YONG FU Physiotherapy Center - အကြောအဆစ်ပြန်လည်သန်စွမ်းရေးလေ့ကျင့်ကုသမှု

  • Home
  • Myanmar
  • Myeik
  • YONG FU Physiotherapy Center - အကြောအဆစ်ပြန်လည်သန်စွမ်းရေးလေ့ကျင့်ကုသမှု

YONG FU Physiotherapy Center - အကြောအဆစ်ပြန်လည်သန်စွမ်းရေးလေ့ကျင့်ကုသမှု Physiotherapy and Rehabilitation Center - အကြောအဆစ်ပြန်လည်သန်စွမ်းရေးလေ့ကျင့်ကုသမှု

Pre operative and post operative Physiotherapy Treatment
22/06/2022

Pre operative and post operative Physiotherapy Treatment

(Awareness topic)
ဖီဆီအိုသရပီ(Physiotherapy)ဆိုတာ ခွဲစိတ်ကုသမှု(general surgery condition)ကဏ္ဍမှာလည်း ပါဝင်ပတ်သက်မှုရှိတယ်။
ခွဲစိတ်မှုဆိုတဲ့ အထဲ အရိုးခွဲစိတ်ကုသမှုကို ခဏဖယ်ထားပြီး အခြားသော အူမကြီး အပေါက်ဖောက်တာ (colostomy)လိုမျိုး၊ Skin graftလို အရေပြား တွယ်ဆက်တာလိုမျိုး၊ သွေးလွှတ်ကြော ခွဲစိတ်မှု (arterial surgery)လိုမျိုး စတဲ့ surgery caseတွေမှာ ဖီဆီအိုသရပီဟာ ဆေးဘက်ဆိုင်ရာကုထုံးတစ်ခုအဖြစ် နေရာရှိပါတယ်။
ဖီဆီအိုသရပီဆိုတာနဲ့ အရိုး၊ အကြော၊ အဆစ်နဲ့ဆိုင်တဲ့ ပြန်လည်သန်စွမ်းရေးအတွက်လို့ မြန်မာပြန်ကို သိထားခြင်းက အခြားသော ဆေးဘက် အခြေအနေတွေမှာ ပါဝင်ရမယ့် Physiotherapy၏ အခန်းကဏ္ဍတွေကို မှေးမှိန်သွားစေတာတော့ အမှန်ပါပဲ။ ဒါကြောင့် General Surgical Conditions တွေမှာ Physiotherapy က ဘယ်ပုံ ဘယ်နည်း လိုအပ်နေလည်းကို သိထား‌စေရန် ဖော်ပြလိုက်ရပါတယ်။

❓ဆာဂျရီ (ခွဲစိတ်ဖို့) ဘာကြောင့်လိုအပ်ကြသလဲ။
🅰️ မကောင်းတဲ့ ရောဂါတစ်ရှူး အပိုင်းအစတွေကို ဖယ်ထုတ်ဖို့၊ ပျက်စီးနေတဲ့အရာ(ဥပမာ- အူကျွံတာ)ကို ပြန်လည် ပြုပြင်ပေးဖို့၊ ခန္ဓာကိုယ်မှာ အပေါက်ဖောက်ထားဖို့၊ ရောဂါရှာဖွေ စစ်ဆေးဖို့ စတာတွေကြောင့် ဆာဂျရီ လုပ်ကြရတယ်။ ဆာဂျရီလုပ်ဖို့ဆိုရင် ဆေးရုံကို ကြိုတက်ရပြီး လိုအပ်တဲ့ ဆေးစစ်မှုတွေ လုပ်ရသလိုဘဲ ခွဲစိတ်မှုမလုပ်ခင် Preoperative Physiotherapy Careဝင်ရပါတယ်။ Physiotherapist တွေက သက်ဆိုင်ရာ စစ်ဆေးချက်တွေ၊ လိုအပ်ချက်တွေ၊ ခွဲစိတ်ကုသမှုတွေ၊ အကြံပေးချက်တွေ၊ ခွဲစိတ်ပြီး လုပ်ဆောင်ရမယ့်အချက်တွေ စသဖြင့် ရှင်းပြ၊ ပြောပြ ပေးပြီး မခွဲစိတ်ခင်အထိ ပြုလုပ်ရမယ့် လမ်းညွှန်ခြင်းတွေကို သင်ပေးပါတယ်၊ ဒါကို Preoperative Physiotherapyလို့ သတ်မှတ်ပါတယ်။

❓ Surgeryမှာ ဖီဆီအိုသရပီကို ဘယ်လို ခွဲခြမ်းထားသလဲ။
🅰️ နှစ်မျိုးခွဲခြမ်းထားတယ်။
🟢 မခွဲစိတ်ခင် ဖီဆီအိုသရပီ စောင့်ရှောက်မှု (Preoperative Physiotherapy Care)
🟡 ခွဲစိတ်ပြီး ဖီဆီအို သရပီ ကုသမှု (Postoperative Physiotherapy Care)

🟢ခွဲစိတ်ခန်း မဝင်ခင်မှာ Physiotherapist များက လူနာရဲ့ medical history ကို စစ်ဆေးကြပါတယ်။ အထူးသဖြင့် အသက်ရှူလမ်းကြောင်းနဲ့ဆိုင်သောအရာများ နှင့် သွေးလည်ပတ်မှုနဲ့ဆိုင်သော အရာများကို အလေးထားတယ်။ ဥပမာ- ဆေးလိပ်သောက်ခြင်း၊ အဝလွန်ခြင်း၊ လှုပ်ရှားမှု နည်းခြင်း အစရှိတာတွေက နောက်ဆက်တွဲ ထိခိုက် ဒဏ်ရာရမှုကို ဖြစ်စေတာကြောင့်ပဲ ဖြစ်တယ်။ ထို့အတွက် အသက်ရှုလေ့ကျင့်ခန်းတွေ၊ သလိပ်ဖယ်ရှားပုံ နည်းလမ်းတွေ၊ ကိုယ်၊ လက်လေ့ကျင့်ခန်းတွေ စသဖြင့် Pre-opမှာ သင်ကြားတယ်။
(စကားချပ်- အသက်ရှူလေ့ကျင့်ခန်းတို့၊ အခြားလေ့ကျင့်ခန်းတွေကို လွယ်ကူ ရိုးရှင်းတယ်လို့ ထင်ကောင်း ထင်နိုင်ကြသလို ခွဲစိတ်တာပဲ ဒါတွေ လိုအပ်သလားလို့လည်း အမှတ်မှားနိုင်ကြတယ်။ အဲ့လို တွေးထင်နေခြင်းက မခွဲစိတ်ခင် အချိန်မှာသာ ဒါမျိုး စဉ်းစားနိုင်ကြတာ။ တကယ်ခွဲစိတ်ပြီးတဲ့အခါ ချုပ်ရိုး‌ပြန်ပြေမှာကြောက်လို့ မလှုပ်ရှား‌ဘဲနေရာကနေ အရိုး၊ အဆစ်တွေ ခိုင်သွားမှာတွေ၊ လမ်းလျှောက်ရမယ့်အချိန် နောက်ကျပြီး ချိနဲ့မှာတွေ၊ ချောင်းဆိုးရင်တောင် နာကျင်တာကြောင့် ချောင်းမဆိုးတော့ဘဲ ချွဲတွေများလာပြီး ပိုးအသစ်ဝင်မှာတွေ စတာတွေက လူနာကိုယ်တိုင် ကြုံတွေ့ရနိုင်မယ့်အရာများသာ ဖြစ်တယ်။)

🟡ခွဲစိတ်တဲ့အခါ မေ့ဆေး (သို့) ထုံဆေးကို General Anaesthetic , Local Anaesthesia, Spinal Anaesthesia, Regional Anaesthesia စသဖြင့် အကျိုးအားလျော်စွာ အသုံးပြုကြတယ်။ Postoperative Physiotherapy Careအနေနဲ့ Physiotherapistဟာ လူနာအခြေအနေကို အခြားဆေးပညာရပ်ဝန်းက ပညာရှင်တွေနဲ့ဆွေးနွေးရတယ်။ ပြီးတဲ့အခါမှ ခွဲစိတ်ပြီး လူနာရဲ့ chart ကိုကြည့်မယ်၊ လူနာဟာ ကိုယ်အပူချိန်၊ သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်း မှန် မမှန်ကို Physiotherapistက ထပ်လောင်းစစ်ဆေးတယ်။ ခွဲခန်းမှ ထွက်လာတဲ့ လူနာဟာ သတိမရ‌သေးတာရှိမယ် (သို့) စကားပြောနိုင်တာရှိမယ်၊ အဲ့လို မတူညီတဲ့ အ‌ခြေအနေပေါ်မူတည်ပြီး Physiotherapistရဲ့ objective examination ကလည်း ကွဲပြားနိုင်တယ်။
👨🏻‍⚕️ခွဲစိတ်ပြီးလူနာတွေကို ဖီဆီအိုသရပီအနေနဲ့ chest complications မဝင်အောင် ကြည့်ပေးရတယ်။ Anaesthetics ရဲ့ side effectတစ်ခုက (၄၈)နာရီအတွင်း အသက်ရှူလမ်းကြောင်းမှာ ချွဲတွေ ထလာတတ်ပါတယ်။ ခွဲတဲ့ နေရာကို နာကျင်မှု သက်သာအောင် ပေးထားတဲ့ အကိုက်အခဲပျောက်ဆေးအရှိန်တွေက ချောင်းဆိုးခြင်းကို တားဆီးထားပေးတတ်သေးတယ်။ ချွဲတွေဟာ အပြင်ကို ထွက်မလာဘဲ စုပုံ များပြားလာပြီးနောက် ခြောက်သွေ့ခြင်း၊ ခဲခြင်းတွေဖြစ်ရင် အသက်ရှူလမ်းကြောင်းရဲ့ bronchi or bronchioles လေပြွန်တွေမှာ ပိတ်ဆို့တတ်ပါတယ်။ ချောင်းဆိုးရင် ချုပ်ရိုးတဝိုက်နာကျင်တာကလည်း ချွဲတွေကို များလာစေတဲ့ အချက်ဖြစ်တယ်။ နမိုးနီးယားလို ရောဂါတွေက အခန့်မသင့်ရင် နောက်ဆက်တွဲ လိုက်ပါလာတယ်။ ဒီလို risks တွေကို ကာကွယ်ဖို့၊ ဖြေရှင်းဖို့က ကျွမ်းကျင်တတ်မြောက်တဲ့ Physiotherapistကသာ လမ်းညွှန်ပေးနိုင်တယ်ဆိုတာ အသေအချာပါပဲ။
👩🏻‍⚕️ဒါတင်မကသေးဘူး၊ ခွဲစိတ်ပြီးလူနာတွေဟာ မလှုပ်ရှားဘဲ နေမိတဲ့အခါ ကြွက်သားတွေ ‌အားနည်းသွားခြင်း၊ အဆစ်တွေခိုင်သွားခြင်းလို ပြဿနာတွေ မဖြစ်အောင် ဖီဆီအိုသရပီ စောင့်ရှောက်မှုက ခွဲစိတ်ပြီးအချိန် (Postoperative)မှာ လိုကို လိုအပ်တယ်။
👨🏻‍⚕️ခွဲစိတ်ပြီး သတိမရသေးတဲ့ လူနာတွေမှာ သွေးပြန်ကြောတွင်း သွေးခဲခြင်း (Deep Vein Thrombosis)လို အန္တရာယ်ရှိတာမျိုး မဖြစ်အောင် ဖီဆီအိုသရပီ ဝင်‌ရတယ်။
(Deep Vein Thrombosis အကြောင်း အသေးစိတ်👉 https://m.facebook.com/story.php?story_fbid=138377668650532&id=100396972448602)
👩🏻‍⚕️ဒါ့အပြင် ကုတင်ပေါ် လဲနေရသေးတဲ့ လူနာတွေမှာ အိပ်ရာပူနာ(pressure sores)၊ အနာပိုးဝင်ခြင်း (wound infection)၊ Haemorrhage စတာ‌တွေအပြင် danger signalsတွေကို ကာကွယ်ဖို့၊ သတိထားကြည့်ရှုဖို့ လမ်းညွှန်မှုတွေကို အခြားဆေးပညာရှင်များနည်းတူ Physiotherapistကလည်း ထပ်တူ သတိပေးရပါတယ်။

ဒီနေ့ Awareness topicမှာ ဆာဂျရီလုပ်တဲ့ လုပ်တဲ့လူနာများကို ဖီဆီအိုသရပီဝင်ရပုံနှင့် ဘာကြောင့် မခွဲခင်၊ ခွဲပြီး နှစ်မျိုးပိုင်းခြားကာ ဖီဆီအိုသရပီစောင့်ရှောက်မှုဟာ လို‌အပ်ကြောင်းနဲ့ ပတ်သက်လို့ ဗဟုသုတရမယ်ထင်ပါတယ်။ အထက်ပါအကြောင်းအရာများဟာ အပြည့်အစုံတော့မဟုတ်သေးပါ၊ ဒါပေမယ့် အကြမ်းဖျင်း နားလည်သဘောပေါက်စေရန် ရည်ရွယ်ပြီး ဖော်ပြထားခြင်းဖြစ်တယ်။
ရောဂါအခြေအနေနှင့် ကုသပုံတွေကို ဆေးပညာအခြေခံမရှိဘဲ ကုသခွင့်မရှိပါဘူး။ သို့သော်လည်း ဆေးပညာရပ်တွေကို အလုံးစုံသိခွင့် မရှိသည်တော့ မဟုတ်။ ဗဟုသုတအဖြစ် ကျန်းမာရေးစောင့်ရှောက်မှု အသိပညာကတော့ လူတိုင်း သိထားအပ်ပါတယ်။
နောက်Topicတွေမှာလည်း သိသင့်တာတွေ ဝေမျှပေးသွားဦးမှာမို့လို့ Pageကို Like and share လုပ်ထားပေးကြပါဦးနော်🙌

💢စာများကို ပြန်ကူးတင်တာမျိုးထက် မူရင်း post ကိုသာ share လုပ်စေချင်ပါတယ်။ ကူးယူတဲ့အခါလည်း မူလစာများကို မ‌ဖြတ်တောက်ဖို့နှင့် Page၏ နာမည်ကို creditပေးဖို့ လိုအပ်ပါတယ်။💢

👪ကောင်းမွန်တဲ့လူနေမှုဘဝကို ပိုင်ဆိုင်ဖို့ Physiotherapist များနဲ့ စောစီးစွာ တိုင်ပင်ကြပါစို့👪

⚕️Consult with a Physiotherapist if you need to promote your health⚕️

Thank you🍀
Physiotherapy Care & Consultation

About Electrotherapy
01/06/2022

About Electrotherapy

အရိုးကျီးပေါင်းတက်ခြင်းအကြောင်း(Spondylosis)အရိုးကျီးပေါင်းဆိုသည်မှာ အသက်ကြီးလာသောကြောင့် ကျောရိုးဆစ်ယိုယွင်းပျက်စီးလာခြ...
21/05/2022

အရိုးကျီးပေါင်းတက်ခြင်းအကြောင်း
(Spondylosis)
အရိုးကျီးပေါင်းဆိုသည်မှာ အသက်ကြီးလာသောကြောင့် ကျောရိုးဆစ်ယိုယွင်းပျက်စီးလာခြင်းကို ဆိုလိုပါတယ်.......
ကျောရိုးဆစ်သည် လည်ပင်းရိုးမှ မြှီးညှောင့်ရိုးအထိ စုစုပေါင်း(၃၃)ခု ရှိပါတယ်.........

🤔ကျီးပေါင်းရောဂါ ဘယ်လိုဖြစ်လာသလဲ❓❓❓
ကျောရိုးမကြီးမှာရှိတဲ့ အရိုးနှစ်ခုကြားက အရိုးနုချပ်ပြားလေးတွေ ထိခိုက်မိတာ၊ပါးလာတာကနေ အရိုးကျီးပေါင်းဖြစ်လာပါတယ်။

🤔အရိုးနုချပ်ပြားဆိုတာဘာလဲ❓❓❓
အရိုးနုချပ်ပြားဆိုတာ အရိုးတစ်ခုနဲ့ တစ်ခု မထိမိအောင် ခံထားရတဲ့ ကြားခံနယ်လေးပဲဖြစ်ပါတယ်
အရိုးနုချပ်ပြားလေးတွေ ပါးလာတာနဲ့အမျှ အရိုးတခုနဲ့တခုဟာ ထိမိပြီး အရိုးအတက်လေးတွေ ထွက်လာပါတယ်.........
အရိုးအတက်လေးတွေဟာ အာရုံကြောကိုထိမိတဲ့အခါ ထုံကျင်ကိုက်ခဲတာတွေ ဖြစ်လာပါတယ်.......
အရိုးနုချပ်ပြားလေးတွေဟာ သူရှိရမယ့်နေရာမှာ မရှိဘဲ ကျွံထွက်ပြီး အာရုံကြောကိုပိမိတဲ့အခါမှာလည်း နာကျင်ကိုက်ခဲတာ ထုံကျင်တာတွေ ဖြစ်လာပါတယ် (ပုံမှာကြည့်ပါ)
ဒါတွေဟာ အရိုးကျီးပေါင်းရဲ့ လက္ခဏာတွေပါပဲ
ဘယ်အသက်အရွယ်မှာဖြစ်တတ်သလဲ❓❓❓
အသက်(၄၀) နောက်ပိုင်းမှာ အဖြစ်များပေမယ့် ယနေ့ခေတ်မှာတော့ လူငယ်တွေမှာပါဖြစ်လာတာတွေ့ရပါတယ်.......

🤔ဘာကြောင့်ဖြစ်တာလဲ❓❓❓
ဖြစ်ပွားရတဲ့အကြောင်းရင်းတွေကတော့
1️⃣ကိုယ်နေဟန်ထား ပုံသဏ္ဍာန်မမှန်ခြင်း
2️⃣အနေထားတမျိုးတည်းကိုပဲ အချိန်ကြာမြင့်စွာ နေမိခြင်း
3️⃣ခေါင်းငုံ့ပြီးအလုပ်လုပ်များခြင်း
4️⃣ကျောရိုးတွင် ဒဏ်ရာရဖူးခြင်း
5️⃣အလေးအပင် 'မ' ရခြင်း
စသည်တို့ဖြစ်ပါတယ်။

ရောဂါလက္ခဏာတွေကတော့
💁မကြာခဏခေါင်းမူးနေခြင်း
💁ဇက်ကြောတက်ခြင်း
💁လက်ပြင်၊ပခုံးနှင့် လက်မောင်းတလျှောက်နာကျင်ကိုက်ခဲခြင်း
💁လက်ချောင်း၊ခြေချောင်းများထုံကျင်ကိုက်ခဲခြင်း
စသည်တို့ပဲဖြစ်ပါတယ်။
ရောဂါလက္ခဏာများဟာ တယောက်နဲ့တယောက်မတူတာကြောင့် အပေါ်ကပြောထားတာတွေထဲက တခု၊နှစ်ခု (သို့) အကုန်လုံးလည်းတွေ့ရတတ်ပါတယ်။

🔎"Prevention is better than cure"🔍ဆိုသည့်အတိုင်း ကာကွယ်ရမယ့်နည်းလမ်းလေးတွေကိုလည်း ပြောပြပေးပါမယ်။
🔎ရပ်နေရင်းဖြစ်စေ၊ထိုင်နေရင်းဖြစ်စေ ခေါင်း၊ပခုံး၊လည်ပင်းနှင့်ကျောရိုးကို တည့်မတ်စွာထားရပါမယ်.....
🔎အနေအထားတမျိုးနဲ့ အချိန်ကြာမြင့်စွာနေထိုင်ခြင်း(ဥပမာ_အထိုင်များခြင်း၊မတ်တပ်ရပ်များခြင်း)
🔎ဇက်ချိုးခြင်း
🔎ခေါင်းအုံးအမြင့်နှင့်အိပ်ခြင်း
🔎ကွန်ပျူတာ(သို့)ဖုန်းသုံးနေချိန်၊ စာဖတ်နေချိန်တွင် ခေါင်းကိုငုံ့၍အကြာကြီးနေခြင်း စသည်တို့ကို ရှောင်ရပါမယ်.....
🔎သင့်တော်သောကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးရပါမယ်.....
🔎အရိုးကျီးပေါင်းလူနာများကတော့ လေ့ကျင့်ခန်းကိုရေရှည်လုပ်ဖို့ လိုပါလိမ့်မယ်......

⛳ကာကွယ်နည်းပြောပြီးသွားပြီဆိုတော့ ဒီတခါကုသနည်းကိုပြောပြပေးပါမယ်⛳
🎯ကုသနည်းတွေကတော့🎯
1️⃣ Medication 💉💊
2️⃣ Physiotherapy and
3️⃣ Surgery
တို့ပဲဖြစ်ပါတယ်။

ဒီထဲကမှ ကျွန်မတို့
💫Physiotherapy Clinic💫အနေနဲ့ ကျီး‌ပေါင်းရောဂါကို ဘယ်လိုကုသလဲ❓❓❓
🍀 Electrotherapyလို့ခေါ်တဲ့ ခေတ်မှီစက်ကိရိယာများနှင့် ကုသခြင်း - နာကျင်ကိုက်ခဲ‌သောဝေဒနာများကို သက်သာအောင်ခေတ်မှီစက်ကိရိယာများနဲ့ကုသပေးပါတယ်။
🍀 Exercise Therapyလို့ခေါ်တဲ့ လေ့ကျင့်ခန်းဖြင့်ကုသခြင်း တို့ဖြင့်ကုသနိုင်ပါတယ်။

🌿အရိုး၊အကြော၊အဆစ်ရောဂါများအတွက်🌿
"Yong Fu Physiotherapy and Rehabilitation Clinic"ကိုသာ သတိရလိုက်ပါ♥️
Page Messengerမှတဆင့်လည်း သိလိုသည်များကို မေးမြန်းနိုင်ပါတယ်ရှင့်။

🌟Move better, Live better 🌟

🏡 အမှတ်(၃၃), ကန်ဖျားလမ်းမကြီး၊ ကန်ဖျားရပ်၊ မြိတ်မြို့။
📞 059 41898, 09 7549 11131

☘️Yong Fu☘️Physiotherapy and Rehabilitation centerတွင် အကြောအဆစ်နှင့်ဆိုင်သော ရောဂါများကို အကြောအဆစ်ကုပညာရှင်( Physiothe...
06/05/2022

☘️Yong Fu☘️
Physiotherapy and Rehabilitation center
တွင် အကြောအဆစ်နှင့်ဆိုင်သော ရောဂါများကို အကြောအဆစ်ကုပညာရှင်( Physiotherapist)များမှ
-ခေတ်မှီစက်ကိရိယာများနှင့်ကုသခြင်း(Electrotherapy)
-လေ့ကျင့်ခန်းဖြင့်ကုသခြင်း(Exercise Therapy)
-ဆောင်ရန်၊ရှောင်ရန် များကို ပြောပြပေးခြင်း (Advice)
တို့ဖြင့် ကုသပေးနေပါတယ်.........
⭐ကုသနိုင်တဲ့ရောဂါများကတော့⭐

🎯အကြော၊အဆစ်နှင့်ဆိုင်သော ရောဂါများ
-လည်ပင်း၊ဒူး၊ခါး တို့တွင် ဖြစ်ပေါ်တတ်သော အရိုးကျီးပေါင်းတက်ရောဂါများ။
-လေးဘက်နာရောဂါနှင့် အဆစ်အမြစ်ရောင်ရောဂါများကြောင့် ဖြစ်ပေါ်လာသော အကြောအဆစ်ရောင်ခြင်းများ၊ အဆစ်ခိုင်ခြင်းများ။
-ခါးနာခြင်း၊ ခါးဆစ်ရိုးကျွံထွက်၍ အာရုံကြောဖိမိခြင်း၊ ခါးအကြောညှပ်ခြင်းကြောင့် ခြေလက်များ ထုံကျင်ကိုက်ခဲခြင်း။
-ဒူးနာခြင်း၊ဒူးဆစ်ရောင်ခြင်း၊ဒူးအကွေးအဆန့်ခက်ခဲခြင်း။
-ခြေဖနောင့်အတက်ထွက်ခြင်း၊ ခြေဖနောင့်အရွတ်ပြားရောင်ခြင်း။
-ဇက်နာ၊ ပခုံးနာ၊ ပခုံးကပ်၊ ပခုံးအရွတ်ရောင်ခြင်းများ။

🎯ကြွက်သားနှင့်ဆိုင်သော ရောဂါများ
-ကြွက်သားများနာကျင်ရောင်ရမ်းခြင်း။
-အားကစားပြုလုပ်ခြင်းကြောင့် ရရှိသော ဒဏ်ရာများနှင့် နာကျင်မှုများ။
-ကိုယ်ဝန်ဆောင်နေစဉ်(သို့) မီးဖွားပြီးစမိခင်များတွင်ဖြစ်တတ်သော ဝမ်းဗိုက်နှင့်သားအိမ်ကြွက်သားများအားနည်းခြင်း။
-ကြွက်သားအားနည်းခြင်း။

🎯အာရုံကြောနှင့်ဆိုင်သော ရောဂါများ
-လေဖြတ်ခြင်း။
-မျက်နှာတခြမ်းရွဲ့ခြင်း

🎯မွေးရာပါကလေးသူငယ်နာအကြောတင်း၊ အကြောသေရောဂါများအား လေ့ကျင့်ကုသပေးခြင်း။

🎯အသက်အရွယ်ကြီးသူများ၊ လှုပ်ရှားသွားလာရခက်ခဲခြင်းအတွက် လေ့ကျင့်ကုသပေးခြင်း။

🎯ရင်ခေါင်းနှင်အဆုတ် လေ့ကျင့်ကုသပေးခြင်းများ

ဖြစ်ပါတယ်ရှင်
Move Better,Live Better ♥️

😍 အားလုံးပဲ မင်္ဂလာပါ 🙏😍 ☘ Yong Fu ☘ 🌟 အရိုး၊အကြော၊အဆစ် နှင့် ပြန်လည်သန်စွမ်းရေး လေ့ကျင့်မှုစင်တာကို မြိတ်မြို့ မှာ စတင်...
04/05/2022

😍 အားလုံးပဲ မင်္ဂလာပါ 🙏😍

☘ Yong Fu ☘

🌟 အရိုး၊အကြော၊အဆစ် နှင့် ပြန်လည်သန်စွမ်းရေး လေ့ကျင့်မှုစင်တာကို မြိတ်မြို့ မှာ စတင်ဖွင့်လှစ်နေပါပြီနော်😍

🌟 "Move better,Live better"ဆိုတဲ့ ကျွန်တော်တို့ရဲ့ ဆောင်ပုဒ်လေး အတိုင်း လွတ်လပ်ပေါ့ပါးစွာ သွားလာလှုပ်ရှားနိုင်မည့် လူနေမှုဘဝကို ရရှိစေရန်အတွက်
အကောင်းဆုံးဝန်ဆောင်မူပေးတဲ့
☘ Yong Fu ☘ကိုသာ လှမ်းလာခဲ့လိုက်ပါနော်😍

🛤 လိပ်စာလေးကတော့ 🛤
အမှတ်(၃၃)၊ကန်ဖျားလမ်းမကြီး၊ကန်ဖျားရပ်၊မြိတ်မြို့ ။
☎️09754911131

🌟 အရိုး၊အဆစ် နဲ့ အာရုံကြောဆိုင်ရာ ရောဂါတွေအတွက်ဆို☘ Yong Fu ☘ ကိုသာ သတိရလိုက်ပါနော်😍

Open Today! (31/3/2022)
31/03/2022

Open Today! (31/3/2022)

Address

Myeik

Opening Hours

Monday 11:00 - 06:00
Tuesday 11:00 - 06:00
Wednesday 11:00 - 06:00
Thursday 11:00 - 18:00
Friday 11:00 - 18:00
Saturday 11:00 - 18:00
Sunday 10:00 - 18:00

Telephone

+959754911131

Website

Alerts

Be the first to know and let us send you an email when YONG FU Physiotherapy Center - အကြောအဆစ်ပြန်လည်သန်စွမ်းရေးလေ့ကျင့်ကုသမှု posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to YONG FU Physiotherapy Center - အကြောအဆစ်ပြန်လည်သန်စွမ်းရေးလေ့ကျင့်ကုသမှု:

Share