AYE YEIK MON Specialist clinic & Advanced Medical Diagnostic Centre.

AYE YEIK MON Specialist clinic & Advanced Medical Diagnostic Centre. ကျန်းမာရေးဗဟုသုတများမျှဝေပေးသွားပါမယ်

🚨အေးရိပ်မွန်မှ လူကြီးမင်းတို့ကိုဝမ်းမြောက်ဖွယ်သတင်းကောင်းပါးပါရစေရှင်🚨        မြန်မာ့နှစ်သစ်ကူးကာလ တန်ခူးလပြည့်ကျော် ၅-ရ...
13/04/2022

🚨အေးရိပ်မွန်မှ လူကြီးမင်းတို့ကိုဝမ်းမြောက်ဖွယ်သတင်းကောင်းပါးပါရစေရှင်🚨

မြန်မာ့နှစ်သစ်ကူးကာလ တန်ခူးလပြည့်ကျော် ၅-ရက်( 20/04/2022) ဗုဒ္ဓဟူးနေ့မှစ၍နေ့စဉ်နံနက်ပိုင်းတွင် ခွဲစိတ်အထူးကုဆရာဝန်ကြီး “ဒေါက်တာစည်သူလွင် “မှ လူနာများအား အေးရိပ်မွန်ဆေးခန်းတွင်လာရောက်ကြည့်ရှုကုသပေးမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ဆရာကြီးနှင့်လာရောက်ပြသလိုသူများသည် နှစ်ဆန်း ၂-ရက်နေ့မှစ၍ အေးရိပ်မွန်ဆေးခန်းသို့ လူကိုယ်တိုင်လာရောက်၍ဖြစ်စေ ဧည့်ကြိုကောင်တာ ဖုန်း 09966223050သို့ဖြစ်စေဆက်သွယ်စာရင်းပေးသွင်းနိုင်ပြီဖြစ်ပါတယ်ရှင်။

🙏🙏🙏စိတ္တသုခ ၊ကာယ သုခ နှစ်ဖြာသောသုခ တို့နှင့်ပြည့်စုံကြပါစေရှင် 🙏🙏🙏

🍁ဆေးခန်းတည်နေရာ🍁
အေးရိပ်မွန် ဆေးခန်းနှင့်အဆင့်မြင့်နည်းပညာသုံးဓါတ်ခွဲခန်း
လမ်းသစ်လမ်း
ကားကြီးကွင်းအနောက်မြောက်ထောင့်
ယခင် “အိန်ဂျယ်”စတိုးနေရာ
မြင်းခြံမြို့

Ph - 09 966223050 , 0943067964

05/09/2021

Post Covid Syndrome ဆိုတာဘာလဲ။

WHO ရဲ့ အဆိုအရ Covid -19ဖြစ်တဲ့သူတွေရဲ့ 80-85% ရာခိုင်နှုန်းဟာ သာမာန်တုပ်ကွေးဖျားလောက်သာခံစားရပြီး တစ်ချို့ဆို လုံးဝ ရောဂါလက္ခဏာ မခံစားရဘဲ ပြန်ကောင်းသွားကြပါတယ်။ဒါပေမယ့် 10-15%ကတော့ Oxygen လို ဆေးရုံတက်ဖို့လို ICU care လိုအပ်ပါသတဲ့။
အများအားဖြင့် Covid 19 ဟာ ၃- ၄ပတ် ကျော်ရင် လုံးဝကောင်းသွားတဲ့သူ များပေမယ့် ၄ပတ်ကျော် လို့မှ ရောဂါလက္ခဏာကျန်နေသေးတဲ့သူတွေလည်း 10%လောက် ရှိနေသေးတယ်လို့ UK SYMPTOM Study တစ်ခုက ဆိုထားပါတယ် ။ ဒါကိုဘဲ Post Covid-19 Syndromeလို့ ခေါ်ပါတယ်။

တစ်ကျောင်းတစ်ဘာသာ တစ်ဘာသာတစ်ပုဒ်ဆန်း ဆိုသလို Covid-19 ဖြစ်ပီး ရောဂါလက္ခဏာကျန်‌နေတဲ့သူတွေကို အမျိုးမျိုး ခွဲခြမ်းစိတ်ဖြာကြပါတယ်။
ဥပမာ Post Covid-19 sequelaeတွေကို Type 1 to Type 5 ထိခွဲသလို mild/moderate/severe စသဖြင့် ခွဲတာတွေလည်း ရှိပါတယ်။

အဲဒါတွေထဲမှာမှ အလွယ်အကူဆုံးနဲ့ အရှင်းဆုံးဖြစ်တဲ့ NICE/SIGN/RCGP တို့ပူ‌းပေါင်းထားတဲ့ Guideline တစ်ခုအရဆိုလျှင်

1- acute Covid-19 infection ( ရောဂါလက္ခဏာ စပြတဲ့နေ့ကနေ ၄ပတ်ထိ)
2- Ongoing symptomatic Covid-19 ( ၄ပတ်ကနေ ၃လထိ)
3- post Covid-19 Syndrome (၃လ ကျော်သွားပေမယ့် လက္ခဏာရှိနေဆဲ)
ုဒီလိုမျိုး 3ခု ခွဲထားပေးပါတယ်။
အဲဒီ ၄ပတ် ကျော်ကနေ ၃လ ကျော်ထိ ရောဂါလက္ခဏာ ခံစားရသေးတဲ့သူတွေကို
Long Covid / Chronic Covid / Long-haul Covid စသဖြင့် အမည်မျိုးစုံ ခေါ်ဝေါ် သမုတ်ကြပါတယ်။

( ၂) Post Covid 19မှာ ဘယ်လို လက္ခဏာတွေ ခံစားရတတ်လဲ ကျန်တတ်သလဲ။

Covid (+)ve even mild symptoms သမားတွေမှာတောင် ရောဂါလက္ခဏာသေးသေးလေးကနေ အကြီးကြီး ထိ ဖြစ်တတ်တယ်လို့ စာတမ်းတွေအရ ဆိုထားပေမယ့် တကယ့် အဖြစ်များတဲ့ လက္ခဏာအများစုဟာ မစိုးရိမ်ရဘူးဆို‌တာ တွေ့ရပါတယ်။
အဖြစ်များဆုံးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
1 - Fatigue (နှုံးခွေအားမရြှိခင်း )
-Fever ( ဖျားခြင်း
-Pain (ကိုယ်လက်ကိုက်ခဲ ညောင်းညာခြင်း)

2- အသက်ရှုခြင်းဆိုင်ရာ လက္ခဏာများ
-Cough (ချောင်းဆိုးခြင်း)
- Breathlessness (မောခြင်း)

3- နှလုံးနှင့်ဆိုင်သော လက္ခဏာများ
- chest pain (ရင်ဘက်အောင့်ခြင်း)
- palpitation (ရင်တုန်ခြင်း)

4- ဦးနှောက်နှင့် အာရုံကြော လက္ခဏာများ
-Brain Fog (အာရုံစူးစိုက်မရခြင်း မေ့လွယ်ခြင်း)
- Headache ( ခေါင်းကိုက်ခြင်း)
- insomnia (အိပ်မပျော်ခြင်း)
- peripheral tingling and numbness( ‌ခြေဖဝါးလက်ဖဝါးတွေ ပူခြင်းထုံခြင်း)
- Dizziness (မူးဝေခြင်း )
- Delirium in elderly (ကယောင်ကတမ်းပြောခြင်း)

5 - အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ လက္ခဏာများ
- diarrhea (ဝမ်းလျောခြင်း)
- abdominal pain (ဗိုက်နာခြင်း)
- anorexia/Nausea (အစားသောက်ပျက်ခြင်း ပျို့ခြင်း)

6 - အရေပြားဆိုင်ရာ လက္ခဏာများ
- urticaria (ယားယံခြင်း)
- maculopapular rash (အဖုအပိန့်ထွက်ခြင်း)

7- နား နှာခေါင်း လည်ချောင်း ဆိုင်ရာ လက္ခဏာများ
- pharyngitis (လည်ချောင်းနာခြင်း)
- Earache (နားကိုက်ခြင်း)
- Loss of smell (အနံ့မရခြင်း)

8 -စိတ်ကျန်းမာရေးဆိုင်ရာ လက္ခဏာများ
- Anxiety (စိုးရိမ်လွယ်ခြင်း )
- Depression (စိတ်ဓာတ်ကျခြင်း)
စသဖြင့် တစ်ခု မဟုတ် တစ်ခု ခံစားကြရတတ်ပါတယ်။

( ၃ ) ဘာကြောင့် Post Covid-19 Syndrome ဖြစ်ရတာလဲ။

အဓိက အကြောင်းအရာတွေကတော့ Covid-19 ဝင်ရင် ရတတ်တဲ့
1-Inflammation
2-persistent viraemia due to weak antibody response
3- Antigen-Antibody complex reaction
4- reinfection or relapse
5- mental factors စတဲ့ အချက်တွေ ပါဝင်နေပါတယ်

(၄) ဘယ်လိုလူတွေက ပိုဖြစ်တတ်လဲ

+ ပထမ တစ်ပတ်အတွင်းမှာ ရောဂါလက္ခဏာ ၅ခု အထက်ပြတဲ့သူတွေ
+ အသက် ၅၀-၆၀ ပတ်ချာလည်တွေ
+ ရောဂါအခံရှိတဲ့သူတွေ
+ Oxygen လို ICU care လိုတဲ့သူတွေ
+ ဓာတ်ခွဲစစ်ဆေး အဖြေမကောင်းတဲ့သူတွေ
eg. Lymphopenia , thrombocytopenia
Deranged coagulation profile
Elevated D dimer , LDH , Troponin
Elevated CRP , Ferritin , IL-6
အခုဖော်ပြပါသူတွေဟာ post Covid 19 syndromeကို ပိုခံစားရတတ်ပါသတဲ့။

( ၅ ) Post Covid-19 Syndrome ဖြစ်ရင် ကြောက်စရာကောင်းလား/ ကုသဖို့ လိုသလား / ဘာလုပ်ရမှာလဲ ။

ယေဘုရအားဖြင့် ကြောက်စရာမလိုပါဘူး။ သို့သော် ကြောက်စရာမလိုဘူးဆိုပီး ဂရုမစိုက်လို့တော့ မရပါဘူး။
Self monitoring and Supported Self Management ဆိုတဲ့ မိမိဘာသာ ဂရုတစ်စိုက်နေထိုင်စားသောက် ကုသရမှာ ဖြစ်ပါတယ်။
ဥပမာ တစ်နေ့တစ်ခါ Pulse oximeter စက်ဖြင့် Oxygen (SPo2) တိုင်းတာမျိုး သွေးပေါင်ချိန် နှလုံးခုန် မှတ် ‌အသက်ရှုလေ့ကျင့်ခန်းလုပ် စသဖြင့် လုပ်ရပါမယ်။

1+ ချောင်းဆိုးတယ်ဆိုရင် Breathing exercises / Antitussive / PPI if reflux disease စသဖြင့် သုံးလို့ရပါတယ်
2+ ‌မောတယ်ဆိုရင် Pulse oximeter နဲ့ ကိုယ့်ကိုယ်ကို monitoring လုပ်ဖို့လိုပါတယ်
ပုံမှန်ဆို SPO2 94-98% ဆို ကောင်းပါတယ်။

Exertional desaturation ဆိုတဲ့ mild exertion လုပ်လိုက်လို့ 94%အောက် မရောက်ဖူးဆိုလည်း ကောင်းပါတယ်။
ဘယ်လိုစမ်းသပ်လို့ရသလဲဆိုရင် မြေပြင်အညီအနေအထားကို ‌ခြေလှမ်း 40 လျှောက် ပီးရင် တစ်မိနစ် ထိုင်ထ လုပ်ပီး တိုင်းကြည့်ပါ ။ ပုံမှန်ထက် 3% ပိုကျသွားတယ်ဆိုရင် ‌ဂရုစိုက်ဖို့လိုပါတယ်။ လိုအပ်ရင် စစ်ဆေးဖို့လိုပါတယ်။
Post Covid ILD ဆိုတဲ့ အဆုတ်မှာဒဏ်ရာအမာရွတ်လေးတွေ ကျန်တတ်ပါတယ်။
3 + ရင်ဘတ်အောင့်တယ် ဆိုရင်လည်း ဂရုစိုက်ဖို့လိုပါတယ်
အများစုဟာ myocarditis ကြောင့် ရတတ်ပါတယ်။ risk factorsရှိတဲ့သူတွေမှာတော့ လိုအပ်ရင် အထူးကုဆရာဝန်ကြီးတွေနဲ့ တိုင်ပင်ဖို့လိုပါတယ်။
4+ အဓိကပြဿနာတွေထဲက တစ်ခုကတော့ စိတ်ပါပဲ။
စိတ်ပိုင်းဆိုင်ရာတြွေဖစ်တဲ့ အထီးကျန်ခြင်း စိတ်ဓာတ်ကျခြင်း အိပ်မပျော်ခြင်း စသဖြင့် ခံစားရတတ်ပါတယ်။ ဒါတွေကို ‌ဖြေရှင်းဖို့ရာ မိသားစုဝင်တွေက နားထောင်ပေး ဂရုစိုက်ပေး ကြင်နာပေး ခွန်အားပေးဖို့ လိုပါတယ်။
ကျန်းမာရေးဝန်ထမ်းနှင့် ဂရုစိုက်ပေးနေသူတွေမှာတော့ Post Traumatic Stress Disorder ပိုရတတ်ပါ‌သေးသတဲ့ ။
5+ ကာက‌ွယ်ဆေးမထိုးရသေးတဲ့သူတွေလည်း ထိုးဖို့လိုပါတယ်။
Covid ဖြစ်ပီးသား ငါက ပြန်မဖြစ်နိုင်တော့ဘူးလို့ မဟုတ်ပါဘူး။ Covid ဖြစ်ပြီး ထွက်လာတဲ့ Antibodyက 3လမှ 6-8လ လောက်ပဲ ခံတယ်လို့ ပြောပါတယ်။

ဆိုတော့ မဖြစ်ရင် အကောင်းဆုံးပါပဲ။ မဖြစ်ဖို့ရာ Social distancing, Mask တပ် လက်ဆေး စသဖြင့် Simple Measuresတွေ လုပ်နေရပါမယ်။
ဖြစ်နေတဲ့သူတွေလည်း စိတ်ဓာတ် မကျပါနဲ့ ။ အားတင်းထားပါ။
ဖြစ်ပြီး လက္ခဏာလေးတွေ ကျန်တဲ့သူလည်း အများစုက 3လမှ 6လအတွင်း ပြန်ပျောက်တတ်ပါတယ်။
ခုလို Crisis ကာလမှာ ကျန်းမာအောင်နေကြပါ။ အားတင်းထားပါ

Credit: original writer 🙏🙏🙏

19/08/2021

⛑သိေစချင်⛑

""Antibody ထွက်ပြီးသားလဲ ပြန်ဖြစ်တယ်တဲ့ ""
ကျမသမီးသူငယ်ချင်း ဆွေမျိုးတဦး အသက်(၂၆)နှစ်နဲ့ ဆုံးပါးသွားတယ် မကြောက်တတ်ဒါရယ်၊ ဂရုမစိုက်ဒါရယ်၊ မထင်မိဒါရယ်၊ အချိန်မမှီဒါကြောင့် နှာမျှောမိပါတယ်

🦠ဆေးခန်းလေးပြန်ဖွင့်တာမှ ၃ ရက်ပဲရှိသေးတယ် လာတဲ့အထဲမှာ လွန်ခဲ့တဲ့ ၂ ပတ်ကျော်က covid ဖြစ်ပြီးလို့ ကောင်းသွားတာတောင် ၁ ပတ်လောက်ရှိပြီဆိုသူတွေ ၊ လွန်ခဲ့တဲ့ ၁ လကျော်က. covid ဖြစ်ပြီးလို့ Antibody G တောင် ထွက်ပြီးပါပြီဆိုတဲ့ လူတွေ ၊ တော်တော်များများရောက်လာကြတယ်။ သူတို့ကျတော့ covid မဟုတ်လို့ လက်ခံတာလားဆိုတော့ ပြောရတာဂွကျသွားပြန်ရော post covid တွေ ကူးစက်နိုင်မှု မရှိသလောက်နီးနီးနည်းသွားပြီလို့ ယူဆရတဲ့သူတွေလို့ပြောလို့ရတယ်။ ဒါပေမယ့် Antibody G ပေါ်ထားတဲ့သူက. ၃ လအတွင်း covid ပြန်မကူးစက်နိုင်ဘူးဆိုတဲ့ ယျေဘူယျသုံးသပ်ချက်ကြီးကို မနေ့က လူနာတစ်ယောက်က ရိုက်ချိုးသွားပြီ ။ အသက် ၂၉ နှစ် ကောင်လေး လွန်ခဲ့တဲ့ ၂ လနီးနီးက covid ဖြစ်ခဲ့တယ် လက္ခဏာသိပ်မပြင်းထန်ခဲ့ဘူး၊ covid ဖြစ်ပြီး ၃ ပတ်ကျော်မှာ antibody G လဲထွက်ထားပြီးပြီ ။
အခု ၄ရက်အတွင်း မောတယ်၊ နှလုံးခုန်မြန်တယ်၊ ရင်တုန်တယ်၊ မဖျားဘူး၊ ချောင်းမဆိုးဘူး၊ ရင်ဘက်ထဲက အသက်ပြင်းပြင်းရှူရင် အောင့်တယ် SPO 2 တိုင်းတယ် ၉၂၊ PR. 125၊ အဆုတ်ရောဂါအခံမရှိဘူးတဲ့ လူငယ်တစ်ယောက် SPO2 92 ဆိုတော့ ကျတယ်လို့ယူဆရတယ်၊ဒါနဲ့ မသင်္ကာလို့ Covid antigen ပြန်စစ်လိုက်တယ် ၊positive ထွက်နေတယ်၊ 😢 ဘယ်လောက်ကြောက့်စရာကောင်းတဲ့ covid လဲ ပထမတစ်ကြိမ် မပြင်းထန်ခဲ့တဲ့၊ လူနာက အခုဒုတိယအကြိမ် ပြန်ကူးစက်မှုမှာ ၄ ရက်ထဲနဲ့ Oxygen ပြုတ်ကျနေပြီ၊ 😞 မပေါ့ပါနဲ့ သတိအမြဲရှိကြပါနော်၊ Antibody ပေါ်နေပြီ ငါ့ကို ၃ လအတွင်း covid ပြန်မကူးနိုင်သေးဘူး ဟေ့ဆိုပြီး ဖလန်းဖလန်းမထကြပါနဲ့နော်၊ ပြန်ကူးတတ်ပါသေးတယ်၊ နောက်တစ်ခါပြန်ကူးရင် ပိုပြင်းထန်တဲ့သဘောရှိတယ်၊ ဖြစ်ပြီးသားလူအားလုံးဂရုစိုက်ကြပါလို့

🦠အသက် ၅၂ နှစ် ဦးလေးတစ်ယောက်က ရင်ဘက်ထဲမှာတော်တော်အောင့်လို့ဆိုပြီးလာပြတယ်၊
covid စစ်ပြီးပြီလားမေးတော့ covid ဖြစ်ပြီးလို့ ဆေးရုံတက်ပြီးလို့တောင် ကောင်းသွားလို့ပြန်ဆင်းလာခဲ့တာ၁လရှိတော့မယ်တဲ့၊ ဟုတ်ပြီ လတ်တလောcovid လူနာမဟုတ်တော့ ကူးစက်နိုင်နှုန်းနည်းတယ်ဆိုပြီး ဆေးခန်းမှာစမ်းသပ်ကြည့်ရှု လိုက်တာပေါ့လေ၊ သေချာမေးကြည့်တော့ မနေ့က ရုတ်တရက်ချောင်းအရမ်းဆိုးပြီး၊ အချွဲလိုလိုဟာတွေနဲ့သွေးတွေရော ထွက်လာတယ်၊ အသက်ရှူရင် လေက ရင်ဘတ်တစ်ဝက်ထိပဲဝင်တယ်၊ အရမ်းအောင့်တယ် ( ဟိုက် သူ့စကားနားထောင်ပြီး ကိုယ့်မှာ ခေါင်းနှစ်ဆကြီးသွားသလိုပဲ ကိုယ်တွေးလိုက်မိတာကြီးမဟုတ်ပါစေနဲ့ ဟုတ်ခဲ့ရင်တောင် အရေးပေါ် သွေးကြောခွဲစိတ်ရတဲ့အဆင့်မျိုးမဟုတ်ပဲ ထိုးဆေး သောက်ဆေးနဲ့တင်ကောင်းပါစေလို့ ဆုတောင်းမိတယ် ) ဒါနဲ့ oxygen. တိုင်းလိုက်တော့ SP O2. 56. PR. 130. ဒါနဲ့ပဲ ECG CXR လိုအပ်တဲ့၊ သွေးစစ်ဆေးမှုတွေလုပ်ပြီး၊ အရေးပေါ်ထိုးရမယ့်ဆေးတွေရှာခိုင်းထားလိုက်တယ်၊
အဲ့ဒီတော့ပြောချင်တာက. Covid ဖြစ်ပြီးသား လူနာတစ်ယောက်ဟာ ၃ လလောက်အထိ ဂရုစိုက်ရပါမယ်။ ၁ လမှ ၃ လအတွင်း covid ရဲ့နောက်ဆက်တွဲတွေ ဝင်တတ်ပါတယ် ။ အချိန်မှီသိဖို့ အချိန်မှီ ဆေးကုသဖို့လိုအပ်တယ်။ ၆ လကျော်မှ စိတ်ချရမယ်၊ ဘာတွေဖြစ်နိုင်တယ်၊ ဘယ်လိုဂရုတစိုက် နေထိုင်ရမလဲဆိုတဲ့။ အကြောင်းတွေရေးထားတဲ့ ၊ ကျန်းမာရေး post တွေရှာဖတ်ကြပါ။ covid ဖြစ်ဖူးတဲ့သူတိုင်း မဖြစ်မနေဖတ်ကြပါ။ ကျမရဲ့ ထူးစေတနာမွန် ဆေးခန်း page မှာလဲ covid နဲ့ပက်သတ်တာတွေ စုံအောင်တင်ထားပေးပါတယ်၊ အချိန်အားလျှင် ဖတ်ပါ၊ ဘယ်လိုအခြေအနေက အိမ်မှ ာ ကုလို့ရသလို ဘယ်လိုအခြေအနေကတော့ အသက်အန္တရယ်ရှိလို့ အချိန်မှီ ဆေးရုံဆေးခန်းပြေးရမယ်ဆိုတာတွေ ပါပါတယ်
🦠အခု ဒီလူနာဦးလေးက. သွေးခဲသွားတာပါ၊ သွေးခဲပိတ်တဲ့နောက်ဆက်တွဲက. အသက်သေနိုင်ပါတယ်၊ ထိုးဆေးကို လုံလောက်အောင်ထိုးပေးရပါတယ်။ တချို့လူနာတွေက ထိုးဆေးလောက်နဲ့မရပါဘူး အရေးပေါ်ခွဲစိတ်ကုသတဲ့အဆင့်ထိလိုပါတယ်၊ ကုသမှုအချိန်မှီဖို့လဲ လိုအပ်ပါတယ်၊ ချက်ချင်းသေနိုင်တဲ့အခြေအနေပါ၊ ကံကောင်းစွာနဲ့ ထိုဦးလေးကတော့ ဒီကနေ့မှာ oxygen 95. on 10 L. ဖြစ်နေပါပြီ

အဲ့ဒီတော့ အသိပေးချင်တာက၊ အခုကျမတို့လို GP တွေ ရင်ဆိုင်နေရတာက covid လက်ရှိဖြစ်နေတဲ့လူနာကိုတင် အာရုံစိုက်နေရတာမဟုတ်တော့ပဲ post covid တွေကပါ စိုးရိမ်ဖွယ်အဆင့်တွေနဲ့ရောက်လာကြလို့ လူထုတစ်ရပ်လုံးကလဲ post covid care နဲ့ covid နောက်ဆက်တွဲဆိုင်ရာကျန်းမာရေးအသိနဲ့ အသိသတိယှဉ်ပြီး၊ နေထိုင်ကြဖို့ ပြောကြားရင်း

18.8.21
Dr Cherry
ထူးစေတနာမွန် အထွေထွေရောဂါကုဆေးခန်း
စီတာပူ
မြစ်ကြီးနား

17/07/2021
💉COVID-19 ရောဂါကာကွယ်ဆေး   “ Covishield “💉 COVID-19 ရောဂါ သည်SARS-CoV-2 ဟုခေါ်သော ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်သည်။  ၄င...
28/01/2021

💉COVID-19 ရောဂါကာကွယ်ဆေး “ Covishield “💉

COVID-19 ရောဂါ သည်SARS-CoV-2 ဟုခေါ်သော ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်သည်။ ၄င်းပိုးသည်ယခင်ကမတွေ့ရဘူးသေးသောရောဂါပိုးအမျိုးအစားအသစ်ဖြစ်သည်။ ရောဂါပိုးကူးစက်ခံထားရသောသူတစ် ဦး နှင့် နီးကပ်စွာ ထိတွေ့ဆက်ဆံပြောဆိုမိလျင်COVID-19 ကူးစက်နိုင်သည်။ ၎င်းသည်များသောအားဖြင့်အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်ပြီးအခြားကိုယ်တွင်းင်္အဂါများကိုပါထိခိုက်နိုင်သည်။ COVID-19 ရှိသူများသည်ရောဂါလက္ခဏာအပျော့စားမှပြင်းထန်သောလက္ခဏာအထိအမျိုးမျိုးဖြစ်ပေါ်နိုင်သည်။ ရောဂါလက္ခဏာများဗိုင်းရပ်စ်ပိုးနှင့်ထိတွေ့ပြီးနောက် 2 ရက်မှ 14 ရက်အတွင်းပေါ်လာလိမ့်မည်။ ရောဂါလက္ခဏာများတွင်အောက်ပါတို့ပါဝင်သည်။
ချောင်းဆိုးခြင်း၊
အသက်ရှုကျပ်ခြင်း၊
မောပန်းခြင်း၊
ကြွက်သားသို့မဟုတ်ကိုယ်ခန္ဓာကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊
အရသာသို့မဟုတ်အနံ့ဆုံးရှုံးခြင်း
လည်ချောင်းနာခြင်း
ပျို့ခြင်းသို့မဟုတ်အော့အန်ခြင်း
ဝမ်းလျှောခြင်း။


💉Covishield ကာကွယ်ဆေးဆိုတာဘာလဲ။💉

Covishield သည်အသက် ၁၈ နှစ်နှင့်အထက်လူများတွင် COVID-19 ရောဂါကိုကာကွယ်နိုင်သည့်အရေးပေါ်အခြေအနေတွင်ကန့်သတ်အသုံးပြုရန်အတည်ပြုထားသောဆေးဖြစ်သည်။

🩺Covishield ကာကွယ်ဆေးမထိုးမီသင့်ကျန်းမာရေးပြုစုစောင့်ရှောက်သူကိုအဘယ်အရာကိုပြောပြသင့်သနည်း။🩺

ကျန်းမာရေးစောင့်ရှောက်မှုပေးသူအားသင်၏ကျန်းမာရေးအခြေအနေအားလုံးကိုပြောပြပါ။
* အကယ်၍ သင်သည်အချို့သောဆေးဝါး၊ အစားအစာ၊ ကာကွယ်ဆေးတို့နှင့်ပြင်းထန်သည့်ဓါတ်မတည့်တုံ့ပြန်မှု ရှိခဲ့လျှင်။

*သင့်တွင်အဖျားရှိလျှင်
* အကယ်၍ သင့်တွင်သွေးယိုခြင်းရောဂါရှိပါကသို့မဟုတ်သွေးပိုနေလျှင်
* အကယ်၍ သင်သည် immunocompromised သို့မဟုတ်သင်၏ကိုယ်ခံစွမ်းအားစနစ်ကိုအကျိုးသက်ရောက်စေသည့်ဆေးဝါးတစ်ခုအသုံးပြုနေပါက
* သင်ကိုယ်ဝန်ရှိနေလျှင်သို့မဟုတ်ကိုယ်ဝန်ဆောင်ရန်စီစဉ်ထားပါက
* သင်နို့တိုက်မိခင်ဖြစ်နေလျှင်
ကာကွယ်ဆေးထိုးရန်မဆုံးဖြတ်မီသင့်ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့်တိုင်ပင်သင့်သည်။

🧬မည်သူသည် Covishield ကာကွယ်ဆေးကိုထိုးသင့်သနည်း။🧬

Covishield ကာကွယ်ဆေးကိုအသက် ၁၈ နှစ်နှင့်အထက်လူပုဂ္ဂိုလ်များထိုးသင့်ပါသည်


🩸မည်သူသည် Covishield ကာကွယ်ဆေးကိုမထိုးသင့်သနည်း။🩸

အကယ်၍ သင်က

*ဤကာကွယ်ဆေးတွင်ပါဝင်သောပစ္စည်းများနှင့်ဓါတ်မတဲ့သူဖြစ်ပါက

* ယခင်ဤကာကွယ်ဆေးထိုးပြီးနောက်ပြင်းထန်သည့်ဓါတ်မတည့်မှုတုံ့ပြန်မှုရှိခဲ့လျှင်

🧪Covishield ကာကွယ်ဆေးတွင်ပါဝင်သောအရာများသည်ဘာတွေလဲ။🧪

Covishield ကာကွယ်ဆေးတွင်အောက်ပါပါဝင်ပစ္စည်းများပါဝင်သည် -
L-Histidine, L-Histidine hydrochloride monohydrate, မဂ္ဂနီစီယမ်ကလိုရိုက် hexahydrate, Polysorbate 80, Ethanol, Sucrose, ဆိုဒီယမ်ကလိုရိုက်, Disodium edetate dihydrate (EDTA), ဆေးထိုးဘို့ရေ။

အကယ်၍ သင်သည် Covishield ကာကွယ်ဆေး၏တစ်ကြိမ်ထိုးခံယူပြီးလျှင်ဒုတိယဆေးကိုပထမအကြိမ်ထိုးပြီးနောက် ၄ ပတ်မှ ၆ ပတ်အကြားထိုးသင့်သည်။

သင်သည်သင်၏ဒုတိယအကြိမ်ကာကွယ်ဆေးထိုးရန်သတ်မှတ်ထားသောအချိန်တွင်မေ့နေပါကသင့်ကျန်းမာရေးစောင့်ရှောက်မှုပေးသူအားအကြံဥာဏ်တောင်းပါ။ ဒုတိယအကြိမ် Covishield ကာကွယ်ဆေးထိုးရန်မှာအလွန်အရေးကြီးသည်။
COVID-19 ရောဂါမှကာကွယ်ရန်မည်မျှကြာသည်ကိုလောလောဆယ်မသိရှိရသေးပါ။
Covishield ကာကွယ်ဆေး၏ဒုတိယဆေးထိုးပြီးနောက် ၄ ပတ်အပြီးတွင်သင်ကာကွယ်ရေးကိုယ်ခံအားတုံ့ပြန်မှုရနိုင်သည်။

🦠Covishield ကာကွယ်ဆေး၏အန္တရာယ်များကားအဘယ်နည်း🦠

Covishield ကာကွယ်ဆေးနှင့်ပတ်သတ်သည့်ဘေးထွက်ဆိုးကျိုးများမှာ -

(အောက်ပါအချက်များမှာကာကွယ်ဆေးထိုးသူလူ ၁၀ ဦး တွင် ၁ ဦး ထက်ပိုပြီးသက်ရောက်နိုင်သည်)

ဆေးထိုးသည့်နေရာ၌အနည်းငယ်နာကျင်မှု၊ ပူနွေးမှု၊ နီခြင်း၊ ယားယံခြင်း၊ ရောင်ရမ်းခြင်းသို့မဟုတ်အောင့်ခြင်း
* ယေဘုယျအားဖြင့်နေမကောင်းခံစားရတယ်
* မောပန်းခြင်း (ပင်ပန်းခြင်း)
ချမ်းတုန်ခြင်းသို့မဟုတ်ဖျားနာခြင်း
ခေါင်းကိုက်ခြင်း
ဖျားနာခြင်း (ပျို့ချင်ခြင်း)
အဆစ်နာခြင်းသို့မဟုတ်ကြွက်သားကိုက်ခြင်း

(အောက်ပါအချက်များမှာကာကွယ်ဆေးထိုးသူလူ ၁၀ ဦး လျှင် ၁ ဦး အထိသက်ရောက်နိုင်သည်)
* ဆေးထိုးသည့်နေရာတွင်တစ်လုံး
* ဖျားခြင်း။ ကိုယ်ပူခြင်း
ဖျားနာခြင်း (အော့အန်ခြင်း)
အပူချိန်မြင့်မားခြင်း၊ လည်ချောင်းနာခြင်း၊ နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်းနှင့်ချမ်းခြင်းကဲ့သို့တုပ်ကွေးကဲ့သို့သောလက္ခဏာများ

(အောက်ပါအချက်များမှာကာကွယ်ဆေးထိုးသူလူ ၁၀၀ တွင် ၁ ဦး အထိသက်ရောက်နိုင်သည်)
* မူးဝေခြင်း
* အစာစားချင်စိတ်လျော့နည်းခြင်း
* ဝမ်းဗိုက်နာကျင်မှု
* lymph node များကြီးလာခြင်း
* အလွန်အကျွံချွေးထွက်ခြင်း,
*အရေပြားယားယံခြင်းသို့မဟုတ်အဖုထွက်ခြင်း

ဤအချက်များမှာCovishield ကာကွယ်ဆေးထိုးသူအားလုံးဖြစ်နိုင်သည်မဟုတ်။ လူတဦးနှင့်တဦးကိယ်ခံစွမ်းအားအလိုက် ကာကွယ်ဆေးကိုတုံ့ပြန်ပုံခြင်းမတူနိုင်ပေ။

🩸🗝🔑Covishield ကာကွယ်ဆေးကကျွန်ုပ်ကို Covid-19 ရောဂါပိုးကူးစက်စေနိုင်မလား။🔑🗝🩸

လုံးဝမကူးစက်ပါ။Covishield COVID-19 ကာကွယ်ဆေးတွင် SARS-CoV-2 မပါ ၀င်၍ သင့်အား COVID-19 ရောဂါကူးစက်မှုကိုမပေးနိုင်ပါ။

🔭ကိုးကား။ ။အိန္ဒိယနိုင်ငံ Pune အခြေစိုက်အိန္ဒိယသွေးရည်ကြည်ဌာန (SII)မှမကြာခဏမေးလေ့ရှိသောမေးခွန်းများ (FAQs) ၏ဖြေကြားချက်များ🔭

Covid-19 ကြီး မျိုးရိုးဗီဇ ပြောင်းသွားသတဲ့။ ပြောင်းမှာပဲလေ.... သူက ဗိုင်းရပ်စ်ပိုးကိုး...။မျိုးဗီဇ ပြောင်းတယ်ဆိုတာကတော့ ...
22/12/2020

Covid-19 ကြီး မျိုးရိုးဗီဇ ပြောင်းသွားသတဲ့။ ပြောင်းမှာပဲလေ.... သူက ဗိုင်းရပ်စ်ပိုးကိုး...။

မျိုးဗီဇ ပြောင်းတယ်ဆိုတာကတော့ အဲဒီ ဒီအင်အေ သို့မဟုတ် အာအင်အေမှာ အပြောင်းအလဲ ဖြစ်သွားတာပါ။ အပြောင်းအလဲ ဖြစ်ရတဲ့ အကြောင်းအရင်းတော့ အများကြီးရှိပါတယ်
အခုပြောင်းသွားတဲ့ ကိုဗစ်မျိုးဗီဇသစ်ကို VUI202012/01 (First Variant Under Investigation in December 2020), “၂၀၂၀ ဒီဇင်ဘာတွင် တွေ့ရသော စုံစမ်းစစ်ဆေးဆဲ မျိုးဗီဇ သစ်” လို့လတ်တလော ခေါ်ပါတယ်။

ဗီဇကွဲ အကောင်က ကူးစက်နှုန်းပိုများလာသလို ကလေးငယ်တွေကို ကူးဖို့လည်း ရာခိုင်နှုန်းပိုမြင့်လာပါသတဲ့။ R 0 value ပိုတက်လာမယ့် ဗီဇကွဲအကောင်ပဲ။

စူ့ ထက်စူ.. လူစွမ်းကောင်းချည်းပဲ......
တခုပဲ ဗီဇကွဲအကောင်က ပိုပြီးရောဂါ ပြင်းထန်လာသလား မပြင်ထန်ဘူးလားဆိုတာတော့ စောင့်ကြည့်ရမှာပါပဲလေ။

ရေရှည် တိုက်ရတော့မယ့် တိုက်ပွဲမှာ Covid-19 လူနာတွေမှာ ကျွန်တော် ကျင်လည်ရာ laboratory field (Clinical laboratory ဆိုပါတော့) ကနေ ဘာတွေ ဘယ်လို အထောက်အကူဖြစ်အောင် ပံ့ပိုးပေးရမလဲပေါ့။

အခြေခံအကျဆုံးဖြစ်တဲ့ Blood for CP (Complete picture) ကနေ စ ကြည့် ကြည့်ရအောင်ဗျာ...။
အခုခေတ်မှာ Blood for CP ဆိုရင် autimated haematology analyzer တွေနဲ့ Run ကြတာများပါတယ်။

လက်ထဲကို CP အဖြေစာရွက်လေး ရလာပြီဆိုပါတော့.....
အမယ်.....အမယ်......

သွေးရောဂါဗေဒဆိုတာ သွေးနီဥ Red cells သွေးဖြူ ဥ white blood cells သွေးဥမွှား Platelets သွေးခဲပစ္စည်း clotting factors စတာတွေ လေ့လာရတဲ့ ဘာသာရယ်...
(ဟင်... ဆဲလ်နည်းနည်းလေးပဲလို့ မထင်လိုက်နဲ့ ... အဲ့ဒီ ၄ ကောင်နဲ့ ပတ်ကစားနေတာ... ရူးတောင် ရူးချင်စိတ် ပေါက်သွားစေရမယ်....တကယ်....တကယ် ... 😅😅😅)

ကဲ.... လေ့လာကြည့်ရအောင်ဗျာ......

Red cells (သွေးနီဥ)
Haemoglobin (Hb), MCV, MCH, MCHC
Anaemia က Covid-19 မှာ အထင်ကရဖြစ်မနေပါဘူး။ ဒါပေမယ့် severe case တွေမှာတော့ Hb value ကျလာတတ်ပါတယ်။ ဖလင်ဆွဲကြည့်ရင် normochromic normocytic pattern က အများဆုံးပါတဲ့။

Red cells distribution width (RDW)
ဒီ parameter လေးက အတော်များများ ကျော်သွားတတ်ကြပါတယ်။ တကယ်တမ်းကျ သူက အခရာကျပါတယ်။ RDW value များလာတာဟာ poor prognosis နဲ့ motility rate များစေနိုင်တာကို ညွှန်နေတာဖြစ်လို့ သတိထားရမယ့် အချက်လေးပါ။

Serum Ferritin
သူက additional test အနေနဲ့ စစ်ပါတယ်။ Severity အလိုက် ပြင်းထန်ရင် ပြန်းထန်သလို serum ferritin level လိုက်တက်လာပါလိမ့်မယ်။ Covid-19 မှာ Serum ferritin ကို acute phase protein အနေနဲ့ inflammatory marker လိုမျိုး သုံးလိုက်တာပါပဲ။

CRP, ESR
တဆက်တည်း ပြောရရင် C reactive protein (CRP), ESR တို့ပါ တက်နေကြတာပါ။ ESR value များလေ severity ပိုဆိုးလေ ဖြစ်တာကြောင့် သူ့ကို powerful parameter for severity လို့ သုံးနေကြတယ် ထင်ပါရဲ့လေ။

သွေးဖြူ ဥ (white blood cells)
Total WBC
Total count အနေနဲ့ မာယာများတဲ့ covid ဟာ Leukopenia နဲ့ လာနိုင်သလို leukocytosis အနေနဲ့လည်း ညွှန်ပြနေပါသေးတယ်။ case အတော်တော်များများ Total WBC count ဟာ normal range ဝငိနေသလို မျက်လှည့်ပြတာမျိုးလည်း ကြုံနေရပါတယ်တဲ့၊။ (ဘာမှတ်လို့ မှတ်ရမှန်း မသိဘူး....အေးရော.... 😁😁)

Diff: WBC
Differential WBC တွေထဲမှာတော့ အများဆုံးက mild neutrophilia, mild lymphopenia, eosinopenia, mild monocytosis တွေက Covid-19 ရဲ့ CBC base line မှာ အတွေ့ရများဆုံး အချက်တွေပါ။ Viral infection တို့ရဲ့ ထုံးစံအတိုင်း Lymphocyte ပြုတ်ကျနေတတ်တာကြီးကတော့ မပြောင်းမလဲ တွေ့နေရသေးတာပေါ့။

Neutrophil/Lymphocyte Ratio (NLR)
သူက တကယ့် marker လိုပဲ သုံးနေရပါတယ်တဲ့။ NLR ကိုကြည့်ပြီး ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်မျှခြေ (balance of the body's immunity including balance of neutrophils and lymphocyte level)ကို မှန်းလို့ရသလို ရောဂါပြင်းထန်မှု (degree of systemic inflammation) ကိုပါ တွက်လို့ရပါသေးတယ်။ တွက်နည်းက ရှင်းပါတယ်။ Absolute numbers of neutrophils ကိုမူတည်ပြီး Absolute numbers of lymphocyte နဲ့ စား လိုက်တာပါပဲ။ NLR value များလာတာနဲ့အမျှ အခြေအနေပိုဆိုးနိုင်ပြီး severity ပိုမြင့်လာနိုင်ပါတယ်။ South-Asian population မှာ NLR value နဲ့ Severity က ဆက်စပ်မှုရှိနေတယ်လို့ ပြောနေကြပါတယ်။

Platelet to lymphocyte ratio (PLR)
သူကလည်း NLR လိုပဲ inflammation severity ကို တွက်ဆကြည့်ရတာပါ။ PLR value တက်လာလေ severity ဆိုးလေပါပဲ။ တွက်နည်းက ရှင်းပါတယ်။ Total platelet count ကို Absolute lymphocyte count နဲ့ စား ချလိုက်တာပါပဲ။ NLR ရော PLR ရောက Prognosis marker အနေနဲ့ သုံးကြတာပါပဲ။ သူတို့ ၂ မျိုးလုံးက Routine CP ဖောက်ရင်းကနေ အလွယ်တကူ တွက်ယူလို့ ရနေတာမို့ ဖွံဖြိုးဆဲနိုင်ငံတွေ စွမ်းအားအရင်းအမြစ် ကန့်သတ်ချက်ရှိတဲ့ နိုင်ငံတွေမှာ prognosis marker အနေနဲ့ သုံးဖို့သင့်တယ် ထင်မိပါတယ်။

သွှေးဥမွှား (Platelet)
သူကတော့ normal to mild thrombocytopenia ဖြစ်နေနိုင်ပါတယ်။ ဒါကလည်း Viral infection အတော်များများရဲ့ လက္ခဏာလိုမျိုးပါ။ သို့သော်.... Viral infection ထုံးစံအရ ကိုယ်ခံအားတအားထိုးကျပြီး ဘက်တီးရီးယားပိုး ထပ်ဝင်လာခဲ့လို့ ရောဂါပြင်းထန်နေခဲ့ရင် (Secondary bacterial infection) Thrombocytosis ဖြစ်တတ်ပါသေးတယ်။ Severe thrombocytopenia နဲ့ မကြာခဏ ပြန်စစ်လို့ Platelet count နည်းလာတာဆိုရင်တော့ poor prognosis ကို လှမ်းနေပြီဆိုတာ သတိထားဖို့ ကောင်းပါတယ်။

Mean platelet volume (MPV)
အများအားဖြင့် အပြောင်းအလဲ မရှိတတ်ပေမယ့် တခါတလေ အရွယ်အစားကြီးတဲ့ သွေးဥမွှား (Giant platelet) တွေ ပေါ်ထွက်လာတတ်တာမို့ MPV value များနေတတ်ပါတယ်။

Plasma Hemostatic parameters သွေးခဲပစ္စည်းများ
D-dimer
တက်မယ်။ သူက Covid-19 မှာ sensitive and specific marker of coagulation ပဲဗျ။ သူတက်လာလေ outcome ဆိုးလာလေ လို့ပဲ မှတ်ရမယ်။ Covid-19 ရဲ့ အဆိုးဝါးဆုံးအဆင့်ဖြစ်တဲ့ ခန္ဓာကိုယ်အနှံ့သွေးယိုစီးခြင်း (DIC) ကို မျက်ခြေမပြတ်ထောက်လှမ်းဖို့က D-dimer က အခရာ ဆရာကြီးပါပဲ။

Fibrin degradation product (FDP) တက်မယ်။
Antithrombin (AT) ကျမယ်။
Activated partial thromboplastin time (APTT) ကျလာပါလိမ့်မယ်။
Prothrombin time ကတော့ Normal များပေမယ့် တခါတလေ prolonged ဖြစ်နေတတ်ပါသေးတယ်။

ကဲ.. မရှုပ်ဘူးလား..........
ဒါတွေက ကျွန်တော်တို့ routine blood test စစ်လို့ ထွက်လာတဲ့ အဖြေစာရွက်ပေါ်က ကိန်းဂဏန်းတွေကိုပဲ ကြည့်ပြီး တွက်ချက် ခနိ့မှန်း တွေးဆယူရုံပဲ ရှိပါသေးတယ်။

Microscope အောက်မှာ ကြည့်လို့ တွေ့ရတဲ့ ဆဲလ်တခုချင်းစီရဲ့ အသွင်ပြင် လက္ခဏာပြောင်းလဲချက်တွေ မပါသေးပါဘူး။

Virus က ရိုးတွင်းခြင်ဆီကို ထိလို့ ပြောင်းလဲသွားတဲ့ ပုံစံတွေ (dysplastic features)....

ကိုယ်ခံအားစနစ်ထိလို့ ပြောင်းလဲတဲ့ ပုံစံတွေ (red cell agglutination because of autoimmune phenomenon)

အပြင်းအထန်ရောင်ရမ်းလို့ ထွက်လာတဲ့ ပုံစံတွေ (toxic granules of neutrophils, cytoplasmic vacuoles of neutrophils and monocyte, reactive lymphocyte)

အပြင်းအထန် တိုက်ခိုက်ရင်း ကိုယ့်အချင်းချင်း ပါ ပြန်တိုက်လို့ထွက်လာတဲ့ ပုံစံတွေ (cell cannibolism)

ပြင်းထန်တဲ့တိုက်ပွဲရဲ့ သွင်ပြင်တွေ (red cell fragments, haemolytic pattern MAHA)

ခန္ဓာကိုယ်က အပြင်းအထန်တိုက်နေရင်း လိုအပ်တဲ့ စစ်သည်အရေအတွက် ပြည့်မှီအောင် ဆောလျင်စွာထုတ်နေရင်း ထွက်လာတတ်တဲ့ လက္ခဏာတွေ (band forms, hyposegmented neutrophils, hypogranulation features of granulocytes series)

Cytokine storm ရဲ့ လက်ရာတွေ (leukoerythroblastic picture, leukemoid reaction)

စုံလို့ပါပဲ.........

Haematoligical changes in SARS Co V-2

အလဲ့..............
မဆိုးဘူးဟ...

နောက်တက်မယ့် မဟာဘွဲ့လွန် ရောဂါဗေဒ သမားတွေ ကျက်စရာ တပုဒ်တိုးပြီ ... အဟိ. (သက်သက် အကျင့်ပုပ်ကြည့်တာ)

အမယ်... ဖြေဆဲ ဖြေလတ္တံ့ မဟာဘွဲ့လွန်သမားတွေရော ပါရဂူသင်တန်းသားတွေရော...

ဓာတ်ခွဲကျွမ်းကျင် ပညာရှင်တွေရော ဓာတ်ခွဲမှူးတွေရော.....ဖတ်ပေရော့...

(အဲ့ဒါကြောင့် ပြောတာ တော်တော် မွှေတဲ့ ငဗစ် ပါဆို... 😁😁😁)

ကျက်ကြမလား...ဘော်ဒါတို့..... 😝

(P.S: မှားနေတာရှိခဲ့ရင် ပြင်ပေးကြပါ ခင်ဗျာ)

Reference

Chan, A. S., & Rout, A. (2020). Use of Neutrophil-to-Lymphocyte and Platelet-to-Lymphocyte Ratios in COVID-19. Journal of clinical medicine research, 12(7), 448–453.

Foy BH, Carlson JCT, Reinertsen E, et al. Association of Red Blood Cell Distribution Width With Mortality Risk in Hospitalized Adults With SARS-CoV-2 Infection. JAMA Netw Open. 2020;3(9):e2022058. doi:10.1001/jamanetworkopen.2020.22058

Imran, Mehr & Ahmed, Umair & Usman, Umer & Ali, Majid & Shaukat, Aamir & Gul, Noor. (2020). Neutrophil/Lymphocyte Ratio – A Marker of COVID‐19 Pneumonia Severity. International Journal of Clinical Practice. 10.1111/IJCP.13698.

Sadigh, S., Massoth, L. R., Christensen, B. B., Stefely, J. A., Keefe, J., & Sohani, A. R. (2020). Peripheral blood morphologic findings in patients with COVID-19. International journal of laboratory hematology, 42(6), e248–e251.

Słomka, A., Kowalewski, M., & Żekanowska, E. (2020). Coronavirus Disease 2019 (COVID-19): A Short Review on Hematological Manifestations. Pathogens (Basel, Switzerland), 9(6), 493.

Wise J. Covid-19: New coronavirus variant is identified in UK. BMJ 2020 -12-16.

Credit - Dr Wathon Ko

23/11/2020

ပိုးကတော်တော်ပြန့်နေပြီ
တယောက်တည်းလည်းနေလို့မရဘူး
ပတ်ဝန်းကျင်နဲ့နေရတာဆိုတော့
Mask ပဲတပ်တပ် လက်ပဲဆေးဆေး
အချိန်မရွေး Positive ဖြစ်သွားနိုင်ပါသည်။

အဲ့တော့ Let us Positive or Negative.
What will we do?

အဲ့တော့ ဘာလုပ်ကြမလဲ ????????
"ပိုးဝင်တာက တခဏ ကိုယ်ခံအား ကောင်းဖို့ ထာဝရ"

ပိုး ဝင်တိုင်းမသေကြဘူး why?
ကိုယ်ခံအား ကောင်းလို့ ပြန်ပျောက်ကင်းကြတယ်

ကိုယ်ခံအားကောင်းစေတာ ဘာတွေလဲ?
ကိုယ်ခန္ဓာရဲ့ ကာကွယ်ရေး/တိုက်ခိုက်ရေးစစ်တပ်ကြီး balance နဲ့ harmony ဖြစ်နေဖို့ လိုမယ်

အဲ့စစ်တပ်ကြီး က "သွေးဖြူဥ" ပဲ
သူက ပြင်ပရောဂါဝင်မလာအောင် တားဆီးပေးတယ်၊ ကိုယ်ခံအားကောင်းစေဖို့ ထောက်ကူပေးတယ်၊ရောဂါပိုးတွေကို တိုက်ထုတ်ဖို့ ပဋိပစ္စည်း တွေထုတ်ပေးတယ်။

သူ့ကို အင်အားတွေ ဖြည့်တင်းပေးရမယ်။ ကျတော်တို့ ပတ်ဝန်းကျင်မှာ ရနိုင်တဲ့ အရာတွေနဲ့ ထောက်ပံ့လို့ရတယ်။

#အချဉ်ဓာတ်ပါသော အသီးများ ဗီတာမင် C ပါလို့ ရောဂါကို တိုက်ထုတ်ပေးတဲ့ သွေးဖြူဥ ကို တိုးပွားစေတယ်။

#ငရုတ်ပွ သူက အပေါ်ကအချဉ်သီးတွေထက် V-C နှစ်ဆလောက်ပါတယ်။

#မာလကာသီးV-C ပါဝင်မှု့အများဆုံး 300ကျော်တယ်။

#ပန်းဂေါ်ဖီစိမ်း sulforaphane ဒြပ်ပေါင်းပါတယ် သွေးဖြူဥ အရေအတွက်တိုးစေတယ်။

#ကြက်သွန်ဖြူ allicin ဒြပ်ပေါင်းပါတယ် တနေ့ ၅/၆တောင့်လောက်စား သွေးဖြူဥ cell တွေထွက်လာအောင် လှုံဆော်ပေးတယ်။

#ဟင်းနုနွယ် V-C/V-A/V-E တွေပါတယ်၊သွေးဖြူဥ အရေအတွက်တိုးစေတယ်။

#သင်္ဘောရွက် သူက စားလို့တော့မရ ခါးလို့ ပြုတ်သောက် ပျားရည်လေးလျှက်ပြီး acetogenins ဒြပ်ပေါင်းပါတယ် သွေးဖြူဥ အရေအတွက် တိုးစေတယ်။

#ဒိန်ချဉ် သူလည်း ခေသူမဟုတ်။

#ဂျင်း၊သစ်ကြားသီး၊မြင်းခွာရွက်၊သင်္ဘောသီး၊ရဲယိုသီး၊စပျစ်၊စတော်ဘယ်ရီ၊ကျွဲကောသီး။

#နနွင်း (ဆနွင်း)

#လဖက်စိမ်း amino acid ပါတယ်

#နေကြာစေ့

#အသား၊ငါး

#ကီဝီသီး V-C/V-E/Potassium ပါဝင် ကိုယ်ခံအားကောင်းစေတဲ့ သွေးဖြူဥ အရေအတွက် တိုးပွားစေတယ်။

#အခွံပါသောအကောင်များ ခရု၊ကမာ၊ဂုံး တို့က Zinc ဒြပ်ပါတယ် ရောဂါကို တိုက်ထုတ်တယ်။

အထက်ပါ အမျိုးအစား တွေ ကို သင့်တင့်လျောက်ပတ်စွာ အမြဲစားနေဖို့လိုမယ်။

" အစားအစာ ကို ဆေးလိုစားရမယ်..
မဟုတ်ရင် ဆေးကို အစားအစာ လို ပြန်စားနေရမယ်"

 #လူကြီးမင်းတို့ကိုအေးရိပ်မွန်ဓါတ်ခွဲခန်းမှာရှိတဲ့နိုင်ငံတကာအဆင့်မီစက်သစ်ကြီးများနဲ့မိတ်ဆက်ပေးပါရစေ -၃Biochemistry Anal...
07/11/2020

#လူကြီးမင်းတို့ကိုအေးရိပ်မွန်ဓါတ်ခွဲခန်းမှာရှိတဲ့နိုင်ငံတကာအဆင့်မီစက်သစ်ကြီးများနဲ့မိတ်ဆက်ပေးပါရစေ -၃



Biochemistry Analyser "Humalyzer Primus "
ဖြစ်ပါတယ်ရှင်။ Germany နိုင်ငံ
📌Human Diagnostics Worldwide 📌companyမှ
ထုတ်လုပ်ထား ပါတယ်ရှင်။နှစ်ပေါင်း ၅၀ ကျော်အထိ ကမ္ဘာတလွှား နိုင်ငံပေါင်း ၁၆၀ ကျော်မှာ Top branded အနေနဲ့ရပ်တည်နိုင်နေတဲ့ Brand ဖြစ်ပါတယ်။

ဒီစက်ကိုအသုံးပြုပြီးတိုင်းတာနိုင်တဲ့ Panels တွေကအမျိုးပေါင်း ၆၀ ခန့်ရှိပါတယ်

Biochemistry Analyzer တွေ အကြောင်းကိုပြောမယ်ဆိုရင် Calibrations နဲ့ Quality control တွေဟာ results များမှန်ကန်မှု တိကျမှု ရှိနေဖို့အတွက် မဖြစ်မနေလုပ်ဆောင်ရမဲ့ ချန်ထားလို့မရတဲ့ အဆင့်တွေပါရှင်။

ကျွန်မတို့ရဲ့ “အေး ရိပ်မွန်” ဓါတ်ခွဲခန်းမှာ Biochemistry Tests များအတွက် ကမ္ဘာ့Top-ten အဆင့်ဝင်ဂျာမဏီနိုင်ငံထုတ် အရည်အသွေးမြင့်စက်နဲ့ဆေးရည်များကိုအသုံးပြုပြီး ဝန်ဆောင်မှုများပေးနေပါတယ်ရှင်။ Results များ(သွေးစစ်ချက်အဖြေ)များမှန်ကန်တိကျ ရန်နှင့် အရည်အသွေး ထိန်းချုပ်ရန်အတွက်လည်း နေ့စဉ်နေ့တိုင်း Internal Quality Control programme ဝင်ထားပါတယ်။

ဒိအပြင်နောက်ထပ် ပိုအရေးကြီးတဲ့ အချက် ရှိနေပါသေးတယ်တယ်။အဲ့ဒါကတော့ ဓါတ်ခွဲကျွမ်းကျင်ပညာရှင် တဦးရဲ့မိမိ အသုံးပြုနေတဲ့ စက်နဲ့ပတ်သတ်တဲ့ Principle, Capacity,
Linearity ,Disturbances , Advantages,
Disadvantages , Do’s,Don’ts ,Maintainance စတာတွေအပေါ်မှာကျွမ်းကျင်ပိုင်နိုင်မှု နဲ့ လိုအပ်သလို ဆုံးဖြတ်စီမံခန့်ခွဲနိုင်မှု အရည်အသွေးသည်လည်းအများကြီးအရေးပါပါတယ်ရှင်။

ကျွန်မတို့ရဲ့အေးရိပ်မွန်ဓါတ်ခန်းမှာ လုပ်ငန်းအတွေ့အကြုံ ၁၇ နှစ်ရှိ ဝါရင့်ပညာရှင် ကိုယ်တိုင်ဦးစီးပြီး စမ်းသပ်စစ်ဆေးပေးလျက်ရှိပါတယ်ရှင်။

✅လူကြီးမင်းတို့ရဲ့ သွေးစစ်ချက်အဖြေများမှန်ကန်တိကျရေးသည် ကျွန်မတို့၏ပထမဦးစားပေးဖြစ်ပါတယ်ရှင်✅

“အေးရိပ်မွန်”
အဆင့်မြင့်နည်းပညာသုံးဓါတ်ခွဲခန်း
ကားကြီးကွင်းအနောက်မြောက်ထောင့်
အိန်ဂျယ် စတိုးနှင့်ကပ်လျက်
အမှတ် ၁၃ ရပ်ကွက် ၊မြင်းခြံမြို့။

Phone - 09966223050,09450210086
0943067964, 0662021171

သွေးအားနည်းခြင်း ဒေါက်တာပြည့်ဖြိုးကျော်တောင်ကြီးတွင် ဆေးခန်းဖွင့်ခဲ့စဉ်က မိတ်ဆွေရင်းချာ လူနာတစ်ဦး ရုတ်တရက် ဆုံးပါးသွားသ...
21/09/2020

သွေးအားနည်းခြင်း

ဒေါက်တာပြည့်ဖြိုးကျော်

တောင်ကြီးတွင် ဆေးခန်းဖွင့်ခဲ့စဉ်က မိတ်ဆွေရင်းချာ လူနာတစ်ဦး ရုတ်တရက် ဆုံးပါးသွားသည်ကို ကြုံခဲ့ရသည်။ အကြောင်းအရင်းကို သုံးသပ်ကြည့်ရလျှင် ကျန်းမာရေးအသိပညာ အားနည်း၍ဟုသာ ဆိုရမည်ဖြစ်သည်။ ထိုအချက်က ထိုသို့သော အချိန်မတန်မီ ကြွေလွင့်နေရသော လူနာများ လျော့နည်းလာစေရန် ကျန်းမာရေးအသိပညာမျှဝေခြင်းများသည် အရေးကြီးကြောင်း ကျွန်တော့်အား မီးမောင်းထိုးပြခဲ့သည်။ ယခင်က ဆေးခန်းတွင်သာ လူနာအနည်းငယ်အား အချိန်ပေး ရှင်းပြသည့်နည်းလမ်းကိုသာ တတ်နိုင်ခဲ့သည်။ ယခုအခါ လူမှုကွန်ယက်စာမျက်နှာများမှတဆင့် ကျန်းမာရေးအသိပညာများ မျှဝေလာနိုင်ပြီဖြစ်သည်။ ဆောင်းပါးတစ်ပုဒ်မှသည် လူသိန်းပေါင်းများစွာထံသို့ ပျံနှံ့ရောက်ရှိနိုင်ကာ လူအများအား ကျန်းမာရေး ဗဟုသုတများကို မျှဝေနိုင်ပြီဖြစ်သည်။ ထိုလူနာအား အမှတ်ရသောအားဖြင့် သူနှင့်သက်ဆိုင်သော သွေးအားနည်းခြင်းအကြောင်းကို ယခုတစ်ပတ်အတွက် ရေးသားတင်ပြလိုက်ပါသည်။

သွေးအားနည်းခြင်း ဆိုသည်မှာ

သွေးအားနည်းခြင်းဆိုသည်မှာ ခန္ဓာကိုယ်အတွင်း မရှိမဖြစ်လိုအပ်သည့် အောက်စီဂျင်ကို သယ်ဆောင်ပေးသော သွေးနီဥ ပမာဏသည် ရှိသင့်သည်ထက် လျော့နည်း​နေခြင်းကို ဆိုလိုသည်။ ရှိသင့်သည့် သွေးနီဥ ပမာဏမှာ အမျိုးသမီးများတွင် 12 g/dl မှ 13 g/dl အတွင်းဖြစ်ပြီး အမျိုးသားများတွင် 13 g/dl မှ 14 g/dl အတွင်းဖြစ်သည်။

သွေးနီဥ ပမာဏ လျော့နည်းရခြင်း အကြောင်းအရင်းကို ခွဲခြမ်းစိတ်ဖြာကြည့်ရလျှင်

(၁) သွေးဆုံးရှုံးခြင်း
(၂) သွေးနီဥ ပျက်စီးမှုများခြင်း
(၃) သွေးနီဥ ထုတ်လုပ်နိုင်မှု လျော့နည်းခြင်းဟူ၍

ယေဘုယျ ခွဲခြားနိုင်သည်။ အကြောင်းကြောင်းကြောင့် သွေးအားနည်းခြင်း သည် ကမ္ဘာ့လူဦးရေ၏ (၃၀%)ခန့်အထိ ရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ အချက်အလက်များကလည်း ဖော်ပြနေသည်။

ခံစားရသော လက္ခဏာများ

သွေးအားနည်းနေသူများ အဖြစ်များသော လက္ခဏာများမှာ အားနည်းခြင်း၊ နွမ်းနယ်နေခြင်း၊ အနည်းငယ်လှုပ်ရှားလျှင် မောနေခြင်းနှင့် အာရုံစူးစိုက်မှု လျော့နည်းခြင်းတို့ဖြစ်သည်။
အလွန်အမင်း သွေးအားနည်းနေပါက နှလုံးပါထိခိုက်တတ်သည်။ ထိုအခါတွင် ရင်တုန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း လက္ခဏာများကိုပါ ခံစားရတတ်သည်။ ထိုထက်မကပဲ ရှော့ (Shock) ရသည်အထိ သွေးအားနည်းလာပါက အသက်အန္တရာယ်ပင် ထိခိုက်တတ်သည်။

ထို့အပြင် သွေးအားနည်းခြင်းနှင့် စပ်လျဉ်း၍
ဖြူဖျော့ခြင်း ရှိ/မရှိ၊
(အောက်မျက်ခွံ၊ လက်ဖဝါး၊ လက်သည်းတို့ကို ကြည့်နိုင်သည်။)
လက်သည်းခွက်ခြင်း ရှိ/မရှိ တို့ကို သတိထားကြည့်နိုင်သည်။

ဖော်ပြပါ လက္ခဏာများ ခံစားနေရပါက ဆရာဝန်နှင့် ပြသ၍ ဆွေးနွေးတိုင်ပင်သင့်သည်။ သွေးအားနည်းရခြင်းအကြောင်းအရင်းများကို ရှာဖွေဖော်ထုတ်၍ စောစီးစွာ ကုသမှုခံယူသင့်သည်။

သွေးအားနည်းခြင်း အကြောင်းအရင်းများ

#သွေးဆုံးရှုံးခြင်း သည် သွေးအားနည်းစေခြင်း၏ အကြောင်းအရင်း တစ်ခုဖြစ်သည်။ အဖြစ်အများဆုံးသော အကြောင်းအရင်းဖြစ်သည်။
အမျိုးသမီးများ ပျိုဖော်ဝင်စအရွယ်တွင် ဓမ္မတာ မမှန်မှုကြောင့် သွေးဆုံးရှုံးခြင်း၊
မတော်တဆ ထိခိုက်မှုများကြောင့် သွေးထွက်၍ သွေးဆုံးရှုံးခြင်း၊ ခွဲစိတ်မှုများကြောင့် သွေးဆုံးရှုံးခြင်း၊
အစာအိမ် သွေးယိုစိမ့်မှုကြောင့် သွေးဆုံးရှုံးခြင်း၊ (အသည်းခြောက်ရောဂါသည်များ၊ အစာအိမ်နာရောဂါရှိသူများတွင် အတွေ့ရများသည်)
မီးယပ်ရောဂါများကြောင့် သွေးဆုံးရှုံးခြင်း၊
ကင်ဆာရောဂါများကြောင့် သွေးဆုံးရှုံးခြင်း၊ (သားအိမ်ခေါင်းကင်ဆာရောဂါ၊ အူမကြီးကင်ဆာရောဂါ စသည်ဖြင့်) လိပ်ခေါင်းရောဂါကြောင့် သွေးဆုံးရှုံးခြင်းနှင့်
သံကောင်ကဲ့သို့ ကပ်ပါးကောင်များ၏ သွေးစုပ်ယူမှုကြောင့် သွေးဆုံးရှုံးခြင်းတို့ကြောင့် သွေးအားနည်းနိုင်သည်။ ရုတ်တရက်ဖြစ်တတ်သော ထိခိုက်ဒဏ်ရာများကြောင့် သွေးဆုံးရှုံးခြင်း၊ အစာအိမ်သွေးကြောပေါက်ခြင်းကြောင့် သွေးဆုံးရှုံးခြင်းတို့သည် အချိန်မီ ကုသမှုမခံယူနိုင်ခဲ့ပါက အသက်အန္တရာယ် ဆုံးရှုံးသည်အထိဖြစ်တတ်သည်။

#သွေးနီဥပျက်စီးမှုများခြင်း သည်လည်း သွေးအားနည်းရခြင်း၏ နောက်ထပ် အကြောင်းအရင်းတစ်ခုဖြစ်သည်။ သွေးနီဥတစ်လုံးသည် ရက်ပေါင်း (၁၂၀)ခန့်အကြာမှသာ ပျက်စီးရသည်။ ထိုသို့မဟုတ်ပဲ စောစီးစွာ ပျက်စီးခြင်း၊
ပုံသဏ္ဍာန်ချို့ယွင်းခြင်းကြောင့်ပျက်စီးခြင်း၊
G6PD ကဲ့သို့သော အင်ဇိုင်းချို့တဲ့ခြင်းကြောင့် ပျက်စီးခြင်း၊ ကိုယ်ခံအားစနစ်ဆိုင်ရာ ချို့ယွင်းမှုကြောင့် သွေးနီဥများကို မှားယွင်းတိုက်ထုတ်မိ၍ ပျက်စီးခြင်း
(ဥပမာ အရေပြားလေးဖက်နာရောဂါ)၊
သွေးကင်ဆာရောဂါများကြောင့် ပျက်စီးခြင်း၊
ရောဂါပိုးများ(ဥပမာ ငှက်ဖျားရောဂါ)ကြောင့် ပျက်စီးခြင်းနှင့် မျိုးရိုးဗီဇဆိုင်ရာရောဂါများကြောင့် ပျက်စီးခြင်းတို့ကြောင့်လည်း သွေးအားနည်းနိုင်သည်။
ဖော်ပြပါ ရောဂါများသည် ခံစားရသော လက္ခဏာအမျိုးမျိုးဖြစ်နိုင်ပြီး ရောဂါအလိုက် ကုသပုံမတူညီကြချေ။ စောစီးစွာ ရောဂါရှာဖွေတွေ့ရှိမှု၊ စောလျင်စွာ ကုသမှုခံယူနိုင်မှုတို့က လူနာအတွက် များစွာအရေးပါသည့် ရောဂါများဖြစ်ကြသည်။

နောက်အကြောင်းအရင်းဖြစ်သည့် #သွေးနီဥထုတ်လုပ်နိုင်မှုလျော့နည်းခြင်း ကြောင့်လည်း သွေးအားနည်းနိုင်သည်။
ကျောက်ကပ်ပျက်စီးခြင်း၊
ဗီတာမင် B12 ဓာတ် ချို့တဲ့ခြင်းနှင့် သံဓာတ်ချို့တဲ့ခြင်း (ကိုယ်ဝန်ဆောင်မိခင်များ၊ ငါးနှစ်အောက် ကလေးငယ်များ၊ အူလမ်းကြောင်းဆိုင်ရာ ရောဂါသည်များ၊ သားသတ်လွတ်သမားများတွင် အတွေ့ရများသည်)၊
သာလက်စီးမီးယား (Thalassaemia)ရောဂါနှင့်
အချို့သော သွေးရောဂါများကြောင့် ဖြစ်သည်။ သံဓာတ်ချို့တဲ့ခြင်းကြောင့်ဖြစ်သော သွေးအားနည်းခြင်းသည် အများဆုံးဖြစ်သည်။ ခန္ဓာကိုယ်အတွက် လိုအပ်သော သံဓာတ်ကို အသား၊ ငါးများနှင့် အချို့သော ဟင်းသီးဟင်းရွက်များမှ အလွယ်တကူရရှိနိုင်သည်။ အသားနှင့် ငါးတို့တွင် သံဓာတ် ပိုမိုကြွယ်ဝစွာပါဝင်ပြီး ဟင်းသီးဟင်းရွက်များတွင်မူ အထိုက်အလျောက်သာ ပါဝင်၍ သားသတ်လွတ်သမားများသည် သွေးအားနည်းရောဂါ ခံစားရနိုင်ချေပိုများသည်။ ထို့ကြောင့် အစာအာဟာရကိုလည်း သင့်တင့်မျှတစွာ စားသုံးပေးရန် အရေးကြီးသည်။

အချုပ်အနေဖြင့် သွေးအားနည်းခြင်းနှင့်ပတ်သက်၍ အလွယ်တကူ သိရှိသတိထားမိနိုင်သော ဖြူဖျော့ခြင်း၊ နှုန်းခြင်း၊ နွမ်းနယ်နေခြင်း၊ မောခြင်း၊ ခန္ဓာကိုယ်မှ ထင်သာမြင်သာရှိသော သွေးဆုံးရှုံးမှုတစ်ခုခု ရှိခြင်းမှစ၍ အခြားရောဂါလက္ခဏာများ ခံစားနေရပါက ဆရာဝန်နှင့် စောလျင်စွာ ပြသ၍ ကုသမှုခံယူနိုင်ကြပါစေရန် အသိပေးရေးသား လိုက်ရပါသည်။

Credit...DR,.ZI WA

Address

Myingyan

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00

Telephone

+959966223050

Website

Alerts

Be the first to know and let us send you an email when AYE YEIK MON Specialist clinic & Advanced Medical Diagnostic Centre. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category