Thuka Myaing Pharmacy

Thuka Myaing Pharmacy We think about your happiness .��� So one call does it all.����

ဦးဦး ၊ တီတီ လေးတို့ရဲ့ သားသား မီးမီး လေးတွေအတွက် ဉာဏ်ရည်ထက်မြတ်မူနှင့် သင်ယူမူစွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေဖို့အတွက် ...
14/01/2024

ဦးဦး ၊ တီတီ လေးတို့ရဲ့ သားသား မီးမီး လေးတွေအတွက် ဉာဏ်ရည်ထက်မြတ်မူနှင့် သင်ယူမူစွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေဖို့အတွက် Appleton DHA

ထမင်းကျွေးတိုင်း ဖြစ်ပေါ်လာရတဲ့ ဒေါသစိတ်ကို ဖြေရှင်းဖို့အတွက်ဆိုရင် ...
Appleton Lysine လေးရှိတာကြောင့်
ကလေးတို့ရဲ့ အစာစားချင်စိတ်ကို ဖြစ်ပေါ်စေတဲ့ lysinအပြင်

ကိုယ်ခန္ဓာကြီးထွားဖွံဖြိုးမူကို အထောက်ကူပြုတဲ့Vital Multivitamin

အစာအိမ်အတွက် အကျိုပြုတဲ့ prebioticsလည်းပါဝင်နေတာကြောင့်... ကလေးဝမ်းဗိုက်လေးလည်း အမြဲကျန်းမာနေပီး ... ပျော်ရွှင်နေရမှာပါ...

ကဲ.... မေမေတို့ မိခင်ရော ကလေးပါ ကျန်းမာပျော်ရွင်စေဖို့နှင့် ဉာဏ်ရည်ထက်မြတ်စေဖို့... Appeton တိုက်ကျွေးကြပ်စို့.....

💞သုခမြိုင် ဆေးဆိုင်💞

🕹️နွားထိုးကြီးမြို့၊အမှတ်၇ ရပ်ကွက်၊မြင်းခြံရေဝန်းလမ်း

0️⃣9️⃣4️⃣2️⃣0️⃣7️⃣2️⃣8️⃣7️⃣0️⃣9️⃣
0️⃣9️⃣7️⃣7️⃣4️⃣3️⃣0️⃣4️⃣8️⃣2️⃣6️⃣
We think about your happiness...
So One call does it all...


17/12/2023

💞 Within 7 days, my boy grew a lot...💞🥰🥰🥰

07/12/2023

သံဇဥ်တွေတောင် နားထောင်နေပီ...🥰🥰🥰Day-29

09/06/2023

Page Review ရေးရင်း လက်ဆောင်ယူ 🎁🎉💯

(Promotion ကာလ 2023June,31ရက်‌နေ့အထိမို့
အခုပဲရေးထားလိုက်‌တော့နော်) 🤩

နဝရတ်ဆေးဖြန့်ချိရေး၏ page တွင်
ရှိသော Top Fan များ၊Like& Follow လုပ်ထားသူများနှင့် Customers များအတွက် စုစုပေါင်း 6သိန်းကျပ်(600,000MMK)တန်ဖိုးရှိသော
Immuni Gain CZ(Exp-2024) ဘူး50ကို ချီးမြင့်ပေးသွားမှာဖြစ်ပါတယ်။

💯 Review ရေးပုံရေးနည်းကိုလဲ Comment ထဲမှာကြည့်ရှုနိုင်ပါတယ် ✨

🌻နဝရတ်ဆေးဖြန့်ချိရေးကို အစဉ်အမြဲအားပေးနေသော Audience များ Follower များဖြစ်ပါက
နဝရတ်ဆေးဝါးဖြန့်ချိရေးကို မည်သို့ မည်ပုံသိရှိခဲ့ကြောင်း မိမိSocial Media ပေါ်တွင်Tagလုပ်ပြီး ရေးသားနိုင်ပါသည်။

🌻နဝရတ်ဆေးဖြန့်ချိရေးတွင် ဝယ်ယူ‌နေသောCustomer များဖြစ်ပါက မည်သို့ မည်ပုံသိရှိပြီးဝယ်ယူခဲ့ကြောင်းနှင့် ယခုရရှိနေသော
ထုတ်ကုန်၊ဝန်ဆောင်မှုနှင့်ပက်သက်ပြီး အမြင်နှင့်အကြံပြုချက်များ ရေးပေးနိုင်ပါသည်။

🌻နဝရတ်ဆေးဖြန့်ချိရေးတွင် ဝယ်ယူမူမရှိသေးလဲ စိတ်ပူစရာမလိုဘူးနော် ❗
Original Post ကိုshare ပြီး ဆိုင်နာမည်၊ မြို့နယ်၊
ဖုန်းနံပတ်ကို chat box မှာလာပေးရုံနဲ့တင် ရပါပြီနော်။🥳

👑စည်းကမ်းချက်လေးတွေတော့ အနည်းငယ်ရှိမယ်နော်

🥳1. ပထမ ဆုံးအနေနဲ့ Pageကို Like & Follow လုပ်ထားရပါမယ်။
🥳2. နဝရတ်ဆေးဖြန့်ချိရေးPageတွင် Review ရေးထားသောPostကို Screenshot ရိုက်ပြီး Post အောက်တွင်
မန့်ပေးပါနော််။
🥳3. Original Post ကို Public နဲ့ Share ပေးရပါမယ်နော်။

အထက်ပါအချက်များနှင့်ပြည့်စုံပါက Review များထဲမှ NWR Admin Team၏ဆုံးဖြတ်ချက်နှင့်ညီသောReview ရေးသားသူ အယောက်50ကို လက်ဆောင်ပေးအပ်သွားမည် ဖြစ်ပါသည်။ 🎁

Review ရေးပေးသူတစ်ယောက်ချင်းစီတိုင်းကို
နဝရတ်မှ လှိုက်လှဲစွာကျေးဇူးတင်ရှိပါသည်။ 🤗


I remember all of you..I pray that everything will be fine...May my dear Phu Phu's fans live a healthy and happy life ev...
29/05/2023

I remember all of you..I pray that everything will be fine...May my dear Phu Phu's fans live a healthy and happy life every day... Dear customers.

ဆင်တုံးမနွယ်နဲ့ ကျန်းမာရေးဆင်တုံးမနွယ်ရဲ့ ပင်စည်ကိုရော အရွက်တွေကိုပါ ဆေးဝါးဖော်စပ်ဖို့ အသုံးပြုလို့ ရပါတယ်။ အာဟာရတန်ဖိုး...
04/03/2023

ဆင်တုံးမနွယ်နဲ့ ကျန်းမာရေး

ဆင်တုံးမနွယ်ရဲ့ ပင်စည်ကိုရော အရွက်တွေကိုပါ ဆေးဝါးဖော်စပ်ဖို့ အသုံးပြုလို့ ရပါတယ်။ အာဟာရတန်ဖိုးအနေနဲ့ ဆင်တုံးမနွယ်မှာ

* alkaloids
* glycosides
* steroidsနဲ့
* အခြား အကျိုးပြု ဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်

1. သွေးတွင်းသကြားဓာတ် ထိန်းညှိပေးတယ်

ဆင်တုံးမနွယ်က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး အင်ဆူလင် ထွက်ရှိမှုကို တိုးစေနိုင်ပါတယ်။ ဆီးချိုရှိသူတွေမှာလည်း ဆီးချိုကြောင့် ခံစားရနိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

2. ကိုယ်ခံအား တက်စေခြင်း

ဆင်တုံးမနွယ်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ကိုယ်ခံအား တက်စေဖို့ ထောက်ကူပေးပါတယ်။ အသည်းကျန်းမာစေသလို၊ နှလုံးရောဂါတွေ နဲ့ ဆီးလမ်းကြောင်း ပိုးဝင်တာကိုလည်း သက်သာစေနိုင်ပါတယ်။

3. အစာကြေစေခြင်း

အစာကြေချက်မှု ကောင်းစေပြီး အစာမကြေတာ၊ ဝမ်းပျက်တာ၊ လေထိုးလေအောင့်၊ အစာအိမ်အချဉ်ပေါက်တာ၊ အော့အန်တာမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

4. စိတ်ဖိစီးမှု ပြေလျော့စေခြင်း

ဆင်တုံးမနွယ်က စိတ်ဖိစီးမှုကို ပြေလျော့စေပြီး စိတ်ကို တည်ငြိမ်စေနိုင်ပါတယ်။ မှတ်ဉာဏ်ကောင်းစေပြီး သိမြင်မှုစွမ်းရည် တိုးတက်စေနိုင်ပါတယ်။

5. အဆစ်ရောင်တာကို သက်သာစေနိုင်ခြင်း

အရောင်ကျစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် အဆစ်ရောင်တာ၊ ဂေါက်ရောဂါ ရှိသူတွေအနေနဲ့ အဆစ်တွေ နာကျင်ကိုက်ခဲတာ သက်သာစေဖို့ ဆင်တုံးမနွယ် စားပေးလို့ ရပါတယ်။


6. အမြင်အာရုံ ကျန်းမာစေခြင်း

ဆင်တုံးမနွယ်ရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင် တစ်ခုကတော့ မျက်စိကို ကျန်းမာစေပြီး အမြင်အာရုံ ကောင်းစေတာပါ။ ဆင်တုံးမနွယ်ကို စားပေးလို့ရသလို အရွက်ကို ရေနွေးဖျောပြီး မျက်လုံးပေါ်မှာ ကပ်ပေးလို့လည်း ရပါတယ်။

7. အသက်ရှူလမ်းကြောင်း ကျန်းမာစေခြင်း

လေပြွန်ရောင်တာတွေကို သက်သာစေနိုင်သလို ပန်းနာရင်ကျပ် သက်သာစေနိုင်ပါတယ်။ အသက်ရှူလမ်းကြောင်း တလျှောက်က ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပါတယ်။

8. အသားအရေ ကျန်းမာစေခြင်း

ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်တာကြောင့် ဆင်တုံးမနွယ်က အသားအရေကို ကျန်းမာစေပြီး အရွယ်တင်နုပျိုစေနိုင်ပါတယ်။ သွေးစီးဆင်းမှု ကောင်းစေပြီး ကြည်လင်စိုပြေတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်စေမှာပါ။

သတိထားရမယ့် အချက်တွေကတော့

ဆီးချိုရှိသူတွေအနေနဲ့တော့ ဆီးချိုဆေးနဲ့ အတူ တွဲသောက်တာမျိုး မလုပ်သင့်ပါဘူး။ သွေးတွင်းသကြားဓာတ် အလွန်အကျွံ ကျဆင်းသွားနိုင်လို့ပါ။

ကိုယ်ခံအားကို လှုံ့ဆော်ပေးတာကြောင့် autoimmune diseases ရှိသူတွေမှာ ရောဂါလက္ခဏာ ပိုဆိုးသွားစေနိုင်ပါတယ်။

ရောဂါအခံရှိတဲ့သူတွေ၊ ဆေးသောက်နေတဲ့သူတွေရှိရင် ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။ သာမန်လူတွေအနေနဲ့လည်း အလွန်အကျွံမှီဝဲတာမျိုးကို ရှောင်သင့်ပါတယ်။
Credit:; hello sayarwon

💞သုခမြိုင် ဆေးဆိုင်💞

🕹️နွားထိုးကြီးမြို့၊အမှတ်၇ ရပ်ကွက်၊မြင်းခြံရေဝန်းလမ်း

0️⃣9️⃣4️⃣2️⃣0️⃣7️⃣2️⃣8️⃣7️⃣0️⃣9️⃣
0️⃣9️⃣7️⃣7️⃣4️⃣3️⃣0️⃣4️⃣8️⃣2️⃣6️⃣
We think about your happiness...
So One call does it all...

#ဆင်တုံးမနွယ်

ခရေ နဲ့ ကျန်းမာရေး အပင်ရဲ့ အခေါက်၊ အပွင့်နဲ့ အရွက်ကစလို့ အသီးပါမကျန် ဆေးဖက်ဝင်တဲ့ ခရေမှာ *  Sterols,* Tannins* D-Mannito...
25/02/2023

ခရေ နဲ့ ကျန်းမာရေး

အပင်ရဲ့ အခေါက်၊ အပွင့်နဲ့ အရွက်ကစလို့ အသီးပါမကျန် ဆေးဖက်ဝင်တဲ့ ခရေမှာ

* Sterols,
* Tannins
* D-Mannitol
* Beta sitosterol
* D- glucoside
* Pentacyclic triterpene acids
* Mimusops acid
* Spinasterol
* Taraxerol တို့ပါဝင်နေတာကြောင့် ကျန်းမာရေးကို များစွာ အထောက်ကူပေးပါတယ်။

( ၁ ) ဆီးချို သက်သာစေခြင်း

ခရေ ရဲ့ အစေ့က သွေးချိုကျစေနိုင်ပါတယ်။ အင်ဆူလင်ဟော်မုန်း ထွက်ရှိစေဖို့ လှုံ့ဆော်ပေးပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။ ဆီးချို ရှိသူတွေအတွက် အသုံးပြုပေးလို့ ရပါတယ်။

( ၂ ) အိပ်ပျော်စေခြင်း

ခရေ က ကောင်းကောင်းအိပ်ပျော်စေဖို့အတွက် စိတ်တည်ငြိမ်စေနိုင်တဲ့ မယ်လတိုနင် ဟော်မုန်း ထွက်ရှိစေဖို့ လှုံ့ဆော်ပေးပါတယ်။ အိပ်စက်မှု ဖြစ်စဉ်ကို မှန်ကန်စေပြီး ပြည့်ဝတဲ့ အိပ်စက်မှုကို ရရှိစေနိုင်ပါတယ်။

( ၃ ) လေဖြတ်နိုင်ခြေ လျှော့ချပေးခြင်း

ခရေက နှလုံးသွေးကြောတွေကို ကျန်းမာစေနိုင်ပါတယ်။ ခရေမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း တစ်မျိုးဖြစ်တဲ့ anthocyanin က သွေးထဲက အကျိုးမပြု ကိုလက်စထရောတွေကို ကျဆင်းစေနိုင်ပါတယ်။ သွေးပေါက်ချိန်ကိုလည်း ထိန်းညှိပေးပြီး သွေးကြောတွေကို သွေးစီးဆင်းမှု ကောင်းအောင် လုပ်ဆောင်ပေးပါတယ်။ လေမဖြတ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

( ၄ ) အစာခြေ စနစ်ကို ကောင်းမွန်စေခြင်း

ခရေသီးက အစာခြေစနစ်ကို ကျန်းမာစေပြီး အူမကြီးရဲ့ လုပ်ဆောင်မှုတွေကို ကောင်းမွန်စေနိုင်ပါတယ်။ ပွုမှန်လေး ထိုက်သင့်တဲ့ ပမာဏ စားသုံးပေးတာက အစာခြေစနစ်ပြဿနာ ကင်းစေမှာပါ။

( ၅ ) ဝိတ်ကျစေခြင်း

ကယ်လ်လိုရီ ပါဝင်မှု နည်းတဲ့ ခရေသီးက ဝိတ်ကျချင်သူတွေကို အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်စေနိုင်ပြီး ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။

( ၆ ) သွေးတိုးကျစေခြင်း

ခရေမှာ ပိုတက်ဆီယမ် ကြွယ်ဝတာကြောင့် ကိုယ်ထဲက ဆိုဒီယမ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ကိုယ်တွင်းမှာ ဆိုဒီယမ်နဲ့ ပိုတက်ဆီယမ် ပမာဏ မျှတအောင် ထိန်းပေးပြီး သွေးမတိုးစေဖို့ ထောက်ကူပေးပါတယ်။

( ၇ ) ကြွက်သားနာခြင်း

ခရေ ရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင်ကတော့ အရောင်ကျစေပြီး ကြွက်သားတွေ နာကျင်တာကို သက်သာစေနိုင်တာပါ။ အရေပြားပေါ်မှာ တိုက်ရိုက် အသုံးပြုပေးလို့လည်း ရပါတယ်။

( ၈ ) အဆစ်နာခြင်း

အဆစ်ရောင် ရောဂါ ခံစားနေရသူတွေအနေနဲ့ အဆစ်တွေ ကိုက်ခဲနာကျင်တာကို သက်သာစေဖို့ ခရေကို အသုံးပြုပေးလို့ ရပါတယ်။ အရိုးပွတာကြောင့် နာကျင်မှုတွေကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ရပါတယ်။

⚠️သတိပြုရန်⚠️

ဆီးချိုရှိသူတွေအနေနဲ့တော့ ဆီးချိုဆေးနဲ့ အတူ တွဲသောက်တာမျိုး မလုပ်သင့်ပါဘူး။ သွေးတွင်းသကြားဓာတ် အလွန်အကျွံ ကျဆင်းသွားနိုင်လို့ပါ။

အစာဓာတ်မတည့်မှု ဖြစ်စေနိုင်တာကြောင့် ဓာတ်မတည့်မှု ခံစားဖူးသူတွေအနေနဲ့ သတိထားဖို့ လိုပါမယ်။ သဘာဝဆေးဖက်ဝင်ဆိုပေမယ့် ဓာတုဗေဒနည်းအရ သန့်စင်ထားခြင်း မရှိရင် ခန္ဓာကိုယ်အတွက် အဆိပ်အတောက် ဖြစ်နိုင်တာကို သိထားရန် လိုအပ်ပါသည်။
Credit : Hello sayarwon

💞သုခမြိုင် ဆေးဆိုင်💞

🕹️နွားထိုးကြီးမြို့၊အမှတ်၇ ရပ်ကွက်၊မြင်းခြံရေဝန်းလမ်း

0️⃣9️⃣4️⃣2️⃣0️⃣7️⃣2️⃣8️⃣7️⃣0️⃣9️⃣
0️⃣9️⃣7️⃣7️⃣4️⃣3️⃣0️⃣4️⃣8️⃣2️⃣6️⃣
We think about your happiness...
So One call does it all...

#သဘာဝဆေးဘက်ဝင်အပင်များ
#ခရေ

Grovit Drop🧡ကလေးများအတွက် Grovit အားဆေးရည်ကို ဘာကြောင့်တိုက်ကျွေးသင့်တာလဲ?Grovit အားဆေးရည်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမ...
09/02/2023

Grovit Drop🧡
ကလေးများအတွက် Grovit အားဆေးရည်ကို ဘာကြောင့်တိုက်ကျွေးသင့်တာလဲ?

Grovit အားဆေးရည်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ ထုတ်ပြန်ထားတဲ့ ကလေးများအတွက် နေ့စဉ်လိုအပ်သော Vitamin ၁၀ မျိုးပါဝင် ပေါင်းစပ်ထားပါတယ်။

Grovit အရည်မှာ ပါဝင်တဲ့ Citrus Bioflavanoid က Vitamin C ရဲ့ အစွမ်းကို ပိုမိုထက်မြက်စေပြီး ကလေးများအတွက် ကိုယ်ခံစွမ်းအားကို ကောင်းမွန်စေတာကြောင့် အခုလို ရာသီအကူးအပြောင်းကာလတွေမှာ ကူးစက်ရောဂါတွေ မကြာခဏဝင်ရောက်ခြင်းမှ ကာကွယ်ပေးပါတယ်။

မေမေတို့ သားသားမီးမီးလေးတွေ အမြဲလန်းဆန်းကျန်းမာပြီး သွက်လက်တက်ကြွနေဖို့ဆို..
သန်စွမ်းကျန်းမာတဲ့ ခန္ဓာကိုယ်လေးရယ်၊ စိတ်ဖိစီးမှုကင်းဝေးဖို့ရယ်၊ ပြင်ပရောဂါပိုးတွေမဝင်နိုင်အောင်ရယ် ကာကွယ်ပေးထားဖို့လိုတယ်နော်

ဒါဆို မေမေတို့အနေနဲ့ ဘယ်လိုကာကွယ်ပေးနိုင်လဲဆိုရင်တော့..
Grovit လေး တစ်နေ့တစ်ကြိမ် မှန်မှန်တိုက်ကျွေးဖို့ပဲပေါ့

Grovit က
သားသားမီးမီးတို့
1. ဖွံဖြိုးကြီးထွားစေတဲ့ Vitamin A,
2. စိတ်ဖိစီးမှုကင်းဝေးပြီး ရွှင်လန်းတက်ကြွစေတဲ့ Vitamin B Complex,
3. ကိုယ်ခံအားမြှင့်တင်ပေးမယ့် Vitamin C,
4. အရိုးအဆစ်တွေသန်မာစေတဲ့ Vitamin D3,
5. အရေပြားကိုအစိုဓာတ်ပေးနိုင်တဲ့ Vitamin E,
6. အစာခြေစနစ်ကောင်းမွန်စေတဲ့ Nicotinamide,
7. ရောဂါပိုးတွေကနေကာကွယ်ပေးတဲ့ Dex-Panthenol

Grovit မှာ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်မျိုးစုံက သားသားမီးမီးတို့ ခန္ဓာကိုယ်ကြီးထွားဖို့၊ သွက်လက်ထက်မြက်ဖို့၊ အစာချေစနစ်ကောင်းဖို့နဲ့ ရောဂါပိုးတွေဝင်မလာဖို့ ထောက်ပံ့ပေးနိုင်ပါတယ်...

ဒါဆို ဒီနေ့လည်း မိမိတို့ရဲ့ ရင်သွေးလေးတွေကို Grovit လေး တိုက်ဖို့ မမေ့နဲ့ဦး..

📲 phone ဖြင့်ဆက်သွယ်မေးမြန်းမှာယူနိုင်သလို၊
👉 Page Messenger မှ တဆင့်လဲ မှာ ယူနိုင်ပါတယ် ခင်ဗျာ။

💞သုခမြိုင် ဆေးဆိုင်💞

🕹️နွားထိုးကြီးမြို့၊အမှတ်၇ ရပ်ကွက်၊မြင်းခြံရေဝန်းလမ်း

0️⃣9️⃣4️⃣2️⃣0️⃣7️⃣2️⃣8️⃣7️⃣0️⃣9️⃣
0️⃣9️⃣7️⃣7️⃣4️⃣3️⃣0️⃣4️⃣8️⃣2️⃣6️⃣
We think about your happiness...
So One call does it all...



#ကလေးအားဆေး

ကြိတ်မှန်ပင်အမာရွတ် သက်သာစေဖို့၊ ဆံပင်သန်စေဖို့၊ မျက်ခုံးမွေးနက်အောင်ဆိုပြီး အသုံးပြုကြတဲ့ ကြိတ်မှန်ရွက်ကဘယ်လိုများ ဆေးဖ...
08/02/2023

ကြိတ်မှန်ပင်

အမာရွတ် သက်သာစေဖို့၊ ဆံပင်သန်စေဖို့၊ မျက်ခုံးမွေးနက်အောင်ဆိုပြီး အသုံးပြုကြတဲ့ ကြိတ်မှန်ရွက်ကဘယ်လိုများ ဆေးဖက်ဝင်လဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်ဗျာ...

ကြိတ်မှန်တစ်ပင်လုံး ပဉ္စ ငါးပါးစလုံးက ဆေးဖက်ဝင်ပါတယ်... ကြိတ်မှန်ပင်ကို တိုင်းရင်းဆေးဝါးအနေနဲ့ အာရှဒေသမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာကတည်းက အသုံးပြုခဲ့ကြပါတယ်။ အထူးသဖြင့် ဆံသားနဲ့ အရေပြားအတွက် အသုံးပြုကြတာပါ။ အသည်းကျန်းမာစေဖို့ အသုံးပြုကြတာတွေလည်း ရှိပါတယ်။ နေကြာမျိုးရင်းပင် တစ်မျိုးဖြစ်ပြီး False Daisy လို့လည်း သိကြပါတယ်။ သိပ္ပံ နာမည်က Eclipta prostrata ပါ။

ကြိတ်မှန်ပင်ရဲ့ အသုံးဝင်ပုံများ

1. အသည်း ကျန်းမာစေတယ်
2. အစာအိမ် ကျန်းမာစေတယ်
3. ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တယ်
4. အူမကြီးရောင်တာကို သက်သာစေနိုင်တယ်
5. ဆံသားကျန်းမာစေတယ်
6. ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေတယ်
7. အသက်ရှူလမ်းကြောင်း ကျန်းမာစေတယ်
8. မျက်လုံးကျန်းမာစေတယ်
9. အသားအရေ ကျန်းမာစေတယ်

အသုံးပြုပုံများ

1. အသည်း ကျန်းမာစေတယ်

ကြိတ်မှန်ရွက်ကို အသည်းရောင်တာအတွက် အသုံးပြုကြပါတယ်။ အသည်းကျန်းမာစေပြီး အသည်းရဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပါတယ်။ အသည်းရောင်တာက နောက်ပိုင်းမှာ အသားတွေပါ ဝါလာစေပါတယ်။ ကြိန်မှန်ရွက်ကတော့ အသည်းကို ကျန်းမာစေဖို့ ထောက်ကူပေးနိုင်တဲ့လို့ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက ယုံကြည်ခဲ့ကြတာပါ။

2. အစာအိမ် ကျန်းမာစေတယ်

ကြိတ်မှန်ရွက်ရဲ့ ကျန်းမာရေး အာနိသင် တစ်ရပ်က အစာခြေစနစ် နဲ့ အစာအိမ်ကို ကျန်းမာစေတာပါ။ အစာမကြေတာ၊ ဝမ်းချုပ်တာတွေကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ ကြိတ်မှန်ရွက်မှာ အစာခြေစနစ်ကို ကျန်းမာစေတဲ့ အော်ဂဲနစ်ဒြပ်ပေါင်းများစွာ ပါဝင်နေပါတယ်။

3. ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တယ်

ကြိတ်မှန်ရွက် သတ္တုရည်က ကင်ဆာကုသမှုအတွက် အထောက်အကူပြုနိုင်ပါတယ်။ ကြိတ်မှန်ရွက်က ကင်ဆာဆဲလ်တွေ ပွားတာကို လျှော့ချပေးနိုင်ပြီး ကင်ဆာဆဲလ်တွေ ဖြစ်ပေါ်တာကို ဟန့်တားပေးပါတယ်။ ဆဲလ်တွေ ကွဲပွားတာ သန္ဓေပြောင်းတာတွေ မဖြစ်အောင် တားဆီးပေးပါတယ်။

4. အူမကြီးရောင်တာကို သက်သာစေနိုင်တယ်

ကြိတ်မှန်ရွက်ကို လိပ်ခေါင်းရောဂါ သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ အရောင်ကျစေနိုင်သလို အကိုက်အခဲ သက်သာစေနိုင်ပါတယ်။ လိပ်ခေါင်းကြောင့် နာကျင်ရောင်ရမ်းတာကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်

5. ဆံသားကျန်းမာစေတယ်

ဆံပင်ပါးတာ၊ ဦးရေပြား ဗောက်ထတာ၊ ဆံပင်ကျွတ်တာတွေကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဦးရေပြားကို အစိုဓာတ် ထိန်းပေးပြီး ဦးရေပြားခြောက်သွေ့မှု ကင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဆံပင်အသစ်ပေါက်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဆံပင်ကို အဖျားကနေ အရင်းအထိ အားဖြည့်ပေးပါတယ်။


6. ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေတယ်

ကြိတ်မှန်ရွက်မှာ ဘက်တီးရီးယားတွေ နဲ့ ပိုးမွှားတွေကို ဖယ်ရှားပေးနိုင်တဲ့ အာနိသင်တွေရှိပါတယ်။ ဆီးလမ်းကြောင်း ပိုးမဝင်အောင် ကာကွယ်ပေးနိုင်သလို ဆီးလမ်းကြောင်း ပိုးဝင်နေတာကိုလည်း ထိထိရောက်ရောက် သက်သာစေပါတယ်။ ဆီးအိမ် ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။


7. အသက်ရှူလမ်းကြောင်း ကျန်းမာစေတယ်

အသက်ရှူလမ်းကြောင်း ကျန်းမာရေးပြဿနာတွေ ဖြစ်ကြတဲ့ ချောင်းဆိုးတာလိုမျိုး ကျန်းမာရေးပြဿနာတွေ သက်သာစေဖို့လည်း ကြိတ်မှန်ရွက်ကို အသုံးပြုကြပါတယ်။ ဘက်တီးရီးယားတွေ ဝင်ရောက်ကူးစက်တာမျိုး မဖြစ်အောင် ထောက်ကူပေးပါတယ်။ အသက်ရှူလမ်းကြောင်းထဲက ချွဲသလိပ်တွေကို ဖယ်ရှားပေးပါတယ်။


8. မျက်လုံးကျန်းမာစေတယ်

ကယ်လ်ရိုတင်း ကြွယ်ဝစွာ ပါဝင်တာကြောင့် ကြိတ်မှန်ရွက်က မျက်လုံးတွေကို ကျန်းမာစေနိုင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာပါဝင်နေတာက မျက်လုံးကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ရေတိမ်ဖြစ်တာ၊ အတွင်းတိမ်ဖြစ်တာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အသက်အရွယ်ကြောင့် ဖြစ်တဲ့ အမြင်အာရုံ ပြဿနာတွေကို ကျန်းမာစေပါတယ်။


9. အသားအရေ ကျန်းမာစေတယ်

မီးပူလောင်၊ ဆီပူလောင်တာကြောင့် အရေပြားမှာ အမာရွတ် ကျန်းမာတွေကို သက်သာစေဖို့လည်း ကြိတ်မှန်ရွက် သတ္တုရည်ကို အသုံးပြုပေးလို့ ရပါတယ်။ အရေပြားပေါ်မှာ တိုက်ရိုက် အသုံးပြုပေးလို့ ရပါတယ်။

ဘေးထွက်ဆိုးကျိုး

ဘေးထွက်ဆိုးကျိုးရယ်လို့ ကြီးကြီးမားမား မရှိပါဘူး။ တစ်ခု သတိထားရမှာကတော့ အလွန်အကျွံ မသုံးဖို့ပါ။ အရင်က သုံးဖူးပြီး ဓာတ်မတည့်ပြဿနာဖြစ်ဖူးရင်လည်း ထပ်မသုံးသင့်ပါ။

သတိပြုရန်။ ။ ကြိတ်မှန်ရွက်ကို သောက်မယ်ဆိုရင်တော့ ရောဂါအခံရှိသူတွေ ကျန်းမာရေး ပြဿနာ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရမယ်။ ကိုယ်ဝန်ဆောင်ဖြစ်မယ်။ နို့တိုက်မိခင် ဖြစ်မယ်ဆိုရင် ဆရာဝန်နဲ့ အရင်တိုင်ပင်စေချင်ပါတယ်။

💞သုခမြိုင် ဆေးဆိုင်💞

🕹️နွားထိုးကြီးမြို့၊အမှတ်၇ ရပ်ကွက်၊မြင်းခြံရေဝန်းလမ်း

0️⃣9️⃣4️⃣2️⃣0️⃣7️⃣2️⃣8️⃣7️⃣0️⃣9️⃣
0️⃣9️⃣7️⃣7️⃣4️⃣3️⃣0️⃣4️⃣8️⃣2️⃣6️⃣
We think about your happiness...
So One call does it all...
#ကြိတ်မှန်ရွက်

( 10 )  Belax ( Bisacodyl  5 mg )bisacodyl ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။ * ...
06/02/2023

( 10 ) Belax ( Bisacodyl 5 mg )

bisacodyl ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။

* ဆေးပြား။ ၅ မီလီဂရမ်
* စအိုဆေးတောင့်။ ၅ မီလီဂရမ်၊ ၁၀ မီလီဂရမ်
* ဆေးရည်။ ၃၀ မီလီလီတာတွင် ၁၀ မီလီဂရမ်နှုန်း
Bisacodyl (Dulcolax®) ဟာ diphenylmethane derivative ဆေးအမျိုးအစားဖြစ်ပြီး အောက်ပါ အခြေအနေများအတွက် အများဆုံးအသုံးပြုကြသည်။

* ဝမ်းချုပ်ခြင်း
* ခွဲစိတ်မှုမပြုမီနှင့် ပြုပြီးချိန်တွင် အူမကြီးသန့်ရှင်းခြင်း
* အူမကြီး ဓါတ်မှန်ရိုက်ရန်ပြင်ဆင်ခြင်း
ဘေးထွက်ဆိုးကျိုးများ
* ဝမ်းဗိုက်အတွင်း မအီမသာဖြစ်ခြင်း၊ ပျို့ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဗိုက်အတွင်း ဆုပ်ဆွဲသလိုအောင့်ခြင်း၊ ကုသရန်ပေးသည့် ဆေးပမာဏနှင့်ပင် သတိလစ်တတ်ခြင်း
* ဝမ်းပျက်ခြင်း၊ အစာလမ်းကြောင်းတွင် ကသိကအောင့်ဖြစ်ခြင်း၊ အရည်နှင့် ဓါတ်ဆားများ ပျက်စီးခြင်း
* အစာအိမ်အောင့်ခြင်း၊ အူလမ်းကြောင်းတွင် ဆေးပြား၏ အပေါ်လွှာပျက်စီးသောအခါ ပျို့အန်တတ်ခြင်း
* အူမကြီးနံရံအမြှေးကို ပူလောင်စေပြီး စအို၀ အနည်းငယ်ရောင်ရမ်းခြင်း
* အသည်းအဆိပ်သင့်ခြင်း
အရွယ်ရောက်ပြီးသူတွေအတွက်
ဝမ်းချုပ်ခြင်းအတွက်

* သောက်ဆေး ဆေးပြား ၁ပြားမှ ၂ပြား (၅-၁၀ မီလီဂရမ်) ညနေပိုင်းသောက်ရန်။
* ၁၀ မီလီဂရမ် ဆေးပြား ၁ပြား နံနက်ပိုင်းတွင် စအိုတွင်းထည့်သွင်းရန်။ အများဆုံး ၅မီလီဂရမ် ဆေးပြား ၃ပြားမှ ၄ပြား

ဝမ်းချူရန်အတွက်

* ၅ မီလီဂရမ် ဆေးပြား ၂ပြား ညနေပိုင်းနှင့် ၁၀ မီလီဂရမ် ဆေးပြား ၁ပြား နံနက်ပိုင်း စအိုတွင်း ထည့်သွင်းရန်။

အူမလမ်းကြောင်း ဓါတ်မှန်ရိုက်ရန်

* ၅ မီလီဂရမ် ဆေးပြား ၂ပြား ညစဉ် ၂ညဆက်တိုက် (မရိုက်ကူးမီ
*
ကလေးတွေအတွက်
* ၁၀နှစ်အထက်ကလေးများ။ သောက်ဆေး ဆေးပြား ၁ပြားမှ ၂ပြား (၅-၁၀ မီလီဂရမ်) ညနေပိုင်းသောက်ရန်။ (သို့) ဆေးပြား ၁ပြား နံနက်ပိုင်းတွင် စအိုတွင်းထည့်သွင်းရန်။ အများဆုံး ၅မီလီဂရမ် ဆေးပြား ၃ပြားမှ ၄ပြား
* ၁၀နှစ်အောက်ကလေးများ။ သောက်ဆေး ဆေးပြား ၁ပြား (၅ မီလီဂရမ်) ညနေပိုင်းသောက်ရန်။ (သို့) ဆေးပြား ၁ပြား နံနက်ပိုင်းတွင် စအိုတွင်းထည့်သွင်းရန်။
* ၆နှစ်အောက်ကလေးများ။ သောက်ဆေး မသောက်ရပါ။ စအိုတွင်းထည့်သွင်းရန် ဆရာဝန်ညွှန်မှသာ လုပ်ဆောင်သင့်သည်။

📲 phone ဖြင့်ဆက်သွယ်မေးမြန်းမှာယူနိုင်သလို၊
👉 Page Messenger မှ တဆင့်လဲ မှာ ယူနိုင်ပါတယ် ခင်ဗျာ။

💞သုခမြိုင် ဆေးဆိုင်💞

🕹️နွားထိုးကြီးမြို့၊အမှတ်၇ ရပ်ကွက်၊မြင်းခြံရေဝန်းလမ်း

0️⃣9️⃣4️⃣2️⃣0️⃣7️⃣2️⃣8️⃣7️⃣0️⃣9️⃣
0️⃣9️⃣7️⃣7️⃣4️⃣3️⃣0️⃣4️⃣8️⃣2️⃣6️⃣
We think about your happiness...
So One call does it all...




#ဝမ်းချုပ်ခြင်း

( 9 ) Mybacin ThroatMybacin (မိုင်ဘေစင်)  မိုင်ဘေစင် ငုံဆေးကို လည်ချောင်းနာ၊ အာသီးရောင်၊ ချောင်းဆိုးတဲ့အခါ ရောဂါလက္ခဏာသက...
05/02/2023

( 9 ) Mybacin Throat

Mybacin (မိုင်ဘေစင်)

မိုင်ဘေစင် ငုံဆေးကို လည်ချောင်းနာ၊ အာသီးရောင်၊ ချောင်းဆိုးတဲ့အခါ ရောဂါလက္ခဏာသက်သာအောင် ငုံပေးလို့ရပါတယ်။ အပြင်ထွက်တဲ့အခါ ခံတွင်းနံ့လန်းဆန်းအောင်လည်း ငုံလို့ရသေးတယ်။

ဘယ်လိုသောက်ရလဲ ?
တစ်ခါငုံရင် တစ်လုံးမှ နှစ်လုံးကို (၃) နာရီခြားတစ်ခါ ရောဂါလက္ခဏာသက်သာတဲ့အထိ ငုံနိုင်ပါတယ်။
အသက်ဘယ်လောက်က စသောက်လို့ရလဲ
ငုံဆေးကိုကောင်းကောင်းစငုံတတ်တဲ့ အသက် (၄) နှစ်လောက်ကစပြီး ငုံနိုင်ပါတယ်။
တစ်ထုပ်မှာ (၁၀) လုံးပါဝင်ပါတယ်...

📲 phone ဖြင့်ဆက်သွယ်မေးမြန်းမှာယူနိုင်သလို၊
👉 Page Messenger မှ တဆင့်လဲ မှာ ယူနိုင်ပါတယ် ခင်ဗျာ။

💞သုခမြိုင် ဆေးဆိုင်💞

🕹️နွားထိုးကြီးမြို့၊အမှတ်၇ ရပ်ကွက်၊မြင်းခြံရေဝန်းလမ်း

0️⃣9️⃣4️⃣2️⃣0️⃣7️⃣2️⃣8️⃣7️⃣0️⃣9️⃣
0️⃣9️⃣7️⃣7️⃣4️⃣3️⃣0️⃣4️⃣8️⃣2️⃣6️⃣
We think about your happiness...
So One call does it all...


'


( 8 ) Diclo Gel Cream* အလေးချိန် - ၃၀ ဂရမ်* ပါဝင်သောဆေးပစ္စည်းများ - Diclofenac ၁၀ မီလီဂရမ်* သုံးစွဲရန်အညွှန်း - ရောင်ရမ...
04/02/2023

( 8 ) Diclo Gel Cream

* အလေးချိန် - ၃၀ ဂရမ်
* ပါဝင်သောဆေးပစ္စည်းများ - Diclofenac ၁၀ မီလီဂရမ်
* သုံးစွဲရန်အညွှန်း - ရောင်ရမ်းနာကျင်ကိုက်ခဲခြင်း၊ အကြောညပ်ခြင်း၊ ခါးနာခြင်း၊ ဇက်ကြောတက်ခြင်း။
* သုံးစွဲရန်ဆေးပမာဏ - လိုအပ်သလို အသုံးပြုနိုင်ပါသည်၊၊
* ဘေးထွက်ဆိုးကျိုးများ - ဆေးညွှန်းအတိုင်းအသုံးပြုလျှင်ဘေးထွက်ဆိုးကျိုးနည်းပါသည်။

📲 phone ဖြင့်ဆက်သွယ်မေးမြန်းမှာယူနိုင်သလို၊
👉 Page Messenger မှ တဆင့်လဲ မှာ ယူနိုင်ပါတယ် ခင်ဗျာ။

💞သုခမြိုင် ဆေးဆိုင်💞

🕹️နွားထိုးကြီးမြို့၊အမှတ်၇ ရပ်ကွက်၊မြင်းခြံရေဝန်းလမ်း

0️⃣9️⃣4️⃣2️⃣0️⃣7️⃣2️⃣8️⃣7️⃣0️⃣9️⃣
0️⃣9️⃣7️⃣7️⃣4️⃣3️⃣0️⃣4️⃣8️⃣2️⃣6️⃣
We think about your happiness...
So One call does it all...


Address

Natogyi
05261

Telephone

+959774304826

Website

Alerts

Be the first to know and let us send you an email when Thuka Myaing Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Thuka Myaing Pharmacy:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram