Escort: Prevention Matters

Escort: Prevention Matters Mosquito repellents and raw materials

⚜Es**rt ခြင်မကိုက်ဆေးရည်✴100 ml ၁ ဗူး = ၂၈၀၀ ကျပ်ဆက်သွယ်ရန်: 09457811145                       09794257872
30/11/2024

⚜Es**rt ခြင်မကိုက်ဆေးရည်

✴100 ml ၁ ဗူး = ၂၈၀၀ ကျပ်

ဆက်သွယ်ရန်: 09457811145
09794257872

Pack size : 100 ml Price : 2800 kyats ( Retail price ) ဆက်သွယ်ရန်ဖုန်းနံပါတ် 09794257872, 09457811145-------------------...
09/06/2024

Pack size : 100 ml

Price : 2800 kyats ( Retail price )

ဆက်သွယ်ရန်ဖုန်းနံပါတ်
09794257872, 09457811145
------------------------------------

ခြင်ကြောင့် ဖြစ်ရတဲ့ ရောဂါတွေအကြောင်းကတော့ ထွေထူးပြီး ပြောစရာမလိုတော့လောက်အောင် အားလုံးက သိရှိကြပြီး ဖြစ်ပါတယ်။ လူတွေ အထူးသဖြင့် ကလေးငယ်တွေအတွက် အန္တရာယ်ကြီးကြီးမားမားပေးတဲ့ သွေးလွန်တုပ်ကွေးရောဂါဟာ ခြင်ကြောင့် ဖြစ်ပေါ်လာတာဆိုတာကိုလည်း သိရှိပြီးသား ဖြစ်ကြမှာပါ။
ခြင်ကိုက်မခံရအောင် ဘယ်လိုနေထိုင်ရမလဲ ။ ခြင်တွေမပေါက်ပွားအောင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာဟာ အရေးကြီးသလို ခြင်တွေ ကိုယ့်ကို မကိုက်အောင် ဘယ်လိုပစ္စည်းတွေသုံးရင်ရမလဲ ၊ ဘယ်လိုပစ္စည်းတွေကို ရွေးချယ်အသုံးပြုရင် ကိုယ့်အတွက် စိတ်ချရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။

ဈေးကွက်ထဲမှာ ခြင်မကိုက်အောင် သုံးတဲ့ ပစ္စည်းတွေမှာ ခန္ဓာကိုယ်အရေပြား နဲ့ အဝတ်ပေါ်မှာ ဖြန်းရတဲ့ Spray Type နဲ့ အရေပြားပေါ်မှာ လိမ်းရတဲ့ Cream / Lotion Type ဆိုပြီး နှစ်မျိုး တွေ့ရများပါတယ်။

ခန္ဓာကိုယ်အရေပြားနဲ့ အဝတ်တွေပေါ်မှာ ဖြန်းရတဲ့ Spray Type နဲ့ ထုတ်ထားတဲ့ ခြင်မကိုက်ဖြန်းဆေးတွေမှာ သဘာဝအပင်တွေကနေရတဲ့ အထူးသဖြင့် စပါးလင်ဆီနဲ့ ထုတ်ထားတဲ့ ဖြန်းဆေးအမျိုးအစားအမျိုးမျိုးကို ထုတ်လုပ်ရောင်းချကြတာကို တွေ့ဘူးကြမှာပါ။

ဒီနေရာမှာ " NO DEET " ဆိုတဲ့ စာလုံးလေးတွေကို တံဆိပ်တွေအပေါ်မှာ ရိုက်နှိပ်ထားတာကိုလည်း မြင်ဘူးကြမယ် ထင်ပါတယ်။

အချို့ဆိုရင် Safety Sign နဲ့ပါတွဲပြီး ရိုက်နှိပ်ထားတာဖြစ်လို့ ဟာ ဘာကြီးလဲ ။ ဘာကြောင့် ဒီလိုတွေတောင် ရိုက်နှိပ်ဖော်ပြကြတာလဲ။ ခြင်ဖြန်းဆေးနဲ့ ဘာတွေများ ပတ်သတ်မှုရှိလို့လဲ။ DEET ဟာ လူအတွက် အဆိပ်လားဆိုတာ ပြောပြပေးချင်ပါတယ်။

DEET ဆိုတာဟာ N,N-diethyl-3-toluamide or N,N-diethyl-meta-toluamide ဖြစ်ပြီး ဓါတ်ခွဲခန်းမှာ လူတွေတီထွင်ထုတ်လုပ်ထားတဲ့ ဓါတုဗေဒပစ္စည်းတစ်ခုပဲ ဖြစ်ပါတယ်။

1946 ခုနှစ် မှာ U.S Army ကနေ ကို တီထွင် ထုတ်လုပ်ခဲ့ပြီး 1957 ခုနှစ်မှာတော့ အများပြည်သူ အသုံးပြုနိုင်ရန်အတွက် မှတ်ပုံတင်ခဲ့ပါတယ်။

DEET ဟာ လူခန္ဒာကိုယ်ကထွက်တဲ့ အနံ့ကို ခြင်တွေ အနံ့ခံလို့ မရရှိအောင် ပြုလုပ်လိုက်ခြင်းအားဖြင့် ခြင်ကိုက်ခြင်းမှ ကာကွယ်စေပါတယ်။
သုတေသန ရလဒ်တွေအရ 7-10 % သုံးရင် ၂ နာရီကြာအောင် ခြင်ကိုက်ခြင်းမှ ကာကွယ်နိုင်ပြီး 30 % လောက်ထိ သုံးရင် ၆ နာရီ ကြာအောင် ခြင်ကိုက်ခြင်းမှ ကာကွယ်နိုင်တယ်လို့ ဖော်ပြပါတယ်။ တောတောင်ထဲ လေ့လာရေးခရီး သို့မဟုတ် တောင်တက်ခရီးလိုမျိုး ရက်ရှည်ခရီးတွေသွားရင် 40% လောက်ထိ သုံးကြတာလည်း ရှိပါတယ်။

သို့ပေမယ့် DEET ကို ပမာဏများများနဲ့ ကြာရှည်သုံးစွဲမယ်ဆိုရင် အရေပြားယားယံတတ်ပြီး ကိုယ်ဝန်ဆောင်မိခင်တွေအတွက်ဆို လုံးဝ မသုံးသင့်ပါဘူး။

အသက် ၂ နှစ် မှ ၁၂ နှစ် အရွယ် ကလေးငယ်တွေအတွက်အသုံးပြုမယ်ဆိုရင်တော့ 10 % ပါတဲ့ repellent တွေက စိတ်ချရပါတယ်။

သုတေသနစာတမ်းဖော်ပြချက်တွေအရ DEET ကို cyclodextrin ပါတဲ့ ပျော်ရည်ထဲမှာ ထည့်ပြီး ထုတ်လုပ်ခြင်းအားဖြင့် ကို လူ့အရေပြားကို ထိုးဖောက်ပြီး ခန္တာကိုယ်ထဲ မဝင်ရောက်အောင် တားဆီးပေးခြင်းဖြင့် အန္တရာယ်နည်းသွားစေပါတယ်။ထို့အပြင် DEET ရဲ့ အငွေ့ပျံ ပျက်ပြယ်နှုန်းကိုလည်း လျော့ကျသွားစေတဲ့အတွက် DEET ရဲ့ အာနိသင်ကိုလည်း ပိုပြီး တာရှည်ခံစေပါတယ်။

**rt repellent spray မှာ 10 % DEET & cyclodextrin solution အနေနဲ့ ထုတ်လုပ်ထားပါတယ်။ Es**rt repellent spray ကို လက်ဖက်စိမ်းရနံ့လေးနဲ့ ထုတ်လုပ်ထားခြင်းလည်း ဖြစ်တာကြောင့် နှစ်သက်ဖွယ်ရနံ့လေးနဲ့အတူ အသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။

Es**rt ကို အသုံးပြုထားမယ်ဆိုရင် Spray ဖြန်းထားပြီးနောက် အနည်းဆုံး ၃ နာရီကြာအောင် ခြင်ကိုက်ခြင်းမှ ကင်းဝေးစေနိုင်ပါတယ်။

ဘေးကင်းစိတ်ချစွာအသုံးပြုနိုင်စေရန် အတွက် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် ၂ နှစ်အောက် ကလေးငယ်များမှာ အသုံးပြုရန်မသင့်ကြောင်းကို တံဆိပ်မှာ ရေးသားဖော်ပြထားရှိပါတယ်။

**rt ခြင်မကိုက်ဆေးရည် ကို ဆေးဝါးပညာရှင် ကိုယ်တိုင် ဂျပန်နိုင်ငံနည်းပညာအတိုင်း စနစ်ကျစွာထုတ်လုပ်ထားတဲ့အတွက်ကြောင့် ယုံကြည်စိတ်ချစွာအသုံးပြုနိုင်ပါတယ်။

⚜ စာကို စိတ်ဝင်တစားဖတ်နေ/အလုပ်ကို သေသေချာချာလုပ်နေ/ခရီးတိုလေးတွေသွားနေ/စိတ်ရောလူပါ အနားယူနေတုန်းမှာ ခြင်တွေ အများကြီးဝို...
07/06/2024

⚜ စာကို စိတ်ဝင်တစားဖတ်နေ/အလုပ်ကို သေသေချာချာလုပ်နေ/ခရီးတိုလေးတွေသွားနေ/စိတ်ရောလူပါ အနားယူနေတုန်းမှာ ခြင်တွေ အများကြီးဝိုင်းကိုက်နေလို့ စိတ်အနှောက်အယှက်ဖြစ်နေပါလားရှင်

⚜ အဝတ်အစားပေါ်မှာရော အရေပြားပေါ်မှာပါ ပက်ဖျန်းအသုံးပြုလို့ရတဲ့ **rt ခြင်ပြေးဆေးရည်သုံးပြီး ခြင်အန္တရာယ်ကနေ ကာကွယ်ကြရအောင်ပါ 😍

⚜ လက်ဖက်နံ့ သင်းသင်းလေးပါဝင်ပြီး ခြင်ပြေးဆေးရည်ကို လူ့အရေပြားထဲမစိမ့်ဝင်ဘဲ အန္တရာယ်နည်းပါးအောင် ဆေးဝါးနည်းပညာသုံးပြီး ထုတ်လုပ်ထားပါတယ်။

⚜ ခြင်ကိုက်တတ်တဲ့ ခန္ဓာကိုက်နေရာတွေကို သေချာနှံ့စပ်အောင် ဖျန်းထားပါက ခြင်ကိုက်ခြင်းမှ ၃ နာရီကြာ ကာကွယ်နိုင်ပါတယ်ရှင်။

⚜ 100 ml ပုလင်း ၁ ဗူး ကို ၂၈၀၀ ကျပ် ဖြစ်ပါတယ်။
၁၀ ပုလင်းအထက်ဝယ်ယူလိုပါက လက်ကားဈေးသီးသန့်ရှိပါတယ်ရှင်။

ဆက်သွယ်ဝယ်ယူလိုပါက...
09457811145၊ 09794257872
သို့မဟုတ် cb သို့ ဆက်သွယ်နိုင်ပါတယ်ရှင်။

စာကို စိတ်ဝင်တစားဖတ်နေ/အလုပ်ကို သေသေချာချာလုပ်နေ/ခရီးတိုလေးတွေသွားနေ/စိတ်ရောလူပါ အနားယူနေတုန်းမှာ ခြင်တွေ အများကြီးဝိုင်...
03/06/2024

စာကို စိတ်ဝင်တစားဖတ်နေ/အလုပ်ကို သေသေချာချာလုပ်နေ/ခရီးတိုလေးတွေသွားနေ/စိတ်ရောလူပါ အနားယူနေတုန်းမှာ ခြင်တွေ အများကြီးဝိုင်းကိုက်နေလို့ စိတ်အနှောက်အယှက်ဖြစ်နေပါလားရှင် 📣

အဝတ်အစားပေါ်မှာရော အရေပြားပေါ်မှာပါ ပက်ဖျန်းအသုံးပြုလို့ရတဲ့ **rt ခြင်ပြေးဆေးရည်လေးသုံးပြီး ခြင်အန္တရာယ်ကနေ ကာကွယ်ကြရအောင်ပါ 😍

❇ လက်ဖက်နံ့ သင်းသင်းလေးပါဝင်ပြီး ခြင်ပြေးဆေးရည်ကို လူ့အရေပြားထဲမစိမ့်ဝင်ဘဲ အန္တရာယ်နည်းပါးအောင် ဆေးဝါးနည်းပညာသုံးပြီး ထုတ်လုပ်ထားပါတယ်။

❇ ခြင်ကိုက်တတ်တဲ့ ခန္ဓာကိုက်နေရာတွေကို သေချာနှံ့စပ်အောင် ဖျန်းထားပါက ခြင်ကိုက်ခြင်းမှ ၃ နာရီကြာ ကာကွယ်နိုင်ပါတယ်ရှင်။

📠 100 ml ပုလင်း ၁ ဗူး ကို ၂၈၀၀ ကျပ် ဖြစ်ပါတယ်။
၁၀ ပုလင်းအထက်ဝယ်ယူလိုပါက လက်ကားဈေးသီးသန့်ရှိပါတယ်ရှင်။

ဆက်သွယ်ဝယ်ယူလိုပါက...
09 457 811 145 သို့မဟုတ် cb သို့ ဆက်သွယ်နိုင်ပါတယ်ရှင်။

𝓔𝓢𝓒𝓞𝓡𝓣 𝓡𝓔𝓟𝓔𝓛𝓛𝓔𝓝𝓣 𝓢𝓟𝓡𝓐𝓨Pack size : 100 ml Price : 2500 kyats ( Retail price ) ------------------------------------𝐃𝐄𝐄𝐓 & ...
06/01/2024

𝓔𝓢𝓒𝓞𝓡𝓣 𝓡𝓔𝓟𝓔𝓛𝓛𝓔𝓝𝓣 𝓢𝓟𝓡𝓐𝓨

Pack size : 100 ml

Price : 2500 kyats ( Retail price )

------------------------------------

𝐃𝐄𝐄𝐓 & 𝐄𝐒𝐂𝐎𝐑𝐓

ခြင်ကြောင့် ဖြစ်ရတဲ့ ရောဂါတွေအကြောင်းကတော့ ထွေထူးပြီး ပြောစရာမလိုတော့လောက်အောင် အားလုံးက သိရှိကြပြီး ဖြစ်ပါတယ်။ လူတွေ အထူးသဖြင့် ကလေးငယ်တွေအတွက် အန္တရာယ်ကြီးကြီးမားမားပေးတဲ့ သွေးလွန်တုပ်ကွေးရောဂါဟာ ခြင်ကြောင့် ဖြစ်ပေါ်လာတာဆိုတာကိုလည်း သိရှိပြီးသား ဖြစ်ကြမှာပါ။
ခြင်ကိုက်မခံရအောင် ဘယ်လိုနေထိုင်ရမလဲ ။ ခြင်တွေမပေါက်ပွားအောင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာထက် ခြင်တွေ ကိုယ့်ကို မကိုက်အောင် ဘယ်လိုပစ္စည်းတွေသုံးရင်ရမလဲ ၊ ဘယ်လိုပစ္စည်းတွေကို ရွေးချယ်အသုံးပြုရင် ကိုယ့်အတွက် စိတ်ချရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။
ဈေးကွက်ထဲမှာ ခြင်မကိုက်အောင် သုံးတဲ့ ပစ္စည်းတွေမှာ ✅ခန္ဓာကိုယ်အရေပြား နဲ့ အဝတ်ပေါ်မှာ ဖြန်းရတဲ့ Spray Type
✅အရေပြားပေါ်မှာ လိမ်းရတဲ့ Cream / Lotion Type ဆိုပြီး နှစ်မျိုး တွေ့ရများပါတယ်။

💠ခန္ဓာကိုယ်အရေပြားနဲ့ အဝတ်တွေပေါ်မှာ ဖြန်းရတဲ့ Spray Type နဲ့ ထုတ်ထားတဲ့ ခြင်မကိုက်ဖြန်းဆေးတွေမှာ သဘာဝအပင်တွေကနေရတဲ့ အထူးသဖြင့် စပါးလင်ဆီနဲ့ ထုတ်ထားတဲ့ ဖြန်းဆေးအမျိုးအစားအမျိုးမျိုးကို ထုတ်လုပ်ရောင်းချကြတာကို တွေ့ဘူးကြမှာပါ။

💠ဒီနေရာမှာ " NO 𝗗𝗘𝗘𝗧 " ဆိုတဲ့ စာလုံးလေးတွေကို တံဆိပ်တွေအပေါ်မှာ ရိုက်နှိပ်ထားတာကိုလည်း မြင်ဘူးကြမယ် ထင်ပါတယ်။

💠အချို့ဆိုရင် Safety Sign 🚫 နဲ့ပါတွဲပြီး ရိုက်နှိပ်ထားတာဖြစ်လို့ 𝗗𝗘𝗘𝗧 ဟာ ဘာကြီးလဲ ။ ဘာကြောင့် ဒီလိုတွေတောင် ရိုက်နှိပ်ဖော်ပြကြတာလဲ။ ခြင်ဖြန်းဆေးနဲ့ 𝗗𝗘𝗘𝗧 ဘာတွေများ ပတ်သတ်မှုရှိလို့လဲ။ 𝗗𝗘𝗘𝗧 ဟာ လူအတွက် အဆိပ်လားဆိုတာ ပြောပြပေးချင်ပါတယ်။

👉 𝗗𝗘𝗘𝗧 ဆိုတာဟာ N,N-diethyl-3-toluamide or N,N-diethyl-meta-toluamide ဖြစ်ပါတယ်။ 𝗗𝗘𝗘𝗧 ဆိုတာဟာ ဓါတ်ခွဲခန်းမှာ လူတွေတီထွင်ထုတ်လုပ်ထားတဲ့ ဓါတုဗေဒပစ္စည်းတစ်ခုပဲ ဖြစ်ပါတယ်။

👉1964 ခုနှစ် မှာ U.S Army ကနေ 𝗗𝗘𝗘𝗧 ကို တီထွင် ထုတ်လုပ်ခဲ့ပြီး 1957 ခုနှစ်မှာတော့ အများပြည်သူ အသုံးပြုနိုင်ရန်အတွက် မှတ်ပုံတင်ခဲ့ပါတယ်။

👉 𝗗𝗘𝗘𝗧 ဟာ လူခန္ဒာကိုယ်ကထွက်တဲ့ အနံ့ကို ခြင်တွေ အနံ့ခံလို့ မရရှိအောင် ပြုလုပ်လိုက်ခြင်းအားဖြင့် ခြင်ကိုက်ခြင်းမှ ကာကွယ်စေပါတယ်။
👉သုတေသန ရလဒ်တွေအရ 𝗗𝗘𝗘𝗧 7-10 % သုံးရင် ၂ နာရီကြာအောင် ခြင်ကိုက်ခြင်းမှ ကာကွယ်နိုင်ပြီး 𝗗𝗘𝗘𝗧 30 % လောက်ထိ သုံးရင် ၆ နာရီ ကြာအောင် ခြင်ကိုက်ခြင်းမှ ကာကွယ်နိုင်တယ်လို့ ဖော်ပြပါတယ်။ တောတောင်ထဲ လေ့လာရေးခရီး သို့မဟုတ် တောင်တက်ခရီးလိုမျိုး ရက်ရှည်ခရီးတွေသွားရင် 𝗗𝗘𝗘𝗧 40% လောက်ထိ သုံးကြတာလည်း ရှိပါတယ်။

⚠️သို့ပေမယ့် 𝗗𝗘𝗘𝗧 ကို ပမာဏများများနဲ့ ကြာရှည်သုံးစွဲမယ်ဆိုရင် အရေပြားယားယံတတ်ပြီး ကိုယ်ဝန်ဆောင်မိခင်တွေအတွက်ဆို လုံးဝ မသုံးသင့်ပါဘူး။

❗️အသက် ၂ နှစ် မှ ၁၂ နှစ် အရွယ် ကလေးငယ်တွေအတွက်အသုံးပြုမယ်ဆိုရင်တော့ 𝗗𝗘𝗘𝗧 10 % ပါတဲ့ repellent တွေက စိတ်ချရပါတယ်။

သုတေသနစာတမ်းဖော်ပြချက်တွေအရ 𝗗𝗘𝗘𝗧 ကို ℂ𝕪𝕔𝕝𝕠𝕕𝕖𝕩𝕥𝕣𝕚𝕟 ပါတဲ့ ပျော်ရည်ထဲမှာ ထည့်ပြီး ထုတ်လုပ်ခြင်းအားဖြင့် 𝗗𝗘𝗘𝗧 ကို လူ့အရေပြားကို ထိုးဖောက်ပြီး ခန္တာကိုယ်ထဲ မဝင်ရောက်အောင် တားဆီးပေးခြင်းဖြင့် အန္တရာယ်နည်းသွားစေပါတယ်။ထို့အပြင် 𝗗𝗘𝗘𝗧 ရဲ့ အငွေ့ပျံ ပျက်ပြယ်နှုန်းကိုလည်း လျော့ကျသွားစေတဲ့အတွက် 𝗗𝗘𝗘𝗧 ရဲ့ အာနိသင်ကိုလည်း ပိုပြီး တာရှည်ခံစေပါတယ်။

𝓔𝓢𝓒𝓞𝓡𝓣 𝓡𝓔𝓟𝓔𝓛𝓛𝓔𝓝𝓣 𝓢𝓟𝓡𝓐𝓨 မှာ 𝐃𝐄𝐄𝐓 10 % & 𝐂𝐘𝐂𝐋𝐎𝐃𝐄𝐗𝐓𝐑𝐈𝐍 Solution အနေနဲ့ ထုတ်လုပ်ထားပါတယ်။ 𝓔𝓢𝓒𝓞𝓡𝓣 𝓡𝓔𝓟𝓔𝓛𝓛𝓔𝓝𝓣 𝓢𝓟𝓡𝓐𝓨 ကို 🅖🅡🅔🅔🅝 🅣🅔🅐 လို့ခေါ်တဲ့ လက်ဖက်စိမ်းရနံ့လေးနဲ့ ထုတ်လုပ်ထားခြင်းလည်း ဖြစ်တာကြောင့် နှစ်သက်ဖွယ်ရနံ့လေးနဲ့အတူ အသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။

𝓔𝓢𝓒𝓞𝓡𝓣 𝓡𝓔𝓟𝓔𝓛𝓛𝓔𝓝𝓣 𝓢𝓟𝓡𝓐𝓨 ကို အသုံးပြုထားမယ်ဆိုရင် Spray ဖြန်းထားပြီးနောက် အနည်းဆုံး ၃ နာရီကြာအောင် ခြင်ကိုက်ခြင်းမှ ကင်းဝေးစေနိုင်ပါတယ်။

☢️ဘေးကင်းစိတ်ချစွာအသုံးပြုနိုင်စေရန် အတွက် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် ၂ နှစ်အောက် ကလေးငယ်များမှာ အသုံးပြုရန်မသင့်ကြောင်းကို တံဆိပ်မှာ ရေးသားဖော်ပြထားရှိပါတယ်။

𝓔𝓢𝓒𝓞𝓡𝓣 𝓡𝓔𝓟𝓔𝓛𝓛𝓔𝓝𝓣 𝓢𝓟𝓡𝓐𝓨 ကို ဆေးဝါးပညာရှင် 𝒫𝒽𝒶𝓇𝓂𝒶𝒸𝒾𝓈𝓉 👩🏽‍🔬 ကိုယ်တိုင် ဂျပန်နိုင်ငံနည်းပညာအတိုင်း စနစ်ကျစွာထုတ်လုပ်ထားတဲ့အတွက်ကြောင့် ယုံကြည်စိတ်ချစွာအသုံးပြုနိုင်ပါတယ်။

📣 ခြင်ကြောင့် စိတ်အနှောက်အယှက်ဖြစ်ရခြင်းမှ ကင်းဝေစေဖို့နဲ့ ခြင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါဘယတွေက ကင်းဝေးကြစေဖို့ရန်အတွက် ...
06/12/2023

📣 ခြင်ကြောင့် စိတ်အနှောက်အယှက်ဖြစ်ရခြင်းမှ
ကင်းဝေစေဖို့နဲ့ ခြင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါဘယတွေက ကင်းဝေးကြစေဖို့ရန်အတွက် အဝတ်အစားပေါ်မှာရော အရေပြားပေါ်မှာပါ အသုံးပြုလို့ရတဲ့ ES**RT အမှတ်တံဆိပ် ခြင်ပြေးဆေးရည်လေး သုံးကြရအောင်နော် ..

🔬 ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့ အသိအမှတ်ပြု ခြင်မကိုက်ဆေးဖြစ်တဲ့ N,N-diethyl-meta-toluamide ပါဝင်ပြီး ၎င်းဆေးရည်ကို လူ့ခန္ဓာကိုယ်ရဲ့အရေပြားအတွင်းထဲ မစိမ့်ဝင်စေဘဲ ဘေးထွက်ဆိုးကျိုးနည်းပါးစေအောင် ဆေးဝါးနည်းပညာအရ cyclodextrin solution ဆိုတဲ့ ဆေးရည်နဲ့ပေါင်းစပ်ထုတ်လုပ်ထားပါတယ်ရှင်။

ယခုလိုပေါင်းစပ်ထုတ်လုပ်ထားခြင်းရဲ့ အားသာချက်တွေကတော့...

၁။ ခြင်မကိုက်စေတဲ့ အဓိကပစ္စည်း N,N-diethyl-meta-toluamide ရဲ့ အငွေ့ပျံ ပျက်ပြယ်နှုန်းကို လျော့ကျသွားစေပါတယ်။ အဲ့လိုလျော့ကျသွားစေတာကြောင့် ခြင်မကိုက်စေတဲ့ အာနိသင် အချိန်ပိုပြီး ကြာကြာရှိစေပါတယ်။

၂။ ခြင်မကိုက်ဆေးရည်ဟာ ခန္ဓာကိုယ် အရေပြားအပေါ်လွှာမှာပဲ အချိန်ကြာကြာ တည်ရှိနေနိုင်ပါတယ်။ အသုံးပြုပြီး ၃ နာရီနဲ့ အထက် အာနိသင်ပေးပါတယ်။

၃။ လူ့ခန္ဓာကိုယ်အရေပြားကို ဖောက်ထွင်းပြီး သွေးကြောထဲ ဝင်ရောက်နှုန်းကို လျော့ချပေးထားတဲ့အတွက်အသုံးပြုသူအတွက် ဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်စေခြင်းကို အနည်းဆုံး ဖြစ်စေပါတယ်။

💠 ES**RT အမှတ်တံဆိပ် ခြင်မကိုက်ဆေးရည်ကို ဝတ်ဆင်ထားသော အဝတ်အစားနှင့် ခြင်ကိုက်တတ်သော ခန္ဓာကိုယ်ရဲ့ နေရာတွေကို နှံ့စပ်အောင် ဖျန်းပေးရပါတယ်ရှင်။

⚠ သတိပြုရန်လေးတစ်ခုရှိတာကတော့
ကိုယ်ဝန်ဆောင်မိခင်နှင့် ၂ နှစ်အောက်အရွယ် ကလေးငယ်များအတွက် သုံးစွဲရန် မသင့်လျော်ပါဘူး။

💲 ဈေးနှုန်း : ၂၅၀၀ ကျပ်

ဆက်သွယ်မှာယူနိုင်သော ဖုန်းနံပါတ်များ....
ပုသိမ် 09785107704
တောင်ငူ 0943111897
ဟင်္သာတ 09422479227
မကွေး 0943026678
မြင်းခြံ 09457811145

အခြားမြို့များမှ ဝယ်ယူမယ့်မိတ်ဆွေများအနေနဲ့
09-457811145၊ 09-794257872 သို့မဟုတ် page messenger တို့သို့ ဆက်သွယ် မှာယူနိုင်ပါတယ်ရှင်။

DEET က ခြင်မကိုက်အောင် ဘယ်လိုကာကွယ်ပေးတာပါလဲ?🔹 လူ့ခန္ဓာကိုယ်မှထွက်တဲ့ kairomones လို့ခေါ်သော carbon dioxide, lactic acid...
23/11/2023

DEET က ခြင်မကိုက်အောင် ဘယ်လိုကာကွယ်ပေးတာပါလဲ?

🔹 လူ့ခန္ဓာကိုယ်မှထွက်တဲ့ kairomones လို့ခေါ်သော carbon dioxide, lactic acid နဲ့ 1-octen-3-ol တွေဟာ ခြင်တွေကို ဆွဲဆောင်ပါတယ်။

🔹 ခြင်တွေရဲ့ ခန္ဓာကိုယ်မှာ အနံ့ခံနိုင်တဲ့နေရာ အမျိုးမျိုး ရှိကြပါတယ်။ ခြင်ဦးခေါင်းပိုင်းရှိ antennae, maxillary palp, labellum နဲ့ ခြင်ရဲ့ ခြေချောင်းပိုင်းရှိ tarsal segment တို့မှာ sensilla လို့ခေါ်သော အမွေးအမျှင်လေးတွေ ရှိပါတယ်။ ၎င်းတို့မှာ အနံ့ခံနိုင်တဲ့ olfactory receptor neurons (ORNs) လေးတွေရှိကြပါတယ်။

🔹 ခြင်အပါအဝင် အင်းဆက်တွေဟာ အနံ့ခံဖို့ အုပ်စု ၃ ခုကို သုံးကြပါတယ်။ သူတို့တွေကတော့
၁။ Ordorant receptors (ORs)
၂။ Ionotropic receptors (IRs)
၃။ Gustatory receptors (GRs) တို့ ဖြစ်ပါတယ်။
GRs ဟာ လူကထွက်ရှိတဲ့ carbon dioxide ကို အဓိက အာရုံခံနိုင်ပြီးတော့ ORs နဲ့ IRs တို့ကတော့ အနံ့အမျိုးအစား များစွာကို အာရုံခံနိုင်ပါတယ်။

🔹 သိပ္ပံပညာရပ်နယ်ပယ်မှာ olfactory receptors တွေကို ရှာဖွေဖော်ထုတ်နိုင်ခြင်းမရှိသေးခင်က repellents တွေရဲ့ အလုပ်လုပ်ပုံ (mechanism of action)ကို သီအိုရီ ၅ မျိုးနဲ့ ဖော်ပြခဲ့ကြပါတယ်။ ၎င်းတို့ကတော့ ခြင် sensory neurons တွေရဲ့ တုန့်ပြန်နိုင်စွမ်းကို တားမြစ်တာ၊ receptor system တွေရဲ့ အမူအကျင့် ပုံမှန်မဟုတ်အောင် လှုံ့ဆော်တာ၊ repellent concentration နည်းရင် ခြင်ကို ဆွဲဆောင်နိုင်ပြီး များရင် ခြင်ပြေးစေတာ၊ sensory circuit တွေကို တားဖို့ရန် behavioral program တွေနဲ့ ဆက်စပ်တဲ့ receptor တွေကို လှုံ့ဆော်တာ၊ avoidance/aversive receptor တွေကို လှုံ့ဆော်တာတို့ ဖြစ်ပါတယ်။

🔹 N,N-diethyl-meta-toluamide (DEET) ဟာ
ခြင်မကိုက်အောင် ဘယ်လိုဆောင်ရွက်လဲဆိုတာကို နောက်ပိုင်းကာလတွေမှာတော့ molecular targets တွေပေါ် မူတည်ပြီး ရှာဖွေလာကြပါတယ်။

🔹DEET ရဲ့ mechanism of action ကို ဆက်လက်ဖော်ပြရမယ်ဆိုရင် အဓိကအားဖြင့် hypothesis ၃ ခုကို ဖော်ပြလိုပါတယ်။ ၎င်းတို့ကတော့
၁။ လူ (host)ရဲ့ အနံ့ကို ခြင်က မသိရအောင် တားဆီးပေးခြင်း
၂။ confusant hypothesis
၃။ ခြင်က အနံ့ရတာနဲ့ လူကို ရှောင်ရှားစေခြင်း တို့ ဖြစ်ပါတယ်။

1️⃣ ပထမ hypothesis အရ လူ့ခန္ဓာကိုယ်က ထွက်တဲ့ kairomone တမျိုးဖြစ်တဲ့ lactic acid ကို ခြင်က အနံ့မရအောင် တားလိုက်ပါတယ်။ Lactic acid-excited neurons တွေရဲ့ တုန့်ပြန်မှုကို ကျဆင်းစေခြင်းနှင့် lactic acid-inhibited neurons တွေရဲ့ တားဆီးနိုင်စွမ်းကို တက်စေခြင်းဖြင့် လူရဲ့ အနံ့ကို ခြင်က မရရှိအောင် ဆောင်ရွက်ပေးပါတယ်။

2️⃣ ဒုတိယ (confusant) hypothesis အရ DEET ဟာ olfactory neurons အားလုံးကို တားဆီးတာ မဟုတ်ပါဘူး။ Tarsi နဲ့ labellum မှာရှိတဲ့ trichoid sensilla တွေမှာဆိုရင် short and long sensilla မှာ ORNs ရဲ့ firing rate ကို တက်စေပြီး medium-length sensilla မှာ spontaneous activity ကို တားပေးပါတယ်။ Maxillary palps မှာရှိတဲ့ basiconic sensilla မှာ DEET concentration နည်းရင် neural spontaneous activity ကို တားနိုင်ပြီး များရင် excitation activity ရှိပါတယ်။ Antenna မှာ ရှိတဲ့ coeloconic sensilla မှာဆိုရင် neural spontaneous activity ကို တားနိုင်ပါတယ်။
Molecular study တွေအရ trichoid နဲ့ basiconic sensilla ရှိ neurons တွေမှာ ordorant receptor (ORs) ရှိပြီး coeloconic sensilla မှာ iontropic receptors (IRs) တွေ ရှိပါတယ်။
DEET က OR-expressing neurons တွေမှာ လှုံ့ဆော်တာ၊ တားဆီးတာအပါအဝင် သက်ရောက်မှု အမျိုးမျိုး (confusant) ပေးနိုင်ပါတယ်။ DEET ဟာ IR-expressing neurons တွေမှာတော့ တားဆီးနိုင်စွမ်းရှိပါတယ်။
DEET ရဲ့ overall effect ကတော့ လူ (host) ရဲ့ အနံ့ကို ဖုံးအုပ်တာ မဟုတ်ဘဲ host kairomones တွေရဲ့ အနံ့ကို ရသေးပေမယ့် အနံ့ကို သိမှတ်နားလည်မှုကို ပြောင်းလဲသွားစေတာ ဖြစ်ပါတယ်။

3️⃣ တတိယ hypothesis အရ ခြင်တွေဟာ DEET ကို သူတို့မကြိုက်တဲ့ အနံ့အနေနဲ့ ခံစားသိရှိပြီး လူကနေ ဝေးရာကို ရှောင်ရှားသွားကြတာ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်နောက်ပိုင်းမှာ ပိုမိုအသေးစိတ်တဲ့ DEET ဆိုင်ရာ မော်လီကျူးပိုင်း သုတေသနတွေ လုပ်ထားကြတာကို လေ့လာတွေ့ရှိရပါတယ်ရှင်။ 🔬💊⚗

DEET ရဲ့ ခြင်မကိုက်စေတဲ့စွမ်းအင်ကိုလည်း ရရှိပြီး အရေပြားပေါ်မှာ တာရှည်လည်းခံ အရေးပြားအောက်ထဲထိ စိမ့်ဝင်မှုနည်းအောင် ထုတ်လုပ်ထားတဲ့ repellent ကို အသုံးပြုမယ်ဆိုရင်တော့...

ယခု page messenger သို့မဟုတ်
09 457 811 145 သို့ ဆက်သွယ်မှာယူနိုင်ပါတယ်ရှင်။

ခြင်အကြောင်း ရောက်တတ်ရာရာ ☺ပိုးတမျိုးမျိုး (parasite or virus) ရှိနေတဲ့ခြင်ကိုက်ခံရရင် အကိုက်ခံရသူမှာ ၎င်းရောဂါပိုးကူးစက...
28/09/2023

ခြင်အကြောင်း ရောက်တတ်ရာရာ ☺

ပိုးတမျိုးမျိုး (parasite or virus) ရှိနေတဲ့ခြင်ကိုက်ခံရရင် အကိုက်ခံရသူမှာ ၎င်းရောဂါပိုးကူးစက်တတ်ပါတယ်။ ခြင်မှတဆင့်ကူးစက်တတ်တဲ့ ရောဂါတွေကတော့ သွေးလွန်တုပ်ကွေး (dengue)၊ zika၊ chikungunya၊ ငှက်ဖျား (malaria)၊ ဂျပန်ဦးနှောက်အမြှေးရောင် (japanese encephalitis) နဲ့ ဆင်ခြေထောက် (filariasis) တို့ ဖြစ်ပါတယ်။ အဆိုပါရောဂါတွေက မြန်မာပြည်က ဒေသတချို့မှာ ကူးစက်နိုင်ခြေရှိတာဖြစ်ပြီး အခြားနိုင်ငံတွေမှာတော့ အခြားရောဂါပိုးအမျိုးအစားတွေ ကူးစက်တတ်တာပါ။

နေရာဒေသအလိုက် ခြင်အမျိုးအစားမတူညီသလို သူတို့သယ်ဆောင်တတ်တဲ့ ပိုးအမျိုးအစားလည်း မတူညီကြပါဘူး။ ပုံ (၁) မှာ ခြင်မျိုးစိတ်ကွဲလေးတွေနဲ့ သူတို့ကြောင့်ဖြစ်နိုင်ခြေရှိတဲ့ ရောဂါတွေ ဖော်ပြထားပါတယ်ရှင်။

ပုံ (၂) ကတော့ ခြင်မျိုးစိတ်လေးတချို့ပါရှင်။ တကယ်တော့ ကျွန်မတို့နိုင်ငံမှာ ခြင်မျိုးစိတ်ကွဲများစွာ ရှိပါတယ်။ တချို့ပုံလေးတွေပဲ ထည့်ပြထားပါတယ်ရှင်။
Aedes aegypti က တော့ အတွေ့ရများပြီး ရောဂါအတော်များများလည်း သယ်နိုင်စွမ်းရှိပါတယ်တဲ့ရှင် ။

တောတောင်ထဲမှာ တွေ့ရတတ်တဲ့ ဓာတုပစ္စည်းတွေနဲ့ မရင်းနှီးသေးတဲ့ ခြင်တွေ ​(wild-type mosquito) မှာ DEET လိုမျိုး ခြင်မကိုက်ဆေးရည်သုံးထားတဲ့ အရေပြားနားကို လာတောင်မလာပါဘူးတဲ့။ ဒါပေမယ့် အနံ့အာရုံခံပစ္စည်းလေးတွေ ပြောင်းလဲလာတဲ့ (Orco mutant) ခြင်တွေကတော့ အဲ့လို အရေပြားနားကို လာတော့ နားလိုက်ပါသေးတယ် (landing)။ နောက်မှ မလာတော့တာပါတဲ့။ ဘာလို့ပါလိမ့် 🤔

ပုံ (၃) မှာတော့ ခြင်တကောင်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတချို့ကို ဖော်ပြထားပါတယ်။ ခြင်တကောင်ဟာ ဓာတုပစ္စည်းတွေကို သူ့ခန္ဓာကိုယ် နေရာအတော်များများကနေ အာရုံရပါသတဲ့။ သွေးစုပ်တဲ့အချိန် (proboscis)၊ အနောက်ဖျားက ovipositor၊ ခြေထောက်တွေနဲ့ အတောင်ပံတွေကနေတောင် အာရုံခံနိုင်ပါသတဲ့ 😎

​ခြင်တကောင်က လူမှာ လာနားနေတဲ့အချိန်မှာ သူတို့အဓိကအာရုံခံနိုင်မယ့်နေရာကတော့ သူတို့သွေးစုပ်တဲ့ အစိတ်အပိုင်းနဲ့ သူတို့ခြေထောက်တွေပဲ ဖြစ်ပါတယ်။ ပုံ (၄) မှာ tarsus လို့ ဖော်ပြထားတဲ့ ခြင်ရဲ့ ခြေထောက်အဆစ် (tarsal segments) တွေမှာရှိတဲ့ အာရုံခံ အမွေး (sensilla) လေးတွေကနေ အာရုံခံတော့တာပါပဲရှင်။
လူ့အရေပြားကထွက်တဲ့ cocktail လေးတွေက ခြင်တွေကို ဆွဲဆောင်တော့တာပေါ့။ အဲ့ဒီ chemical cocktail မှာ carbon dioxide, 2-ketoglutaric နဲ့ lactic acid တွေ ပါတာပေါ့။

ပုံ (၅) ကတော့ ကမ္ဘာကျန်းမာရေးအဖွဲ့ (WHO) အသိအမှတ်ပြု DEET ရဲ့ ခြင်ပြေးစေနိုင်တဲ့ နည်းလမ်းကို ပညာရှင်တချို့ သုတေသနပြုထားတဲ့ graphic abstract လေးပါ။

နောက်ရက်များမှာ ဆက်၍ ရေးပါဦးမယ်ရှင် ✍

**rt_repellent

ခြင်ကိုက်ခြင်းနှင့် ခြင်ဆေးခြင်ဆေးတွေအကြောင်းပြောကြမယ်ဆိုရင် ပထမဆုံးအနေနဲ့ အားလုံးသိပြီးသားဖြစ်တဲ့ ခြင်ကိုက်ပုံကိုက်ဟန်က...
22/09/2023

ခြင်ကိုက်ခြင်းနှင့် ခြင်ဆေး

ခြင်ဆေးတွေအကြောင်းပြောကြမယ်ဆိုရင် ပထမဆုံးအနေနဲ့ အားလုံးသိပြီးသားဖြစ်တဲ့ ခြင်ကိုက်ပုံကိုက်ဟန်ကနေ စပြီးရေးပါရစေရှင်။ ✍

❇ ခြင်မတွေဟာ သူတို့ရဲ့ဥတွေအတွက် လိုအပ်တဲ့ ပရိုတင်းအာဟာရကိုရဖို့ သွေးစုပ်ကြရပါတယ်။ အဲလိုစုပ်ယူမယ့်နေရာမှာ ခြင်မက သူ့တံတွေးကို လူ့အရေပြားထဲကို အရင်ထိုးသွင်းထည့်လိုက်ပါတယ်။ ခြင်တံတွေးမှာလည်း ပရိုတင်းဓာတ်ပါဝင်တာကြောင့် လူတွေမှာ ယားယံတာ၊ အနီအဖုအပိန့်နဲ့ ခြင်ပိန့်ပြားအကြီးကြီးတွေ ထလာတာ စသဖြင့် အရေပြားပြဿနာတွေ ဖြစ်တတ်ပါတယ်။ ပိုဆိုးတာက ခြင်မှတဆင့် ကူးစက်တတ်သော ရောဂါတွေ ခံစားကြရတတ်တာပါပဲ။ မြန်မာနိုင်ငံမှာတွေ့ရလေ့ရှိတဲ့ ခြင်မှတဆင့် ကူးစက်တတ်သော ရောဂါတွေကတော့ ငှက်ဖျား၊ သွေးလွန်တုပ်ကွေး၊ zika နဲ့ chikungunya တို့ ဖြစ်ပါတယ်။

🤹‍♂️ အဆိုပါ ရောဂါတွေ မခံစားရအောင် ခြင်တွေကို နည်းမျိုးစုံနဲ့ ကာကွယ်နှိမ်နင်း ကြရပါတယ်။ ရေဆိုးမြောင်းတွေ မပိတ်အောင်၊ ရေမဝပ်အောင်၊ ပိုးလောက်လန်းမပေါက်ပွားအောင် ကာကွယ်တာတွေ၊ အရောင်ဖျော့ပြီး လုံခြုံတဲ့ အဝတ်အစားဝတ်ဆင်တာ၊ ခြင်ထောင်အသုံးပြုပြီး အိပ်စက်တာ အစရှိသဖြင့်ပေါ့။ ခြင်ပိုများတဲ့ ရာသီတွေ (အထူးသဖြင့် မိုးရာသီ) မှာ ရပ်ကွက်၊ မြို့၊ ရွာအလိုက် ခြင်ဆေးဖျန်း (fumigation) တာလဲ လုပ်ကြပါတယ်။

👩‍🔬 အထက်ပါနည်းတွေနဲ့ ကာကွယ်ပေမယ့် ခြင်တွေက ထိန်းမနိုင် သိမ်းမရဖြစ်လာတဲ့အခါမျိုးမှာတော့ ခြင်မကိုက်ဆေး (repellent) တွေကို သုံးကြရပါတယ်။
Repellent တွေဟာ လူတွေကို ဆွဲဆောင်မှု မရှိအောင် လုပ်ပေးပါတယ် (ခြင်တွေဖက်ကကြည့်ရင် ကိုက်ချင်စရာမရှိဘူးလို့ ပြောတာပါ 😄)။ ခြင်တွေကို သတ်တာမျိုး၊ သေစေတာမျိုး လုံးဝမဟုတ်ပါဘူး။

❇ Repellent ကောင်း တခုဟာ ခြင်မကိုက်အောင် အနည်းဆုံး တနာရီနဲ့အထက် ကာကွယ်နိုင်ရမယ်လို့ ပြောကြပါတယ်။ Repellent ကို တကြိမ်သုံးပြီးတိုင်း ခြင်မကိုက်အောင် ကာကွယ်နိုင်တဲ့ အချိန်ကာလကို Complete Protection Time (CPT) နဲ့ သတ်မှတ်ဖော်ပြကြပါတယ်။

❇ ယခုလက်ရှိအသုံးပြုနေကြတဲ့ repellent တွေကို အကြမ်းအားဖြင့် ၂ မျိုး ခွဲခြားကြပါတယ်။ ဓာတုနည်းနဲ့ ထုတ်လုပ်ထားတဲ့ synthetic chemical နဲ့ အပင်ကရရှိတဲ့ plant-derived chemical ဆိုပြီးပါ။

❇ Environmental Protection Agency (EPA) မှာ အရေပြားပေါ်လည်း သုံးလို့ရပြီး မှတ်ပုံတင်ခွင့်ပြုထားတဲ့ repellent အမျိုးအစား တချို့ကို ဖော်ပြရမယ်ဆိုရင် synthetic chemical တွေ ဖြစ်ကြတဲ့ N,N-diethyl-m-toluamide (DEET), ethylbutylacetylaminopropionate (IR3535), picaridin နဲ့ plant-derived chemical တွေဖြစ်တဲ့ citronella oil, catnip oil, p-menthane-3,8-diol (PMD), oil of lemon eucalyptus, 2-undecanone တို့ ဖြစ်ပါတယ်။ အထက်ပါ ပါဝင်ပစ္စည်းတွေကို ဖျန်းဆေးရည် (spray)၊ သုတ်လိမ်းရည် (wipe-ons)၊ အနံ့ချောင်း (sticks)၊ အမြှုပ်ပုံစံ (foams)၊ လိမ်းဆေး (gels, lotions and creams) နဲ့ လူရဲ့ပတ်လည်နေရာတွေကို ခြင်မလာစေတဲ့ area repellents တွေ အနေနဲ့လည်း ထုတ်လုပ်ကြပါတယ်။

✍ Repellent (DEET) နဲ့ သက်ဆိုင်တဲ့ mode of action တွေ နဲ့ safety တွေကို နောက်ရက်တွေမှာ ဆက်လက်ဖော်ပြသွားပါမယ်ရှင် 😍

**rt_repellent

Address

Myingyan

Website

Alerts

Be the first to know and let us send you an email when Escort: Prevention Matters posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram