Shwe Min Hein Pharmacy

  • Home
  • Shwe Min Hein Pharmacy

Shwe Min Hein Pharmacy မကြာခင်အာ​ကောင်းဆုံးဝန်​ဆောင်မူများလာ​ရောက်ပါမယ်ခင်ဗျာ😘😘09255118028/09779985657/09799878099ဒီဖုန်းနံပါတ်၃ခုလွှဲ၍ကျန်ဖုန်းနံပါတ်နဲ့အွန်လိုင်း​ဆေးမ​ရောင်းပါ

21/03/2025
17/01/2025

ဆေးရောင်းအကူဝန်ထမ်း (ကျား) (1)ဦးအမြန်အလိုရှိသည်
09779985657ကိုဆက်သွယ်ပေးပါခင်ဗျာ
CV From ပေးပို့လျှောက်ထားနိုင်ပါသည်။
ရေရှည်လုပ်ကိုင်နိုင်သူအရင်ဦးစားပးမည်

လစာညှိနှိုင်း
နေပြည်တော်မြို့မ‌ေစျး

17/05/2024

အမျိုးသားအားဆေး ဝယ်ယူနိုင်ပါပီ(လိုအပ်တဲ့‌ေဆးမှာယူနိုင်ပါသည် အဆင်ပြေအောင်ဆောင်ရွက်ပေး‌နေပါပီ)

အရေးပေါ်သန္ဓေတားဆေးဆိုတာဘာလဲအရေးပေါ်သန္ဓေတားဆေးဆိုတာ အကာအကွယ်မဲ့ လိင်ဆက်ဆံမိရင် ကိုယ်ဝန်မရအောင် သောက်ရတဲ့ဆေးပါ အမျိုးသမီ...
19/01/2024

အရေးပေါ်သန္ဓေတားဆေးဆိုတာဘာလဲ

အရေးပေါ်သန္ဓေတားဆေးဆိုတာ အကာအကွယ်မဲ့ လိင်ဆက်ဆံမိရင် ကိုယ်ဝန်မရအောင် သောက်ရတဲ့ဆေးပါ
အမျိုးသမီးတစ်ယောက်ဟာ ပုံမှန်သောက်နေကျသန္ဓေတားဆေး(၂၁လုံးပါကဒ် သို့မဟုတ် ၂၈လုံးပါကဒ်)မရှိဘူး ၃လခံထိုးဆေးလည်းထိုးမထားဘူး အခြားနည်းလမ်းနဲ့လည်း သန္ဓေတားမထားဘူး လိင်ဆက်ဆံတဲ့အချိန်မှာလည်း ကွန်ဒုံးမသုံးမိတဲ့အခါ သုံးရတဲ့ဆေးဖြစ်ပါတယ်

ပုံမှန်သုံးနေကျသန္ဓေတားဆေးကဒ်မှာ ၂လုံး (သို့မဟုတ်) ၃လုံး သောက်ဖို့မေ့တဲ့အချိန်မျိုးမှာလည်း အရေးပေါ်သန္ဓေတားဆေးကို သုံးရတတ်ပါတယ်

အရေးပေါ်သန္ဓေတားဆေးကို နာမည်အမျိုးမျိုး(pill 72, Ecee 2, Lydia 1safe pill) စသဖြင့် ဈေးကွက်ထဲမှာရနိုင်ပါတယ် အချို့ဆေးတွေဟာ ၁ကဒ်မှာ ဆေး၁လုံးပဲပါပြီး အချို့ကတော့ ၁ကဒ်မှာ ဆေး၂လုံးပါပါတယ်

လိင်ဆက်ဆံပြီး ၂၄နာရီအတွင်းသောက်ရင် ပိုပြီးအာနိသင်ထိရောက်ပါတယ် ၇၂နာရီ အတွင်းသောက်ရင်တော့ ၈၇%လောက်အထိပဲ ကိုယ်ဝန်မရဖို့ အကာအကွယ်ပေးနိုင်ပါတယ်

၁လုံးပါတဲ့ဆေးကဒ်ဆိုရင် အကာအကွယ်မဲ့ လိင်ဆက်ဆံပြီးပြီးချင်း ၁လုံးပဲသောက်စရာလိုပါတယ် ၂လုံးပါကဒ်သောက်ရင်တော့ တစ်ကြိမ်တည်း ၂လုံးစလုံးသောက်လို့ ရသလို ပထမ ၁လုံးသောက်ပြီး ၁၂နာရီခြား ဒုတိယ၁လုံးသောက်တဲ့နည်းနဲ့သောက်လို့လည်းရပါတယ်

ဘေးထွက်ဆိုးကျိုးများပါတယ်
ရာသီလာတာမူမမှန်တာ ဗိုက်နာတာ မူးတာ ခေါင်းကိုက်တာ ရင်ပြည့်ရင်ကယ်တာ အန်တာ ရင်သားတင်းတာတွေ ၂ရက်လောက်အထိ ဖြစ်တတ်ပါတယ်

အရေးပေါ်သန္ဓေတားဆေးသောက်ပြီး တစ်ပတ်လောက်နေရင် ကွက်ကြားရာသီလာတတ်ပါတယ် မစိုးရိမ်ပါနဲ့ ပုံမှန်ဖြစ်တတ်တာပါ ပုံမှန်ရာသီလာတဲ့အချိန်ထက်စောလာတာ သို့မဟုတ် နောက်ကျတာမျိုးလည်းဖြစ်တတ်ပါတယ်

သောက်ပြီး ၂နာရီအတွင်း အန်ရင် ဆေးအာနိသင်မရတာဖြစ်နိုင်တဲ့အတွက် နောက်တစ်လုံးထပ်သောက်ဖို့လိုပါတယ် အရေးပေါ်သန္ဓေတားဆေးကို ခဏခဏမသုံးသင့်ပါ ၁လမှာ ဆေးကဒ် ၂ကဒ်ထက်ပိုမသုံးသင့်ပါ ကြိုတင်ပီးသောက်လို့လည်းမရပါ

ကိုယ်ဝန်ရပီးမှ ဖျက်ချတာ မွေးပြီး ကလေးကို စွန့်ပစ်တာမျိုးထက်စာရင် မဖြစ်အောင်တားဆီးတာကတော့ အကောင်းဆုံးပါ

ပင်မှည့်သီး၏ အဟာရ အကျိုးကျေးဇူးများပင်မှည့်သီး ဖျော်ရည်ဆိုတာ အအေးဆိုင်ရဲ့ မီနူးထဲမှာမရှိမဖြစ်ဖြစ်တဲ့ အအေးတစ်ခုပါ။ အရသာလည...
19/01/2024

ပင်မှည့်သီး၏ အဟာရ အကျိုးကျေးဇူးများ

ပင်မှည့်သီး ဖျော်ရည်ဆိုတာ အအေးဆိုင်ရဲ့ မီနူးထဲမှာမရှိမဖြစ်ဖြစ်တဲ့ အအေးတစ်ခုပါ။ အရသာလည်း ရှိသလို သောက်တဲ့လူတိုင်းကိုလည်း ကောင်းကျိုးလေးတွေ ရစေတဲ့ ဒီ ပင်မှည့်သီးဖျော်ရည်ရဲ့ အကျိုးကျေးဇူးတွေကို လေ့လာကြည့်ရအောင်။

ပင်မှည့်သီး မှာပါတဲ့ အာဟာရဓာတ်တွေ
ပင်မှည့်သီးမှာ

ဗီတာမင် C
သံဓာတ်
အမျှင်ဓာတ်
ရေဓာတ်
ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေပါတယ်။
ပင်မှည့်သီး ကနေ ဒီလို ကောင်းကျိုးတွေရနိုင်ပါတယ် ။ ။
ပင်မှည့်သီး ကနေ ဒီလို ကောင်းကျိုးတွေရနိုင်ပါတယ်

( ၁ ) လူကို လန်းဆန်းစေပါတယ်။

ပင်မှည့်သီး ဖျော်ရည်ဟာ ချိုအီအီထက် ချဉ်ချိုချိုလေးဖြစ်တာကြောင့် သောက်လိုက်တဲ့ လူတိုင်းကို လန်းဆန်းစေမှာ အသေအချာပါ။ ရေဓာတ်ကြွယ်ဝတဲ့အတွက် အခြား ဖျော်ရည်တွေလိုမျိုး သောက်ပြီးတာနဲ့ ရေဆာခြင်းကို မဖြစ်စေသလို ခံတွင်းကိုလည်းရှင်းစေဦးမှာပါ။

( ၂ ) အာဟာရဓာတ်တွေ များစွာပါပါတယ်။

ချဉ်ချိုချို အသီးလေးဖြစ်တာကြောင့် ဗီတာမင် C ပါမယ်ဆိုတာကတော့ အထူးပြောနေစရာကို မလိုဘူးထင်ပါတယ်။ ဒါ့အပြင် နှလုံးကြွက်သားတွေနဲ့ သွေးကြောတို့အတွက် လိုအပ်တဲ့ ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝတဲ့ အသီး တစ်မျိုးလည်း ဖြစ်ပါတယ်။ နောက်ပြီး အမျှင်ဓာတ် ၊ သံဓာတ်နဲ့ ကယ်လ်ဆီယမ် ၁၂.၈ ရာခိုင်နှုန်းပါတဲ့ အသီးတစ်မျိုးလည်းဖြစ်ပါတယ်။

( ၃ ) ခုခံအားကို တက်စေပါတယ်။

ခုခံအားအတွက် အရေးကြီးတဲ့ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်တဲ့အသီးဖြစ်တာကြောင့် ကိုယ်တွင်းကို ဝင်လာမယ့် ရောဂါပိုးတွေကို သူက ကူပြီး တိုက်ထုတ်ပေးမှာ အသေအချာနော်။

( ၄ ) ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာပါပါတယ်။

အသီးတိုင်း ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝကြတဲ့အတွက် အသီးတစ်မျိုးဖြစ်တဲ့ ပင်မှည့်သီးလည်း အတူတူပါပဲ။ သူ့ရဲ့ ကြွယ်ဝတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ကိုယ်တွင်း အဆိပ်အတောက်တွေကို ဖယ်ရှားပေးမှာ ဖြစ်တဲ့အပြင် ကင်ဆာရောဂါ မဖြစ်အောင်လို့လည်း ကာကွယ်ပေးဦးမှာပါ။

( ၅ ) အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။

ပင်မှည့်သီးက အစာကြေ စေတဲ့အပြင် အစာခြေစနစ်ကို ကူညီပေးတဲ့အတွက် အစာအိမ်သမားတွေ အထူးအားထားရတဲ့ အသီးတစ်ခုပါ။

( ၆ ) ဓာတ်မတည့်ခြင်းဖြစ်တတ်သူများအတွက်လည်း အားထားရတဲ့ အသီးတစ်ခုပါ။

ဓာတ်မတည့်ပစ္စည်းတွေ ထွက်တာ၊ ကိုယ်တွင်းရောင်ရမ်းတာတွေကို သက်သာစေတဲ့အတွက် ပင်မှည့်သီးက ပန်းနာရင်ကျပ်သမားတွေ အတွက် လက်စွဲ အသီးတစ်ခုပါ။

( ၇ ) အမြင်အာရုံကို ကောင်းမွန်စေပါတယ်။

ပင်မှည့်သီးရဲ့ ကြွယ်ဝလှတဲ့ flavonoids တွေက သင့်မျက်လုံး အပေါ် သက်ရောက်တဲ့ ဓာတုပစ္စည်းမှန်သမျှကို ဖယ်ရှားပေးမှာ ဖြစ်လို့ မျက်လုံးကျန်းမာရေးအတွက်လည်း အသုံးဝင်လှတဲ့အသီးတစ်ခုနော်။

( ၈ ) သွေးအားနည်းခြင်းကို ကာကွယ်ပေးပါတယ်။

ပင်မှည့်သီးမှာပါတဲ့ non-heme iron ( အပင်ကရတဲ့ သံဓာတ်) ကြောင့် သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါတွေကိုလည်း ကာကွယ်ပြီးသားဖြစ်မှာပါ။

ဘာတွေ သတိထားရမလဲ
ပင်မှည့်သီးက ကျန်းမာရေးနဲ့ ညီညွတ်တယ် ဆိုပေမယ့် အများကြီး စားရင် အစာအိမ် မအီမသာဖြစ်တာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အလွန်အကျွံ မစားမိဖို့ လိုပါမယ်။

ဘယ်သူတွေ မစားသင့်ဘူးလဲ
ပင်မှည့်သီးက ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုပေမယ့် ရောဂါအခံရှိသူတွေ ကျန်းမာရေး ပြဿနာတစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေ အနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။

မပြည့်စုံတဲ့ဘဝကလာတယ်ဆိုရင် သူများထက် ပိုပီးကြိုးစားရမယ် ပိုဇွဲ ရှိရမယ်.ပိုပီး ခံနိုင်ရည်  ရှိရမယ်  ဘယ်သူ့ ကိုမ အပစ်တင်နေ...
24/10/2023

မပြည့်စုံတဲ့ဘဝကလာတယ်ဆိုရင် သူများထက် ပိုပီးကြိုးစားရမယ် ပိုဇွဲ ရှိရမယ်.ပိုပီး ခံနိုင်ရည် ရှိရမယ် ဘယ်သူ့ ကိုမ အပစ်တင်နေလို့မရဘူး

ဝမ်းချုပ်ခြင်းအကြောင်းသိကောင်စရာ
16/10/2023

ဝမ်းချုပ်ခြင်းအကြောင်းသိကောင်စရာ

ကလေးများ ဗိုက်နာခြင်းအကြောင်းသိကောင်းစရာ
16/10/2023

ကလေးများ ဗိုက်နာခြင်းအကြောင်းသိကောင်းစရာ

ဆီးချိုကိုအနိုင်ယူချင်တဲ့ အကောင်းဆုံးနည်းလမ်း/ဆီးချိုကြိုတင်ကာကွယ်မဲ့နည်းလမ်းစားနည်းနည်း​တော့များသွားပါတယ်ခင်ဗျာ😀😀ဆီးချိ...
19/09/2023

ဆီးချိုကိုအနိုင်ယူချင်တဲ့ အကောင်းဆုံးနည်းလမ်း/
ဆီးချိုကြိုတင်ကာကွယ်မဲ့နည်းလမ်း
စားနည်းနည်း​တော့များသွားပါတယ်ခင်ဗျာ😀😀

ဆီးချိုရောဂါ (သွေးချိုဟုလည်းအများသိကြသည်) သည် ကမ္ဘ ာတစ်ဝှမ်း အဖြစ်အများဆုံး နာတာရှည်ရောဂါတစ်ခု ဖြစ်နေသည်မှာ စိတ်မကောင်းစရာပင်။ ဆီးချိုရောဂါကြောင့် သွေးတွင်းသကြားဓါတ်မြင့်တက်ပြီး အချိန်တစ်ခုတွင် အရေးကြီးအင်္ဂါများဖြစ်သော ဦးနှောက်၊ နှလုံး၊ ခြေလက်တို့ရှိအာရုံကြောများ၊ မျက်လုံးနှင့်ကျောက်ကပ်တို့ကို ထိခိုက်လာနိုင်သည်။ သေချာကုသမှုမယူသူများတွင် မျက်စိကွယ်ခြင်းအပါအဝင် ဆိုးရွားသော ကိုယ်ခန္ဓာမသန်စွမ်းမှုများ ဖြစ်စေကာ တစ်နှစ်လျှင် ဆီးချိုကြောင့်သေဆုံးရသူ ၃.၄ သန်းခန့်ရှိသည်။ ကောင်းသတင်းမှာ ဆီးချိုကို ဆေးသောက်ပြီး နေထိုင်စားသောက်မှုပုံစံ ထိန်းသိမ်းမည်ဆိုပါက သာမန်ကျန်းမာသော လူကောင်းအတိုင်း သက်ရှည်စွာနေနိုင်မည်ဖြစ်သည်။

ဆီးချိုအမျိုးအစား (၂) မျိုးရှိပါသည်။
အမျိုးအစား (၁) ဆီးချိုတွင် ခန္ဓာကိုယ်မှ အင်ဆူလင် (သကြားဓါတ်ကို ခန္ဓာကိုယ်အား အသုံးပြုစေသောဟော်မုန်း) မထွက်တော့ပေ။

ဆီးချိုအမျိုးအစား(၂) သည် ထွက်သောအင်ဆူလင်ကို ခန္ဓာကိုယ်မှကောင်းစွာ မတုန့်ပြန်ခြင်းဖြစ်သည်။ ကမ္ဘာတစ်ဝှမ်းတွင် အမျိုးအစား (၂) သည် ပိုအဖြစ်များပြီး ဆီးချိုဝေဒနာရှင်များ၏ ၉၀-၉၅% ခန့်ရှိသည်။

ဆီးချိုးကိုကာကွယ်နိုင်သော နည်းလမ်း (၅) သွယ်ကို မျှဝေလိုပါသည်။
လေ့ကျင့်ခန်း
ပုံမှန်ကိုယ်လက်လှုပ်ရှားလုပ်ခြင်းသည် ဆီးချိုထိန်းရန် သို့မဟုတ် ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်သည်။ လေ့ကျင့်ခန်းမလုပ်ပဲ ကြာရှည်စွာမလှုပ်မရှားနေခြင်းသည် ရောဂါကို အားပေးသည်။ ပုံမှန်လေ့ကျင့်ခန်းလုပ်ပါက ကြွက်သားများ၏ အင်ဆူလင်အသုံးပြုခြင်းနှင့် သကြားဓါတ်စုပ်ယူခြင်းစွမ်းရည်ကို တိုးတက်စေသည်။ လေ့ကျင့်ခန်းသည် အင်ဆူလင်ထုတ်သောဆဲလ်များ ဝန်ပိခြင်းကိုလည်း သက်သာစေသည်။ လေ့ကျင့်ခန်း၏ အကျိုးကျေးဇူးနောက်တစ်ခုမှာ ကိုယ်အလေးချိန်ကျစေခြင်း ဖြစ်သည်။ တစ်ပတ် ၅ ရက်၊ ၁ ရက် မိနစ် ၃၀ လေ့ကျင့်ခန်းလုပ်နိုင်ပါက သွေးပေါင်ချိန်ကောင်းစေပြီး ကိုလက်စထရောအဆီအတွက်လည်း ကောင်းသည်။ လေ့ကျင့်ခန်းသည် ဆီးချိုတိုက်ဖျက်ရန် ပထမဆုံးနှင့်အကောင်းဆုံးနည်းဖြစ်သည်။

ကျန်းမာသောအစားအစာ
ကျန်းမာသောအစားအစာသည်လည်း ဆီးချိုကာကွယ်၊ ထိန်းသိမ်းရန် အရေးကြီးသည်။ အချိုရည်များကိုရှောင်ပြီး ရေ သို့မဟုတ် မချိုသောလက်ဖက်ရည်၊ ကော်ဖီသောက်ပါ။ အချိုရည်သောက်လေ့ရှိသော ကလေး၊ လူကြီးများသည် အဝလွန်ခြင်း ဖြစ်နိုင်ချေများသည်။ ထို့အပြင် အချိုရည်များသည် အင်ဆူလင်ယဉ်ပါးမှုကို ပိုဖြစ်စေနိုင်သည်။
“မကောင်းသောအဆီများ” ကိုရှောင်ပြီး “ကောင်းသောအဆီများ” ကိုစားသုံးပါ။ ဟင်းသီးဟင်းရွက်နှင့် အစေ့အဆံများမှရသည့် ကောင်းသောအဆီများသည် ကြွက်သားများထဲရှိ အင်ဆူလင်လက်ခံဆဲလ်များမှ သကြားဓါတ်အားလက်ခံမှုကို တိုးပွားစေခြင်းအားဖြင့် အမျိုးအစား (၂) ဆီချိုကာကွယ်ရေးတွင် ကူညီနိုင်သည်။
အဆင့်ဆင့်ပြင်ဆင်ထားသော ကစီဓါတ်ကြွယ်ဝသည့်အစားအစားများဖြစ်သည့် ပေါင်မုန့်အနု၊ ဖွေးနေသောဆန်စသည်တို့ကို အကန့်အသတ်နှင့်စားပါ။ ၎င်းတို့သည် သွေးတွင်းသကြားဓါတ်နှင့် အင်ဆူလင်ပမာဏကို မြင့်တက်စေသည်။ နီမြန်းသောအသားများစားသုံးခြင်းကို ကန့်သတ်ပြီး ကြက်ဘဲ သို့မဟုတ် ငါးတို့မှရသော ကျန်းမာသည့်ပရိုတင်းအသားဓါတ်ကို များများစားပါ။

ကျန်းမာသော ကိုယ်အလေးချိန်
အဝလွန်ခြင်းသည် ဆီးချိုအမျိုးအစား (၂) ဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းဖြစ်သည်။ အဝလွန်ခြင်းကြောင့် ဆီးချိုဖြစ်နိုင်ချေသည် သာမန်အလေးချိန်ရှိသောသူနှင့်စာလျှင် အဆ ၂၀ မှ ၄၀ ခန့်ပိုများသည်။ မျှတသော အာဟာရပါသည့် ကျန်းမာသောအစားအစာ စားသုံးခြင်းနှင့် လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းသည် ဆီးချိုကိုလုံးဝထိန်းချုပ်ရုံမက ကာကွယ်ရန်ပင် ဖြစ်နိုင်ချေရှိသည်။ ဆီးချိုကာကွယ်ရေးအစီအစဉ်မှပြုလုပ်သော သုတေသနတစ်ခုတွင် နေထိုင်စားသောက်မှုပုံစံပြောင်းခြင်းကြောင့် ၃ နှစ်အကျော်တွင် ဆီးချိုဖြစ်နှုန်း ၅၈% ကျဆင်းသွားသည်ကို အခြားမပြုလုပ်သောအုပ်စုနှင့်ယှဉ်ပြီးတွေ့ရသည်။ နောက်တွေ့ရှိချက်တစ်ခုမှာ ကိုယ်အလေးချိန် ၁ ကီလိုဂရမ်လျော့တိုင်း ဆီးချိုဖြစ်နှုန်းအန္တရာယ် ၁၆% လျော့နည်းခြင်းဖြစ်သည်။ ဤအချက်သည် ကျန်းမာသော ကိုယ်အလေးချိန်ရှိနေစေဖို့ စိတ်တွန်းအားတစ်ခုဖြစ်သည်။

ဆေးလိပ်ရှောင်ခြင်း
ဆေးလိပ်သောက်ခြင်းကြောင့် ဆီးချိုဖြစ်နှုန်း ၃၀-၄၀% တိုးစေသည်။ ဆီးချိုရှိပြီးသောသူများ ဆေးလိပ်သောက်ပါက အဖြစ်များသောနောက်ဆက်တွဲဆိုးကျိုးများ ပိုမိုကြီးမားမည်ဖြစ်သည်။ နှလုံးနှင့်ကျောက်ကပ်ရောဂါ၊ ခြေထောက်နှင့်ခြေချောင်းများတွင် သွေးလျှောက်နည်းခြင်း၊ ဆီးချိုကြောင့် မျက်စိမှုန်ခြင်း၊ ခြေလက်ထုံကျင်ခြင်းတို့သည် ဆီးချိုသမားဆေးလိပ်သောက်သောကြောင့် ဖြစ်သည်။ ဆေးလိပ်မသောက်သူများ အစလုပ်ပြီးမသောက်ပါနှင့်။ ဆေးလိပ်နှင့်ဆီးချိုသည် တိုက်ရိုက်ဆက်သွယ်မှုရှိပြီး အခြားမကောင်းသော ကျန်းမာရေးအခြေအနေများလည်း ကြုံရနိုင်သည်။

ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်း
မိမိတွင် ဆီးချိုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ဖြစ်နိုင်ချေရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်း/ ဆီးချိုစစ်ဆေးခြင်းသည် သင့်၏လက်ရှိကျန်းမာရေးအခြေအနေနှင့် အနာဂတ်ကျန်းမာရေးအခြေအနေအတွက် အရေးပါသောအချက်အလက်များပေးနိုင်ပါသည်။ ဆီးချိုစစ်ဆေးရာတွင် သွေးတွင်း (၃) လပျမ်းမျှသကြား (Hb A1C) နှင့် ဆီးထဲရှိ အယ်လ်ဗျူမင်ပမာဏကိုတိုင်းတာသည်။ ပုံမှန်ထက်များနေပါက ဆီးချိုဖြစ်နိုင်ချေရှိသည် သို့မဟုတ် ဖြစ်နေပြီးလည်းဖြစ်နိုင်သည်။ ဘမ်ရွန်ဂရက် အပြည်ပြည်ဆိုင်ရာဆေးရုံကြီးရှိ ဆီးချိုရောဂါအစီအစဉ်မှ ရောဂါကာကွယ်ခြင်း၊ ရှာဖွေခြင်းနှင့်ကုသခြင်းအား ဆောင်ရွက်ပေးနေပါသည်။ ဆီးချိုအကြို (Pre-diabetes) ဖြစ်နေခြင်းကိုသိအောင်လုပ်ခြင်းမှအစ ဆီးချိုကြောင့်ပျက်စီးသည့် မျက်စိကိုကုသခြင်းအပါအဝင် ကိုယ်ဝန်ဆောင်စဉ်အမျိုးသမီးများတွင် ယာယီဖြစ်တတ်သောဆီးချို (Gestational Diabetes) အထိ ဘမ်ရွန်ဂရက်တွင် ဆီးချိုဝေဒနာရှင်များအတွက်လိုအပ်သော ကုသရေးနှင့်ပညာပေးအစီအစဉ်များဖြင့် သာမန်လူကောင်းတစ်ဦးနီးပါး နေထိုင်နိုင်ရန် စောင့်ရှောက်ပေးလျက်ရှိနေပါသည်။

ဆီးချိုကာကွယ်ခြင်းသည် ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ဆီးချိုရောဂါအန္တရာယ်ကိုသိရန် အရေးကြီးပါသည်။

Shwe Min Hein NPT
(အဆုံးထိဖက်ပီးတာ ​ကျေးဇူးတင်ပါတင်ခင်ဗျာ)
Thanks you🙏🙏

ဆီးချိုရှိသူတွေမုန့်ဟင်းခါးစားလို့ရပါသလား?🧑‍⚕️မုန့်ဟင်းခါးစားရင် ဆီးချိုတက်တယ် လို့တစ်ချို့ကပြောတယ်...🧑‍⚕️ဆီးချိုရှိသူတွ...
19/09/2023

ဆီးချိုရှိသူတွေမုန့်ဟင်းခါးစားလို့ရပါသလား?

🧑‍⚕️မုန့်ဟင်းခါးစားရင် ဆီးချိုတက်တယ် လို့တစ်ချို့ကပြောတယ်...

🧑‍⚕️ဆီးချိုရှိသူတွေ မုန့်ဟင်းခါးစားလို့ရတယ်လို့ တစ်ချို့ကပြောတယ်...

🩺အဲဒါ ၂ ခုလုံးမှန်ပါတယ်။

🩺တော်တော်များများကတော့ စားရင် ဆီးချိုတက်တာပေါ့

-ဘာလို့လဲဆိုတော့ အများစု စားကြတာက ဆိုင်ချက်မုန့်ဟင်းခါး....

-ဆိုင်ချက်ဆိုတော့ အချိုမှုန့်များများ၊ ငံပြာရည်များများ၊ လေးလေးပင်ပင်နဲ့ မုန့်ရည်ကခပ်ပြစ်ပြစ်နဲ့ မုန့်ဖတ်များများ၊ အကြော်များများ ပါတယ်လေ...

-ဒီလိုဆိုတော့ ဆီးချိုရှိသူတွေအနေနဲ့ မစားသင့်တော့ဘူးပေါ့။

😊ဆီးချိုရှိသူတွေ စားဖို့ဆိုရင်

😊မုန့်ရည်ကျဲကျဲ၊ မုန့်ဖတ်နည်းနည်း၊အကြော်မပါ၊ အချိုမှုန့်မပါ၊ ငံပြာရည်လျှော့၊ ငှက်‌ပျောအူ၊ ကြက်သွန်ဥများများပါတဲ့ အိမ်ချက် မုန့်ဟင်းခါးလေးတွေ စားလို့ရပါတယ်။

😊အဆီနည်းနည်းနဲ့ အငန်ပေါ့တဲ့ဟင်းရည်လေးဖြစ်ရင် အကောင်းဆုံးပေါ့။

😊ကဲ... ဆီးချိုရှိသူတွေ မုန့်ဟင်းခါး စားကြပါစို့...

သန်ချဆေး တုတ်ချဆေး အကြောင်း
18/09/2023

သန်ချဆေး တုတ်ချဆေး အကြောင်း

Address


Telephone

+959255117028

Website

Alerts

Be the first to know and let us send you an email when Shwe Min Hein Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram