09/01/2026
အသီကြီး အသီလေး
ဒီနေ့တော့ အဝတ်ချုပ်ရင်း၊ အဝတ်ခေါက်ရင်း ကျွန်မနဲ့ အတူတူ အိမ်ရှင်းကြတာပေါ့။ ခေါင်းစဥ်ပေးထားတဲ့ အသီကြီး၊ အသီလေး ဆိုတာ လက်ချုပ်လိုက်တဲ့ အခေါ်တွေပါ။ တော်ကြာ ဘာပါလိမ့် ထင်နေမှာစိုးလို့။
၂၀၂၅ ဒီဇင်ဘာကတည်းက ကျွန်မအိမ်ရှင်းနေတာပါ။ နှစ်ကုန်မို့ ဆိုတာထက် အဲ့ဒီတလောတုန်းက အိမ်ကိုစွန့်ချင်တဲ့ စိတ်တွေများနေတော့ မဖြစ်သေးဘူးဟေ့ အိမ်နဲ့ ငါနဲ့တော့ Connection မကောင်းဘူး ပြန်ပြီး ချိတ်ဆက်မှ တော်ကာကျမယ်ဆိုပြီး အိမ်ရှင်းနေခဲ့တာပါ။
အိမ်ရှင်းတဲ့အခါ ကျွန်မလက်ကိုင်ထားတဲ့ မူကတော့ ရိုးရှင်းပါတယ်။
အဆင့် ၁။ Functionality အသုံးဝင်မှုပါ။
ပစ္စည်းတစ်ခု ကောင်းကောင်း၊ ဟောင်းဟောင်း Functioning ဖြစ်သလား၊ ကောင်းသလား အရင်ကြည့်ပါတယ်။ မကောင်းတဲ့ ပစ္စည်းဆို ပြင်လို့ရရင် ပြင်ပါတယ်၊ ပြင်လို့မရရင်တော့ ခဏဘေးဖယ်ထားပြီး နောက်ဆုံးအဆင့်မှ အဲ့ဒီအပုံဆီ ပြန်လှည့်ပါမယ်။
အဆင့် ၂။ သန့်ရှင်း သပ်ရပ်မှု
Functioning ဖြစ်တဲ့ ကောင်းတဲ့ပစ္စည်းမှန်သမျှ သန့်ရှင်း သပ်ရပ်နေအောင် ထားပါတယ်။ အဲ့ဒီလို လုပ်လိုက်တဲ့အခါ နေရာလွတ် Space တွေ အများကြီးပိုထွက်လာတယ်။ Space တွေကို ကျွန်မက တန်ဖိုးထားပါတယ်။
အဆင့် ၃။ ဖန်တီးခြင်း
အဆင့် ၁တုန်းက မကောင်းတော့လို့ ဘေးဖယ်ထားတဲ့ ပစ္စည်းတွေထဲက ကျွန်မအနေနဲ့ Recycle / Upcycle လုပ်ချင်တဲ့ ပစ္စည်းတွေကို ပြန်ရွေးပါတယ်။
ဟိုနေ့က တင်တဲ့ Post "အရသာ လျှာကသိသည်" နဲ့တွဲတင်တဲ့ ဓါတ်ပုံထဲက ဓါးတွေထည့်တဲ့ Container ဆိုရင်လည်း ကြိတ်စက် Blender အဟောင်းကို ပြန်ချစ်ပေးထားတာပါ။ Upcycle လုပ်ဖြစ်တဲ့ Heart-made artwork လေးတွေကိုတော့ နောက်ကြုံရင် ပြပေးပါ့မယ်နော်။
အဆင့် ၄။ မျှဝေခြင်း
Functioning ဖြစ်ပြီး ကောင်းတဲ့ ပစ္စည်းတွေကို အိမ်မှာ သန့်ရှင်း သပ်ရပ်၊ ပြည့်စုံလုံလောက်အောင် ထားပြီးသကာလ ပိုလျှံနေတဲ့ ပစ္စည်းတွေကိုတော့ ဒီပစ္စည်းကို အသုံးလိုမယ့် တခြားသူတွေဆီကို မျှဝေပါတယ်။
ဒီတခါ အိမ်ရှင်းတာ ပိုတဲ့ မီးဖိုချောင်သုံးပစ္စည်းတွေကို နှစ်သစ်ကစပြီး အိမ်ဆိုင်အသုပ်ဆိုင်လေး စဖွင့်မယ့် ညီမလေးတစ်ယောက်ကို ပစ္စည်းထူထောင်ပေးနိုင်ခဲ့တယ်။
အိမ်နီးချင်းတွေထဲက လိုအပ်မယ့်ပုဂ္ဂိုလ်တွေဆီ စောင်၊ ခြင်ထောင်၊ ခေါင်းအုံးဖုံး၊ တဘက်တွေ မျှပေးနိုင်ခဲ့တယ်။
မျှဝေပေးခြင်းခံရတဲ့ ပစ္စည်းတွေကိုယ်တိုင်က သူ့ရဲ့ အသုံးဝင်မှုကို အသုံးမချဘဲ အနားပေးထားမယ့်ဆီမှာထက် သူတို့ အစွမ်းပြရမယ့်သူဆီရောက်ရတာ သူတို့ကျေနပ်မှာပါ။
နောက်ဆုံးမှာ Functioning လည်းမဖြစ်၊ ကိုယ်လည်း Recycle/ Upcycle မလုပ်ဖြစ်တော့တဲ့ ပစ္စည်းတွေကိုတော့ Recycle လုပ်ပေးမယ့် တခြားသူလက်ထဲ လွှဲပြောင်းထည့်ပေးလိုက်ပါတော့တယ်။
ဤတွင် အိမ်ရှင်းခြင်း အဆင့်ဆင့် ပြီးပါပြီရှင်။
ကျွန်မလည်း အိမ်နဲ့ အတော်လေး Connection ပြန်မိလာပြီမို့ လတ်တလောတော့ အိမ်စွန့်ချင်စိတ် ပျောက်သွားပြန်ပါပြီ😂
ကိုယ့်ရဲ့ Lifestyle ကို မျှဝေခြင်းမျှသာပါ။
Love you, all, my Me Timer🍀
#နှလုံးသားတွေနွေးထွေးရင်ဒါဟာလည်းအိမ်
#အိမ်နဲ့ချိတ်ဆက်ခြင်း