06/04/2022
🥗ကိုယ်ခန္ဓာ ခုခံအားကို တိုးမြှင့်ပေးသော အစားအစာများ🥗
ကိုယ်တွင်းခုခံအား ဆိုတာ သင့်ရဲ့ ပတ်ဝန်းကျင်မှ ကူးစက်စေသောရောဂါများကို ကာကွယ်ပေးသော အရေုးကြီးသော အရာပါ။
သင့်ရဲ့ စားသောက်နေထိုင်ပုံ သည်လည်း ကိုယ်ခန္ဓာ ခုခံအား ကို သက်ရောက်မှုတွေ ရှိနေပါတယ်။
သဘာဝ အစားအစာတွေသည် ကိုယ်ခန္ဓာ ခုခံအားကို ကောင်းမွန်စေတယ်ဆိုတာ အားလုံးသိပြီးဖြစ်ပါတယ်။
၄င်းတို့ထဲကမှ အောက်ဖော်ပြပါ အစားအစာများ သည် သင့်ကို ကူးစက်စေသောရောဂါများမှ ကာကွယ်ပေးနိုင်ပြီး ကူးစက်မိပါကလည်း အမြန် သက်သာစေရန် ကိုယ်ခံစွမ်းအားကို အစွမ်းထက်စွာ တိုးမြှင့်ပေးပါတယ်။
တစ်မျိုးထဲ အများကြီးစားတာမျိုးမဟုတ်ဘဲ အမျိုးစုံအောင်စားပေးနိုင်ဖို့လည်း အရေးကြီးပါတယ်။
၁။ အချဉ်ဓာတ် ပေါများစွာပါဝင်သော အသီးများ
အချဉ်ဓာတ် ပေါများစွာပါဝင်သော သံပုရာသီး၊ သံပုယိုသီး၊ လိမ္မော်သီး၊ ဂရိတ်ဖရု စသော အသီးများ နှင့် အခြား Vitamin C ပေါကြွယ်ဝသော မာလကာသီး၊ ဘရိုကိုလီ၊ ခရမ်းချဉ်သီး၊ ငရုတ်ပွ၊ သင်္ဘောသီး၊ ဗယ်ရီသီး စသောအသီးများ၊ အစိမ်းရင့်ရောင် အရွက်များက သင့်ရဲ့ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပါတယ်
Vitamin C သည် သွေးဖြူဥ ထုတ်လုပ်ခြင်းကို ကူညီပေးပြီး ကိုယ်ခန္ဓာ ခုခံအားကို တိုးမြှင့်ပေးပါတယ်။
Vitamin C သည် ပိုးများသေစေပြီး အရောင်ကျစေသော အာနိသင်ရှိရုံသာမက အရေပြားကို တင်းရင်းစေကာ အရွယ်တင်နုပျိုစေပါတယ်။
၂။ ဒိန်ချဉ်
ဒိန်ချဉ်တွင် ကိုယ်တွင်း အကျိုးပြုပိုးမွှားများ ပါဝင်ပါတယ်။
Probiotics အကျိုးပြုပိုးမွှားများ သည် အစာခြေလမ်းကြောင်းတွင်းတွင် နေထိုင်ပြီး ကိုယ်ခန္ဓာ ခုခံအားကို တိုးမြှင့်ပေးပါတယ်။
၃။ ကြက်သွန်ဖြူ
ကြက်သွန်ဖြူ သည် Bacteria ပိုး၊ Virus ပိုး၊ မှိုပိုးအမျိုးမျိုး တို့ကို တိုက်ဖျက်နိုင်ပြီး ကိုယ်ခံစွမ်းအားကို အစွမ်းထက်စွာ တိုးတက်စေနိုင်ပါတယ်။
သွေးတွင်း အဆီဓာတ်ကို လျော့ကျစေခြင်း၊ သွေးတိုးကိုထိန်းပေးခြင်း၊ သွေးတွင်းသွေးခဲဖြစ်ပေါ်မှုကိုလျော့ချပေးသောကြောင့် လေဖြတ်ရောဂါကို ကာကွယ်ပေးခြင်း စသော အစွမ်းများလည်းရှိပါတယ်။
၄။ နနွင်း
နနွင်း သည် antioxidants ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ အလွန်ကြွယ်ဝပြီး ရောင်ရမ်းမှုများကိုလျော့ချနိုင်သောအာနိသင်ရှိကာ ကိုယ်ခန္ဓာ ခုခံအားကိုလည်း အစွမ်းထက်စွာ တိုးမြှင့်ပေးပါတယ်။
၅။ ဂျင်း
ဂျင်း သည် ရောဂါများ ကူးစက်ခြင်းကို ကာကွယ်နိုင်သောကြောင့် ပုံမှန်စားသုံးသင့်သော အစားအစာတစ်မျိုးပင်ဖြစ်ပါတယ်။
၆။ သစ်ဂျပိုးခေါက်
သစ်ဂျပိုးခေါက် သည်လည်း ရောင်ရမ်းမှုများကိုလျော့ချနိုင်သောအာနိသင်ရှိကာ ရောဂါပိုးများကိုလည်း အစွမ်းထက်စွာ တိုက်ဖျက်ပေးပါတယ်။
၇။ လက်ဖက်စိမ်း
လက်ဖက်စိမ်း မှာ antioxidants ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ရုံမက ကိုယ်တွင်းခုခံအားအတွက် သွေးဖြူဥမှ ပိုးမွှားကာကွယ်ပစ္စည်းများထုတ်လုပ်ခြင်းကို ကူညီသော L-theanine အမိုင်နိုအက်စစ် လည်း ပါဝင်ပါတယ်။
၈။ ကီဝီသီး
ကီဝီသီးမှာ သွေးအားတက်စေသော Folate၊ Vitamin C၊ Vitamin K၊ Potassium စသော အာဟာရဓာတ်အမျိုးမျိုးပါဝင်သောကြောင့် ကိုယ်ခံစွမ်းအား မြင့်တင်ရာမှာ ထိရောက်စွာ အထောက်အကူပြုပါတယ်။
၉။ ငရုတ်ပွနီ
အစာသွတ်ဟင်းချက်စားရင် စားကောင်းလှတဲ့ ငရုတ်ပွနီမှာ Vitamin C နှင့် Beta carotene ပါဝင်သောကြောင့် အရေပြား နှင့် မျက်လုံး ကျန်းမာရေးကို အထောက်အကူပြုရုံသာမက သင့်ရဲ့ Immune System ကိုလည်း အစွမ်းထက်စွာ တိုးမြင့်ပေးပါတယ်။
၁၀။ ဘရိုကိုလီ ပန်းဂေါ်ဖီစိမ်း
ကျန်းမာရေးအတွက် ကောင်းမွန်လှတဲ့ ဘရိုကိုလီ ပန်းဂေါ်ဖီစိမ်းမှာ အစွမ်းထက် အာဟာရများဖြစ်တဲ့ Vitamins A, C, E နှင့် အမျှင်ဓာတ်များ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ များပြားစွာ ပါဝင်ပါတယ်။ ကိုယ်ခန္ဓာ ခုခံအားကိုလည်း အစွမ်းထက်စွာ တိုးမြှင့်ပေးပါတယ်။
၁၁။ သံဓာတ်ကြွယ်ဝသော အစားအစာများ
ကိုယ်ခန္ဓာရဲ့ခုခံစွမ်းအား အတွက် သံဓာတ်သည်လည်း အရေးပါလှပါတယ်။ သံဓာတ်ကြွယ်ဝသော အသား၊ ငါး၊ ပုစွန်၊ ပဲအမျိုးမျိုး၊ အစေ့အဆံ အမျိုးမျိုး၊ အစိမ်းရင့်ရောင် အရွက်များ က သင့်ရဲ့ ကိုယ်ခံအားကို မြှင့်တင်ပေးပါတယ်။
၁၂။ အစေ့အဆံ အမျိုးမျိုး
နှမ်း၊ နေကြာစေ့၊ သီဟိုဠ်စေ့၊ ဖရုံစေ့ စသော အစေ့အဆံ အမျိုးမျိုးမှာ အတွက် ကိုယ်ခန္ဓာ ခုခံအားအစွမ်းထက် အာဟာရများဖြစ်တဲ့ zinc ၊ copper ၊ Vitamins E နှင့် အမျှင်ဓာတ်များ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ ကျန်းမာရေးအကျိုးပြုအဆီဓာတ်များ များပြားစွာ ပါဝင်ပါတယ်။
၁၃။ ထောပတ်သီး
ထောပတ်သီးမှာ အစွမ်းထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဖြစ်တဲ့ Vitamin E ပေါများစွာပါဝင်ပြီး ကိုယ်တွင်းခုခံမှု လုပ်ငန်းကို ထိရောက်စွာ ထိန်းညှိပေးပါတယ်။
၁၄။ အုန်းဆီ
အုန်းဆီမှာ ပါဝင်တဲ့ အဆီဓာတ်တွေက Bacteria ပိုး၊ Virus ပိုး၊ မှိုပိုးအမျိုးမျိုး စသော ရောဂါပိုးများကို အစွမ်းထက်စွာ တိုက်ဖျက်ပေးပါတယ်။
၁၅။ ကန်စွန်းဥ
Vitamin A ချို့တဲ့ခြင်းကြောင့် ကိုယ်ခံအားလျော့နည်းစေပြီး ရောဂါပိုးများ အလွယ်တကူ ဝင်ရောက်နိုင်ပါတယ်။ Vitamin A ပေါကြွယ်ဝသော ကန်စွန်းဥ၊ မုန်လာဥနီ၊ အစိမ်းရင့်ရောင် အရွက်များ၊ ငရုတ်ပွနီ၊ ငါး၊ ကိုယ်တွင်းကလီစာ အသားများ က သင့်ရဲ့ ကိုယ်တွင်းခုခံအားကို တိုးမြှင့်ပေးပါတယ်။
၁၆။ နဂါးမောက်သီး
ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ Vitamin C နှင့် Beta carotene ပါဝင်သော နဂါးမောက်သီးသည် သင့်ရဲ့ Immune System ကို အစွမ်းထက်စွာ တိုးမြင့်ပေးကာ ကျန်းမာရေးကို အထောက်အကူပေးလှပါတယ်။
နောက်ဆုံး သတိပေးချင်တာကတော့ ရေလည်းများများသောက်ပေးပါ။
Credit: Healthy Diet & Natural Beauty
Fitness Club (Aungban)