Thukha San သုခစံအထူးကုဆေးခန်းနှင့်ဆေးဆိုင်

  • Home
  • Myanmar
  • Naypyidaw
  • Thukha San သုခစံအထူးကုဆေးခန်းနှင့်ဆေးဆိုင်

Thukha San  သုခစံအထူးကုဆေးခန်းနှင့်ဆေးဆိုင် Specialist Clinic & Pharmacy

👉🏻သွေးဆုံးကိုင်အမျိုးသမီးများတွင် အဖြစ်များ၍ လျစ်လျူရှုခံနေရသောကြွက်တက်ခြင်း ရောဂါအကြောင်း✅သွေးဆုံးခါနီးအမျိုးသမီးများရဲ...
01/01/2024

👉🏻သွေးဆုံးကိုင်အမျိုးသမီးများတွင် အဖြစ်များ၍ လျစ်လျူရှုခံနေရသောကြွက်တက်ခြင်း ရောဂါအကြောင်း

✅သွေးဆုံးခါနီးအမျိုးသမီးများရဲ့ ၅၅ ရာခိုင်နှုန်းကျော်မှာ ကြွက်သားများ နာကျင်ကိုက်ခဲခြင်းဝေဒနာကို ခံစားရလေ့ရှိပြီး အထူးသဖြင့် သွေးဆုံးပြီးအမျိုးသမီး ၉၅ ရာခိုင်နှုန်းလောက်မှာဆိုရင် ကြွက်တက်ခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း ဝေဒနာများကို နေ့စဉ်ခံစားနေရတယ်လို့ ၂၀၂၀ ခုနှစ် အမေရိကန်နိုင်ငံထုတ် အမျိုးသမီးများကျန်းမာရေး ဂျာနယ်တစ်စောင်ကဆိုထားပါတယ်။

👉ဒီလိုမျိုး ကြွက်တက်ခြင်း နဲ့ ကြွက်သားနာခြင်းများခံစားရပြီဆိုရင် 𝗖𝗮𝗹𝗰𝗶𝘂𝗺 နှင့် 𝗣𝗼𝘁𝗮𝘀𝘀𝗶𝘂𝗺 ဓါတ်များ ချို့တဲ့တယ်လို့ လူအများကသိထားကြသော်လည်း တကယ်တမ်းမှာတော့ လူတွေသတိသိပ်မထားမိဘဲ အဖြစ်များလေ့ရှိတဲ့ 𝗠𝗮𝗴𝗻𝗲𝘀𝗶𝘂𝗺 ဓါတ်ချို့တဲ့မှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။

📌ကြွက်သားများနာကျင်ကိုက်ခဲခြင်းသည် ပုံမှန်ဖြစ်လေ့ဖြစ်ထရှိသော ရောဂါဖြစ်သော်လည်း မကြာခဏ အဖြစ်များလျှင် ကြွက်သားများ ညှစ်အားများသည့်အတွက်
▶️အရိုးအဆစ်ပုံစံမမှန်ခြင်း၊
▶️အာရုံကြောများချို့ယွင်းခြင်း၊
▶️သွေးလည်ပတ်မှုမကောင်းခြင်း၊
▶️သွေးကြောကျဉ်းခြင်း၊
▶️သွေးခဲပိတ်ဆို့ခြင်း နှင့်
▶️အချို့ ပြင်းထန်သောအခြေအနေများတွင် ရေနှင့် ဆားဓါတ်ချို့ယွင်းမှု ကြောင့် သတိလစ်ခြင်းများ အထိ ဖြစ်တတ်ပါတယ်။

✅ဒီလို သွေးဆုံးခါနီး နှင့် သွေးဆုံးပြီးအမျိုးသမီးတွေမှာ ခံစားနေရသော ကြွက်သားများနာခြင်း၊ ကြွက်တက်ခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း အစရှိသော လက္ခဏာများကို 𝗠𝗮𝗴𝗻𝗲𝘀𝗶𝘂𝗺 ပြန်လည်ဖြည့်တင်းခြင်းဖြင့် သက်သာစေသည်ကို တွေ့ရှိရပါတယ်။

👉ကြွက်သားများနာကျင်ကိုက်ခဲခြင်းများခံစားနေရလျှင် ကျွမ်းကျင်သော ဆရာဝန်များနှင့် တိုင်ပင်ပြီး ဆရာဝန်များညွှန်ကြားသည့်အတိုင်း 𝗠𝗮𝗴𝗻𝗲𝘀𝗶𝘂𝗺 ကို သောက်သုံးနိုင်ပါတယ်။

📌အစီအစဉ်ကိုကျန်းမာရေးဗဟုသုတရစေရန် ရည်ရွယ်၍ 𝗭𝗶𝗳𝗮𝗺 𝗖𝗼𝗺𝗽𝗮𝗻𝘆 က တင်သွင်းသော 𝗔𝘂𝘀𝘁𝗿𝗮𝗹𝗶𝗮 နိုင်ငံထုတ် 𝗭𝗶𝗺𝗮𝗴 အဆင့်မြင့် 𝗠𝗮𝗴𝗻𝗲𝘀𝗶𝘂𝗺 အားဆေး မှ အဓိကပံ့ပိုးကူညီပေးထားပါတယ်။

👉🏻𝗭𝗶𝗺𝗮𝗴 တွင် 𝗠𝗮𝗴𝗻𝗲𝘀𝗶𝘂𝗺 𝗔𝘀𝗽𝗲𝗿𝘁𝗮𝘁𝗲 𝗗𝗶𝗵𝘆𝗱𝗿𝗮𝘁𝗲 𝟱𝟬𝟬 𝗺𝗴 ပါဝင်သည့်အတွက် တစ်နေ့တစ်လုံး သောက်သုံးခြင်းဖြင့် လုံလောက်သည့်ပမာဏ ကိုရရှိနိုင်ပါတယ်။

𝗥𝗲𝗳𝗲𝗿𝗲𝗻𝗰𝗲𝘀:

📌Lu, C. b. et al., 2020. Musculoskeletal Pain during the Menopausal Transition: A Systematic Review and Meta-Analysis. Neural Plasticity, pp. 1-10.

📌Sharma, R., Sharma, P., Kumar, P. & Gupta, G., 2016. Role of magnesium in post-menopausal women with osteoporosis and osteopenia. Asian Journal of Pharmaceutical and Clinical Research, 9(1), pp. 198-199.

Photo credit - PngTree




 #သွေးတိုးနေလို့ဆေးခန်းပြပြီး_ဆေးသောက်နေတာ #အခုသွေးပေါင်ပုံမှန်ဖြစ်သွားပြီ_ဆေးရပ်လိုက်ရတော့မလား           #သွေးကျဆေး (An...
14/11/2023

#သွေးတိုးနေလို့ဆေးခန်းပြပြီး_ဆေးသောက်နေတာ
#အခုသွေးပေါင်ပုံမှန်ဖြစ်သွားပြီ_ဆေးရပ်လိုက်ရတော့မလား

#သွေးကျဆေး (Anti-hypertensive Drugs)

သွေးတိုးရောဂါရှိသူတွေ အမေးတတ်ဆုံးမေးခွန်းပါ
မသောက်နဲ့တော့ ဆိုတဲ့ စကားကိုကြားချင်လို့ မေးကြတာပါ 😅 တကယ်က မသောက်တော့ပါဘူး 😅
#ဟုတ်တယ်မလား 😁😁😁

ဒီဆောင်းပါးမှာ
1. သွေးတိုးရောဂါ (၂) မျိုးရှိတဲ့အကြောင်း
2. သွေးတိုးစေတဲ့ Risk factors ဆိုတာတွေအကြောင်း
3. သွေးပေါင်ချိန်ပုံမှန်ဆိုတာဘယ်လောက်လဲ
4. ဆေးဘယ်တော့သောက်ရမလဲ
5. သွေးပေါင်ပုံမှန်ဖြစ်ရင် ဆေးရပ်ရမလား
6. ဆေးသောက်နေရင်း သွေးပေါင်ဘယ်လောက်ရှိရမလဲ
အစရှိတာလေးတွေ ပါဝင်ပါတယ်
___________
သွေးတိုးရောဂါ ဆိုတာမှာ အကြမ်းအားဖြင့်
- Essential Hypertension
- Secondary Hypertension ( ရောဂါ/ဆေး စတဲ့ တစုံတရာကြောင့် သွေးတက်တာပါ)

Secondary Hypertension က ရောဂါအခံကို ကုသလိုက်လို့ဖြစ်စေ
သွေးပေါင်တက်စေတဲ့ ဆေး (နွယ်ချိုပါတဲ့ လျက်ဆား တို့ စပ်ဆေး) စတာတွေ ရပ်လိုက်ရင်ဖြစ်စေ
👉 သွေးပေါင်ပုံမှန်ပြန်ဖြစ်သွားတတ်ပါတယ်
ကာလရှည် ဆေးသောက်ဖို့ မလိုအပ်ပါဘူး

Essential Hypertension- လူအများစုဖြစ်ကြတဲ့ သွေးတိုးရောဂါ
- မျိုးရိုးလိုက်တာ (အဖေ၊ အမေ၊ ဦးလေး၊ အဒေါ်၊ အဘိုး အဘွား အကုန်သွေးတိုးတယ်)
- Life Style မကောင်းတာ
👉 အဝလွန်
👉 တရားလွန်စား (အဆီ၊ အချို၊ အငန်)
👉 လှုပ်ရှားမှုမရှိ
👉 စိတ်ဖိစီးမှုများ
👉 အိပ်ချိန်မမှန် တဲ့ သူတွေဖြစ်တာပါ။
Essential Hypertension က တသက်လုံး မပျောက်ပါဘူး
မကောင်းတဲ့ Life Style ကိုပြင်ပြီး ဆေးမှန်မှန်သောက်ရပါတယ်။
ဆိုလိုတာက ဆေးမှန်မှန်သောက်နေရုံနဲ့ မရပါဘူး
Life Style လည်းမပြင် ဆေးပါ မှန်မှန် မသောက်ရင်တော့
🧠 လေဖြတ်ပါတယ်
🫀 နှလုံးရောဂါဖြစ်ပါတယ်
- ကျောက်ကပ်ပျက်ပါတယ်

မိမိရဲ့ သွေးတိုးရောဂါဟာ
🤔 ဘာကြောင့်ဖြစ်ရတာလဲ
🤔 essential လား Secondary လား
🤔 Risk factors တွေရှိလား
- အဝလွန်တာ
- သွေးတွင်းအဆီများတာ (အသည်းအဆီဖုံးတာ)
- Uric acid များတာ
- သွေးပျစ်တာ (Polycythemia)
- နှလုံးသွေးကြောကျဉ်းရောဂါ
- ဆီးချိုရောဂါ
အစရှိတာတွေ ဟာ ဆရာဝန်ပြသ စစ်ဆေးစမ်းသပ် ၊ သွေးစစ်ဆေးခြင်း ECG ဆွဲခြင်း စတာတွေပြုလုပ်မှ သာ သိနိုင်တာဖြစ်ပါတယ်။

#သွေးပေါင်ပုံမှန်ဆိုတာဘယ်လောက်လဲ ❓
အမျိုးမျိုး ပြောကြပါလိမ့်မယ်
၁၄၀/၉၀ ထိက ပုံမှန်ပဲ ဆေးမလိုဘူး ဘာ/ညာ ဆိုပြီးတော့ပေါ့ ( #မဟုတ်ပါဘူး)

သွေးပေါင် ပုံမှန်ဆိုတာ ၁၂၀/၈၀ နှင့်အောက်ကို ဆိုလိုပါတယ်
သွေးတိုးစတော့မယ် ၁၃၀/၈၀
👉 ၁၃၀/၈၀ ကျော်ရင် သွေးပေါင်တက်ပြီလို့ သတ်မှတ်ပါတယ်
အဲ့တော့ အပေါ်သွေး ၁၃၀-၁၄၀ ကြား အောက်သွေး ၈၀-၉၀ ကြား
#ဆေးသောက်ရတော့မှာလား ❓
🚨 သေသေချာချာ သိထားဖို့ လိုတာက 🚨
သွေးတိုးရောဂါ မှာ ဆရာဝန်တွေက သွေးပေါင်ချိန်စက်ပေါ်က နံပါတ် တစ်ခုတည်းကြည့်ပြီး ကုကြတာမဟုတ်ပါဘူး
သွေးပေါင်ချိန် ကိုကြည့်သလို
Risk factors (နှလုံးနှင့်သွေးကြောဆိုင်ရာ ရောဂါများဖြစ်ပွါးနိုင်ခြေ) ဆိုတာကိုလည်း ကြည့်ရပါတယ်
အပေါ်မှာပြောထားတဲ့
- အဝလွန်တာ
- သွေးတွင်းအဆီများတာ (အသည်းအဆီဖုံးတာ)
- Uric acid များတာ
- သွေးပျစ်တာ (Polycythemia)
- နှလုံးသွေးကြောကျဉ်းရောဂါ
- ဆီးချိုရောဂါ စတာတွေ အပြင်
👉 အသက်အရွယ်
👉 ယောကျ်ား/မိန်းမ
👉 မိဘမျိုးရိုး
🚬 ဆေးလိပ်သောက်လား
🥃 အရက်သောက်လား စတာတွေ အပေါ်မူတည်ပြီး ကုသကြရတာပါ။
အပေါ်သွေး ၁၃၀-၁၄၀ ကြား အောက်သွေး ၈၀-၉၀ ကြား အပေါ်ကပြောတဲ့ Risk factors တွေ မရှိရင်
Life Style ပြောင်းရပါမယ်။
ဘယ်လိုပြောင်းရမလဲက ဆောင်းပါးတွေ အများကြီးရေးထားပါတယ် မဖတ်ဖူးဘူး သိချင်တယ်ဆိုရင် comment မှာပြောပါ Link ပေးပါမယ်
😢 ၁၄၀/၉၀ ကျော်ရင်ကတော့ ကျိန်းသေကုသမှုခံယူရပါပြီ

ဆရာပြောတဲ့ ၁၃၀/၈၀ အောက် ရောက်ပြီ
#ပုံမှန်ဖြစ်သွားပြီ_ဆေးရပ်လိုက်ရမလား ❓
ဆေးသောက်နေလို့ ပုံမှန်ဖြစ်နေတာပါ မိမိသဘောနဲ့ မိမိ #ဆေးမရပ်ရပါဘူး
😢 သွေးကျဆေး ဆိုတော့ သောက်နေရင်း နဲ့ သွေးက ကျကျ သွားမှာ ကြောက်တယ်
ကျွန်တော်တို့ပေးတဲ့ ဆေးတွေဟာ လူနာရဲ့ မူလရှိတဲ့တက်နေတဲ့သွေးပေါင်ကနေ 10-15 mmHg ဝန်းကျင်လောက်သာ ချပေးနိုင်တာပါ (ဒါတောင် ပုံမှန်သောက်ဦးမှ)
အဲ့ထက်ပိုကျဖို့လိုရင် ဆေးပမာဏတိုးတက်သလို
ဆေး ၂-၃ မျိုး ပေါင်းပေးပါတယ်။

သွေးကျဆေးသောက်နေရင်းနဲ့
👉 အကြောင်းအမျိုးမျိုးကြောင့် သွေးပေါင်ချိန် ၉၀/၆၀ အောက်ရောက်သွားတယ်
👉 အထိုင်အထ မူးမူး နေတယ် ဆိုရင်တော့ ဆေးပေးထားတဲ့ ဆရာဝန်နဲ့ အမြန်ပြန်ပြပါ လိုအပ်တာ လုပ်ပေးပါလိမ့်မယ်။

#သွေးပေါင်ဘယ်လောက်ဖြစ်ရင်ကောင်းလဲ ❓

အကောင်းဆုံးကတော့ ၁၃၀/၈၀ အောက်ပေါ့
ဒါပေမယ့် အသက်အရွယ် ၊ ရောဂါအခံ တွေပေါ်လည်း မူတည်သေးလို့ မိမိကို ကုသနေတဲ့ ဆရာဝန်မှသာ သေသေချာချာ ပြောနိုင်ပါလိမ့်မယ်

ကျွန်တော်/ကျွန်မ ကို ကုနေတဲ့ ဆရာက ဘာမှမပြောဘူး ဆေးပဲသောက်ခိုင်းနေတာ လို့ ဆင်ခြေပေးတတ်ကြပါတယ်
👉 မပြောဘူးဆိုတာ မမေးကြလို့ပါ
👉 ကုပေးနေတဲ့ ဆရာတွေကို သိချင်တာ မေးကြပါ
အဲ့အချိန်ကြ မေ့နေရော အပြင်ရောက်မှ မေးဖို့ဟာတွေ သတိရတယ်
👉 စာရွက်နဲ့ ချရေးသွားပါ 😁
(Photo Credit; PhotoDune)
ကျန်းမာရေးဗဟုသုတ တိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Dr. ဘုန်းစည်သူလွင်
00:55 am/14.11.2023

 #ဇက်ကြောကြီးတွေတောင့်_ပခုံးတွေခါးတွေကျောတွေနာ #လက်ကောက်ဝတ်တွေနာပြီး_လက်တွေကျဉ်လိုက်တာ           ရုံးတက်ရတဲ့ဒုက္ခ ဒါမှမဟ...
28/10/2023

#ဇက်ကြောကြီးတွေတောင့်_ပခုံးတွေခါးတွေကျောတွေနာ
#လက်ကောက်ဝတ်တွေနာပြီး_လက်တွေကျဉ်လိုက်တာ


ရုံးတက်ရတဲ့ဒုက္ခ ဒါမှမဟုတ် အလုပ်လုပ်ရတဲ့ဒုက္ခပေါ့ 😓
ဆရာဘုန်းရေ
- Ambulance 🚑 လာနေတယ်ထွက်ကြည့်ပါဦး
- ဟိုဆရာကြီးက ခေါ်နေတယ် EMO မုန့်ဟင်းခါးလာစားပါဦးတဲ့
- Code blue ! Code blue !
- ဆရာရေလုပ်ပါဦး ခေါ်မရတော့ဘူး
ဆိုပြီး ဟိုပြေးဒီပြေး ပြေးလွှားနေရတဲ့ ကျွန်တော်တို့လို ကာယလုပ်သားတွေမှာ ဖြစ်တတ်တဲ့ အခြေအနေတော့မဟုတ်ပါဘူး 😁
(ငယ်ငယ် က တော့ စာကြိုးစားရင် အေးဆေးနေရမယ်လို့ ဂျင်းမိခဲ့တာပဲ 😅 ဆရာဝန်ဖြစ်တော့ ပြေးနေရတာ တစ်နေ့ တစ်နေ့ ၁၂ နာရီပါပဲ)

🧑‍💻 ရုံးမှာ စားပွဲနဲ့ထိုင်ပြီး အလုပ်လုပ်ရတဲ့ သူတွေမှာ ဖြစ်တဲ့/ခံစားရတဲ့ လက္ခဏာအစုကို Office Syndrome လို့ ခေါ်တာပါ။
👩‍💻 Computer နဲ့ ထိုင်အလုပ်လုပ်ရတဲ့သူတွေ အဆိုးဆုံးထိကြတာပေါ့။

#ဘာတွေခံစားရတတ်လဲ❓
အဓိကကတော့ လည်ပင်း၊ ဇက်၊ ပခုံး၊ လက်၊ ကျော၊ ခါး တလျောက်အဖြစ်များပါတယ်
😓 ဇက်ကြောတွေတက်တယ် (ခေါင်းမူးတယ်၊ ခေါင်းကိုက်တယ်) {ကျီးပေါင်းတက်တယ်ဆိုပြီးပြောခံရပါမယ်}
😓 မျက်စိပါဝါတွေ တက်လာတယ် 🤓
😓 လက်ပြင်ကြောတွေနာမယ် (လက်ပြင်ကြောငုတ်တယ်ဆိုတာမျိုးပေါ့)
😓 ကျောတွေအောင့် နောက်ကျောတွေတက်
😓 ခါးနာ ခါးကိုက်နဲ့ (ထိုင်ရာက ထ ရင် အဘိုးကြီးတွေလို ခါးကဆန့်မရပဲ ကုန်းကုန်း ကုန်းကုန်း နဲ့ ဖြစ်နေတတ်ပါတယ်)
😓 လက်ကောက်ဝတ်တွေ တတောင်ဆစ်တွေကိုက်ပြီး လက်ချောင်းလေးတွေကျဉ်တတ်ပါတယ် (အထူးသဖြင့် သန်တဲ့လက်ပေါ့ ညာသန်ဆို🖐️ ညာလက် အဖြစ်များပါတယ်)
👉 အစပိုင်းမှာ ပင်ပန်းလွန်းတဲ့ရက်တွေဖြစ်တယ်
👉 နောက်ပိုင်း ရုံးတက်ရတဲ့နေတိုင်းဖြစ်လာတယ်
👉 ညအိပ်ရခက်လောက်အောင် 😖 ကိုက်ခဲရာကနေ
👉 ရုံးပိတ်ရက်တွေပါ မသက်သာပဲ ကိုက်ခဲနေပြီး
💊အကိုက်ခဲပျောက်ဆေးတွေ နေ့တိုင်းသောက်ရ
💉ဆေးတွေးထိုးရတဲ့ အခြေအနေတွေ အထိရောက်လာပါလိမ့်မယ်
Office Syndrome ရဲ့နောက်လက္ခဏာ ကတော့ Dyspepsia - အစာမကြေ ၊ လေပွ ၊ ဗိုက်အောင့်ဗိုက်နာဖြစ်ရခြင်းပါ။
🔴 ဒါတွေတစ်ခုထက်ပိုပြီး ခံစားနေရလျှင် သင့်မှာ Office Syndrome စဖြစ်နေပြီလို့ ပြောလို့ရပါတယ်။
_________
ာလို့ဖြစ်ရတာလဲ ❓
ကျွန်တော်တို့ ခန္ဓာကိုယ်ဟာ Position(Posture) နေရာတစ်ခုထဲမှာ ကြာရှည်နေလို့မရပါဘူး
အိပ်နေတဲ့အချိန်ဆိုရင်တောင် သူ့ဟာသူရွှေ့ပါတယ်
👉 Posture တစ်ခုတည်းနဲ့ ကြာရှည်နေရင် ကြွက်သားတွေမှာ Stress ဖြစ်လာပါတယ်။ အဲ့ဒါကို ကြွက်သားနာခြင်း/ဒဏ်ဖြစ်ခြင်း Strain လို့ခေါ်ပါတယ်။
👉 ကြွက်သားတွေတင်မကပဲ သူတို့နဲ့ တွဲဆက်ထားတဲ့ အရွတ်တွေလည်း ဒဏ်ဖြစ်ပါတယ်
👉 အရိုးနှစ်ခုဆက်ထားတဲ့ အဆစ်တွေလည်း ဒဏ်ဖြစ်ပါတယ်
ဒဏ်ဖြစ်လိုက် 🔜 ဆေးသောက်လိုက် 🔜 သက်သာလိုက် 🔜 ဒဏ်ထပ်ဖြစ်လိုက်
လုံးလည်ချာလည် လိုက်နေရာကနေ ပြန်မကောင်းနိုင်လောက်အောင် ဆိုးရွားသွားတဲ့အခြေအနေဟာ Office Syndrome ပါပဲ။
__________
ြစ်ရအောင်ဘယ်လိုလုပ်မလဲ ❓
ရုံးမှာအလုပ်စားပွဲတွေ၊🪑ထိုင်ခုံတွေက တစ်ပုံစံတည်းတွေပါပဲ (အရပ်ရှည်လို့ ပုလို့ ပိန်လို့ ဝလို့ ဆိုပြီး အထူးပြင်ဆင်မပေးထားတတ်ပါဘူး)
ကိုယ်နဲ့အဆင်ပြေဆုံးဖြစ်အောင် (သက်တောင့်သက်သာရှိအောင်) မိမိ ဖာသာ ပြင်ဆင်ပါ
ခါးကို သတိထားပြီး မတ်မတ်ထိုင်ပါ
💻 Computer အနိမ့်အမြင့်ကို ကိုယ်ကြည့်ရ အဆင်ပြေတဲ့အနေအထား ထားပါ

🕐 တစ်နာရီတစ်ခါ (အနည်းဆုံး နှစ်နာရီတစ်ခါ) ထိုင်တဲ့ ပုံစံပြင်ပါ
လမ်းထလျှောက်ပါ - ခြေဆန့်လက်ဆန့်လုပ်
ရေသောက် ရှူးပေါက်ပေါ့ ( ရေများများသောက်ခြင်းဟာ အသားအရည်လှပစေတယ်၊ ဝမ်းမှန်စေတယ် ဒါ့အပြင် ရှူးခဏခဏပေါက်ခြင်းဖြင့် ကိုယ်လက်လှုပ်ရှားမှုဖြစ်စေပါတယ်)
(အိမ်သာထဲ ခဏခဏ ရောက်တယ်ဆိုပြီး Mirror selfie ခဏခဏ ရိုက်ပေါ့ 😁)

🏃 လေ့ကျင့်ခန်းလုပ်ပါ
တစ်နေကုန်ပင်ပန်းထားတာ ဘယ်လိုလုပ်လုပ်နိုင်ပမလဲ ဆိုတဲ့ဆင်ခြေတက်ကြပါတယ်
(Stretching exercise - Yoga ဟာ အကြောပြေတဲ့လေ့ကျင့်ခန်းဖြစ်ပါတယ်)
✅ အကြောပြေ အငြောင်းပြေတယ်
✅ ကြွက်သားတွေသန်မာစေတယ်
✅ ခန္ဓာကိုယ်ရဲ့ Balance ထိန်းနိုင်လို့ လူကြီးတွေအနေနဲ့ ချော်လဲတာ၊ ယိုင်လဲတာတွေကို ကာကွယ်နိုင်ပါတယ်
✅ Aerobic exercise လေများများရှူရတဲ့ လေ့ကျင့်ခန်းဖြစ်လို့ နှလုံးကျန်းမာရေး၊ အဆုတ်ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်

🥭 အာဟာရပြည့်ဝစွာစားသုံးပါ
အဆီအချိုအဆိမ့်တွေ 🍔 လျှော့စားပါ (ကိုယ်အလေးချိန်တက်လာလျှင် office syndrome ဖြစ်ဖို့ပိုများပါတယ်)
အသီးအနှံ ဟင်းသီးဟင်းရွက်များများစားပါ (အထိုင်များရင် ဝမ်းချုပ်တတ်ပါတယ်)
ကြွက်သားတွေသန်စွမ်းစေဖို့ (Potassium , Calcium , Magnesium ပြည့်ဝတဲ့ အရောင်စုံအသီးအနှံ့အမျိုးမျိုး၊ နွားနို့/ဒိန်ချဉ်၊ ပင်လယ်စာ၊ အစေ့အဆံ များများစားပါ)

ကိုယ်ကတနေကုန် Screen ကြည့်နေသူမို့
📱Screen Time လျှော့ပါ
TV ဖုန်း Computer အိမ်မှာ ကြည့်တာ အလွန်ဆုံး ၂ နာရီထက်မကျော်ပါစေနဲ့
(ခုမှ Social Media သုံးရတာ သုံးပါရစေဆိုပြီး ဆင်ခြေတက်တတ်ပါတယ်)

ပြည့်ပြည့်ဝဝအနားယူပါ
🛌 ညကိုအချိန်မှန်မှန်နှင့်အိပ်ရေးဝဝအိပ်ပါ
_________
ခုအပေါ်မှာပြောတဲ့လက္ခဏာတွေခံစားနေရပြီ ဆိုရင် နာကျင်မှုသက်သာဖို့ ဆရာဝန်ပြပါ
အစာအိမ်ကျောက်ကပ်ထိခိုက်မှုအနည်းဆုံးဆေးတွေပေးပြီး ကုသမှုပေးပါလိမ့်မယ်
(လိမ်းဆေးကတော့ ကြိုက်နှစ်သက်ရာ လိမ်းလို့ရပါတယ်)
မိမိရဲ့ အနေအထိုင်၊အစားအသောက်ပုံစံ ပြင်လိုက်ပါ
သက်သာလာပါလိမ့်မယ် 👍👍👍
(Reference ; BangkokHospital)
(Photo Credit; BangkokHospital)
ကျန်းမာရေးဗဟုသုတ တိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Dr. ဘုန်းစည်သူလွင်
01:30 pm/26.10.2023

👉သွေးဆုံးကိုင်ဝေဒနာတွေကိုခံစားရတဲ့ အမျိုးသမီးတွေအတွက် 𝗠𝗲𝗻𝗼𝗳𝗲𝗺🙄အမျိုးသမီးတစ်ယောက်အနေနဲ့ အမျိုးသမီးဟော်မုန်းတွေနည်းပါးသွား...
21/10/2023

👉သွေးဆုံးကိုင်ဝေဒနာတွေကိုခံစားရတဲ့ အမျိုးသမီးတွေအတွက် 𝗠𝗲𝗻𝗼𝗳𝗲𝗺

🙄အမျိုးသမီးတစ်ယောက်အနေနဲ့ အမျိုးသမီးဟော်မုန်းတွေနည်းပါးသွားတဲ့အခါ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ သွေးဆုံးကိုင်ဝေဒနာကို ခံစားရလာပါတယ်။

💛 ဒီလိုမျိုး သွေးဆုံးကိုင်ဝေဒနာတွေကို ခံစားနေရပြီဆိုရင်တော့ 𝗠𝗲𝗻𝗼𝗳𝗲𝗺 ကိုသောက်လို့ရပါတယ်။

🥰𝗠𝗲𝗻𝗼𝗳𝗲𝗺 မှာပါဝင်တဲ့ 𝗥𝗲𝗱 𝗖𝗹𝗼𝘃𝗲𝗿 က အစွမ်းထက်သဘာဝ 𝗣𝗵𝘆𝘁𝗼𝗲𝘀𝘁𝗿𝗼𝗴𝗲𝗻 ဖြစ်တဲ့အတွက်

❤️ သွေးဆုံးကိုင်ချိန်မှာ ခံစားရတဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေကို သက်သာစေတဲ့အပြင်

❤️ သွေးတွင်းအဆီကိုလည်း ထိန်းညှိပေးနိုင်တဲ့အတွက် သွေးဆုံးပြီးနောက် အဖြစ်များတဲ့ နှလုံးသွေးကြောရောဂါများ၊ အဝလွန်ရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။

🥰𝗕𝗹𝗮𝗰𝗸 𝗖𝗼𝗵𝗼𝘀𝗵 ကတော့ သွေးဆုံးကိုင်ဝေဒနာတွေဖြစ်တဲ့ ခန္ဓာကိုယ်အနှံ့ပူရှိန်း ပူလောင်ဖြစ်ခြင်း၊ ညဘက်တွင် ချွေးပြန်ခြင်း စတဲ့ လက္ခဏာတွေကို အဓိက သက်သာစေသည့် အပြင်

🥰စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေဖြစ်တဲ့ စိတ်ဓာတ်ကျခြင်း၊ စိတ်လှုပ်ရှားလွယ်ခြင်း၊ ဒေါသထွက်လွယ်ခြင်း စတာတွေကိုလည်း သက်သာစေနိုင်မှာဖြစ်ပါတယ်။

❤️ဒါ့အပြင် အရိုးဆဲလ်လေးများပျက်စီးခြင်းမှလည်း ကာကွယ်ပေးနိုင်သည့်အတွက် သွေးဆုံးကိုင်ချိန်မှာ အမျိုးသမီးများဖြစ်တတ်တော့ အရိုးပွ၊ အရိုးပါးခြင်းနှင့် အရိုးကျိုးခြင်းများကိုလည်း ကာကွယ်နိုင်မှာဖြစ်ပါတယ်။

📌𝗠𝗲𝗻𝗼𝗳𝗲𝗺 ကို တစ်ခါသောက်ရင် တစ်လုံး (သို့) နှစ်လုံး၊ တစ်နေ့တစ်ကြိမ် သောက်ပါ။ (သို့မဟုတ်) ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်သုံးနိုင်ပါတယ်။

📌𝗠𝗲𝗻𝗼𝗳𝗲𝗺 စသောက်ချိန်မှစပြီး ခြောက်လခြားတစ်ခါ သွေးဆုံးကိုင်ရောဂါလက္ခဏာတိုးတက်မှု အခြေအနေနှင့်လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်နိုင်ရန် နီးစပ်ရာဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

➖➖➖➖➖➖➖➖➖➖➖➖

👉ဒါကြောင့် သင့်ရဲ့ သွေးဆုံးကိုင်ချိန်ကို 𝗠𝗲𝗻𝗼𝗳𝗲𝗺 နဲ့အတူ ကျန်းမာပျော်ရွှင်စွာဖြတ်ကျော်လိုက်ပါ...







ရင်ခုန်သံတွေ..တဒိတ်ဒိတ်ဖြစ်နေပြီလား❤️❤️❤️❤️❤️❤️❤️❤️ 📌 အကောင်းဆုံးနှလုံးအားဖြည့်ဆေး 𝗖𝗼𝗲𝗻𝘇𝘆𝗺𝗲 𝗤𝟭𝟬 ဆို 𝗭𝗶𝗤✅𝗖𝗼𝗲𝗻𝘇𝘆𝗺𝗲 𝗤𝟭𝟬 (𝗖𝗼...
10/10/2023

ရင်ခုန်သံတွေ..တဒိတ်ဒိတ်ဖြစ်နေပြီလား❤️❤️❤️❤️❤️❤️
❤️
❤️ 📌 အကောင်းဆုံးနှလုံးအားဖြည့်ဆေး 𝗖𝗼𝗲𝗻𝘇𝘆𝗺𝗲 𝗤𝟭𝟬 ဆို 𝗭𝗶𝗤

✅𝗖𝗼𝗲𝗻𝘇𝘆𝗺𝗲 𝗤𝟭𝟬 (𝗖𝗼𝗤𝟭𝟬) ဟာ ကိုယ်ခန္ဓာအတွက် မရှိမဖြစ်လိုအပ်တဲ့ ဒြပ်ပေါင်းတစ်ခုပါ။ နေ့စဉ်လှုပ်ရှား သွားလာနိုင်ရေးအတွက် ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ စွမ်းအင် (𝗘𝗻𝗲𝗿𝗴𝘆) ထုတ်လုပ်မှုများအတွက် မရှိမဖြစ် လိုအပ်ပါတယ်။

👉𝗖𝗼𝗤𝟭𝟬 ကိုမိမိတို့ရဲ့ ကိုယ်ခန္ဓာမှ သဘာဝကျကျ ထုတ်လုပ်နိုင်တယ်ဆိုပေမဲ့ အသက်အရွယ်နှင့်အမျှ ထုတ်လုပ်မှုပမာဏကလည်း ကျဆင်းလာပါတယ်။ဒါ့ကြောင့် လိုအပ်တဲ့စွမ်းအင် (𝗘𝗻𝗲𝗿𝗴𝘆) ကို လုံလုံလောက်လောက် မရရှိတဲ့အခြေအနေ ဖြစ်နိုင်ပါတယ်။

👉အဓိကအားဖြင့် နှလုံးနှင့်ကြွက်သားများအတွက် ပုံမှန်လိုအပ်တဲ့ စွမ်းအင်ပမာဏကို မထုတ်လုပ်နိုင်တော့ပဲ စွမ်းဆောင်ရည်ကျဆင်းစေပါတယ်။

👉 နှလုံးရောဂါ၊ နှလုံးသွေးကြောရောဂါနှင့် သွေးတိုးရောဂါအခံရှိသူများအတွက် ရောဂါပိုမို ဆိုးရွားစေနိုင်ပါတယ်။

✅ ဒါ့ကြောင့် နှလုံးနှင့် သွေးကြောရောဂါ ရှိသူများအနေနဲ့ 𝗖𝗼𝗤𝟭𝟬 ကိုဖြည့်စွက်သောက်သုံးသင့်ပါတယ်။

💊 𝗭𝗶𝗳𝗮𝗺 𝗭𝗶𝗤 ဟာဆိုရင် 𝗖𝗼𝗲𝗻𝘇𝘆𝗺𝗲 𝗤𝟭𝟬 ပါဝင်တဲ့ 𝗔𝘂𝘀𝘁𝗿𝗮𝗹𝗶𝗮 နိုင်ငံထုတ် အဆင့်မြင့်နှလုံးအားဆေး ဖြစ်ပါတယ်။

👉နှလုံးရောဂါ၊ သွေးတိုးရောဂါနှင့် နှလုံးသွေးကြောရောဂါရှိသူများ အနေဖြင့် 𝗖𝗼𝗲𝗻𝘇𝘆𝗺𝗲 𝗤𝟭𝟬 ဖြည့်စွက်အားဆေး သောက်သုံးမယ်ဆိုရင် 𝗭𝗶𝗳𝗮𝗺 𝗭𝗶𝗤 မှာ နှလုံးစွမ်းအင်အတွက် လိုအပ်တဲ့ပမာဏ 𝟭𝟱𝟬𝗺𝗴 အတိအကျပါဝင်ပါတယ်။

👉နှလုံးရဲ့စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ပြီး နှလုံးနှင့် သွေးကြောရောဂါလက္ခဏာများ သိသိသာသာ သက်သာ၍ ကျန်းမာစေနိုင်ပါတယ်။

💊 𝗭𝗶𝗳𝗮𝗺 𝗭𝗶𝗤 မှာပါဝင်တဲ့ 𝗖𝗼𝗤𝟭𝟬 ဟာဆိုရင် 𝗔𝗻𝘁𝗶𝗼𝘅𝗶𝗱𝗮𝗻𝘁 (ဓာတ်တိုးဆန့်ကျင်ဒြပ်ပေါင်း) ဖြစ်တဲ့အတွက် ခန္ဓာကိုယ်အတွက် အရေးပါသည့်အပြင် ကိုယ်ခံစွမ်းအားကိုလည်းမြှင့်တင်ပေးနိုင်ပါတယ်။



အကောင်းဆုံးနှလုံးအားဖြည့်ဆေးCoenzyme Q10 ဆို


Original uploaded Zinfandel

 #ခါးနာလိုက်တာ #ဆီးထဲသွေးပါတယ် #ချမ်းတုန်ပြီးလည်းဖျားနေတယ်  ( #ကျောက်ကပ်ကျောက်တည်ခြင်း)ကျွန်တော်တို့ရဲ့ ကျောက်ကပ်က ဝမ်းဗ...
03/10/2023

#ခါးနာလိုက်တာ
#ဆီးထဲသွေးပါတယ်
#ချမ်းတုန်ပြီးလည်းဖျားနေတယ်

( #ကျောက်ကပ်ကျောက်တည်ခြင်း)

ကျွန်တော်တို့ရဲ့ ကျောက်ကပ်က ဝမ်းဗိုက်ရဲ့ အတွင်းဆုံးအပိုင်း (ကျောနဲ့ကပ်ရက်မှာ ဘယ်တစ်ခု ညာတစ်ခု ရှိပါတယ်)

ပုံသဏ္ဍန်ကတော့ ပဲကြီးစေ့နဲ့ တူပါတယ်။
အရွယ်အစားကတော့ 10-12 cm (၅ လက္မဝန်းကျင်ရှိပါတယ်)
အလေးချိန်က 350-390 G ကြား ရှိပါတယ် (၂၃ ကျပ်သားလောက်ရှိပါတယ်)

ကျောက်ကပ်တစ်လုံးဆီကနေ (Ureter)ပိုက်တစ်ချောင်းစီ ဆီးအိမ်နဲ့ဆက်ထားပြီး ဆီးတွေကို ဆီးအိမ်ကနေ Urethra ဆိုတဲ့ ဆီးပိုက်နဲ့ အပြင်ကိုစွန့်ထုတ်ပါတယ်

👉👉👉

လူသိများတာကတော့ Excretory Function အညစ်အကြေးစွန့်ပါတယ်။

ခန္ဓာကိုယ်ထဲက ပိုတဲ့ရေတွေနဲ့ ဓာတ်ဆားတွေ၊ အသည်းကနေ metabolised လုပ်ပြီးသား အဆိပ်တွေ ကို စွန့်ထုတ်ပါတယ်။

ခန္ဓာကိုယ်က လိုတဲ့ရေနဲ့ ဓာတ်ဆားတွေ မပါသင့်တာ မပါရအောင် စစ်တဲ့ ဇကာလေးတွေ အများကြီး ရှိပါတယ်

အညစ်အကြေးတွေဆိုတော့ အလွယ်ပြောရရင် အနယ်လေးတွေပါတတ်ပါတယ်

ရေသောက်တာများတဲ့သူ တွေက ရေစွန့်ထုတ်တာများတော့ အနယ်တွေရှိရင်တောင် ရေများတော့ အနယ်အဆင့်မှာပဲ ရေနဲ့ပါသွားပြီး စွန့်ထုတ်ပစ်ပါတယ်။

အနယ်တွေများပြီး၊ ရေသောက်နည်းတဲ့ လူတွေမှာတော့ အနယ်လေးတွေက ပုံပုံလာပြီး အချိန်ကြာလာတဲ့ အခါမှာ ကျောက်ဖြစ်သွားပါတယ်။

အနယ်အဆင့်မှာတောင် တခါတလေ လမ်းကြောင်းပိတ်နေတတ်တဲ့ အတွက် ခါးအောင့်တတ်ပါတယ်။
အခု ကျန်းမာရေးအသိရှိလာတဲ့ အတွက် ခါးနာရင် ရေများများသောက်တတ်ကြတော့ အနယ်တွေက ရေနဲ့ပါသွားပြီး သက်သာသွားတတ်ပါတယ်

အပိတ်အများဆုံးနေရာက ထောင့်ချိုးဖြစ်နေတဲ့ (ရကောက် ပုံ) ကျောက်ကပ်နဲ့ Ureter ဆက်တဲ့နေရာနားမှာပါ

👉👉👉
ကျောက်ဖြစ်သွားပြီ ဆိုရင်တော့ ရေဘယ်လောက်သောက်သောက် မပျော်တော့ပါဘူး

ထောင့်နေရာမှာ ကျောက်စဖြစ်ပြီဆိုတော့ အနယ်တွေက အရင်ကထက် ပုံရင်းပုံရင်း နဲ့ ကျောက်ကကြီးကြီးလာပါတယ်။

အဲ့တော့ ဘာတွေခံစားရလဲ
- ခါးနေရာက #လေးတေးတေး (discomfort) စဖြစ်လာပါတယ်
- ရေထွက်ပေါက်မှာ ကျောက်ပိတ်နေတော့ ရေတွေက အတင်းတွန်းထွက်ရပါတယ် #နာပါပြီ (Renal angle pain - ခါးနာပါတယ်)
- ရေတွေက ထွက်လို့မရလေ တွန်းလေ ဖြစ်ပါတယ် 👉ကျောက်ကပ်ရဲ့ကြွက်သားတွေက Smooth muscle အမျိုးအစားဖြစ်တော့ => အမျိုးအစားတူတဲ့ အစာအိမ်က ကြွက်သားတွေကပါ လိုက်ညှစ်တော့ #ပျို့ပါတယ် #အန်ပါတယ်
- ရေတွေက တွန်းတွန်းနေတော့ ကျောက်က ကျောက်ကပ်နဲ့ ပွတ်တဲ့အတွက် ကျောက်ကပ်မှာ ဒဏ်ရာရပြီး သွေးထွက်ပါတယ် #ဆီးထဲသွေးပါပါတယ် (Haematuria) နီရဲနေတာမဟုတ်ပါဘူး ရေနွေးကြမ်းရောင်ရင့်ရင့်ပါ
- ပုံမှန်မှာလည်း ဆီးထဲမှာ ပိုးတွေ ပါတတ်ပါတယ်၊ ခန္ဓာကိုယ်ကို ဒုက္ခမပေးတတ်ပါဘူး၊ ဒါပေမယ့် ကျောက်ပွတ်ထားလို့ ဒဏ်ရာဖြစ်နေတဲ့ အနာကို ပိုးဝင်တော့ #ဆီးပိုးခဏခဏ ဝင်ပါတယ်
- ဆီးပိုးဝင်တော့ (Urinary Tract Infection) #ချမ်းတုန်ပါတယ် (Chills & Rigors) #ဖျားပါတယ် (Fever)

နောက်ထပ်တစ်ခုက ကျောက်ကသေးလို့ ဆီးနဲ့ပါသွားရင်း Ureter ဆိုတဲ့နေရာမှာ ပိတ်ရင်။
အပေါ်က လက္ခဏာတွေအပြင် နာတဲ့အခါ ခါးကနေ ပေါင်ခြံထဲအထိ အောင့်ပါတယ် (Loin to groin pain)။

👉👉👉
ဘာလို့ #ကျောက်ကပ်မှာကျောက်ဖြစ်ရတာလဲ ???

- ရေသောက်နည်းတယ်
- တချို့ဓာတ်တွေများနေတယ် (Calcium, Uric acid)
- တချို့ဆေးတွေ မသောက်မဖြစ်သောက်ရတယ် (Diuretics)
- မွေးရာပါကျောက်ကပ်ကပုံမှန် မဟုတ်ဘူး
- မိသားစုမှာ ကျောက်ကပ်ကျောက်တည်တဲ့ရာဇဝင်ရှိတယ်
- Polycystic kidney ဆိုတဲ့ရောဂါရှိတယ်
ဆိုရင် ဖြစ်တတ်ပါတယ်။

👉👉👉

ကျောက်ကပ်မှာ ကျောက်ရှိရင် #ကျောက်ကပ်ခွဲစိပ်အထူးကုဆရာဝန်နဲ့ပြပါ။

ကျောက်ကပ်အထူးကုသမားတော် မဟုတ်ပါဘူး။

သူ့ရဲ့လမ်းညွှန်ချက်ကိုလိုက်နာပါ (စိတ်ထဲမှာ သိထားရမှာက ကျောက်တုံးကျောက်ခဲကို ပျော်စေတဲ့ဆေးမရှိဘူးဆိုတာပါပဲ)

ကျောက်က (0.5 cm) ထက်သေးရင် သူဟာသူထွက်သွားနိုင်ပါတယ်။

ကြီးတဲ့ကျောက်တွေကတော့ Ultrasound နဲ့ချေတာဖြစ်ဖြစ်၊ Laser နဲ့ချေတာဖြစ်ဖြစ် Procedure လိုပါတယ်။

ကျောက်ကပွတ်ပြီး ဒဏ်ဖြစ်နေတဲ့ကျောက်ကပ်ကို ကျောက်ကြေဆေး ဆိုပြီး ဆေးမီတိုတွေ လျှောက်သောက်ရင် ကျောက်ကပ်ပျက်ပါတယ်။

👉👉👉

ဒီလောက်ဆို အဆင်ပြေပြီထင်ပါတယ်။

- ရေများများသောက်ပါ
- ကွမ်းမစားပါနဲ့
- Multivitamin တွေ High doses လျှောက်မသောက်ပါနဲ့ (Calcium, Vitamin D, Vitamin C)
- ကျောက်တယ်ပြီဆိုရင် ကျောက်ကပ်ခွဲစိပ်အထူးကုဆရာဝန်နဲ့ပြပါ။ ညွှန်ကြားချက်ကို လိုက်နာပါ။

(Original post ; Oct,2020 👉 https://www.facebook.com/104993831383029/posts/124921446056934/?d=n)

သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Dr. ဘုန်းစည်သူလွင်

🤔ကိုယ်ခံအားကောင်းဖို့ သောက်တဲ့ဆေးတွေက အတူတူပဲလား...💊စျေးကွက်ထဲမှာ ကိုယ်ခံအားကောင်းစေတဲ့ အားဆေး (𝗜𝗺𝗺𝘂𝗲 𝗦𝘂𝗽𝗽𝗿𝗼𝘁) တွေ အများ...
03/10/2023

🤔ကိုယ်ခံအားကောင်းဖို့ သောက်တဲ့ဆေးတွေက အတူတူပဲလား...

💊စျေးကွက်ထဲမှာ ကိုယ်ခံအားကောင်းစေတဲ့ အားဆေး (𝗜𝗺𝗺𝘂𝗲 𝗦𝘂𝗽𝗽𝗿𝗼𝘁) တွေ အများကြီးရှိပါတယ်….

📌ပါဝင်ပစ္စည်းတွေ မတူကြသလို အာနိသင်တွေမှာလည်း ကွဲပြားမှုတွေရှိပါတယ်….

👇အသုံးများတဲ့ ကိုယ်ခံအားကောင်းစေတဲ့ ဆေးတွေကတော့
📌ဗီတာမင်များ - ဗီတာမင်စီ (𝗩𝗶𝘁𝗮𝗺𝗶𝗻 𝗖) နှင့် ဗီတာမင်ဒီ ( 𝗩𝗶𝘁𝗮𝗺𝗶𝗻 𝗗)
📌သတ္တုဓာတ်များ - ဇင့် (𝗭𝗶𝗻𝗰) ဓာတ်နဲ့ စီလီနီယမ် (𝗦𝗲𝗹𝗲𝗻𝗶𝘂𝗺)
📌ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ (𝗔𝗻𝘁𝗶𝗼𝘅𝗶𝗱𝗮𝗻𝘁) (ဥပမာ - စပျစ်သီးစေ့၊ မုန်လာဥနီ၊ ပန်းသီးမှ ထုတ်လုပ်သောဆေးများ)
📌𝗕𝗶𝗼𝗳𝗹𝗮𝘃𝗼𝗻𝗼𝗶𝗱𝘀 ဗီတာမင် နှင့်တူသော ဓါတ်ပေါင်းများ
📌𝗕𝗲𝘁𝗮-𝗴𝗹𝘂𝗰𝗮𝗻𝘀 ဓာတ်ပါသောဆေးများ စတဲ့ဆေးဝါးတွေပါပဲ….

💊💪ဒီလိုကိုယ်ခံအားကောင်းတဲ့ ဆေးတွေဟာ ကိုယ်ခံအားစနစ်ကို မြှင့်တင်ဖို့ အထောက်အပံ့များစွာပေးပါတယ်...

🍛🥗ဒါပေမယ့် ဒီဓာတ်တွေဟာ ကျွန်တော်တို့ နေ့စဉ်စားသောက်နေတဲ့ အစားအသောက်တွေကနေလည်းရရှိနိုင်ပါတယ်…

😕ကိုယ်ခံအားကောင်းဖို့ဆိုတာ ပြောသလောက်မလွယ်ပါဘူး...
📌ရောဂါပိုးတွေဝင်ရောက်လာတဲ့ အခါမှာ ကိုယ်ခံအားစနစ်ကို လှုံ့ဆော်ပေးနိုင်ရုံ သာမက ကိုယ်ခံစွမ်းအားကို ထိထိရောက်ရောက်မြှင့်တင်ပေးနိုင်ဖို့လည်း အရေးကြီးပါတယ်...

💧🐄နို့ဦးရေကြည်ဟာ ဘေးထွက်ဆိုးကျိုးမရှိတဲ့အပြင် သုတေသနစာတမ်းတွေမှာ ဖော်ပြခံရတဲ့ 𝗲𝘃𝗶𝗱𝗲𝗻𝗰𝗲 𝗯𝗮𝘀𝗲𝗱 ကိုယ်ခံအားမြှင့်တင်ဆေးဝါးတစ်မျိုးဖြစ်ပါတယ်...

💧🧬𝗕𝗼𝘃𝗶𝗻𝗲 𝗰𝗼𝗹𝗼𝘀𝘁𝗿𝘂𝗺 (နွားနို့ဦးရေကြည်) ဟာဆိုရင် ကိုယ်ခံအားစနစ်ကို တိုက်ရိုက်အကျိုးပြုတဲ့ 𝗜𝗺𝗺𝘂𝗻𝗼𝗴𝗹𝗼𝗯𝘂𝗹𝗶𝗻𝘀 တွေ ကြွယ်ဝစွာပါဝင်နေပါတယ်...

💧🐄နို့ဦးရေကြည်မှာပါဝင်တဲ့ 𝗜𝗴 𝗔, 𝗜𝗴 𝗠, 𝗜𝗴 𝗘, 𝗜𝗴 𝗚, 𝗜𝗴 𝗗 စတဲ့ 𝗜𝗺𝗺𝘂𝗻𝗼𝗴𝗹𝗼𝗯𝘂𝗹𝗶𝗻𝘀 တွေဟာ ပိုးမွှားများဝင်ရောက်မှုကို တားဆီးပေးနိုင်ရုံမက၊ တိုက်ထုတ်ပေးနိုင်တဲ့ အစွမ်းရှိပါတယ်...

📌ဒါ့အပြင် 𝗕𝗼𝘃𝗶𝗻𝗲 𝗰𝗼𝗹𝗼𝘀𝘁𝗿𝘂𝗺 မှာ 𝗟𝗮𝗰𝘁𝗼𝗳𝗲𝗿𝗿𝗶𝗻 ဆိုတဲ့ ကိုယ်ခံအားအကျိုးပြုဓာတ် (၁)ခု လည်းကြွယ်ဝစွာပါဝင်ပါတယ်...

🦠🚫𝗟𝗮𝗰𝘁𝗼𝗳𝗲𝗿𝗿𝗶𝗻 ဟာ 𝗜𝗿𝗼𝗻 𝗯𝗶𝗻𝗱𝗶𝗻𝗴 𝗽𝗿𝗼𝘁𝗲𝗶𝗻 တစ်မျိုးဖြစ်ပီး 𝗕𝗮𝗰𝘁𝗲𝗿𝗶𝗮 တွေပွားများမှုကို ဟန့်တားပေးနိုင်တဲ့ အာနိသင်ရှိပါတယ်...

🦠🚫ဘက်တီးရီးယားတွေ ပွားများမှုမှာ အဓိကလိုအပ်တဲ့ 𝗜𝗿𝗼𝗻 ကို 𝗟𝗮𝗰𝘁𝗼𝗳𝗲𝗿𝗿𝗶𝗻 က ကြိုတင်ပေါင်းထားပြီး ဘက်တီးရီးယားများပွားများမှုကို တားဆီးပေးနိုင်လို့ 𝗡𝗮𝘁𝘂𝗿𝗮𝗹 𝗔𝗻𝘁𝗶𝗯𝗶𝗼𝘁𝗶𝗰 𝗔𝗰𝘁𝗶𝗼𝗻 ကိုပေးစွမ်းနိုင်ပါတယ်...

📌ဒါ့အပြင် 𝗟𝗮𝗰𝘁𝗼𝗳𝗲𝗿𝗿𝗶𝗻 ဟာ ရောင်ရမ်းမှုကိုလျော့ချပေးခြင်း၊ ဓာတ်တိုးဆန့်ကျင်အာနိသင်ရှိခြင်း၊ သွေးအားနည်းခြင်းကိုကာကွယ်ခြင်း၊ ခွန်အားပြည့်ဖြိုးစေခြင်းစတဲ့ အကျိုးအာနိသင်များကိုလည်း ပေးစွမ်းနိုင်ပါတယ်...

💧🐄နို့ဦးရေကြည်ဟာ ဘေးထွက်ဆိုးကျိုးမရှိတဲ့အပြင် သုတေသနစာတမ်းတွေမှာ ဖော်ပြခံရတဲ့ ကိုယ်ခံအားမြှင့်တင်ဆေးဝါးဖြစ်ပါတယ်...

💊💪ဒါ့ကြောင့် ကိုယ်ခံအားဆေးသောက်မယ်ဆိုရင် ထိရောက်တဲ့ဆေးဝါးရယ်၊ ဘေးထွက်ဆိုးကျိုးမရှိတဲ့ ကိုယ်ခံအားမြှင့်တင်ဆေး ဖြစ်ဖို့လိုပါတယ်…

💊အမှန်တကယ် ကိုယ်ခံအားစနစ်ထဲ ထဲထဲဝင်ဝင်လှုံဆော်ပေးနိုင်တဲ့ အားဆေးဖြစ်သင့်ပါတယ်...



🇦🇺💊𝗜𝗺𝗺𝘂𝗻𝗼𝗿 ဟာ 𝗔𝘂𝘀𝘁𝗿𝗮𝗹𝗶𝗮 နိုင်ငံမှထုတ်လုပ်ပြီး ကိုယ်ခံအားကို အမှန်တကယ်မြှင့်တင်ပေးနိုင်တဲ့ နို့ဦးရေကြည်နဲ့အတူ ကိုယ်ခံအားအကျိုးပြုဓါတ် 𝗟𝗮𝗰𝘁𝗼𝗳𝗲𝗿𝗿𝗶𝗻 တို့ကို အချိုးကျပေါင်းစပ်ထားတဲ့ အဆင့်မြှင့်အားဆေး ဖြစ်ပါတယ်...



📌အမေးများသော မေးခွန်းများ...🤔သက်ကြီးရွယ်အိုများနှင့် နာတာရှည်ရောဂါရှိသူတွေ 𝗩𝗶𝘁𝗮𝗰𝗲𝗲 သောက်လို့ရပါသလား။ 📌သောက်သုံးနိုင်ပါတယ...
22/09/2023

📌အမေးများသော မေးခွန်းများ...

🤔သက်ကြီးရွယ်အိုများနှင့် နာတာရှည်ရောဂါရှိသူတွေ 𝗩𝗶𝘁𝗮𝗰𝗲𝗲 သောက်လို့ရပါသလား။
📌သောက်သုံးနိုင်ပါတယ်။ ရောဂါအခံပြင်းထန်ပြီး သောက်ဆေးများပါက ဆရာဝန်နှင့် ဦးစွာတိုင်ပင်ပြီးမှ သောက်သုံးစေချင်ပါတယ်။

=====================================

🤔ဘယ်လိုအခြေအနေမျိုးဆို 𝗩𝗶𝘁𝗮𝗰𝗲𝗲 ဆေးကိုဆက်မသောက်သင့်ဘူးလဲ။
📌ကျောက်ကပ်ရောဂါနှင့် ဆီးကျောက်တည်ခြင်းများရှိပါက ဆရာဝန်နှင့် ဦးစွာတိုင်ပင်ပြီး ဆရာဝန်ညွှန်ကြားမှ သောက်သုံးသင့်ပါတယ်။

=====================================

🤔𝗩𝗶𝘁𝗮𝗰𝗲𝗲 ကို ရေရှည်စွဲသောက်လို့ရလား၊ ဘေးထွက်ဆိုးကျိုးရှိလား။
📌နေ့စဥ်ညွှန်ကြားချက်အတိုင်း ရေရှည်သောက်သုံးနိုင်ပါတယ်။

=====================================

🤔ရေရှည်သောက်ရင် ကျောက်တည်တယ်ဆိုတာ ဟုတ်လား။
📌နေ့စဥ် ညွှန်ကြားချက် ကျော်လွန်၍ ပမာဏများစွာ သောက်သုံးပါက ဖြစ်ပွားနိုင်ပါတယ်။ နေ့စဥ် ညွှန်ကြားချက်အတိုင်း ရေရှည်သောက်သုံးနိုင်ပါတယ်။

=====================================

🤔𝗩𝗶𝘁𝗮𝗰𝗲𝗲 ကို ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ သောက်လို့ရလား။
📌ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ သောက်သုံးနိုင်ပါတယ်။
သွေးအားကို ပိုမိုကောင်းမွန်စေပြီး ကိုယ်ခံအားကို မြှင့်တင်ပေးပါတယ်။

=====================================

🤔နှလုံးရောဂါရှိတဲ့သူတွေ 𝗩𝗶𝘁𝗮𝗰𝗲𝗲 သောက်လို့ရလား။
📌ရပါတယ်။ 𝗩𝗶𝘁𝗮𝗰𝗲𝗲 ဟာ မကောင်းသောအဆီ (𝗟𝗗𝗟) ကို လျှော့ချပေးသည့်အတွက် နှလုံးသွေးကြောကျဥ်းနှလုံးအဆီဖုံးရောဂါများကို လျော့နည်းစေပါတယ်။
နှလုံးဆေးများစွာ သောက်သုံးနေရင်တော့ ဆရာဝန်နှင့် ဦးစွာ တိုင်ပင်ပြီးမှသောက်သုံးစေချင်ပါတယ်။

=====================================

🤔သွေးတိုး၊ ဆီးချိုရှိတဲ့သူတွေသောက်ရင် ဘယ်လိုကောင်းကျိုးရရှိနိုင်မလဲ။
📌သွေးတိုးနဲ့ ဆီးချို ထိန်းရတာ လွယ်ကူစေခြင်း
📌မကောင်းသောအဆီ (𝗟𝗗𝗟) ကို လျှော့ချပေးသည့်အတွက် နှလုံးသွေးကြောကျဥ်း
နှလုံးအဆီဖုံးရောဂါများကို လျော့နည်းစေခြင်း
📌သွေးအားကိုကောင်းမွန်စေပြီး တက်ကြွလန်းဆန်းစေခြင်း
📌ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း
📌𝗔𝗻𝘁𝗶𝗼𝘅𝗶𝗱𝗮𝗻𝘁 𝗔𝗰𝘁𝗶𝗼𝗻 ရှိသဖြင့် နာတာရှည်ရောဂါဖြစ်ပွားမှုနှုန်းကို လျော့နည်းစေခြင်းအစရှိတဲ့ ကောင်းကျိုးများကို နေ့စဥ် တစ်လုံးသောက်ရုံနဲ့ ရရှိစေပါမယ်။

=====================================

🤔𝗩𝗶𝘁𝗮𝗰𝗲𝗲 ကိုသောက်ပြီး တခြား 𝗩𝗶𝘁𝗮𝗺𝗶𝗻 𝗖 ဆေးတွေ သောက်ဖို့လိုလား။
📌𝗩𝗶𝘁𝗮𝗰𝗲𝗲 ကို 𝗦𝘂𝘀𝘁𝗮𝗶𝗻𝗲𝗱 𝗥𝗲𝗹𝗲𝗮𝘀𝗲𝗱 𝗙𝗼𝗿𝗺𝘂𝗹𝗮 နဲ့ ထုတ်လုပ်ထားတဲ့အတွက်ကြောင့် သာမန် 𝗩𝗶𝘁𝗮𝗺𝗶𝗻 𝗖 အားဆေးများထက် ၃ ဆ ပိုမို အစွမ်းထက်ပါတယ်။ တစ်နေ့တာလုံး လန်းဆန်းတက်ကြွစေပြီး ကိုယ်ခံအားကို အကောင်းဆုံးမြှင့်တင်ပေးမှာ ဖြစ်ပါတယ်။ တခြား 𝗩𝗶𝘁𝗮𝗺𝗶𝗻 𝗖 ထပ် သောက်ရန်မလိုပါ။

=====================================


substainedrelease
Crd

သတိထားကြပါရှင်🙏🙏🙏       နာတာရှည် ကျောက်ကပ်အားနည်း‌ရောဂါ ကြောင့် ကျောက်ကပ်ပျက်စီးပြီး ကျောက်ကပ်အစားထိုးထားရာကနေ အဲဒီအစားထ...
20/09/2023

သတိထားကြပါရှင်🙏🙏🙏

နာတာရှည် ကျောက်ကပ်အားနည်း‌ရောဂါ ကြောင့် ကျောက်ကပ်
ပျက်စီးပြီး ကျောက်ကပ်အစားထိုးထားရာကနေ အဲဒီအစားထိုးထားတဲ့ ကျောက်ကပ် ပြန်ပြီးပျက်စီးသွားလို့ ကျောက်ကပ်ပြန်ဆေးနေရတဲ့ လူနာတစ်ယောက်နဲ့ ကျွန်တော်စကားပြောကြည့်ဘူးတယ်။ အဲဒီတုန်းက အဲဒီလူနာက သူကျောက်ကပ်ဆေးဖို့လာရင်း သူ့အလှည့် မရောက်သေးလို့ ထိုင်ခုံကို မှီပြီးနားနေရင်း သူ့အလှည့်ကို
စောင့်နေတဲ့အချိန်..။

နေကောင်းရဲ့လား လို့ ကျွန်တော်မေးတော့ ကျောက်ကပ်မဆေးရသေးတော့ လေးတေးတေးကြီးပေါ့ ဆရာရယ်တဲ့။ ဆေးပြီးရင်တော့ နေလို့ထိုင်လို့ ကောင်းပါတယ်တဲ့။

သူကဆက်ပြောတယ်။

ဒါပေမယ့် ခဏပဲ ဆရာ တဲ့။ တစ်ရက် နှစ်ရက် ဆို နေရတာ လန်းလန်းဆန်းဆန်း မရှိတော့ဘူး။

ဆရာရယ်.. ကျွန်တော်ကျောက်ကပ်ပြန်အစားထိုးချင်တာ။ ပိုက်ဆံ စုလိုက်ဉီးမယ်။
ကျောက်ကပ်အစားထိုးလိုက်တဲ့ အရသာ က ဘာနဲ့မှ မတူဘူး။ လေထဲမှာ လမ်းလျှောက်နေရသလို ပေါ့ပါးနေတာပဲ။ ထမင်းတွေလည်း စားလို့ကောင်း၊ အသက်ရှုလို့လည်း ဝ တယ်။ နေလို့ထိုင်လို့ အရမ်းကောင်းတာပဲ.. ဆရာရယ်.. တဲ့...။

သူပြောတာကို ကျွန်တော် နားထောင်နေရင်းနဲ့ သူ့ခံစားချက်ကို ကျွန်တော်နားလည်ပါတယ်။ ဒါပေမယ့် သူ ဘယ်လိုခံစားရတယ်ဆိုတာ ကျွန်တော် ဘယ်လိုနည်းနဲ့မှ သေချာမသိနိုင်ဘူး။ ကျွန်တော်မှ မခံစားဘူးပဲကိုး။
ကျွန်တော်တို့သိထားတဲ့ ဆီးဆိပ်တွေ (Urea) တွေ၊ Creatinine တွေ၊ အက်ဆစ်ဓါတ်တွေ၊ ကျန်တဲ့ ကျောက်ကပ်ပျက်စီးလို့ မစွန့်ထုတ်နိုင်တဲ့ အကြွင်းအကျန် အညစ်အကြေးတွေ ခန္ဓာကိုယ်မှာ စုပုံလာတဲ့အခါ လူတစ်ယောက် ဘယ်လိုခံစားရမလဲဆိုတာ ဝေဒနာရှင်ကိုယ်တိုင်ပဲ အသိဆုံးဖြစ်ပါလိမ့်မယ်။
ကျွန်တော်တို့တတွေ ဖျားဘူး၊နာဘူးကြတာပဲ။ ဖျားကြနာကြတဲ့အခါ အမြန်ဆုံး ပြန်သက်သာချင်ကြတာပဲ မဟုတ်လား။ တကယ်လို့သွားကိုက်တဲ့ ဝေဒနာကိုခံစားဘူးတယ်ဆိုရင် အဲဒီဝေဒနာကို အမြန်ဆုံး သက်သာချင်တဲ့ ဆန္ဒဘယ်လောက် ပြင်းပြသလဲ ဆိုတာ ကိုယ်တိုင်သွားကိုက်ဘူးတဲ့သူဆိုရင် ကိုယ်ချင်းစာနိုင်ပါလိမ့်မယ်။

ဒါပေမယ့်...

နာတာရှည်ကျောက်ကပ်အားနည်းတဲ့ရောဂါ ဟာ သာမန်တုပ်ကွေးမိ ဖျားနာသလို၊ သွားကိုက်သလိုမျိုး မဟုတ်ပါဘူး။

ရုတ်တရက် ပျက်စီးတဲ့ ကျောက်ကပ်ရောဂါ (Acute Kidney Injury) ဆိုရင် ပြန်ကောင်းနိုင်ပေမယ့် တကယ်သာ နာတာရှည်ကျောက်ကပ်‌ဝေဒနာ ခံစားရပြီဆိုရင် အဲဒီကျောက်ကပ်ဟာ NO U-TURN ဘယ်တော့မှ ပြန်ပြီးကောင်းလာမှာ မဟုတ်တော့ပါဘူး။ အရှင်းဆုံးပြောရရင်တော့ အခုထိ.. ဘယ်နိုင်ငံမှာမှ ကုရာနတ္ထိ ဆေးမရှိ တဲ့ ရောဂါဆိုး လို့ပဲ ပြောရမှာပါပဲ။

ကမ္ဘာ့လူဉီးရေရဲ့ ၁၅ ရာခိုင်နှုန်းနီးပါးဟာ နာတာရှည် ကျောက်ကပ်အားနည်းရောဂါ ခံစားနေရပါတယ်။ လူ ၁၀၀ မှာ ၁၅ ယောက်လောက်ဟာ နာတာရှည်ကျောက်ကပ်အားနည်းနေကြတယ်လို့ အကြမ်းဖျဉ်း ပြောလို့ရပါတယ်။
ကျောက်ကပ်ဆေးတယ်လို့ အရပ်ထဲမှာ အလွယ်ပြောကြတဲ့ (Hemodialysis) ကျောက်ကပ်သွေးသန့်စင်တာပဲဖြစ်ဖြစ်၊ (Peritoneal Dialysis) ဝမ်းဗိုက်အမြှေးပါးက သွေးသန့်စင်တာပဲ ဖြစ်ဖြစ်၊ ကိုယ့်ခန္ဓာကိုယ်ထဲက သဘာဝကျောက်ကပ်က အလုပ်မလုပ်နိုင်လို့ ကိုယ်စားဝင်အလုပ်လုပ်ပြီး ခန္ဓာကိုယ်က မလိုအပ်တဲ့ အဆိပ်အတောက် အညစ်အကြေးတွေကို စွန့်ထုတ်ပေးရုံပဲ တတ်နိုင်တာပါ။ ပျက်စီးသွားတဲ့ ကျောက်ကပ်ကို ပြန်ပြီးကောင်းလာအောင် ကုစားပေးတာ မဟုတ်ပါဘူး။ ဒါကို တစ်ချို့ဆရာဝန်တွေတောင် နားလည်မှုလွဲနေကြတာ ရှိပါတယ်။ ကုန်ကျစားရိတ်လည်း အင်မတန်များပါတယ်။

အနည်းဆုံး တစ်လကို ၅ သိန်း လောက်မှ အကုန်မခံနိုင်ရင် ကျောက်ကပ်ဆေးဖို့ မလွယ်ပါဘူး။ ဒါတောင် အနည်းဆုံး စျေးကို တွက်ပြထားတာပါ။ ဘယ်လိုပဲ ကျောက်ကပ်ဆေးဆေး ကိုယ့်သဘာဝကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ပြည့်မှီအောင် မစွမ်းဆောင်နိုင်တာတေွ အများကြီးရှိပါသေးတယ်။

ကျောက်ကပ်လဲတယ်လို့ ပြောကြတဲ့ ကျောက်ကပ်အစားထိုးတယ် ဆိုတာကလည်း ကျောက်ကပ်အကောင်း (အသစ်) တစ်လုံး ထည့်လိုက်တာဖြစ်လို့ ပုံမှန်အတိုင်း စားနိုင်သွားနိုင်လာနိုင်တယ် ဆိုသည့်တိုင်အောင် အဲဒီ ကျောက်ကပ်အသစ်ကလေး ပျက်မသွားရအောင် နေ့စဉ် ဆေးဝါးတွေ ရာသက်ပန်သောက်သုံးနေရတာပါ။ အဲဒီဆေးတွေကြောင့်လည်း ကိုယ်ခံအားကျဆင်းနေတာဖြစ်တဲ့အတွက် လူမမာတပိုင်းလို့ ဆိုရင် မမှားပါဘူး။

ဒီလောက်ဆိုရင် နာတာရှည်ကျောက်ကပ်ရောဂါ ဆိုတာ ပေါ့‌ပေါ့လေးမဟုတ်မှန်း သိလောက်ပြီထင်ပါတယ်။

ကျွန်တော်တို့ဆီမှာ နှလုံးရောဂါဖြစ်မှာ၊ ကင်ဆာ ဖြစ်မှာ သိပ်ကြောက်ကြတယ်။ ဘီပိုး စီပိုး ကူးစက်ခံရမှာလည်း သိပ်ကြောက်ကြပါတယ်။ အဲဒီရောဂါတွေဟာ ကြောက်ဖို့ကောင်းတာမှန်ပါတယ်။ ဒါပေမယ့် ရောဂါရဲ့ အတိမ်အနက်ပေါ်မူတည်ပြီး မျှော်လင့်ချက်တွေ ရှိနေပါသေးတယ်။

နာတာရှည်ကျောက်ကပ်ရောဂါကတော့ ဖြစ်ပြီဟေ့ ဆိုတာနဲ့ နောက်မဆုတ်တော့ပါဘူး။ အသက်ကြီးလာမှာကို တားမရသလို နာတာရှည်ကျောက်ကပ်ဝေဒနာရှင်ရဲ့ ကျောက်ကပ်ပျက်စီးသွားမှာကို ဘာနဲ့မှ တားလို့ မရပါဘူး။ မသကာ အရွယ်တင်အောင် အလှတွေပြင်၊ လေ့ကျင့်ခန်းတွေလုပ် လို့ ရသလို ကျောက်ကပ်ပျက်စီးတဲ့ နှုန်းထားကို နှေးနေအောင်ပဲ ‌ဆေးဝါးတွေ၊ အပြုအမူအနေအထိုင်တွေနဲ့ ကုသပေးလို့ ရပါတော့တယ်။ ဉပမာ- ၃၀ ဖိုး ပဲ အလုပ်လုပ်နိုင်တဲ့ ကျောက်ကပ်က တစ်နှစ်နေရင် ၂၀ ဖိုးပဲ ကျန်တော့မယ်ဆိုရင် သေသေချာချာ ကုသလို့ရှိရင် ၂၅ ဖိုး လောက် ကျန်နိုင်တာမျိုး လောက်အထိပဲ စွမ်းဆောင်ပေးနိုင်ပါတယ်။ အဲဒီ ကျန်နေတဲ့ ၃၀ ဖိုး ကို ၅၀ ဖိုး- ၆၀ ဖိုး ဖြစ်လာအောင် ကုသပေးလို့ မရနိုင်တော့ပါဘူးခင်ဗျာ။

အဲဒီတော့ နာတာရှည်ကျောက်ကပ်အားနည်းရောဂါ ဆိုတာ ဘာများပါလိမ့်။
နာတာရှည်ကျောက်ကပ်အားနည်းရောဂါ ဟာ ကနဉီးကာလတွေမှာ ဘာလက္ခဏာမှ မပြပါဘူး။ ကျွန်တော်တို့ ဆီးဆိပ်လို့ အလွယ်ပြောကြတဲ့ (သာမန်လူ နားလည်အောင် အလွယ်ပြောရရင်) Creatinine စစ်မကြည့်မချင်း မသိနိုင်ပါဘူး။

စက်ရုံတစ်ရုံမှာ အလုပ်သမား ၁၀၀ ရှိတယ် ဆိုပါစို့။ အင်တိုက်အားတိုက် အလုပ်လုပ်နေကြတယ်။
အလုပ်သမား ၂၀ လောက်က အလုပ်ထွက်သွားတယ်။ ၈၀ ပဲ ကျန်တယ် ဆိုပါစို့။ အဲဒီ ကျန်နေတဲ့ ၈၀ က လူ ၁၀၀ စာ ကို ဟန်မပျက် ထိမ်းပြီး အလုပ်လုပ်ပေးနေနိုင်သေးတယ်။ မသိသာသေးဘူး‌ပေါ့လေ။
ဒါပေမယ့် အဲဒီ လူ ၈၀ ကလည်း ၁၀၀ စာ မလုပ်နိုင်တော့ဘဲ တဖြည်းဖြည်းနဲ့ လေျာ့လေျာ့လာမယ်ဆိုရင် လူ ၅၀ လောက်ပဲ ကျန်တော့တဲ့ အချိန်မှာတော့ အဲဒီ စက်ရုံက မနိုင်မနင်း ဖြစ်လာပါပြီ။ လူ ၅၀ ကပဲ အရင် လူ ၁၀၀ စာ လုပ်ခဲ့တဲ့ အလုပ်တွေကို သိမ်းကြုံးလုပ်ရတော့တာကိုး။

အဲဒီ ကျန်နေတဲ့ လူ ၅၀ ကနေ.. ၃၀.. ၂၀ အစရှိသဖြင့် နည်း နည်း လာမယ် ဆိုရင်တော့ နောက်ဆုံး ၁၀ ယောက် လောက်ပဲ ကျန်တော့တဲ့ အခါ စက်ရုံအလုပ်လုပ်ဖို့ မလွယ်တော့ပါဘူး။

ဒီသဘောပါပဲ။ နာတာရှည်ကျောက်ကပ်အားနည်းရောဂါ ရဲ့ ကနဉီး အဆင့်တွေမှာ ကျောက်ကပ်ရဲ့ အလုပ်လုပ်ပေးနေတဲ့ Nephron လို့ ခေါ်တဲ့ ယူနစ်သေးသေးလေးတွေက အလုပ်တွေပိုလုပ်ပေးနေလို့ မသိသာသေးပါဘူး။ ရောဂါ လက္ခဏာလည်း မပြသေးပါဘူး။ သူတို့တွေ တဖြည်းဖြည်းနဲ့ လျော့ကျလာတဲ့ အခါမှာတော့ ကျောက်ကပ်အားနည်းတဲ့ အဆင့်က ပိုပြီး ဆိုးလာပါတော့တယ်။ အဲဒီယူနစ်ကလေးတွေဟာ အနာရွတ်တွေ ဖြစ်သလို ကျောက်ကပ်ထဲမှာ ရှုံတွပျက်စီးကုန်တာ ဖြစ်တဲ့အတွက် ဘယ်တော့မှ ပြန်ကောင်းမလာနိုင်တော့ပါဘူး။
ညှိုးသွားတဲ့ ပန်းကလေး ဟာ ဘယ်တော့မှ ပြန်လန်းမလာနိုင်တော့သလိုပါပဲ။
တချို့က ပြောကြတယ်။

ဆီးတွေလည်း သွားတယ်။ ဖော လည်း မဖောဘူး။ ကျောက်ကပ်အားနည်းတာ ဟုတ်ပါ့မလား တဲ့။

ဆီးတွေနည်းတယ်၊ ဖောတယ် ဆိုတာ ကနဉီး ကျောက်ကပ်ရောင်တာ၊ ရုတ်တရက် ကျောက်ကပ်ပျက်တဲ့ အနေအထားတွေမှ ချက်ချင်းလက်ငင်း ဖြစ်တတ်ပေမယ့် နာတာရှည်ကေျာက်ကပ်အားနည်းရင်တော့ တော်တော်လေး ‌နောက်ကျမှ သိတတ်တာမျိုးပါ။

တချို့ကလည်း ကျွန်တော်/ကျွန်မ က ခါးမှ မနာတာ။ ကျောက်ကပ်ပျက်တယ်ဆိုတာ ဟုတ်ပမလား တဲ့။

ကျောက်ကပ်ကြောင့် ခါးနာတယ်ဆိုတာ ကျောက်ကပ်မှာ ကျောက်တည်တာတို့၊ ကျောက်ကပ်မှာ ပိုးဝင်ပြီး ပြည်ဝင်တာမျိုး (Pyelonephritis)၊အင်မတန် ရှားတဲ့ ကျောက်ကပ်ပုတ်တာမျိုးမှ နာတတ်တာမျိူးပါ။ နာတာရှည်ကျောက်ကပ်အားနည်းတာဟာ ခါးလည်း မနာတတ်ပါဘူး။ (တစ်ခုတော့ရှိတာပေါ့လေ။ သူ့ဟာသူ ကြီးပေါင်းတို့၊ သွေးကင်ဆာတစ်မျိုး (Myeloma) ကြောင့် အရိုးတွေ ကြွတ်ဆတ်ပြီး နာတာကြောင့် နာတာရှည်ကျောက်ကပ်ရောဂါ ဖြစ်တာမျိုးက လွဲရင်ပေါ့)

လက်တွေ့မှာ အတွေ့ရအများဆုံးကတော့ ထိန်းမနိုင်သိမ်းမရ လေယာဉ်ပျက်ကျတဲ့အခါ (Crash Landing) ဘာမှလုပ်မရသလို မဖြစ်မနေ နောက်ဆုံးအဆင့် ကျောက်ကပ်ပျက်မှ ကျောက်ကပ်ဆရာဝန် ဆီ ရောက်လာတဲ့ အခါ လူနာရဲ့ အနေအထားဟာ ပျက်ကျတဲ့လေယာဉ်ထဲက ခရီးသည် လို ဖြစ်နေတာမို့ (Crash Lander) လို့တောင် တင်စားခေါ်ဝေါ်နေကြပါပြီ။

နာတာရှည်ကျောက်ကပ်အားနည်းရောဂါဆိုတာ သွေးချို၊ဆီးချိုရောဂါ ကြာလာပြီဆိုရင်၊ သွေးတိုးရောဂါ ကြာလာပြီဆိုရင် ဖြစ်လာတတ်တာကြောင့် သတိထားဖို့လိုပါတယ်။ ဒါ့အပြင် အရေပြားလေးဖက်နာလို ရောဂါမျိုးတွေ၊ ကျောက်ကပ်ရောင်ရောဂါမျိုးတွေကို သေသေချာချာကုသမှု မခံယူခဲ့ရင် သေချာပေါက် ဖြစ်လာမယ့် ရောဂါပဲ ဖြစ်ပါတယ်။

အဓိက က တော့ မိမိမှာ သွေးတိုးရှိရင်၊ သွေးချိုဆီးချိုရှိရင်၊ နှလုံးရောဂါရှိရင် ကျောက်ကပ်ဆီးဆိပ်ကို မဖြစ်မနေ စစ်ကြည့်ပါ။ အနည်းဆုံး ၆ လ တစ်ခါ စစ်ကြည့်ပါ။ စျေးမကြီးပါဘူး။ ကျွန်တော်တို့ မြန်မာလူမျိုးတွေက သွေး မစစ်ချင်ကြဘူး။ တစ်ချို့ က နှမြောတယ်။ တစ်ချို့ကျတော့ ရောဂါ သိမှာ ကြောက်ကြတယ်။ တကယ်တော့ ရောဂါ ဆိုတာ စောစောသိလေလေ ကုသဖို့ အချိန် ပိုရ လေလေပါပဲ။

အထူးသဖြင့် (ဆရာဝန်တွေကိုပါ တောင်းဆိုချင်တာပါ) ငယ်ငယ်ရွယ်ရွယ် သွေးတိုးရင် လူနာတွေကို မဖြစ်မနေ စစ်ကြည့်စေချင်ပါတယ်။ အနည်းဆုံး Creatinine နဲ့ Urine RE လောက်တော့ စစ်ကြည့်ပေးဖို့ အနူးအညွတ် တောင်းဆိုလိုပါတယ်။ အဲဒီလို စစ်ကြည့်လို့ ကောင်းနေခဲ့ရင်တောင် တစ်လ နှစ်လလောက် ခြားပြီး ထပ်စစ်ပေးဖို့ လိုပါသေးတယ်။ ငယ်ငယ်ရွယ်ရွယ် နဲ့ နာတာရှည်ကျောက်ကပ်ပျက်စီးကြရသူ အများစုဟာ ကျောက်ကပ်မပျက်ခင်မှာ သွေးတိုးနဲ့ ဆရာဝန် ပြထားကြသူတွေ များပါတယ်။ သွေးကျဆေး ပေးထားတဲ့ အချိန် လူနာတွေက နေကောင်းနေပေမယ့် သူတို့ရဲ့ ကျောက်ကပ်ရောင်နေတာ (Glomerulonephritis) ကို မသိရတဲ့အတွက် ကုသလို့ ရသေးတဲ့ အချိန်မှာ ကုသခွင့် ဆုံးရှုံးကြရသူတွေ အများကြီးရှိပါတယ်။ ကျောက်ကပ်ဆရာဝန်ဆီ ရောက်လာရင်တော့ လေယာဉ်ပျံကြီး ပျက်ကျနေပြီပေါ့ဗျာ။
နောက်တစ်ခု က အကိုက်အခဲ ပျောက်ဆေးပါ။ အရပ်ထဲမှာ အလွယ်ဝယ်လို့ရနေတဲ့ ဝက်ငါးကောင် (Mefenaemic Acid) တို့၊ အလွယ်ထိုးလို့ရနေတဲ့ အသားဆေး (Diclofenac) တွေဟာ ကျောက်ကပ်သမားတွေအတွက် အင်မတန်ကြောက်ဖို့ကောင်းတဲ့ အဆိပ်တွေလို့ ဆိုရင် မမှားပါဘူး။ သာမန်လူကောင်းတွေတောင် အခန့်မသင့်ရင် ဒုက္ခပေးနိုင်ပါတယ်။

နောက်သတိထားဖို့ကတော့ တိုင်းရင်းဆေးတွေပါ။ အယူတိမ်းရင် နတ်စိမ်း ဖြစ်တယ် ဆိုသလိုပဲ.. တိုင်းရင်းဆေးကို အောဂန်းနစ် ဆိုပြီး အားကိုးတကြီး သောက်ကြတာတွေကလည်း အဓိက ကုသမှုကို မရဘဲ လူနာတွေ နစ်နာစေတဲ့အပြင် ကျောက်ကပ်ကို ဝန်ပိစေလို့ သတိပြု ရှောင်ကြဉ်ကြဖို့ လိုပါတယ်။ တစ်ချို့ တရားဝင်ရောင်းချနေတဲ့ တိုင်းရင်းဆေးတွေ၊ ဖြည့်စွက်စာတွေဟာလည်း ကျောက်ကပ်ကို အန္တရာယ်ပေးနိုင်ပါတယ်။ အဆိုးဆုံးက အဲဒီဆေးဝါးတွေကို သောက်နေပြီး လူနာအတွက် အဓိကလိုအပ်တဲ့ ဆေးဝါးတွေကို ဆက်မသောက်တော့ဘဲ ရပ်ပစ်လိုက်တာမျိုးပါ။ ဖြည့်စွက်စာ ဆိုတာ ဆေး မဟုတ်ပါဘူး။ အရာရာဟာ တန်ဆေး လွန်ဘေး ပါပဲ။

ဒီနေ့ဟာ ကမ္ဘာ့ကျောက်ကပ်ရောဂါနေ့ (World Kidney Day) ဖြစ်ပါတယ်။ ဒီနှစ်အတွက် ဆောင်ပုဒ်ကလည်း Bridge the knowledge gap to better kidney care ဖြစ်ပါတယ်။ အသိပညာများများပေး ကျောက်ကပ်ပိုမို ကျန်းမာရေး လို့များ ဆိုရမလား။

ကျောက်ကပ် ကျန်းမာအောင် သွေးပေါင်မတက်အောင် ဂရုစိုက်ပါ။ ကိုယ်လက်လှုပ်ရှားအားကစားလုပ်ပါ။ ဆေးလိပ်ဖြတ်ပါ။ ရေများများသောက်ပါ (မိမိမှာ ဖောရောင်နေတာ မရှိရင်)။ သွေးချိုဆီးချို ဂရုစိုက်ပါ။ အငန် ရှော့စားပါ။ အဝမလွန်အောင် ဂရုပြုပါ။ မလိုအပ်တဲ့ တိုင်းရင်းဆေး၊ အကိုက်အခဲပျောက်ဆေးတွေ ရှောင်ပါ။ မိမိမှာ မျိုးရိုးရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ သွေးတိုး/ဆီးချို စတဲ့ ရောဂါအခံ တွေရှိရင် မဖြစ်မနေ သွေး/ဆီး စစ်ကြည့်ဖို့ မိမိဆရာဝန်ကို တိုင်ပင်ပါ။ ကိုယ့်မှာ ကျောက်ကပ်ရောဂါရှိနေရင်တော့ မဖြစ်မနေ ကျောက်ကပ်ကုသမှု အထူးကုဆရာဝန်တွေနဲ့ တိုင်ပင်ဖို့လိုအပ်ပါတယ်။
ကာကွယ်ခြင်း ဟာ ကုသခြင်းထက် ပိုပြီးထိရောက်ပါတယ်။

ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ ကျန်းမာခြင်း၊ ကျောက်ကပ်၏ ကျန်းမာခြင်း နဲ့ ပြည့်စုံကြပါစေ လို့ ကျောက်ကပ်ဆရာဝန်တစ်ယောက်အနေနဲ့ ဆုတောင်းလိုက်ပါတယ်။

Credit to ယမင်းကိုကို

ဒေါက်တာ ကျော်သူရိန်လွင်
(ကျောက်ကပ် ဆရာဝန်)



Address

Naypyidaw

Website

Alerts

Be the first to know and let us send you an email when Thukha San သုခစံအထူးကုဆေးခန်းနှင့်ဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram