03/08/2023
နို့တိုက်ကလေးများတွင် ဗီတာမင်ဘီ (၁) ချို့တဲ့ခြင်းပြသာနာ (Beri Beri)
👉ဘယ်ရီဘယ်ရီ (Beri Beri) ဘယ်သူတွေမှာ ဖြစ်တတ်လဲ
မိခင်နို့တိုက်နေတဲ့ မွေးကင်းစကလေးတွေမှာ မိခင်က ဗီတာမင်ဘီ ၁ ပြည့်ဝအောင်မစားပါက မွေးကင်းစ ဗီတာမင် ဘီ ၁ (Thiamine) ချို့တဲ့ရောဂါဖြစ်တတ်ပါတယ်။
👉ဗီတာမင် ဘီ (၁) ချို့တဲ့ရခြင်း၏ အကြောင်းရင်းများ
နို့တိုက်မိခင်တွေမှာ ဗီတာမင် ဘီ (၁) နည်းသောအစားအစာများ (ဥပမာ - ဖြူဖွေးအောင် ဖွတ်ထားသော ဆန်၊ ဂျုံ၊ ပြောင်းများ) အစားများခြင်း၊ ဗီတာမင် ဘီ (၁) ကြွယ်ဝသော အသား/ငါး နှင့် ဟင်းသီးဟင်းရွက်များ စားခြင်း နှင့် ဗီတာမင် ဘီ (၁) ကို ချေဖျက်နိုင်သော အစားအစာများ (ဥပမာ - ငံပြာရည်၊ ပိုးကောင်များ) စားခြင်းကြောင့် မွေးကင်းစကလေးလေးမှာ ဗီတာမင်ဘီ ဝမ်း ချို့တဲ့ခြင်း ဖြစ်နိုင်ပါတယ်။
👉ဗီတာမင်ဘီ (၁) ဘယ်အချိန်စတင်ချို့တဲ့တတ်ပါသလဲ
ဗီတာမင် ဘီ (၁) နည်းပါးသောအစားအသောက်များ စားသုံးခြင်း ၂-၃ လ ကြာသောအခါတွင် လက္ခဏာ စတင်ပြသတတ်ပါတယ်။
👉ဗီတာမင် ဘီ (၁) ချို့တဲ့ခြင်း၏ လက္ခဏာများ
ကလေးငယ်များတွင် (၁) နို့ကောင်းစွာမစို့နိုင်ခြင်း၊ (၂) နုန်းခွေခြင်း၊ (၃) ပျို့အန်ခြင်း၊ (၄) ငိုသံပြောင်းလံလာရာမှ အသံမထွက်တော့ခြင်း၊ (၅) ဗိုက်နာခြင်း၊ (၆) အကြောဆွဲခြင်း၊ (၇) မျက်စိအကြောကပ်ခြင်း နှင့် (၈) တက်ခြင်းများ ဖြစ်ပါက ဗီတာမင် ဘီ (၁) ချို့တဲ့နေခြင်းဖြစ်နိုင်ပြီး ကုသမှုခံယူဖို့ လိုအပ်ပါတယ်။ မကုသပဲထားပါက ကလေးငယ်မှာ အသက်အန္တရာယ်ရှိနိုင်ပါတယ်။