
24/02/2025
ပုလင်းကြီးဘာကြောင့်ချိတ်ကြတယ်
🙏🙏ဗဟုသုတရအောင်မျှဝေလိုက်ပါတယ်
အရပ်ထဲမှာ ဆေးဘူးကြီးချိတ်လိုက်ရင်လူလန်းတယ်ဆိုတာပါပဲ။ ဒီနေ့တေ့ာ ဒီဆေးဘူးတွေအကြောင်းနည်းနည်းပြောကြရအောင်ဗျာ။ ဆရာဝန်မဟုတ်လည်းပဲ သိထားတာမမှားပါဘူး။
အရပ်ထဲမှာ ပုလင်းကြီးချိတ်တယ်လို့ပြောကြတဲ့ Drip ဒရစ်လို့ ခေါ်တာတွေက အမျိုးမျိုးရှိတယ်။ သွေးပြန်ကြောထဲ သွင်းပေးရတာတွေကို ခေါ်ပါတယ်။ အများဆုံး သုံးတာတွေသာ ပြောရရင် -
၁။ Dextrose Water = D/W ဒက်စထို့စ်သကြားဓါတ် + ရေ
၂။ Dextrose Saline = D/S ဒက်စထို့စ်သကြားဓါတ် + ဆားရည်
၃။ Normal Saline = N/S ဆား + ရေ
၄။ Ringers Lactate = R/L ရင်ဂါလက်တိတ် = ဓါတ်ဆားရည်
ဘယ်လိုလူကို ဘယ်တော့သွင်းပေးရမလဲ ပြောရတာက နည်းနည်းတော့ရှုပ်ပါတယ်။
R/L ရင်ဂါလက်တိတ် ဓါတ်ဆားရည်ဆိုရင် ဝမ်းလျှောတဲ့သူ အအန်များတဲ့သူကိုသွင်းလေ့ရှိပါတယ်။
အငန်ဓါတ်နဲ့မသင့်သူတွေကို အငန်မပါတာ၊ အချိုဓါတ်နဲ့ မသင့်သူတွေကို အချိုမပါတာကိုလည်းကြည့်ရတယ်။ ဥပမာ - ဆီးချိုသမားတွေဆိုရင် Glucose ပါတဲ့ DS, DW တွေသွင်းလို့မရပါဘူး။
တချို့မှာ ပုလင်းထဲမှာပါနေတာကို လိုလို့မဟုတ်ပဲ သွေးပြန်ကြောထဲကို လိုအပ်တိုင်းဆေးထိုးပေးနိုင်ဘို့ရာ IV line ဒရစ် ချိတ်ပေးထားရတာလည်းရှိတယ်။ (ဥပမာ ဗီတာမင်ဆေးပေးဖို့အတွက် NS ထဲကို ဗီတာမင်ရောထည့်ပြီးသွင်းလေ့ရှိပါတယ်။
ဘယ်လောက်များများဆိုတာလည်းကြည့်ရတယ်။ ကာလဝမ်းလိုဖြစ်နေသူဆိုရင် RL ပုလင်းတွေတလုံးပြီးတလုံး၊ သွေးဖိအားပြန်မတတက်မချင်း (ရေ + ဆား ပြန်မပြည့်မချင်း) အများကြီးသွင်းရတယ်။ အဲတာမျိုးက နှေးရင် အသက်ဆုံးပါးနိုင်တယ်။ တခါတလေ ဘယ်ပြန်ညာပြန်တပြိုင်တည်းသွင်းပေးရတယ်။ သွေးထွက်များတဲ့သူတွေကိုဆိုရင်လည်း NS တွေတစ်လုံးပြီးတစ်လုံး သွင်းရပါတယ်။
သွင်းတဲ့ပုလင်းထဲကို ဗီတာမင်ထိုးဆေးထည့်သွင်းရင်တော့ အဲဒီဗီတာမင်ရမယ်။ ဗီတာမင်ဆိုတာ နည်းနည်းလေးနဲ့ အမြဲလိုနေတာ။ အစားအသောက်တွေထဲမှာ အားလုံးပါနေတာဖြစ်တယ်။
အစာလမ်းခွဲစိတ်ထားလို့ ပါးစပ်ကနေ မစားရသူမျိုးဆိုရင် တနေကုန်သွင်းပေးရတယ်။ များသောအားဖြင့် တစ်ရက်ကို လေးလုံးပေးကြပါတယ်။
မြန်လို့၊ များလို့မကောင်းသူတွေလည်းရှိပြန်တယ်။ နှလုံး၊ အဆုပ်အလုပ်ကောင်းကောင်းမလုပ်သူတွေနဲ့ ကလေးတွေကို များများနဲ့ မြန်မြန်ပေးမိရင် ဘေးဖြစ်စေနိုင်တယ်။ (ဖောလာတာ၊ မောတာကနေ အသက်အန္တရာယ်အထိဖြစ်နိင်ပါတယ်။)
လူတယောက်မှာ သွေးထုထည် ၅ လီတာ (ဒရစ်ပုလင်း ၁ဝ လုံး) ရှိတယ်။ အမြဲတမ်းအဲလိုဖြစ်နေအောင် ခန္ဓာကိုယ်စနစ်ကနေ လုပ်ပေးနေတယ်။ ရုတ်တရက်နည်းသွားရင် အဲတာမျိုး သင့်တာတခုခုရွေးသွင်းပေးရတယ်။
သွေးသွန်လို့ သွေးမရနိုင်သေးခင်မှာ အသက်ဆက်ဖို့လည်းသွင်းရတယ်။ သတိထားဖို့က ၁ ပုလင်းစာ သွေးဆုံးရှုံးလို့ တပုလင်းသွင်းပေးရင် ထုထည်တော့ပြည့်မယ်။ သွေးကကျဲသွားမယ်။ အောက်စီဂျင်ဝမှာမဟုတ်ပါ။ သွေးလိုသူကို သွေးပဲပေးရတယ်။
မလိုအပ်ပဲသွင်းကြလည်း မကြာခဏတွေ့ရတယ်။ ပါးစပ်ကနေ ရေသောက်နိုင်သူ၊ သကြားစားနိုင်သူကို သွင်းပေးရင် သွင်းပေးပြီး ဆီးသွားချင်တာပဲပိုမယ်။ ဒါကွောငျ့ဆရာဝနျတျောတျမြေားမြားက မသွင်းပေးချင်ကြပါဘူး။ တစ်ချို့ကတော့ လူနာကိုအလိုလိုက်ကြတာမျိုးရှိကြပါတယ်။ မလုပ်သင့်ပါဘူး။
Intravenous therapy သွေးပြန်ကြောထဲဆေးသွင်းကုသနည်းကို ၁၈၃၁ ခုနှစ်ကတည်းက Dr Thomas Latta of Leith ကနေ ကာလဝမ်းရောဂါကုသဘို့ စတင်သုံးခဲ့ပါတယ်။ ခုခေတ်မှာတော့ ကုသနည်းတွေများတယ်။
Water and electrolytes ရေ၊ ဓါတ်ဆားတွေသွင်းနည်း၊
Blood transfusion သွေးသွင်းနည်း၊
Medicines ဆေးသွင်းနည်း (ဥပမာ ကင်ဆာဆေး) တွေပေးတယ်။
Volume expanders သွေးထုထည်များစေဘို့ crystalloids နဲ့ colloids တွေသွင်းပေးတယ်။
Blood-based products သွေးထဲကပစ္စည်းတွေခွဲထုတ်သွင်းပေးရတယ်။ ဥပမာ hemophilia ရောဂါရှိသူကို clotting factor သွေးခဲစေတဲ့ဖက်တာသွင်းပေးရတယ်။
Blood substitutes သွေးအစားထိုးသွင်းပေးနည်းဆိုတာ သွေးအတုသွင်းပေးရတာဖြစ်တယ်။
Buffer solutions အဖြစ် acidosis သို့ alkalosis ဖြစ်သူတွေကိုသွင်းပေးတယ်။
Parenteral nutrition အစာအာဟာရဖြည့်ပေးနည်းသုံးရတယ်။
လူနာအတော်များများက ဒရစ်သွင်းပေးရင် အားပြည့်သလို စိတ်မှာမှတ်ယူတယ်။ အဲတာမှားယွင်းတဲ့အယူအဆပါ။ အကြောဆေးပုလင်းကြီးချိတ်တာဟာ ဓါတ်ဆားရေသောက်တာ အာဟာရပြည့်ဝအောင်သောက်တာလောက်အကျိုး မရှိပါဘူး။ ဆရာဝန်ညွန်ကြားတာ ကိုလိုက်နာပါ။
ဒရစ်သွင်းရင် သတိထားစရာတွေကလည်းများတယ်။
Pain ဆေးသွင်းလို့နာတာ၊
Infections ပိုးဝင်တာ၊
Phlebitis သွေးပြန်ကြောရောင်တာ၊
Infiltration / extravasation ဆေးက သွေးပြန်ကြောအပြင်ဖက်ရောက်တာ၊
Fluid overload အရည်ထုထည် လိုတာထက်ပိုတာ၊
Hypothermia ကိုယ်အပူချိန်ကျတာ၊
Electrolyte imbalance ဓါတ်ဆားအချိုးအစားမမျှတာ၊
Embolism သွေးကြောထဲသွေးခဲပိတ်တာ နဲ့ Air bubbles လေပိတ်တာ၊
အဲတာတွေက သေတာအထိ ဖြစ်နိုင်လို့ မလိုအပ်ရင် မသွင်းကြဖို့ မချိတ်ကြဖို့ အရမ်းသတိထားဖို့လိုအပ်ပါတယ်။
..လေးစားစွာဖြင့်
🙏အားလုံးကျန်းမာပါစေ🙏