22/10/2025
❤❤❤မေမေဖေဖေတို့ရေ❤❤❤
ခုတလော ဆေးခန်းမှာ ပြန်တွေ့နေရတဲ့ ကလေး ရော လူငယ်နဲ့လူကြီးမှာပါ
တွေ့နေရတဲ့ ရောဂါတစ်ခုကတော့
👇👇👇👇👇👇👇👇👇👇👇👇👇👇👇
👉👉Mump Virus ကြောင့်ဖြစ်ပွားလာတဲ့
Mumps လို့ခေါ်သော
ပါးချိတ်ရောင် ရောဂါ တစ်ခုပါဘဲ👈👈
-*-*-*-*-*-*-*--*-*-*-*-*-*-*-*-*
👉ပါးချိတ်ရောင်ခြင်း ဘာလို့ ဖြစ်လဲ ဆိုတာ
ဒီပိုးဟာ တံတွေ ထွက်တဲ့ ကလင်းကို နှစ်သက်တာမို့ပါဘဲ။
ဒါမို့ ဒီကလင်းကို Virus ပိုးဝင်ရင်း
(Salivary+ Submandibular Glands)
မေးအောက်ကအကျိတ် တွေပါလိုက်ရောင်
သူကနေ Parotid Glands တွေပါ
ရောင်တဲ့အထိ
ဖြစ်တတ်ကြပါတယ်။
တစ်ချို့ကပါး တစ်ဖက်ဘဲရောင်တယ် ။
တစ်ချို့ကျ နှစ်ဖက်လုံး ရောင်ကြပါတယ် ။
🔯🔯🔯ဘယ်လို ကူးတာလဲဆို???
---------------------------------------
အသက်ရှူလမ်းကြောင်းကဘဲ ကူးစက်တာပါ
--ရောဂါရှိသူရဲ့ တံတွေးတို
့ချောင်းဆိုးလိုက်တဲ့
အခါထွက်တဲ့အမှုန်အမွှားတို့ရယ်
အသက်ရှူလမ်းကြောင်းက
အညစ်အကြေးတို့ကရယ် တစ်ဆင့်
📌လေထဲကဘဲ ကူးတယ်
🔯🔯🔯်ဘယ်အချိန် ရောဂါစလဲ??
---–-----------------------------------
စတင်ကူးမိတာကနေ
ရောဂါ လက္ခဏာ ပေါ်တဲ့ထိက
စုစုပေါင်းနှစ်ပတ်ကနေ သုံးပတ်ကြာပြီးမှ
ပြတတ်တယ်
စတင်ကူးစက်ခံရပြီးတစ်ပတ်အထိ
ဘာလက္ခဏာမှ မပြတတ်သေးပေမယ့်
လက္ခဏာစပြပြိဆို
အနည်းဆုံး ရှစ်ရက်မြောက်လောက်ဖြစ်နေပါပြီ။
⛔ ရောဂါ ဖြစ်နေသူ ပါးချိတ်ရောင်ချိန်က
တစ်ခြားသူကို ကူးစက်ဖို့ အခွင့်အရေး အများဆုံး အချိန် ဖြစ်တယ်။
-🔯🔯🔯ဘာတွေ ခံစားရလဲဆိုတော့ ???
---------------------------------------------
စစချင်း ပုံမှန် တုတ်ကွေးလို ညောင်းနေမယ်
ပြီးကျ မေ့အောက်တွေ တင်းတယ်။
တစ်ချို့ငွေ့ ငွေ့ဖျားတယ်
အာ့ကမှ သုံးရက်လောက်ဆို
ပါးတစ်ခြမ်း ရောင်တယ်။
တစ်ချို့က နှစ်ဖက်လုံး ရောင်လာတယ်။
-တံတွေးမထွက်ဘူး ။
အာခြောက်တယ်။
အစားမျိုချရ ခက်တယ် ။
အစားမစားချင်ဘူး။
ခေါင်းတွေ တအားကိုက်တယ်။
🔯🔯🔯ဆိုးဆိုးဝါးဝါး ဘာတွေ ဖြစ်နိုင်လဲဆို???
---------------------------------------------------
ရှားရှားပါးပါး ဆယ်ကျော်သက်နဲ့
အရွယ်ရောက်အမျိုးသားတွေ ဝှေးစေ့ရောင်နိုင်တယ်။
Orchitis အဆိုးဆုံး အာ့လိုရောင်ပြီး
တစ်ချို့မျိုးမအောင်တတ်တော့တာဖြစ်နိုင်တယ်။
🔯နောက်ထပ်ရှားပါး နောက်ဆက်တွဲတွေက
နောက်ဆက်တွဲ
ဦးနှောက်အမြှေးပါးရောင်နိုင်တယ်။
နှလုံးရောင်တယ်။
ပန်းကရိယရောင်တယ်။
ကျောက်ကပ်ရောင်တယ်။
အဆစ်ရောင်တယ် ။
ကလေးငယ်ငယ်တွေမှာ
တစ်ချို့နားမကြားတော့တာ ဖြစ်နိုင်တယ်။
🔯🔯🔯ဘယ်လိုကုရလဲ ဆို????
--------------------------------------
*-Virus ဘဲမို့ Supportive treatment ပါဘဲ
*-အနာသက်သာအောင်အဖျားကျအောင်
*- Paracetamol& Ibuprofenဆေးတွေပေးလို့ရတယ်
*-အာရုံကြောတွေပါနာလို့B1612 ပါတာ
သောက်နိုင်တယ်။
*-အာခြောက်ပြီး အစားမစားချင်တာမို့
အရည် များများ ဝင်အောင် သောက်ဖို့လိုတယ်
*-*-* နောက်ထပ် ပါးချိတ် ရောင်ပြီး
Secondary bacterial,Infection ထပ်မဖြစ်ဖို့
ပြည်တည်နာမဖြစ်လာဖို့
လူနာကို follow up,ပြန်ခေါ်ပြီး
လိုအပ်မယ်ထင်လျှင်
ဆရာဝန်က ပိုးသတ်ဆေးပေးတတ်တာလဲ ရှိပါတယ်။
*-ခံစားရတဲ့အနာရှိန်ပြင်းထန်တာမို့
အနာသက်သာဖို့
ရေခဲဝတ်ကပ်တာ
ဆားခါးနဲ့ ကျပ်ထုတ်ထိုးတာမျိုး လုပ်ပေးလို့ ရပါတယ်ရှင်။
🔯🔯🔯မဆိုးဝါးအောင် ဘယ်လိုဂရုစိုက်မလဲ??
---------------------------------------------------
အဖျားကျအောင် နဲ့ သူတစ်ပါးကိုမကူးအောင်
တစ်ကိုယ်ရည် သန့်ရှင်းရေး ဂရုစိုက်ရမယ်။
အသက်ရှုလမ်းကြောင်းက ဝင်တာမို့
လက်ကို သန့်ရှင်းအောင်ထားပါ ။
နှာစေးနှာချေချိန် လက်ကိုင်ပဝါကာပါ။
အပြင်က ပြန်လာတိုင်း လက်ဆေးပါ။
မျက်နှာကို မသန့်ရှင်စတဲ့လက်နဲ့
ခဏခဏ မပွတ် မိပါစေနဲ့
🔯🔯🔯 ဒီရောဂါ မဖြစ်အောင်
ဘယ်လိုကာကွယ် နိုင်ပါသလဲ????
-------------------------------------
ကလေးတွေနဲ့
Teenageတွေကို
MMR vaccine ထိုးလို့ ရပါတယ်နော်
အားလုံး ကျန်းမာကြပါစေ
ရောဂါဆိုးများမှကာကွယ်နိုင်ကြပါစေနော်
မေတ္တာဖြင့်
ဒေါက်တာစု
Su