Pharmacy by Hmone

Pharmacy by Hmone ⚕️

💊Drotaverine HCl (Relispa)Drotaverine HCl ဟာ ခန္ဓာကိုယ်တွင်း အဂ်ါများ၏ကြွက်သားများ ရုတ်တရက် ကျုံခြင်းကြောင့် ဖြစ်ပေါ်လာသ...
03/08/2023

💊Drotaverine HCl (Relispa)

Drotaverine HCl ဟာ ခန္ဓာကိုယ်တွင်း အဂ်ါများ၏ကြွက်သားများ ရုတ်တရက် ကျုံခြင်းကြောင့် ဖြစ်ပေါ်လာသည့် နာကျင်ကိုက်ခဲမှုကို ကြွက်သားများအား ပျော့စေခြင်းဖြင့် နာကျင်မှုကို သက်သာစေသော antispamotic ဆေးတစ်မျိုးဖြစ်ပါတယ်။
Drotaverine, Spacovin, Deolin, Doverin စတဲ့ Brand nameအမျိုးမျိုးနဲ့လာပါတယ်။

ရာသီလာစဥ်ကိုက်ခဲခြင်း၊ ဝမ်းဗိုက်နာခြင်း၊ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာနာကျင်ကိုက်ခဲခြင်းတွေမှာ အဓိကသုံးပါတယ်။
ကျောက်ကပ်ကျောက်တည်ခြင်း၊ဆီးကျောက်တည်ခြင်း၊ သည်းခြေကျောက်တည်ခြင်း၊အူကျုံ့ခြင်း တို့ကြောင့်ဖြစ်တဲ့ နာကျင်ကိုက်ခဲခြင်း၊ အစာအိမ်အောက်ခြေရှိ pyloric sphincterကြွက်သားနာကျင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဝမ်းဗလာဖြစ်နေသော်လည်း ဝမ်းသွားလိုစိတ်ဖြစ်ခြင်း (Tenesmus in dysentery)တွေမှာလည်း အသုံးပြုနိုင်ပါတယ်။

💊ကိုယ်ဝန်ဆောင်နဲ့ Drotaverine

Drotaverineဟာ ပုံမှန်ကလေးမွေးဖွားမှုရဲ့ မွေးဖွားခြင်းပထမအဆင့်ဖြစ်တဲ့ သားအိမ်ခေါင်းပွင့်ခြင်းမှာ သားအိမ်ချဲ့ခြင်းကို လွယ်ကူချောမွေ့စေပြီး Active phaseကြာချိန်ကိုတို‌စေပြီးတော့ နာကျင်မှုကိုလျှော့ချပေးပါတယ်။
သားအိမ်ခေါင်းကြွက်သားတင်းမာမှုကို ပြေလျော့စေပြီး နာကျင်ကိုက်ခဲခြင်းကို သက်သာစေပါတယ်။

💊ဘယ်လောက်ပမာဏသောက်သုံးရမလဲ?

Drotaverine HCl သောက်ဆေးပြားကို
⚕️လူကြီးတွေမှာ 40mg or 80mg ဆေးပြား ၁ပြား သို့မဟုတ် ၂ပြားကို တစ်နေ့ နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်
⚕️၁နှစ်မှ၆နှစ်အတွင်း ကလေးတွေမှာ Drotaverine 20mg or 10mg ဆေးပြားကို တစ်နေ့ တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်
⚕️၆နှစ်အထက် ကလေးတွေမှာ 20mg or 40mgဆေးပြားကို တစ်နေ့တစ်ကြိမ် ‌သောက်သုံးနိုင်ပါတယ်။

Drotaverine HCl အသားထိုးဆေး သို့မဟုတ် အကြောထိုးဆေး(2-4ml) ကို လူကြီးတွေမှာ တစ်နေ့တစ်ကြိမ်မှ သုံးကြိမ်အထိပေးနိုင်ပါတယ်။

💊ဘေးထွက်ဆိုးကျိုးများ

ဆေးသုံးစွဲမှုကြောင့် ပျို့အန်ခြင်း၊ ပါးစပ်ခြောက်သွေ့ခြင်း၊ သွေးဖိအားကျခြင်း၊ ခေါင်းမူးခြင်း၊ နှလုံးခုန်နှုန်းပြောင်းလဲခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အရေပြားဓာတ်မတည့်ခြင်း၊ ဝမ်းချုပ်ခြင်း၊ မျက်နှာ၊နှုတ်ခမ်း၊မျက်ခွံနှင့်လျှာရောင်ရမ်းခြင်း စတဲ့ဘေးထွက်ဆိုးကျိုးအနည်းငယ် ခံစားရနိုင်ပါတယ်။

💊ဘယ်လိုလူတွေ ရှောင်ရှားသင့်လဲ?

Drotaverine HCl ကို
⚕️ Drotaverine နဲ့ဓာတ်မတည့်သူများ
⚕️နှလုံး၊ အသည်းနှင့် ကျောက်ကပ်ရောဂါရှိသူများ
⚕️နို့တိုက်မိခင်များ
⚕️Porphyriaရောဂါရှိသူများ
⚕️အသက်(၁)နှစ်အောက် ကလေးငယ်များတွင် ရှောင်ရှားသင့်ပါတယ်။
⚕️ကိုယ်ဝန်ဆောင်တွေမှာ ဆရာဝန်ညွှန်ကြားချက်ဖြင့် သတိထားသုံးစွဲသင့်ပါတယ်။

💊ဘာဆေးတွေနဲ့တွဲသုံးလို့ရလဲ?

အစာအိမ်နဲ့ဝမ်းဗိုက်‌နာခြင်းတွေမှာ Antacids ဆေးတွေနဲ့တွဲသုံးလို့ရပါတယ်။
ရာသီလာစဉ်ကိုက်ခဲခြင်းအတွက် Mefenamic acid / Paracetamol / Ibuprofen ကဲ့သို့ NSAIDsဆေးတွေနဲ့ တွဲ၍အသုံးပြုနိုင်ပါတယ်။


အမျိုးသမီးတိုင်းအတွက်...လစဉ်လတိုင်း ဓမ္မတာရာသီစက်ဝန်းနဲ့ အမျိုးသမီးမျိုးပွားမှုစနစ်တွေကို သားဥအိမ် (ovaries)ကနေထုတ်ပေးတဲ...
08/07/2023

အမျိုးသမီးတိုင်းအတွက်...လစဉ်လတိုင်း ဓမ္မတာရာသီစက်ဝန်းနဲ့ အမျိုးသမီးမျိုးပွားမှုစနစ်တွေကို သားဥအိမ် (ovaries)ကနေထုတ်ပေးတဲ့ Estrogen နဲ့ Progesterone လို့ခေါ်တဲ့ အမျိုးသမီးဟော်မုန်းတွေက အဓိကထိန်းညှိပေးပါတယ်။ ဦးနှောက်ကနေ ထုတ်ပေးတဲ့ GnRH (Gonadotropin Releasing Hormone)၊ FSH (Follicle Stimulating Hormone)နဲ့ LH (Luteinising Hormone)တွေလည်း မျိုးပွားစနစ်မှာပါဝင်ပေမယ့် ဒီမှာတော့ Progesterone (ပရိုဂျက်စတီရုန်း)အကြောင်းကို အဓိကပြောပြပေးသွားပါမယ်နော်။

💊 အီစထရိုဂျင် နဲ့ ပရိုဂျက်စတီရုန်း

⚕️အီစထရိုဂျင်
အီစထရိုဂျင်ဟော်မုန်းဟာ အမျိုးသမီးတွေမှာ ပုံမှန်လိင်ပိုင်းဆိုင်ရာနဲ့မျိုးပွားခြင်းမှာ ပါဝင်တဲ့ လိင်ဟော်မုန်းတစ်မျိုးဖြစ်ပါတယ်။
သားဥကြွေခြင်း (ovulation)မဖြစ်ခင် သားဥအိမ်ကနေထုတ်လွှတ်လိုက်တဲ့ အီစထရိုဂျင်ဟော်မုန်း ဟာ အမျိုးသမီးရာသီစက်ဝန်းကို ထိန်းညှိပေးပါတယ်။

⚕️ပရိုဂျက်စတီရုန်း
သားဥကြွေပြီးတဲ့နောက်မှာ သားဥအိမ်ဟာ သားအိမ်အတွက်လိုအပ်တဲ့ ပရိုဂျက်စတီရုန်းကိုထုတ်ပေးပြီးတော့ မျိုးအောင်ပြီးတဲ့ သန္ဓေသားလောင်းအတွက် သားအိမ်အတွင်းပိုင်း(Endometrium)ကို ပိုထူလာစေဖို့ ပံ့ပိုးပေးပါတယ်။
ကိုယ်ဝန်မရှိဘူးဆိုရင်တော့ သားအိမ်အတွင်းပိုင်းဟာ ကျပြီး ဓမ္မတာအဖြစ်စီးဆင်းသွားပါတယ်။
ပရိုဂျက်စတီရုန်းရဲ့ အဓိကလုပ်ဆောင်ချက်ကတော့ ကိုယ်ဝန်ဆောင်စဉ်အတွင်း သားအိမ်ကျုံ့မှုကို လျှော့ချပေးပြီး သားအိမ်မှာ သန္ဓေသားလောင်းတွယ်ကပ်နိုင်ဖို့ သားအိမ်နံရံကို ထောက်ပံ့ပေးတယ်။ နို့ရည်ဂလင်းနဲ့ ဆဲလ်များကြီးထွားမှုကို တိုးစေပါတယ်။
ပရိုဂျက်စတီရုန်း ကို ကိုယ်ဝန်ပထမ၁၀ပတ်အတွင်းမှာ သားဥအိမ်ရဲ့ corpus luteum ကနေ ထုတ်ပေးပြီတော့ ကိုယ်ဝန်ရင့်လာတဲ့အခါမှာ အချင်း(placemta)ကနေ ထုတ်ပေးပါတယ်။
ကိုယ်ဝန်ရှိနေစဉ်အတွင်း ပရိုဂျက်စတီရုန်းပမာဏ တိုးလာခြင်းဟာ အမွှာ သို့မဟုတ် ပုံမှန်မဟုတ်တဲ့ကိုယ်ဝန်ဖြစ်တတ်ပြီး ပရိုဂျက်စတီရုန်းလျော့နည်းခြင်းကတော့ ကိုယ်ဝန်ပျက်ကျခြင်း(miscarriage)၊ ပုံမှန်မဟုတ်ဘဲ သန္ဓေတည်ခြင်း(Ectopic pregnancy)ဖြစ်တတ်ပါတယ်။
ကိုယ်ဝန်ဆောင်စဉ်ကာလမှာတော့ အီစထရိုဂျင်နဲ့ ပရိုဂျက်စတီရုန်း ဟော်မုန်းနှစ်မျိုးလုံးက ကိုယ်ဝန်နဲ့ သန္ဓေသားကိုပံ့ပိုးပေးပါတယ်။

ကဲ...ဒါဆိုရင် ပရိုဂျက်စတီရုန်းဟော်မုန်းက ဘယ်လောက်အရေးပါတယ်ဆိုတာ သိပြီနော်။

💊 Proluton Depot Injection(ပရိုလူတွန်ဒီပေါ့ ထိုးဆေး)

⚕️Proluton Depot Injection ကို ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ပရိုဂျက်စတီရုန်းလျော့နည်းခြင်းကြောင့် ကိုယ်ဝန်ပျက်ကျခြင်းနဲ့ လမစေ့ဘဲသားဖွားဖူးတဲ့ အမျိုးသမီးတွေမှာ ထပ်ပြီးလမစေ့ဘဲကလေးမွေးခြင်းကို လျှော့ချဖို့အတွက် သုံးပါတယ်။

⚕️ Proluton Depot Injection မှာ မျိုးပွားခြင်းအတွက်မရှိမဖြစ်လိုအပ်တဲ့ ပရိုဂျက်စတီရုန်းဟော်မုန်းပါဝင်တာကြောင့် သန္ဓေသားလောင်းအတွက် ထောက်ပံ့မှုကို ပေးပါတယ်။

💊 Proluton Depot Injection ကို ဘယ်လိုပေးရမလဲ?

⚕️မိန်းမကိုယ်မှာ အစက်အပြောက်များထွက်ခြင်း၊ ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာ သွေးဆင်းခြင်း ဒါမှမဟုတ် ကိုယ်ဝန်ပျက်ကျနိုင်ခြေရှိတဲ့ အခြေအနေမှာ Proluton Depot ကို ကိုယ်ဝန်ဒုတိယသုံးလပတ် (ပုံမှန်အားဖြင့် ၁၆ပတ်မှ၂၀ပတ် ကနေ ၃၇မတိုင်ခင်အထိ)မှာ တစ်ပတ်တစ်ကြိမ်(၇ရက် သို့မဟုတ် ၁၀ရက်) အသုံးပြုဖို့ ညွှန်ကြားထားပါတယ်။

⚕️Proluton Depot 250mg/500mg ကို အပေါ်ပိုင်းလက်မောင်းအရေပြားအောက် ဒါမှမဟုတ် ကြွက်သားအတွင်းထိုးဆေးအဖြစ် ဆရာဝန် သို့မဟုတ် ကျွမ်းကျင်တဲ့ သူနာပြုမှသာ ပေးမှာဖြစ်ပါတယ်။ အသက်၊ ခန္ဓာကိုယ်အလေးချိန်နဲ့ ရောဂါအခြေအနေပေါ်မူတည်ပြီး မှန်ကန်တဲ့ဆေးပမာဏနဲ့ ကြာချိန်ကို ဆရာဝန်ကဆုံးဖြတ်ပေးမှာပါ။ အမွှာကိုယ်ဝန်ဆောင်တွေမှာလည်း စောပြီးမီးဖွားခြင်းမဖြစ်စေရန် ‌ဆရာဝန်ညွှန်ကြားချက်နဲ့ အသုံးပြုနိုင်ပါတယ်။

💊ဘယ်လိုလူတွေမှာ မပေးသင့်ဘူးလဲ?

အကယ်၍ ပရိုဂျက်စတီရုန်းနဲ့ဓာတ်မတည့်ဘူးဆိုရင် Proluton Depot ကို အသုံးမပြုသင့်ပါဘူး။
အသည်းရောဂါ၊ ကျောက်ကပ်ရောဂါ၊သွေးကြောပိတ်ခြင်း၊ ပုံမှန်မဟုတ်ဘဲသွေးဆင်းခြင်း၊ ရင်သားကင်ဆာ နဲ့ အခြားဟော်မုန်းကင်ဆာရောဂါရှိတဲ့လူတွေမှာ ဆရာဝန်ညွှန်ကြားချက်နဲ့ သတိထားပြီးသုံးသင့်ပါတယ်။
အသက်(၁၆)နှစ်အောက် အမျိုးသမီးတွေမှာ Proluton Depot ကိုလုံးဝအသုံးမပြုသင့်ပါဘူးနော်🧏
နောက်ပြီး Proluton Depot ထိုးဆေးမှာ အိပ်ချင်တဲ့အာနိသင်ရှိလို့ ဆေးကိုအသုံးပြုပြီး ကားမောင်းတာမျိုးလုပ်မယ်ဆိုရင် သတိထားသင့်ပါတယ်။

💊ဘေးထွက်ဆိုးကျိုးများ

တချို့ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ Proluton Depot ထိုးဆေးကြောင့် ပျို့ခြင်း၊ အော့အန်ခြင်း၊ ယားယံခြင်း၊ အင်ပျဉ်များထခြင်း၊ မျက်နှာ၊နှုတ်ခမ်း၊လျှာ သို့မဟုတ် လည်ချောင်းရောင်ရမ်းခြင်း၊ ဝမ်းလျှောခြင်းတွေ ဖြစ်‌တတ်ပေမယ့် အများစုမှာ ဆေးကုသမှုခံယူစရာမလိုပဲ တဖြည်းဖြည်းသက်သာပျောက်ကင်းနိုင်ပါတယ်။
သွေးတွင်းသကြားပမာဏကို ထိခိုက်စေနိုင်လို့ ဆီးချိုရောဂါရှိတဲ့ လူနာတွေမှာ ရောဂါလက္ခဏာကိုအမြဲစစ်ဆေးနေဖို့လိုပါတယ်။


🩸ခန္ဓာကိုယ်ပြင်ပကို သွေးထွက်တဲ့အခါ သွေးတွေကခဲသွားပြီး သွေးထွက်တာရပ်တန့်သွားပါတယ်။ တခါတရံမှာ သွေးခဲလေးတွေပြိုကွဲပြီး အဆက်...
29/06/2023

🩸ခန္ဓာကိုယ်ပြင်ပကို သွေးထွက်တဲ့အခါ သွေးတွေကခဲသွားပြီး သွေးထွက်တာရပ်တန့်သွားပါတယ်။ တခါတရံမှာ သွေးခဲလေးတွေပြိုကွဲပြီး အဆက်မပြတ်သွေးထွက်ခြင်း ဖြစ်ပွားပါတယ်။
Tranexamic acid (Azeptil)ဟာ သွေးခဲလေးများကွဲထွက်ခြင်းကို ရပ်တန့်စေပြီး မလိုလားအပ်တဲ့သွေးဆုံးရှုံးမှုကို လျှော့ချပေးတဲ့ Antifibrinolytic ဆေးတစ်မျိုးပဲဖြစ်ပါတယ်။

💊 Tranexamic acid (Azeptil)

Azeptil ဟာ သွေးထွက်ခြင်း၊ သွေးဆုံးရှုံးခြင်းကိုလျှော့ချပေးတဲ့ သွေးခဲစေတဲ့ အာနိသင်ရှိပါတယ်။
နှာခေါင်းသွေးလျှံခြင်း၊ ရာသီသွေးဆင်းမှုများခြင်းနှင့် နာကျင်ကိုက်ခဲခြင်း၊ ကိုယ်ဝန်ရှိစဉ်သွေးဆင်းခြင်းတွေကို သက်သာစေပါတယ်။
မျိုးရိုးလိုက်တဲ့ အရေပြားအောက်ရောင်ရမ်းခြင်း (Angioedema) ကုသရာမှာလည်းသုံးပါတယ်။
သွားနှုတ်ခြင်း၊ သားအိမ်သွေးယိုခြင်း၊ ခံတွင်း/ဆီးကျိတ် သို့မဟုတ် ဆီးအိမ်ခွဲစိတ်မှုတွေမှာ သွေးဆုံးရှုံးမှုလျှော့ချရန်သုံးပါတယ်။ ပုံမှန်ထက် သွေးထွက်များတတ်တဲ့လူနာတွေမှာ ခွဲစိတ်မှုမပြုလုပ်မီ ရက်အနည်းငယ်အလိုမှာ Tranexamic acid သောက်သင့်ပါတယ်။

💊ဘယ်လောက်ပမာဏသောက်သင့်လဲ?

⚕️Tranexamic acid 500mg or 625mg ဆေးပြားကို ၂ပြား သို့မဟုတ် ၃ပြားနှုန်းနဲ့ တစ်နေ့သုံးကြိမ် သို့မဟုတ် ၄ကြိမ် သောက်သုံးသင့်ပါတယ်။
အစာမစားခင် သို့မဟုတ် အစာစားပြီးနောက် သောက်သုံးလို့ရပါတယ်။
Tranexamic acid ဟာ သွေးထွက်ခြင်းကိုရပ်တန့်ဖို့ အချိန်တိုအသုံးပြုတဲ့ဆေးဖြစ်တာကြောင့် ရာသီသွေးဆင်းများခြင်းအတွက် ၄ရက်ကြာ နှင့် အခြားသွေးထွက်လွန်ခြင်းများအတွက် ၇ရက်ကြာအောင် သောက်ရပါတယ်။
မျိုးရိုးလိုက်တဲ့ Angioedema ရောဂါနဲ့ သွားနှင့်ခံတွင်းခွဲစိတ်ကုသမှုတွေမှာတော့ အချိန်လိုအပ်သလောက် အသုံးပြုနိုင်ပါတယ်။
ဆေးသောက်ရမယ့်အချိန်မှာ မေ့နေခဲ့ရင်၊ နောက်ပြီး နောက်တစ်ကြိမ်ဆေးထပ်သောက်ရမယ့်အချိန်နဲ့နီးနေခဲ့ရင်တော့ တစ်ကြိမ်စာအတွက်သာသောက်သုံးရပါမယ်နော်။တစ်ချိန်တည်းမှာ နှစ်ကြိမ်စာပေါင်းမသောက်ရပါဘူး။

⚕️ Tranexamic acidကို အကြောဆေး(ထိုးဆေး)ပေးခြင်းဟာ သွေးပေါင်ချိန်ကို ခဏတာလျော့ကျစေနိုင်တာကြောင့် အချိန်၁၀မိနစ်လောက် ဖြည်းဖြည်းချင်းပေးသင့်ပါတယ်။

💊ဘေးထွက်ဆိုးကျိုးများ

"တန်ဆေးလွန်ဘေး" ဆိုသလို Tranexamic acid ကို အလွန်အကျွံသုံးစွဲမိတဲ့အခါမှာလည်း ပျို့အန်ခြင်း၊ဖျားနာခြင်း၊မူးဝေခြင်း၊ဝမ်းလျှောခြင်း စတဲ့ဘေးထွက်ဆိုးကျိုးတွေရှိလာနိုင်ပါတယ်။
ပမာဏများပါက သွေးကြောတွင်း သွေးခဲခြင်းကြောင့် လေဖြတ်နိုင်ပါတယ်။
အမြင်အာရုံပြောင်းလဲခြင်း နဲ့ အသက်ရှူရခက်ခဲခြင်း စတဲ့ဆိုးကျိုးတွေဖြစ်နိုင်‌ပေမယ့် အလွန်ရှားပါတယ်။

💊ဘယ်လိုလူတွေမှာမသုံးသင့်ဘူးလဲ?

ကျောက်ကပ်ရောဂါရှိတဲ့လူတွေမှာ Tranexamic acid ကိုအသုံးပြုခြင်းဟာ ကျောက်ကပ်ဆိုင်ရာသွေးကြောတွေမှာ သွေးခဲလေးတွေဖြစ်ပွားမှုကြောင့် ကျောက်ကပ်ကိုအန္တရာယ်ဖြစ်စေနိုင်ပါတယ်။
သွေးရည်ကြည် creatinine 1.4mg/dlထက်နည်းနေတဲ့ ကျောက်ကပ်ရောဂါရှိတဲ့လူနာတွေမှာ ဆေးကိုအထူးရှောင်ရှားသင့်ပါတယ်နော်။

💊ဘာဆေးတွေနဲ့တွဲမသုံးသင့်ဘူးလဲ?

Tranexamic acid ဟာ သွေးထွက်ခြင်းကိုတားဆီးပေးတဲ့ဆေးဖြစ်တာကြောင့် Warfarin, Heparinကဲ့သို့သော သွေးကျဲဆေးတွေနဲ့ တွဲဖက်မသုံးရပါဘူး။
နောက်ပြီး Tranexamic acid ကို အီစထရိုဂျင်၊ဟော်မုန်းသန္ဓေတားဆေးတွေနဲ့ တွဲသုံးမိရင် သွေးကြောအတွင်းသွေးခဲခြင်း၊ နှလုံးဖောက်ခြင်းနဲ့ လေဖြတ်ခြင်းတို့ ဖြစ်နိုင်ပါတယ်။ ဒီဆိုးကျိုးဟာ အဝလွန်နေခြင်း၊စီးကရက်သောက်ခြင်းနဲ့ အသက်၃၅နှစ်အထက်တွေမှာ အန္တရာယ်ပိုများပါတယ်နော်။

💊ဘာဆေးတွေနဲ့တွဲသုံးလို့ရလဲ?

အမျိုးသမီးများ ဓမ္မတာလာချိန်မှာ Paracetamol၊ Ibuprofen ၊Naproxen သို့မဟုတ် Mefenamic acid စတဲ့ အကိုက်အခဲပျောက်ဆေးတွေနဲ့ တွဲသုံးတဲ့အခါမှာ ပိုကောင်းတဲ့အာနိသင်ရနိုင်ပါတယ်။
သွေးဆုံးရှုံးမှုကိုလျှော့ချပေးပြီး နာကျင်ကိုက်ခဲမှုဒဏ်ကနေ သက်သာစေပါတယ်။

📝Just knowledge

Tranexamic acid ကို ဗီတာမင် စီ နဲ့ တွဲသုံးခြင်းဟာ အသားအရည်ကိုအားဖြည့်ပေးနိုင်ပါတယ်။


💊သွေးတိုးကျဆင်း နီဖီဒီပင်း(Nifedipine)•Nifedipine ဟာ သွေးတိုးရောဂါကုသဖို့အတွက် အဓိကသုံးတဲ့ သွေးတိုးကျဆေးတစ်မျိုးဖြစ်ပြီး...
25/06/2023

💊သွေးတိုးကျဆင်း နီဖီဒီပင်း(Nifedipine)

•Nifedipine ဟာ သွေးတိုးရောဂါကုသဖို့အတွက် အဓိကသုံးတဲ့ သွေးတိုးကျဆေးတစ်မျိုးဖြစ်ပြီးတော့ Anginaလို့ခေါ်တဲ့ နှလုံးစူးအောင့်နာသက်သာဖို့အတွက်လည်း သုံးပါတယ်။
•ခန္ဓာကိုယ်ထဲရှိ သွေးကြောနံရံဆဲလ်အတွင်းသို့ကယ်လ်ဆီယမ်ဝင်ရောက်မှုကိုပိတ်ဆို့(CCBs)ပေးခြင်းဖြင့် သွေးကြောများကိုကျယ်စေပြီးသွေးပေါင်ထိန်းညှိပေးတဲ့ဆေးတစ်မျိုးဖြစ်ပါတယ်။ သွေးတိုးကျဆေးအုပ်စုCမှာပါဝင်ပါတယ်။
•နောက်ပြီး နှလုံးသွေးလွှတ်ကြောများနဲ့ ခြေလက်အစွန်အဖျားမှာရှိတဲ့သွေးလွှတ်ကြောများကိုကျယ်စေပြီး နှလုံးခုန်နှုန်းကိုလည်း နှေးစေပါတယ်။
ဒါကတော့ Nifedipine ရဲ့ယေဘုယျဂုဏ်သတ္တိတွေပေါ့နော်။

💊ကိုယ်ဝန်ဆောင်နှင့် nifedipine🫄

⚕️သွေးတိုးကျဆေးလို့လူသိများတဲ့ Nifedipine ကို သွေးဖိအားပုံမှန်ဖြစ်နေတဲ့ ကိုယ်ဝန်ဆောင်တွေမှာ ဘာကြောင့်ပေးတာလဲ?
ကိုယ်ဝန်၃၇ပတ်မတိုင်ခင် လူနာဟာဗိုက်နာတယ်၊သားအိမ်ညှစ်အား(contractions)များလာတယ်၊ ရေဆင်း/သွေးဆင်းဖြစ်နေမယ်ဆိုရင် ကိုယ်ဝန်ဆောင်မှာ လမစေ့ဘဲမီးဖွားခြင်းဖြစ်နိုင်ပါတယ်။
ဒါဆိုရင်တော့ကိုယ်ဝန်၃၇ပတ်မတိုင်မီ လမစေ့ဘဲမီးဖွားခြင်းကိုရပ်တန့်ဖို့ Nifedipineသောက်ဆေးကို ပေးရပါတယ်။
Nifedipine က မိခင်ရဲ့သားအိမ်ကြွက်သားဆဲလ်ကိုလည်း ပျော့စေခြင်းဖြင့် ကိုယ်ဝန် ၃၇ ပတ်တွင် ရုတ်တရက် သားအိမ် ညှစ်ခြင်းကို ကာကွယ်ပေးပြီး..သားအိမ်ညှစ်ခြင်းကြောင့် ရုတ်တရက်သွေးဆင်းခြင်း၊ လမစေ့ဘဲ ကလေးမွေးခြင်း၊ သားအိမ်နာကျင်ကိုက်ခဲခြင်း (pain) ကို သက်သာစေတဲ့အာနိသင်ရှိပါတယ်။ သန္ဓေသားကိုလည်း ဘေးကင်းစေပါတယ်။

⚕️ဆီးချိုနှင့်သွေးတိုး
ဆီးချိုရောဂါရှိတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးအများစုမှာ သွေးတိုးရောဂါအဖြစ်များတတ်ပါတယ်။
Nifedipineဟာ သွေးကြောများကိုပြေလျော့စေပြီး ကျောက်ကပ်သွေးစီးဆင်းမှုကိုမြှင့်တင်ပေးကာ ဆီးထွက်နည်းစေတဲ့ဟော်မုန်းထွက်မှုကိုတားဆီးပေးတာကြောင့် ဆီးထွက်မှုအားများစေပါတယ်။ ဒါကြောင့် ဆီးချိုရောဂါကြောင့် ကိုယ်ဝန်ဆောင်စဉ်သွေးတိုးခြင်းအတွက် အလွန်အသုံးဝင်ပါတယ်။
ကိုယ်ဝန်ဆောင်စဉ်သွေးတိုးရောဂါကုသမှုအတွက် Nifedipine ကို Methyldopa (Aldomet)နဲ့တွဲပေးလေ့ရှိပါတယ်။

💊ဘေးထွက်ဆိုးကျိုးများ

ကိုယ်ဝန်ဆောင်စဉ် Nifedipine သုံးစွဲမှုကြောင့် ခြေသလုံး/ခြေကျင်းဝတ်များရောင်ရမ်းခြင်း(edema)ဖြစ်တတ်ပါတယ်။ ခေါင်းကိုက်ခြင်း၊မူးဝေခြင်းတို့ဖြစ်တတ်ပြီးတော့ သေချာအနားယူပြီးရေများများသောက်ရင် သက်သာနိုင်ပါတယ်။
Nifedipine နဲ့ဓာတ်မတည့်မှုရှိခဲ့မယ်ဆိုရင် ဆရာဝန်ကိုသေချာပြောပြထားဖို့လိုပါတယ်နော်။

💊ဘယ်လောက်ပမာဏသောက်သုံးသင့်လဲ?

ကိုယ်ဝန်ဆောင်တွေမှာ
Nifedipine 10-20mg ကို တစ်နေ့ နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်
Nifedipine 30-90mgကို တစ်နေ့တစ်ကြိမ်သောက်နိုင်ပြီးတော့ ပမာဏအများဆုံး တစ်နေ့လျှင် 120mg အထိ ၇ရက်မှ၁၄ရက် သောက်ဖို့ ညွှန်ကြားထားပါတယ်။
သောက်ဆေးမှာ ၃၀မိနစ်ကနေ ၄၀မိနစ်အတွင်းအာနိသင်စရပါတယ်။ အစာမစားမီ ၁နာရီအလို ဒါမှမဟုတ် အစာစားပြီး ၂နာရီအကြာမှာ သောက်သုံးသင့်ပါတယ်။

💊ကိုယ်ဝန်ဆောင်မှာအဓိကသုံးတဲ့သွေးတိုးကျဆေးများ

Methyldopa(Aldomet)၊ Labetalol၊ Nifedipine နဲ့ Hydralazine တွေကိုသောက်ဆေးအနေနဲ့ အသုံးပြုနိုင်ပြီးအကြောဆေး(I.V)အနေနဲ့ Hydralazine ၊ Labetalolနဲ့ Nitroprusside ဆေးတွေကိုသုံးနိုင်ပါတယ်။

💊ကိုယ်ဝန်ဆောင်မှာမသုံးသင့်တဲ့သွေးတိုးကျဆေးများ

သွေးတိုးကျရင်ပြီးရောဆိုပြီး တွေ့ကရာသွေးကျဆေးတွေ ယူသောက်လို့မရပါဘူးနော်။ အထူးသဖြင့်ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာအထူးသတိထားသင့်ပါတယ်။ ကိုယ်ဝန်ဆောင်တွေမှာ-
❌ACEIs အုပ်စုဝင်သွေးတိုးကျဆေးများ(Enalapril)
❌ARBs အုပ်စုဝင်သွေးတိုးကျဆေးများ(Losartan)
❌Beta-blockers အုပ်စုဝင်သွေးတိုးကျဆေးများ(Atenolol, Propranolol)စတဲ့ ဆေးတွေဟာ သ‌န္ဓေသားကိုထိခိုက်နိုင်ခြေအန္တရာယ်ရှိတာကြောင့် လုံးဝအသုံးမပြုသင့်ပါဘူး။
‌❌ Diuretics ဆီးဆေးများ(Spironolactone) ကို ကိုယ်ဝန်ဆောင်စဉ်ကာလမှာ အသုံးပြုခြင်းဟာ အမျိုးသားကလေးငယ်သ‌န္ဓေသားရဲ့ လိင်အဂ်ါဖွံ့ဖြိုးမှုကိုထိခိုက်စေပြီးတော့ မိခင်ရဲ့သားအိမ်အတွင်းသွေးစီးဆင်းမှုပြောင်းလဲခြင်းကိုဖြစ်နိုင်ပါတယ်။

💊ဗဟုသုတ

🍇စပျစ်သီးနဲ့စပျစ်သီးဖျော်ရည်တွေဟာ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ Nifedipine ရဲ့ဆေးပမာဏနဲ့အာနိသင်ကိုတိုးစေခြင်းကြောင့် သွေးဖိအားအလွန်အမင်းကျဆင်းခြင်း (hypotension)ဖြစ်နိုင်ပါတယ်။

ကဲ သားသားမီးမီးလေးတွေမွေးလာမယ့် အနာဂါတ်ကိုယ်ဝန်ဆောင်အမျိုးသမီးလေးများအတွက် ဆေးဝါးဗဟုသုတလေးshareပေးလိုက်ပါပြီနော်🫢🤱


တစ်လစာ‌မုန့်ဖိုးကို တစ်ပတ်တည်းနဲ့သုံးပြီး သွေးတွေတက်နေပြီလားချစ်တို့ရေ🙋ဒါဆိုရင်တော့ သွေးတိုးကျဆေးလေးအကြောင်း သိထားသင့်နေ...
23/06/2023

တစ်လစာ‌မုန့်ဖိုးကို တစ်ပတ်တည်းနဲ့သုံးပြီး သွေးတွေတက်နေပြီလားချစ်တို့ရေ🙋
ဒါဆိုရင်တော့ သွေးတိုးကျဆေးလေးအကြောင်း သိထားသင့်နေပြီနော်။ စတာပါ🫢

💊Bisoprolol tablets
သွေးတိုးကျဆေးအမျိုးအစားတွေအများကြီးထဲက Bisoprolol လို့ခေါ်တဲ့ ဆေးအကြောင်းကိုပြောပြပေးသွားမှာပါ။ Brand nameတွေအများကြီးရှိပါတယ်နော်။
သွေးတိုးကျဆေးအုပ်စုကြီး (၄)မျိုးရဲ့ အုပ်စုBမှာပါဝင်တဲ့ Bisoprolol tablets ဟာဆိုရင် နှလုံးခုန်နှုန်းကိုနှေးစေပြီးသွေးတိုးကျစေတဲ့ beta-blocker‌ဆေးတစ်မျိုးပဲဖြစ်ပါတယ်။

💊ဘယ်လိုအခြေအနေမှာသုံးသင့်လဲ?
နှလုံးခုန်နှုန်းမြန်ပြီး သွေးတိုးတဲ့လူနာတွေမှာ အဓိကသုံးပါတယ်။
သွေးဖိအားကိုထိန်းညှိပေးပြီး သွေးတိုးရောဂါရှိတဲ့လူနာတွေမှာ Bisoprolol သောက်သုံးခြင်းဟာ နောက်ဆက်တွဲရောဂါဖြစ်တဲ့ နှလုံးရောဂါ၊နှလုံးဖောက်ပြန်ခြင်း(heart attack)နဲ့လေဖြတ်ခြင်းတို့ကိုကာကွယ်ပေးနိုင်လို့ နာတာရှည်နှလုံးရောဂါ၊နှလုံးသွေးကြောကျဉ်းရောဂါတွေမှာ သုံးနိုင်ပါတယ်။

💊ဘယ်သူတွေမှာမသုံးသင့်ဘူးလဲ?
•ပန်းနာရင်ကြပ်ရောဂါ(Asthma)၊အဆုတ်ရောဂါရှိတဲ့သူတွေမှာ Bisoprolol ကိုမသုံးသင့်ပါဘူး။
•နှလုံးခုန်နှုန်းနှေးတဲ့လူနာတွေ( PR

Address

Zeyarthiri
Naypyidaw
NO(2)DSOGCH300BEDDED

Website

Alerts

Be the first to know and let us send you an email when Pharmacy by Hmone posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram