Doctor Hnin

Doctor Hnin ကလေးကျန်းမာရေးအကြောင်းများ မျှဝေပေးသွားပါမည်

 #ဆုံဆို့နာ ဆိုတာ ဘာလဲ? ဆုံဆို့နာ ဆိုတာ Corynebacterium diphtheriae ဆိုတဲ့ ဘတ်တီးရီးယား ပိုးကြောင့် ဖြစ်တဲ့ ရောဂါတစ်ခုဖြ...
17/07/2023

#ဆုံဆို့နာ ဆိုတာ ဘာလဲ?

ဆုံဆို့နာ ဆိုတာ Corynebacterium diphtheriae ဆိုတဲ့ ဘတ်တီးရီးယား ပိုးကြောင့် ဖြစ်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။

#ဘယ်အသက်အရွယ်တွေမှာ ဖြစ်တတ်သလဲ

အရင်ကတော့ (၁၂) နှစ်အောက် ကလေးတွေမှာအဖြစ်များတာ တွေ့ရတယ်။
ဒါပေမယ့် အခုနောက်ပိုင်းမှာ ကာကွယ်ဆေးကို လုံးဝသော်လည်းကောင်း ပြည့်မီစွာမထိုးနှံထားရင်သော်လည်းကောင်း အရွယ်မရွေး ဖြစ်ပွားတာကိုတွေ့လာရပါတယ်။

#ဘယ်လိုနေရာတွေမှာအဖြစ်များသလဲ

တစ်ကမ္ဘာလုံးအနေနဲ့ပြောရမယ်ဆိုရင် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ ဆုံဆို့နာရဲ့ ခြောက်လှန့်မှုကိုခံနေရဆဲပါပဲ။ ကာကွယ်ဆေးထိုးနှံမှုကို လက်လှမ်းမမီနိုင်တဲ့နေရာတွေမှာအဖြစ်များနေနိုင်တုန်းပါပဲ။

#ရောဂါလက္ခဏာပြဖို့အချိန် ဘယ်လောက်ကြာလဲ

ရောဂါပိုးဝင်ရောက်တဲ့အချိန်ကနေ ရောဂါလက္ခဏာစပြဖို့ (၂)ရက်ကနေ (၅)ရက်ခန့်ထိကြာနိုင်ပါတယ်။

#ဘယ်လို ရောဂါလက္ခဏာတွေလဲ

• ဖျားမယ်
• အားနည်းနေမယ်
• လည်ပင်းနာမယ်
• လည်ချောင်းနှင့်အာသီးမှာ ဖြူပြာရောင်သို့မဟုတ် အညိုရောင်အမြေးပါး ပေါ်လာမယ်
• ရောဂါပြင်းထန်ပါက လည်ပင်းအကျိတ်ထွက်ခြင်း လည်ပင်းရောင်ကိုင်းခြင်းနှင့် အသက်ရှူလမ်းကြောင်းပိတ်ခြင်းတို့ပေါ်လာမယ်
• အချိန်မီ အဆိပ်ဖြေဆေးမရရှိနိုင်ပါက နောက်ဆက်တွဲဆိုးကျိုးများပေါ်လာပြီး အသက်အန္တရာယ်ရှိနိုင်ပါတယ်

#နောက်ဆက်တွဲဆိုးကျိုးတွေက ဘာတွေလဲ

• အမှေးပါးလေးကြောင့် အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်း
• နှလုံးကြွက်သား ရောင်ယမ်းပြီး နှလုံးခုန်မမှန်ခြင်း
• အာရုံကြောထိခိုက်ခြင်း

#သေဆုံးနှုန်းဘယ်လောက်ရှိလဲ

သေဆုံးနှုန်းက ၂၀-၃၀%ရှိပါတယ်။
စောစောသိ စောစောကုသမှုခံယူနိုင်ရင် သေဆုံးနှုန်းက ၁%ထိ ကျသွားနိုင်ပါတယ်။
နှလုံးကြွက်သားထိခိုက်ရင်တော့ သေဆုံးနှုန်းက ၆၀-၉၀% ထိတိုးသွားနိုင်တာမို့ ကုသမှု အမြန်ဆုံးရဖို့အရေးကြီးပါတယ်။

#ဘယ်လိုကုသမှုပေးလဲ

ဆေးရုံကြီးတွေမှာ စောင့်ကြည့်ပြီး ကုသမှုခံယူရပါမယ်။
အဆိပ်ဖြေဆေးကို စောလျင်စွာရရှိဖို့အရေးကြီးပါတယ်။
အသက်ရှူမရတဲ့ကလေးတွေမှာ လည်ပင်းကနေ ပိုက်ထည့်ပီး အသက်ရှူနိုင်ဖို့ စီစဥ်ရပါမယ်။

#ကာကွယ်လို့ရလား

ကာကွယ်လို့သေချာပေါက်ရတာပေါ့
• ဆုံဆို့ရောဂါက ကာကွယ်ဆေးကို (၄)ကြိမ် သို့မဟုတ် (၅) ကြိမ်ပြည့်အောင် ထိုးထားလျှင် ရောဂါကို ၉၅% ကာကွယ်နှုန်းရှိတာကို တွေ့ ရပါတယ်။
• မြန်မာနိုင်ငံရဲ့ အစိုးရကာကွယ်ဆေးမှာ အသက် ၂လ၊ ၄လ၊ ၆လ နဲ့ တစ်နှစ်ခွဲတွေမှာ ဆုံဆို့ကာကွယ်ဆေးကို ထည့်သွင်းထိုးနှံပေးနေပါတယိ။

ဒီထက်ပိုမိုကာကွယ်ချင်ရင်တော့
- ကလေးအသက် ၄နှစ် ကနေ ၅နှစ်အတွင်းမှာ ငါးကြိမ်မြောက်ကာကွယ်ဆေးနဲ့
- ၁၀နှစ်တစ်ကြိမ်အားဖြည့်ကာကွယ်ဆေးကို ထိုးသင့်ပါတယ်။

ကာကွယ်ဆေးပုံမှန်ထိုးခြင်းဖြင့် ကာကွယ်၍ရသော ရောဂါဘေးမှ ကင်းဝေးနိုင်ကြပါစေ

မေတ္တာဖြင့်
ဒေါက်တာနှင်း (ကလေးကျန်းမာ)

ကလေးကင်ဆာရောဂါသည် ကြောက်စရာရောဂါဆိုးတစ်ခု မဟုတ်တော့ပါ။စောစီးစွာသိရှိပြီး အချိန်မီ အချိန်မှန် ကုသပါက ၆၀-၈၀ % ထိ ပျောက်ကင်...
23/06/2023

ကလေးကင်ဆာရောဂါသည် ကြောက်စရာရောဂါဆိုးတစ်ခု မဟုတ်တော့ပါ။
စောစီးစွာသိရှိပြီး အချိန်မီ အချိန်မှန် ကုသပါက ၆၀-၈၀ % ထိ ပျောက်ကင်းနိုင်ပါသည်။

အကယ်၍ သင်၏ကလေးတွင် ဖော်ပြပါလက္ခဏာများထဲမှ တစ်ခုခုတွေ့ရှိပါက နီးစပ်ရာ ဆေးရုံဆေးခန်းသို့ သွားရောက်ပြသသင့်ပါသည်။

ကလေးကင်ဆာရောဂါဟု သိရှိရပါက ကလေးကင်ဆာဌာနတွင်သာ မှန်ကန်သော ဆေးကုသမှုကို စောစောနှင့် မြန်မြန်ကုသမှုခံယူသင့်ပါသည်။

***ရန်ကုန်ကလေးဆေးရုံကြီးနှင့်မန္တလေးကလေးဆေးရုံကြီး ကလေးကင်ဆာရောဂါဌာနမှု ထုတ်ဝေသော လက်ကမ်းစာစောင်ကို ပြန်လည်မျှဝေ ရေးသားပါသည်။

ကလေးငယ်များ ကျန်းမာကြပါစေ။

မေတ္တာဖြင့်
ဒေါက်တာနှင်း (ကလေးကျန်းမာ)

Address

Naypyidaw

Website

Alerts

Be the first to know and let us send you an email when Doctor Hnin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram