Herbal Products

Herbal  Products Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Herbal Products, Medical and health, Myitkyina.

07/08/2025

Page လေး မသုံးဖြစ်တာ
တော်တော်ကြာပြီ
အင်တင်နက်လိုင်းလဲ အရင်လိုမကောင်းတော့ ဘယ်လိုလုပ်ရမလဲ😢😢😢

"ဒူးနာခြင်း ဝေဒနာအကြောင်း" ဒူးနာခြင်းသည် အသက်အရွယ် မရွေးဖြစ်ပွားနိုင်တဲ့ ဝေဒနာတစ်ခုပါ။ အသက်ကြီးသူများ,အမျိုးသမီးများတွင်...
01/06/2024

"ဒူးနာခြင်း ဝေဒနာအကြောင်း"

ဒူးနာခြင်းသည် အသက်အရွယ် မရွေးဖြစ်ပွားနိုင်တဲ့ ဝေဒနာတစ်ခုပါ။ အသက်ကြီးသူများ,အမျိုးသမီးများတွင်ပို၍ အဖြစ်များတတ်ပါတယ်။

ဒူးနာနိုင်သော အဓိကအကြောင်းအရင်း အမျိုးမျိုးရှိပါတယ်

"ရောဂါလက္ခဏာတွေကတော့"
နာကျင်ခြင်း ဒူးရောင်ခြင်း အကွေးအဆန့်တွင် ဒူးထဲမှအသံမြည်ခြင်း အကွေးအဆန့် ကောင်းစွာမရခြင်း ဒူးကိုစမ်းကြည့်လျှင် ပူနေခြင်း ဒူးကိုက်ခြင်း တံကောက်ခွက်နာခြင်း အထိုင်အထခက်ခဲခြင်း လှုပ်ရှားမှုများလျှင်နာခြင်း

"ဖြစ်နိုင်ချေရှိသူများ"
အသက်၅၀ကျော်အမျိုးသမီးများ မျိုးရိုးရှိသူများ ကုန်ထမ်းရသူများ အချိန်ကြာရှည်စွာ မတ်တပ်ရပ်သူများ ဒူးရိုးအဆစ်မကောင်းသူများ အပြေးသမားများ လမ်းလျှောက်များသူများ ဒူးပေါ်အနင်းခံသူများ

"ဒူးနာခြင်းမှ သက်သာစေရန်"
ဒူးကိုအနားပေးပါ ဒူးကြွက်သားများ သန်မာစေရန်
ဒူးလေ့ကျင့်ခန်းများ ပြုလုပ်ပါ နာနေသောဒူးတဝိုက်ကို အဝတ်တစ်ထပ်ခံ၍
ရေခဲ(၁၅)မိနစ်ခန့် ကပ်ပေးပါ
လှေကားအတက်အဆင်း မကြာခဏလုပ်ခြင်းရှောင်ပါ။ တောင်တက်ခြင်း ရှောင်ပါ။ ပြေးခြင်း,လမ်းမြန်မြန်လျှောက်ခြင်း ရှောင်ပါ။ ဆောင့်ကြောင့်ကြာကြာထိုင်ခြင်း ရှောင်ပါ

"ဘယ်လို ကုသရမလဲ"
လမ်း ပုံမှန် လျှောက်ပေးပါ သင့်တော်သော လေ့ကျင့်ခန်း ကို နေ့စဉ် ပြုလုပ်ပေးပါ ရောင်နေသော အဆစ်နေရာအား ရေအေးကပ်ပါ သင့်တော်ကောင်းမွန်သော ဆေးကို ပုံမှန်သောက်ပါ အရိုးအားကောင်းစေသော အစားအသောက်များအား ရွေးချယ်စားသောက်ပါ နေရောင်ခြည် ခံပါလိုအပ်ပါက ဆရာ၀န်နဲ့ ဆွေးနွေးတိုင်ပင် ပြသပါ

to Drလူချို

 #ညအိပ်ရာဝင်ချိန်ခြေထောက်ရေဆေးခြင်း ၁။ တစ်နေကုန်အောင်းနေသောအပူများ အောက်သို့လှည့်ပြီးခြေဖဝါးမှထွက်သွားနိုင်သည်။ ၂။ ညအိပ်...
31/05/2024

#ညအိပ်ရာဝင်ချိန်ခြေထောက်ရေဆေးခြင်း

၁။ တစ်နေကုန်အောင်းနေသော
အပူများ အောက်သို့လှည့်ပြီး
ခြေဖဝါးမှထွက်သွားနိုင်သည်။

၂။ ညအိပ်ပျော်နေချိန် ဟောက်ခြင်း
သွားကြိတ်ခြင်း၊ လျှာဝါးခြင်း
သွားရည်ကျခြင်းများ သက်သာ စေသည်။

၃။ ရင်ညွှန့်သို့တက်သောလေ
ဘဝင်သို့တက်သောလေ၊ နှလုံးသို့
တက်သော လေပူတို့ကို သက်သာစေသည်။

၄။ ခြေထောက်ကို သန့်စင်စွာဆေးပြီး
အိပ်ခြင်းကြောင့် မကောင်းသော အိပ်မက်ဆိုးများမက်ခြင်းမှ သက်သာစေနိုင်သည်။

၅။ ခြေသလုံးနှစ်ဖက် ကြွက်တက်ခြင်း
မှ သက်သာစေသည်။

၆။ နံနက်အိပ်ရာထတွင် မျက်ဝတ်များထွက်ခြင်း
မျက်စိဖွင့်မကောင်းခြင်းမှ သက်သာစေသည်။

၇။ ခန္ဓာကိုယ်အပူအအေးမျှတပြီး
ဦးခေါင်းသို့ အပူတက်ခြင်းကို သက်သာစေသည်။

၈။ အပူကြောင့် သွားဖုံးကြွခြင်း၊ သွားနာ
သွားကိုက်ခြင်းများမှ သက်သာစေသည်။

၉။ ဆံပင်ကျွတ်ခြင်း၊ ငယ်ထိပ်
ပြောင်ခြင်းမှ သက်သာစေသည်။

၁၀။ ဆံပင်ဖြူခြင်းကို သက်သာစေသည်။

၁၁။ ကျွတ်သောဆံပင်ကို ပြန်ပေါက်စေနိုင်သည်။

၁၂။ မျက်တွင်းကျခြင်း၊ မျက်ကွင်း
ညိုခြင်းမှ သက်သာစေနိုင်သည်။

# ညအိပ်ရာဝင်ချိန်
ခြေထောက်ရေဆေးခြင်းဖြင့် ရောဂါအမျိုးမျိုးကို သက်သာစေနိုင်သည်။

# ကြွက်တက် ရောဂါ၊ အဆစ်ရောင်
အဆစ်ကိုက်ရောဂါ၊ လေးဘက်နာရောဂါ
သွားနှင့် သွားဖုံးရောင်၊ သွားဖုံးကြွရောဂါ
မျက်စိတိမ်ရောဂါနှင့် မျက်မှန်ဒီဂရီတိုးခြင်းအစာအိမ်လေပူထခြင်း၊ လေပူအထက်တက်၍မူးမော ရင်တုန်၊ နှလုံးလေရိုက်ရောဂါများပင်သက်သာသည်ဟုဆိုသည်။

# ခြေဆေးလျှင်လုံချည်၊ ထဘီကို
ပေါက်လယ်ထိအောင်မတင်ပြီး ရေအေးဖြင့်ခုနှစ်ခွက်ခန့် လောင်းဆေးသင့်သည်။
# ခြေဆေးပြီးနောက် ခေတ္တအပူထွက်အောင်စောင့်ပြီးမှသာ အဝတ်ခြောက်ဖြင့် သုတ်သင့်သည်။

# နေ့စဉ် မှန်မှန်ပြုလုပ်မှသာ
အကျိုးရှိမည့်နည်းဖြစ်ပါသည်။

ကျန်းမာရေး ဗဟုသုတ များကို
အမြဲတင်ပေးမှာမို့ ကျမအကောင့်ကို
Add & Followe လုပ်ထားကြပါနော်

Credit - ကြေးမုံသတင်းစာ
Crd မူရင်းရေးသူနှင့်မျှဝေပေးသူအားလုံးခရစ်တစ်ပါ

Sharing🛑🛑🛑
16/05/2024

Sharing🛑🛑🛑

 #လေးဘက်နာ အဆစ်နာ သမားများဘာတွေစားရင်အဆစ်တွေ ပိုကိုက်တတ်သလဲအစို့အညှောင့် စားရင် ပို ကိုက်တတ်ပါတယ်အဲ့ထဲမှာမှ ပဲပင်ပေါက်စာ...
12/05/2024

#လေးဘက်နာ အဆစ်နာ သမားများ
ဘာတွေစားရင်
အဆစ်တွေ ပိုကိုက်တတ်သလဲ

အစို့အညှောင့် စားရင် ပို ကိုက်တတ်ပါတယ်
အဲ့ထဲမှာမှ ပဲပင်ပေါက်စားရင် မနေနိုင်အောင် ကိုက်ပါတယ်

အသားထဲမှာ ကြ က်သားစား ရင် အဆ
စ်တွေ ပိုကိုက်လာတတ်ပါတယ်

ကလီစာတွေက တော့လုံးဝ ရှောင်သင့်တာပါ ဆိုးဆိုးရွားရွား ကိုက်ပါတယ်

အသီးထဲမှာ တော့ ဖရုံသီးပါ ဖရုံသီးများ စားရင်တော့ ကွေးနေအောင်ကိုက်ပါတယ်..

ပဲပင်ပေါက်
ကြ က်သား
ကလီစာ
ဖရုံသီး

ဒီလေးမျိုးကို တတ်နိုင်သလောက် လျှော့စားပါ

#ပုံနှင့်စာများ crdပါရှင့်
#ကျန်းမာရေးဗဟုသုတမျှဝေခြင်း

11/05/2024

Hello Welcome Back
ကျန်းမာရေးဗဟုသုတ
လေးတွေပြန်တင်ပေးမှာမို့ Page လေးကို like &follow လေးလုပ်ထားကြနော်

Hair Queen သုံးပြီး သူများတွေတော့ ငွေသားတွေ မဲပေါက်ကုန်ကြပြီ...photo crd
08/10/2023

Hair Queen သုံးပြီး သူများတွေတော့ ငွေသားတွေ မဲပေါက်ကုန်ကြပြီ...

photo crd

မြစ်ကြီးနားမြို့တွင်း အမှာလေး😍ဆံသားအလှတွက် hair queen ကို ရွေးချယ်ပေးလို့ကျေးဇူးပါရှင့်😘😘
01/10/2023

မြစ်ကြီးနားမြို့တွင်း အမှာလေး😍

ဆံသားအလှတွက် hair queen ကို ရွေးချယ်ပေးလို့

ကျေးဇူးပါရှင့်😘😘

ဆံနွယ်လေးတွေ လှပကြပါစေ🦋
29/09/2023

ဆံနွယ်လေးတွေ လှပကြပါစေ🦋

Phone / Computer ရှေ့အမြဲထိုင်နေရတဲ့ Screen သမားတွေနဲ့ ရုံးသမားများ Office Syndrome များကင်းဝေးဖို့   ဖုန်း / ကွန်ပျူတာရ...
28/09/2023

Phone / Computer ရှေ့အမြဲထိုင်နေရတဲ့ Screen သမားတွေနဲ့ ရုံးသမားများ Office Syndrome များကင်းဝေးဖို့

ဖုန်း / ကွန်ပျူတာရှေ့အထိုင်များခြင်းဖြင့် ဖြစ်လာနိုင်သော လက္ခဏာများ

- ခေါင်းကိုက်လာမယ်
- ဇက်ကြောတက်လာမယ်
- မျက်ရိုးကိုက်လာမယ်
- ကြွက်သားတွေတောင့်တင်းလာမယ်
- ခေါင်းမူးနှောက်လာမယ်
- ခြေထောက် တင်ပဆုံနေရာတွေ ထုံကျင်လာမယ်
- ခါးနာလာမယ်
- ပုခုံးတွေတင်းပြပီးနာလာမယ်
တချို့တွေဆို လူက နုံးချိပြီး အာရုံစူးစိုက်မှုတွေပါ လျော့ကျလာနိုင်ပါတယ်

ဒီလိုပြသနာတွေမဖြစ်အောင် ဒီလိုပြောင်းလဲကြမယ်

- ၁နာရီ တစ်ခါ မတ်တပ်ထပြီး အကြောဆန့်ပါ
- သင်ထိုင်မည့်နေရာကို သက်တောင့်သက်သာဖြစ်အောင် ပြင်ဆင်ပါ
- ၁၅ မိနစ် တစ်ခါ မျက်စိကို ၁၀ စက္ကန့်လောက်မှိတ်ပြီး အနားပေးပါ
- ကွန်ပျူတာနဲ့ မျက်လုံးအနေထားဟာ တစ်တန်းထဲဖြစ်အောင်ထားပေးပါ
- ရေများများသောက်ပေးပါ
ပြီးရင် ကိုယ့်ရဲ့ စားပွဲမှာ သစ်ပင်ပန်းပင်လေးထားနိုင်ရင် ကောင်းပါတယ်

ဝေဒနါခံစားနေရပြီး သက်သာအောင်ဘယ်လိုလုပ်သင့်လဲဆိုရင်

- ကိုက်ခဲနာကျင်တဲ့နေရာကို ဆေးလိမ်းပေးပါ
- ရေနွေးအိတ်ကပ်ပေးပါ
- အာရုံကြောနဲ့ကြွက်သားများပြေလျော့စေတဲ့ ဆေးကပ်ခွာလေးတွေ သုံးပေးပါ
- stretching exercises တွေလုပ်ပေးပါ
- လေကောင်းလေသန့်များများရအောင်လုပ်ပါ




27/09/2023

Hello☘☘

15/09/2023

Hair Queen Promotion
လေး ဒီနေ့တရက်ပဲ
ကျန်တော့တယ်နော်😍

Address

Myitkyina

Telephone

+959256244225

Website

Alerts

Be the first to know and let us send you an email when Herbal Products posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram