Aung Thu Kha Clinic, Myitkyina

Aung Thu Kha Clinic, Myitkyina Prevention is better than Cure

💉ယခုနှစ်အတွက် ရာသီတုပ်ကွေးကာကွယ်ဆေး Influvac Tetra 2025 များရောက်ရှိနေပြီ ဖြစ်တဲ့အတွက် ထိုးနှံနိုင်ပြီဖြစ်ကြောင်းသတင်းကေ...
05/05/2025

💉ယခုနှစ်အတွက် ရာသီတုပ်ကွေးကာကွယ်ဆေး Influvac Tetra 2025 များရောက်ရှိနေပြီ ဖြစ်တဲ့အတွက် ထိုးနှံနိုင်ပြီဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါတယ်ရှင်
🏥အအေးခန်း Cold Chain မပျက်စေဘဲ ကျွမ်းကျင်သော ဆရာ၀န် ၊ဆရာမများကိုယ်တိုင်ထိုးနှံပေးလျက်ရှိပါတယ်၊
▪️company များ၊ အသင်းအဖွဲ့များ၊စက်ရုံအလုပ်ရုံများ၊ စာသင်ကျောင်းများအတွက် Team ဖြင့်လာရောက်ထိုးနှံပေးပါတယ်
🏡 အိမ်တွင်သာထိုးလိုသောအဖိုးအဖွားနှင့် ကလေးငယ်များအတွက် အိမ်တိုင်ရာရောက်၀န်ဆောင်မှု( Home Service) ဖြင့် လာရောက်ထိုးနှံပေးလျက်ရှိပါတယ်ရှင်
▪️နယ်မြို့ရှိ‌ ဆေးဆိုင်များ၊ဆေးခန်းများသို့လဲ သက်သာသောနှုန်းထားနှင့် Cold Chain box များဖြင့် ပို့ဆောင်ပေးလျက်ရှိပါတယ်ရှင့်
** အရေအတွက် အကန့်အသတ်ရှိပါသဖြင့် ထိုးနှံလိုသူများ အမည်၊လိပ်စာ ၊ဖုန်းနံပါတ် နှင့် ထိုးလိုသည့်အရေအတွက်ဖြင့် စာရင်းပေးသွင်း Booking တင်နိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်

အောင်သုခဆေးခန်း
လယ်ကုန်း လမ်းသွယ် ၁၄၊၁၅ ကြား
လယ်ကုန်းရပ်ကွက်၊ မြစ်ကြီးနားမြို့
095189280, 092036608


#ရာသီတုပ်ကွေးကာကွယ်ဆေး
Photo fr google

အောင်သုခဆေးခန်း နှင့် ကိုအမောင်အခမဲ့ဆေးခန်းတို့ ပူးပေါင်း၍ ခေမာသီရိကျောင်းတိုက်နှင့် မြင့်ငြိမ်းအေးကျောင်းတိုက်တို့တွင် ...
26/05/2024

အောင်သုခဆေးခန်း နှင့် ကိုအမောင်အခမဲ့ဆေးခန်းတို့ ပူးပေါင်း၍ ခေမာသီရိကျောင်းတိုက်နှင့် မြင့်ငြိမ်းအေးကျောင်းတိုက်တို့တွင် စစ်‌ဘေးရှောင် လူနာများအား
အခမဲ့ ကုသပေးခြင်း ပရဟိတ ကုသိုလ်ယူခဲ့ပါတယ်ခင်ဗျာ🙏🙏🙏🙏
မြန်မာပြည်ကြီး အမြန်ဆုံးအေးချမ်းပါစေ🙏🙏🙏🙏

Prevention is better than Cure👊👊👊👊👊မိုးညှင်းမြို့ ဆေးဆိုင်မှ ရာသီတုပ်ကွေးကာကွယ်ဆေး Vaxigrip tetra အလုံး ၁၀၀ အတွက် အအေးခံ...
01/05/2024

Prevention is better than Cure👊👊👊👊👊
မိုးညှင်းမြို့ ဆေးဆိုင်မှ ရာသီတုပ်ကွေးကာကွယ်ဆေး Vaxigrip tetra အလုံး ၁၀၀ အတွက် အအေးခံစနစ် cold chain ဖြင့် စနစ်တကျ ပေးပို့မှုမှတ်တမ်း👍👍
ယုံကြည်စွာ မှာယူမှုအတွက် အောင်သုခ မိသားစုမှ ကျေးဇူးတင်ပါတယ်ခင်ဗျာ🙏🙏🙏

ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုမိုကောင်းမွန်ပါသည်။ရန်ကုန်၊ မန္တလေးနှင့် မြို့ကြီးများတွင် အပူချိန်မြင့်တက်လာမှုကြောင့် ဆေး...
30/04/2024

ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုမိုကောင်းမွန်ပါသည်။
ရန်ကုန်၊ မန္တလေးနှင့် မြို့ကြီးများတွင် အပူချိန်မြင့်တက်လာမှုကြောင့် ဆေးရုံတက်ရောက်ကုသမှု၊ သေဆုံးမှုများရှိလာပါသဖြင့် မြစ်ကြီးနားရှိ လူကြီး၊ လူငယ်၊ ကလေးများ အပူဒဏ်ကို ကြိုတင်ကာကွယ်ကြပါလို့ အောင်သုခဆေးခန်းမိသားစုမှ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ

ကလေးအထူးကု ပါရဂူမှ Vaxigrip tetra ၃၀လုံး၊ပမ္မတီးဆေးခန်းမှ Vaxigrip tetra ၉လုံး၊ အအေးခံစနစ် cold chain ဖြင့် ထုပ်ပိုးပေးမ...
23/04/2024

ကလေးအထူးကု ပါရဂူမှ Vaxigrip tetra ၃၀လုံး၊
ပမ္မတီးဆေးခန်းမှ Vaxigrip tetra ၉လုံး၊ အအေးခံစနစ် cold chain ဖြင့် ထုပ်ပိုးပေးမှု မှတ်တမ်း✌️✌️✌️
ယုံကြည်စွာ အားပေးမှုအတွက် အောင်သုခ မိသားစုမှ ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ🙏🙏🙏

ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုမိုကောင်းမွန်ပါသည်။👊🖐️ရုံးမမချောချော ၇ယောက်အား အိမ်အရောက်ထိုးနှံခြင်းဝန်ဆောင်မှု ပေးခဲ့ပါသည...
23/04/2024

ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုမိုကောင်းမွန်ပါသည်။👊🖐️
ရုံးမမချောချော ၇ယောက်အား အိမ်အရောက်ထိုးနှံခြင်းဝန်ဆောင်မှု ပေးခဲ့ပါသည်။💉💉💉💉💉💉💉
ယုံကြည်စွာ ထိုးနှံခြင်းအတွက် အောင်သုခမိသားစုမှ အထူးကျေးဇူးတင်ရှိပါသည်။🙏🙏
ရုံးများ၊ ကျောင်းများ၊ အသင်းတော်များ၊ ဆေးရုံ၊ဆေးခန်းများအား သက်သာသောနှုန်းထားဖြင့် ထိုးနှံရောင်းချပေးလျက်ရှိပါသည်။

💉ယခုနှစ်အတွက် ရာသီတုပ်ကွေးကာကွယ်ဆေး Vaxigrip Tetra 2024 များရောက်ရှိနေပြီ ဖြစ်တဲ့အတွက် ထိုးနှံနိုင်ပြီဖြစ်ကြောင်းသတင်းကေ...
21/04/2024

💉ယခုနှစ်အတွက် ရာသီတုပ်ကွေးကာကွယ်ဆေး Vaxigrip Tetra 2024 များရောက်ရှိနေပြီ ဖြစ်တဲ့အတွက် ထိုးနှံနိုင်ပြီဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါတယ်ရှင်
🏥အအေးခန်း Cold Chain မပျက်စေဘဲ ကျွမ်းကျင်သော ဆရာ၀န် ၊ဆရာမများကိုယ်တိုင်ထိုးနှံပေးလျက်ရှိပါတယ်၊
▪️company များ၊ အသင်းအဖွဲ့များ၊စက်ရုံအလုပ်ရုံများ၊ စာသင်ကျောင်းများအတွက် Team ဖြင့်လာရောက်ထိုးနှံပေးပါတယ်
🏡 အိမ်တွင်သာထိုးလိုသောအဖိုးအဖွားနှင့် ကလေးငယ်များအတွက် အိမ်တိုင်ရာရောက်၀န်ဆောင်မှု( Home Service) ဖြင့် လာရောက်ထိုးနှံပေးလျက်ရှိပါတယ်ရှင်
▪️နယ်မြို့ရှိ‌ ဆေးဆိုင်များ၊ဆေးခန်းများသို့လဲ သက်သာသောနှုန်းထားနှင့် Cold Chain box များဖြင့် ပို့ဆောင်ပေးလျက်ရှိပါတယ်ရှင့်
** အရေအတွက် အကန့်အသတ်ရှိပါသဖြင့် ထိုးနှံလိုသူများ အမည်၊လိပ်စာ ၊ဖုန်းနံပါတ် နှင့် ထိုးလိုသည့်အရေအတွက်ဖြင့် စာရင်းပေးသွင်း Booking တင်နိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်

အောင်သုခဆေးခန်း
လယ်ကုန်း လမ်းသွယ် ၁၄၊၁၅ ကြား
လယ်ကုန်းရပ်ကွက်၊ မြစ်ကြီးနားမြို့
095189280, 092036608, 09678002018


#ရာသီတုပ်ကွေးကာကွယ်ဆေး
Photo fr google

မိုးညှင်းသို့ တုပ်ကွေးကာကွယ်ဆေး Vaxigrip tetra အလုံးရေ ၅၀ cold chain စနစ်တကျဖြင့်  ပို့ဆောင်ပေးခြင်း။နယ်မြို့များသို့ အအ...
20/04/2024

မိုးညှင်းသို့ တုပ်ကွေးကာကွယ်ဆေး Vaxigrip tetra အလုံးရေ ၅၀ cold chain စနစ်တကျဖြင့် ပို့ဆောင်ပေးခြင်း။
နယ်မြို့များသို့ အအေးခံစနစ်cold chain ဖြင့် ဈေးနှုန်းချိုသာစွာ ပို့ဆောင်ပေးနေပါပြီ ခင်ဗျာ။
အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

အောင်သုခဆေးခန်း လယ်ကုန်းရပ်ကွက် မြစ်ကြီးနားမြို့မှာ အပတ်စဉ် တနင်ဂနွေနေ့တိုင်း အသက် ၆၀ နဲ့ အထက် အဖိုးအဖွားများအား အခမဲ့ က...
28/03/2024

အောင်သုခဆေးခန်း လယ်ကုန်းရပ်ကွက် မြစ်ကြီးနားမြို့မှာ အပတ်စဉ် တနင်ဂနွေနေ့တိုင်း အသက် ၆၀ နဲ့ အထက် အဖိုးအဖွားများအား အခမဲ့ ကုသပေးလျက်ရှိပါတယ်ခင်ဗျာ တစ်ပတ်တစ်ကြိမ်ကုသိုလ်ယူတဲ့ ပရဟိတ ဖြစ်တဲ့အတွက် လယ်ကုန်းရပ်ကွက်နှင့်အခြားသော ရပ်ကွက်များမှ အသက်၆၀ ကျော် ဖိုးဖွားများ ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် အောင်သုခဆေးခန်းသို့ လာရောက်နိုင်ပါကြောင်း လက်ဆင့်ကမ်းပြောကြားပေးကြပါ‌‌ဦးခင်ဗျာ



#လယ်ကုန်းရပ်ကွက်

06/03/2024

💉ယခုနှစ်အတွက် ရာသီတုပ်ကွေးကာကွယ်ဆေး Vaxigrip Tetra များ မကြာမီ အချိန်အတွင်း ရောက်ရှိလာတော့မှာ ဖြစ်တဲ့အတွက် ထိုးနှံလိုသူများ ကြိုတင်စာရင်းပေးသွင်းနိုင်ပြီ ဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါတယ်
🏥အအေးခန်း Cold Chain မပျက်စေဘဲ ကျွမ်းကျင်သော ဆရာ၀န် ဆရာမများကိုယ်တိုင် နှစ်စဉ်ထိုးနှံပေးလျက်ရှိပါတယ်၊
▪️company များ၊ အသင်းအဖွဲ့များ၊ စာသင်ကျောင်းများအတွက် Team ဖြင့်လာရောက်ထိုးနှံပေးပါတယ်
🏡 အိမ်တွင်သာထိုးလိုသောအဖိုးအဖွားနှင့် ကလေးငယ်များအတွက် Home Seive ဖြင့် လာရောက်ထိုးနှံပေးပါတယ်
▪️နယ်မြို့များသို့လဲ သက်သာသောနှုန်းထားနှင့် Cold Chain box များဖြင့် ပို့ဆောင်ပေးပါမယ်ရှင့်

အောင်သုခဆေးခန်း
လယ်ကုန်း လမ်းသွယ် ၁၄၊၁၅ ကြား
လယ်ကုန်းရပ်ကွက်၊ မြစ်ကြီးနားမြို့
095189280, 092036608, 09678002018


#ရာသီတုပ်ကွေးကာကွယ်ဆေး
Photo fr google
(ရာသီတုပ်ကွေး နှင့် ကာကွယ်ဆေးအကြောင်း comment ရှိ link တွင်လေ့လာနိုင်ပါသည်)

Prevention is better than Cure

🪴မိမိရင်သွေးငယ်များ အတွက် မဖြစ်မနေထိုးနှံသင့်သော သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ဆေး ❌🦟🩸ခြင်ကိုက်ခံရရာမှတဆင့် ကူးစက်တဲ့သွေးလ...
27/02/2024

🪴မိမိရင်သွေးငယ်များ အတွက် မဖြစ်မနေထိုးနှံသင့်သော သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ဆေး ❌🦟

🩸ခြင်ကိုက်ခံရရာမှတဆင့် ကူးစက်တဲ့သွေးလွန်တုပ်ကွေးဟာ တစ်နှစ်ပတ်လုံးဖြစ်ပွားနိုင်တဲ့အပြင် ကမ္ဘာတစ်ဝှမ်း Outbreak ခဏခဏဒဏ်ခံရလေ့ရှိတဲ့ ကြောက်စရာရောဂါတစ်ခုပဲ ဖြစ်ပါတယ်။

📈 သွေးလွန်တုပ်ကွေးအဖြစ်အများဆုံးနိုင်ငံ၂၀ တွင် ၂၀၂၃ ခုနှစ်တွင် လူဦးရေ ၅သန်းခန့် သွေးလွန်တုပ်ကွေး ကူးစက်ခံခဲ့ရပြီး ၅၅၀၀ခန့် သေဆုံးခဲ့ကြောင်း တွေရှိရပါတယ်။
📈 ထိုပမာဏဟာ ၂၀၂၂ခုနှစ်ထက် ၃၂% ၊ ၂၀၁၉ခုနှစ်ထက် ၁၉% ပိုများလာကြောင်းတွေ့ရှိရပါတယ်။

🦟 အသက်အရွယ်မရွေး ဖြစ်နိုင်ပြီး ကလေးငယ်၊ အသက်ကြီး အဖိုးအဖွားများ၊ နာတာရှည်ရောဂါအခံရှိသူများ ပိုခံစားရနိုင်ပါတယ်။ ဒါကြောင့်မို့ အဓိက ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို ပိုဂရုစိုက်သင့်ပါတယ်။

🦠 သွေးလွန်တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုး အမျိုးအစား (၄) မျိုးရှိပြီး လူတစ်ယောက်ဟာ ပထမအကြိမ်မှာ မပြင်းထန်ပေမယ့် တစ်ခါထက် တစ်ခါ ပိုပြီး ပြင်းထန်နိင်/အသက်ကို ရန်ရှာနိုင်တဲ့အထိ ဆိုးရွားနိုင်ပါတယ်။

ဒီလိုအကြောင်းရင်းတွေကြောင့် သွေးလွန်တုပ်ကွေးကို ကာကွယ်ဖို့ လိုအပ်ပါတယ်။

✳️ လတ်တလော သွေးလွန်တုပ်ကွေးကာကွယ်ဆေး
💉 Dengavaxia နဲ့
💉 QDENGA ဆိုပြီး ၂မျိုးရှိပါမယ်။

✳️ ဆေးထုတ်လုပ်ထားပုံ❓
💉 Dengavaxia ကော QDENGA ပါ Live Attenuated လို့ခေါ်တဲ့ သန့်စင်ထားပြီးသား ဘေးမဖြစ်နိုင်တဲ့ သွေးလွန်တုပ်ကွေးပိုးကို ခန္ဓာကိုယ်ထဲထည့်ပြီး ကိုယ်ခံအားထွက်လာစေတဲ့ ကာကွယ်ဆေးမျိုး ဖြစ်ပါတယ်။

✳️ ပထမဆုံး သွေးလွန်တုပ်ကွေးကာကွယ်ဆေး❓
💉 Dengavaxia အနေနဲ့ ၂၀၁၅ ခုနှစ်ထဲက ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။
အသက် ၉ - ၁၆နှစ်အတွင်း ထိုးနှံလို့ ရပါတယ်။ အရေပြားအောက် အဆီလွှာထဲ ထိုးနှံရတာဖြစ်ပြီး ၆လခြား ၃ကြိမ်ထိုးဖို့ လိုအပ်ပါတယ်။

✳️ ဆေးထိုးထားရင် အပြည့်အဝ ကာကွယ်နိုင်မှာလား❓
💉 ရာနှုန်းပြည့် မကာကွယ်ပေးနိုင်ပေမယ့် ရောဂါဖြစ်ပွားနှုန်း၊ ဆေးရုံတက်နှုန်း၊ ရောဂါပြင်းထန်မှု စတာတွေကို ၆၅ - ၈၀% ထိ လျော့ချပေးနိုင်ပါတယ်။

✳️ ဆေးကြောင့် အန္တရာယ်ရှိမရှိ❓
💉 ပြဿနာနည်းတဲ့ ကာကွယ်ဆေးအမျိုးအစားပေမယ့် ပိုးအရှင်ကို ထိုးတာဖြစ်တာကြောင့်
- ကင်ဆာရောဂါသည်များ
- ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ
- ကိုယ်ခံအားကျဆင်းနေသူများ
- Steroid ဆေးသောက်နေသူများ ထိုးလို့မရပါဘူး။

✳️ ပထမဆုံး ထွက်ထားတဲ့ Dengavaxia ဘာလို့ လူသိနည်းရတာလဲ❓
💉 အရင်ထွက်ခဲ့တဲ့ ကာကွယ်ဆေးဖြစ်သော်လည်း အရင်တစ်ခါ သွေးလွန်တုပ်ကွေးဖြစ်ဖူးပြီးမှသာ ထိုးနှံနိုင်တာကြောင့် ဈေးကွက်ထဲ ထင်သလောက် မပေါက်ဘဲ ကမ္ဘာ့နိုင်ငံ (၂၀) မှာသာ အသုံးပြုခွင့်လိုင်စင် ရပါသေးတယ်။

✳️ အသစ်ထွက်ရှိလာတဲ့ QDENGA ကကော❓
💉 ၂၀၂၂ မှာ စတင်ထွက်ရှိခဲ့တဲ့ QDENGA ကို လက်ရှိမှာ အိမ်နီးချင်းအာဆီယံနိုင်ငံများဖြစ်တဲ့ ထိုင်းနဲ့ အင်ဒိုနီးရှားမှာ စတင်ထိုးနှံပေးနေပါပြီ။ အနောက်နိုင်ငံများဖြစ်တဲ့ ယူရို၊ ယူကေ၊ အာဂျင်တီးနားနဲ့ ဘရာဇီးလို ကမ္ဘာလှည့်ခရီးသည်များပြားတဲ့ နိုင်ငံကြီးတွေမှာလည်း သုံးစွဲနေကြပါပြီ။

✳️ QDENGA ရဲ့အားသာချက်က❓
💉 Dengavaxia နည်းတူ သွေးလွန်တုပ်ကွေးမကူးစက်အောင် ၈၀% နီးပါး ကာကွယ်ပေးနိုင်ပြီး ဆေးရုံတက်နှုန်း ၉၀% လောက် လျော့ချပေးနိုင်တာပါ။
ဒါ့အပြင် သွေးလွန်တုပ်ကွေးမဖြစ်ဖူးသေးသူကော ဖြစ်ပြီးသူပါ ထိုးလို့ရတာကြောင့် အဖြစါများတဲ့ဒေသမှာ နေထိုင်တဲ့ အသက် ၄နှစ်မှ ၆၀အရွယ်ထိ ထိုးနှံသင့်ပါတယ်။

✳️ QDENGA ဘယ်နှကြိမ်ထိုးရမလဲ❓
💉 ၃လခြားပြီး ၂ကြိမ် ထိုးနှံရပါမယ်။

✳️ QDENGA ၂ကြိမ်ထိုးအပြီး တစ်သက်လုံးကာကွယ်နိုင်မှာလား❓
💉 ထိုးပြီး ၄နှစ်ခွဲအကြာအထိ ကိုယ်ခံအားကျန်နေသေးပေမယ့် ကာကွယ်ဆေးသဘောသဘာဝအရ ခုခံအားထိန်းထားနိုင်ဖို့ Booster လိုနိုင်ပါတယ်။ လက်ရှိမှာ ဘယ်လောက်နေရင် ပြန်ထိုးရမယ်ဆိုတာ တိတိကျကျတော့ မသိရသေးပါဘူး။

✳️ QDENGA ဘေးထွက်ဆိုးကျိုး❓
💉 တစ်ခြားသော ကာကွယ်ဆေးများလိုပဲ ထိုးထားတဲ့နေရာမှာ နာတာ၊ နီတာ၊ ယောင်တာရှိနိုင်ပါတယ်။ ဖျားတာ၊ နုန်းတာ၊ ကိုယ်လက်ကိုက်ခဲတာ လူနည်းစုမှာ ဖြစ်နိုင်ပါတယ်။

✳️ QDENGA ထိုးရင် သတိထားရမယ့်အချက်❓
💉 သန့်စင်ထားတဲ့ပိုးအရှင် ထိုးတာဖြစ်တဲ့အတွက် တခြားသောကာကွယ်ဆေးများနဲ့ အနည်းဆုံး ၄ပတ်ခြားထိုးရပါမယ်။

✳️ လက်ရှိအခြေအနေမှာ QDENGA ထိုးသင့်လား❓
💉 မထိုးခင်မှာ ဆေးရဲ့တန်ဖိုးနဲ့ အကျိုးကို ချင့်ချိန်ပြီး မိမိဆရာဝန်နဲ့ တိုင်ပင်ပါ။ သွေးလွန်တုပ်ကွေးကြောင့် မိမိကိုယ်တိုင်နဲ့ မိသားစုမှာ အသက်ဘေးထိ ခြိမ်းခြောက်ခံခဲ့ရဖူးတယ်ဆိုရင် ဒါကိုသာ ကာကွယ်နိုင်မယ်ဆို ရွှေထက် တန်ဖိုးရှိပြီး အဖိုးမဖြတ်နိုင်တဲ့ ကာကွယ်ဆေးပါပဲ။ ဒါမျိုးက ကိုယ်တိုင်ကြုံဖူးမှပဲ လန့်ကြမှာပါ။

အခုလောက်ဆို လက်ရှိခေတ်စားနေတဲ့ သွေးလွန်တုပ်ကွေးဆေးအကြောင်း အကြမ်းဖျင်းသိရှိနားလည်ပြီလို့ ယူဆပါတယ်။
တခြားသော ကာကွယ်နည်းများအနေနဲ့

🦟 ခြင်မပေါက်အောင်

- ဖုံး (ရေသိုလှောင်နေရာတွေ အဖုံးဖုံးပါ)
- သွန် (မလိုတဲ့ ရေသွန်ပါ)
- လဲ (ပန်းအိုး၊ ရေကန် အမြဲလဲလှယ်ပါ)
- စစ် (လှောင်ထားတဲ့ရေကို စစ်ပြီး သုံးပါ)
- လှဲ (ရေမဝပ်အောင် သေချာလှဲကျင်းပါ)
- မြှုပ် (အမှိုက်များ ကျွင်းတူးမြှုပ်နှံပါ)
- လောင်း (ပိုးလောက်လန်းပေါက်လျှင် ဒီဇယ်လောင်းပါ)
- ခပ် (ပိုးလောက်လန်းသေဆေး Abate အဘိတ် ခပ်ပါ)
- ရှင်း (တာယာစုတ်၊ ခြုံ၊ မြက်များ ရှင်းလင်းပါ)
- မှုတ် (ရပ်ရွာအလိုက် ခြင်ဆေးဖြန်းမှုတ်ပါ)

🦟 ခြင်မကိုက်အောင်

- ထောင် (နေ့ခင်းအိပ်လျှင် ခြင်ထောင်ထောင်ပါ)
- ဖွင့် (အလင်းရောင်ရအောင် တံခါးဖွင့်ပါ)
- လိမ်း (ခြင်မကိုက်ဆေး လိမ်းပေးပါ)
- ဝတ် (အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ဝတ်ပေးပါ)

ကာကွယ်ဆေးအပြင် ခြင်နဲ့ပတ်သက်တဲ့ ညွှန်ကြားချက်တွေပါ လိုက်လံလုပ်ဆောင်မယ်ဆိုရင် ဒီရောဂါဆိုးရန်ကနေ ပိုရှောင်လွှဲနိုင်မှာပါ။

အခုကာလမှာ စထိုးထားရင် သွေးလွန်တုပ်ကွေးရာသီရောက်ချိန်မှာ မိမိတို့၏ ရင်သွေးများကို ခြင်ကြောင့်ကူးစက်တတ်တဲ့ရောဂါဆိုးမှ ကာကွယ်နိုင်မှာဖြစ်ကြောင်း
အသိပေးတင်ပြလိုက်ရပါသည်။
Crd. Novel Heart Care

အောင်သုခ ဆေခန်း၊ မြစ်ကြီးနား
လယ်ကုန်း လမ်းသွယ်၁၄/၁၅၊ မြစ်ကြီးနားမြို့

#သွေးလွန်တုပ်ကွေးကာကွယ်ဆေး


#အိမ်တိုင်ရာရောက်ကာကွယ်ဆေး
#အိမ်တိုင်ရာရောက်ဝန်ဆောင်မှု

ကာကွယ်ဆေး ထိုးချင်လျှင် အောင်သုခ ကို သတိရလိုက်ပါ။❤ တုပ်ကွေးရောဂါ ကာကွယ်ဆေး❤ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ဆေး❤ ခွေးရူးပြန်...
24/02/2024

ကာကွယ်ဆေး ထိုးချင်လျှင် အောင်သုခ ကို သတိရလိုက်ပါ။

❤ တုပ်ကွေးရောဂါ ကာကွယ်ဆေး

❤ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ဆေး

❤ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး

❤ ဘီပိုး ကာကွယ်ဆေး

❤ သားအိမ်ခေါင်းကင်ဆာ ရောဂါ ကာကွယ်ဆေး

❤ အခြား ကာကွယ်ဆေးအမျိုးမျိုး ကို

အောင်သုခ ဆေးခန်း, မြစ်ကြီးနားတွင် ဈေးနှုန်းချိုသာစွာ ထိုးနှံနိုင်ပါပြီ။

👍အိမ်အရောက်ဝန်ဆောင်မှု(Home Service)များလည်း ရရှိနိုင်ပါသည်။

🥼ပြည်သူ့ကျန်းမာရေးပါရဂူကြီးမှ ဦးစီး၍ ကျွမ်းကျင်သော ဆရာဝန်၊ ဆရာမများနှင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။

❄ အောင်သုခ ဆေးခန်း, မြစ်ကြီးနားတွင် ကာကွယ်ဆေးများအား အအေးခံစနစ်(Cold Chain) မပျက်စေရန် ၂၄ နာရီ မီးရရှိစေရန် စီစဉ်ထားသောကြောင့် စိတ်ချယုံကြည်စွာ ထိုးနှံနိင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ် ခင်ဗျာ။

❤ ဆေးရုံ၊ ဆေးခန်း၊ Company၊ အသင်းအဖွဲ့ ၊ ကျောင်း၊ စာသင်တိုက်များ အတွက် အထူးနှုန်းထားဖြင့် ဝန်ဆောင်မှု ရရှိနိုင်ပါသည်။

🏟 လယ်ကုန်းရပ်ကွက်၊ လမ်းသွယ် ၁၄/၁၅ကြား၊ မြစ်ကြီးနားမြို့။
☎ 095189280, 09755843082

Address

14/15th By-road, Lal Khone
Myitkyina
01013

Telephone

+9595189280

Website

Alerts

Be the first to know and let us send you an email when Aung Thu Kha Clinic, Myitkyina posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Aung Thu Kha Clinic, Myitkyina:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram