ကရုဏာ ဆေးခန်း နှင့် ဆေးဆိုင် မြစ်ကြီးနား

  • Home
  • Myanmar
  • Myitkyina
  • ကရုဏာ ဆေးခန်း နှင့် ဆေးဆိုင် မြစ်ကြီးနား

ကရုဏာ ဆေးခန်း နှင့် ဆေးဆိုင် မြစ်ကြီးနား ဆေး နှင့် ဆေးပစ္စည်းများကို ဆရာဝန်၊ ဆရာမများ ကိုယ်တိုင်ဦးစီး၍ ရောင်းချပေးနေသော Page ဖြစ်ပါသည်။

အဖြစ်များတဲ့ ရာသီတုပ်ကွေးရောဂါကိုပဲ ကာကွယ်ပေးတာပါ သွေးလွန်တုပ်ကွေး နဲ့ ငှက်ဖျားကို မကာကွယ်နိုင်ပါဘူးနော်တော်တော်များများ...
04/04/2026

အဖြစ်များတဲ့ ရာသီတုပ်ကွေးရောဂါကိုပဲ ကာကွယ်ပေးတာပါ
သွေးလွန်တုပ်ကွေး နဲ့ ငှက်ဖျားကို မကာကွယ်နိုင်ပါဘူးနော်
တော်တော်များများ အသိ မှားနေကြတာ မြင်နေရလို့ပါ
သွေးလွန်တုပ်ကွေး နဲ့ ငှက်ဖျားရောဂါ မဖြစ်ချင်ရင်တော့ ခြင်မကိုက်အောင် နေပါ။

မြန်မာ FDA အသိအမှတ်ပြုပါတဲ့ လေးမျိုးစပ်ရာသီတုပ်ကွေးကာကွယ်ဆေး ရှာနေပါသလား
ကရုဏာဆေးခန်း ( စီတာပူ ) နဲ့ ( ဂျန်မိုင်ကောင်း ) နှစ်နေရာစလုံး မှာ ထိုးနေပါပြီနော်

💉 သင်ကိုယ်တိုင်နှင့် သင့်ချစ်ရတဲ့သူများကို တုပ်ကွေးရောဂါမှ ကာကွယ်ပါ!

လေးမျိုးစပ် တုပ်ကွေးကာကွယ်ဆေး (Flu Vaccine) ဖြင့်
သင့်ကျန်းမာရေးကို ကာကွယ်နိုင်ပါသည် 🛡️

📌 ကရုဏာဆေးခန်း တွင် ထ်ိုးနှံနိုင်ပါပြီ
( မြန်ဆန် • လုံခြုံ • ယုံကြည်စိတ်ချရ )

✔️ ပြင်းထန်သော တုပ်ကွေးဖြစ်နိုင်ချေကို လျော့ချပေးသည်
✔️ အန္တရာယ်မြင့်အုပ်စုများကို ကာကွယ်ပေးသည်။
(အသက်ကြီးသူများ၊ ကလေးများ၊ နာတာရှည်ရောဂါရှိသူများ၊ လူကြီးလူငယ်မရွေး)
✔️ နှစ်စဉ် ထိုးနှံခြင်းဖြင့် ရာသီတုပ်ကွေးရောဂါမှ ကာကွယ်လိုက််ပါ။

⚠️ တုပ်ကွေးရာသီ အမြင့်ဆုံးမရောက်မီ
ယနေ့ပဲ ကာကွယ်ဆေး ထိုးနှံပါ!

ဆေးခန်း( ၁ ) MD -18 တိုက်အမှတ်-၁ ၊ မနောကွင်းအဝိုင်းပတ်အနီး၊ တက္ကသိုလ်မိန်းလမ်းမကြီးပေါ် ၊ စီတာပူရပ်ကွက်။
Phone : 09-403506813

ဆေးခန်း ( ၂ ) ဂျန်မိုင်ကောင်း-ဒူကထောင်လမ်းဆုံ သံလမ်းအနီး၊ ဂျန်မိုင်ကောင်းရပ်ကွက်။
Phone : 09-760456440

တကြိမ်ထိုး - ၇၅၀၀၀ ကျပ်
( အချိန်နဲ့အမျှ စျေးနှုန်းအပြောင်းအလဲ ဖြစ်နိုင်ပါကြောင်း ကြိုတင်အသိပေးအပ်ပါတယ်ရှင့် )

ကလေးစာသင်ကျောင်း ( Private School ) တွေ
လုပ်ငန်းခွင် ( Company ) တွေမှာ
တုပ်ကွေးကာကွယ်ဆေးထိုးမည့်လူ ၁၀ ယောက်နဲ့ အထက်ဆိုရင်တော့ ကျောင်းအရောက်
လုပ်ငန်းခွင်အရောက် လာထိုးပေးတဲ့ ဝန်ဆောင်မှုလဲ ရှိပါတယ် ရှင့်

#တုပ်ကွေးကာကွယ်ဆေး #ကျန်းမာရေးကာကွယ်မှု #မြစ်ကြီးနား

အံမယ် ကျနော့် လူနာတွေဆီမှာ ကျနော့် ဆေးခန်းစာအုပ် အနည်းဆုံး ၃ အုပ်စီ ရှိကြတယ်တဲ့ တစ််အုပ်က အိပ်ခန်းမှာ တစ်အုပ်က ဧည့်ခန်းမ...
08/03/2026

အံမယ် ကျနော့် လူနာတွေဆီမှာ ကျနော့် ဆေးခန်းစာအုပ် အနည်းဆုံး ၃ အုပ်စီ ရှိကြတယ်တဲ့

တစ််အုပ်က အိပ်ခန်းမှာ
တစ်အုပ်က ဧည့်ခန်းမှာ
တစ်အုပ်က မီးဖိုချောင်မှာတဲ့

ဆရာ့ဆေးခန်းလာပြဖို့ လိုအပ်လာပြီဆိုရင် နီးစပ်ရာနေရာကနေ စာအုပ်ကောက်ဆွဲပြီး လာပြတာတဲ့လေ

ဒါတောင် လမ်းကြုံလို့ ဝင်ပြတာဆိုတာက ရှိသေး

ကျနော်လဲ " အော် “ လို့ပဲ ပြောနိုင်တော့တယ် 🥲

#ကရုဏာဆေးခန်း #ဂျန်မိုင်ကောင်း #စီတာပူ

26/02/2026

ကရုဏာဆေးခန်းတွင် ဖြစ်သည်။

ကျ​နော်။ ။ အဖွား ဘာဖြစ်တာလဲ
လူနာ။ ။ မှတ်ပုံတင်နံပါတ်လား ဆရာ
( ဆေးခန်း နဲ့ လဝက နဲ့ မှားနေပုံရ 😁 )

ဘေးနားက သူ့မြေးမက ဆရာက ဘာဖြစ်တာလဲ လို့မေးနေတာ ဆိုပြီး နားကိုကပ်ပြီးပြောလေရဲ့။

လူနာ။ ။ အော်….အဖွားက နားသိပ်မကောင်းလို့ပါ ဆရာရယ်
ကျနော်။ ။ အတင်းပြောရင်တော့ ကြားတယ်မလား အဖွား ( အသံတိုးတိုးဖြင့် ခပ်ဝေးဝေးက ကျနော်ပြောလိုက်ခြင်း ဖြစ်သည် )

လူနာ။ ။ အတင်းပြောရင်တော့ ကြားပါတယ် ဆရာ

( အဖွားက ချက်ချင်းကောက်ဖြေလိုက်ပြီး ရီပါလေရော )

ကျနော့်စိတ်ထဲတွင် အဖွားက ရပ်ကွက်ထဲက CCTV များလားပေါ့ 🙄

#ကရုဏာဆေးခန်း #စီတာပူ #ဂျန်မိုင်ကောင်း

သင့်အနေနဲ့ ဒီရောဂါဝေဒနာတွေ ခံစားနေရပြီလား ? 🦠ဂေါက်လေးဖက်နာ၊သွေးလေးဖက်နာ၊အရေပြားလေးဖက်နာ၊ပိုးလေးဖက်နာ ရောဂါလက္ခဏာဖြစ်နေလာ...
25/02/2026

သင့်အနေနဲ့ ဒီရောဂါဝေဒနာတွေ ခံစားနေရပြီလား ?

🦠ဂေါက်လေးဖက်နာ၊သွေးလေးဖက်နာ၊အရေပြားလေးဖက်နာ၊ပိုးလေးဖက်နာ ရောဂါလက္ခဏာဖြစ်နေလား
🦠အဆုတ် ရောဂါလက္ခဏာဖြစ်နေလား
🦠အသည်း ရောဂါလက္ခဏာဖြစ်နေလား
🦠နှလုံး ရောဂါလက္ခဏာဖြစ်နေလား
🦠အစာအိမ်နှင့်အူလမ်းကြောင်း ရောဂါလက္ခဏာဖြစ်နေလား
🦠ဦးနှောက်နဲ့အာရုံကြော ရောဂါလက္ခဏာဖြစ်နေလား
🦠အရေပြား ရောဂါလက္ခဏာဖြစ်နေလား
🦠ကျောက်ကပ်နှင့်ဆီးလမ်းကြောင်း ရောဂါလက္ခဏာဖြစ်နေလား

ဒါဆိုရင်တော့ ⏬️⏬️⏬️

ကရုဏာ ဆေးခန်း ( စီတာပူ ) မှာ သမားတော်အထူးကုဆရာဝန်ကြီး နှင့် လာရောက်ပြသ ကုသမှုခံယူနိုင်ပါပြီ 👨‍⚕️

လူနာကြည့်ချိန် 🕒 နေ့စဉ် မွန်းလွဲ ( ၁ ) နာရီ

📌MD -18 တိုက်အမှတ်-၁ ၊ မနောကွင်းအဝိုင်းပတ်အနီး၊ တက္ကသိုလ်မိန်းလမ်းမကြီးပေါ် ၊ စီတာပူရပ်ကွက်။
Family Cafe မျက်နှာစောင်းထိုး။
☎️09-403506813

(တနင်္ဂနွေနေ့တိုင်း ဆေးခန်းပိတ်ပါသည်)

Booking စနစ်ဖြင့်လဲ ပြသနိုင်ပါသည်။

✅ မှန်ကန်တိကျ မြန်ဆန်သက်သာ ကရုဏာ

သမားတော်နဲ့ ပြဖို့ လိုအပ်နေတဲ့ ဆွေမျိုးမိတ်ဆွေသူငယ်ချင်းများ သိရအောင်လဲ ဝေမျှပေးသွားပါဦးနော် ✅

" ကျန်းမာခြင်းသည် လာဘ်တစ်ပါး " ပါပဲ ♥️

14/02/2026

ဒီနေ့ Feb 14 ရက်နေ့
ဆေးခန်းလာပြကြတဲ့ သူတွေအကုန်လုံးကို
မှတ်တမ်းတင်ထားတယ်
ကျနော့်အပေါ် သစ္စာရှိတဲ့ လူနာတွေအဖြစ်ပေါ့

ကျန်တဲ့သူတွေကိုတော့ လိုသုံးတွေလို့ပဲ မှတ်ယူလိုက်တော့မယ် ဒါပဲ 🤧

#ကရုဏာဆေးခန်း #စီတာပူ #ဂျန်မိုင်ကောင်း

ဒီနေ့ အဖိုးတယောက် ဆေးခန်းလာပြတယ် ဆရာရယ် အဖိုး ထမင်းစားတဲ့အခါတိုင်း မျက်ရည်ကျတယ်တဲ့ ဟင်းမကောင်းလို့လား အဖိုး လို့ မေးလိုက...
12/02/2026

ဒီနေ့ အဖိုးတယောက် ဆေးခန်းလာပြတယ်
ဆရာရယ် အဖိုး ထမင်းစားတဲ့အခါတိုင်း မျက်ရည်ကျတယ်တဲ့

ဟင်းမကောင်းလို့လား အဖိုး လို့ မေးလိုက်တယ်
ဘေးနားက ပါလာတဲ့ သူ့သမီးက ရယ်ပါလေရော

အဖိုးကပြန်ပြောပါတယ်
သွား 🦷 မကောင်းလို့ပါတဲ့

ဒါနဲ့ Feb 14 ရက်နေ့ ဆေးခန်းမပိတ်ပါဘူးနော်
ပိတ်တယ် ထင်နေကြမှာစိုးလို့

ချောကလက်တွေ သိပ်မစားကြနဲ့အုံး
အဖိုးလို သွားမကောင်းပဲနေအုံးမယ်

#ကရုဏာဆေးခန်း #မြစ်ကြီးနား

ဟိုပင်ရေပူစမ်း ဂယက် ဒီရက်ပိုင်း လူနာတော်တော်များများ ရေပူစမ်းစိမ်ပြီးနောက် ဖျားနာလို့ဆိုပြီး ဆေးခန်းလာပြကြတာ များတယ်။ ဘယ...
04/02/2026

ဟိုပင်ရေပူစမ်း ဂယက်
ဒီရက်ပိုင်း လူနာတော်တော်များများ ရေပူစမ်းစိမ်ပြီးနောက် ဖျားနာလို့ဆိုပြီး ဆေးခန်းလာပြကြတာ များတယ်။
ဘယ့်နှယ် ကျန်းမာရေးအတွက် သွားစိမ်ကြပြီး ဆေးခန်းလာပြနေရတယ်လို့ ဆိုပြီး လူနာကြည့်နေရင်း တွေးနေမိတယ်။
လူနာကိုတော့ မပြောလိုက်ပါဘူး။

ဒီလိုနဲ့ နောက်ရက် လူနာတယောက်ရောက်လာပြန်တယ်။
ဆရာရေ ခေါင်းမူးတယ် ဆီးပူဆီးကျဉ်ဆီးအောင့်ဖြစ်တာ တစ်ပတ်ရှိပြီတဲ့။
ရေပူစမ်း စိမ်ပြီးနောက် ဖြစ်လာတာတဲ့။
အန်တီကလေ ကျန်းမာရေးကောင်းတယ်ဆိုလို့ သွားစိမ်လိုက်တာ။ သူများတွေက ခန္တာကိုယ်အောက်ပိုင်းကနေ တဖြေးဖြေးစိမ်ပြီးမှ ခေါင်းထိ စိမ်တာတဲ့။
အန်တီကြတော့ ရောက်ရောက်ချင်း ရေပူစမ်းထဲ ခေါင်းနဲ့ အရင် စလိုက်လို့ 😆 တကိုယ်လုံး အပူတွေ မထွက်ပဲ အပေါ်အောက် အပူတွေ ဗြောင်းဆန်ကုန်သွားလို့နေမှာတဲ့ ခုလို နေမကောင်းဖြစ်သွားရတာ။

အဲ့တာနဲ့ ကျနော်ကလဲ အန်တီက ရေစိမ်နည်းအရင်မမေးမိလိုက်ဘူးလားဆိုတော့
ဟင့်အင်း တဲ့ ( စနောက်တာကို သူက မသိ 😆 )

နောက်ပြီး လူများတော့ ရေကနေတဆင့် မိန်းမကိုယ်ထဲဝင်ပြီး ပိုးဝင်သွားလို့နေမှာပေါ့လို့
အဲ့တာလဲ ဖြစ်နိုင်တယ်တဲ့ ဆရာ။
ရှိသမျှအပေါက်တွေထဲတော့ အကုန်ဝင်တာပဲတဲ့ တိန် 🥴

ဒီမှာကြည့် အဖွဲ့လိုက် ရေစိမ်ထားတာ Video ရိုက်ထားတယ် ပြပေးမယ်နော်တဲ့ 😆
ကြည့်လိုက်တော့ တစ်မိသားစုလုံး ပျော်ပျော်ကြီးကို ရေကန်လို အကန့်သေးလေးထဲ ရေစိမ်နေကြတာ ငါးတွေပွက်နေသလိုပါပဲ။

ဆရာရော သွားစိမ်သင့်တယ်နော်တဲ့။
အန်တီဖြစ်တာကိုကြည့်ပြီး တော်ပါပြီလို့ မစိမ်ချင်တော့ဘူးလို့

သူနဲ့အတူပါလာတဲ့ သူငယ်ချင်းကလဲ
အေးလေ နင်ကလဲတဲ့ နင့်ကြည့်ပြီး ဆရာက ဘယ်စိမ်ချင်တော့မလဲတဲ့ 🤣

ဟိုပင်ရေပူစမ်း သွားဖူးချင်တဲ့ ကျနော်ကတော့
ရေကန်လို အကန့်လေးထဲတော့ ကြပ်ညပ်ပြီး မစိမ်ချင်တော့ပေါင် 😬

#ကရုဏာဆေးခန်း

Pharmacist aide ဆရာမလေး အတွက် Appreciation post လေးပါ။ ဆေးရုံတစ်ခုမှာ ၅ နှစ်ကြာ လုပ်ဖော်ကိုင်ဖက်အနေနဲ့ အတူတူကြိုးစားခဲ့က...
02/02/2026

Pharmacist aide ဆရာမလေး အတွက် Appreciation post လေးပါ။
ဆေးရုံတစ်ခုမှာ ၅ နှစ်ကြာ လုပ်ဖော်ကိုင်ဖက်အနေနဲ့ အတူတူကြိုးစားခဲ့ကြတဲ့သူတွေထဲက အရမ်းတော်တဲ့ Experienced Pharmacist Aide ဆရာမတစ်ဦးဖြစ်ပါတယ်။
မြို့တစ်မြို့ရဲ့ အောက်ဆုံးအဆင့်ကနေ ထိပ်တန်းဆေးရုံဖြစ်အောင် Pharmacy ကဏ္ဍကနေ အထူးကြိုးစားပါဝင်ပေးခဲ့တဲ့ ဝန်ထမ်းကောင်းတစ်ဦးပါ။

၅ နှစ်အကြာ ဆေးရုံကနေ သူအလုပ်နားသွားပြီးနောက် ကျနော်အကူညီတောင်းခဲ့လို့ ကျနော့်ကိုယ်ပိုင်ဆေးခန်းမှာလဲ အောင်မြင်မှုရအောင် ကူညီပေးခဲ့ကြတဲ့သူတွေထဲက တစ်ဦးပေါ့။

အထူးကုကြီးတွေ အထွေထွေဆရာဝန်တွေ ဆေးခန်းထိုင်ပြီဆိုရင် ဘာတွေလိုအပ်တယ် ၊ ဘာဆေးတွေကို ဘယ်လိုညွှန်းရမှာ ဘယ်လိုမှာရမှာ၊ Step by step လုပ်ငန်းစဉ်ကို အထူအပါး နားလည်စွာ လုပ်ကိုင်တတ်သူတစ်ဦးလဲ ဖြစ်ပါတယ်။

အရည်အချင်းကတော့ ရှည်ရှည်ဝေးဝေးပြောစရာမလိုအောင်ကို Remarkable ပါ။

ကရုဏာ အထူးကု နှင့် အထွေထွေဆေးခန်း (စီတာပူ) မှာ အင်တိုက်အားတိုက် ပါဝင်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။

ရည်မှန်းထားတဲ့ လုပ်ငန်းဆောင်တာများလဲ အောင်မြင်ပါစေလို့ ဆရာ့အနေနဲ့ ဆုတောင်းပေးလိုက်ပါတယ်။

Christmas Holiday မှာ ကရုဏာဆေးခန်းအနေနဲ့ ၂၄ ရက်နေ့ မှ ၂၈ ရက်နေ့ထိ ၅ ရက်တိတိ ဆေးခန်းပိတ်ပါတယ်နော် အားလုံးပဲ မယ်ရီခရစ္စမတ်...
23/12/2025

Christmas Holiday မှာ ကရုဏာဆေးခန်းအနေနဲ့ ၂၄ ရက်နေ့ မှ ၂၈ ရက်နေ့ထိ ၅ ရက်တိတိ ဆေးခန်းပိတ်ပါတယ်နော်

အားလုံးပဲ မယ်ရီခရစ္စမတ်ပါ 😊🎅💝🙏

စီတာပူဆေးခန်း နဲ့ ဂျန်မိုင်ကောင်းဆေးခန်း ရော နှစ်ခုလုံးပိတ်ပါမယ်နော်

ကျနော့်အတွက် ကရုဏာဆေးခန်း ဆရာမတွေရဲ့ Christmas လက်ဆောင်ပါတဲ့ သူတို့ဆရာရဲ့ အဝတ်အစား ဆိုဒ်ကို တော်တော်ခန့်မှန်းတတ်သား ဝတ်လ...
21/12/2025

ကျနော့်အတွက် ကရုဏာဆေးခန်း ဆရာမတွေရဲ့ Christmas လက်ဆောင်ပါတဲ့
သူတို့ဆရာရဲ့ အဝတ်အစား ဆိုဒ်ကို တော်တော်ခန့်မှန်းတတ်သား
ဝတ်လိုက်တော့ ကွက်တိ 😊
အဝတ်အစားတွေက လက်ဆောင်ရတာတွေနဲ့ပဲ ဝယ်စရာတောင် သိပ်မလိုပါဘူး
ကျေးဇူးတော်ခွက်ဖလား လျှံလျက်ရှိပါ၏။
Thank You So Much My beloved ကရုဏာ Team 💝

Merry Christmas To You All 🎅
May God Bless You 🙏

ချစ်ခင်ရတဲ့ အထူးကုဆရာဝန်ကြီးတွေ စီနီယာဆရာဝန်တွေ နဲ့ ကရုဏာဆေးခန်းမှ ဝန်ထမ်းတွေအတွက် ဒီလိုငြိမ်သက်ခြင်းနှင့်ပြည့်စုံပြီး ပ...
20/12/2025

ချစ်ခင်ရတဲ့ အထူးကုဆရာဝန်ကြီးတွေ စီနီယာဆရာဝန်တွေ နဲ့ ကရုဏာဆေးခန်းမှ ဝန်ထမ်းတွေအတွက် ဒီလိုငြိမ်သက်ခြင်းနှင့်ပြည့်စုံပြီး ပျော်ရွှင်ရတဲ့ ဒီဇင်ဘာလမှာ Christmas လက်ဆောင်များ ပေးခွင့်ရလို့ တကယ်ကိုပဲ ကြည်နူးဝမ်းမြောက်မိပါတယ်။ 💞

ကျနော့်ရဲ့ ကရုဏာ အထူးကုနှင့်အထွေထွေရောဂါကု ဆေးခန်းကို စိတ်ရင်းစေတနာပြည့်ဝစွာနဲ့ ကူညီပေးကြတဲ့ အထူးကုဆရာဝန်ကြီးများ၊ စီနီယာဆရာဝန်များ နဲ့ ကရုဏာဆရာမများကို အထူးပဲ ကျေးဇူးတင်မိပါတယ်။ 🙏

ကရုဏာဆေးခန်းရဲ့ အဓိကထားတဲ့တန်ဖိုး ( Core Value ) ကတော့ လူနာတွေရဲ့ ကျန်းမာရေး နဲ့ စိတ်ကျေနပ်မှုပါပဲ။ 💝

ကရုဏာဆေးခန်းကို ကျန်းမာရေးလိုအပ်ချက်ရှိတိုင်း သတိရပေးတဲ့ လူနာများအားလုံးကိုလဲ အထူးပင်ကျေးဇူးတင်ပါတယ် လို့ ပြောချင်ပါတယ်။

အားလုံးပဲ ပျော်ရွှင်သော မယ်ရီခရစ္စမတ်ပါ ✨🎅

Merry Christmas to You All ❤️

ကရုဏာဆေးခန်း #မြစ်ကြီးနား #စီတာပူ #ဂျန်မိုင်ကောင်း

Address

MD-18, Shatapru Ward, University Street
Myitkyina

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00

Telephone

+959760456440

Website

Alerts

Be the first to know and let us send you an email when ကရုဏာ ဆေးခန်း နှင့် ဆေးဆိုင် မြစ်ကြီးနား posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share