15/05/2022
🦟သွေးလွန်တုပ်ကွေးေရာဂါဟာ ခြင်ကနေတဆင့် ကူးစက်မှုအများဆုံး ဖြစ်သည်။🦟
🌧️မြန်မာနိုင်ငံတွင် မိုးရာသီဖြစ်သော July မှ August လ အတွင်းတွင်
သွေးလွန်တုပ်ကွေးေရာဂါ အဖြစ်များဆုံး ဖြစ်သညိ။ 🌧️
🦟သွေးလွန်တုပ်ကွေးသည် Ades aegypti ဟုခေါ်သော ခြင်ကျားကိုက်ခံရခြင်းကြောင့် ဖြစ်သည်။🦟
🦠၎င်းခြင်မှတစ်ဆင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်စေသော Dengue virus ပိုးမှ လူဆီသို့ ကူးစက်ပျံ့ပွားခြင်း ဖြစ်သည်။ 🦠
📝သွေးလွန်တုပ်ကွေး အနှစ် ချုပ် 📝
သွေးလွန်တုပ်ကွေး ဖြစ် နိုင် သည် ဟုသတ်မှတ် ခြင်း (propable dengue )
ဖျား ခြင်း နှင့် အောက်ပါ အချက် များ ထဲ မှ ၂ချက် ရှိ လျှင်
👇👇👇👇👇👇👇👇👇
၁. အော့ အန် ခြင်း
၂. အရေပြား ပေါ် တွင် အပိန့်ထွက် ခြင်း rash
၃. ကိုယ်လက် ကိုက်ခဲ ခြင်း
၄. သွေးပေါင် ချိန် တိုင်းကရိယာ ဖြင့် စမ်းသပ်ရာတွင် + ဖြစ် ခြင်း Hess Test
၅. သွေး ဖြူ ဥ နည်း ခြင်း leukopenia
၆. အန္တရာယ် လက္ခဏာ တခုခု ရှိ ခြင်း
၇. နှာခေါင်းသွေးလျှံခြင်း ကေါ်ဖီနှစ် ရောင်အန်ခြင်း
အလွယ်ဆိုရင်တော့ အဖျား ကြီး ပြီး မလန်းဆန်းရင် မှိန်း ရင် အစားအသောက် ပျက် လျင် ဖြစ်နိုင်တယ်လို့ မှတ်ရပါ မယ်
🛑အန္တရာယ် လ က္ခဏာ များ 🛑
၁. ဝမ်း ဗိုက်နာ ခြင်း ဖိလျှင် နာ ခြင်း
၂. ဆက် တိုက် အန် ခြင်း
၃. အဆုတ်နှလုံး ဝမ်းဗိုက်တို့တွင် အရည် စု ခြင်း
၄. မှိန်း ခြင်း သို.မဟုတ့်ကယောင်ကတမ်း ဖြစ် ခြင်း
၅. အသည်း ၂ စင်တီမီတာ ထက် ကြီး ခြင်း
၆. သွေးဖြူဥ ကျလာ ခြင်း သွေးပြစ်နှုန်း pcv တက်လာ ခြင်း
🚑 ဆေးရုံတက်သင့် သော လုနာများ 🚑
၁. အန္တရာယ် လက္ခ ဏာ တခုခု ရှိ ခြင်း
၂. တနှစ် အောက် ကလေး
၃. အဝလွန်သော သူ
၄. အ ခြား ရာ ဂါ ရှိ သော သူ ဥပမာ thalassaemia ရောဂါရှိသူ
၅. ဆေးရုံ နှင့် ဝေးသော သူ
သွေးလွန်တုပ်ကွေးရောဂါအတွက် ကုထုံး
❌သွေးလွန်တုပ်ကွေးရောဂါအတွက် သီးခြားကုထုံး မရှိပါ❌
ေသွးလွန်တုပ်ကွေးရောဂါ သံသယဖြစ်ပါက ရောဂါကို စောလျင်စွာ အသိအမှတ်ပြုနိုင်ရန်အတွက် ကျွမ်းကျင်သော ကျန်းမာရေး ဝန်ထမ်းများ ထံမှ အကြံဉာဏ်များ ရယူပါ ။ 🧑⚕️🧑⚕️
➕NITAI ဆေးခန်း➕ တွင် နံနက် 8:00 မှ ည 8:00 အတွင်း ဆရာဝန် များနှင့် တိုင်ပင်ဆွေးနွေးကုသနိုင်ပါသည်။
👉အမှတ်(၁၆/၅၃)၊ရမ်ပူရပ်ကွက်၊ရမ်ပူအုပ်ချုပ်ရေးမှူးရုံးအနီး။
☎️09-693 352 718 , 09-956 873 842