ShinThant Physiotherapy Clinic

ShinThant Physiotherapy Clinic Physiotherapy & Rehabilitation Clinic

22/08/2025

ဆေးခန်းလေးကို 1-4-2024မှစတင်ပိတ်ခဲ့ပါပြီရှင့်
စုံစမ်းလိုပါကဆေးခန်းဖုံးနံပါတ်များကိုဆက်သွယ်နိုင်ပါသည်ရှင့် လက်ရှိကုသလိုသူများလည်း ဆွေးနွေးတိုင်ပင်နိုင်ပါတယ်ရှင့်
09 2011877 09694740569

01/05/2024

Closed Now

https://m.facebook.com/story.php?story_fbid=10230655567562787&id=1530946616&mibextid=Nif5oz
28/12/2023

https://m.facebook.com/story.php?story_fbid=10230655567562787&id=1530946616&mibextid=Nif5oz

အော်တင်ဇင် (Autism)

ကိုယ့် ကလေး Autism ဖြစ်နိုင်ခြေရှိ၊မရှိ ဘယ် အချက်တွေ သတိထားပြီးကြည့် မလဲ။

ဒီနေ့ မျှဝေမဲ့ အကြောင်း ကတော့ US မှာ အသုံးများတဲ့ ကလေး အသက် ၁၆လမှ ၃၀ လအတွင်း ကလေး အပြု အမူများကို ကြည့် ပြီး Autism ဖြစ်နိုင်ခြေရှိမရှိကို ကနဦး စစ်ဆေးတဲ့ MCHAT က အကြောင်း အရာ များကို ဘာသာ ပြန်ဆိုထားခြင်း ဖြစ်ပါတယ်။

မေးခွန်းတွေ ဖြေဆိုရာမှာ မှန်၊မှား ဖြေရမှာ ဖြစ်ပြီး တစ်ချို့ ဝေခွဲရ ခက်တဲ့ မေးခွန်းတွေမှာ ကိုယ့် ကလေး ပုံမှန်လုပ်လေ့ရှိတဲ့ အပြုအမူပေါ် မူတည် ပြီး ဖြေပါ။

မေးခွန်း လေးတွေ ကြည့် လိုက်ရအောင်။

၁။ သင် ကအခန်းထဲကအရာတစ်ခုခုကို ညွှန်ပြလိုက်ရင် သင့် ကလေးက လိုက်ကြည့်သလား။
(ဥပမာ- သင်က အရုပ် သို့မဟုတ် တိရစ္ဆာန် ကို ညွှန်ပြလိုက်ရင် သင့် ကလေးက လိုက်ကြည့်သလား။)

(မှန် ၀မှတ်၊ မှား ၁မှတ်)


၂။သင့်ကလေး က အကြားအာရုံ ချို့ယွင်းနေတယ် လို့ သင်တွေးဖူးသလား။

(မှန် ၁မှတ်၊ မှား ၀မှတ်)


၃။သင့်ကလေးက တုပကစားခြင်းမျိုး ကစားတတ်ပါသလား။
(ဥပမာ- ခွက်အလွတ်ထဲကနေ သောက်တဲ့ ပုံလုပ်တာ၊ ဖုန်းပြောနေဟန်ဆောင်တာ၊ အရုပ် သို့မဟုတ် တိရစ္ဆာန်လေးတွေကို အစာကျွေးဟန်လုပ်တာ)

(မှန် ၀မှတ်၊ မှား ၁မှတ်)


၄။သင့်ကလေးက ပစ္စည်း တွေ အပေါ်တွယ်တက်ရတာ ကြိုက်သလား။ (ဥပမာ- ပရိဘောဂ၊ ကစားစရာ၊ လှေကား )

(မှန် ၀မှတ်၊ မှား ၁မှတ်)


၅။ သင့်ကလေးက သူတို့မျက်လုံးနားမှာ ပုံမှန်မဟုတ်တဲ့ လက် လှုပ်ရှားမှုလုပ်ပါသလား။ (ဥပမာ- မျက်လုံးနှင့်အနီးကပ် နေရာမှာ လက်ခါခြင်း၊ မျက်လုံးကို လက်နဲ့ ပိတ်ထားခြင်းမျိုး။)

(မှန် ၁မှတ်၊ မှား ၀မှတ်)


၆။ သင့်ကလေးက အလိုရှိတဲ့ အရာကို အကူအညီရဖို့ လက်ညိုး ညွှန်ပြတတ်ပါသလား။( ဥပမာ- လက်လှမ်းမမှီတဲ့နေရာက အရုပ် သို့မဟုတ် စားစရာကိုညွှန်ပြခြင်း)

(မှန် ၀မှတ်၊ မှား ၁မှတ်)


၇။သင့်ကလေးက စိတ်ဝင်စားစရာတစ်ခုခုကို လက်ညှိုးညွှန်တတ်ပါသလား( ဥပမာ- ကောင်းကင်ပေါ်ကလေယာဉ်ပျံ သို့မဟုတ် လမ်းပေါ်ကကုန်တင်ကား ကိုညွှန်ပြတတ်ပါသလား။)

(မှန် ၀မှတ်၊ မှား ၁မှတ်)


၈။ သင့်ကလေးက အခြားသောကလေးတွေအပေါ် စိတ်ဝင်စားမှုရှိပါသလား။ ( ဥပမာ- တခြားကလေးတွေ ဆီသွားတာ၊ သူတို့ကိုကြည့်တာ၊ပြုံးပြတာ၊ သူတို့ကစားနေတာကို စောင့်ကြည့်တာ)

(မှန် ၀မှတ်၊ မှား ၁မှတ်)


၉။သင့်ကလေးက သင့်ကိုအကူညီတောင်းတဲ့ပုံစံမျိုးမဟုတ်ဘဲ ပစ္စည်းလေးတွေ သင့်ဆီသယ်ဆောင်လာပြီးပြတာမျိုးရှိပါသလား။ ( ဥပမာ ပန်းသို့မဟုတ် အရုပ်လေးတွေသယ်လာပြီးသင့်ဆီလာပြတာ)

(မှန် ၀မှတ်၊ မှား ၁မှတ်)


၁၀။သင့်ကလေး နာမည်ကိုသင်ခေါ်ရင် တုံ့ပြန်တာမျိုးပြပါသလား။( ဥပမာ သင့်ကလေး နာမည်ကိုသင်ခေါ်ရင် သင့်ကိုမော့ကြည့်တာ၊ စကားပြောတာ၊ သူ့လုပ်လက်စအလုပ်တွေရပ်လိုက်တာ)

(မှန် ၀မှတ်၊ မှား ၁မှတ်)


၁၁။ သင့်ကလေးကိုသင်ပြုံးရင် ကလေးပြန်ပြုံးပြပါသလား။

(မှန် ၀မှတ်၊ မှား ၁မှတ်)


၁၂။ သင့်ကလေးက နေ့စဉ်ကြားနေကျ ဆူညံသံတွေကို စိတ်အနှောက်အယှက်ဖြစ်တတ်သလား။ (ဥပမာ- ကျယ်လောင်တဲ့တီးလုံးသံ၊ ဖုန်စုပ်စက်သံ ကြားရင်ကလေးကငိုတာ၊ အော်တာရှိသလား။)

(မှန် ၁မှတ်၊ မှား ၀မှတ်)


၁၃။သင့်ကလေးကလမ်းလျှောက်နိုင်ပြီလား။

(မှန် ၀မှတ်၊ မှား ၁မှတ်)


၁၄။သင် က ကလေးကိုစကားပြောတဲ့အခါ၊ အင်္ကျီလဲပေးတဲ့အခါ၊ ကစားပေးတဲ့အခါ ကလေးက သင့်မျက်လုံးကိုပြန်ကြည့်ပါသလား။

(မှန် ၀မှတ်၊ မှား ၁မှတ်)


၁၅။ကလေးကသင်လုပ်တဲ့အတိုင်းအတု ခိုးပြီးလိုက်လုပ်တတ်ပါသလား။( ဥပမာ -လက်ခုပ်တီး ခြင်း၊ တာ့တာပြခြင်း၊ သင့်လုပ်ပြသောရီစရာကောင်းတဲ့အသံများကို တုပပြီးလိုက်လုပ်ခြင်း)

(မှန် ၀မှတ်၊ မှား ၁မှတ်)


၁၆။သင်ကခေါင်းလှည့်ပြီး တစ်ခုခုလိုက်ကြည့်တဲ့အခါသင့်ကလေးကသင့်ဘာကြည့်လဲဆိုတာသိ ဖို့လိုက်ကြည့်တတ်ပါသလား။

(မှန် ၀မှတ်၊ မှား ၁မှတ်)


၁၇။ သင့်ကလေးကသူ့ကို ကြည့်စေချင်တာမျိုးရှိသလား။ (ဥပမာ -ကလေးက သူ့ကို "ကြည့်"လို့ပြောတာ၊ ကလေးကချီးကျူးခံချင်လို့သင့်ကိုလိုက်ကြည့်တာ)

(မှန် ၀မှတ်၊ မှား ၁မှတ်)


၁၈။သင့်ကလေးကိုသင်တစ်ခုခုခိုင်းရင် ကလေးကနားလည်သလား ( ဥပမာ လက်ညိုးမထိုးပဲ " စာအုပ်ကိုခုံပေါ်တင်လိုက်ပါ" ၊" စောင်လေးယူလာပါ" လို့ပြောရင်ကလေးကနားလည်ပါသလား။)

(မှန် ၀မှတ်၊ မှား ၁မှတ်)


၁၉။အကြောင်းအရာအသစ်တစ်ခုခု၊ အတွေ့အကြုံသစ်တစ်ခုခုတွေ့ရင် မိဘဘယ်လိုခံစားရလဲဆိုတာသိချင်လို့ ကလေးက မိဘမျက်နှာကို လိုက်ကြည့်ပါသလား ။(ဥပမာ အရုပ်အသစ်ရတဲ့အခါ၊ ထူးဆန်းတဲ့အသံကြားတဲ့အခါ ကလေးက မိဘမျက်နှာကိုကြည့်ပါသလား။)

(မှန် ၀မှတ်၊ မှား ၁မှတ်)


၂၀။ကလေးကလှုပ်လှုပ်ရှားရှားနေရ တာကြိုက်ပါသလား။ ( ဥပမာ ပုခက်စီးတာ၊ မိဘဒူးမှာ ရီးလေးခိုစီးတာ)

(မှန် ၀မှတ်၊ မှား ၁မှတ်)

Autism ဖြစ်နိုင်ချေများသော အဖြေများ -
၂၊ ၅၊ ၁၂ မေးခွန်းများအတွက် အမှန် ဖြေခြင်း၊
ကျန်မေးခွန်းများအတွက် အမှား ဖြေခြင်း

📌 စုစုပေါင်းရမှတ် (Total score) အတွက် ထို autism ဖြစ်နိုင်ခြေများသော အဖြေများကို ပေါင်းရပါမည်။

စုစုပေါင်း အမှတ်- ၀မှတ်-၂မှတ် - Autism ဖြစ်နိုင်ခြေနည်း၍ follow up မလိုပါ။

စုစုပေါင်း အမှတ် ၃မှတ်-၇မှတ် Autism ဖြစ်နိုင်ခြေအသင့်အတင့်ရှိပါတယ်။ ကလေး ရဲ့ အပြုအမူကို အချိန်အနည်းငယ်စောင့်ကြည့် ပြီး တိုးတက်မှု မရှိလျှင် ဆရာဝန်နှင့် အမြန်တိုင်ပင်ပါ။

စုစုပေါင်း အမှတ် ၈မှတ်- ၂၀မှတ် Autism ဖြစ်နိုင်ခြေ မြင့်ပါတယ်။ ဆရာဝန်နှင့် အလျင် အမြန် တိုင်ပင်ပါ။

👉 သတိပြုရန်မှာ
ကလေးတစ်ယောက်အော်တစ်ဇင်
ဖြစ်နိုင်ခြင်းရှိမရှိမှန်းဆခြင်းသာဖြစ်ပါသည်။

အော်တစ်ဇင်ဖြစ်သည်ဟုသေချာပေါက်ပြောနိုင်သော test မဟုတ်ပါ။

ဒီဆောင်းပါးလေး ဖြစ်မြောက်အောင် ကူညီပေး တဲ့ ဆရာဒေါက်တာ ကျော်လင်း (ကလေး အထူးကု/ ကလေး ဦးနှောက် အာရုံကြော အထူးကု) ကိုလည်း ကျေးဇူး အများကြီး တင်ပါတယ်ရှင်။ Kyaw Linn

အားလုံး ကျန်းမာကြပါစေရှင်။

With love,
Khin MD🥰
Oct 20th 2023

https://m.facebook.com/story.php?story_fbid=734599295384372&id=100065029230737&mibextid=Nif5oz
24/12/2023

https://m.facebook.com/story.php?story_fbid=734599295384372&id=100065029230737&mibextid=Nif5oz

မသန်စွမ်းမှုဖြစ်မှုအလိုက် အကူအညီများလိုအပ်လာရင် ဘယ်သူ့ဆီ ဆက်သွယ်ရမလဲ မသိဖြစ်နေပါသလား။ အကူအညီပေးနေတဲ့ အဖွဲ့တွေကို လွယ်လင့်တကူ ရှာဖွေနိုင်အောင် အောက်မှာ ဖော်ပြထားပါတယ်။

1. Shwe Min Thar Foundation
https://www.facebook.com/ShweMinnThaFoundationMyanmar?mibextid=LQQJ4d
2. The Leprosy Mission Myanmar
https://www.facebook.com/LeprosyMission?mibextid=LQQJ4d
3. Humanity and Inclusion
https://www.facebook.com/HIMyTh?mibextid=LQQJ4d
4. Myanmar Independent Living Initiative
https://www.facebook.com/milimyanmar2011?mibextid=LQQJ4d

--------------------

လက်တစ်ကမ်းမှာတင် ဥပဒေရေးရာများလေ့လာနိုင်ဖို့ လမ်းပြ application ကို အောက်ပါ linkမှ တစ်ဆင့် ရယူလိုက်ပါ။

Playstore : https://play.google.com/store/apps/details?id=com.koekoetech.myjustice&fbclid=IwAR1SjG-qUM2RfdqtRVnAgFATM0pqDjl_DD_Wt0_7c-axWY5CGJUIZNvL3Sk&pli=1

ဥပ‌ဒေရေးရာဆိုင်ရာများ ဆွေးနွေးမေးမြန်းလိုပါက အောက်ပါ linkမှတဆင့် Myanmar Legal Helplineကို ဆက်သွယ်မေးမြန်းနိုင်ပါပြီ။

t.me/MyanmarLegalHelpline2021

လမ်းလုံးဝမလျှောက်နိုင်သော ခါးနာဝေဒနာခံစားနေရတဲ့ လူနာဖွားဖွား ဆေးခန်းလာပြပြီး လမ်းပြန်လျှောက်နိုင်သွားသောအခါ 🤩🤩🤩🤩
09/12/2023

လမ်းလုံးဝမလျှောက်နိုင်သော ခါးနာဝေဒနာခံစားနေရတဲ့ လူနာဖွားဖွား ဆေးခန်းလာပြပြီး လမ်းပြန်လျှောက်နိုင်သွားသောအခါ 🤩🤩🤩🤩

Address

ThanLwin ( 8 ) Street
Naypyidaw
15014

Opening Hours

Monday 16:00 - 20:00
Tuesday 16:00 - 20:00
Wednesday 16:00 - 20:00
Thursday 16:00 - 20:00
Friday 16:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00

Telephone

+9592011877

Alerts

Be the first to know and let us send you an email when ShinThant Physiotherapy Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ShinThant Physiotherapy Clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram