06/05/2026
မြန်မာနိုင်ငံဆရာဝန်အသင်း၊ မြိတ်မှ
အခမဲ့ဆေးခန်းကို
အပတ်စဥ် အဂ်ါ၊ ကြာသပတေးနှင့် စနေနေ့များတွင် နံနက် ဆယ်နာရီမှ ဆယ့်နှစ်နာရီအထိ
မြိတ်မြို့ရေပုန်းရပ်၊ ရွှေဘုံသာလမ်း ရှိ
water world ဝင်းအတွင်း ဖွင့်လှစ်ထားကာ
တိုင်းရင်းသား ၊ ရဟန်းရှင်လူများတို့အား၊ လူမျိုးမရွေး၊ ဘာသာမရွေး အခမဲ့ ကုသပေးလျက်ရှိပါသည်။
ထို အခမဲ့ဆေးခန်းအတွက်
ငွေနှင့်ဆေးဝါးများကို လှူဒါန်းလျက်ရှိရာ
ယနေ့ ၆.၅.၂၆ ရက် နေ့တွင်
၁။ မြိတ်မြို့၊ မြစ်ငယ်ရပ်နေ ကိုချစ်ဦးမောင်၊ မဝတ်ရည်နှင်း မိသားစုမှ လစဥ်အလှူအဖြစ် ငွေကျပ် ငါးသောင်းတိတိကို လည်းကောင်း၊
၂။ ကျွန်းစုမြို့နယ်၊ စခန်းသစ်ရွာနေ ကိုမောင်ဝင်း၊ မအေးစန်းမိသားစုမှ လစဥ်အလှူအဖြစ် ငွေကျပ် ငါးသောင်းတိတိကို လည်းကောင်း၊
၃။ ကျွန်းစုမြို့နယ်၊စခန်းသစ်ရွာနေ ကိုဝင်းဖေ၊ မအပ်ပိန် မိသားစုမှ လစဥ်အလှူအဖြစ် ငွေကျပ် သုံးသောင်း တိတိကိုလည်းကောင်း။
၄။ မြိတ်မြို့ ၊ ကန်ဖျားရပ်နေ ဝိုင်းကွေ့တရို့ဆိုင် မိသားစုမှလစဥ်အလှူ အဖြစ် ငွေကျပ် ငါးသောင်းတိတိကို လည်းကောင်း၊
၅။ မြိတ်မြို့၊ ဘုံပျံရပ်၊ နဝရတ်လမ်း နေ ဒေါ်ရွှေလ မိသားစုမှ လစဥ်အလှူအဖြစ် ငွေကျပ်ငါးသောင်းတိတိကို လည်းကောင်း။
၆။ မြိတ်မြို့ ၊ ဘုံပျံရပ်၊ နဝရတ်လမ်း နေ ကိုသက်ပိုင်စိုး၊ မလေးယုထွေး သားမောင်မြတ်သုတ မိသားစုမှ လစဥ်အလှူအဖြစ် ငွေကျပ် ငါးသောင်းတိတိကို လည်းကောင်း၊
၇။ စိန်မျှား မိသားစုမှလစဥ်အလှူအဖြစ် တန်ဖိုးငွေ ငါးသိန်းရှိသော ဆေးပစ္စည်းမျိုးစုံ ကိုလည်းကောင်း။
လာရောက် လှူဒါန်းပါသဖြင့်
အထူးကျေးဇူးတင်ရှိပါကြောင်း
မှတ်တမ်းပြုအပ်ပါသည်။
အခမဲ့ဆေးခန်းတွင် တိုင်းရင်းသား ပြည်သူများအားလုံးအား ဇန်နဝါရီလ၊ ၈ရက် နေ့မှ စတင် ၍ အဂ်ါ၊ ကြာသပတေးနှင့် စနေနေ့ တိုင်း အခမဲ့ ကုသမှုပေးနေပါသည်။
၂၁.၄.၂၆ တွင် ဝေဒနါရှင်ပေါင်း ၁၃၄ ဦးအားလည်းကောင်း၊
၂၃.၄.၂၆ တွင် ဝေဒနာရှင်စုစုပေါင်း ၁၀၁ ဦးအားလည်းကောင်း၊
၂၅.၄.၂၆ တွင် ဝေဒနာရှင် စုစုပေါင်း ၂၁၀ ဦးကိုလည်းကောင်း။
၂၈.၄.၂၆ တွင် ဝေဒနါရှင် စုစုပေါင်း ၄၅ဦးကိုလည်းကောင်း။
၃၀.၄.၂၆ တွင် ဝေဒနာရှင် ၃၄ဦးကိုလည်းကောင်း။
၂.၅.၂၆ တွင် ဝေဒနာရှင် ၈၂ ဦးကိုလည်းကောင်း။
၅.၅.၂၆ တွင် ဝေဒနာရှင် စုစုပေါင်း ၁၄၅ ဦးကိုလည်းကောင်း။
ကုသပေးခဲ့ကြပါသည်။
အလှူရှင်များအနေဖြင့် အခမဲ့ဆေးခန်း သို့ အလှူငွေနှင့် ဆေးဝါးများကို အောက်ဖော်ပြပါ အတိုင်း ဆက်သွယ်လှူဒါန်းနိုင်ကြပါသည်။
ဒေါက်တာ ဒေါ်သီသီစိန် (095197398)
ဒေါက်တာ ဒေါ်ရီရီ(ဒေါ်ရီရီ09788609610)
ဒေါက်တာ တင်စိုးမိုး(09422199118)
ဒေါက်တာ ထွဋ်လွင်ဦး(09422220071)
ဒေါက်တာ နေမျိုးအောင်ဘိုဘိုရှိန်း
ရုံးအဖွဲ့
ဦးသန်းနိုင်(0941004803)
ကိုသရဖီ(09422196376)
ကိုထက်ဝင်းဖြိုး(09253923341)