ဝိတိုရိယဆေးရုံ နှလုံးနှင့်သွေးကြောစင်တာသည် အမှတ်(၆၈) တော်ဝင်လမ်း (၉)မိုင် မရမ်းကုန်းမြို့နယ် ရန်ကုန်မြို့တွင် တည်ရှိပြီး နှလုံးနှင့်သွေးကြောရောဂါခံစားနေရသူများကို နိုင်ငံတကာအဆင့်မီ စက်ကိရိယာများဖြင့် ဝါရင့်ကျွမ်းကျင် နှလုံးအထူးကုဆရာဝန်ကြီးများကိုယ်တိုင် ကုသမှုများပြုလုပ်ပေးနေသော အထူးကုစင်တာတစ်ခုဖြစ်ပါသည်။
ထို့အပြင် ယခင်က နိုင်ငံခြားသို့ သွားရောက်ကုသမှုခံယူရသော နှလုံးကျန်းမာရေးဝန်ဆောင်မှုများကို ကိုယ့်နိုင်ငံအတွင်းမှာ ကုန်ကျစရိတ်ပိုမိုသက်သာစွာဖြင့် ကုသမှုခံယူနိုင်ရန် အထူးအလေးထားဆောင်ရွက်လျက်ရှိသော အထူးကုစင်တာတစ်ခုလည်း ဖြစ်ပါသည်။
(၂၄)နာရီ အရေးပေါ်ဝန်ဆောင်မှုများအနေနှင့်
(၁) နှလုံးသွေးကြောဓါတ်မှန်ရိုက်ခြင်း (Angiogram)
(၂) နှလုံးသွေးကြောချဲ့ထောက်တိုင် (Stent) ထည့်၍ နှလုံးသွေးကြောချဲ့ကုသခြင်း (Angioplasty)
(၃) နှလုံးနှိုးဆွစက် (Pacemaker) တပ်ဆင်ခြင်း အစရှိသော ဝန်ဆောင်မှုများရှိပါသည်။
ထို့အပြင် နှလုံးနှင့်သွေးကြောရောဂါများအတွက် ကျန်းမာရေးဝန်ဆောင်မှုများအနေနှင့်
(၁) နှလုံးတွင် မွေးရာပါအပေါက်ပါသောရောဂါများကို မခွဲစိတ်ဘဲ ကိရိယာဖြင့်ပိတ်၍ ကုသခြင်း
(၂) ဆီးချိုခြေထောက်အနာတွင် အနာကျက်နှုန်းမြန်အောင် သွေးလွှတ်ကြောချဲ့ပေးခြင်း (Diabetes Foot Ulcer Revascularization)
(၃) သွေးပြန်ကြောသွေးခဲခြင်းကို ပြန်လည်ဖွင့်ပေးခြင်း (Venous Thrombolysis)
(၄) ခြေထောက်သွေးကြောထုံးရောဂါအား Radiofrequency Ablation(RFA) နည်းပညာဖြင့် ကုသခြင်း
(၅) ခန္ဓာကိုယ် သွေးလွှတ်ကြောပိတ်ခြင်းများအတွက် သွေးလွှတ်ကြောချဲ့ကုသခြင်း (Peripheral Angioplasty)
(၆) နှလုံးကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးခြင်း (Heart Screening Package)
(၇) နှလုံးအထူးကုဆရာဝန်ကြီးများက အတိုင်ပင်ခံ ဆွေးနွေးပေးခြင်း (OPD Service) အစရှိသော ဝန်ဆောင်မှုများရှိပါသည်။
[Zawgyi font]
ဝိတိုရိယေဆး႐ုံ ႏွလုံးႏွင့္ေသြးေၾကာစင္တာသည္ အမွတ္(၆၈) ေတာ္ဝင္လမ္း (၉)မိုင္ မရမ္းကုန္းၿမိဳ႕နယ္ ရန္ကုန္ၿမိဳ႕တြင္ တည္ရွိၿပီး ႏွလုံးႏွင့္ေသြးေၾကာေရာဂါခံစားေနရသူမ်ားကို ႏိုင္ငံတကာအဆင့္မီ စက္ကိရိယာမ်ားျဖင့္ ဝါရင့္ကြၽမ္းက်င္ ႏွလုံးအထူးကုဆရာဝန္ႀကီးမ်ားကိုယ္တိုင္ ကုသမႈမ်ားျပဳလုပ္ေပးေနေသာ အထူးကုစင္တာတစ္ခုျဖစ္ပါသည္။
ထို႔အျပင္ ယခင္က ႏိုင္ငံျခားသို႔ သြားေရာက္ကုသမႈခံယူရေသာ ႏွလုံးက်န္းမာေရးဝန္ေဆာင္မႈမ်ားကို ကိုယ့္ႏိုင္ငံအတြင္းမွာ ကုန္က်စရိတ္ပိုမိုသက္သာစြာျဖင့္ ကုသမႈခံယူႏိုင္ရန္ အထူးအေလးထားေဆာင္႐ြက္လ်က္ရွိေသာ အထူးကုစင္တာတစ္ခုလည္း ျဖစ္ပါသည္။
ဝိတိုရိယေဆး႐ုံ ႏွလုံးႏွင့္ေသြးေၾကာစင္တာတြင္
(၂၄)နာရီ အေရးေပၚဝန္ေဆာင္မႈမ်ားအေနႏွင့္
(၁) ႏွလုံးေသြးေၾကာဓါတ္မွန္႐ိုက္ျခင္း (Angiogram)
(၂) ႏွလုံးေသြးေၾကာခ်ဲ႕ေထာက္တိုင္ (Stent) ထည့္၍ ႏွလုံးေသြးေၾကာခ်ဲ႕ကုသျခင္း (Angioplasty)
(၃) ႏွလုံးႏႈိးဆြစက္ (Pacemaker) တပ္ဆင္ျခင္း အစရွိေသာ ဝန္ေဆာင္မႈမ်ားရွိပါသည္။
ထို႔အျပင္ ႏွလုံးႏွင့္ေသြးေၾကာေရာဂါမ်ားအတြက္ က်န္းမာေရးဝန္ေဆာင္မႈမ်ားအေနႏွင့္
(၁) ႏွလုံးတြင္ ေမြးရာပါအေပါက္ပါေသာေရာဂါမ်ားကို မခြဲစိတ္ဘဲ ကိရိယာျဖင့္ပိတ္၍ ကုသျခင္း
(၂) ဆီးခ်ိဳေျခေထာက္အနာတြင္ အနာက်က္ႏႈန္းျမန္ေအာင္ ေသြးလႊတ္ေၾကာခ်ဲ႕ေပးျခင္း (Diabetes Foot Ulcer Revascularization)
(၃) ေသြးျပန္ေၾကာေသြးခဲျခင္းကို ျပန္လည္ဖြင့္ေပးျခင္း (Venous Thrombolysis)
(၄) ေျခေထာက္ေသြးေၾကာထုံးေရာဂါအား Radiofrequency Ablation(RFA) နည္းပညာျဖင့္ ကုသျခင္း
(၅) ခႏၶာကိုယ္ ေသြးလႊတ္ေၾကာပိတ္ျခင္းမ်ားအတြက္ ေသြးလႊတ္ေၾကာခ်ဲ႕ကုသျခင္း (Peripheral Angioplasty)
(၆) ႏွလုံးက်န္းမာေရးစစ္ေဆးမႈမ်ား ျပဳလုပ္ေပးျခင္း (Heart Screening Package)
(၇) ႏွလုံးအထူးကုဆရာဝန္ႀကီးမ်ားက အတိုင္ပင္ခံ ေဆြးေႏြးေပးျခင္း (OPD Service) အစရွိေသာ ဝန္ေဆာင္မႈမ်ားရွိပါသည္။