20/02/2026
စိတ် နဲ့ အပြုအမူ ချိတ်ဆက်ဖို့ ဒီနေရာလေးကလဲ တခုခု ပဲ လို့ ရင်ထဲ က ဆန္ဒ ပေါ်လာရင် လာခဲ့နော် ....
ဒီည 7:00 pm
Click https://us06web.zoom.us/j/6928215216?pwd=zHitjjP8SO6NXXNBFA49xzpMqWwm9l.1 to start or join a scheduled Zoom meeting.
https://www.facebook.com/share/p/1GjtiiMSBY/?mibextid=P5sS7T
ငယ်ရွယ်တဲ့ ကလေးငယ်လေးတွေဟာ သူတို့ရဲ့ စိတ်ခံစားချက်တွေကို နည်းလမ်းမျိုးစုံနဲ့ ဖော်ပြလေ့ ရှိပါတယ်။ ကလေးငယ်လေးတွေရဲ့ စိတ်ခံစားချက် ဖော်ပြမှုဟာ တခါတလေ လူကြီးမိဘတွေအတွက် နားလည်မှု လွဲမှားတာလေးတွေ ကြုံတွေ့ရတတ်ပါတယ်။ ကလေးငယ်လေးတွေရဲ့ စိတ်ကို သိရှိ နားလည်မှသာ ဖွံ့ဖြိုးတိုးတက်မှု stepတခုချင်းစီမှာ ပိုမိုကောင်းမွန်တဲ့ အထောက်အပံ့တွေ ပေးနိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် Understanding Little Mindsဆိုတဲ့ ခေါင်းစဉ်နဲ့ Pumpkin မှာ လက်ရှိ တက်ရောက်နေတဲ့ ကျောင်းသား/ကျောင်းသူများ၊ ကျောင်းသား/ကျောင်းသူဟောင်းများသာမက အခြား စိတ်ပါဝင်စားသူများ ပါဝင် တက်ရောက်နိုင်တဲ့ Webinar တစ်ခုကို စီစဉ်ထားပါတယ်။
Life Saving Hands Medical Team မှ Mental health practitioner and Therapist Dr. Mie Mie Han မှ ဆွေးနွေးပါဝင်ပေးသွားမှာ ဖြစ်တဲ့ အတွက်ကြောင့် စိတ်ပါဝင်စားပြီး တက်ရောက်လိုပါက page messenger မှာ register လုပ်၍ ပါဝင် တက်ရောက်နိုင်ပါသည်။
🗓 Date – 20.2.2026 (Friday)
⏰ Time – 7:00 PM
💻 Platform – Online (Zoom)