26/01/2025
စိတ်ပင်ပန်းမှုတွေများတဲ့ခေတ်ကြီးမှာ ချမ်းသာစွာအိပ်စက်နိုင်ဖို့။
1-Mouth Breather မဖြစ်ဖို့ လိုတယ်
ကျနော့်တို့ ကျန်းမာရေးအတွက်
ပါးစပ်နဲ့ အသက်ရှူတာထက်
နှာခေါင်းနဲ့ အသက်ရှူတာက
ခန္ဓာကိုယ်အတွက် ပိုကောင်းတယ်
နှာခေါင်းနဲ့ရှူတာက body အပူချိန်ကို
ညှိပေးတယ် ဒါ့အပြင်
နှာခေါင်းနဲ့ အသက်ရှူတဲ့အခါ
Nitric Oxide (NO) ဆိုတဲ့
ဓာတ်ငွေ့တစ်မျိုးကို ထုတ်လွှတ်တယ်
NO က သွေးကြောတွေကို ကျယ်စေပြီး
အာရုံကြောစနစ်ကို တည်ငြိမ်စေတာကြောင့်
Sleep qualityကို ပိုကောင်းစေတယ်
ပါးစပ်နဲ့မရှူမိဖို့က အလေ့အကျင့်လိုတယ်
တချို့ကတော့ mouth tape သုံးတယ်
ကျနော်ကတော့ ခေါင်းဦး အနိမ့်အမြင့်ကို
ချိန်လိုက်တဲ့အခါ ပါးစပ်နဲ့ရှုတာနဲသွားတယ်
ဟောက်တာလဲနဲသွားတယ်
2. Temperature Control လိုတယ်
အိပ်ရင် ကျနော်တို့ရဲ့ body temperature က
အလိုလိုကိုကျတယ်
Temperature ကျမှလဲမြန်မြန်အိပ်ပျော်စေတယ်
ဒါကြောင့်အိပ်တဲ့ အခါ လေဝင်လေထွက်ကောင်းတဲ့
အဝတ်အစားနဲ့ အိပ်ဖို့လိုတယ်
တကယ်လို့ ကိုယ်က Aircon နဲ့ အိပ်တဲ့သူဆို
Room temperature က ၂၀ ကနေ ၂၃ လောက်
အတွင်းမှာရှိနေရင် အေးမြမှုက အိပ်တဲ့ quality ပိုကောင်းစေတယ်
Aircon မရှိဘူး သာမန်အိမ်လေးမှာ
နေတယ်ဆိုရင်အိပ်ရာမဝင်ခင်
ခြေလက်သန့်စင် မျက်နှာသစ်လိုက်တာက
Body temperature ကျစေပြီး
ကောင်းကောင်းအိပ်ပျော်စေ ပါတယ်။
3. Screentime လျော့ဖို့လိုတယ်
အိပ်ရာထဲမှာဖုန်းသုံးတဲ့ အကျင့်ကို
အတတ်နိုင်ဆုံးရှောင်ပါ
Screen ကလာတဲ့ Blue light တွေက
ကျနော်တို့ရဲ့ sleep pattern တွေကို
အနှောက်အယှက်ပေးတယ်
မဖြစ်မနေသုံးရရင် ဖုန်းအများစုမှာ
Night Shift ဆိုတာပါတယ်
Screen က သာမာန်ထက်
အဝါရောင်ပိုများသွားမယ်
အဲ့ဒါက ကျနော်စမ်းကြည့်ရသလောက်
Deep Sleep Quality ပေါ်အများကြီး
အကျိုးသက်ရောက်မှုရှိတယ်
ကောင်းစွာအိပ်စက်တဲ့သူက
ပိုပြီး productivity နဲ့ creativity
ကောင်းမွန်တာမို့
ကောင်းကောင်းအိပ်
ကောင်းကောင်းအလုပ်လုပ်ပြီး
ဝင်ငွေကောင်းကောင်းရဖို့
စေတနာများစွာဖြင့်
Sharing လုပ်ပေးလိုက်ပါတယ်။