27/04/2025
𝐓𝐚𝐫𝐨𝐭 𝐋𝐞𝐯𝐞𝐥 2 𝐂𝐥𝐚𝐬𝐬 & 𝐍𝐮𝐦𝐛𝐞𝐫𝐨𝐥𝐨𝐠𝐲 𝐂𝐥𝐚𝐬𝐬 (𝐁𝐚𝐭𝐜𝐡 - 1)
ကျွန်တော် တို့ရဲ့ Tarot Class ဟာဆိုရင်ဖြင့် Level 1 နှစ်ကြိမ်ဖွင့်ခဲ့ပြီးပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ပညာဆိုသည်မှာ အဆုံးအသ မရှိသကဲ့သို့ နောက်ထပ် ဆက်လက်၍ လေ့လာချင်သူများအတွက် Level 2 Class ကို ဆက်လက် ဖွင့်သွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ Level 1 ကို မတတ်လိုက်ရသေးတဲ့ သူတွေ ရှိကောင်းရှိလိမ့်မယ် အဲ့ဟာကြောင့် မတတ်လိုက်ရတဲ့ သူများလဲ တတ်လို့ရအောင် Level 1 & Level 2 ကို တစ်ပြိုင်နက်ထဲ ဖွင့်မှာဖြစ်ပါတယ်။ ပြီးတော့လဲ Numberology Class ကိုထပ်ပြီး ဖွင့်မှာဖြစ်ပါတယ်။ဆရာတို့ရဲ့ Level 2 Class မှာက Level 1 နှင့် အဆက်စပ် ရှိနေတာကြောင့်၎င်း၊ ပို၍ ခက်ခဲတာကြောင့်၎င်း၊ အဲ့ဟာကြောင့် တစ်ပြိုင်နက်ထဲ ဖွင့်ရခြင်းလဲ ဖြစ်ပါတယ်။
Level 1 Class ကတော့ အားလုံးသိကျတဲ့အတိုင်း Batch 1, Batch 2 ဟာတွေလိုပဲ သင်ပေးမှာပါ။ Level 1 Class က လုံးဝ အခြေခံဖြစ်တာကြောင့် အခုမှ စလေ့လာနေတဲ့သူတွေ အတွက် အကောင်းဆုံးပါ။ ပြီးတော့လဲ ဆရာတို့ရဲ့ Level 1 က Basic ဆိုပေမဲ့ Basic+ လို့ ပြောလို့ရပါတယ်။
Level 2 Class မှာ ဘာတွေ သင်ကြားပေးမလဲ ဆိုတော့ အချိန်ပေး လေ့ကျင့်ရသလောက် ရလဒ်ကောင်းတွေ ရရှိတဲ့ တားရော့ ဟောနည်း 3 မျိုးနှင့် လွယ်ကူပြီးထိရောက်တဲ့ ဟောနည်း 2 မျိုး သင်ကြားပေးမှ ဖြစ်ပါတယ်။ နောက်ပြီး ထပ်တိုးအနေနဲ့ Oracle ကြည့်နည်း အချို့ပါ သင်ကြားပေးမှာ ဖြစ်ပါတယ်။
Level 2 Class ကို ဘယ်လိုလူတွေ Join သင့်လဲ?
Level 2 Class ကို ဘယ်လိုလူတွေ Join သင့်လဲဆိုတော့ တားရော့ အခြေခံလဲ ပိုင်နိုင်တယ် နောက်ထပ် အသစ်သစ်တွေကို လေ့လာနေတဲ့သူ၊ တားရော့ မှာ ထိရောက်တဲ့ ဟောကိန်းတွေနဲ့မှ ဟောချင်တဲ့သူတွေ Join သင့်ပါတယ်။ နောက်ပြီးတော့လဲ ကိုယ့် အခြေခံ မရသေးလို့ Level 1 တတ်နေတဲ့သူဆိုရင်လဲ တစ်ခါတည်း ဆက်လေ့လာလို့ရောက် Join ထားလို့လဲရပါတယ်။
Numberology Class မှာဘာတွေသင်မှာလဲဆိုတော့ တရုတ်ဂဏန်းဗေဒင်၊ တစ်သက်စာအတွက် ဟောနည်း၊ ဘယ်နေ့ရက်မှာမွေးတဲ့သူက ဘယ်လိုလူစားမျိုးလဲ၊ ဘယ်လမှာ မွေးတဲ့သူက ကံကောင်းတယ် ကံဆိုးတယ် ဆိုတာကို ဟောတဲ့နည်းတွေလဲ သင်ပေးမှာဖြစ်ပါတယ်။
Numberology Class ကို ဘယ်လိုလူတွေ Join သင့်လဲ?
အဲ့ Class ကို ဘယ်လိုလူတွေ Join သင်လဲဆိုတော့ Numberology ကိုလေ့လာနေတဲ့သူ Tarot နဲ့ ချိတ်ဆက်ပြီး ဟောချင်တဲ့သူ၊ နေ့ကောင်းရက်သာ ရွေးပြီး အဆောင်၊ အစီအရင် တွေလုပ်ချင်တဲ့သူတွေကို ဦးစားပေးပြီးသင်ကြားပေးမှာဖြစ်ပါတယ်။
ဘယ်လိုသင်မှာလဲ?
ဘယ်လိုသင်မှာလဲ ဆိုတော့ စာတွေ့ရော လက်တွေ့ရောပါ သင်မှာ ဖြစ်တဲ့ အတွက်ကြောင့် သင်ပြီးတာနဲ့ ကိုယ်တိုင်ဟောတတ်မယ်လို့ အာမခံပါတယ်။ Video, Paragraph, Zoom စတဲ့ဟာတွေနဲ့ သင်ပေးမှာဖြစ်ပါတယ်။
Start of Date ~ 8th, May, 2025
ကြာချိန် ~ 50 Days
End of Date ~ 28th, June, 2025
ကဲ" အားလုံးလဲ စာအရှည်ကြီးဖတ်လိုက်ရတော့ မောနေရောပေါ့ ဈေးနှုန်းလေးတွေ ပြောကြအောင်
Level 1 Class Fee ~ 15,000
Level 2 Class Fee ~ 25,000
Numberology Class Fee ~ 20,000
Both Fee ~ 54,000 (10% discount ပါဗျ)
အသေးစိတ် စုံးစမ်းရန်
https://t.me/bear258013
https://m.me/MoonTheBigDipper စတဲ့နေရာမှာလဲ လာရောက် စုံစမ်းမေးမြန်းနိုင်ပါတယ်ဗျ။
(P'_Kaung)
(Bear)