Unichem Myanmar

Unichem Myanmar Unichem Labs Ltd. is one of the most respected pharmaceutical companies delivering better health through superior products for over seven decades.

This page provides Unichem Myanmar's activities and health education tips for all.

19/08/2025

သင့်ရဲ့နေ့စဉ်ဘဝကို အနှောင့်အယှက်ပေးနေတဲ့ လက်တွေ ယားယံ၊ ခြောက်သွေ့၊ ကွဲအက်တဲ့ ပြဿနာတွေအတွက် စိတ်မပူပါနဲ့တော့နော်
အရေပြားအထူးကုဆရာဝန်ကြီး ပါမောက္ခမြတ်စန္ဒာကျော်က လက်နှင်းခူနဲ့ပတ်သက်ပြီး သိကိုသိထားသင့်တဲ့ အရေးကြီးဆုံးအချက်တွေကို Video ထဲမှာ အသေးစိတ်ရှင်းလင်းပြသပေးထားပါတယ်။

ဒီ Video ထဲမှာ ဘာတွေလေ့လာနိုင်မလဲ?

✨ ကိုယ့်လက်နှင်းခူက ဘာကြောင့်ဖြစ်တာလဲ? မျိုးရိုးကြောင့်လား၊ ထိတွေ့မှုကြောင့်လား?

🧐ကိုယ့်မှာဖြစ်နေတာ လက်နှင်းခူဟုတ်မဟုတ် သိနိုင်မယ့် အချက်များနဲ့ လက်အရေပြားကွာခြင်းအကြောင်း

🤔 လက်နှင်းခူမှာ အမျိုးအစားဘယ်လောက်ရှိလဲ? ကိုယ်က ဘယ်အမျိုးအစားထဲမှာပါလဲ?

⚕️ ဆရာဝန်နဲ့ပြသတဲ့အခါ ဘာတွေမေးဖို့လိုမလဲ? အထိရောက်ဆုံး ကုသနည်းတွေက ဘာတွေလဲ?

🚫 လူနာတွေအနေနဲ့ ဘယ်လိုအစားအစာ၊ အသုံးအဆောင်တွေကို ရှောင်ကြဉ်ရမလဲ?

🛡️လက်နှင်းခူ မဖြစ်အောင်နဲ့ ဖြစ်ပြီးသားသူတွေ မဆိုးလာအောင် ဘယ်လိုကာကွယ်မလဲ?

⚠️ လက်နှင်းခူနဲ့ မှားလေ့မှားထရှိတဲ့ တခြားအရေပြားရောဂါတွေအကြောင်း

ဒီအချက်အလက်တွေအားလုံးကို ကျွမ်းကျင်သူဆရာဝန်ကြီးကိုယ်တိုင် ရှင်းပြထားတာမို့ အတူတူလေ့လာပြီး သင့်လက်ကျန်းမာရေးကို ပြန်လည်ဂရုစိုက်လိုက်ကြရအောင်နော်။ 💪

eczema

-waka

27/06/2025

တစ်ယောက်တည်း မဟုတ်တာ သိစေချင် 💕

သင့်မှာ ဒါမှမဟုတ် သင့်ပတ်ဝန်းကျင်မှာ ခရုသင်း၊ သမင်ဖြူရောဂါနဲ့ ပတ်သက်ပြီး စိတ်ရှုပ်ထွေးနေတာ၊ မေးချင်တဲ့မေးခွန်းတွေ ရှိနေတာမျိုး ဖြစ်ဖူးပါသလား?

(၂၅.၆.၂၀၂၅) နေ့မှာကျရောက်တဲ့ World Vitiligo Day အထိမ်းအမှတ်အဖြစ် အရေပြားအထူးကုဆရာဝန်ကြီး ပါမောက္ခမြတ်စန္ဒာကျော်ရဲ့ အသိပညာမျှဝေမှု အပိုင်း (၂) မှာ...

✨ ကိုယ့်မှာဖြစ်နေတာ ခရုသင်းရောဂါ ဟုတ် မဟုတ် ဘယ်လိုသိနိုင်မလဲ?
💊 ဘယ်လိုကုထုံးတွေနဲ့ သက်သာအောင် လုပ်နိုင်မလဲ?
ဒီရောဂါနဲ့အတူ ဘယ်လို ယုံကြည်မှုရှိရှိ နေထိုင်မလဲ?
☀️ နေရောင်ခြည်က ရန်သူလား၊ မိတ်ဆွေလား?
😌 စိတ်ညစ်တိုင်း အကွက်တွေ ပိုဆိုးလာတယ်ဆိုတာ ဟုတ်သလား?
🧴🌿Skincare တွေ၊ သနပ်ခါးတွေကော လိမ်းလို့ရရဲ့လား?
❤️ နေ့စဉ်ဘဝမှာ ဘာတွေကို အဓိက ရှောင်ရ/ဆောင်ရမလဲ? ⚠️.. ဆိုတဲ့ မေးခွန်းတွေအားလုံးကို ဆရာမကြီးက ရှင်းရှင်းလင်းလင်း ဖြေကြားပေးထားပါတယ်။

အသိပညာမှန်ကန်ရင် ခရုသင်း၊ သမင်ဖြူရောဂါ ဟာ ကြောက်စရာမဟုတ်ပါဘူး။ ဒီ Video လေးကို အတူကြည့်ပြီး ခွန်အားတွေ ယူလိုက်ကြရအောင်နော်။ 💪



-waka

25/06/2025

"ခရုသင်း၊ သမင်ဖြူဆိုတာ ကူးစက်ရောဂါမဟုတ်ပါ" 💞

ဒီနေ့ကျရောက်တဲ့ World Vitiligo Day အထိမ်းအမှတ်အနေနဲ့ အရေပြားအထူးကုဆရာဝန်ကြီး ပါမောက္ခမြတ်စန္ဒာကျော်ရဲ့ အသိပညာမျှဝေမှု အပိုင်း (၁) ကို တူတူနားထောင်ကြည့်ကြရအောင်။
ရောဂါရှိသူတွေအတွက် မှန်ကန်တဲ့နေထိုင်မှုပုံစံတွေ၊ ပိုမဆိုးလာအောင် ရှောင်ကြဉ်ရမယ့်အချက်တွေနဲ့ အရေးကြီးတဲ့ ကျန်းမာရေးဗဟုသုတတွေကို မျှဝေပေးထားတာမို့ ကိုယ်တိုင်ရော၊ ကိုယ့်ပတ်ဝန်းကျင်က ချစ်ခင်ရသူတွေအတွက်ပါ တန်ဖိုးရှိတဲ့ အစီအစဉ်လေးတစ်ခု ဖြစ်မှာပါ။

မှန်ကန်တဲ့အသိပညာနဲ့ နားလည်မှုကို တည်ဆောက်ကြရအောင် ... 🥰



-waka

18/06/2025

Pride Month မှာ အထူးတင်ဆက်ပေးထားတဲ့ LGBTQ+ တို့အတွက် ဟော်မုန်းကျန်းမာရေးဆိုင်ရာ သိကောင်းစရာများ စကားဝိုင်းအစီအစဉ်

LGBTQ+ တွေအနေနဲ့ ကျား၊ မပြောင်းလဲခံယူခြင်းက မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်ပေမယ့်အများစုက ကျန်းမာရေး အသိပညာနည်းပါးမှုတွေ၊ ခွဲခြားဆက်ဆံခံရမှု စတဲ့ အခက်အခဲတွေ ရင်ဆိုင်ရနိုင်ပါတယ်။ ဒီအခက်အခဲတွေကြောင့် မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာတွေ မဖြစ်ရဘဲ ပွင့်လင်းတဲ့ ဆွေးနွေးမှုတွေ ဖြစ်လာစေဖို့ Z-waka နဲ့ Unichem Myanmar တို့ကနေ ပူးပေါင်းစီစဉ်တင်ဆက်တဲ့ LGBTQ+ ကျန်းမာရေးဆိုင်ရာ Panel Discussion အစီအစဉ်လေးပဲဖြစ်ပါတယ်။

ဟော်မုန်းရောဂါအထူးကုဆရာဝန်ကြီး ပါမောက္ခဦးကိုကိုဦးဆောင်တဲ့ ဟော်မုန်းကျွမ်းကျင်ဆရာ၊ ဆရာမကြီးများက Makeup Artist လင်းလင်း၊ အလင်္ကာမင်းညီ တို့နဲ့အတူ ကျား၊ မပြောင်းလဲမှုခရီးစဉ်ကနေ ကျန်းမာရေးစောင့်ရှောက်မှုအထိ အရေးကြီးတဲ့အကြောင်းအရာတွေကို ဆွေးနွေးပေးထားတာမို့ နားထောင်ကြည့်လိုက်ကြရအောင်။

ယနေ့ကျရောက်သော World Blood Donor Day ကို ဂုဏ်ပြုသောအားဖြင့် Unichem Labs., Ltd. (Myanmar) မှ အနယ်နယ်အရပ်ရပ်ရှိ ဆေးရုံကြီ...
14/06/2025

ယနေ့ကျရောက်သော World Blood Donor Day ကို ဂုဏ်ပြုသောအားဖြင့် Unichem Labs., Ltd. (Myanmar) မှ အနယ်နယ်အရပ်ရပ်ရှိ ဆေးရုံကြီးများတွင် သွေးလှူဒါန်းခြင်းနှင့် အလှူငွေ လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ပါသည်။

Unichem Myanmar မှ ငလျင်ဘေးဒဏ်သင့်ပြည်သူများ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၊ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုများန...
07/04/2025

Unichem Myanmar မှ ငလျင်ဘေးဒဏ်သင့်ပြည်သူများ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၊ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုများနှင့် လူထုကရုဏာလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ကို အောက်ပါအတိုင်း ပဏာမအနေဖြင့် ပါဝင်လှူဒါန်းကူညီခဲ့ပါသည်။

1. Unichem Myanmar မှ တန်ဖိုးငွေကျပ် ၇၅သိန်း
2. Unichem Myanmar ဝန်ထမ်းများမှ တန်ဖိုးငွေကျပ် ၃၀သိန်း ၂သောင်း
3. ကာလတန်ဖိုး စုစုပေါင်း ၉၈သိန်း ၂သောင်းရှိသော ဆေးဝါးများ
4. ကာလတန်ဖိုး စုစုပေါင်း ၂၅သိန်းရှိသော Portable Air Purifier အလုံး (၂၀)

Unichem Myanmar မှ ငလျင်ဘေးဒဏ်သင့်ပြည်သူများအားလုံး၏ အခက်အခဲများ အမြန်ဆုံးပြေလည်ငြိမ်းချမ်းနိုင်ကြစေရန် ညှိုးငယ်သောစိတ်ထားဖြင့် မေတ္တာပို့သဆုတောင်းလျက်ရှိပါသည်။ ။

14/06/2024

📣 Unichem Laboratories Ltd. (Myanmar) celebrates World Blood Donor Day with a Bang! 🩸

Today, on this special World Blood Donor Day, our incredible Unichem family came together to spread love and support across Myanmar! ❤️



Address

Naypyidaw

Alerts

Be the first to know and let us send you an email when Unichem Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Unichem Myanmar:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram