Htate Ten Pharmacy

Htate Ten Pharmacy အရည်အသွေးမှန် ဈေးနှုန်းမှန် ဆေးဝါးများကို ထိပ်တန်းဆေးဆိုင်မှာ ဝယ်ယူရရှိနိုင်ပါပြီ ���

𝗧-𝗦𝘁𝗮𝘁 𝗜𝗻𝗷𝗲𝗰𝘁𝗶𝗼𝗻(𝑇𝑟𝑎𝑛𝑒𝑥𝑎𝑚𝑖𝑐 𝐴𝑐𝑖𝑑 𝐼𝑛𝑗𝑒𝑐𝑡𝑖𝑜𝑛 𝐵𝑃 500 𝑚𝑔 / 5 𝑚𝑙) 🔘 ဆေးအမည်☑ 𝗧-𝗦𝘁𝗮𝘁 𝗜𝗻𝗷𝗲𝗰𝘁𝗶𝗼𝗻 🔘 ပါဝင်ဖွဲ့စည်းမှု☑ Each ml con...
18/02/2025

𝗧-𝗦𝘁𝗮𝘁 𝗜𝗻𝗷𝗲𝗰𝘁𝗶𝗼𝗻
(𝑇𝑟𝑎𝑛𝑒𝑥𝑎𝑚𝑖𝑐 𝐴𝑐𝑖𝑑 𝐼𝑛𝑗𝑒𝑐𝑡𝑖𝑜𝑛 𝐵𝑃 500 𝑚𝑔 / 5 𝑚𝑙)

🔘 ဆေးအမည်
☑ 𝗧-𝗦𝘁𝗮𝘁 𝗜𝗻𝗷𝗲𝗰𝘁𝗶𝗼𝗻

🔘 ပါဝင်ဖွဲ့စည်းမှု
☑ Each ml contains Tranexamic Acid BP 100 mg

🔘 ဆေးအမျိုးအစား
☑ သွေးတိတ်ဆေး

🔘 အသုံးပြုနိုင်သော ရောဂါများ
☑ ပုံမှန်ထက်ပို၍ ရာသီသွေးဆင်းခြင်း၊ နှာခေါင်းသွေးယိုခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်းတွင် သွေးယိုခြင်း၊ တင်းတိပ်၊ အမဲစက်၊ ဆီးကျိတ်နှင့် ဆီးအိတ် ခွဲစိတ်မှုတွင် အသုံးပြုခြင်း၊ မတော်တဆမှုများကြောင့် မျက်လုံးအိမ်တွင် သွေးယိုခြင်း၊ ပုံမှန်သွေးမတိတ်သောရာဂါရှိသူများနှင့် သွားနုတ်ခြင်းတို့တွင် အသုံးပြုနိုင်ပါသည်။

🔘 ဆေး၏ပုံသဏ္ဍာန်
☑ ၅ မီလီလီတာပါ ထိုးဆေး။

🔘 ဆေးအချိန်အဆ
☑ အသက်အရွယ်၊ ကိုယ်အလေးချိန်နှင့် ဖြစ်ပေါ်လာသော ရောဂါအခြေအနေပေါ် မူတည်၍ ဆရာဝန်ညွှန်ကြားချက်အတိုင်း အသုံးပြုရန်။

🔘 ကြိုတင်သတိပြုရန်အချက်များ
☑ ဆရာဝန်သုံး သီးသန့်ဆေးဖြစ်ပါသည်။

🔘𝗧-𝗦𝘁𝗮𝘁 𝗜𝗻𝗷𝗲𝗰𝘁𝗶𝗼𝗻
🔘 ဆေးတစ်ဗူးတွင် ( 5 ml ) x 5 Ampoules ပါဝင်သည်။

🔘 ကုမ္ပဏီနှင့်ပတ်သက်၍ အကြံပြု ဆွေးနွေးတိုင်ကြားလိုပါက
☑ 𝟬𝟵 𝟰𝟰𝟱 𝟰𝟰𝟰 𝟱𝟲𝟲 သို့ဆက်သွယ်နိုင်ပါသည်။

🔘 ထုတ်လုပ်သည့် ကုမ္ပဏီ
☑ MERCURY LABORATORIES LTD. (India)

🔘 တင်သွင်းသည့် ကုမ္ပဏီ
☑ UniqueCare Pharmaceutical Co., Ltd.

🔘 ဖြန့်ချီသည့် ကုမ္ပဏီ
☑ 𝗔𝗦𝗜𝗔 𝗪𝗜𝗡𝗡𝗘𝗥 𝗜𝗡𝗗𝗨𝗦𝗧𝗥𝗜𝗔𝗟 𝗟𝗧𝗗.
Building No. 25, 63rd Street, Botataung Tsp,
3rd Quarter, Yangon, Myanmar.
𝗣𝗵𝗼𝗻𝗲 : 𝟬𝟵 𝟵𝟳𝟳 𝟰𝟬𝟬 𝟯𝟱𝟬, 𝟬𝟵 𝟵𝟳𝟳 𝟰𝟬𝟬 𝟯𝟱𝟳, 𝟬𝟵 𝟵𝟳𝟳 𝟰𝟬𝟬 𝟯𝟲𝟭, 𝟬𝟵 𝟰𝟰𝟱 𝟰𝟰𝟰𝟱𝟲𝟲.

🔸🔸 𝐓𝐫𝐨𝐳 𝐓𝐚𝐛𝐥𝐞𝐭𝐬 🔸🔸(𝑴𝒆𝒕𝒓𝒐𝒏𝒊𝒅𝒂𝒛𝒐𝒍𝒆 𝑩.𝑷 200 𝒎𝒈) 🔘 ဆေးအမည်☑ Troz 🔘 ပါဝင်ဖွဲ့စည်းမှု☑ ဆေးတစ်ပြားတွင် Metronidazole B.P 200 mg...
18/02/2025

🔸🔸 𝐓𝐫𝐨𝐳 𝐓𝐚𝐛𝐥𝐞𝐭𝐬 🔸🔸
(𝑴𝒆𝒕𝒓𝒐𝒏𝒊𝒅𝒂𝒛𝒐𝒍𝒆 𝑩.𝑷 200 𝒎𝒈)

🔘 ဆေးအမည်
☑ Troz

🔘 ပါဝင်ဖွဲ့စည်းမှု
☑ ဆေးတစ်ပြားတွင် Metronidazole B.P 200 mg.

🔘 ဆေးအမျိုးအစား
☑ ပဋိဇီဝပိုးနှင့် အမီးဘားပိုးသတ်ဆေး

🔘 အသုံးပြုနိုင်သော ရောဂါများ
☑ ၀မ်းဗိုက်အတွင်း၊ အူလမ်းကြောင်း၊ အရေပြား၊ အရိုးအဆစ်၊ ဦးနှောက်၊ အသက်ရှုလမ်းကြောင်းအောက်ပိုင်း၊ နှလုံးအဆို့ရှင်စသော နေရာများပိုးဝင်ခြင်းနှင့် အမီးဘားပိုးကြောင့် ၀မ်းကိုက်ခြင်းများ ကုသရာတွင် သုံးနိုင်သည်။

🔘 ဆေး၏ပုံသဏ္ဍာန်
☑ သောက်ဆေးပြား

🔘 ဆေးအချိန်အဆ
☑ ရောဂါအခြေအနေအရ တစ်ကြိမ်လျှင် ဆေး 200 mg မှ 750 mg ကို ၅ ရက်မှ ၁၀ ရက်အထိ သောက်သုံးနိုင်သည်။

🔘 ကြိုတင်သတိပြုရန်အချက်များ
☑ ဆေးနှင့် ဓာတ်မတည့်ဖူးသူများ၊ နို့တိုက်မိခင်များ မသောက်သုံးသင့်ပါ။

☑ ဆရာဝန်ညွှန်ကြားချက် လိုအပ်ပါသည်။

🔘 ကုမ္ပဏီနှင့်ပတ်သက်၍ အကြံပြု ဆွေးနွေးတိုင်ကြားလိုပါက
☑ 𝟬𝟵 𝟰𝟰𝟱 𝟰𝟰𝟰 𝟱𝟲𝟲 သို့ဆက်သွယ်နိုင်ပါသည်။

🔘 ထုတ်လုပ်သည့် ကုမ္ပဏီ
☑ MERCURY LABORATORIES LTD. (India)

🔘 တင်သွင်းသည့် ကုမ္ပဏီ
☑ UniqueCare Pharmaceutical Co., Ltd.

🔘 ဖြန့်ချီသည့် ကုမ္ပဏီ
☑ 𝗔𝗦𝗜𝗔 𝗪𝗜𝗡𝗡𝗘𝗥 𝗜𝗡𝗗𝗨𝗦𝗧𝗥𝗜𝗔𝗟 𝗟𝗧𝗗.
Building No. 25, 63rd Street, Botataung Tsp, 3rd Quarter, Yangon, Myanmar.
𝗣𝗵𝗼𝗻𝗲 : 𝟬𝟵 𝟵𝟳𝟳 𝟰𝟬𝟬 𝟯𝟱𝟬, 𝟬𝟵 𝟵𝟳𝟳 𝟰𝟬𝟬 𝟯𝟱𝟳, 𝟬𝟵 𝟵𝟳𝟳 𝟰𝟬𝟬 𝟯𝟲𝟭, 𝟬𝟵 𝟰𝟰𝟱 𝟰𝟰𝟰𝟱𝟲𝟲.

𝗔𝗥𝗢𝗡𝗔𝗠𝗜𝗡 𝗚𝗼𝗹𝗱 (အားဆေး) -(𝐌𝐮𝐥𝐭𝐢 𝐀𝐜𝐭𝐢𝐯𝐞 𝐕𝐢𝐭𝐚𝐦𝐢𝐧 - 𝐁𝟏+𝐁𝟐+𝐁𝟔+𝐁𝟏𝟐)+𝐂+𝐄(100 - Tablet) ပါ ဗူးကြီးများကို စတင်ဖြန့်ဖြူးရောင်းချပ...
18/02/2025

𝗔𝗥𝗢𝗡𝗔𝗠𝗜𝗡 𝗚𝗼𝗹𝗱 (အားဆေး) -

(𝐌𝐮𝐥𝐭𝐢 𝐀𝐜𝐭𝐢𝐯𝐞 𝐕𝐢𝐭𝐚𝐦𝐢𝐧 - 𝐁𝟏+𝐁𝟐+𝐁𝟔+𝐁𝟏𝟐)+𝐂+𝐄
(100 - Tablet) ပါ ဗူးကြီးများကို စတင်ဖြန့်ဖြူးရောင်းချပေးနေပါပြီ။

𝗔𝗥𝗢𝗡𝗔𝗠𝗜𝗡 𝗚𝗼𝗹𝗱 သည် 𝐀𝐜𝐭𝐢𝐯𝐞 𝐕𝐢𝐭𝐚𝐦𝐢𝐧 များဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသော ကိုရီးယားနိုင်ငံထုတ် အားဆေးတစ်မျိုးဖြစ်ပါသည်။ 𝐀𝐜𝐭𝐢𝐯𝐞 𝐕𝐢𝐭𝐚𝐦𝐢𝐧 ဆိုသည်မှာ သာမန် 𝐕𝐢𝐭𝐚𝐦𝐢𝐧 များကဲ့သို့ ဟိုက်ဒလိုကလိုရစ်အက်ဆစ် (HCL Acid) ရှိနေသော အစာအိမ်နှင့် အူလမ်းကြောင်းအတွင်း ပျက်စီးသွားခြင်းမရှိပဲ စုပ်ယူမှုနှုန်း (Absorption) ကောင်းစွာဖြင့် သွေးတွင်း နာဗ့်တစ်သျှုးများထဲသို့ စိမ့်ဝင်မှု (Blood Concentration) ကို အလျှင်မြန်ဆုံးနှင့် အမြင့်ဆုံးပေးစွမ်းနိုင်ပါသည်။

𝐀𝐜𝐭𝐢𝐯𝐞 𝐕𝐢𝐭𝐚𝐦𝐢𝐧 သည် သာမန် Vitamin များဖြင့် နှိုင်းယှဉ်၍ မရနိုင်လောက်အောင် သာလွန်ကောင်းမွန်ပါသည်။ သာမန် Vitamin B1 ကို သောက်သုံးခြင်းသည် အစာအိမ်နှင့် အူလမ်းကြောင်းအတွင်း ဆေးကို 80% ပျက်စီးသွားပြီး 𝐀𝐜𝐭𝐢𝐯𝐞 𝐕𝐢𝐭𝐚𝐦𝐢𝐧 B1 သည် ဆေးကို 80% နှုန်း စုပ်ယူမှုရရှိပါသည်။ ထို့အပြင် အာရုံခံဆဲလ်များ၏ စုပ်ထုပ်ပေးမှုနှုန်း (New Tissue Infiltration Rate) ကောင်းမွန်ခြင်းကြောင့် ဆေးအာနိသင် ကြာမြင့်စွာ (Prolong Action) တည်ရှိနေပါသည်။

𝗔𝗥𝗢𝗡𝗔𝗠𝗜𝗡 𝗚𝗼𝗹𝗱 ၏ စုပ်ယူမှုနှုန်း (Absorption) ကောင်းခြင်း၊ ဆေးအာနိသင်ကြာမြင့်ခြင်း (Prolong Action) နှင့် ဓါတ်ကူပစ္စည်း (Co Enzyme) ပြောင်းလဲပေးမှုနှုန်းမြင့်မားခြင်းတို့သည် ခန္ဓာကိုယ်၏ ဇိဝကမ္မ ဖြစ်စဉ်တွင် ဆေးရောက်ရှိမှု အချိုးအစား (Provailability) ကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်၏ ဇိဝကမ္မ ဖြစ်စဉ် (Metabolism) ကို ကောင်းစွာ လည်ပတ်စေပါသည်။

🔘 ဆေးအမည်
☑ 𝗔𝗥𝗢𝗡𝗔𝗠𝗜𝗡 𝗚𝗼𝗹𝗱 (အရိုနာမင်ဂိုးလ်)

🔘 ပါဝင်ဖွဲ့စည်းမှု
☑ Fursultiamine (Active Vitamin B1: TTFD) 50.0 mg
☑ Riboflavin Tetrabutyrate (Active Vitamin B2) 2.5 mg
☑ Pyridoxal 5-phosphate (Active Vitamin B6) 2.5 mg
☑ Hydroxocobalamin Acetate (Active Vitamin B12) 5.22 mg
☑ Ascorbic Acid for direct compression (Vitamin C) 72.2 mg
☑ dl-alpha Tocopherol Acetate (Vitamin E) 20.0 mg

🔘 ဆေးအမျိုးအစား
☑ (𝐌𝐮𝐥𝐭𝐢 𝐀𝐜𝐭𝐢𝐯𝐞 𝐕𝐢𝐭𝐚𝐦𝐢𝐧 - 𝐁𝟏+𝐁𝟐+𝐁𝟔+𝐁𝟏𝟐)+𝐂+𝐄 အားဆေး

🔘 အသုံးပြုနိုင်သော ရောဂါများ
☑ ကိုယ်ခံအားကျဆင်းနေသူများ၊ မောပန်းနွမ်းနယ်နေသူများ၊ အာရုံကြောအားနည်းသူများ၊ အာရုံကြောတလျှောက် နာကျင်ကိုက်ခဲနေသူများ (အဆစ်နာ၊ ခါးနာ၊ ပခုံးနာ)၊ နလမ်းထလူနာများ၊ အာဟာရချို့တဲ့ခြင်း အတွက် ဖြည့်စွက်ပေးရန်လိုအပ်သူများ၊ နာတာရှည် ရောဂါဝေဒနာသည်များ၊ အမြင်အာရုံနည်းနေသူများ၊ ပါးစပ်နှင့် လျှာရောင်ရမ်းအနာ ရှိနေသူများ၊ အရိုးအဆစ်နာကျင်နေသူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ သွေးတိုးရောဂါနှင့် ဆီးချိုဝေဒနာသည်များ၊ ကြီးထွားမှုနှုန်းနှေးကွေးသူများ နှင့် သက်ကြီးရွယ်အိုများ၊၊

🔘 ဆေး၏ပုံသဏ္ဍာန်
☑ သောက်ဆေးတောင့်။

🔘 ဆေးအချိန်အဆ
☑ ၁၈ နှစ်နှင့်အထက် လူကြီး၊လူငယ်၊ ကျား၊ မ မရွေး တစ်ကြိမ်လျှင် (၁) လုံးနှုန်းဖြင့် တစ်ရက်လျှင် (၂) ကြိမ် (နေ့၊ည)။

🔘 ကြိုတင်သတိပြုရန်အချက်များ
☑ ပေးထားသော အညွှန်းထက် ပိုမသောက်သုံးသင့်ပါ။ ဖော်ပြပါ ဗီတာမင်များနှင့် မတည့်ပါက မသောက်သုံးသင့်ပါ။

☑ ဆရာဝန်ညွှန်ကြားချက် မလိုအပ်ပါ။

☑ 𝗔𝗥𝗢𝗡𝗔𝗠𝗜𝗡 𝗚𝗼𝗹𝗱- 𝟭𝟬𝟬𝗧 ဗူးကြီး တစ်ဗူးတွင် (၁၀) လုံးပါ ဆေးကဒ် (၁၀) ကဒ် ပါဝင်ပါသည်။

🔘 𝗔𝗥𝗢𝗡𝗔𝗠𝗜𝗡 𝗚𝗼𝗹𝗱 - 𝟭𝟬𝟬𝗧
☑ 𝗣𝗿𝗶𝗰𝗲 - 𝟒𝟓,𝟎𝟎𝟎/- 𝗞𝘆𝗮𝘁𝘀

🔘 𝗙𝗢𝗖 𝗦𝗰𝗵𝗲𝗺𝗲𝘀
☑ (𝟭+𝟭s', 𝟭𝟬+𝟭)
☑ (အထက်ပါဈေးနှုန်းသည်ရန်ကုန်မြို့တွင်း အတွက်သာဖြစ်သည်။)

🔘 ကုမ္ပဏီနှင့်ပတ်သက်၍ အကြံပြု ဆွေးနွေးတိုင်ကြားလိုပါက
☑ 𝟬𝟵 𝟰𝟰𝟱 𝟰𝟰𝟰 𝟱𝟲𝟲 သို့ဆက်သွယ်နိုင်ပါသည်။

နေ့စဉ် 𝐀𝐜𝐭𝐢𝐯𝐞 ဖြစ်စေဖို့
𝗔𝗥𝗢𝗡𝗔𝗠𝗜𝗡 𝗚𝗼𝗹𝗱 သောက်ကြစို့...

🔘 ထုတ်လုပ်သည့် ကုမ္ပဏီ
☑ Ildong Pharmaceutical Co., Ltd. (Korea)

🔘 တင်သွင်းသည့် ကုမ္ပဏီ
☑ UniqueCare Pharmaceutical Co., Ltd.

🔘 ဖြန့်ချီသည့် ကုမ္ပဏီ
☑ 𝗔𝗦𝗜𝗔 𝗪𝗜𝗡𝗡𝗘𝗥 𝗜𝗡𝗗𝗨𝗦𝗧𝗥𝗜𝗔𝗟 𝗟𝗧𝗗.
Building No. 25, 63rd Street, Botataung Tsp, 3rd Quarter, Yangon, Myanmar.
𝗣𝗵𝗼𝗻𝗲 : 𝟬𝟵 𝟵𝟳𝟳 𝟰𝟬𝟬 𝟯𝟱𝟬, 𝟬𝟵 𝟵𝟳𝟳 𝟰𝟬𝟬 𝟯𝟱𝟳, 𝟬𝟵 𝟵𝟳𝟳 𝟰𝟬𝟬 𝟯𝟲𝟭, 𝟬𝟵 𝟰𝟰𝟱 𝟰𝟰𝟰𝟱𝟲𝟲.

🎉🎈🎁Happy Chinese New Year🧧🧧 2025ခုနှစ်၊ ဇန်နဝါရီလ (29)ရက်နေ့တွင် ကျရောက်သော တရုတ်နှစ်သစ်ကူးနေ့ (မြွေနှစ်) ကို ဂုဏ်ပြုကြိ...
29/01/2025

🎉🎈🎁Happy Chinese New Year🧧

🧧 2025ခုနှစ်၊ ဇန်နဝါရီလ (29)ရက်နေ့တွင် ကျရောက်သော တရုတ်နှစ်သစ်ကူးနေ့ (မြွေနှစ်) ကို ဂုဏ်ပြုကြိုဆိုရင်း မိဘပြည်သူအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာခြင်းများနှင့်အတူ ရောဂါဘယများကင်းဝေးပြီး ကံကောင်းခြင်းများစွာနဲ့အတူ ပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေကြောင်း #ထိပ်တန်းဆေးဆိုင် မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျ 🥰🥰🥰



&Distribution

Tomato 🍅
16/01/2024

Tomato 🍅

ခရမ်းချဥ်သီးကို အကျိုးရှိအောင် စားသောက်နည်း

ခရမ်းချဥ်သီးကို စားသုံးရာ၌ အစိမ်းစားခြင်း၊ ဟင်းထဲထည့်ချက်ပြီး စားခြင်းနှင့် စည်သွပ်ဘူးများ အတွင်း ထည့်စားခြင်းတို့တွင် ကျန်းမာရေးအတွက် အထောက်အကူ ပြုပုံခြင်းမတူညီနိုင်ပါ။ ခရမ်းချဥ်သီး တွင်ပါဝင်သော အာဟာရဓာတ်များတွင် ဗီတာမင် စီ မှလွဲ၍ ကျန်ဓာတ်များမှာ အပူခံနိုင် ကြပါ သည်။ထို့ကြောင့် အပူပေးပြုပြင်ရုံနှင့် ပျက်စီးလေ့မရှိသောကြောင့် ခရမ်းချဥ်သီးကို ဟင်းထဲထည့်ချက် ခြင်းနှင့် ငါးသေတ္တာကဲ့သို့ စည်သွပ်ဘူးအတွင်း ထည့်သုံးခြင်းတို့မှာ အာဟာရတန်ဖိုး ကွာခြားမှုမရှိပါ။ ခရမ်းချဥ်သီးဆော့စ်စားခြင်းဖြင့်လည်း အာဟာရအပြည့်အဝ ရနိုင်ပါသည်။ အထူးသဖြင့် ခရမ်းချဥ်သီးကို သံလွင်ဆီ (Olive oil) အနည်းငယ်ထည့်၍ အပူပေးပြီးစားလျှင် အူမှပိုမိုစုပ်ယူနိုင်ပါသည်။ သံလွင်ဆီ မရလျှင် နေကြာဆီ၊ နှမ်းဆီ၊ မြေပဲဆီ တို့သုံးနိုင်ပါသည်။ လိုင်ကိုပင်းများသည် ခရမ်းချဥ်သီး၏ အပြင်ဆုံးအလွှာတွင် စုနေကြသောကြောင့် ဆီထဲတွင် လွယ်ကူစွာပျော်ဝင်သွားပြီး အူမှပိုမိုစုပ်ယူနိုင်ခြင်း ဖြစ်သည်။ ဆီကို အနည်းငယ်သာထည့်ရန် လိုအပ်ပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)

အိပ်ချိန်နဲ့ အစာစားချိန်ခြားဖို့ ပြောရတဲ့ အကြောင်းရင်း*  *  *  *  *  *  *  *  *  *  *  *  *  *  *  *  *  *  *  *  *ညဘက်မ...
16/01/2024

အိပ်ချိန်နဲ့ အစာစားချိန်ခြားဖို့ ပြောရတဲ့ အကြောင်းရင်း
* * * * * * * * * * * * * * * * * * * * *

ညဘက်မှာ ကောင်းကောင်းအိပ်ပျော်စေဖို့ ညစာကို နောက်ကျမှစားတာ၊ ညသန်းခေါင်ကျမှ မအိပ်ဘဲ မုန့်ထစားတဲ့အကျင့်တွေကို တတ်နိုင်သလောက် ရှောင်ဖို့ မကြာခဏပြောလေ့ရှိတာ သိကြမယ်ထင်ပါတယ်။ တကယ်တမ်းက အစာစားချိန်ကလည်း ကျွန်တော်တို့ရဲ့ ညဘက် ကောင်းစွာအိပ်စက်မှုအပေါ် သက်ရောက်မှုအများကြီး ရှိနေတာကြောင့်ပါပဲ။

အဓိက အစာစားချိန်နဲ့ ညအိပ်ချိန် နီးသွားတဲ့အခါမှာ…

၁။ စားလိုက်တဲ့အစားအစာကို ကျေညက်အောင် အစာအိမ်ကနေ ချေဖျက်နေရတဲ့အတွက် ညအိပ်ချိန်မှာ မအီမသာဖြစ်ပြီး လေပွတာ၊ အိမ်သာတက်ချင်တာမျိုးတွေ ဖြစ်လာနိုင်သလို အထဲက ကိုယ်တွင်းကလီစာတွေ အလုပ်လုပ်နေရတဲ့အတွက် ညအိပ်ပျော်ဖို့လည်း ခက်ခဲနိုင်ပါတယ်။

၂။ နောက်ကျမှ အစာစားလိုက်တာကြောင့် စားထားတဲ့အစားအစာတွေကို ခန္ဓာကိုယ်ကနေ အပြည့်အဝ မချေဖျက်နိုင်တော့တဲ့အတွက် ပိုလျှံတဲ့ ကယ်လိုရီဓာတ်တွေကို ခန္ဓာကိုယ်ကနေ အဆီအဖြစ် သိမ်းဆည်းထားလိုက်ပြီး ကြာလာတဲ့အခါ ကိုယ်အလေးချိန် တက်လာပါတယ်။

၃။ အစာအိမ်ပြဿနာရှိသူတွေအနေနဲ့ ညနောက်ကျမှ အစာစားတဲ့အခါ အစာမကြေ ပိုဖြစ်တတ်တဲ့အတွက် ညဘက်အိပ်တဲ့အခါ မအီမသာဖြစ်ပြီး ရင်ပူလေ့ရှိသလို မကြာခဏ စားချင့်ရည်ပြန်ကန်တက်တဲ့ ပြဿနာကိုလည်း ကြုံတွေ့ရနိုင်ပါတယ်။

ဒါကြောင့် ညစာကိုစားမယ်ဆိုရင် ည ၆ - ၇ နာရီမှာ နောက်အကျဆုံး စားပေးပါ။ အိပ်ချိန်နဲ့ ညစာစားချိန်ကို အနည်းဆုံး (၂) နာရီလောက်ခြားပေးပါ။ အချိန်ခြားလိုက်တဲ့အခါ ခန္ဓာကိုယ်ကလည်း စားလိုက်တဲ့အစားအစာတွေကို ကောင်းစွာချေဖျက်ပြီး အာဟာရစုပ်ယူနိုင်သလို အိပ်ကာနီးမှ ဗိုက်အောင့်ဗိုက်နာဖြစ်တာ၊ လေပွတာ၊ အစာမကြေဖြစ်တာတွေကိုလည်း ရှောင်နိုင်မှာပါ။


#ဟက်ပီး

ဖောလစ်အက်စစ်က ကိုယ်ဝန်ဆောင်ဘဝရဲ့ အရေးအပါဆုံးလို့ ပြောရလောက်တဲ့အထိ အရမ်းအရေးပါပါတယ်။မိခင်ရော သန္ဓေသားကျန်းမာရေးအတွက်ပါ မရ...
16/01/2024

ဖောလစ်အက်စစ်က ကိုယ်ဝန်ဆောင်ဘဝရဲ့ အရေးအပါဆုံးလို့ ပြောရလောက်တဲ့အထိ အရမ်းအရေးပါပါတယ်။မိခင်ရော သန္ဓေသားကျန်းမာရေးအတွက်ပါ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်တစ်မျိုးဖြစ်ပါတယ်။

🔶ဘယ်အချိန်မှာ ဖောလစ်အက်စစ် စသောက်သင့်သလဲ?

သန္ဓေသားတွေရဲ့ မွေးရာပါ ကိုယ်အင်္ဂါချို့ယွင်းမှုတွေက ကိုယ်ဝန်ပထမ 3ပတ်ကနေ 4ပတ်အတွင်းဖြစ်လေ့ရှိပါတယ်။ ဒါကြောင့် သန္ဓေသားရဲ့ ဦးနှောက်နဲ့ ကျောရိုးအာရုံကြောမကြီး ဖွံ့ဖြိုးကာလဖြစ်တဲ့ ကိုယ်ဝန်အစောပိုင်းကာလတွေမှာ ဖောလစ်အက်ဆစ်ကို ပမာဏပြည့်ဝစွာရရှိ​နေဖို့လိုအပ်ပါတယ်။

ကိုယ်ဝန်ဆောင်တော့မယ်လို့ ဆုံးဖြတ်လိုက်တာနဲ့ ကိုယ်ဝန်မရခင် တစ်လလောက်ကတည်းက ကြိုသောက်သင့်တယ်လို့တောင်ဆိုကြပါတယ်။

🔶ဖောလစ်အက်စစ် လုံလောက်စွာ မရရင် ဘာဖြစ်မလဲ❓

မိခင်ရဲ့ခန္ဓာကိုယ်ထဲမှာ ဖောလစ်အက်စစ် လုံလောက်စွာမရဘူးဆိုရင် ကလေးရဲ့ ကျောရိုးအာရုံကြောပြွန်က သေချာမပိတ်ဘဲ ပွင့်နေတာမျိုးဖြစ်တတ်ပါတယ်။ဒီလိုဖြစ်ရင်

▶Spinal Bifida လို့ခေါ်တဲ့ ကျောရိုးအာရုံကြောမကြီးက ပွင့်နေတဲ့အာရုံကြောပြွန်အပေါက်ကနေအပြင်ကိုတိုးထွက်လာတာမျိုးနဲ့

▶Anencephaly လို့ခေါ်တဲ့ ဦးနှောက်ရဲ့အဓိကအပိုင်းတွေ မဖွံ့ဖြိုးတော့ဘဲ ဦးခေါင်းခွံမပါတဲ့ကလေးမျိုးတွေမွေးဖွားတတ်ပါတယ်။

ဒီလို ဦးခေါင်းခွံမပါဘဲ မွေးဖွားလာတဲ့ ကလေးငယ်တွေဟာလည်း သက်တမ်းစေ့ရှင်သန်နိုင်တာရှားပါတယ်။အများစုက မွေးပြီးတာနဲ့ သေဆုံးသွားကြပါတယ်။ ကျောရိုးအာရုံကြောမကြီး ကျွံထွက်လာတဲ့ ကလေးတွေကတော့ ဘဝတစ်လျှောက်လုံး မသန်စွမ်းဖြစ်သွားနိုင်ပါတယ်။

ဒါတွေအပြင်
▶နှုတ်ခမ်းကွဲ အာခေါင်ကွဲကလေးများမွေးခြင်း
▶လမစေ့ဘဲမွေးခြင်း
▶ပေါင်မပြည့်ခြင်း
▶ကိုယ်ဝန်ပျက်ခြင်း
▶ကလေးဖွံ့ဖြိုးမှု နှေးကွေးခြင်း စတာတွေလည်းဖြစ်နိုင်ပါတယ်။

🔶ဖောလစ်အက်စစ်က ဒါတွေကိုလည်းကာကွယ်ပေးနိုင်တယ်။

ဖောလစ်အက်စစ်က ကလေးဖွံ့ဖြိုးမှုအတွက်တင်မကဘဲ မိခင်အတွက်လည်းကောင်းကျိုးရှိပါတယ်။ မိခင်မှာ ကိုယ်ဝန်ဆိပ်တက်ခြင်း၊နှလုံးရောဂါ၊လေဖြတ်ခြင်း၊ အချို့သော ကင်ဆာရောဂါများနဲ့ အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားနှုန်းတွေကိုပါ လျှော့ချပေးပါတယ်။🤗

ပျော်ရွှင်ကျန်းမာတဲ့ ရင်သွေးလေးတွေကို ပိုင်ဆိုင်ရစေဖို့ ဖောလစ်အက်စစ်ရဲ့ အရေးပါပုံတွေကို ဖော်ပြလိုက်ရပါတယ်။👩‍⚕️✅

အားလုံးပဲ ကျန်းကျန်းမာမာ ရှိကြပါစေ။

#ကျန်းကျန်းမာမာ

နှစ်သစ်မှာ အားအင်အသစ်တွေနဲ့ ကျော်ဖြတ်ဖို့ အာဟာရပြည့်ဝကျန်းမာနေဖို့ အရေးကြီးပါတယ်။ရည်မှန်းချက်အသစ်တွေနဲ့ နှစ်သစ်မှာကျန်းမ...
16/01/2024

နှစ်သစ်မှာ အားအင်အသစ်တွေနဲ့ ကျော်ဖြတ်ဖို့ အာဟာရပြည့်ဝကျန်းမာနေဖို့ အရေးကြီးပါတယ်။

ရည်မှန်းချက်အသစ်တွေနဲ့ နှစ်သစ်မှာကျန်းမာစေဖို့အတွက်

✔️ဗီတာမင်၊သတ္တုဓာတ်၊ပရိုတင်း၊ကာဗိုဟိုက်ဒရိတ် ကိုမျှတစွာစားသုံးပေးပါ။
✔️တစ်နေ့ (၈ )နာရီခန့်အိပ်စက်ပေးပါ။
✔️ရေများများသောက်ပြီး ရေဓာတ်ပြည့်ဝသော အသီးအနှံများလည်းစားသုံးပေးပါ။
✔️လမ်းမှန်မှန်လျောက်ပေးခြင်း၊ယောဂဆော့ပေးခြင်း တို့ကိုပြုလုပ်ပေးပါ။

မတော်တဆဖျားနာတဲ့အခါမှာလည်း ပရိုတင်း၊ ဗီတာမင်၊ သတ္တုဓာတ်စတဲ့ အာဟာရစုံလင်စွာ ပါဝင်တဲ့ Prohance ကြောင့် ကိုယ်ခံအားအပြည့်နဲ့ အမြန်ဆုံးပြန်လည်ကျန်းမာလာမှာပါ။

www.prohance.com.mm

‍‍‍‍‍‍ #ပရိုဟန့်စ် #ဖြည့်စွက်စာအာဟာရမှုန့်

ခရမ်းချဥ်သီးကို ရုက္ခဗေဒအရ Solanum lycopersicum ဟုခေါ်ပြီး Solanaceae အုပ်စုတွင် ပါဝင်ပါသည်။ ခရမ်းချဥ်သီး (Tomato) သည် က...
16/01/2024

ခရမ်းချဥ်သီးကို ရုက္ခဗေဒအရ Solanum lycopersicum ဟုခေါ်ပြီး Solanaceae အုပ်စုတွင် ပါဝင်ပါသည်။ ခရမ်းချဥ်သီး (Tomato) သည် ကမ္ဘာပေါ်တွင် လူသုံးအများဆုံး မီးဖိုချောင်သုံး အသီးဖြစ်သည်။ မီးဖိုချောင်အတွင်း ချက်ပြုတ်ရာတွင်ဖြစ်စေ၊ ထမင်းစား စားပွဲပေါ်တွင် ခရမ်းချဥ်သီးအချဥ် (Tomato Ketchup)၊ ခရမ်းချဥ်သီးဆော့စ် (Tomato Sauce) အနေနှင့်ဖြစ်စေ လူမျိုးမရွေး စားသုံးကြသည့် အလွန်အသုံးဝင်သော ဟင်းသီးတစ်မျိုးဖြစ်သည်။

ခရမ်းချဥ်သီးများတွင် အနီရောင်၊ အဝါရောင်နှင့် အစိမ်းရောင် ဟူ၍ သုံးမျိုးတွေ့ရပါသည်။ ယင်းတို့၏ ကွာခြားချက်မှာ ကလိုရိုဖီးလ် (Chlorophyll) များချိန်တွင် အစိမ်းရောင်၊ ကယ်ရိုတီနွိုက် (Carotenoid) များချိန်တွင် အဝါရောင်နှင့် လိုင်ကိုပင်း (Lycopene) များလာချိန်၌ အနီရောင် အစရှိသဖြင့် အသီးသီးပြောင်းလဲလာခြင်းဖြစ်သည်။ အရောင်များ ပြောင်းလာသော်လည်း ကျန်းမာရေးအထောက်အကူပြုသည့် အကျိုးအာနိသင်မှာ ကွာခြားခြင်းမရှိကြောင်း တွေ့ရသည်။

ဒေါက်တာခင်မောင်လွင် (FAME)

ခရမ်းချဥ်သီးတွင်ပါဝင်သော အာဟာရဓာတ်များရင့်မှည့်နေသည့် အနေတော်ခရမ်းချဥ်သီးတစ်လုံး (Fresh, raw, ripe, medium sized tomato)...
16/01/2024

ခရမ်းချဥ်သီးတွင်ပါဝင်သော အာဟာရဓာတ်များ

ရင့်မှည့်နေသည့် အနေတော်ခရမ်းချဥ်သီးတစ်လုံး (Fresh, raw, ripe, medium sized tomato) ကိုစားလျှင် ကာဘိုဟိုက်ဒြိတ်ပမာဏ အနည်းငယ်သာပါဝင်ပြီး အဆီနှင့် ပရိုတင်းဓာတ်များ လုံးဝနီးပါး မပါဝင်သောကြောင့် ကယ်လိုရီလွန်စွာနည်းသည့် အသီးတစ်မျိုးဖြစ်သည်။ အထူးသဖြင့် ကျန်းမာရေးကို ထိခိုက်စေသောပြည့်ဝဆီ (Saturated fat) နှင့် ကိုလက်စထရောဓာတ် (Cholesterol) များ လုံးဝပါဝင်ခြင်း မရှိသည့်အပြင် ကယ်လိုရီအနေနှင့်ကာဘိုဟိုက်ဒြိတ်မှသာရသောကြောင့်ကယ်လိုရီရရှိမှုအလွန်နည်းပါသည်။ ကိုယ်အလေးချိန် တက်နေသူများ ပိုဝမလာစေရန် စားသုံးနိုင်သည့် အာဟာရကြွယ်ဝသောအသီးတစ်ခု ဖြစ်သည်။

ခရမ်းချဥ်သီးတွင် အဓိကပါဝင်သော ပရိုဗီတာမင်အေ (Provitamin A) များအနေနှင့် ခန္ဓာကိုယ် အတွင်းရောက်လျှင် ဗီတာမင်အေ အဖြစ်သို့ ပြောင်းသွားနိုင်သော ဘီတာကယ်ရိုတင်းနှင့် အယ်လ်ဖာကယ်ရိုတင်း များစွာပါဝင်ပါသည်။ ဗီတာမင်စီဓာတ်များ ဒုတိယအများဆုံးပါဝင်ပြီး တတိယအနေနှင့် ဖောလစ်အက်ဆစ်တို့ ပါဝင်ပါသည်။ ယင်းဗီတာမင်များက ခန္ဓာကိုယ်အတွက် အထောက်အကူပြုသည့် အချက်များမှာ မျက်စိအမြင် အာရုံကောင်းစေခြင်း၊ အရေပြားလှပစေခြင်း၊ ဝက်ခြံမပေါက်စေရန် ကာကွယ်ပေးခြင်းနှင့် အနာကျက်မြန် စေခြင်းတို့ ဖြစ်သည်။

ထို့အပြင် သွေးတိုးရောဂါရှိသူများ ခရမ်းချဥ်သီးကိုစားလှင် အကျိုးရှိပါသည်။ အဘယ့်ကြောင့်ဆိုသော် ယင်းတွင်ပါဝင်သော ပိုတက်စီယမ်များက ခန္ဓာကိုယ်အတွင်းရောက်လျှင် ဆဲလ်အတွင်းမှ ဆိုဒီယမ်များကိုဆွဲယူပြီး ဆီးအဖြစ်စွန့်ထုတ်ပေးသောကြောင့် ဖောရောင်ခြင်းများ ကျသွားသည့်အပြင် သွေးဖိအားပါ ကျသွား နိုင်သော ကြောင့် ဖြစ်သည်။ ထို့ကြောင့် သွေးတိုးရောဂါရှိသူများသည် ဓာတ်စာအနေဖြင့် ခရမ်းချဥ်သီး တစ်လုံး၊ ငှက်ပျောသီးတစ်လုံးနှင့် ပန်းသီးတစ်လုံး စားပေးလျှင် များစွာအကျိုးရှိပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)

ခရမ်းချဥ်သီးကို အကျိုးရှိအောင် စားသောက်နည်းခရမ်းချဥ်သီးကို စားသုံးရာ၌ အစိမ်းစားခြင်း၊ ဟင်းထဲထည့်ချက်ပြီး စားခြင်းနှင့် စ...
16/01/2024

ခရမ်းချဥ်သီးကို အကျိုးရှိအောင် စားသောက်နည်း

ခရမ်းချဥ်သီးကို စားသုံးရာ၌ အစိမ်းစားခြင်း၊ ဟင်းထဲထည့်ချက်ပြီး စားခြင်းနှင့် စည်သွပ်ဘူးများ အတွင်း ထည့်စားခြင်းတို့တွင် ကျန်းမာရေးအတွက် အထောက်အကူ ပြုပုံခြင်းမတူညီနိုင်ပါ။ ခရမ်းချဥ်သီး တွင်ပါဝင်သော အာဟာရဓာတ်များတွင် ဗီတာမင် စီ မှလွဲ၍ ကျန်ဓာတ်များမှာ အပူခံနိုင် ကြပါ သည်။ထို့ကြောင့် အပူပေးပြုပြင်ရုံနှင့် ပျက်စီးလေ့မရှိသောကြောင့် ခရမ်းချဥ်သီးကို ဟင်းထဲထည့်ချက် ခြင်းနှင့် ငါးသေတ္တာကဲ့သို့ စည်သွပ်ဘူးအတွင်း ထည့်သုံးခြင်းတို့မှာ အာဟာရတန်ဖိုး ကွာခြားမှုမရှိပါ။ ခရမ်းချဥ်သီးဆော့စ်စားခြင်းဖြင့်လည်း အာဟာရအပြည့်အဝ ရနိုင်ပါသည်။ အထူးသဖြင့် ခရမ်းချဥ်သီးကို သံလွင်ဆီ (Olive oil) အနည်းငယ်ထည့်၍ အပူပေးပြီးစားလျှင် အူမှပိုမိုစုပ်ယူနိုင်ပါသည်။ သံလွင်ဆီ မရလျှင် နေကြာဆီ၊ နှမ်းဆီ၊ မြေပဲဆီ တို့သုံးနိုင်ပါသည်။ လိုင်ကိုပင်းများသည် ခရမ်းချဥ်သီး၏ အပြင်ဆုံးအလွှာတွင် စုနေကြသောကြောင့် ဆီထဲတွင် လွယ်ကူစွာပျော်ဝင်သွားပြီး အူမှပိုမိုစုပ်ယူနိုင်ခြင်း ဖြစ်သည်။ ဆီကို အနည်းငယ်သာထည့်ရန် လိုအပ်ပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)

ပီးခဲ့ရက်တွေမှာ Meropenem inject ခနပြတ်သွားလို့လူနာတွေ တော်တော်လေး အခက်တွေ့ကြရလို့ များစွာစိတ်မကောင်းဖြစ်ရပါတယ်ဗျာ 😔😔😔အခ...
10/01/2024

ပီးခဲ့ရက်တွေမှာ Meropenem inject ခနပြတ်သွားလို့
လူနာတွေ တော်တော်လေး အခက်တွေ့ကြရလို့ များစွာစိတ်မကောင်းဖြစ်ရပါတယ်ဗျာ 😔😔😔

အခုတော့ #ထိပ်တန်းဆေးဆိုင် မှာ Meronish (Meropenem 1 G) inject တွေ Stock အပြည့်ပြန်ရောက်ထားပီဖြစ်လို့ အရေးပေါ်အခြေအနေတွေအတွက် လုံးဝစိတ်ပူစရာ မလိုတော့ပါဘူးခင်ဗျ 🤗🤗🤗

First Generation ကနေ Last Generation အထိ Generation အမြင့် Injection တွေနဲ့ latest antibiotics တွေလိုအပ်လာရင် ထိပ်တန်းဆေးဆိုင်က အမြဲအဆင်သင့်ရှိနေပါတယ်ခင်ဗျ 😍😍😍

ထိပ်တန်းဆေးဆိုင် ကိုအမြဲ ဆေးတွေညွှန်းပေးကြတဲ့
အထူးကု ဆရာဝန်ကြီးများနဲ့ Medical / Surgical / Ortho နဲ့ OG Ward က မာမီတို့ကိုလဲ ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျ 🙏🙏🙏

ထိပ်တန်းဆေးဆိုင်
💊💊ဆေးနှင့်ဆေးပစ္စည်းမျိုးစုံ💊💊
🛺🛺လက်လီလက်ကားရောင်းဝယ်ဖြန့်ချီရေး🛺🛺
🏨အမှတ် (၂၁)၊ ယုဇနရပ်ကွက်၊ မြစ်ကြီးနားမြို့။🏨
☎️ 0️⃣9️⃣4️⃣5️⃣4️⃣4️⃣4️⃣7️⃣8️⃣0️⃣0️⃣
☎️ 0️⃣9️⃣2️⃣5️⃣6️⃣4️⃣1️⃣3️⃣2️⃣0️⃣0️⃣
Gmail - htatetenpharmacy@gmail.comလေး

Address

Myitkyina
01011

Telephone

+959454447800

Website

Alerts

Be the first to know and let us send you an email when Htate Ten Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Htate Ten Pharmacy:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram