A Miee Online Business

A Miee Online Business ဘာများသိလိုပါသလဲ Amiee pageမှကြိုဆိုပါတယ?

 #လက်တာမလှုပ်ရှားနိုင်တော့ဘူးဆိုရင်ဘယ်လိုလုပ်မလဲ⁉နေ့စဥ်နေ့တိုင်း အခြေအနေအတိုင်း လှုပ်ရှားမှုတိုင်းမှာ မပါမဖြစ် သုံးနေရတာ...
13/09/2023

#လက်တာမလှုပ်ရှားနိုင်တော့ဘူးဆိုရင်ဘယ်လိုလုပ်မလဲ⁉
နေ့စဥ်နေ့တိုင်း အခြေအနေအတိုင်း လှုပ်ရှားမှုတိုင်းမှာ
မပါမဖြစ် သုံးနေရတာက #လက်✋ ဖြစ်ပါတယ်

အမြဲသုံးနေမိလို့ သတိတောင်မထားမိကြတော့ဘူး!
လက်က စက်ရုပ်ကြီးမဟုတ်တဲ့အတွက် သုံးဖန်များရင်လဲ
ပျက်စီးယိုယွင်နိုင်ပါတယ်နော်

အဖြစ်များဆုံးကတော့ #လက်ဖဝါးလက်ချောင်းထုံကျင်ခြင်း ဖြစ်ပါတယ် အသက်အရွယ်မရွေး ဒီဝေဒနါခံစားနိုင်ပါတယ်

သက်သာစေမဲ့ အကောင်းဆုံးနည်းလမ်းကတော့ မကြာခဏ လက်လေ့ကျင့်ခန်းလုပ်ပေးခြင်းပါရှင်

လေ့ကျင့်ခန်းနဲ့အတူ essential oil တစ်ခုခုလိမ်းပေးနိုင်ရင် ပိုကောင်းပါတယ်ရှင်

ဘာ လိမ်းဆေးသုံးရင်ကောင်းမလဲဆိုရင်တော့ ရှားပါးဆေးမြစ်စုံပါထားတဲ့ Hanuman Aroma Massage Body Oil ကို အသုံးပြုနိုင်ပါတယ်ရှင်




 #ရှားစောင်းလက်ပပ် အသုံးဝင်ပုံ ၂၅ ချက်၁.ရှားစောင်းဂျယ်လီအနှစ်ကို မျက်ခွံပေါ်တင်ပေးပါကမျက်စိနာ၊ကိုက်၊ပူစပ်၊ယားယံခြင်းကိုသ...
11/09/2023

#ရှားစောင်းလက်ပပ် အသုံးဝင်ပုံ ၂၅ ချက်

၁.ရှားစောင်းဂျယ်လီအနှစ်ကို မျက်ခွံပေါ်တင်ပေးပါက
မျက်စိနာ၊ကိုက်၊ပူစပ်၊ယားယံခြင်းကို
သက်သာစေပါသည်။

၂.နားထဲတွင်အနာပေါက်ခြင်း၊နားကိုက်ခြင်းနှင့် နားပိုးဝင်၍ ရောင်ကိုင်းခြင်း တို့တွင် ရှားစောင်းလက်ပပ်
၂ လက်မအရွယ်ကိုလှီးဖြတ်ကာ ထက်ခြမ်းခြမ်းပြီး နား၏အရှေ့ဘက်နှင့်
အနောက်ဘက်တို့တွင် ကပ်၍ ဂျယ်လီအချွဲများဖြင့်နားအပြင်မှပွတ်ပေးခြင်း
ဖြင့် ရောင်ကိုင်းမှုများလျော့ကျကာ
နာကျင်ကိုက်ခဲခြင်းကို သက်သာစေပါသည်။

၃. ရှားစောင်းလက်ပတ်ကိုဖျော်ရည်သောက်ခြင်း
သို့ ပါးပါးလှီး၍ချက်စားခြင်းဖြင့် ဓမ္မတာမှန်စေကာ အမျိုးသမီးမျိုးပွါးအင်္ဂါကို ခွန်အားဖြစ်စေရုံသာမက သားအိမ်ကိုသန့်စင်စေသည်။သွေးဆုံးပြီးနောက် မီးယပ်ရောဂါတို့ကိုလည်းမဖြစ်စေပါ။

၄.ကျားမ အင်္ဂါများရှိရေယုန်နာများကိုလည်း
ဂျယ်လီအနှစ်လိမ်းပေးခြင်းဖြင့် သက်သာစေနိုင်သည်။

၅.ရှားစောင်းလက်ပတ်၏အတွင်းပိုင်းရှိ ဂျယ်လီသည် အရေပြားတွင်အနီပိမ့်များ
ထွက်ခြင်း၊အရေပြားတွင် အရည်အိတ်တည်ခြင်း၊အပူလောင်ခြင်း၊
ဘက်တီးရီးယားနှင့် ပိုးမွှားများကြောင့်
အရေပြားတွင် ပွေး၊ဝဲ၊ညှင်း စသည့် အရေပြားရောဂါ အမျိုးမျိုးကို သက်သာ
စေသည်။

၆.ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါရှိသဖြင့်
အစာချေစနစ်ကိုအားပေးကာ အစာအိမ်နာခြင်း၊အစာမကြေခြင်းတို့ကို
သက်သာစေသည်။အထူးသဖြင့် အူမကြီး
ကင်ဆာအပါအဝင် ကင်ဆာအကျိတ်များ
ကြီးထွားလာမှုကို ရပ်တန့်စေသည်။
အစာအိမ်ပြည်တည်နာများ၊အသည်းရောင်ခြင်း၊အူရောင်ခြင်း
ဝေဒနာတို့ကိုလျော့ကျစေသည်။

၇.သွေးထဲရှိ oxygen ကိုကောင်းစွာလည်ပတ်စေပြီး
cell များကိုခွန်အားဖြစ်စေသည်။

၈.အပင်ထဲရှိ polysaccharides ,mannans,anthraquinones
စသောဒြပ်များသည် နှလုံးစွမ်းရည်ကိုတိုးမြှင့်ပေးစေသည့်အပြင်
သွေးတွင်းအဆီခဲ သွေးခဲများပိတ်ဆို့ခြင်း၊
နှလုံးသွေးပျစ်ခြင်းစသော နှလုံးသွေးကြော
ဆိုင်ရပြဿနာများကို များစွာကောင်းကျိုးပြု
သည်။ထို့ပြင် နှလုံးရောဂါနှင့်ဆက်စပ်သည့်လေဖြတ်ခြင်းကိုလည်း ဖြစ်မလာစေနိုင်ပါ။

၉.သွေးဖိအားထိန်းညှိပေးခြင်းကြောင့်
သွေးတိုးရောဂါမဖြစ်စေပါ။

၁၀. အရေပြားရှိထိခိုက်ဒဏ်ရာများနှင့်
ပိုးဝင်ခြင်းတို့ကိုသက်သာစေပါသည်။
ရှားစောင်းအနှစ်ကို လိမ်းပေးပါက မီးလောင်နာ ၊အရည်ကြည်ဖုနာ၊ထိခိုက်ရှနာ၊
နေလောင်နာ စသည်တို့ကို ရှားစောင်းလက်ပက်တွင်ပါဝင်သော အောက်စီဂျင်ဓာတ်တစ်မျိုးတည်းကြောင့်
အရေပြားမှ cell များကို အလိုလို ပြုပြင်ပေး
နိုင်စွမ်းရှိသည်။
(သို့သော်) ခွဲစိတ်အနာချုပ်ရိုးများကို
အနာကောင်းစွာမကျက်ခင် မလိမ်းသင့်ပါ၊
အနာကျက်နှေးသွားစေပါတယ်။

၁၁.သွေးစုနာ၊အကြိတ်ဖုနာ၊သွေးလုံး၊လေလုံး၊ အဆီဖုများကို အပင်၏ဂျယ်လီ
လိမ်းကပ်ပေးခြင်းဖြင့် အကြိတ်မှပြည်ပေါက်
ထွက်ကာ ငန်းမန်းကို ကြေစေနိုင်သည်။

၁၂.ရှားစောင်းလက်ပပ်အပင်ကို မီးမြှိုက်၍
အနှစ်ကိုစားပေးပါက ရေဖျဉ်းရောဂါကို
သက်သာစေပြီး မီးမြှိုက်ထားသောအနှစ်ကို
သကြားနှင့်စားပါက အမျိုးသမီးများ အဖြူဆင်းခြင်းကိုသက်သာစေသည်။

၁၃ ဂျယ်လီအနှစ်ကိုခြစ်ယူ၍ ဆန်ဆေးရည်တွင်စိမ်ပြီး သကြားထည့်သောက်ပါက ဆီးပူ၊ဆီးအောင့်ရောဂါကိုပျေါက်ကင်းစေပြီး
ဆီးကျောက်တည်ခြင်းကို ကာကွယ်ပေးသည်။

၁၄.အသားဝါရောဂါရှိသူများ ဂျယ်လီအနှစ်ကို စားပေးခြင်းဖြင့်
ချမ်းသာရာရစေသည်

၁၅.ဖျော်ရည်လိုသောက်သုံးပေးခြင်းဖြင့်
အအေးမိ၊တုပ်ကွေးဖျားနာ၊နှာခေါင်းပိတ်
ခြင်း၊လေပြွန်ရောင်ခြင်း၊ရင်ပူခြင်း၊စသည့်
အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများကို ကောင်းစွာကုသပေးနိုင်စွမ်း
ရှိသည်။

၁၆.သွေးထဲရှိ glucose ပမါဏကိုကျစေသဖြင့် ဆီးချိုရောဂါသည်
များရှားစောင်းလက်ပက်ဖျော်ရည်ကို
သောက်သုံးသင့်ပါသည်။

၁၇.ခန္ဓာကိုယ်ရှိ ဘက်တီးရီးယားပိုးမွှားများကိုသေစေကာ
သွားများကိုဖြူဖွေးသန့်စင်ခိုင်ခန့်စေပြီး၊
သွားဖုံးများကိုကျန်းမာစေသည်။

၁၈.သဘာဝသကြားဓာတ် ပါရှိသဖြင့်
ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားစေသည်။

၁၉.အပင် ၏ enzymes များတွင် ဝမ်းသက်စေသော အာနိသင်ပါရှိခြင်း
ကြောင့် အူမကြီးနံရံရှိ အချွဲအကျိများကို တိုးပွါးစေကာ အူကိုသန့်စင်စေပြီး ဝမ်းမချုပ်စေပါ။

၂၀.ခေါင်းမလျှော်ခင်ရှားစောင်း လက်ပက်
ဂျယ်လီနှင့် ဦးခေါင်းကို နှိပ်နယ်ပေးခြင်းဖြင့်
ဆံပင်ကျွတ်ခြင်း၊ ဆံပင်နှစ်ခွဖြစ်ခြင်း၊
ဆံပင်ကျိုးခြင်းတို့ကို သက်သာစေကာ
သန်း နှင့် ဗောက်များကိုလည်ကင်းစင်
စေသည်။

၂၁.ရှားစောင်းလက်ပက်ထဲတွင် ယောင်ယမ်းနာများကို ပျေါက်ကင်းစေသော
သဘာဝပစ္စည်း ၁၂ မျိုးပါရှိ၍ ဘေးထွက်ဆိုး
ကျိုးလုံးဝမရှိပဲ အရိုးအဆစ်အမြစ် နာကျင်
ကိုက်ခဲခြင်းတို့ကိုသက်သာစေသည်။
ထို့ပြင် ကြွက်သားများတောင့်တင်းခြင်းကိုလဲ
ပြေလျော့စေသည်။

၂၂. cholesterol ကိုကျစေပြီး အဆိပ်အတောက်ကင်းကာ ခန္ဓာကိုယ်ကို
ပေါ့ပါးလန်းဆန်းစေသည်။

၂၃.ခန္ဓာကိုယ်ထဲ oxygen ပြတ်လပ်မှုကို
ကာကွယ်ပေးသည်။

၂၄.ကော်ဖီနှင့် လက်ဖက်ရည်အလွန်အကျွံသောက်သုံး
ခြင်းကြောင့် ခန္ဓာကိုယ်တွက် မလိုအပ်သော
oxalates ဓာတ်မန္တရာယ်မှကာကွယ်ပေးသည်။

၂၅.ညအိပ်ယာဝင်ခါနီး ရှားစောင်းလက်ပက်
ဂျယ်လီကို မျက်နှာအနှံ့ပွတ်လိမ်းပြီး
မိနစ်၂၀ အကြာတွင် ရေအေးနှင့် မျက်နှာ
သစ်ပေးပါက မိတ်ကပ်ချေးများ ကင်းစင်စေပြီး ချွေးပေါက်ပွင့်ကာ ဝက်ခြံ
လုံးဝမထွက်စေပါ။ရှားစောင်းအနှစ်ကို
မျက်နှာပေါ်တွင်အုပ်ပြီးလိမ်းပေးပါက
ရှားစောင်းတွင်ပါဝင်သော oxygen
ကြောင့် အရေပြားcell များကိုပိုမိုသန့်စင်စေ
ပြီးချေါမွတ်စေပါသည်။ဝက်ခြံသာမက
တင်းတိပ်များကိုဖယ်ရှားပြီး နူးညံ့လှပစေ
ပါသည်။

၂၆.ရှားစောင်းလက်ပက်ကို အစိမ်းလိုက်ဝါးစားပါက အရက်နာကျရောဂါကိုသက်သာစေသည်။
လူကိုပုံမှန်တိုင်း လန်းဆန်းစေသည်။
(သို့သော်)တစ်နေ့ ၂၀ cc ထက်ပို၍
အစိမ်းစားပါက ကျောက်ကပ်ကို
ပျက်စီးစေနိုင်သည်။

အကျိုးကျေးဇူးများစွာဖြင့် လူတို့၏
ကျန်းမာရေးအတွက်လိုအပ်မှုများစွာကို ဖြည့်ဆည်းပေးနိုင်သည့်
သဘာဝရှားစောင်းလက်ပက်ဖြင့်ဖော်စပ်ထားသောဆေးများ ၊အလှကုန်ပစ္စည်းများကို အသုံးပြုသင့်ပါတယ်
crd

အုန်းလွဲခြင်း========အုန်းလွဲခြင်းဆိုတာ အိပ်ရာကနေနိုးထလာချိန်မှာ လည်ပင်းကြွက်သားတွေ နာကျင်တောင့်တင်းပြီး ဦးခေါင်းလှုပ်ရှ...
21/08/2023

အုန်းလွဲခြင်း
========
အုန်းလွဲခြင်းဆိုတာ အိပ်ရာကနေနိုးထလာချိန်မှာ လည်ပင်းကြွက်သားတွေ နာကျင်တောင့်တင်းပြီး ဦးခေါင်းလှုပ်ရှားရ ခက်ခဲတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ အုန်းလွဲခြင်းဟာ အလွန်အဖြစ်များတာကြောင့် လူတိုင်း ကိုယ့်ဘဝတစ်သက်တာမှာ တစ်ခါမဟုတ်တစ်ခါ အုန်းလွဲခြင်းကို ခံစားကြရနိုင်ပါတယ်။

ဘာဖြစ်လို့ အုန်းလွဲရတာလဲ❓❓

အိပ်စက်နေချိန်မှာ လည်ပင်းအနေအထား မမှန်ကန်တာတွေကြောင့် လည်ပင်းကြွက်သားတွေ တင်းမာပြီး ဒဏ်ဖြစ်သွားတာကြောင့် အုန်းလွဲရခြင်း ဖြစ်ပါတယ်။ အုန်းလွဲစေတဲ့ အကြောင်းရင်းတွေမှာ -
🔸 အိပ်တဲ့အချိန်မှာ ကိုယ်အနေအထား မမှန်ကန်တာ
🔸 မိမိနဲ့မသင့်တော်တဲ့ ခေါင်းအုံး၊ မွေ့ရာတို့ကို အသုံးပြုတာ
🔸 အရင်က လည်ပင်းဒဏ်ရာရဖူးတာ
🔸 မအိပ်ခင် ဖုန်း၊ တက်ဘလက် စတာတွေ အကြည့်များတာ
🔸 စိတ်ဖိစီးမှုများတာနဲ့ လည်ပင်းဇက်ကြောတက်တာ စတာတွေ ပါဝင်ပါတယ်။

အုန်းလွဲတဲ့အခါ လိုက်နာရန်နှင့် ရှောင်ကြဉ်ရန် အချက်များ

⚠️ ခန္ဓာကိုယ်နှင့် ကျောရိုးကို ဖြောင့်တန်းစွာထားပြီး ပုံစံတကျအိပ်ပါ။
⚠️ ခေါင်းအုံးကို မထူလွန်း၊ မပါးလွန်းစေဘဲ လည်ပင်းဖြောင့်ဖြောင့်ထားနိုင်ရုံ အထူကိုသာ အသုံးပြုပါ။
⚠️ ခေါင်းအုံးထူထူ အုံးခြင်း၊ ခေါင်းအုံးတစ်ခုမက အသုံးပြုခြင်းကို ရှောင်ကြဉ်ပါ။
⚠️ မွေ့ရာ/အိပ်ရာခင်းကိုလည်း မအိလွန်း၊ မမာလွန်းသော မွေ့ရာနှင့်အိပ်ပါ။
⚠️ မှောက်မအိပ်သင့်ပါ။

အုန်းလွဲရင် ဘယ်လိုကုသရမလဲ❓❓

🔹 ဖြစ်ခါစမှာ ရေခဲကပ်ပေးပါ။ တစ်ရက်ထပ်ပိုကြာလာမှ ရေနွေးကပ်ခြင်း၊ ကြပ်ထုပ်ထိုးခြင်း စတာတွေကို ပြုလုပ်ပေးပါ။
🔹 လည်ပင်းအကြောလျှော့ခြင်းနှင့် လည်ပင်းလေ့ကျင့်ခန်းတွေကို ညင်သာစွာ ပြုလုပ်ပေးပါ။ ပိုပြီးနာကျင်လာရင်တော့ မပြုလုပ်သေးဘဲ၊ နာကျင်မှုလျော့ပါးလာတဲ့အချိန်မှ ဖြည်းညှင်းစွာ ပြုလုပ်ပါ။
🔹 လိုအပ်ရင် အကိုက်အခဲပျောက်ဆေးတွေ သောက်သုံးနိုင်ပါတယ်။ (ဥပမာ - မိုးမခဆေး 𝗦𝗮𝗹𝗶𝘅𝗶𝗻)
🔹 ဒဏ်ကျေလိမ်းဆေး တစ်မျိုးမျိုးကိုလည်း လိမ်းပေးနိုင်ပါတယ်။ (ဥပမာ - 𝗛𝗲𝗿𝗯𝗶𝗴𝗲𝘀𝗶𝗰 𝗰𝗿𝗲𝗮𝗺)
🔹 အထက်ပါနည်းလမ်းတွေနဲ့ မသက်သာပါက နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နှင့် တိုင်ပင်ပြသပါ။

ဒေါက်တာခင်မောင်လွင် (FAME)

Crd ...

ဧဟိ မိတ္တံ = မိတ်ဆွေတွေလာကြ 🙏🙏🙏ဧဟိ ဓနံ  = စီးပွား ဥစ္စာတွေ လာကြ 🙏🙏🙏ဧဟိ လာဘံ=လာဘ်လာဘတွေ လာကြ🙏🙏🙏ဧဟိ သုခံ=ချမ်းသာမူ့တွေ လာက...
16/08/2023

ဧဟိ မိတ္တံ = မိတ်ဆွေတွေလာကြ 🙏🙏🙏

ဧဟိ ဓနံ = စီးပွား ဥစ္စာတွေ လာကြ 🙏🙏🙏

ဧဟိ လာဘံ=လာဘ်လာဘတွေ လာကြ🙏🙏🙏

ဧဟိ သုခံ=ချမ်းသာမူ့တွေ လာကြ🙏🙏🙏

ဧဟိ ဇေယျသုခမဂ်လံ =ချမ်းသာခြင်း အောင်မြင်ကြောင်းတွေ လာကြ 🙏🙏🙏

သတ္တဝါတွေ ကျန်းမာ ချမ်းသာကြပါစေ🙏🙏🙏


04/08/2023

အောင် အရဟံ လာဘံ သိဒ္ဓိ
အောင် အရဟံ ပီယံ သိဒ္ဓိ
အောင် အရဟံ ဓနံသိဒ္ဓိ
ငွေတွေ အဖက်ဖက်မှ ဝင်လာပါစေ။
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
ဒီpostလေးကိုမနက်တိုင်းတင်မယ်နော်တွေ့တာနဲ့တစ်ခေါက်လောက်ဖြစ်ဖြစ်ရွတ်ဖတ်ကြည့်ပါ
‌ကမ္ဘာပေါ်ရှိသတ္တဝါအားလုံးကျန်းမာချမ်းသာကြပါစေ။

 #ခြေဖျားနှင့်​ခြေဖမိုး ​ရောင်ရမ်း​နေလျှင် #ပြန်လည်မျှဝေခြင်း🙏🙏🙏ခြေဖျား၊ ခြေဖမိုး ရောင်ရမ်းခြင်းသည် ပြဿနာ ပေါင်းမြောက်မျ...
03/08/2023

#ခြေဖျားနှင့်​ခြေဖမိုး ​ရောင်ရမ်း​နေလျှင်
#ပြန်လည်မျှဝေခြင်း🙏🙏🙏

ခြေဖျား၊ ခြေဖမိုး ရောင်ရမ်းခြင်းသည် ပြဿနာ ပေါင်းမြောက်များစွာ ထဲမှ တစ်ခုခုကြောင့် ဖြစ်ရပြီး အချို့မှာ သာမန်သာဖြစ်ပြီး အချို့မှာ အလွန်ဆိုးရွားပါသည်။ သို့သော်လည်း မျက်နှာနှင့် အခြားကိုယ်ခန္ဓာ အစိတ်အပိုင်းများပါ ရောင်ရမ်းခဲ့လျှင် ၎င်းသည် ပြင်းထန်စွာနာမကျန်းဖြစ်ခြင်း၏ လက္ခဏာပင်ဖြစ်သည်။

အမျိုးသမီးများ ကိုယ်ဝန်ဆောင် နောက်ပိုင်း ၃လတွင် ခြေဖျား၊ ခြေဖမိုးများ ရောင်တတ်သည်။ ဤသည်မှာ သာမန်သာဖြစ်သည်။ ကလေး၏ ကိုယ်ခန္ဓာ အလေးချိန်သည် ခြေထောက်မှ သွေးပြန်ကြောများပေါ် ဖိမိထားသကဲ့သို့ ဖြစ်ပြီး သွေးစီးဆင်းခြင်းကို ဟန့်တားသကဲ့သို့ ဖြစ်ခြင်းကြောင့် ဖြစ်သည်။ သို့သော် လူနာသည် သွေးဖိအား မြင့်တက်နေခြင်း၊ မျက်နှာ ဖောရောင်နေခြင်း၊ ဆီးတွင်းအသားဓာတ် (protein) ပါဝင်မှုများနေခြင်း (သို့) ရုတ်တရက် ကိုယ်အလေးချိန်တိုးလာခြင်းတို့နှင့် တွဲလာလျှင် ၎င်းသည် ကိုယ်ဝန်ဆိပ်တက်ခြင်း ဖြစ်သည်။ ဆေးရုံ၊ ဆေးခန်းသို့ ချက်ချင်းပြသပါ။

သက်ကြီးရွယ်အိုများ တစ်နေရာတည်းတွင် ကြာကြာထိုင် (သို့) ကြာကြာမတ်တပ်ရပ်ပါက ခြေဖျား၊ ခြေဖမိုးများ ရောင်ရခြင်းမှာ သွေးလှည့်ပါတ်မှု နည်းသောကြောင့် ဖြစ်ရသည်။ သို့သော် သက်ကြီးရွယ်အိုများတွင် ခြေဖျားရောင်ခြင်းသည် နှလုံးရောဂါပြဿနာ သို့မဟုတ် ရှားပါး ကျောက်ကပ်ရောဂါတစ်ခုခု ကြောင့်လည်း ဖြစ်နိုင်ပါသည်။

ကလေးငယ်များတွင် ခြေဖျား၊ ခြေဖမိုးရောင်ခြင်းမှာ သွေးအားနည်းရောဂါ သို့မဟုတ် အာဟာရ ချို့တဲ့ခြင်း ကြောင့်ဖြစ်ရသည်။ အာဟာရ လွန်စွာ ချို့တဲ့ခြင်း ဖြစ်ခဲ့လျှင် မျက်နှာနှင့် လက်များပါ ရောင်လာတတ်သည်။

ကုသခြင်း

ရောင်ရမ်းခြင်းကို လျော့ကျစေရန် အကြောင်းရင်းကို ကုပါ။ ဆားအနည်းငယ် (သို့) ဆားမထည့်ပဲ စားပါ။ လက်ဖက်ရည်ကြမ်း သောက်ခြင်း ဖြင့်လည်း ဆီးများများသွားစေပါသည်။ (ပြောင်းဖူးရည်)။

#မူရင်းရေးသားသူအားcreditပေးပါသည်။

မောနီးပါ
03/08/2023

မောနီးပါ

ပါ၀င်ပစ္စည်းလေးတွေပါ 🙊🐵ကြက်သွန်နီ🐵သစ်ကြပိုးခေါက်🐵၀ါးမီးသွေး🐵ပူစီနံ🐵ကပ်စပူနာဂျင်းဆိုပီးတော့ပါ၀င်ပါတယ်ရှင်☘️
17/06/2023

ပါ၀င်ပစ္စည်းလေးတွေပါ

🙊🐵ကြက်သွန်နီ
🐵သစ်ကြပိုးခေါက်
🐵၀ါးမီးသွေး
🐵ပူစီနံ
🐵ကပ်စပူနာဂျင်းဆိုပီးတော့ပါ၀င်ပါတယ်ရှင်☘️

မောနီး🥰
16/06/2023

မောနီး🥰

 #ဟာနုမာန်တိုင်းရင်းဆေးကပ်ခွာကပ်အိပ်ရင် ပုံမှန်ထက်ပိုပြီးနှစ်ခြိုက်အိပ်ပျော်စေပြီးပေါ့ပါးလန်းဆန်းစေတာဟာ ဒီပါဝင်ပစ္စည်းကြ...
26/04/2023

#ဟာနုမာန်တိုင်းရင်းဆေးကပ်ခွာကပ်အိပ်ရင် ပုံမှန်ထက်ပိုပြီးနှစ်ခြိုက်အိပ်ပျော်စေပြီးပေါ့ပါးလန်းဆန်းစေတာဟာ ဒီပါဝင်ပစ္စည်းကြောင့်ပါ ✨🍃

ဘာကြောင့်လဲဆို #ပူစီနံရွက် ရဲ့ ကျန်းမာရေးအကျိုးတွေက
🍃 စိတ်ဖိစီးမှုကို လျော့ချပေးတယ်
🍃 အိပ်ပျော်စေတဲ့ဟော်မုန်းကိုလှုံ့ဆော်ပေးတယ်
🍃 ကိုယ်ခံအားစနစ်ကိုမြင့်တင်ပေးတယ်
🍃 အအေးမိတာတွေကို ကာကွယ်ပေးတယ်
🍃 သွားနှင့်ခံတွင်းအတွက်အထူးကောင်းတယ်

ယခင်ရှေးလူကြီးတွေရဲ့ အိပ်ပျော်ဆေးတစ်ခုလို့တင်စားထားပါတယ်။ရေနွေးထဲကို ပူစီနံအရွက် ၅ ရွက် ၆ ရွက်ကို ထည့်ပြီး ခပ်နွေးနွေးလေး အနေအထားရောက်ရင် သောက်ပြီး အိပ်ယာဝင်လိုက်ရုံနဲ့ ခဏနေရင် အိပ်ပျော်ပါလိမ့်မယ်လို့ ဆိုထားပါတယ်

အိန္ဒိယ အစားအစာတွေထဲတွင် ကျန်းမာရေးအောလှပရေးအတွက်ပါ ပူစီနံကို အတို့အမြုပ်အနေနဲ့ပါ စားသုံးကြပါတယ်။

ဒါကြောင့် ဆေးကပ်ခွာကို ခြေဖနောင့်နဲ့ဖဝါးအလယ်မှာ ကပ်အိပ်တဲ့ညဆို လုံးဝအိပ်ရေးဝစေဖြစ်ပြီး မနက်ခင်းမှာပေါ့ပါးလန်း‌ဆန်းနေစေတာပါရှင် 🥰

ဒီလိုကောင်းကျိုးများတဲ့ ပူစီနံ ကို
လေးမှာ
ထည့်ပေးထားတဲ့အတွက် အာနိသင်ကောင်း ခံစားရပြီး လွယ်၂ကူ၂ ကပ်ခွာပုံနဲ့သုံးရတော့ အရမ်းကိုအဆင်ပြေနေစေတာပေါ့ရှင် 🥰

‼️ အိပ်ဆေးအမြဲမှီဝဲနေရသူများတွက်
‼️ စိတ်ဖီစီမှုများလို့အိပ်မပျော်သူများနှင့်
‼️ သက်ကြီးပိုင်းများတွက်
အထူးအထူးသင့်တော်ပါတယ်ရှင် ‼️




မြန်မာ့နှစ်ဆန်းတစ်ရက်နေ့မှစ ကိုယ်စိတ်နှဖြာကျန်းမာချမ်းသာကြပါစေကြောင်း   နှင့်   မိသားစုမှ ဆုမွန်ကောင်းဝောာင်းလိုက်ပါတယ်ရ...
17/04/2023

မြန်မာ့နှစ်ဆန်းတစ်ရက်နေ့မှစ ကိုယ်စိတ်နှဖြာကျန်းမာချမ်းသာကြပါစေကြောင်း နှင့် မိသားစုမှ ဆုမွန်ကောင်းဝောာင်းလိုက်ပါတယ်ရှင် 🙏🙏🙏✨✨✨

Address

Myitkyina

Telephone

+959969882858

Website

Alerts

Be the first to know and let us send you an email when A Miee Online Business posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram