My Doctor

My Doctor Bridging Myanmar to Healthier Society myDoctor is Myanmar’s pioneer digital healthcare service established since 2016.
(1682)

Our Vision is “Bridging Myanmar to Healthier Society”

In early days, myDoctor started with supporting people with the right medical information on their fingertips and empowering people with proper medical knowledge and healthcare contents. As a leader in healthcare content, we also help healthcare brands connect to their customers. We started to gain momentum in digitalization with Booking Apps

platform in 2018 to make booking healthcare appointments as simple as booking a cab that save time and cost in accessing. In 2020, myDoctor start introducing tele-consultation service in Myanmar with the purpose of connecting healthcare providers and patients, to deliver high quality care, convenient and affordable healthcare. We connect patients seeking care for minor medical issues or behavioral health concerns with healthcare providers, who conduct video-based privately and securely online, over the phone or mobile app. By using our service, healthcare provider and patients can easily access and manage medical information that will save time, cost and energy.

(၇၈) ကြိမ်မြောက်အာဇာနည်နေ့၁၉၄၇ ခုနှစ်၊ ဇူလိုင်လ၊ (၁၉) ရက်နေ့၊ နံနက် (၁၀) နာရီ (၃၇) မိနစ် အချိန်တွင် ကျဆုံးခဲ့သော ဗိုလ်ချ...
19/07/2025

(၇၈) ကြိမ်မြောက်အာဇာနည်နေ့

၁၉၄၇ ခုနှစ်၊ ဇူလိုင်လ၊ (၁၉) ရက်နေ့၊ နံနက် (၁၀) နာရီ (၃၇) မိနစ် အချိန်တွင် ကျဆုံးခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများအား ရိုသေလေးစားစွာ ဦးညွှတ် ဂါရဝပြုအပ်ပါသည်။


မိုးရေနဲ့အတူ ပါလာတတ်တဲ့ ဝမ်းပျက်ဝမ်းလျှောခြင်း မိုးဦးလေဦးကျလာပြီဆိုရင် မိုးဖြောက်ဖြောက်မှာ နှာစေး ချောင်းဆိုးတာအပြင် ဖြစ...
18/07/2025

မိုးရေနဲ့အတူ ပါလာတတ်တဲ့ ဝမ်းပျက်ဝမ်းလျှောခြင်း

မိုးဦးလေဦးကျလာပြီဆိုရင် မိုးဖြောက်ဖြောက်မှာ နှာစေး ချောင်းဆိုးတာအပြင် ဖြစ်တတ်တဲ့ နောက်ထပ် ကျန်းမာရေး ပြဿနာ တစ်ခုရှိပါသေးတယ်။ ဒါကတော့ ဝမ်းပျက်ဝမ်းလျှောတာပါ။

ဝမ်းပျက်ဝမ်းလျှောခြင်း ဆိုတာက ပုံမှန်အခြေအနေထက် ကျော်လွန်နေတဲ့ ဝမ်းသွားတဲ့ အခြေအနေကို ဆိုလိုတာပါ။ ဝမ်းသွားတာက ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကို စွန့်ထုတ်တဲ့ နေ့စဉ်ဘဝရဲ့ ဖြစ်စဉ် တစ်ရပ်ဆိုပေမယ့် တစ်နေ့ကို အကြိမ်ရေ များစွာ သွားနေမယ်။ ဝမ်းက အရည်တွေ ဖြစ်နေမယ် ဝမ်းသွားချင်တဲ့အခါ အောင့်ထားလို့ မရအောင် ဖြစ်နေမယ်ဆိုရင်တော့ ဝမ်းပျက်ဝမ်းလျှောဖြစ်နေတာပါ။

ဝမ်းပျက်ဝမ်းလျှောတာက ၁ ရက်ကနေ ၃ ရက်အတွင်းမှာ သက်သာသွားတတ်ပါတယ်။ ၃ ရက်ထက် ပိုကြာပြီး ဝမ်းပျက်ဝမ်းလျှောတာကို ခံစားရတယ်ဆိုရင်တော့ သေချာလေး ကုသမှု ခံယူဖို့ လိုအပ်နေပါပြီ။

ဝမ်းပျက်ဝမ်းလျှောဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့

ဘက်တီးရီးယား ကူးစက်ခံရတာ
ဗိုင်းရပ်စ် ကူးစက်တာ
အစာခြေဖျက်ဖို့ ခက်တာ
အစားအသောက် ဓာတ်မတည့်တာ
အစားအစာတွေ၊ သောက်ရေတွေကနေတဆင့် ခန္ဓာကိုယ်ထဲကို ကပ်ပါးပိုး ဝင်ရောက်တာ
ဆေးဝါးတွေဓာတ်ပြုမှု
အူရောင်ရမ်းတဲ့ရောဂါ [inflammatory bowel disease] ရှိတာ
အစာအိမ် နဲ့ အူမကြီး ကောင်းစွာ အလုပ် မလုပ်နိုင်တာ
အစာအိမ် ဒါမှမဟုတ် သည်းခြေအိတ် ခွဲစိတ်ကုသမှု ခံယူထားတာ
ပဋိဇီဝ ပိုးသတ်ဆေး တစ်ခုခု သောက်ထားတာ
သိုင်းရွိုက်ပြဿနာလိုမျိုး ဇီဝကမ္မဆိုင်ရာ ကျန်းမာရေး ပြဿနာ ရှိနေတာတွေကြောင့် ဝမ်းပျက်ဝမ်းလျှော ဖြစ်နိုင်ပါတယ်။

ဒီလိုမျိုး ကျန်းမာရေးဗဟုသုတတွေ နေ့စဉ်ဖတ်ရှုနိုင်ဖို My Doctor Page ကို Like & Follow လုပ်ပေးထားဖို မမေ့လိုက်နဲ့ဦးနော်။ 🥰🌠


နားဖာချေးအကြောင်း သိကောင်းစရာသင့်ရဲ့ နားဖာချေးက သင့်ရဲ့နားကို ကာကွယ်ရာမှာ ကူညီသလို သင့်ရဲ့ ကျန်းမာရေး အခြေအနေ အချို့ကိုလ...
16/07/2025

နားဖာချေးအကြောင်း သိကောင်းစရာ

သင့်ရဲ့ နားဖာချေးက သင့်ရဲ့နားကို ကာကွယ်ရာမှာ ကူညီသလို သင့်ရဲ့ ကျန်းမာရေး အခြေအနေ အချို့ကိုလည်း ဖော်ပြ ပေးနိုင်ပါတယ်။

ပုံမှန်ဆိုရင် နားဖေးချေးက လိမ္မော်ရောင် နုနုကနေ အညိုရောင် ရင့်ရင့်အတွင်းမှာပဲ ရှိတတ်ပါတယ်။ ဒါပေမဲ့ အဝါရောင်၊ အစိမ်းရောင်၊ အဖြူရောင် ဒါမှမဟုတ် အနက်ရောင်တွေ ဖြစ်နေပြီဆိုရင်တော့ ဒါဟာ သင့်မှာ ရောဂါပိုး တစ်ခုခုရှိနေတယ်ဆိုတဲ့ လက္ခဏာ ဖြစ်တာကြောင့် ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက် ပြသ ရတော့မှာပါ။

သင့်ရဲ့ နားဖာချေးနဲ့ နားအတွင်းပိုင်း အရေပြားတွေက ခြောက်ကပ်ပြီး အဖတ်လေးတွေ ဖြစ်နေမယ်ဆိုရင် ဒါ နှင်းခူနာ ဖြစ်တာပါ။ ဒါ့အပြင် အနီပိန့်တွေထတဲ့ အရေပြား ရောဂါလက္ခဏာလည်း ဖြစ်နိုင်ပါတယ်။

သင့်နားဖာချေးရဲ့ အနံ့က ဆိုးဆိုးရွားရွား နံနေတာမျိုး မဖြစ်သင့်ပါဘူး။ တကယ်လို့ အနံ့ ပြင်းပြင်းထန်ထန် ထွက်နေပြီဆိုရင် ဒါဟာ ရောဂါ တစ်ခုခုရှိနေတဲ့ လက္ခဏာပါ။ အမြန်ဆုံး ဆရာဝန်နဲ့ ပြသ စစ်ဆေး သင့်ပါတယ်။

ကိုယ်လက် လှုပ်ရှားမှု ပြင်းပြင်းထန်ထန် လုပ်ပြီးချိန်မှာ နားဖာချေးက စိုစွတ်ပြီး စိမ့်ထွက်တာမျိုး ရှိတတ်ပါတယ်။ ဒါပေမဲ့ ပုံမှန် အချိန်တွေမှာ၊ ဒါမှမဟုတ် ညအိပ်နေရင်းနဲ့ နားဖာချေးက အရမ်း စိုစွတ်ပြီး စိမ့်ထွက်တဲ့အထိ ဖြစ်မယ်ဆိုရင်တော့ ဒါဟာ နားရောဂါ တစ်ခုခု ရှိနေတဲ့ လက္ခဏာ ဖြစ်ပါတယ်။

နားထဲမှာ နားဖာချေး ရှိနေတာကို သိနေပြီး ခိုးလိုးခုလု ဖြစ်နေတယ်ဆိုရင် နားအတွင်းပိုင်းမှာ နားဖာချေးက ခဲပြီး ပိတ်နေတဲ့သဘောပါ။ ဆရာဝန်နဲ့ ပြပြီး အမြန်ဆုံး ထုတ်ပစ်သင့်ပါတယ်။ ကြာသွားရင် နားရောဂါ တစ်ခုခု ခံစား ရနိုင်ပါတယ်။

နားဖာချေး များလာရင် နားအတွင်းပိုင်းက ယားယံ လာတတ်တာ သဘာဝပါ။ ဒါပေမဲ့ အဆက်မပြတ် ယားနေတယ် ဆိုရင်တော့ ဒါဟာ ပိုးဝင်သွားတဲ့ လက္ခဏာ ဖြစ်ပါတယ်။

ဒီလိုမျိုး ကျန်းမာရေးဗဟုသုတတွေ နေ့စဉ်ဖတ်ရှုနိုင်ဖို My Doctor Page ကို Like & Follow လုပ်ပေးထားဖို မမေ့လိုက်နဲ့ဦးနော်။ 🥰🌠

သွေးပေါင်ကျခြင်း Hypotension သွေးပေါင်ချိန်ကျတယ်ဆိုတာကတော့ သွေးပေါင်ချိန်တိုင်းကြည့်တဲ့အခါမှာ ယေဘုယျအားဖြင့် အပေါ်သွေး 9...
13/07/2025

သွေးပေါင်ကျခြင်း Hypotension

သွေးပေါင်ချိန်ကျတယ်ဆိုတာကတော့ သွေးပေါင်ချိန်တိုင်းကြည့်တဲ့အခါမှာ ယေဘုယျအားဖြင့် အပေါ်သွေး 90 mmHg နှင့်အောက်၊ အောက်သွေး 60 mmHg နှင့်အောက် ဖြစ်နေတဲ့အခြေအနေကို ဆိုလိုတာဖြစ်ပါတယ်။

သွေးပေါင်ကျခြင်းက တစ်ယောက်နဲ့တစ်ယောက် သက်‌ရောက်တာချင်းလည်း မတူပါဘူး။ အချို့သူတွေမှာတော့ ဘာလက္ခဏာမှ ခံစားရခြင်းမရှိဘဲ တချို့သူတွေမှာတော့ ‌ခေါင်းမူးတာ၊ သတိမေ့တာအထိ ခံစားရနိုင်ပါတယ်။ တခါတရံမှာတော့ သွေးပေါင်ကျတာဟာ အသက်အန္တရာယ်ရှိတဲ့ အခြေအနေအထိလည်း ရောက်တတ်ပါတယ်။

သွေးပေါင်ကျခြင်းမှာ

(၁) Orthostatic hypotension ဆိုတဲ့ ထိုင်ရာကနေ ဒါမှမဟုတ် လဲလျောင်းရာကနေ မတ်တပ်ထရပ်လိုက်တဲ့အခါမှာ ရုတ်တရက် သွေးပေါင်ထိုးကျသွားတာကို ဆိုလိုတာဖြစ်ပါတယ်။ ရေဓာတ်ဆုံးရှုံးခြင်း၊ နာတာရှည် လဲလျောင်းအနားယူနေရသူတွေ၊ ကိုယ်ဝန်ဆောင်ခြင်းနဲ့ တချို့သော ဆေးဝါးတို့ကြောင့် ဖြစ်တတ်ပါတယ်။

(၂) Postprandial hypotension ကတော့ အစားစားပြီး (၁) နာရီ (၂) နာရီအကြာမှာ သွေးပေါင်ကျတာ ဖြစ်ပါတယ်။ အစားအနည်းငယ်သာ စားတာ၊ ကာဗိုဟိုက်ဒရိတ်ပါဝင်မှုနည်းတဲ့ အစားအသောက်တွေ စားတာ၊ ရေများများသောက်တာ စတာတွေနဲ့ ကာကွယ်နိုင်ပါတယ်။

(၃) Neurally mediated hypotension ကတော့ အကြာကြီးမတ်တတ်ရပ်တဲ့ အခြေအနေမျိုးတွေမှာ သွေးပေါင်ချိန် ရုတ်တရက် ထိုးကျတဲ့အခြေအနေ ဖြစ်ပါတယ်။ အဓိကကတော့ လူငယ်တွေနဲ့ ကလေးတွေမှာ ဖြစ်တတ်ပြီးတော့ နှလုံးနဲ့ ဦးနှောက်ကြားက သွေးလှည့်ပတ်မှု မလုံလောက်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

(၄) Shy-Drager syndrome ကတော့ ရှားပါးတဲ့ အာရုံကြောရောဂါတစ်မျိုးကြောင့် ဖြစ်ပါတယ်။

ဒီလိုမျိုး ကျန်းမာရေးဗဟုသုတတွေ နေ့စဉ်ဖတ်ရှုနိုင်ဖို My Doctor Page ကို Like & Follow လုပ်ပေးထားဖို မမေ့လိုက်နဲ့ဦးနော်။ 🥰🌠

သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ပါသွေးလွန်တုပ်ကွေးရောဂါ ဆိုတာက အေးဒီးစ်လို့ခေါ််တဲ့ ခြင်ကျားကိုက်ရာနေတစ်ဆင့် ကူးစက်ခံ...
12/07/2025

သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ပါ

သွေးလွန်တုပ်ကွေးရောဂါ ဆိုတာက အေးဒီးစ်လို့ခေါ််တဲ့ ခြင်ကျားကိုက်ရာနေတစ်ဆင့် ကူးစက်ခံရတဲ့ ရောဂါ တစ်မျိုးပါ။ ကမ္ဘာပေါ်မှာရှိတဲ့ အပူပိုင်းဇုန်နဲ့ သမပိုင်းဇုန်ဒေသတွေမှာ အဖြစ်များပါတယ်။ သွေးလွန်တုပ်ကွေးရောဂါ ဆိုတဲ့ နေရာမှာလည်း”Break-Bone” Fever လို့ခေါ်တဲ့ အပျော့စား သွေးလွန်တုပ်ကွေးရောဂါ နဲ့ Dengue Hemorrhagic Fever လို့ခေါ်တဲ့ အပြင်းစား သွေးလွန်တုပ်ကွေးရောဂါ ဆိုပြီး နှစ်မျိုး ရှိပါတယ်။

သွေးလွန်တုပ်ကွေး ခံစားနေရသူအများစု အထူးသဖြင့်တော့ ကလေးငယ်တွေ နဲ့ ဆယ်ကျော်သက်တွေမှာ ရောဂါသိပ်မပြင်းထန်ဘူးဆိုရင် ရောဂါလက္ခဏာတွေက သိသိသာသာမတွေ့ရတတ်ပါဘူး။ ခြင်ကိုက်ခံရပြီးပြီးချင်းမှာလည်း ရောဂါလက္ခဏာတွေ မပြတတ်ပါဘူး။ ရောဂါပိုးသယ်ဆောင်ထားတဲ့ ခြင်ကိုက်ခံရပြီး ၄ ရက်ကနေ ၇ ရက်အတွင်းမှာမှ ရောဂါလက္ခဏာစပြီး ပြတတ်တာဖြစ်ပါတယ်။
သွေးလွန်တုပ်ကွေးရောဂါဖြစ်တဲ့အခါ –

ခေါင်းကိုက်မယ်
ကြွက်သားတွေ၊ အရိုးအဆစ်တွေ နာကျင်ကိုက်ခဲမယ်
မအီမသာဖြစ်မယ်
အော့အန်မယ်
မျက်လုံးအနောက်ဘက်က နာကျင်မယ်
ဂလင်းတွေ ရောင်ရမ်းမယ်
အရေပြားမှာ အနီရောင်အဖုအပိမ့်တွေ ထွက်မယ်
အရမ်းပြင်းထန်လာမယ်ဆိုရင်တော့ –
ဗိုက်အောင့်မယ်
အဆက်မပြတ် အော့အန်နေမယ်
သွားဖုံးနဲ့ နှာခေါင်းက သွေးထွက်မယ်
ဆီးသွားရင် သွေးပါမယ်၊ ဝမ်းသွားရင် သွေးပါမယ်၊ အန်တဲ့အခါ သွေးစတွေပါလာမယ်
အရေပြားအောက်မှာ သွေးယိုစိမ့်မှုဖြစ်ပြီး အညိုအမည်းစွဲသလို အကွက်တွေဖြစ်မယ်
အသက်ရှူရခက်မယ်
အသက်ရှူတာ အရမ်းမြန်နေမယ်
ခန္ဓာကိုယ်ကအေးစက်နေမယ်
ခြေကုန်လက်ပန်းကျမယ်
အိပ်မပျော်ဘဲ စိတ်မတည်ငြိမ်တာမျိုးဖြစ်နေမယ်။

ဒီလိုအခြေအနေမျိုးဖြစ်နေပြီဆိုရင်တော့ နီးစပ်ရာဆေးရုံဆေးခန်းကို အမြန်ဆုံးသွားပြဖို့လိုအပ်ပါတယ်။ အရေးပေါ် အခြေအနေဖြစ်တာကြောင့် အခန့်မသင့်ရင် အသက်အန္တရာယ်ထိခိုက်နိုင်ပါတယ်။

ဒီလိုမျိုး ကျန်းမာရေးဗဟုသုတတွေ နေ့စဉ်ဖတ်ရှုနိုင်ဖို My Doctor Page ကို Like & Follow လုပ်ပေးထားဖို မမေ့လိုက်နဲ့ဦးနော်။ 🥰🌠

ယနေ့ကျရောက်တဲ့  ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) မှစပြီး သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ဝကြပါစေကြောင်း ဆုတောင်...
09/07/2025

ယနေ့ကျရောက်တဲ့ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) မှစပြီး သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ဝကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။


အရေပြားမှိုစွဲခြင်းအကြောင်း တစေ့တစောင်းအရေပြားမှိုစွဲတယ်ဆိုတာက အရေပြားမှာ ပွေး၊ သဲဝဲ၊ ညှင်း စတာတွေ ပေါက်တာပါ။ ဒါတွေက အဖြ...
01/07/2025

အရေပြားမှိုစွဲခြင်းအကြောင်း တစေ့တစောင်း

အရေပြားမှိုစွဲတယ်ဆိုတာက အရေပြားမှာ ပွေး၊ သဲဝဲ၊ ညှင်း စတာတွေ ပေါက်တာပါ။ ဒါတွေက အဖြစ်လည်း များပြီး ကူးလည်း ကူးလွယ်ပါတယ်။

မြန်မာနိုင်ငံက ပူနွေးစိုစွတ်တဲ့ နိုင်ငံဖြစ်လို့ ပတ်ဝန်းကျင်အခြေအနေအရကို မှိုပိုးတွေ ပေါက်လွယ်ပွားလွယ်ပါတယ်။ မိုးတွင်းလိုမျိုးဆို ပိုဆိုးပါတယ်။ ဒီတော့ တစ်ကိုယ်ရေသန့်ရှင်းရေးသာ ဂရုမစိုက်ဘူးဆိုရင် ခဏခဏ ပြန်ဖြစ်နေမှာပါ။

ချွေးထွက်များတဲ့ ချောင်ကြိုချောင်ကြားနေရာတွေ (ဥပမာ ချိုင်း၊ ပေါင်ခြံ၊ ခြေဖဝါး) စတဲ့နေရာတွေက မှိုပိုးတွေ အကြိုက်ဆုံးပါ။ မှိုစွဲပြီဆိုရင်လည်း ဒီနေရာတွေမှာ စွဲတာများပါတယ်။ ခဏခဏပြန်ဖြစ်တာကလည်း ဒီနေရာတွေပါပဲ။

နေတာက ပူနွေးစိုစွတ်တဲ့ နိုင်ငံဖြစ်ရတဲ့အထဲ ချွေးထွက်ပါများမယ်ဆိုရင်တော့ တစ်ကိုယ်ရည်သန့်ရှင်းရေးကို နိုင်နိုင်လေး လုပ်ဖို့ လိုပါတယ်။ ချွေးထွက်ပြီဆိုရင် ချွေးကို သေချာသုတ်ပြီး ခြောက်အောင်ထားဖို့၊ ရေပုံမှန်ချိုးဖို့၊ အဝတ်အစားပုံမှန်လဲဖို့ လိုပါတယ်။

မှိုပိုးတွေက ထိတွေ့မှုကနေတဆင့် ကူးစက်တာပါ။ အဝတ်အစားတို့၊ ဖိနပ်တို့ကို မှိုစွဲနေတဲ့သူက စီးလိုက်ရင် မှိုတွေက ဒီပစ္စည်းတွေမှာ ကပ်ပါသွားတတ်ပါတယ်။ ဒါကို မသိဘဲ တခြားသူက သွားသုံးရင် သူပါကူးတတ်ပါတယ်။

ဒါ့အပြင် ခုခံအားကျနေတဲ့သူတွေဖြစ်တဲ့ ကင်ဆာရောဂါကုထုံးခံယူသူတွေ၊ HIV ပိုးရှိသူတွေ၊ ခုခံအားထိန်းဆေးသောက်နေရတဲ့သူတွေကလည်း ခဏခဏ မှိုစွဲတတ်ပါတယ်။

တချို့သူတွေမှာ အကြောင်းရင်းမယ်မယ်ရရ မရှိဘဲ ခြေထောက်နဲ့ ခြေသည်းလက်သည်းတွေမှာ ခဏခဏမှိုစွဲနေတာက မျိုးဗီဇကြောင့် ဖြစ်နိုင်ပါတယ်။ သူတို့ရဲ့ အရေပြားက မှိုကို တိုက်ထုတ်ရကောင်းမှန်း မသိတာကြောင့်ပါ။ မှိုတွေက ခဏခဏပြန်စွဲနေတာကြောင့်လည်း ခုခံအားက ရင်းနှီးသွားပြီး မတိုက်ထုတ်တာလည်း ဖြစ်နိုင်ပါတယ်။

ဒီလိုမျိုး ကျန်းမာရေးဗဟုသုတတွေ နေ့စဉ်ဖတ်ရှုနိုင်ဖို My Doctor Page ကို Like & Follow လုပ်ပေးထားဖို မမေ့လိုက်နဲ့ဦးနော်။ 🥰🌠

ကိုယ်ခံအားနည်းခြင်းကိုကာကွယ်ဖို့ လိုအပ်တဲ့အစာအုပ်စု(၃)အုပ်စုလူတစ်ယောက် ကောင်းကောင်းမွန်မွန် ကျန်းမာပျော်ရွှင်စွာ သွားလာလ...
30/06/2025

ကိုယ်ခံအားနည်းခြင်းကိုကာကွယ်ဖို့ လိုအပ်တဲ့အစာအုပ်စု(၃)အုပ်စု

လူတစ်ယောက် ကောင်းကောင်းမွန်မွန် ကျန်းမာပျော်ရွှင်စွာ သွားလာလှုပ်ရှားနိုင်ဖို့ဆိုရင် ကိုယ်ခံအား ကောင်းဖို့က မဖြစ်မနေလိုအပ်ပါတယ်။

အကြမ်းအားဖြင့် အာဟာရဓါတ်များကို အုပ်စု (၃) စုခွဲထားတယ်ဆိုတာ အများသိထားကြပြီး ဖြစ်ပေမဲ့ အဲဒီအုပ်စု (၃)စုမှာ ဘယ်အစားအစာတွေပါသလဲဆိုတာ ခွဲခြားသိဖို့ ဆိုရင်တော့ သေချာလေ့လာထားဖို့ လိုပါတယ်။ အုပ်စု (၁) ကတော့ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေသော အစာအုပ်စု၊ အုပ်စု(၂) ကတော့ အင်အားဖြစ်ထွန်းစေသော အစာအုပ်စုနဲ့ အုပ်စု (၃) ကတော့ ရောဂါအမျိုးမျိုးတွေကနေ ကာကွယ်ပေးတဲ့ အစာအုပ်စုတွေပဲဖြစ်ပါတယ်။

အုပ်စု (၁) ဟာဆိုရင် ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေသော အစာအုပ်စုဖြစ်ပြီး ပရိုတင်း(ခေါ်) အသားဓါတ် ပါဝင်တဲ့ အစားအစာများဖြစ်ပါတယ်။ လူသားများရဲ့ ခန္ဓာကိုယ်ကြီးထွားရန်နှင့် ဉာဏ်ရည်ဖွံ့ ဖြိုးရန်အတွက် အရေးကြီးတဲ့ ဓာတ်တစ်ခုဖြစ်တာကြောင့် မျှတတဲ့ အဟာရကိုရရှိဖို့ နေ့စဉ်စားသုံးတဲ့ အစာအစားတွေမှာ ဒီအစားအစာတွေ တစ်မျိုးမဟုတ်တစ်မျိုး ပါဝင်နေဖို့ လိုအပ်ပါတယ်။
အသားဓာတ်ကို တိရစ္ဆာန်မှရတဲ့ အသားတွေက ရနိုင်သလို၊ ပဲအမျိုးမျိုးမှလည်း ရနိုင်ပါတယ်။

အုပ်စု (၂) အနေနဲ့ဆိုရင်တော့ အင်အားဖြစ်ထွန်းစေသော အစာအုပ်စုဖြစ်ပြီး ကာဗွန်ဟိုက်ဒြိတ်ဓါတ် (သို့မဟုတ်) ကစီဓါတ်ပါဝင်တဲ့ အစားအစာတွေဖြစ်ပါတယ်။ အဲဒီဓာတ်ဟာ လူသားတွေရဲ့ လှုပ်ရှားသွားလာရာမှာလိုအပ်တဲ့ စွမ်းအင်ကို ပေးနေတာဖြစ်တဲ့အတွက်ကြောင့် နေ့စဉ်စားသုံးတဲ့ အစာအစားတွေမှာ ဒီအစားအစာ တွေဟာလည်း တစ်မျိုးမဟုတ်တစ်မျိုး ပါဝင်ဖို့လိုအပ်ပါတယ်။ အဲဒီဓာတ်ကို နေ့စဉ်စားသုံးနေတဲ့ ထမင်းအပြင် ဆန်မှုန့်၊ ပြောင်းမှုန့်၊ ကောက်ညှင်းမှုန့်၊ ဂျုံမှုန့်တို့နှင့် ပြုလုပ်ထားတဲ့ အစားအစားတွေ၊ မုန့်တွေအပြင် ပေါင်မုန့်၊ ဘီစကွတ်၊ နံပြား စတာတွေကနေလည်း ရနိုင်ပါတယ်။ ဒ့ါအပြင် ဆီ၊ ထောပတ်၊ ခေါက်ဆွဲ၊ အာလူး၊ ကန်စွန်းဥ၊ ပိန်းဥ၊ ပြောင်းဖူး၊ ထန်းလျက်ခဲ၊ ကြံသကာ၊ သကြား စတဲ့ အစားအစာတွေကနေလည်း ရနိုင်ပါတယ်။

အုပ်စု (၃) ကတော့ ရောဂါအမျိုးမျိုးတွေကနေ ကာကွယ်ပေးတဲ့ အစာအုပ်စု ဖြစ်ပါတယ်။ လူတွေကို ရောဂါဘယတွေ မကျရောက်စေဖို့နဲ့ ကိုယ်ခံစွမ်းအားကောင်းနေစေဖို့အတွက် လိုအပ်တဲ့ဓါတ်ကတော့ ဗီတာမင်နှင့် သတ္တုဓါတ်ပဲ ဖြစ်ပါတယ်။ အဲဒီဓါတ်ပါဝင်တဲ့ အစားအစာတွေကတော့ ဟင်းသီးဟင်း ရွက်မျိုးစုံနဲ့ အသီးအနှံမျိုးစုံပဲ ဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေဟာ ရောဂါကာကွယ်နိုင်စွမ်းရှိသလို ကူးစက်တတ်တဲ့ ရောဂါတွေရဲ့ အန္တရာယ်ကနေလည်း ကာကွယ်နိုင်စွမ်း ရှိတာဖြစ်ပါတယ်။ အရိုးတွေကို ကျန်းမာ၊ ကြံ့ခိုင်စေတဲ့ ထုံးဓာတ် (ခေါ်) ကယ်လ်စီယမ်ဓာတ်တွေဟာ ဟင်းသီးဟင်းရွက်တွေမှာလည်း များများစားစား ကြွယ်ဝစွာ ပါဝင်နေပါတယ်။

ဒါကြောင့် ကိုယ်ခံအားနည်းခြင်းကိုကာကွယ်ဖို့ အာဟာရမျှတစေဖို့အတွက် နေ့စဉ် အစာစားသုံးရာမှာ အထက်ပါအစာအုပ်စု (၃) ခုလုံး ပါဝင်အောင် စားသုံးဖို့ လိုအပ်ပါတယ်။

ဒီလိုမျိုး ကျန်းမာရေးဗဟုသုတတွေ နေ့စဉ်ဖတ်ရှုနိုင်ဖို My Doctor Page ကို Like & Follow လုပ်ပေးထားဖို မမေ့လိုက်နဲ့ဦးနော်။ 🥰🌠

တိုက်ဖွိုက်ဖြစ်နေချိန် ဘာစားကြမလဲ?တိုက်ဖွိုက်ဖြစ်နေရင် အစာမာ မစားရဘူးဆိုတာ သိပြီးသားပါ။ ဒါပေမဲ့ တိုက်ဖွိုက်ရဲ့ လက္ခဏာတွေ...
25/06/2025

တိုက်ဖွိုက်ဖြစ်နေချိန် ဘာစားကြမလဲ?

တိုက်ဖွိုက်ဖြစ်နေရင် အစာမာ မစားရဘူးဆိုတာ သိပြီးသားပါ။ ဒါပေမဲ့ တိုက်ဖွိုက်ရဲ့ လက္ခဏာတွေကို ကြည့်မယ်ဆိုရင် ဗိုက်နာမယ်၊ အားပျော့မယ်၊ ဝမ်းလျှော ဒါမှမဟုတ် ဝမ်းချုပ်မယ်၊ ပါးစပ်ပျက်မယ်၊ အန်မယ် စသဖြင့် ခံစားရပါတယ်။ ဒီလိုအချိန်မှာ အစာမာမစားရလို့ အာဟာရမပြည့်ဘူးဆိုရင် ရောဂါဒဏ်ရော၊ ဆေးဒဏ်ရောပါ ခံရမှာပါ။ အစာမာ မစားရဘူးဆိုတာကလည်း ပိုးကြောင့် ပျက်စီးနေတဲ့ အူက အစာမာနဲ့ တွေ့တဲ့အခါ ပိုပြီး ပျက်စီးသွားမှာစိုးလို့ပါ။

တိုက်ဖွိုက်ဖြစ်နေချိန်မှာ လူနာက အားနည်းနေတဲ့အတွက် ကယ်လိုရီများတာတွေကို ကျွေးပေးရပါမယ်။ လူနာက နာလန်ထစဆိုတော့ နည်းနည်းစားရုံနဲ့ အားရှိမယ့် အစားအစာမျိုး ကျွေးရပါမယ်။ ဥပမာ ဆန်ကို နူးအိနေအောင် ပြုတ်ထားတဲ့ ဆန်ပြုတ်၊ ပေါင်မုန့်ဆိုလည်း ဒီတိုင်းကျွေးတာထက် နို့နဲ့ စိမ်ပြီး ပျော့အိနေမှ ကျွေးတာမျိုး လုပ်ပေးပါ။ တစ်နပ်နဲ့ တစ်နပ် တူစရာ မလိုပါဘူး။ ဆန်ပြုတ်ကျွေးလို့ ၄-၅ဇွန်းလောက် ဝင်သွားရင် နောက် ၃-၄နာရီလောက်နေရင် ပေါင်မုန့်နို့စိမ်လေး ကျွေးတာမျိုး လုပ်ပေးလို့ရပါတယ်။

ဒါ့အပြင် အဆီထုတ်ထားတဲ့ နွားနို့တို့၊ ဒိန်ချဉ်တို့ တိုက်လို့ရပါတယ်။ ဒါတွေက အသားဓာတ်များသလို နာလန်ထတာကို ပိုမြန်စေပြီး ခုခံအားကို တက်စေပါတယ်။ နာလန်ထစမှာ အသားတွေ ကျွေးတာထက်စာရင် နို့တို့၊ ဥတို့က ပိုပြီး အဆင်ပြေပါတယ်။ နောက်ပြီး ပဲလေးတွေကို နူးအိအောင် ပြုတ်ပြီး ပေါင်းပြီး စားလို့ရပါတယ်။ ဟင်းချိုချက်သောက်လို့ရပါတယ်။ အသားစားလို့ရပြီဆို အသားကို နူးအိအောင် ပေါင်းစားတာ၊ ပြုတ်စားတာ ရပါတယ်။ ကြက်သားဆို ကြက်စွပ်ပြုတ်လေး လုပ်သောက်နိုင်ပါတယ်။ ကာဗိုဟိုက်ဒရိတ်ပါရချင်ရင် မြူစွမ်တို့၊ ဆန်ပြုတ်တို့နဲ့ စားလို့ရပါတယ်။

တိုက်ဖွိုက်ဖြစ်နေရင် ဝမ်းတွေလျှောပြီး ဖျားနေတာကြောင့် သာမန်အချိန်ထက် ရေဓာတ်ပိုလိုပါတယ်။ ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားတွေအတွက် ရိုးရိုး ကျိုချက်ပြီးသား ရေလည်း သောက်လို့ရသလို၊ အုန်းစိမ်းရည်၊ လတ်ဆတ်တဲ့ အိမ်လုပ် သစ်သီးဖျော်ရည်တွေ၊ အသီးအရွက်ပြုတ်ရည်၊ စွပ်ပြုတ်၊ ထမင်းရည်၊ နို့ စတာတွေလည်း သောက်ပေးလို့ရပါတယ်။ အရေးကြီးတာက ဆုံးရှုံးသွားတာနဲ့ ကာမိအောင် ပြန်ဖြည့်တင်းဖို့ပါပဲ။

ဒီလိုမျိုး ကျန်းမာရေးဗဟုသုတတွေ နေ့စဉ်ဖတ်ရှုနိုင်ဖို My Doctor Page ကို Like & Follow လုပ်ပေးထားဖို မမေ့လိုက်နဲ့ဦးနော်။ 🥰🌠

လက်ကို ရေ၊ ဆပ်ပြာနဲ့ သေချာမဆေးတဲ့ အခါမှာ လက်မှာ သန်းချီပမာဏရှိတဲ့ မမြင်နိုင်တဲ့ ရောဂါပိုးမွှားတွေ ကပ်တွယ်ကျန်ရစ်နေတတ်ပါတ...
20/06/2025

လက်ကို ရေ၊ ဆပ်ပြာနဲ့ သေချာမဆေးတဲ့ အခါမှာ လက်မှာ သန်းချီပမာဏရှိတဲ့ မမြင်နိုင်တဲ့ ရောဂါပိုးမွှားတွေ ကပ်တွယ်ကျန်ရစ်နေတတ်ပါတယ်။ ဒီပိုးမွှားတွေကြောင့် ရောဂါများစွာ ဆက်လက်ဖြစ်ပွားနိုင်တာမို့ လက်ကို သေချာစနစ်တကျဆေးကြောဖို့ မမေ့ပါနဲ့နော်။
ဒီလိုမျိုး ကျန်းမာရေးဗဟုသုတတွေ နေ့စဉ်ဖတ်ရှုနိုင်ဖို့ My Doctor Page ကို Like & Follow လုပ်ပေးထားဖို့ မမေ့လိုက်နဲ့ဦးနော်။ 🥰🌠


#သိစေချင်



လိင်တူချစ်သူတွေမှာ ဘယ်လို ကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်လဲ?လိင်တူ ဆက်ဆံသူတွေမှာ အတူနေကြတဲ့အခါ အရေပြားချင်း ထိတွေ့တာတွေ၊ ပ...
19/06/2025

လိင်တူချစ်သူတွေမှာ ဘယ်လို ကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်လဲ?

လိင်တူ ဆက်ဆံသူတွေမှာ အတူနေကြတဲ့အခါ အရေပြားချင်း ထိတွေ့တာတွေ၊ ပါးစပ်နဲ့ ဆက်ဆံမှုတွေ၊ စအိုနဲ့ ဆက်ဆံတာတွေ၊ s*x toys တွေကို မျှဝေ အသုံးပြုတာအပြင် ခန္ဓာကိုယ်က ထွက်တဲ့ အရည်တွေ၊ သွေးတွေကြောင့် ရောဂါကူးစက်နိုင်ခြေ ရှိပါတယ်။ လိင်တူဆက်ဆံလို့ ဒီလို ကူးစက်မှုတွေ များတာ မဟုတ်ဘဲ ဘေးကင်းစိတ်ချရတဲ့ ဆက်ဆံရေးကို အသုံးမပြုကြတဲ့အခါ

လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ဖြစ်ကြတဲ့
ကာလသားရောဂါ
HIV ပိုး ကူးစက်တာ
Chlamydia (ကလက်မိုင်ဒီယား)
HPV ဗိုင်းရပ်စ်
သားအိမ်ခေါင်းကင်ဆာ စတာတွေကို ခံစားရနိုင်ပါတယ်။

လိင်တူချစ်သူတို့အတွက် ဘေးကင်းစိတ်ချရတဲ့ ကြည်နူးဖွယ်ဆက်ဆံရေး ပိုင်ဆိုင်နိုင်စေဖို့ ဆိုရင်

တစ်ဦးနဲ့ တစ်ဦး ပွေ့ဖက်တာ၊ ထိတွေ့တာ၊ လက်နဲ့ အာသာဖြေတာမျိုးတွေက ရောဂါပိုးတွေ ကူးစက်နိုင်ခြေ အနည်းဆုံး နည်းလမ်းတွေပါ။ ဒီနည်းလမ်းတွေက တစ်ဦးနဲ့ တစ်ဦးကြားမှာ ချစ်ခြင်းကို တိုးစေနိုင်သလို ရောဂါပိုးတွေ အန္တရာယ်ကနေလည်း ကာကွယ်ပေးပါတယ်။

ပါးစပ်နဲ့ ဆက်ဆံတာက စအိုနဲ့ ဆက်ဆံတာ၊ မိန်းမကိုယ်နဲ့ ဆက်ဆံတာတွေထက် လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ကူးစက်ရနိုင်ခြေ များစေပါတယ်။ ဒါကြောင့် လိင်တူချစ်သူတွေ အနေနဲ့လည်း အခြားစုံတွဲတွေလိုပဲ အတူနေတဲ့အခါ ကွန်ဒုံး သုံးတာ၊ အမျိုးသမီးသုံး ကွန်ဒုံး သုံးတာ၊ ပါးစပ်အကာသုံးတာမျိုးတွေ လုပ်ဆောင် ပေးပါ။

လိင်တူချစ်သူတွေ အနေနဲ့ ကြည်နူးစရာ ကောင်းတဲ့ ဆက်ဆံရေးကို ဖန်တီးတဲ့အခါ လက်တွေကို အသုံးပြုကြပါတယ်။ ဒီလို အသုံးပြုတဲ့အခါ လက်သည်းတွေကြောင့် ထိခိုက်တာတွေ ပိုးဝင်တာမျိုးတွေ မဖြစ်စေဖို့ လက်သည်းတွေကို သေချာ ညှပ်တာ တိတာတွေ လုပ်ဖို့ လိုသလို အတူမနေခင်မှာ လက်တွေကို သေချာလေး သန့်စင်ဆေးကြောဖို့ လိုပါမယ်။

ရာသီလာချိန်မှာ အတူနေတာက ရာသီသွေး အပါအဝင် ခန္ဓာကိုယ်က ထွက်တဲ့ အရည်တွေကြောင့် ရောဂါပိုးတွေ ကူးစက်နိုင်ခြေက ပုံမှန်ထက် ပိုများနေပါတယ်။ ဒီအချိန်မှာ လိင်ကတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေကြောင့် ထိခိုက်တာမျိုး မဖြစ်စေဖို့အတွက် ရာသီလာချိန်မှာ အတူမနေပါနဲ့။ ရာသီလာပြီးလို့ ရက်အနည်းငယ် ကြာပြီးမှ အတူနေပါ။

S*x Toys တွေကနေတဆင့်လည်း ရောဂါပိုးတွေ ကူးစက်နိုင်ပါတယ်။ ဒါကြောင့် S*x Toys တွေကို အသုံးပြုပြီးချိန်မှာ သေချာ သန့်စင်ဆေးကြောပြီး ခြောက်သွေ့အောင် လုပ်ဆောင်ပါ။ မျှဝေသုံးစွဲတာမျိုး မလုပ်ပါနဲ့။

HPV ဗိုင်းရပ်စ်လိုမျိုး ဗိုင်းရပ်စ်တွေကို ကာကွယ်ဆေး ထိုးနှံ ကာကွယ်ပေးလို့ ရပါတယ်။ ဒီလို ထိုးနှံထားတာကလည်း အချို့သော ကျန်းမာရေး ပြဿနာတွေကို ကာကွယ်ရာရောက်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေးတွေကို ထိုးထားဖို့ မမေ့ပါနဲ့

ဒီလိုမျိုး ကျန်းမာရေးဗဟုသုတတွေ နေ့စဉ်ဖတ်ရှုနိုင်ဖို My Doctor Page ကို Like & Follow လုပ်ပေးထားဖို မမေ့လိုက်နဲ့ဦးနော်။ 🥰🌠

ကလေးတွေမှာ အဖြစ်များတဲ့ အစာချေရခက်တဲ့ ပြဿနာကလေးတွေမှာ တစ်ခုခုစားပြီးတိုင်း ဝမ်းဗိုက်ပြဿနာတွေ ကြုံတွေ့နေရမယ်။ ဝမ်းလျှောတာ...
17/06/2025

ကလေးတွေမှာ အဖြစ်များတဲ့ အစာချေရခက်တဲ့ ပြဿနာ

ကလေးတွေမှာ တစ်ခုခုစားပြီးတိုင်း ဝမ်းဗိုက်ပြဿနာတွေ ကြုံတွေ့နေရမယ်။ ဝမ်းလျှောတာ၊ လေပွတာတွေ ကြုံနေရမယ်ဆိုရင် အစာချေရခက်တဲ့ ပြဿနာ ရှိနေတာ ဖြစ်နိုင်ပါတယ်။

အစာချေရခက်တဲ့ ပြဿနာဆိုတာ ကလေးတွေ စားလိုက်တဲ့ အစားအစာကို ခန္ဓာကိုယ်က မချေဖျက်နိုင်တာ ဒါမှမဟုတ် အစားအစာမှာပါတဲ့ ဓာတ်ပစ္စည်းတစ်မျိုးမျိုးကို အစာချေစနစ်က ခံနိုင်ရည် မရှိတာပဲ ဖြစ်ပါတယ်။

ကလေးတွေက သူတို့ မချေဖျက်နိုင်တဲ့ အစားအစာတွေကို စားမိပြီး နာရီပိုင်းအကြာမှာ
ဝမ်းလျှောတာ
လေပွတာ
လေလည်တာ
ဗိုက်အောင့်တာတွေ ခံစားရတတ်ပါတယ်။
တချို့ကလေးတွေမှာ ခေါင်းကိုက်တာ၊ နုံးတာ၊ ဝမ်းချုပ်တာ၊ အဆစ်တွေနာတာနဲ့ အရေပြားမှာ အနီစက်ထွက်တာတွေလည်း ဖြစ်တတ်ပါတယ်။

ဒီအစာမချေဖျက်နိုင်တဲ့ ပြဿနာက ကလေးဘယ်အရွယ်ထိ ဖြစ်နေမလဲဆိုတာ ပြောရခက်ပါတယ်။ ဒီအစားအစာကို ကလေးရဲ့ ခန္ဓာကိုယ်က ဘယ်လိုတုံ့ပြန်မလဲဆိုတာပေါ် မူတည်ပါတယ်။
တချို့ကလေးတွေက နောက်ပိုင်းမှာ သူတို့မချေဖျက်နိုင်တဲ့ အစားအစာကို နည်းနည်းစီ ပြန်စားနိုင်တာကို ‌တွေ့ရပါတယ်။

အစာမချေဖျက်တာကြောင့် Elimination dietနဲ့ အစားရှောင်ရတဲ့အခါ အာဟာရချို့တဲ့တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီပြဿနာကို ပြေလည်စေဖို့မချေဖျက်နိုင်တဲ့ အစားအစာကို နည်းနည်းစီ ပြန်ကျွေးကြည့်ပါ။ တချို့ကလေးတွေက အချိန်တစ်ခုကြာလာတဲ့အခါ အစားအစာတွေကို ပမာဏအနည်းငယ်လောက် ခံနိုင်ရည်ရှိလာတာကို တွေ့ရပါတယ်။

အာဟာရတူအစားအစာတွေကို လဲလှယ်ပြီး ကျွေးကြည့်ပါ။ ဥပမာ ကလေးက နို့သကြားမချေဖျက်နိုင်ဘူးဆိုရင် နို့သကြားမပါတဲ့ နို့တိုက်တာမျိုးပေါ့။ကလေးအားဆေးတွေနဲ့လည်း လိုအပ်တဲ့ အာဟာရတွေ ဖြည့်စွက်နိုင်ပါသေးတယ်။

အစာချေရခက်တဲ့ ပြဿနာက ကလေးတွေမှာ အဖြစ်များတဲ့ ပြဿနာပါ။ အန္တရာယ်မရှိဘူးဆိုပေမယ့် ကလေးတွေရဲ့ ဝမ်းဗိုက်ကို သက်သောင့်သက်သာ မဖြစ်စေတာကြောင့် စားသောက်မှုပုံစံကို ပြောင်းလဲပြီး ဂရုစိုက်ပေးဖို့လိုပါတယ်။ တစ်ချိန်တည်းမှာပဲ အာဟာရမချို့တဲ့အောင် ကူညီဖြည့်စွက်ပေးရမှာ ဖြစ်ပါတယ်။

ဒီလိုမျိုး ကျန်းမာရေးဗဟုသုတတွေ နေ့စဉ်ဖတ်ရှုနိုင်ဖို My Doctor Page ကို Like & Follow လုပ်ပေးထားဖို မမေ့လိုက်နဲ့ဦးနော်။ 🥰🌠


Address

Myaungmya

Opening Hours

Monday 08:00 - 23:45
Tuesday 08:00 - 23:45
Wednesday 08:00 - 23:45
Thursday 08:00 - 23:45
Friday 08:00 - 23:45
Saturday 08:00 - 23:45
Sunday 08:00 - 23:00

Telephone

+959977835686

Alerts

Be the first to know and let us send you an email when My Doctor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to My Doctor:

Share

My Doctor အကြောင်း

My Doctor သည် ဝဘ်ဆိုဒ်၊ အပလီကေးရှင်း စသည့် အမျိုးမျိုးသောမိုဘိုင်းဖုန်းနှင့် ဒီဂျစ်တယ် ဆက်သွယ်ရေးနည်းပညာများကို အသုံးပြုပြီး မြန်မာနိုင်ငံသားများ၏ ကျန်းမာရေးအဆင့်အတန်းကို ကူညီမြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ထားပါသည်။မြန်မာနိုင်ငံသားများအနေ ဖြင့် ပိုမိုကျန်းမာကြံ့ခိုင်၍ ကျန်းမာရေးအဆင့်အတန်းမြင့်မားသော လူ့ဘောင်အဖွဲ့အစည်းတစ်ရပ်သို့ တက်လှမ်း ရာတွင် My Doctor ကိုတံတားတစ်ဆင်းသဖွယ်အသုံးချသွားနိုင် စေရန် ကျွန်ုပ်တို့မှ သန္ဓိဌာန်ချမှတ်၍ အစဉ် ကြိုးပမ်းလျှက်ရှိပါသည်။