Aung Thiri Pharmacy

Aung Thiri Pharmacy medicine and health

  ( #ကလေးလေနိုင်ဆေး)ဒီဆေးက ကလေးငယ်တွေမှာ အဖြစ်များတဲ့ အစာမကြေခြင်း၊ ဗိုက်အောင့်ဗိုက်နာ၊လေပွ လေထိုးခြင်း စတဲ့ အခြေအနေမှာသ...
27/11/2023

( #ကလေးလေနိုင်ဆေး)

ဒီဆေးက ကလေးငယ်တွေမှာ အဖြစ်များတဲ့

အစာမကြေခြင်း၊
ဗိုက်အောင့်ဗိုက်နာ၊
လေပွ လေထိုးခြင်း
စတဲ့ အခြေအနေမှာသုံးတဲ့ဆေးလေးပါ။

တနည်းအိမ်သုံးဆေးပါ နို့စို့အရွယ်ကလေး ရှိရင် ဝယ်ပြီးဆောင်ထားသင့်ပါတယ်။

ဘာတွေနဲ့ဖွဲသည်းထားလဲ

bicarbonate......0.05g
oil................................0.0036 ml
ဆိုပြီးဆေးနှစ်မျိုးပါဝင်ပါတယ်

Sodium bicarbonate (ဆိုဒီယမ် ဘိုင်ကာဗွန်နိတ်)

ဒီဆေးက အိမ်ရှင်မတွေသိပြီးသားဆေးပါ

ဆော်ဒါ လို့ခေါ်တဲ့ ကြွတ်ရွဆေးပါ

ပေါင်မုန့်၊ကိတ်မုန့် အီကြာကွေး စတဲ့
ပွရွနေတဲ့မုန့်တွေဟာ
သူ့ရဲ့ တန်ခိုးကြောင့်ပါ။

သူ့အာနိသင်က အစာအိမ်ထဲက
အက်စစ်ကို အယ်ကာလိုင်းဖက်ရောက်အောင်
လုပ်ပေးခြင်းဖြင့် အစာမကြေ ရင်ပြည့်တာ ဝမ်းဖောတာတွေကိုသက်သာစေပါတယ်။

ဒီနေရာမှာဘာကြောင့် လေပွ ဗိုက်အောင့်
ဝမ်း‌ဖောဖြစ်ရတာလဲဆိုတာလေး
အနည်းငယ်သိဖို့လိုပါလိမ့်မယ်

လူရဲ့အစာအိမ် နံရံ ကနေ ဟိုက်ဒရို ကလိုရစ် အက်စစ်
ကို
အစာခြေဖို့ သဘာဝအားဖြင့်စစ်ထုတ်ပါတယ်

အဲ့ဒီစစ်ထုတ်လိုက်တဲ့ အက်စစ် က ပုံမှန်အားဖြင့်တော့
3.5က‌‌နေ5.5ph အတွင်းရှိပါတယ်

အဲ့ဒီထုတ်လိုက်တဲ့အက်စစ်ဓာတ်က
ပြင်းအားများနေရင်
ဒါမှမဟုတ်
လိုအပ်တဲ့ပမာဏထက် ပိုထုတ်နေရင်
ဗိုက်နာတာ အစာမကြေတာ မျိုးဖြစ်တတ်ပါတယ်

အဲ့ဒီအက်စစ်ကနေပဲ ဟိုက်ဒရိုဂျင်က
gas (လေ)အဖြစ်ပြောင်းသွားရင် ဗိုက်ဖောပြီး
နေရခက်လာပါတယ် လေတက် တယ်ပေါ့

လေတက်လာရင် အာခေါင်ထဲ အရည်လေးနည်းနည်းရောက်လာရင်ကြုံဖူးပါ‌လိမ့်မယ်
ချဉ်ချဉ် အရသာလေး
အဲ့ဒါ ဟိုက်ဒရိုကလိုရစ်အက်စစ်ရဲ့အရသာပါပဲ

Sodium bicarbonate က သောက်လိုက်ရင် အစာအိမ်
ထဲက အက်စစ်ပြင်းအားကိုလျော့ချလိုက်ပါတယ် အဲ့ဒီနည်းနဲ့သက်သာတာပါ။

oil

ဇီယာ အဆီပါ

ဇီယာကို အစာအိမ်ဆေးအနေနဲ့ လူတွေ အသုံးပြုလာတာ
နှစ်ပေါင်း ၂၀၀၀ကျော်ပါပြီ။

မြန်မာတိုင်းရင်းဆေးတွေမှာလဲ
အစာအိမ်ဆေးဆိုရင်
ဖတ်ကြည့်လိုက်ပါ ဇီယာ ကမပါမဖြစ်ပါပါတယ်။

သူရဲ့အာနိသင်က လေ(gas)အဖြစ် ပြောင်းလဲလာတဲ့
ဟိုက်ဒရိုဂျင်ကို ထိန်းချုပ်နိုင်ပါတယ်

ဟိုက်ဒရိုဂျင်ရဲ့သဘာဝ ပေါ့လို့အပေါ်ကိုတက်ပါတယ်(လေအန်တယ်ပေါ့)

သူကိုအဲ့ကောင်နဲ့ပေါင်းပြီးရင် အောက်ကိုစုံအောင်လုပ်ပေးလို့
လေလည်(ဗွတ်) ကာ ဝမ်းကို သက်သာချောင်ချိစေပါတယ်
သူကလဲ အက်စစ် ကို အယ်ကာလီ ဖက်ရောင်အောင် လုပ်ပေးနိုင်ပါတယ်

ကလေးနို့တိုက်ပြီး ရင်
ကလေးရဲ့ အစာအိမ်ထဲမှာလေတွေရှိနေတတ်ပါတယ်

သူမျိုချလိုက်တာ နို့ရည်ရော လေရော
နှစ်မျိုးစလုံးပါ

အဲ့ဒီလေကိုထုတ်ပေးပါ
မထုတ်ပေးပဲ ကလေးဗိုက် ‌ဖေါင်းနေတာ ကယ်နေတာကို ဒီဆေးနဲ့မဖြေရှင်းမိပါ‌စေနဲ့

ကလေးတကယ် လေပွနေတာလား
နို့စို့တုန်းကပါသွားတဲ့လေတွေလားဆိုတာ
ကိုတော့ ကွဲကွဲပြားပြားသိပါစေ

နို့တိုက်လို့ပြီးတာနဲ့ နာနာကစ် တစ်ဇွန် တန်းတိုက်လိုက်တာမျိုးမလုပ်ပါနဲ့
အလွယ်လိုက်တတ်တဲ့မိခင်တွေကိုပြောတာပါ


အောင်သီရိဆေးဆိုင်
မန္တလေး-လားရှိုးလမ်းဘေး
ပြည်သူ့ဆေးရုံအနီး
နောင်ချိုမြို့။


ကံထူးသူလေးပါနောက်လူတွေ လည်း နောက်တခါကံကောင်းြကပါစေ
15/06/2023

ကံထူးသူလေးပါ

နောက်လူတွေ လည်း နောက်တခါကံကောင်းြကပါစေ

02/04/2023

နောင်ချိုမြို့အောင်သီရိဆေးဆိုင်မှကြိုဆိုပါတယ်ရှင် welcome to aungthiri Pharmacy at naunghkio
Tq so much all customer

ဒီဆေးကတော့အရေးပေါ်တားဆေး Emergency Contraception ဆေးတမျိုးပဲဖြစ်ပါတယ်။ဆေးအမည်နှင့်ပါ၀င်မှု့********************Generic N...
18/03/2023

ဒီဆေးကတော့အရေးပေါ်တားဆေး
Emergency Contraception ဆေးတမျိုးပဲဖြစ်ပါတယ်။

ဆေးအမည်နှင့်ပါ၀င်မှု့
********************
Generic Name: Levonorgestrel (လီဗိုနိုဂျက်စတရယ်)
ပါ၀င်မှု့။0.75mg
အသုံးပြုပုံ
===========
အကာအကွယ်မဲ့ လိင်ဆက်ဆံပြီးနောက် သို့မဟုတ်
အခြားသော သားဆက်ခြားနည်းလမ်းတခု အဆင်မပြေဖြစ်ခြင်း (ဥပမာ ။ ။ ကွန်ဒုံးပေါက်ခြင်း) စသည့် အခြေအနေများတွင် အရေးပေါ် ပဋိသန္ဓေတားရန်အတွက် အသုံးပြုသည်။ progestin ဟော်မုန်းတမျိုးဖြစ်သော levonogestrel သည် အောက်ပါအချက်နည်းလမ်းနှစ်သွယ်ဖြင့် ကိုယ်ဝန်မရှိစေရန် တားဆီးပေးသည်။
၁။မိန်းမကိုယ်အတွင်းရှိ အကျိအချွဲများကို ပိုထူအောင်လုပ်ပေးခြင်းအားဖြင့် သုတ်ပိုးများမှာ မမျိုးဥဆီမရောက်နိုင်တော့သဖြင့် မျိုးအောင်ခြင်းဖြစ်စဉ် ဆက်လက်မဖြစ်ပေါ်နိုင်ခြင်း။
၂။သားအိမ်နံရံဆီသို့ မျိုးအောင်ပြီးသား ဥလေး လာရောက်မကပ်တွယ်နိုင်အောင် လုပ်ပေးခြင်း စသည်တို့ ဖြစ်ကြပါသည်။
ဆေးသည် ရှိပြီးသား ကိုယ်ဝန်အား တားဆီးပေးမည်မဟုတ်သကဲ့သို့ သင်နှင့် သင့်အဖော်အား လိင်မှတဆင့် ကူးစက်သော ရောဂါများဖြစ်သည့် HIV၊ဆီးပူညောင်းကျ၊ကာလသားအစရှိသည်တို့ကို ကာကွယ်မပေးနိုင်ကြောင်းသိထားရမည်။lဆေးသည် ကိုယ်အလေးချိန် ၁၆၄ ပေါင် သို့မဟုတ် ၇၄ကီလိုထက်များသည့် အမျိုးသမီးများတွင် ကောင်းစွာ အာနိသင်ပြမည်မဟုတ်ပေ။ l
ezee2 နှင့် lydiaသည် အရေးပေါ် ပဋိသန္ဓေတားဆေးဖြစ်သဖြင့် ပုံမှန် ပဋိသန္ဓေတားဆေး အဖြစ် မသုံးရပါ။

သောက်သုံးရန်အညွှန်း
============

အကာအကွယ်မဲ့ လိင်ဆက်ဆံပြီးနောက် သို့မဟုတ်
လက်ရှိသုံးစွဲနေသော သားဆက်ခြားနည်းလမ်း
မအောင်မြင်ဟု သိလျှင်/သံသယရှိလျှင် ၇၂နာရီအတွင်း
ဆေးတပြားသောက်ရပါမည်။အကာအကွယ်မဲ့ လိင်ဆက်
ဆံပြီးနောက် စောစောသောက်လေ အာနိသင် အစွမ်း
ထက်လေဖြစ်ပါသည်။ပထမ ဆေးပြားသောက်ပြီး ၁၂နာရီအကြာတွင် ဒုတိယဆေးပြားကို သောက်ရပါမည်။ အခြားနည်း တမျိုးမှာ ဓမ္မတာလာနေစဉ်အတွင်း မည်သည့်ရက်တွင်မဆို သောက်ရပါမည်။
အကယ်၍ ပထမဆေးလုံး သို့မဟုတ် ဒုတိယ ဆေးလုံးသောက်အပြီး ၂နာရီအတွင်း အန်လျှင် ထပ်မံ၍ သောက်ကောင်းသောက်ရပါမည်။
ဆေးကို အကာအကွယ်မဲ့လိင်ဆက်ဆံပြီးလျှင်ပြီးချင်း တတ်နိုင်သမျှ အမြန်ဆုံးသောက်ပါ။သုံးစွဲရန် လမ်းညွှန်ချက်သည် ဆေးအမှတ်တံဆိပ်အပေါ်မူတည်ပါသည်။ထို့ကြောင့် သင့်အနေဖြင့် မရှင်းလင်းသည်များရှိပါက ဆေးအညွှန်းကို သေချာစွာ ဖတ်ရှုနိုင်သလို ဆရာဝန်အားလည်း မေးမြန်းနိုင်သည်။အများအားဖြင့် ဆေး၂လုံး လုံးကို တခါတည်း သို့မဟုတ် ၁၂နာရီခြားပြီး သောက်ရသည်။ အစာရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သောက်နိုင်သည်။အကာအကွယ်မဲ့ လိင်ဆက်ဆံအပြီး ၇၂နာရီအတွင်း သောက်ပါက ဆေး ၏ အာနိသင်အကောင်းဆုံးပြမည်ဖြစ်သည်။
အကယ်၍ ဆေးသောက်ပြီး ၂နာရီအတွင်း အန်ပါက တဖန်ပြန်သောက်ရန်လိုမလိုကို ဆရာဝန်အား မေးမြန်းပါ။ သောက်ပြီးနောက် ဓမ္မတာမမှန်ခြင်း၊သွေးဆင်းသော ပမာဏမမှန်ခြင်း စသည်တို့ဖြစ်တတ်ပါသည်။အကယ်၍ ပုံမှန် ဓမ္မတာလာရက်ထက် ၇ရကျခနျ့ နောက်ကျနေပါက ကိုယ်ဝန်ရှိနေခြင်း ဖြစ်နိုင်၍ ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။

ဘေးထွက်ဆိုးကျိုးများ

အင်ပြင်များထွက်ခြင်း၊အသက်ရှုရ ခက်ခဲလာခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာ သို့မဟုတ် လည်ချောင်းတို့ ရောင်ရမ်းခြင်း အစရှိသော ဓာတ်မတည့်သည့် လက္ခဏာများ ခံစားလာရပါက အရေးပေါ်ကုသမှုကို ခံယူရပါမည်။
ဗိုက်အောက်ပိုင်း သို့မဟုတ် ဘေးဘက်တွင် ပြင်းထန်စွာနာကျင်ပါက သားဥအိမ်တွင် သန္ဓေတည်ခြင်းဖြစ်နိုင်သဖြင့် ဆရာဝန်နှင့် အမြန်ဆုံးပြသပါ။သားဥအိမ်တွင် သန္ဓေတည်ခြင်းသည် အရေးပေါ် အခြေအနေဖြစ်ပါသည်။
သာမန်ဘေးထွက်လက္ခဏာများမှာ
-ပျို့အန်ခြင်း၊ဝမ်းလျှောခြင်း၊ဗိုက်နာ/အောင့်ခြင်း၊မူးဝေထိုင်းမှိုင်းခြင်း၊ပင်ပန်းနွမ်းနယ်ခြင်း၊ရင်သားနာခြင်း၊တင်းခြင်း၊ ဓမ္မတာမမှန်ခြင်း သို့မဟုတ် ခေါင်းကိုက်ခြင်း။
ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါ၀င်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။

ကြိုတင်သတိပြုရန်နှင့် အသိပေးချက်များ
-------------------------------------------------

*ဆေးကို မသောက်သုံးမီ*
ဆေးပြားတွင်ပါဝင်သော အရာများနှင့် ဓာတ်မတည့်ခြင်းများ ရှိပါက ဆရာဝန်ကို ကြိုပြောပါ။
-သင်လက်ရှိ သုံးစွဲနေသော ဆေးများ သို့မဟုတ် သုံးစွဲရန် အစီအစဉ်ရှိသည့် ဆေးများ (ဆရာဝန်ညွှန်ကြားသည့်ဆေး၊ မိမိဖာသာ သောက်သည့်ဆေး၊ဗီတာမင်အားဆေး၊သဘာဝအားဖြည့်ပစ္စည်းများ အားလုံးပါဝင်သည်)ကို သင့်ဆရာဝန်အား သေချာစွာ ပြောပြပါ။အောက်ပါ ဆေးများကို သုံးစွဲနေပါက ဆရာဝန်ကို မမေ့မလျော့ ပြောပြပါ။
barbiturates such as phenobarbital or secobarbital
(seconal); bosentan (tracleer); griseofulvin (fulvicin-u/f, grifulvin v, gris-peg); certain
levonorgestrel used to treat human immunodeficiency virus (hiv) or acquired
immunodeficiency syndrome (aids) including amprenavir (agenerase), delavirdine
(rescriptor), efavirenz (sustiva), etravirine (intelence), fosamprenavir (lexiva),
nelfinavir (viracept), nevirapine (viramune), ritonavir (norvir, in kaletra), and
saquinavir (invirase); certain levonorgestrel for seizures such as carbamazepine
(equetro, tegretol), felbamate (felbatol), oxcarbazepine (trileptal), phenytoin (dilantin,
phenytek), and topiramate (topamax); and rifampin (rifadin, rimactane).
အဆိုပါဆေးများနှင့် အတူတကွသုံးစွဲပါက ဆေး ၏ အာနိသင်ကို လျော့ကျစေခြင်း၊ ဘေးထွက်ဆိုးကျိုးများကို ပိုဖြစ်စေခြင်း စသည်တို့ ဖြစ်ပေါ်နိုင်ပါသည်။
-ရောဂါတခုခုရှိလျှင် သို့မဟုတ် ဖြစ်ဖူးလျှင် ဆရာဝန်ကို ပြောပြပါ။
-ကိုယ်ဝန်ရှိနေလျှင် ဆရာဝန်ကို ပြောပြပါ။ဆေးသည် ရှိပြီးသား ကိုယ်ဝန်အား တားဆီးပေးမည်မဟုတ်၍ မူလကတည်းက ကိုယ်ဝန်ရှိနေလျှင် ကို မသုံးစွဲရပါ။
-မိခင်နို့တိုက်ကျွေးနေလျှင် ဆရာဝန်ကို ပြောပြပါ။
-ဆေး ကို သောက်ပြီးနောက် ပထမဆုံးလာသည့် ဓမ္မတာသည် တပတ်ခန့်နောက်ကျခြင်း သို့မဟုတ် စောခြင်းများ ဖြစ်လေ့ရှိပါသည်။ တပတ်ထက် ပို၍နောက်ကျလျှင် ကိုယ်ဝန်ရှိနေခြင်း ဖြစ်နိုင်သဖြင့် သင့်ဆရာဝန်ကို အသိပေးပါ။ကိုယ်ဝန်ဟုတ်မဟုတ် စစ်ဆေးရန်လိုအပ်မည် ဖြစ်ပါသည်။

ဆေးဓာတ်ပြုမှုများ
==========

မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာ၀န်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်၀င်ပစ္စည်းတွေအားလုံးပါ၀င်ပါတယ်) ဆရာ၀န် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာ၀န်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။အထူးသဖြင့်
Bosentan, griseofulvin, insulin, St. John& #39;s wort, topiramate;
A barbiturate butabarbital, phenobarbital, secobarbital, and others; a blood thinner
warfarin, Coumadin; HIV/AIDS levonorgestrel efavirenz, nevirapine, ritonavir; seizure
levonorgestrel carbamazepine, fosphenytoin, oxcarbazepine, phenobarbital,phenytoin, primidone; steroids prednisone, fluticasone, mometasone, dexamethasone,and others; tuberculosis levonorgestrel rifabutin, rifampin, rifapentine.
စသည့်ဆေးများနှင့်အသုံးမပြုသင့်ပါ။
credit

💁‍♀️ဆီးချိုကျဆေး "Metformin "မတ်ဖော်မင်အကြောင်း✅✅✅====================================💁‍♀️Metformin ဆိုတာ ဘာလဲ❓✅ ဆီးချို...
18/03/2023

💁‍♀️ဆီးချိုကျဆေး "Metformin "မတ်ဖော်မင်အကြောင်း✅✅✅
====================================

💁‍♀️Metformin ဆိုတာ ဘာလဲ❓

✅ ဆီးချိုရောဂါမှာ သွေးထဲက သကြားဓာတ်ကို ချဖို့ရာ အဓိကသုံးတဲ့ ဆေးဖြစ်ပါတယ်။ ................................................................
💁‍♀️Metformin က ခန္ဓာကိုယ်ထဲမှာ ဘယ်လိုအလုပ်လုပ်လဲ ❓

✅ သွေးထဲ သကြားဓာတ်ကို ကျအောင် လုပ်ပေးပါတယ် ။ ဘယ်လို နည်းတွေနဲ့လဲဆိုတော့
(၁) အသည်းက ဂလူးကိုစ့် ထုတ်လုပ်မှုကို နည်းစေပြီး သွေးထဲကို ဂလူးကို့စ် အရောက်နည်းစေတဲ့နည်း
(၂)ကြွက်သားတွေကနေ ဂလူးကိုစ့်ကို ပိုပြီး အသုံးပြုအောင် လုပ်တဲ့နည်း တို့ဖြစ်ပါတယ်။................................................................
💁‍♀️Metformin သောက်ဖို့ ဘာလို့အရေးကြီးလည်း ❓

✅ Metformin သောက်လို့ ဆီးချိုရောဂါပျောက်သွားတာမဟုတ်ပါဖူး။ သွေးတွင်း သကြားဓာတ်ကိုပဲထိန်းပေးတာဖြစ်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးပြီး ဆီးချိုနောက်ဆက်တွဲပြဿနာတွေကို ကာကွယ်ပေးတာ ဖြစ်ပါတယ်။
ဆီးချိုဖြစ်တဲ့အခါ သွေးတွင်းသကြားဓာတ် လိုအပ်တာထက် ပိုများတာကြောင့် ခန္ဒာကိုယ်တခုလုံးက အာရုံကြောတွေသွေးကြောတွေ ပျက်စီးပါတယ်။ လေဖြတ်တာ ၊ နှလုံးသွေးကြောပိတ်တာ ၊ မျက်လုံး ၊ ကျောက်ကပ် ၊ ခြေထောက်ပြဿနာတွေ ဖြစ်လေ့ရှိပါတယ်။ ................................................................
💁‍♀️Metformin ကြောင့် သွေးချိုဓာတ် ထိုးကျတတ်လား ?

✅ Metformin တစ်မျိုးထဲသောက်ရင် သွေးချိုဓာတ်ထိုးကျလေ့မရှိပါဖူး ။ အခြား သွေးချိုကျဆေးတွေနဲ့ တွဲသောက်ရင်တော့ သွေးချိုကျတတ်လို့ သတိထားရပါတယ်။ အထူးသဖြင့် အစာနည်းတဲ့အချိန် ၊ လေ့ကျင့်ခန်းများများလုပ်မိတဲ့အချိန် တွေမှာ ပိုဖြစ်တတ်ပါတယ်။ ................................................................
💁‍♀️Metformin သောက်နေရင်း သတိထားစရာတွေရှိလား ❓

✅ သွေးချိုမကျလို့ ဆေးကိုမရပ်ပစ်ပါနဲ့။ ဆေးအာနိသင် အပြည့်ရဖို့ ၃ ပတ် - ၄ ပတ်လောက်အထိ ကြာတတ်ပါတယ်။

✅ နေကောင်းသွားလို့ ဆေးကို ရပ်လို့မရပါဖူး။ နေအမြဲကောင်းနေဖို့ ဆေးကို အမြဲသောက်နေရပါမယ်။

✅ဆေးသောက်ဖို့ မေ့သွားရင် သတိရရခြင်း သောက်ပေးပါ။ ဆေးနောက်တစ်ကြိမ်သောက်ချိန်ထိကြာသွားရင်တော့ ပုံမှန်သောက်ရမယ့်ဆေးကိုပဲသောက်ပါ။ နှစ်ကြိမ်စာပေါင်းပြီး နှစ်လုံးမသောက်သင့်ပါ။

✅ အနောက်မှာ MR , SR တို့ပါတဲ့ metformin တွေရှိပါတယ်။ ဥပမာ Panfor SR ။ အခုလိုဆေးတွေဆိုရင် နှစ်ပိုင်း ချိုးပြီး သောက်လို့မရပါဖူး။

✅ သာမန် ဖျားနာ နေမကောင်းရင်လဲ ဆေးကို ဆက်သောက်လို့ရပါတယ်။ ဆိုးဆိုးရွားရွား ကျန်းမာရေးမကောင်းဖြစ်တဲ့အချိန်မျိုး ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။................................................................
💁‍♀️Metformin ဆီးချိုဆေးကို အစာစားပြီးမှ သောက်ရလား။မစားခင် သောက်ရတာလား

✅ Metformin ကို ကျတော့ အစာစားပြီးမှသောက်သင့်တယ်။ လုံးဝသောက်ရမယ်လို့ မဆိုလိုဘူး။ အစာမစားခင် သောက်မယ်ဆိုလည်း ရတယ်။ ဒါပေမဲ့ သွေးတွင်းသကြားဓာတ်အနည်းငယ်ကျဆင်းနိုင်တဲ့ အန္တာရာယ်ရှိတယ်။ အခြားဆီးချိုဆေးများနဲ့တွဲသောက်ရင် ဆီးချိုပိုကျတတ်တယ်။ဒါ့အပြင် အစာစားပြီးမှသောက်သင့်တဲ့အချက်တစ်ခုက ဆေးသည် အစာအိမ်အူလမ်းကြောင်းကို ထိခိုက်စေပြီး ပျို့အန်၊ဝမ်းလျော၊လေပွ ဖြစ်တတ်လို့ ဖြစ်တယ်။
အစာစားပြီးမှာ ဆေးကို သောက်တဲ့အခါမှာ အဲလို ဘေးထွက်ဆိုးကျိုးတွေသက်သာသွားတယ်။ ဒါကြောင့် Metformin ကို စားပြီးမှ သောက်ကြပါ။ ................................................................
💁‍♀️Metformin ရဲ့ ဘေးထွက်ဆိုးကျိုးဘာတွေရှိလဲ❓

✅ အဖြစ်အများဆုံးကတော့ ပျို့တာ ၊ လေပွတာ ၊ ဝမ်းသွားတာ ၊ ဗိုက်အောင့်တာ တို့ပါပဲ။ ဆေးကို တဖြည်းဖြည်းသောက်ရင် ဒီလက္ခဏာတွေ သက်သာသွားလေ့ရှိပါတယ်။ အခုလိုမဖြစ်ရအောင် စားသောက်ပြီးမှာ metformin ကို သောက်ပေးသင့်ပါတယ်။

အချိန်ကြာကြာသောက်ရင် ခန္ဒာကိုယ်ထဲမှာ B12 ဓာတ်နည်းတတ်ပါတယ်။ ဆရာဝန်က လိုအပ်သလိုစစ်ဆေးပြီး လိုအပ်ရင် B12 အားဖြည့်ဆေးတွေပေးပါလိမ့်မယ်။

အသည်း၊ ကျောက်ကပ် မကောင်းတဲ့ လူနာတွေ အနေနဲ့ မသောက်ခင်မှာ ဆရာဝန်နဲ့ သေချာတိုင်ပင်သင့်ပါတယ်။ ................................................................
💁‍♀️Metformin ကြာကြာသောက်ရင် ကျောက်ကပ်ပျက်စီး တတ်တယ်ဆိုတာ ဟုတ်လား ❓

✅ Metformin သောက်တာကြောင့် ကျောက်ကပ်ပျက်စီးတာမျိုးလုံးဝ မရှိပါဖူး။
.............................................................................................
ဆေးလိုချင်သူများ Chat Box or Ph ကို တိုက်ရိုက်ဆက်သွယ်ပီး အမှာစာရင်းတင်ပေးပါရှင့်။

◾️ဆေးဆိုင်ဖွင့်ချိန်◾️

⏰မနက်(၆)နာရီမှ ည(၈)ထိ.............................................................................................
အောင်သီရိဆေးဆိုင်
မန္တလေး-လားရှိုးလမ်းဘေး
ပြည်သူ့ဆေးရုံအနီး
နောင်ချိုမြို့။

💖ဝယ်ယူအားပေးမှုများကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်။💖

နှစ်သစ်မှာ ခုနှစ်ရက်သားသမီးအပေါင်းနိုးထသော မနက်ခင်းတိုင်းမှစ၍မင်္ဂလာရှိသော ၊ဘေးကင်းသောနေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေေ...
12/04/2022

နှစ်သစ်မှာ ခုနှစ်ရက်သားသမီးအပေါင်း
နိုးထသော မနက်ခင်းတိုင်းမှစ၍
မင်္ဂလာရှိသော ၊ဘေးကင်းသော
နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေသော်။🙏

Pharmacy

ဆီးချိုသမားများ အထူး သတိထားရမည့် အချက်များနဲ့ ပါတ်သက်၍  👉👉👉👉👉👉👉👉👉👉👉👉👉👉👉အထူးကုဆရာဝန်ကြီးပါမောက္ခ သန်းသန်းအေးမှ👉👉👉👉👉👉👉👉👉👉👉👉...
24/04/2021

ဆီးချိုသမားများ အထူး သတိထားရမည့် အချက်များနဲ့ ပါတ်သက်၍
👉👉👉👉👉👉👉👉👉👉👉👉👉👉👉
အထူးကုဆရာဝန်ကြီးပါမောက္ခ သန်းသန်းအေးမှ
👉👉👉👉👉👉👉👉👉👉👉👉👉
ယခုကဲ့သို့ သတိပေးလေပြီl
👉👉👉👉👉👉👉👉

မက်ဖော်မင် မနက်တစ်လုံး၊ ညနေ တစ်လုံး
🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤

“မက်ဖော်မင် မနက်တစ်လုံး၊ ညနေတစ်လုံး အမြဲသောက်နေပါတယ်” ။ ဒါကတော့ နေ့စဉ် ကြားနေရတဲ့ ဆီးချိုသွေးချိုလူနာတွေရဲ့ ဖြေကြားသံလေးတွေကို ပဲ့တင်ထပ်ပြီး ပြန်ပြောလိုက်ရခြင်းဖြစ်ပါတယ်။ ထပ်ခါတလဲလဲ ကြားနေကျဖြစ်ပြီး လူနာအသစ်ရောက်လာတိုင်း ဒီလေသံမျိုး ထပ်ကြားရဦးမယ်ဆိုတာ ကြိုတင်ခန့်မှန်းလို့ ရပါတယ်။
ဒီလောက် ထပ်တူထပ်မျှ တူညီနေတဲ့ “မက်ဖော်မင် မနက်တစ်လုံး၊ ညနေတစ်လုံး” ကုထုံးနဲ့ပဲ သောက်နေကျသူတွေ နောက်ထပ် ဘယ်လောက်များ ရှိနေမလဲဆိုတာ လေ့လာကြည့်ဖို့ အလွန်ကောင်းနေပါတယ်။ ဘယ်သူက ဒီလိုသောက်ဖို့ ညွှန်ကြားထားတာလဲလို့ မေးစရာဖြစ်နေပါတယ်။ ဆရာဝန်တွေက ညွှန်ကြားထားလို့ သောက်တာရှိနိုင်သလို သူငယ်ချင်းမိတ်ဆွေတွေက အချင်းချင်း ညွှန်ကြားပြီး သောက်နေတာကို အတုယူပြီး မိမိသဘောနဲ့ လိုက်သောက်နေတာလဲ ရှိပါတယ်။ မက်ဖော်မင်ကို ဒီလိုပဲ မှီဝဲပြီး သောက်နေတဲ့ အလေ့အထဟာ နောင်တစ်နေ့မှာ အန္တရာယ်တွေ ရှိလာနိုင်တယ်ဆိုတာ သိရှိဖို့ လိုပါတယ်။
ဒီလိုပြောလိုက်တော့ စာဖတ်သူတွေရဲ့စိတ်ထဲမှာ မက်ဖော်မင်ကြောင့် ကျောက်ကပ် ပျက်စီးသွားနိုင်တဲ့ အန္တရာယ်ကို ပြောတော့မှာလားလို့ ထင်ကောင်းထင်မိမှာပါ။ “မက်ဖော်မင်ကြောင့် ကျောက်ကပ်ပျက်တတ်တယ်” ဆိုတဲ့ စကားသံကလည်း လူနာနဲ့ လူနာရဲ့ မိသားစုတွေထံမှ အမြဲတမ်းကြားနေရတဲ့ အသံတွေ ဖြစ်ပါတယ်။ ဒီလို သောက်နေတာက ကျောက်ကပ်တွေ ပျက်စီးနိုင်တဲ့ အန္တရာယ်ရှိတယ် ဆိုတဲ့ အချက်က မှန်ပေမယ့် မက်ဖော်မင်က ကျောက်ကပ်ကို ဖျက်နေတာ မဟုတ်ပါဘူး။
ဒါဆို ဘယ်အချက်က ကျောက်ကပ်ပျက်အောင် လုပ်နေတာလဲဆိုတာ စာဖတ်သူများ သိချင်ကြမှာ ဖြစ်ပါတယ်။ တကယ်တော့ တရားခံ အစစ်က ဒီလို မက်ဖော်မင်ကို တစ်နေ့ နှစ်ကြိမ်သောက်နေပြီး လုပ်သင့်လုပ်ထိုက်တာတွေ ဘာမှမလုပ်မိလို့သာ ဖြစ်ပါတယ်။ ဒီလိုအဖြစ်ကို ကြုံရသူတွေ အများကြီးရှိနေပါတယ်။ “မက်ဖော်မင်သောက်နေတာ အခုလည်း နေလို့ကောင်းနေတာပဲ။ ဘာတွေထပ်လုပ်ရဦးမှာလဲ” စတဲ့ မှားယွင်းနေတဲ့ အယူအဆတွေလည်း ရှိပါတယ်။
“လုပ်သင့်လုပ်ထိုက်တာ” တွေက ဘာတွေလဲ
လုပ်သင့်လုပ်ထိုက်တာတွေကတော့ “ဆီးချိုသွေးချို စောင့်ရှောက်ခြင်း” ဆိုတဲ့ Diabetes Care ပဲဖြစ်ပါတယ်။ ဒါတွေ မပါဘဲ မက်ဖော်မင်တွေသောက်နေမိတာက ကျောက်ကပ်ပျက်ခြင်းရဲ့ အဓိက တရားခံပဲဖြစ်ပါတယ်။
လူနာတွေလုပ်ဖို့ လိုအပ်တာတွေကတော့ ……

၁။ မိမိရောဂါအကြောင်း မိမိ သေချာစွာ အသေးစိတ် သိအောင် မလုပ်မိခြင်း၊ ဆီးချိုပညာပေးမှု မရှိခြင်း။ (Lack of Diabetes Education)
ဆီးချိုရောဂါက မိမိနဲ့ အမြဲ အတူရှိနေပြီး ဆရာဝန်တွေနဲ့ ခဏတာပဲ ထိတွေ့နိုင်တာဖြစ်ပါတယ်။ ဆီးချိုရောဂါဟာ မိမိပိုင်ဆိုင်ပြီး မိမိနဲ့ တစ်သက်လုံး အတူတကွရှိနေမယ့် ရောဂါပဲဖြစ်ပါတယ်။ ဒါကြောင့် သူ့ကိုနားလည်ဖို့ အလွန်အရေးကြီးလှပါတယ်။

၂။ ဘဝနေထိုင်မှု ပုံစံပြုပြင်ခြင်း (Lifestyle Modification) ကို မသိရှိခြင်း၊ မဆောင်ရွက်ခြင်း။
သွက်လက်စွာ ကိုယ်လက်လှုပ်ရှားနေထိုင်ခြင်းနှင့် အစားအသောက် ပြုပြင်ပြောင်းလဲခြင်းဟာ ဆီးချိုသွေးချိုအတွက် ဆေးတစ်ခွက်ဖြစ်လို့ မလစ်ဟင်းစေသင့်ပါဘူး။

၃။ တတ်ကျွမ်းတဲ့ ပညာရှင်တွေ (ဆရာဝန် သို့မဟုတ် ဆရာဝန် မရှိရင် သူနာပြု) နဲ့ ပြသဆွေးနွေးမှုကို မပြုလုပ်မိခြင်း (Proper Diabetes Management) မရရှိခြင်း
ဆီးချိုရောဂါရဲ့ အဓိက ပြဿနာကတော့ “နေကောင်းနေသေးတာ” ပဲဖြစ်ပါတယ်။ နာခြင်း၊ ဖျားခြင်း မရှိ၊ တခါတရံ ဆီးရွှင်တာ၊ နည်းနည်းပိန်သွားတာ၊ နုံးသလိုဖြစ်တာကလည်း လူတိုင်း အလုပ်ပင်ပန်းရင် ဖြစ်နေကျ တွေ့နေကျ လက္ခဏာလေးပဲ၊ သွားသွားလာလာနဲ့ လမ်းမှာ နေကောင်းလား နှုတ်ဆက်ရင် “အရမ်းကောင်း၊ စားကောင်း သောက်ကောင်းပါပဲ” လို့ ပြန်ဖြေကြတဲ့လူတွေ များပါတယ်။ ဆရာဝန်ပြဖို့ အခြေအနေ မဟုတ်သေးတာကြောင့် မိမိဘာသာ နေကောင်းတယ်ထင်ပြီး ဂရုမစိုက်ဘဲ လွှတ်ထားတာများပါတယ်။
တကယ်တော့ ဆီးချိုသွေးချိုရောဂါက အစောပိုင်းမှာ ရောဂါလို့ အမည်မတပ်လည်း မှန်နေသလိုပါပဲ။ သွေးချိုပုံမှန်ထက် မြင့်နေသူ များရယ်လို့ပဲ သတ်မှတ်ရင် ရမှာပါ။ ဘာလို့လဲဆိုတော့ နေကောင်းနေကြလို့ပါပဲ။ သွေးချိုအရမ်းများလာမှ ဆီးများပြီး ရေငတ်တာဖြစ်ပါတယ်။ အကြောတတ်တာ၊ ကျင်တာကလည်း လူတိုင်းမဖြစ်ပါဘူး။ ဆေးကုတာက ဒီဝေဒနာတွေ သက်သာပြီဆိုရင် လုံလောက်ပြီလို့ ထင်နေကြသူတွေများပါတယ်။ တကယ်တော့ ဆီးချို ကုသခြင်း၊ ပြုစုခြင်းဟာ ကာကွယ်ရေးလုပ်ငန်းတစ်ခုပဲ ဖြစ်ပါတယ်။
ရောဂါပေါင်း မြောက်မြားစွာကို ဖြစ်စေဖို့ တာစူနေတဲ့ အခြေအနေတစ်ခုကို တားဆီးကာကွယ်နေတဲ့ အလုပ်တစ်ခုပါပဲ။ ကာကွယ်လို့လည်း ရပါတယ်။ စောစောလုပ်မှလည်း ထိရောက်ပါတယ်။ ဒါကြောင့် တခြားရောဂါတွေနဲ့ မတူဘဲ ဆီးချိုရောဂါက နေကောင်းသူတွေကပဲ ကုနေကြရတာပါ။ အလားတူ သွေးတိုးနဲ့ သွေးအဆီဓါတ် များသူတွေဟာလဲ ဒီသဘောတရားအတိုင်းပါပဲ။ ဒါတွေက ပြုပြင်ဖို့၊ ကာကွယ်ဖို့ သိပ်မခက်ခဲလှပါဘူး။ နေကောင်းစဉ်မှာ ဆရာဝန်တွေနဲ့ အချိန်မှန်မှန်တိုင်ပင်ပြီး ပြုပြင်ပါ။ နေမကောင်းတဲ့ နောက်ဆက်တွဲရောဂါဝင်တဲ့ အဆင့်ရောက်ရင် တစ်နည်းအားဖြင့် တခြားအထူးကုတွေ ပါဝင်လာရပြီဆိုရင် ရောဂါရှိတဲ့ လူနာအစစ်ဖြစ်သွားပါပြီ။ ဒီအဆင့်ရောက်မှ ဆီးချိုစကုတဲ့သူတွေအဖို့ အများကြီး နောက်ကျခဲ့ပြီဖြစ်ပါတယ်။ ဒီအဖြစ်မျိုးတွေ အများကြီးတွေ့နေရတာမို့ ဒီနေ့နေကောင်းပေမယ့် ဆရာဝန်မှန်မှန်ပြရမှာဖြစ်ပါတယ်။ မိမိဘာသာ မက်ဖော်မင် မနက်တစ်လုံး၊ ညနေတစ်လုံးနဲ့ ပေါ့နေ၊ ခိုနေလို့ မဖြစ်ပါဘူး။ ဒါကြောင့် “ပြပါ”၊ တတ်ကျွမ်းတဲ့ ဆရာဝန်တွေကို ပြပါလို့ ဆိုလိုပါတယ်။ ဆရာဝန်တွေကလည်း မက်ဖော်မင် တစ်မျိုးပဲ ဆက်သောက်ခိုင်းပြီး Diabetes Care ဆီးချိုစောင့်ရှောက်မှု လုပ်သင့်တာတွေ မလုပ်မိတာမျိုး မဖြစ်အောင်သတိပြုရပါမယ်။

၎။ မက်ဖော်မင်ပဲသောက်နေပြီး မိမိကိုယ်မိမိစောင့်ရှောက်ခြင်း (Self care) ကို မလုပ်တတ်ခြင်း၊ မလုပ်ဖြစ်ခြင်း။
ဆီးချိုစင်တာရှိရာ သွားရောက်မှသာ လူနာတွေကို “မိမိကိုယ်တိုင်စောင့်ရှောက်ခြင်း” များပြုလုပ်နိုင်ရန်သင်ကြားပေးမှာ ဖြစ်ပါတယ်။
မိမိကိုယ်မိမိ ဘာတွေစောင့်ရှောက်ရမလဲဆိုရင် …
(က) အိမ်၌ မိမိဘာသာစစ်ဆေးတဲ့ သွေးချို (SMBG) ကို နည်းလမ်းမှန်ကန်စွာ သတ်မှတ်ထားသလို အချိန်နဲ့ စစ်ဆေးခြင်း၊
(ခ) မှန်ကန်စွာ ဇယားများအတိုင်း မှတ်တမ်းများ ပြုစုခြင်း၊
(ဂ) အဖြေကိုအနည်းအများ သုံးသပ်နိုင်ပြီး အစားအစာကိုသော်လည်းကောင်း၊ ဆေးကိုသော်လည်းကောင်း အနည်းငယ်ပြုပြင်တာတွေ လုပ်နိုင်အောင် သင်ကြားပေးခြင်း၊
(ဃ) သွေးချိုဓာတ် အကျလွန်ခြင်းအကြောင်းကို အသိပေးထားပြီး ဖြစ်လာရင် မိမိကိုယ်မိမိ ပြုပြင်နိုင်ဖို့လိုပါတယ်။ သွေးချိုအကျလွန်ခြင်းအကြောင်းကို ဆီးချိုလူနာတိုင်းသိအောင် လုပ်ထားပေးဖို့ လိုပါတယ်။

၅။ သွေးချိုထိန်းကောင်း၊ မကောင်း ဆုံးဖြတ်ပေးတဲ့ ၃ လပျမ်းမျှသွေးချို HbA1c (အေဝမ်းစီ) ကို လုံးဝမစစ်ဘဲ ကုသနေခြင်း။

၆။ HbA1c မစစ်ဆေးဘဲ နေ့စဉ်သွေးချိုပဲ စစ်ထားတဲ့အတွက် ဆီးချိုဆေးကို အချိန်နဲ့တပြေးညီ ထိရောက်အောင် ပြုပြင်ခွင့် မရဘဲ နှောင့်နှေးနေခြင်း။
ဒီလို ကြန့်ကြာနေတာက ဆရာဝန်တွေထံ လူနာက မသွားရောက်တာကြောင့် ဖြစ်နိုင်သလို၊ သွားရောက်သော်လည်း ဆရာဝန်တွေက ထိရောက်အောင် မပြုပြင်ပေးမိဘဲ ဒီအတိုင်းဆေးဆက်သောက်စေခြင်း၊ ဆက်လက်စောင့်ကြည့်နေမိခြင်း၊ မှန်မှန်လာပြဖို့မညွှန်ကြားဘဲ လွှတ်ထားမိခြင်း စတာတွေကြောင့်လည်းပါကြောင်း သတိပြုစေလိုပါတယ်။ HbA1c ကို ၇ ရာခိုင်နှုန်းကို မရောက်မချင်း တစ်ခုခုပြုပြင်နိုင်ဖို့ အလွန်အရေးကြီးပါတယ်။

၇။ ဆီးချိုသွေးချို နောက်ဆက်တွဲရောဂါတွေကို ရှာဖွေပြီး စောစော ကာကွယ်ကုသခြင်းတွေလုပ်ရမယ့် အချိန်မှာ မလုပ်ဘဲနေခြင်း
စစ်ဆေးမှုတွေ ဘာမှမလုပ်မိလို့ နောက်ဆက်တွဲရောဂါ ရရှိနေမှန်းမသိဖြစ်ကာ ကြိုတင်ကာကွယ်ဖို့ အခွင့်အရေး လွတ်သွားတာဖြစ်နိုင်ပါတယ်။
“မက်ဖော်မင် မနက်တစ်လုံး၊ ညနေတစ်လုံး” ဆယ်နှစ်လောက် ဒီအတိုင်း ဆေးမညှိဘဲ သောက်နေပြီး ကျောက်ကပ်ပျက်၊ မျက်စိကွယ်သွားတော့မှ ကျန်းမာရေး ဌာနဆေးခန်းတွေကို ရောက်လာသူတွေတွေ့နေရလို့ ဒီဆောင်းပါးကို ရေးလိုက်တာဖြစ်ပါတယ်။ ဒီအချိန်မှာ နောင်တရနေမိရင်လည်း မတတ်နိုင်တော့ပါဘူး။ ဒါက တိုင်းရင်းဆေး တစ်ခုခုကို မနက် (၅) လုံး၊ ညနေ (၅) လုံး သွေးစစ်စရာမလိုဘဲ သောက်နေတာနဲ့ ချွတ်စွတ်တူနေပါတယ်။
နောက်ဆုံး မှာကြားလိုတာက ဒီဆောင်းပါးကို ဖတ်မိသူတွေ မိမိကိုယ်ကိုပဲ ဖြစ်စေ မိမိဆွေမျိုး မိတ်ဆွေတွေပဲဖြစ်စေ မက်ဖော်မင် မနက်တစ်လုံး ညနေတစ်လုံးနဲ့ မက်ဖော်မင်ကိုပဲ စွဲသောက်နေသူတွေရှိရင် ဒီနေ့ပြန်ပြင်ကြစေလိုပါတယ်။ အရင်ဦးဆုံး ဆီးချိုသွေးချိုထိန်းတဲ့ HbA1c ၃ လပျမ်းမျှ သွေးချိုစံနှုန်း ၇ ရာခိုင်နှုန်းကို မှီပြီလား စစ်ကြည့်လိုက်ပါ။ ကျောက်ကပ်အတွက် ဆီးကို မိုက်ခရိုအယ်လ်ဗြူမင်ခေါ် အသားဓာတ်တွေ ရှိ၊မရှိ စစ်ကြည့်ပါ။ “မက်ဖော်မင် မနက်တစ်လုံး ညနေတစ်လုံး” နဲ့ မှိန်းနေတဲ့ အိပ်ရာမှ နိုးထပြီး အမြန်ဆုံး ပြုပြင်နိုင်ကြပါစေလို့ ဆန္ဒပြုအပ်ပါတယ်။

Credit: ပါမောက္ခ သန်းသန်းအေး၏ ဆောင်းပါးမှ ကောက်နုတ်ဖော်ပြပါသည်။

ကျန်းမာ ပျော်​ရွှင်​သောဘဝကို
ပိုင်​ဆိုင်​နိုင်​ကြပါစေ

မျှဝေလျက်


အောင်သီရိဆေးဆိုင်
မန္တလေး-လားရှိုးလမ်းဘေး
ပြည်သူ့ဆေးရုံအနီး
နောင်ချိုမြို့။

“ Betex (Vitamin B1,B6,B12) အာရုံကြောအားဆေး “ =================================- Betex ဆိုတာ ဗီတာမင်ဘီ သုံးမျိုးကို အချိ...
14/09/2020

“ Betex (Vitamin B1,B6,B12) အာရုံကြောအားဆေး “
=================================

- Betex ဆိုတာ ဗီတာမင်ဘီ သုံးမျိုးကို အချိုးကျပေါင်းစပ်ထားတဲ့ အာရုံကြောဆေး တစ်မျိုးပါ။

- အာရုံခံဆဲလ်၊ နာ့ဖ်ဆဲလ်တွေရဲ့ ဇီဝဖြစ်ပျက်မှုပေါ် အကျိုးသက်ရောက်တယ်။

- နာတာရှည် ထုံကျင်၊ ညောင်းညာကိုက်ခဲ၊

- အကြောတင်းနေသူ၊ ထိတွေ့မှုအာရုံ နည်းပါးသူ၊

- အသက်အရွယ်ကြီးသူတွေမှာ လိုအပ်တဲ့ ဗီတာမင် ဘီဝမ်း၊ စစ်၊ တွဲကို အချိုးကျပေါင်းစပ်ထားတယ်။

- Neurobion အပြာကဒ်၊ Neurorubin, Neurovit ဆိုတဲ့ကဒ်တွေနဲ့ ပါဝင်တာ အတူတူပါပဲ။

- ကွာခြားတာက စျေးနှုန်းနဲ့ ကဒ်ပျော့ဖြစ်နေတာလောက်ပါပဲ။

- မြန်မာနိုင်ငံက ဆရာဝန်အများစုက အသက်ကြီးသူအတွက် အာရုံကြောအားဆေးထည့်တဲ့အခါ

- Neurobion အပြာကဒ်(သို့) Betex ကို အသုံးပြုကြတယ်။

- Betex က Neurobion ထက် သုံးဆမက စျေးပိုကြီးတယ်။

- ထိုင်းနိုင်ငံ Favorexက ထုတ်လုပ်ထားတယ်။


Betex ထဲမှာ ပါဝင်တာတွေက
————————————

Vitamin B1 (Thiamine Mononitrate) 100mg

Vitamin B6 (Pyridoxine) 200mg

Vitamin B12 (Cyanocobalamine) 200mcg
စတာတွေ ဖြစ်ပါတယ်။

- ဗီတာမင်ဘီရဲ့ အာနိသင်တွေက များတယ်။

- သက်ရှိဆဲလ်တိုင်းရဲ့ စွမ်းအင်အတွက် ဗီတာမင်ဘီ လိုအပ်ပါတယ်။

- ဆဲလ်တွေရဲ့ ဇီဝဖြစ်ပျက်မှုအတွက် အရေးပါတယ်။

- စားလိုက်တဲ့ ကာဗိုဟိုက်ဒရိတ်က စွမ်းအင်ထုတ်ရာမှာ အဓိကအခန်းကဏ္ဍက ပါဝင်ကူညီပေးနေတယ်။

- မျိုးဗီဇ ဖွဲ့စည်းတည်ဆောက်ခြင်းဖြစ်စဉ်မှာလည်း အရေးကြီးပြန်တယ်။

- နာဖ့်ဆဲလ်တွေမှာရှိတဲ့ Acetylcholine ဖွဲ့စည်းရာမှာလည်း ပါဝင်တယ်။

- အာရုံကြောနဲ့ ကြွက်သားလုပ်ဆောင်ချက် ကောင်းမွန်စေဖို့ ကူညီပေးတယ်။

- နာ့ဖ်ကြောမျှင်၊ နာ့ဖ်ကို အုပ်ထားတဲ့ မိုင်ရာလင် အလွှာ (Myelin Sheath) တွေကို ပြန်လည်တည်ဆောက်ပေးတယ်၊ ပြုပြင်ပေးတယ်။

- အရက်၊ ဆေးဝါး၊ ဆီးချိုသမားတွေမှာ ဖြစ်လေ့ရှိတဲ့ Mono And Polyneuropathics အာရုံကြော ရောင်ရမ်းပျက်ဆီးခြင်းအတွက် ကောင်းမွန်စေတယ်။

- အာရုံကြော အဖွဲ့အစည်းမှာ အရေးပါတဲ့ GABA၊Dopamine နဲ့ Serotonin ဓာတ်တွေဖွဲ့စည်းဖို့ လည်း ကူညီလုပ်ဆောင်ပေးတယ်။

- ဦးနှောက်နဲ့အာရုံကြောရောဂါတွေမှာ အဓိက အထောက်အကူပေးတယ်။


အသုံးဝင်ပုံ။
----------

- ခြေဖျား၊ လက်ဖျား ထုံကျဉ် ကိုက်ခဲခြင်း၊

- ပူစပ် ပူလောင် ဖြစ်ခြင်း၊

- အာရုံကြော ရောင်ရမ်းခြင်း၊

- အာရုံကြော အားနည်းခြင်း၊


ဗီတာမင်ဘီ လိုအပ်သူများ။
------------------------

- အရက်အလွန်အကျွံ သောက်သုံးသူ၊

- ဆီးချိုရောဂါသည်၊

- အသက်ကြီးရင့်သူ၊

- ဘီတာမင်ဘီ ချို့တဲ့သူ၊

- နာတာရှည် ရောဂါသည်၊


ဆေးညွှန်း။
----------

- တစ်ခါသောက် တစ်လုံး၊ တစ်နေ့ ၂-၃ ကြိမ် အစာစားပြီး သောက်ပါ။

- ရေရှည်စွဲသောက်နိုင်ပါတယ်။

- ဝါးစားတာ၊ အမှုန့်ကြိတ်တိုက်တာတွေက ဆေးအာနိသင်ကို လျှော့ပါးစေမယ်။

- ကိုယ်ဝန်ဆောင်တွေ တစ်န့ တစ်ကြိမ်(သို့) နှစ်ကြိမ်သောက်သုံးနိုင်တယ်။

- ပါဝင်တဲ့ ပမာဏဟာ လိုတာထက်ပိုများလို့ ကလေးတွေမှာ သတိထားတိုက်ကျွေးရမယ်။

- အာရုံကြောဆေးတွေကို ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်သုံးသင့်တယ်။


ဘေးထွက်ဆိုးကျိုး။
-----------------

- ချွေးထွက် များတာ

- နှလုံးခုန် မြန်တာ

- ရင်တုန်တာ

- အရေပြား ယားယံတာ

- အင်ပြင် ထွက်တာ။


- Vitamin B6 ပါတဲ့အားဆေးတွေကို L-Dopa ဆေးနဲ့ တွဲမသောက်သင့်ဘူး။

- L-Dopa ရဲ့ အာနိသင် ယုတ်လျှော့စေမယ်။

- ရေမှာ ပျော်ဝင်တာကြောင့် တော်ရုံများတာလောက်ကို ခန္ဓာကိုယ်က စွန့်ထုတ်နိုင်တယ်။


မေးသူအတွက် ဖြေကြားချက်။
--------------------------

- ခေါင်းမူး၊ ခေါင်းကိုက်ကို သက်သာစေတာတော့ မဟုတ်ပါ။

- ဇက်ကျော၊ ဂုတ်ကျောတက်သူများကို ပေးလေ့ရှိတယ်။

- ထုံကျဉ်တဲ့ဝေဒနာတွေကို အဓိကသက်သာစေတယ်။

- အထူးသဖြင့် အာရုံကြော ရောင်ရမ်းတယ်လို့ ယူဆတဲ့အခါမျိုးမှာပေါ့။

- အကိုက်အခဲပျောက်ဆေး မဟုတ်လို့ ရေရှည်စွဲသောက်ရုံနဲ့ အစာအိမ် မထိခိုက်စေပါ။

- အသက်အရွယ်မရွေး သောက်သုံးနိုင်တယ်။

- စွဲသောက်တဲ့အတွက်လည်း ပြဿနာမရှိပါ။

- ဆရာဝန်ညွှန်ကြားသလို စိတ်ချ လက်ချသောက်သုံးနိုင်ပါသည်။


Aung Thiri Pharmacy

Ferrovit ပျိုမေလေးတို့ရေ…ငယ်ငယ်တုန်းကနေ ခုချိန်ထိ စိုပြေဝင်းပတဲ့အသားအရေနဲ့ သံဓာတ်ချို့တဲ့သွေးအားနည်းခြင်းကင်းဝေးတဲ့ ခန္ဓာ...
23/08/2020

Ferrovit ပျိုမေလေးတို့ရေ…
ငယ်ငယ်တုန်းကနေ ခုချိန်ထိ စိုပြေဝင်းပတဲ့အသားအရေနဲ့ သံဓာတ်ချို့တဲ့သွေးအားနည်းခြင်းကင်းဝေးတဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်နေတဲ့ လျှို့ဝှက်ချက်ကတော့ အထိရောက်ဆုံး သံဓာတ်အားဖြည့်ဆေး Ferrovit လေးကို နေ့စဉ်သောက်နေလို့ပဲပေါ့…
အပျိုဖော်ဝင်ခါစ အချိန်တည်းက ဓမ္မတာ စက်ဝန်းနဲ့ကြုံတွေ့တိုင်း အမြဲသံဓာတ်ပြည့်ဝအောင်နေထိုင်စားသောက်ဖြစ်တယ်…
ကာကွယ်ခြင်းက ကုသခြင်းထက်ပိုပြီးထိရောက်မှုရှိတယ်ဆိုတော့ သံဓာတ်အမြဲပြည့်ဝနေအောင် သံဓာတ်အားဖြည့်ဆေး Ferrovit လည်းရှိမယ်၊ သံဓာတ်ပြည့်ဝတဲ့အစားအစာတွေသာရှိမယ်ဆို ကျန်းမာလှပခြင်းတွေနဲ့ အခုလို စိုပြေဝင်းပတဲ့အသားအရေကို ရေရှည်ထိန်းသိမ်းနိုင်ပါပြီ။

အောင်သီရိ ဆေးဆိုင်
မန္တလေး-လားရှိုးလမ်းဘေး
ပြည်သူ့ဆေးရုံအနီး
နောင်ချိုမြို့။



အွန်လိုင်းမှ နေလဲမှာယူလို့ရပါတယ်။

Protinet (ပရိုတီးနက်)အကြောင်း•••••••••••••••••••••••••••••••••``Protinet ´´ဆိုတာ ပရိုတင်း အသားဓာတ် အားဆေးတမျိုးဖြစ်တယ်။ ...
12/08/2020

Protinet (ပရိုတီးနက်)အကြောင်း
•••••••••••••••••••••••••••••••••

``Protinet ´´ဆိုတာ ပရိုတင်း အသားဓာတ် အားဆေးတမျိုးဖြစ်တယ်။
ပိုတိကျအောင်ပြောရင် အမိုင်နိုအက်ဆစ် ဖြစ်တယ်။
အမိုင်နိုအက်ဆစ်ဆိုတာ ပရိုတင်းဓာတ်ရဲ့ အခြေခံအုပ်မြစ် ဖြစ်တယ်။
ဆဲလ်နဲ့နှိုင်းယှဉ်ကြည့်ရင် အက်တမ်နဲ့တူတယ်။
အက်တမ်တွေပေါင်းစပ်ပြီးမှ ဆဲလ်တခုဖြစ်ရတယ်။
အဲလိုပဲ အမိုင်နိုအက်ဆစ်တွေ စုပေါင်းပြီး ပရိုတင်းဆ်ုတာ ဖြစ်လာတယ်။
ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ဖို့ ပရိုတင်းက အရေးကြီးတယ်။
တရားသဘော ရုပ်၊နာမ်နဲ့ နှိုင်းယှဉ်ရရင် ရုပ်ခန္ဓာကြီးက ပရိုတင်းတွေ ဖွဲ့စည်းပြီး ဖြစ်လာရတာပါ။
ရုပ်ခန္ဓာ ကြီးထွားဖွံ့ဖြိုးမှုအတွက် ပရိုတင်းက အရေးပါတယ်။ ဒီအတွက် ပရိုတင်းအားဆေးဆိုတာတွေ ပေါ်ပေါက်လာတယ်။

ပရိုတီးနက်(protinet)က ခန္ဓာကိုယ်သေးကွေးသူ၊အသားအစားနည်းသူ၊သက်သက်လွတ်သမားတွေမှာ လိုအပ်တဲ့ အသားဓာတ်ကို ဖြည့်ပေးတယ်။ အားကစားသမားတွေမှာလည်း ကြွက်သားထုထည် များအောင်ပေးတတ်ကြတယ်။
ဆရာဝန်တွေကတော့ နာတာရှည်ရောဂါသည်အတွကိ ညွန်ကြားလေ့ရှိတယ်။ အဖျားရောဂါ၊သွေးပေါင်ကျတဲ့အခါ ပရိုးတင်းဓာတ်က ပိုလိုအပ်တယ်။
ဘာ့ကြောင့်လဲဆိုတော့ ခုခံအားဆိုတာ ပရိုတင်းက ဖြစ်လို့ပါ။ ခုခံအားကျဆင်းသူတွေမျာလည်း ပေးလေ့ရှိတယ်။
နို့တိုက်မိခင်သည်တွေ အစားအသောက်ပျက်ရင် လိုအပ်တဲ့ ပရိုတင်းကို ဆေးသောက်ပြီး ရရှိစေတယ်။
ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုး(ဥပမာ ကင်ဆာဆေး၊စတီးရွိုက်အရောင်ကျဆေး၊ခုခံအားနှိမ်တဲ့ဆေး)တွေကို ကာဗာဖြစ်ဖို့လည်း သုံးတယ်။
သွေးပေါင်တက်အောင်လည်း သုံးနိုင်တယ်။
စိတ်ဖိစီးမှုကြောင့် အစားအသောက်ပျက်သူတွေမှာလည်း သုံးတယ်။ အိပ်ရာထဲလဲနေသူတွေမှာလည်း သုံးနိုင်တယ်။
ပြောရရင်လိုအပ်တဲ့အနေအထားမှာ ဆရာဝန်က
လိုအပ်သလိုပေးတာဖြစ်တယ်။


အောင်သီရိ ဆေးဆိုင်
မန္တလေး-လားရှိုးလမ်းဘေး
ပြည်သူ့ဆေးရုံ အနီး
နောင်ချိုမြို့။

ဆီးချိုရောဂါ ကာကွယ်ခြင်းအတွက် ပိန္နဲသီး၏ အံ့ဩဖွယ် ၁၆ချက်💮💮💮💮💮💮💮💮💮💮💮💮💮ဆီးချိုရောဂါသည် ချိုသောအစားအစာများနှင့် မတည့်ကြောင်း...
11/08/2020

ဆီးချိုရောဂါ ကာကွယ်ခြင်းအတွက် ပိန္နဲသီး၏ အံ့ဩဖွယ် ၁၆ချက်
💮💮💮💮💮💮💮💮💮💮💮💮💮

ဆီးချိုရောဂါသည် ချိုသောအစားအစာများနှင့် မတည့်ကြောင်းသိပြီး ဖြစ်သည်။ သို့ရာတွင် ချိုမြိန်လှသော ပိန္နဲသီးသည် ဆီးချိုရောဂါကို ကာကွယ်နိုင်ပါသတဲ့။ ပိန္နဲသီးဟုဆိုလိုက်လျှင် အပြင်တွင် ဆူးများနှင့် ကာရံထားပြီး အတွင်းမှာ ချိုမြိန်သော အသီးများရှိသည်ကို ပြေးမြင်ကြလေ့ရှိပါသည်။ သို့သော် ပိန္နဲသီးစိမ်းသည်လည်း အမှည့်ကဲ့သို့ပင် စား၍ ရတယ်ဆိုတာ သင်သိပါသလား။




ဆီးချိုရောဂါ ကာကွယ်ခြင်းအတွက် ပိန္နဲသီး၏ အံ့ဩဖွယ် ၁၆ချက်

ပိန္နဲသီးစိမ်းသည် အဝါရောင်နည်း၊ နူးညံ့မှုနည်းပြီး သကြားပါဝင်မှုလည်း နည်းပါသည်။ ထို့ကြောင့် ပိန္နဲသီးကို ဆီးချိုရောဂါကာကွယ်ခြင်းအတွက် အသုံးပြုနိုင်သည်ဟု ဆိုရခြင်းဖြစ်သည်။ ပိန္နဲသီးမှည့်ကို သစ်သီးအဖြစ်စားသုံးကြသော်လည်း အစိမ်းကိုမူ ချက်ပြုတ်ပြီး အရံဟင်းအဖြစ် စားသုံးကြသည်။ တောင်အာရှ သို့မဟုတ် အရှေ့တောင် အာရှရှိ လူမျိုးများသည် ထိုဟင်းများနှင့် ရင်းနှီးကြပါသည်။

ပိန္နဲသီးတွင်ပါဝင်သော အာဟာရတန်ဖိုးများ

ပိန္နဲသီးစိမ်း ၁၀၀ဂရမ်တွင် အောက်ပါ အာဟာရတန်ဖိုးများ ပါဝင်သည်။

စွမ်းအင် ၇ kcal
အဆီ ၀.၇ ဂရမ်ပြည့်ဝဆီ ၀.၁ ဂရမ်ဆိုဒီယမ် ၁၅.၇ မီလီဂရမ်ကစီဓာတ် ၉၁ ဂရမ်အမျှင်ဓာတ် ၆.၅ ဂရမ်ပျော်ဝင်နိုင်သော အမျှင် ၂.၆ ဂရမ်မပျော်ဝင်နိုင်သော အမျှင် ၃.၉ ဂရမ်သကြားဓာတ် ၁၀.၂ ဂရမ်အသားဓာတ် ၃.၆ ဂရမ်
မဂ္ဂနီစ် ၀.၆ မီလီဂရမ်

ဆီးချိုရောဂါအတွက် ပိန္နဲသီး၏ အသုံးဝင်ပုံများ

ပိန္နဲသီး အထူးသဖြင့် ပိန္နဲသီးအစိမ်းတွင် ဆီးချိုအတွက် အထောက်အကူပြုသော အာဟာရများပါဝင်ပါသည်။ ပိန္နဲသီးမှည့်သည် ဆီးချိုအတွက် အန္တရာယ်မရှိဟု ယူဆထားကြသော်လည်း ပိန္နဲသီးစိမ်းသည် အောက်ပါ အချက်များကြောင့် ဆီးချိုရောဂါတွင် အသုံးဝင်ပေသည်။

(၁) သကြားဓာတ်နည်းခြင်း

ဆစ်ဒနီ တက္ကသိုလ်တွင် ပြုလုပ်သော စမ်းသပ်ချက်အရ ပိန္နဲသီးအစိမ်းသည် အမှည့်ထက် သကြားပါဝင်မှုနည်းကြောင်း တွေ့ရပါသည်။ ဆိုလိုသည်မှာ ပိန္နဲသီးစိမ်းစားခြင်းကြောင့် သွေးတွင်း သကြားဓာတ်တက်လာမည် မဟုတ်ပေ။ ထို့ပြင် အမျှင်ဓာတ်များစွာ ပါဝင်လေရာ အမျှင်ဓာတ်အစားနည်းသော ဆီးချိုသမားများအတွက် အကျိုး ရှိပေသည်။

(၂) ဆီးချိုစာအဖြစ် စားနိုင်ခြင်း

ပိန္နဲသီးသည် ဆီးချိုရောဂါအတွက် အထောက်အကူပြုရုံသာမက ပိန္နဲသီးစိမ်းကို ဟင်းလျာအဖြစ် အလွယ်တကူ ချက်ပြုတ်စားနိုင်ပါသည်။ ချက်စားမည်ဆိုလျှင်တော့ အိန္ဒိယစတိုင် ဟင်းခတ်အမွှေးအကြိုင်များဖြင့် ချက်သင့်ပါသည်။ ဟင်းခတ် အမွှေးအကြိုင်များ(ဥပမာ နနွင်း)သည် ကျန်းမာရေးကို အထောက်အကူပြုသည်။

(၃) ဆာလောင်မှုကို ဟန့်တားပေးခြင်း

ပိန္နဲသီး၏ အသားတွင် မပျော်ဝင်နိုင်သည့် အမျှင်ဓာတ်များ များစွာ ပါဝင်သည်။ အစာခြေနှေးစေသောကြောင့် ဆာလောင်မှုကို ထိန်းချုပ်ပြီး မကြာမကြာ သရေစာစားခြင်းကို ဟန့်တားနိုင်သည်။ ထို့ပြင် အမျှင်ဓာတ်သည် ဝမ်းချုပ်ခြင်းနှင့် ဗိုက်အောင့်ခြင်းကို ကာကွယ်ပေးလေရာ အစာခြေစနစ်အတွက် အကျိုးပြုပါသည်။

(၄) ကစီဓာတ်ကို အစားထိုးနိုင်ခြင်း

ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို မဖြစ်မနေစားနေရသည့် ဆီးချိုသမားများအတွက် ပိန္နဲသီးသည် အလွန်အသုံးဝင်ပါသည်။ သကြားဓာတ်ပါဝင်မှုနည်းသောကြောင့် သွေးတွင်းသကြားဓာတ်ကို မတက်စေရုံသာမက ပါဝင်သည့် အမျှင်ဓာတ်ကလည်း အကျိုပြုပါသည်။ အမျှင်ဓာတ်များစွာ ပါဝင်သောကြောင့် ကစီဓာတ်များသော ထမင်းနှင့် ပေါင်မုန့်အစားသုံးနိုင်ပြီး စားပြီးသည့်အခါတွင် ထမင်းစားထားသကဲ့သို့ ဗိုက်ပြည့်နေမည် ဖြစ်သည်။

(၅) ဂလူတန် (Gluten) မပါဝင်ခြင်း

ဆီးချိုသမားများသည် ဂလူတန်ပါဝင်သည့် အစားအစာများ(ဥပမာ – ဂျုံ)ကို လျှော့၍ စားသုံးသင့်သည်။ သို့သော် နေ့စဉ်အစားအစာများတွင် ဂျုံပါဝင်နေလေရာ ရှောင်စားရန် ခက်လှသည်။ ထိုအခါမျိုးတွင် ပိန္နဲသီးကို စဉ်းစားသင့်သည်။ ပိန္နဲသီးများ အခြောက်ခံ၍ အမှုန့်ပြုလုပ်ပါ။ ထိုဂလူတန်မပါဝင်သည့် ဂျုံအစားထိုးအမှုန့်ကို ဆီးချိုသမားများ၊ ဂလူတန်နှင့် မတည့်သောသူများတွင် အသုံးပြုနိုင်သည်။

(၆) အသက်ရှည်စေခြင်း

မကြာသေးခင်က သုတေသနပြုချက်အရ ဆီးချိုသမားများအတွက် အမျှင်ဓာတ်အစားနည်းခြင်းသည် လေ့ကျင့်ခန်းမလုပ်ခြင်းထက် ပို၍ အန္တရာယ်များကြောင်း ဖော်ပြထားပါသည်။ ဆိုလိုသည်မှာ အသီးအရွက်မှရရှိသော အမျှင်ဓာတ်သည် ခန္ဓာကိုယ်အတွက် အရေးပါသည်။ ဒီလို အခါမျိုးတွင် အမျှင်ဓာတ်ပါခြင်းအတူတူ သကြားဓာတ်ပါသော အခြားသစ်သီးများအစား ပိန္နဲသီးအား စားနိုင်ပါသည်။ ထို့ပြင် နေ့စဉ်အစားအစာထဲတွင် ပိန္နဲသီးထည့်စားပေးမည်ဆိုပါက အဆာခံနိုင်ပြီး ကျန်းမာရေးနှင့် ညီညွတ်မည် ဖြစ်သည်။ သို့မှသာ အမျှင်ဓာတ် ပိုစားဖြစ်ပြီး အခြားကျန်းမာရးနှင့် မညီညွတ်သော သရေစာများ အစားနည်းသွားမည် ဖြစ်သည်။

(၇) ကိုယ်အလေးချိန်ကျစေခြင်း

အဝလွန်သူများသည် ဆီးချိုရောဂါဖြစ်နိုင်ကြောင်း သိထားပြီးဖြစ်ပါသည်။ ပိန္နဲသီးစားခြင်းသည် ကိုယ်အလေးချိန်ကို ထိန်းပေးသောကြောင့် အမျိုးအစား၂ ဆီးချိုရောဂါ မဖြစ်စေရန် ကာကွယ်ပေးသည်။ သကြားပါဝင်မှုနည်းသောကြောင့် ကိုယ်အလေးချိန်ကို ကောင်းစွာ ထိန်းနိုင်ပြီး ဆီးချိုရောဂါအတွက် အထောက်အကူပြုပေသည်။

ပိန္နဲသီး၏ အခြားကောင်းကျိုးများမှာ-

(၉) ကိုလက်စရော နည်းစေခြင်း

(၁၀) သွေးဖိအားကျခြင်း

(၁၁) နှလုံးနှင့် ပတ်သတ်သော နောက်ဆက်တွဲပြဿနာများမှ ကာကွယ်ပေးခြင်း

(၁၂) မျက်စိအား ကောင်းစေခြင်း

(၁၃) အနာကျက်စေခြင်း

(၁၄) ရောင်ရမ်းမှုကို သက်သာစေခြင်း

(၁၅) ဒဏ်ရာရလျှင် သွေးထွက်နည်းစေခြင်း

(၁၆) အာဟာရဖြစ်စေခြင်း

ပိန္နဲသီးစိမ်းစားရာတွင် သတိပြုရမည့် အချက်များ

ဆီးချိုနှင့်ပတ်သတ်သော ပိန္နဲသီးကောင်းကျိုးများကို သိထားရမည့်အပြင် ဘေးထွက်ဆိုးကျိုးများကိုလည်း သတိထားရမည်။

ဆီးချိုသမားများသည် သွေးတွင်းသကြားဓာတ် ထိန်းရန်အတွက် နေ့စဉ်ဆေးသောက်နေရပါသည်။ အကယ်၍ သင့်တွင် ဆီးချိုရောဂါရှိပြီး ထို့အတွက် ပိန္နဲသီးအား စားလိုပါလျှင် ဆရာဝန်နှင့် အရင် တိုင်ပင်သင့်ပါသည်။ ပိန္နဲသီးစိမ်း စားခြင်းကြောင့် ခန္ဓာကိုယ်တွင်း အင်ဆူလင် လိုအပ်မှု လျော့နည်းသွားသောကြောင့် ဖြစ်သည်။

ပိန္နဲသီးစိမ်းစားခြင်းကြောင့် ခန္ဓာကိုယ်တွင် သကြားဓာတ်အလွန်အမင်း လျော့နည်းခြင်း (Hypoglycemia) ဖြစ်တတ်သည်။ သို့သော် ဆရာဝန်၏ လမ်းညွှန်မှုအောက်တွင် စားသုံးမည်ဆိုပါက ပိန္နဲသီးစိမ်း၏ အကျိုးကျေးဇူးကို ရရှိမည် ဖြစ်ပါသည်။ ထို့ပြင် ဆီးချိုရောဂါအတွက် ပိန္နဲရွက်ကိုလည်း အသုံးပြုနိုင်သည်။


အောင်သီရိ ဆေးဆိုင်
မန္တလေး-လားရှိုးလမ်းဘေး
ပြည်သူ့ဆေးအနီး
နောင်ချိုမြို့

ဘာသာပြန်ရေးသားသူ -ဒေါက်တာထက်ထက်ဇော်ဝင်း
Ref: https://drhealthbenefits.com/disease-disorder/diabetes/jackfruit-benefits-diabetes

Address

Mandalay Lashio Road, Naungcho(နောင်ချို)
Nawnghkio
AUNGTHIRIPHARMACY

Alerts

Be the first to know and let us send you an email when Aung Thiri Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Aung Thiri Pharmacy:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram