည်များအတွက် တိုင်ပင်ဆွေးနွေးမှုများ
👉သားဆက်ခြား လို သူများအတွက် တိုင်ပင်ဆွေးနွေးမှုများ
👉သားပျက် သားလျောဖြစ်ဖူးသူများ ကိုယ်ဝန်ထပ်ဆောင် နိုင်ရန်တိုင်ပင်ဆွေးနွေးခြင်း
👉အမျိုးသမီးများ ဓမ္မတာ / ရာသီသွေးမမှန်ခြင်း( ရာသီသွေးများခြင်း / နည်းခြင်း)
👉အဖြူဆင်းခြင်း
👉မိန်းမကိုယ် ယားယံခြင်း အနံဆိုးများထွက်ခြင်း
👉ဝမ်းဗိုက်အောက်ပိုင်း နာကျင်ခြင်း
👉သားအိမ် အတွင်း အလုံးအကျိတ်ရှိခြင်း
👉သားဥအိမ် အရည်အိတ် ဖြစ်ခြင်း၊ အလုံးတည်ခြင်း
👉သားအိမ်ခေါင်းကင်ဆာ ရှိ/မရှိ စစ်ဆေးမှုများ
👉အာထရာဆောင်းရိုက်ခြင်း
👉အမျိုးသမီး မီးယပ်ဆိုင်ရာ ရောဂါ အမျိုးမျိုး
တို့ကို ယုံကြည်စိတ်ချစွာ ဆွေးနွေးတိုင်ပင်ပြသနိုင်ပါပြီ။
ပြည့်စုံ ၂ ရောဂါရှာဖွေရေးနှင့်အထူးကုဆေးခန်း
အမှတ်(၁၄၄)၊ ဦးဘချိုလမ်းမပေါ်၊ ရှမ်းကုန်းပိုင်းတောင်ဆင်း၊မြောင်းမြမြို့။
ဖုန်း -09965129409,09965129408

အရေပြား ရောဂါဆိုတာမျိုးဟာ ကုသပျောက်ကင်းနိုင်တဲ့ရောဂါ မျိုးဖြစ်ပါတယ်..အရေပြား ရောဂါအထူးကုဆရာဝန်ကြီး နှင့် ပြည့်စုံ (၂) ရေ...
17/05/2026

အရေပြား ရောဂါဆိုတာမျိုးဟာ ကုသပျောက်ကင်းနိုင်တဲ့ရောဂါ မျိုးဖြစ်ပါတယ်..အရေပြား ရောဂါအထူးကုဆရာဝန်ကြီး နှင့် ပြည့်စုံ (၂) ရောဂါရှာဖွေရေးနှင့် အထူးကုဆေးခန်း(မြောင်းမြမြို့)မှာ နေ့စဥ် ပြသနိုင်ပါပြီ..
အရေပြားရောဂါအမျိုးမျိုးဖြစ်တဲ့
-မှိုရောဂါအမျိုးမျိုး
-လက်သည်း ခြေသည်းမှိုစွဲခြင်း
-ဝဲ နှင်းခူ ရောဂါများ
-ရေကျောက် ,ကြွက်န်ို့ ,ရေယုန်,
-ပွေး ဝဲ ညှင်း
-ယားနာအမျိုးမျိုး
-ဝက်ခြံ တင်းတိပ် မှဲ့ခြောက် နေလောင်ကွက်
-အရေပြား ဓါတ်မတည့်မှုများ
- ဆံပင် ဗောက်ထခြင်း စသည့်ရောဂါအမျိုးမျိုးတို့ အားပြည့်စုံ(၂)အထူးကုဆေးခန်းတွင် နေ့စဥ် ပြသနိုင်ပါသည်

ပြည့်စုံ(၂)ရောဂါရှာဖွေရေးနှင့်အထူးကုဆေးခန်း
ဆေးခန်းဖွင့်ချိန် -နေ့စဥ် နံနက် (၇)မှ ည (၇)နာရီ
အမှတ်(၁၄၄)၊ဦးဘချိုလမ်းမပေါ်၊ရှမ်းကုန်းပိုင်းတောင်ဆင်း၊ မြောင်းမြ။
ဖုန်း -၀၉၉၆၅၁၂၉၄၀၈

မြောင်းမြမြို့နှင့် အနီးဝန်းကျင်မှ မိဘပြည်သူများ အတွက် နား နှာခေါင်း လည်ချောင်း နှင့် သက်ဆိုင်သော ရောဂါများအား ပြည့်စုံ(...
17/05/2026

မြောင်းမြမြို့နှင့် အနီးဝန်းကျင်မှ မိဘပြည်သူများ အတွက် နား နှာခေါင်း လည်ချောင်း နှင့် သက်ဆိုင်သော ရောဂါများအား ပြည့်စုံ(၂)ရောဂါရှာဖွေရေးနှင့်အထူးကုဆေးခန်း(မြောင်းမြမြို့)တွင် နား နှာခေါင်း လည်ချောင်း အထူးကုဆရာဝန်ကြီး Dr ညိုရည်ဟန် ဖြင့် နေ့စဥ် ပြသနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်ရှင်.

နားနှင့်ပတ်သတ်သော ရောဂါများ
နားပြည်ယိုခြင်း,နားထဲမှ အရည်(သို့)သွေးထွက်ခြင်း,နားကိုက်ခြင်း,နားမကြားခြင်း,နားအူခြင်း,နားထဲ၌ ပုံမှန်မဟုတ်သော အသံများကြားရခြင်း ,နားထိခိုက်မိခြင်း ,နားထဲသို့ ပိုးကောင်(သို့)အရာဝတ္ထုဝင်ရောက်ခြင်း,နားရွက် ၌ အသားပိုဖြစ်ခြင်း

နှာခေါင်းရောဂါများ
နှာခေါင်းပိတ်ခြင်း,နှာခေါင်းယောင်ခြင်း,နှာခေါင်းထဲသို့ အရာဝတ္ထု ဝင်ရောက်ခြင်း,နာတာရှည် နှာခေါင်းယောင် နှာခေါင်းပိတ်၍ အနံ့မရခြင်း,နှာခေါင်းထဲရှိ နှာသီးကြီးခြင်း,နှာခေါင်းတွင်း အသားပိုဖြစ်ခြင်း,နှာခေါင်းထိခိုက်ဒဏ်ရာရခြင်း,နှာခေါင်းသွေးလျှံခြင်း,နှာရည်ထွက်၍ နှာခေါင်းဘေးနှစ်ဖက်ကိုက်ခြင်း

လည်ချောင်းရောဂါများ
လည်ချောင်းထဲ၌ တစ်စို့စို့ဖြစ်ခြင်း,အရိုးစူးခြင်း,လည်ချောင်းနာခြင်း,လျှာ၌ အနာဖြစ်ခြင်း,အာခေါင်မိုး၌ အနာဖြစ်ခြင်း ,အာသီးယောင်ခြင်း,အစာမျိုချရန် ခက်ခဲခြင်း,အသံဝင်ခြင်း,အသံပြောင်းခြင်း,

လည်ပင်းရောဂါများ
လည်ပင်းအရှေ့ အနောက် ဘေးတို့၌အလုံးအကြိတ် ဖြစ်ခြင်း ,လည်ပင်း၌ ပြည်တည်နာဖြစ်ခြင်း ,လည်ပင်းကြီးရောဂါ များ,လည်ပင်း၌ ထိခိုက်မိခြင်း
စသည်တို့ကို ပြသနိုင်ပါသည်...
အသေးစိတ်စုံစမ်းမေးမြန်းလိုပါက (ဖုန်းနံပါတ် -09965129409-09965129408)သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်.
ပြည့်စုံ(၂)ရောဂါရှာဖွေရေးနှင့်အထူးကုဆေးခန်း
အမှတ်(၁၄၄)၊ဦးဘချိုလမ်းမပေါ်၊ရှမ်းကုန်းပိုင်းတောင်ဆင်း၊မြောင်းမြ။
ဖုန်း -၀၉၉၆၅၁၂၉၄၀၈၊ ၀၉၉၆၅၁၂၉၄၀၉

ပြည့်စုံ (၂)ရောဂါရှာဖွေရေးနှင့် အထူးကုဆေးခန်း(မြောင်းမြမြို့)တွင် ခွဲစိတ်အထူးကုဆရာဝန် ဒေါက်တာ တင်ဇာမြတ်မော် M.B.,B.S ,M....
17/05/2026

ပြည့်စုံ (၂)ရောဂါရှာဖွေရေးနှင့် အထူးကုဆေးခန်း(မြောင်းမြမြို့)တွင် ခွဲစိတ်အထူးကုဆရာဝန် ဒေါက်တာ တင်ဇာမြတ်မော် M.B.,B.S ,M.Med.Sc(surgery)နှင့် နေ့စဉ် ပြသနိုင်ပြိီဖြစ်ကြောင်း အသိပေးအပ်ပါသည်..ခွဲစိတ်အထူးကုဆရာဝန်ဖြင့် အောက်ပါရောဂါများ ပြသနိုင်ပါသည်
-ဗိုက်အောင့် ဗိုက်နာ
-ရင်သားအကျိတ်
-အဆီကျိတ်,အလုံးအကျိတ်
-လိပ်ခေါင်း,ဂရင်ဂျီနာ
-အူအတက်ရောင်
-အနာအမျိုးမျိုး
-ထိခိုက်ဒဏ်ရာ အမျိုးမျိုးတို့အတွက်
ပြသလိုပါက (Hot Line - 09965129408, 09965129409) သို့ အသေးစိတ် စုံစမ်း မေးမြန်းန်ိုင်ပါတယ်ရှင့်.
ပြည့်စုံ(၂)ရောဂါရှာဖွေရေးနှင့်အထူးကုဆေးခန်း
အမှတ်(၁၄၄)၊ ဦးဘချိုလမ်းမပေါ်၊ ရှမ်းကုန်းပိုင်းတောင်ဆင်း၊မြောင်းမြမြို့။
ဖုန်း -၀၉၉၆၅၁၂၉၄၀၈

📢 Ultrasound(အာထရာဆောင်း) စမ်းသပ်မှုဖြင့် ရောဂါများကို အချိန်မီ သိရှိနိုင်ပါပီမြောင်းမြမြို့နှင့်အနီးတဝိုက်ရှိ မိဘ ပြည်သ...
17/05/2026

📢 Ultrasound(အာထရာဆောင်း) စမ်းသပ်မှုဖြင့် ရောဂါများကို အချိန်မီ သိရှိနိုင်ပါပီ
မြောင်းမြမြို့နှင့်အနီးတဝိုက်ရှိ မိဘ ပြည်သူများအတွက် ရောဂါများကိုစောစီးစွာ ကြိုသိနိုင်ရန် ပြည့်စုံ(၂) ရောဂါရှာဖွေရေးနှင့် အထူးကုဆေးခန်း(မြောင်းမြမြို့) တွင် ခေတ်မီ Ultrasound စက်ကြီးဖြင့် ခန္ဓာကိုယ်အတွင်းရှိ ပြဿနာများကို တိကျမှန်ကန်စွာ နေ့စဉ် စစ်ဆေးပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါလိုက်ပါတယ်ရှင်
လိပ်စာ-အမှတ်(၁၄၄) ၊ဦးဘချိုလမ်းမပေါ်၊ရှမ်းကုန်းပိုင်းတောင်ဆင်း၊မြောင်းမြမြို့။
ဖုန်း-၀၉၉၆၅၁၂၉၄၀၈၊ ၀၉၉၆၅၁၂၉၄၀၉

🔍 Ultrasound ရိုက်ခြင်းဖြင့် အောက်ပါ ရောဂါများ ကို စောစီးစွာသိရှိနိုင်ပီး အချိန်မှီကုသမှု ရယူလိုက်ပါ
🩺 အသည်း နှင့် သက်ဆိုင်သော ရောဂါများဖြစ်သော
👉အသည်းအဆီဖုံး၊ အသည်းရောင်၊ အသည်းခြောက်၊အသည်းတွင် အလုံးအကြိတ်ရှိခြင်း၊ အသည်းကြီးခြင်း စသဖြင့်

🩺 ကျောက်ကပ် နှင့် ဆိုင်သော ရောဂါများဖြစ်သော
👉ကျောက်ကပ်ကျောက် တည်ခြင်း၊ကျောက်ကပ်ရောင်ခြင်း၊ ကျောက်ကပ်တွင်အသားဖု၊အရည်အိတ်ဖြစ်ခြင်း

🩺 သည်းခြေအိတ်ဆိုင်ရာ ရောဂါများဖြစ်သော
👉သည်းခြေအိတ်ရောင်ခြင်း၊ ကျောက်တည်ခြင်း
🩺 အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်သော
👉အူလမ်းကြောင်းရောင်ခြင်း၊ ထူခြင်း၊ အူစွပ်ခြင်း၊ အူပေါက်ခြင်း
👉အူအတက်ရောင်ခြင်း
👉ဝမ်းဗိုက်အတွင်းအလုံးအကျိတ်ရှိခြင်း

👩‍⚕️ အမျိုးသမီး ဆိုင်ရာ ကိစ္စများဖြစ်သော
👉ကိုယ်ဝန်ရှိ/မရှိ စစ်ဆေးခြင်း၊ ကလေး၏ ဖွံ့ဖြိုးမှု စစ်ဆေးခြင်း၊ သားအိမ် အလုံးအကျိတ်၊ သားဥ အိမ် အလုံး ၊ အရည်အိတ်များ ရှိ/မရှိ စစ်ဆေးခြင်း
👨‍⚕️ အမျိုးသားများ ပြဿနာများဖြစ်သော
👉ဆီးကျိတ်ကြီးခြင်း၊ ဆီးအိမ်ပြဿနာများ
လည်ချောင်းနှင့် သွေးကြောဆိုင်ရာ ပြဿနာများဖြစ်သော
👉သွေးကြော (Doppler Ultrasound) – သွေးလည်ပတ်မှု စစ်ဆေးခြင်း
👉လည်ချောင်း (Thyroid gland) ပြဿနာများ၊လည်ပင်း အလုံးအကျိတ် ပြဿနာ များ
စသည် တို့ကို အတွေ့အကြုံရှိ ဆရာဝန်ကြီး မှ အချိန်တို အတွင်းစမ်းသပ်စစ်ဆေးပေးနေပါပြီ။
🙏မိဘပြည်သူများအားလုံး ရောဂါကင်းရှင်းပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေရှင်

မြောင်းမြမြို့နှင့် အနီးဝန်းကျင်မှ မိဘ ပြည်သူများအနေဖြင့် အထွေထွေအထူးကု သမားတော်ကြီး ဒေါက်တာဇော်မိုးရှိန်နှင့်ပြသလိုပါက ...
12/05/2026

မြောင်းမြမြို့နှင့် အနီးဝန်းကျင်မှ မိဘ ပြည်သူများအနေဖြင့် အထွေထွေအထူးကု သမားတော်ကြီး ဒေါက်တာဇော်မိုးရှိန်နှင့်ပြသလိုပါက
အထူးကုဆရာဝန်ကြီးမှ ( ၁၆.၅.၂၆) စနေနေ့တွင် နံနက် ၉ နာရီမှ ညနေ ၃ နာရီထိ ကြည့်ရှုကုသပေးမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
ရှမ်းကုန်းပိုင်းထိပ် ဦးဘချိုလမ်း မြောင်းမြမြို့
ဖုန်း -09965129409,09965129408

မြောင်းမြ မြို့နှင့် အနီးတဝိုက်ရှိ မိဘပြည်သူများ၏ကျန်းမာရေးလိုအပ်ချက်များကို အမြဲဖြည့်စီးဖို့ကြိုးစား နေတဲ့ ပြည့်စုံ (၂)...
11/05/2026

မြောင်းမြ မြို့နှင့် အနီးတဝိုက်ရှိ မိဘပြည်သူများ၏ကျန်းမာရေးလိုအပ်ချက်များကို အမြဲဖြည့်စီးဖို့ကြိုးစား နေတဲ့ ပြည့်စုံ (၂) ရောဂါရှာဖွေရေးနှင့်အထူးကုဆေးခန်းရဲ့ နောက်ထပ်ကြိုးစားမှု အနေနှင့် ရန်ကုန်မြို့မှ ဆီးနှင့်ကျောက်ကပ် ဆိုင်ရာ အထူးကု သမားတော်ကြီးမှ မြောင်းမြမြို့ ပြည့်စုံ (၂) အထူးကုဆေးခန်းတွင်
၁၆.၅.၂၀၂၆(စနေနေ့) တွင် မနက် ၉:၃၀ မှ စတင်၍ လူနာများအား ဆွေးနွေးကြည့်ရှုပေးမှာ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်

🧑‍⚕️မပေါ့ဆသင့်တဲ့ ရောဂါများထဲမှာ ဆီးနှင့်ကျောက်ကပ် ဆိုင်ရာ ရောဂါများလဲ ပါဝင်ပါတယ်
🧑‍⚕️ကျောက်ကပ် ထိခိုက်နေကြောင်း ပြတဲ့ လက္ခဏာတွေ ကို သတိမထားမိဘဲ အချိန်လွန်မှကျောက်ကပ်ရောဂါ ဖြစ်နေတာကို သိရင် လူရော၊ စိတ်ရော၊ ငွေကြေးရော ပင်ပန်းကြရပါတယ်
ဒါကြောင့် အောက်ပါ လက္ခဏာ တွေ ခံစားနေရပီဆိုရင် ကျောက်ကပ် နေကောင်း နေရဲ့ လား ဆိုတာ ဆီးနှင့်ကျောက်ကပ်ဆိုင်ရာ အထူးကု သမားတော်ကြီး နှင့် တိုင်ပင် ဖို့လိုအပ်ပါတယ်
👉 ခန္ဓာကိုယ် ဖောထွက်ခြင်း (မျက်နှာ၊ ခြေထောက်)
👉မောပန်းလွယ်ခြင်း
👉အစာမစားချင်ခြင်း
👉ဆီးထွက်နည်းခြင်း
👉ရင်ဘတ်ပင်ပန်းခြင်း
👉မူးဝေခြင်း
👉ဆီးတွင် သွေးပါခြင်း
👉သွေးတိုး
👉ဆီးပမာဏ လျော့နည်းခြင်း
👉နောက်ကျောဘက် (ဘေးနား) တစ်ဖက်တည်း နာကျင်ခြင်း
* ဆီးသွားချိန် အနာခံစားရခြင်း
* ဆီးတွင် သွေးပါခြင်း
ဆီးသွားချင်စိတ် မကြာခဏဖြစ်ခြင်း
* ဆီးသွားချိန် နာကျင်မှု၊ မီးလောင်သလိုခံစားရခြင်း
* ဆီးတွင် အနံ့ဆိုး သို့မဟုတ် မည်းဝါရောင်
* တခါတရံ ဖျားခြင်း
🚨နာတာရှည်ကျောက်ကပ် ပျက်စီးခြင်းကြောင့် ကျောက်ကပ် ဆေး နေရသူများ လဲ ပုမှန်ပြသသင့်ပါသည်🚨
ကြိုတင်ရက်ချိန်းရယူရန်ဖုန်း-09965129409,09965129408
လိပ်စာ- အမှတ်(၁၄၄)၊ဦးဘချိုလမ်းမပေါ်၊ရှမ်းကုန်းပိုင်းတောင်ဆင်း၊ မြောင်းမြ။

လိုအပ်သောသွေးစစ်ဆေးမှုများ၊ကျောက်ကပ်လုပ်ဆောင်ချက် စစ်ဆေးမှုများနှင့် ဓါတ်မှန်၊Ultrasound ရိုက်ခြင်းများကိုလည်းအချိန်ကုန်သက်သာစွာဖြင့်တစ်ခါတည်းလုပ်ဆောင်နိုင်မည်ဖြစ်ပါတယ်။

Address

Myaungmya

Opening Hours

Monday 07:00 - 19:00
Tuesday 07:00 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 19:00
Friday 07:00 - 19:00
Saturday 07:00 - 19:00
Sunday 07:00 - 19:00

Telephone

+959965129408

Website

Alerts

Be the first to know and let us send you an email when ပြည့်စုံ ဆေးခန်း နှင့် ဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share