ကလေးရောဂါအထူးကုဆေးခန်း-Paediatric Clinic

  • Home
  • Myanmar
  • Myingyan
  • ကလေးရောဂါအထူးကုဆေးခန်း-Paediatric Clinic

ကလေးရောဂါအထူးကုဆေးခန်း-Paediatric Clinic To increase local health level and Care and Support of child health Private Clinic and Online Teleconsultation

ကလေးတွေ Covid ဖြစ်ရင်-ပြောခဲ့ပါတယ်သိပ်မပြင်းထန်ဘူးဘာမှ မဖြစ်သလိုကျော်ဖြတ်သွားသူသာမန် ၂-၃ရက်ဖျား သူလည်ချောင်းနာ ချောင်းဆိ...
25/08/2021

ကလေးတွေ Covid ဖြစ်ရင်-
ပြောခဲ့ပါတယ်
သိပ်မပြင်းထန်ဘူး
ဘာမှ မဖြစ်သလိုကျော်ဖြတ်သွားသူ
သာမန် ၂-၃ရက်ဖျား သူ
လည်ချောင်းနာ ချောင်းဆိုးသူ
ဝမ်းနဲနဲဆက်ပျက်သူ
၇-၈ရက်ဖျားသူ တွေရှိပါတယ်
ကိုယ်ပေါ်မှာအနီစက်လဲထွက်ကြပါတယ်။

တချို့အနည်းစုသောကလေးတွေက
ဆေး ပညာအခေါ် MIS-C multisystem inflammation syndrome
ဆိုတာ ဖြစ်ပြီး ကိုယ်ခန္ဓာက Covid ပိုးကိုပြင်းထန်စွာတုန်ပြန်တတ်ပါတယ်။

အဖျားကြီးမယ်
ဝမ်းလျောတာ အန်တာတွေဖြစ်မယ်
ကိုယ်ပေါ်မှာ အနီစက်တွေထွက်တယ်
လည်ပင်းအကြိတ်တွေရောင်မယ်
မျက်လုံးတွေရဲနေမယ်
အရေးကြီးဆုံးကသွေးလန့်မယ် တက်မယ် စသဖြင့်ပေါ့....

အဲဒီအချိန်မှာ multisystem ဆိုတဲ့အတိုင်း တစ်ကိုယ်လုံးက နှလုံးအဆုတ် အပါအဝင်တခြား အင်္ဂါတွေ ရောင်ပြီး ပုံမှန်အလုပ်မလုပ်တော့တာတွေဖြစ်မယ်။

ကလေးငယ်ငယ် တနှစ်အောက်ရော ခပ်ကြီးကြီးရော ဖြစ်နိုင်ပါတယ်။

မိသားစုတွေ Covid ဖြစ်နေတုန်း သူက တဆက်တည်းဖြစ်တတ်သလို

ပထမ Covid ဖြစ်တာတွေကောင်းပြီး သွားမှ ၂ပတ် ၃ပတ်ကျော်ကြာမှ ထပ်ဖြစ် တာဖြစ်နိုင်တယ်။

အရင်က Covid ဖြစ်မှန်း မသိခဲ့ဘဲ ခုမှထဖြစ်တာ မျိုး လဲဖြစ်န်ုင်တယ်
အမျိုးမျိုး ဖြစ်နိုင်ပါတယ်။

ဘယ်ကလေးမျိုးက ဒီလိုဖြစ်နိုင်တယ် ဆိုတာ ဆိုးတဲ့ ​ရောဂါဝင်သွားမယ်ဆိုတာ ကြိုမခန့်မှန်းနိုင်ပါဘူး လူကြီးတွေလို ဆီးချို ရှိလို့ ကိုယ်ခံအားနဲလို့ ပိုဆိုးတယ် လို့ပြောစရာမရှိဘူး။

ကလေးရဲ့ ကိုယ်က brand new ကားလို သိပ်မသုံးရသေးတဲ့ အသစ်လေးပါ။

ဒါဆိုမိဘတွေသိပ်ကြောက်သွားပြီပေါ့။

ဒါဆိုဘယ်လိုလုပ်ကြမလဲ။

**စောင့်ကြည့်မယ်**

ကလေးက အဖျားကြီးမယ်
အဖျားတာရှည်မယ်၊
မလိုအပ်ဘဲ မှိန်းမယ်ငြိမ်လွန်းခွေနေမယ်၊
မလန်း မဆော့ မစားဘူး၊
အသက်ရှူမြန်မယ်၊
ဂဏာမငြိမ်ဂျီကျမယ်
ဆီးနဲမယ်၊
ခြေဖျားလက်ဖျားအေးမယ်၊

ကိုယ့်ကလေးရဲ့ပြောင်းလဲချက်တွေ အချိန်နဲ့တပြေးညီ စောင့်ကြပ်ကြည့်ရှူ့ သိရှိပြီး

​မြန်မြန် ဆေးရုံ ဆရာဝန်ပြ
စစ်ဆေးခြင်းကုသခြင်းဖြင့်
အနိုင်တိုက်ရပါမယ်။

ဆေးရုံမှာဘဲကုနိုင်မယ်။
အိမ်မှာဆေး စားလို့မရပါ။

ဆေးရုံပြမနှေးပါနဲ့
တခါပြတာ မဟုတ်ဘူးကောင်းတယ် ဆိုပြီး ငြိမ်မနေဘဲ ကလေးအခြေအနေ မတိုးတက် မကောင်းဘူးထင်ရင် ထပ်ခါထပ်ခါ ပြသင့် စစ်ဆေး သင့်တယ်နော်။

**ထပ်ပြောပါမယ်**
ကြိုမပြောနိုင်ပါဘူး
စောင့်ကြပ် ကြည့်ရှု့ရပါမယ်
လိုရင်လိုသလိုဆရာဝန်ပြစစ်ဆေးမယ်
ဆေးရုံမှာကုမှရပါတယ်။

ကျန်းမာဘေးကင်းကြပါစေ။

Credit: ပါ‌မောက္ခဒေါက်တာနီလာလွင်
(ကလေးကျန်းမာပညာဌာန)

ကလေးများ၏ အသက်အရွယ်အလိုက် နေ့နှင့်ည အိပ်ရန် ကြာချိန်များမှာ အောက်ပါအတိုင်း ဖြစ်သည်။
24/08/2021

ကလေးများ၏ အသက်အရွယ်အလိုက် နေ့နှင့်ည အိပ်ရန် ကြာချိန်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

* ကလေးများ၏ အသက်အရွယ်အလိုက် သွားပေါက်ပုံနှင့် အသက်အရွယ်အလိုက် ရှိသင့်သော ကိုယ်အလေးချိန်တို့ကို ဖော်ပြလိုက်ပါသည်။
22/08/2021

* ကလေးများ၏ အသက်အရွယ်အလိုက် သွားပေါက်ပုံနှင့် အသက်အရွယ်အလိုက် ရှိသင့်သော ကိုယ်အလေးချိန်တို့ကို ဖော်ပြလိုက်ပါသည်။

သို့/ ဒေါက်တာအပ်ပုန်းညောင်ပင်သာရွာအကြောင်းအရာ။   ။ လူကြီးမင်း၏ လူနာအခြေအနေအား အကြောင်းကြားခြင်း။အထက်ပါအကြောင်းအရာနှင့် ပ...
21/08/2021

သို့/
ဒေါက်တာအပ်ပုန်း
ညောင်ပင်သာရွာ

အကြောင်းအရာ။ ။ လူကြီးမင်း၏ လူနာအခြေအနေအား အကြောင်းကြားခြင်း။

အထက်ပါအကြောင်းအရာနှင့် ပတ်သက်၍ လွန်ခဲ့သောနှစ်ရက်က လူကြီးမင်းနှင့် ဆေးထိုးခဲ့သော ညောင်ပင်သာရွာမှ မောင်လူအေး အသက် ၄ နှစ်သည် ကျွန်ုပ်တို့၏ မကွေးတိုင်းဆေးရုံရှိ ကလေးကုသဆောင်သို့ ရောက်ရှိလာပြီးနောက် ယခုအခါ အဖျားကျ၍ နေကောင်းနေပြီဖြစ်သည်။ သို့သော် လူကြီးမင်းဆေးထိုးပေးခဲ့သော တင်ပါးတွင်မူ ပူးတွဲပါပုံအတိုင်း နီရဲယောင်ရမ်းပြီး ခဲနေပါသဖြင့် လမ်းမလျှောက်နိုင်ဖြစ်နေရရှာလေသည်။ ဆရာဝန်များ၏ စမ်းသပ်တွေ့ရှိချက်များအရ မောင်လူအေး၏ရောဂါမှာ သွေးလွန်တုပ်ကွေး အဆင့် ၁ ဖြစ်ကြောင်း, သွေးဥမွှားနည်းနေသည့် အခိုက်အတန့်တွင် အသားဆေးထိုးလိုက်၍ တင်ပါးအသားထဲ၌ သွေးယိုစိမ့်ခြင်းဖြစ်ကြောင်း ကြားသိရသည်။ သွေးလွန်တုပ်ကွေးရောဂါအနေအထားမှာ စိုးရိမ်ဖွယ်မရှိသော်လည်း လူကြီးမင်း၏ ဆေးထိုးကြမ်းချက်ကြောင့် ကလေးမှာ အိပ်ရာပေါ်က မထနိုင်ဖြစ်နေရသည်။ နောက်နောင် အပ်ပုန်းကုသရာတွင် ကလေးများအား ချမ်းသာပေးရန် အကျွန်ုပ်မှ သတိပေးအကြောင်းကြားလိုက်သည်။

ပုံ/
ကလေးဆောင်စောင့်နတ်မင်း
မကွေးတိုင်းဆေးရုံကြီး။
=======================

"ကလေးနှင့်အသားဆေး”

ကလေးတွေကို ဆေးပေးရာမှာ လိမ်းဆေး သောက်ဆေး ထိုးဆေး (အသားဆေး, အကြောဆေး) တွေပေးဖို့အတွက် ကလေးရဲ့ ဖြစ်တဲ့ရောဂါ, ရောဂါရဲ့ ပြင်းထန်မှု, အစာအိမ်နဲ့ အူလမ်းကြောင်းက သောက်ဆေးကို လက်ခံစုပ်ယူနိုင်တဲ့ အခြေအနေ ရှိ/မရှိ ဒါတွေကို ထည့်သွင်းစဉ်းစားပြီးမှ ရွေးချယ်ရပါတယ်။

💉 အရင်ခေတ်ကလို ဖျားတာနဲ့ ဆေးသွားထိုးတတ်ကြတဲ့ခေတ် ကုန်ပါပြီ။ မလိုအပ်ဘဲ ဆေးမထိုးတော့ပါ။ တတ်နိုင်သမျှ သောက်ဆေးသာပေးတတ်ပါတယ်။

💉 ဘာကြောင့်လဲဆိုတော့ ထိုးဆေးရဲ့ ဆိုးကျိုးတွေက သောက်ဆေးထက် ပိုများလို့ပါ။ အထူးသဖြင့် ကလေးတွေမှာ ပိုလို့ဆိုးကျိုးဒဏ်ခံရပါတယ်။ မွေးတုန်းကအကောင်းကနေ တင်ပါးမှာ အသားဆေးထိုးခံရလို့ အာရုံကြောကို ထိမိပြီး ခြေတဖက် ထော့ကျိုးဖြစ်သွားတဲ့ ကလေးတွေ မနည်းမနောတွေ့နေရပါတယ်။

💉 အခုလို သွေးယိုလွယ် သွေးမတိတ်လွယ်တဲ့ သွေးလွန်တုပ်ကွေးဖြစ်နေတဲ့ ကလေးတွေ တင်ပါးကို ဆေးထိုးခံလိုက်ရရင်တော့ အသားထဲသွေးယိုရာကနေ အနာဖြစ်နိုင်သလို အသက်အန္တရာယ်ဖြစ်လောက်အောင်ထိလည်း သွေးယိုနိုင်ပါတယ်။

💉 ဘာကြောင့်လဲဆိုတော့ သွေးလွန်တုပ်ကွေးဖြစ်တဲ့ကလေးမှာ ဖျားလို့ သုံးရက်မြောက်ကနေ ခြောက်ရက်အထိကာလအတွင်း ကလေးရဲ့သွေးထဲမှာ သွေးတိတ်ဖို့ ကူညီပေးတဲ့ သွေးဥမွှားလေးတွေရော သွေးခဲပစ္စည်းတွေပါ နည်းနေတတ်လို့ပါ။

💉 Hemophilia ခေါ်တဲ့ သွေးမတိတ်ရောဂါ ရှိတဲ့ကလေးတွေလည်း အလားတူဖြစ်နိုင်ပါတယ်။

💉 ဒါကြောင့် မိဘများ ကိုယ့်ကလေးကို မလိုအပ်ဘဲ ဆေးထိုးမခံကြပါနဲ့။ ကလေးနေမကောင်းပါက ယုံကြည်ရသော ဆရာဝန် ဆရာမသာ ပြသပါ။ တာဝန်ရှိသူများအနေနဲ့လည်း အပ်ပုန်းများ ရမ်းကုများအား အရေးယူနှိမ်နင်းနိုင်ပါစေ။

ကလေးများ ဆေးထိုးခံရခြင်းမှ ဝေးကြပါစေ။

"ကလေးငယ်များအား သတ်မှတ်ထားသော နေ့ရက်များအတိုင်း ကာကွယ်ဆေးများကို တိုက်ကျွေးထိုးနှံပေးပါ”ကလေးငယ်များကို ကာကွယ်ဆေး ထိုးနှံ...
20/08/2021

"ကလေးငယ်များအား သတ်မှတ်ထားသော နေ့ရက်များအတိုင်း ကာကွယ်ဆေးများကို တိုက်ကျွေးထိုးနှံပေးပါ”

ကလေးငယ်များကို ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင့်ဖြင့် ကာကွယ်ပေးနေသော ရောဂါအမျိုးအစား (၁၃) မျိုးရှိပါသည်။ ၄င်းတို့မှာ

(1)BCG (ပြင်းထန်တီဘီရောဂါ)
(2)Hepatitis B (အသည်းရောင်အသားဝါ ဘီ)
(3)Polio (ပိုလီယိုအကြောသေရောဂါ)
(4)Rota (ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ)
(5)PCV (ပြင်းထန်အဆုတ်ရောင်ရောဂါ)
(6)Diphtheria (ဆုံဆို့နာ)
(7)Pertussis (ကြက်ညှာချောင်းဆိုး ရောဂါ)
(8)Tetanus (မေးခိုင်)
(9)Hib (ဦးနှောက်အမှေးရောင်/ အဆုတ်ရောင်ရောဂါ)
(10)Measles (ဝက်သက်ရောဂါ)
(11)Rubella (ဂျိုက်သိုးရောဂါ)
(12)JE (ဂျပန်ဦးနှောက်ရောင် ရောဂါ)
(13)HPV (သားအိမ်ခေါင်းကင်ဆာရောဂါ)
တို့ဖြစ်ကြပါသည်။

"ကလေးများ၏ လအလိုက် / နှစ်အလိုက် ကြီးထွားဖွံ့ဖြိုးမှု အဆင့်ဆင့်”
18/08/2021

"ကလေးများ၏ လအလိုက် / နှစ်အလိုက် ကြီးထွားဖွံ့ဖြိုးမှု အဆင့်ဆင့်”

"ကလေးများဖျားလျှင် ဆောင်ရန် ရှောင်ရန်”၁၊ အဝတ်ပါးပါး ချောင်ချောင်ချိချိ ဝတ်ပေးပါ။ အခန်းကို လေဝင်လေထွက်ကောင်းပါစေ။ အဲကွန်း...
17/08/2021

"ကလေးများဖျားလျှင် ဆောင်ရန် ရှောင်ရန်”

၁၊ အဝတ်ပါးပါး ချောင်ချောင်ချိချိ ဝတ်ပေးပါ။ အခန်းကို လေဝင်လေထွက်ကောင်းပါစေ။ အဲကွန်း မနိမ့်မမြင့် ဖွင့်ထားနိုင်ပါတယ်။

၂၊ ပုံမှန် အစားအသောက် ဆက်ကျွေးပါ။ ထမင်း/အဖတ်မကျွေးတဲ့ အယူအဆဟာ မှားပါတယ်။ တိုက်ဖွိုင့် ရောဂါဆိုတာကလည်း ၅ရက်-တစ်ပတ် လောက်ဆက်ဖျားမှသံသရရှိရတာမို့ အဲဒါကြောက်လို့ အဖတ်မကျွေးတာ အဓိပ္ပါယ်မရှိပါ။ ကလေးတွေဟာ ဖျားရင်တော့ အစားလျော့တတ်ပါတယ်။ ဒါကိုလည်း စိတ်မပူသင့်ပါ။ အတင်းအကျပ် မကျွေးပါနဲ့။ သူစားချင်တာပဲ စားပါစေ။ ကလေးအန်ရင် တော့ နည်းနည်းနဲ့ ခဏခဏကျွေးပါ။

၃၊ အရည်များများတိုက်ပါ။ ဓါတ်ဆားပဲတိုက်ရမယ် မဟုတ်ပါဘူး။ လတ်ဆတ်တဲ့ အသီးအနှံ များများကျွေးပါ။

၄၊ ကလေး ကစားနိုင်လို့ကစားရင် ပေးကစားပါ။

၅၊ ကျောင်းတက်အရွယ် ကလေးတွေအတွက်တော့ အိမ်မှာပေးနားသင့်ပါတယ်။ နာလန်ထမြန်ရုံမက တခြားကလေးတွေကို ကူးစက်ခြင်းမှ လည်း ကာကွယ်ပေးပါတယ်။

အောက်ပါအခြေအနေမျိုးမှာ ဆရာဝန်နဲ့ပြသပါ။

၁၊ အသက် ၃ လအောက် ကလေးဖျားလျှင်
၂၊ အသက် ၃ လနဲ့ ၁ နှစ်ကြား ကလေး
တစ်ရက်ထက်ပို အဖျားကြီးလျှင်
၃၊ အသက် ၁ နှစ်အထက်ကလေး ၃ ရက်ဆက်တိုက်ဖျားလျှင်
၄၊ ဘယ်အရွယ် ဘယ်နှစ်ရက်ဖျားဖျား အရည်မဝင်၊ အရမ်းအန်၊ အသက်ရှူမြန်၊ ဆီးသွားရင်နာ၊ခြေဆစ်လက်ဆစ်ရောင်၊ နားပြည်ယို၊ အဖျားကျနေတာတောင် အရမ်းမှိန်း အရမ်းနုံး စတဲ့ အခြားလက္ခဏာတွေ တွဲဖြစ်လာလျှင်

အထက်ပါအခြေအနေတွေမှာတော့ တတ်ကျွမ်းတဲ့ ကျန်းမာရေးဝန်ထမ်းများနဲ့တိုင်ပင်ကုသပါ။

ကလေးအများစုဟာ ၃-၄ ရက်အတွင်း ဆေးဝါးထူးထူးထွေထွေမလိုပဲ ပုံမှန်ပြန်ဖြစ်ပါတယ်။
သဘာဝ နာလန်ထနိုင်ခြင်းဟာ အကောင်းဆုံးပါ။

Credit : ကလေးကျန်းမာသိကောင်းစရာ

* အောက်ကပုံများမှာ ခန္ဓာကိုယ်၏ အပူချိန်များကို တိုင်းတာသောနေရာအလိုက် ခွဲခြားပြထားခြင်း ဖြစ်ပါသည်။

"ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းနှင့် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ရန် အသင့်တော်ဆုံးအသက်အရွယ်တွင် မထိုး၊ မတိုက်လို...
16/08/2021

"ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းနှင့် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ရန် အသင့်တော်ဆုံးအသက်အရွယ်တွင် မထိုး၊ မတိုက်လိုက်ရသော ကလေးများအတွက် လမ်းညွှန်”

သားသားမီးမီးတို့၏ မိခင်များ ကိုဗစ်ကာလအတွင်း မိမိတို့၏ ရင်သွေးငယ်များအား ကာကွယ်ဆေးထိုး၊ ဆေးတိုက်ရန် နှောင့်နှေးကြန့်ကြာမှုရှိခဲ့ပါက စိတ်ပူမနေကြပဲ ဤစယားလေးအား ကြည့်ရှု့၍ သင့်တော်သော လ/နှစ်တွင် ကာကွယ်ဆေးများကို ပြန်လည်တိုက်ကြွေး၊ ထိုးနှံပေးလို့ရပါသည်။

ကလေးများကိုဒီလိုမထားပါနဲ့ ဒီလိုထားပါ(Do and Don't)
15/08/2021

ကလေးများကို
ဒီလိုမထားပါနဲ့ ဒီလိုထားပါ
(Do and Don't)

07/08/2021

Covid19 ကူးစက်ခံရပါက အိမ်တွင် ပြုစုစောင့်ရှောက်နည်း (အများပြည်သူအတွက်)
ဘယ်ဆေးတွေကို သောက်ရမလဲ?

Address

Myingyan

Telephone

+959977140357

Website

Alerts

Be the first to know and let us send you an email when ကလေးရောဂါအထူးကုဆေးခန်း-Paediatric Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share