Pyace Sone Aung - Pharmacy

Pyace Sone Aung - Pharmacy Real moment

12/08/2024

"Always laugh when you can. It is cheap medicine"

lord Byron,19 Century English romantic Poet

30/07/2024

သုခတော်ဝင် အိမ်ရာ​ထဲ​ ဆေးပစ္စည်း

လိုအပ်​ပါက​မှာယူနိုင်ပါတယ် ခင်ဗျာ။

အိမ်ရောက်ပို့ ပေးပါတယ်။

စုံစမ်း​မှာယူရန် 09451011919
09795912747

A Chay A Nay
19/08/2023

A Chay A Nay

15/03/2023

၀က်ခြံရောဂါအတွက် ဆောင်/ရှောင်ရန် အနှစ်ချုပ်

🔹 နံနက်အိပ်ရာထ မျက်နှာသစ်လျှင် ဝက်ခြံကိုညှစ်ခြင်း၊ ကိုင်တွယ်ခြင်း မပြုလုပ်ရပါ။ ရောဂါပိုး ဝင်ရောက်သွားတတ်ပါသည်။ လက်သည်းရှည်ဖြင့် ကိုင်တွယ်မိပါက ပိုဆိုးတတ်ပါ၍ လက်သည်းကို တိုတိုညှပ်ထားလျှင် ပိုကောင်းပါသည်။

🔹 မျက်နှာကို အဆီပြန်ခြင်း သက်သာစေရန်နှင့် ရောဂါပိုးများ ကင်းစင်စေရန် မျက်နှာသစ်ဆပ်ပြာဖြင့် တစ်နေ့လျှင် သုံးကြိမ် မျက်နှာသစ် သန့်စင်ပေးပါ။

🔹 နံနက်ခင်း နေရောင်ခြည်တွင် တစ်နေ့ကို မိနစ် ၃၀ ခန့် လမ်းလျှောက်ခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်းတို့ကို လုပ်ပေးပါ။ နေ့လယ်ဘက် နေရောင်ခြည်ထဲသွားလျှင် ခရမ်းလွန်ရောင်ခြည်နှင့် ထိတွေ့မှုမှလျော့နည်းစေရန် ထီး၊ ဦးထုပ်စသည်တို့ကို ဆောင်ထားသင့်သည်။

🔹 ရေများများသောက်ခြင်း၊ သဘာဝသစ်သီးဖျော်ရည် (ဥပမာ - သံပရာရည်၊ လိမ္မော်ရည်၊ နာနတ်ရည်) များ တတ်နိုင်သရွေ့ သောက်ပေးပါ။

🔹 ထမင်းစားတိုင်း ဟင်းရွက်အစိမ်းတစ်မျိုးမျိုး စားဖြစ်အောင် ထည့်စားပါ။ မစားဖြစ်ပါက ကလိုရိုဖီးလ် ပါဝင်သော သဘာဝဆေးဝါး တစ်ခုခု ဥပမာ - ရွက်စုံအားဖြည့်ဆေး (𝗩𝗲𝗴𝗲𝗽𝗹𝗲𝘅)၊ ရေညှိစိမ်း (𝗖𝗵𝗹𝗼𝗿𝗲𝗹𝗹𝗮)၊ အယ်လ်ဖာဖာ (𝗔𝗹𝗳𝗮𝗹𝗳𝗮)၊ ဂျုံမြက်နု (𝗪𝗵𝗲𝗮𝘁𝗴𝗿𝗮𝘀𝘀) ကြိုက်ရာတစ်ခုခုကို နေ့စဉ် မှီဝဲနိုင်ပါသည်။

🔹 အဝါရောင်ရှိသော သစ်သီးသစ်ဥများ (ဥပမာ - သရက်သီး၊ ရွှေဖရုံသီး၊ ကန်စွန်းဥနီ၊ မုန်လာဥနီ) တွင် ဘီတာကယ်ရိုတင်း ကြွယ်ဝစွာပါသဖြင့် တစ်ပတ်လျှင် နှစ်ကြိမ်ခန့် အနည်းဆုံး စားပေးပါ။ အကယ်၌ မစားဖြစ်ပါက ကယ်ရိုတင်း (သို့) ကယ်ရိုတီနွိုက် ပါဝင်သော သဘာဝဆေးများ ဥပမာ - သဘာဝ-အေ (𝗡𝗮𝘁𝘂𝗿𝗲-𝗔) ကို မှီဝဲနိုင်ပါသည်။

🔹 အနီရောင်ရှိသောသစ်သီးများတွင် လိုက်ကိုပင်း ကြွယ်ဝစွာပါသဖြင့် တစ်ပတ်လျှင် နှစ်ကြိမ်ခန့် စားသင့်ပါသည်။ ဥပမာ-ခရမ်းချဉ်သီး၊ ဖရဲသီး၊ စတော်ဘယ်ရီ၊ ဘယ်ရီသီးများ၊ စပျစ်သီးအနီများ (သို့) လိုက်ကိုပင်းပါဝင်သော သဘာဝ ဖြည့်စွက်ဆေးဝါးများ မှီဝဲနိုင်ပါသည်။ ဥပမာ - ခရမ်းချဉ်သီးဆေး (𝗧𝗼𝗺𝗮𝘁𝗲𝗰)

🔹 သွပ်ဓာတ် များများပါဝင်သည့် အခွံမာအသီးများ၊ အစေ့အဆံများကိုလည်း အလျဉ်းသင့်သလို စားသင့်ပါသည်။

🔹 ခရိုမီယမ်ဓာတ် ကြွယ်ဝသည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူး စသည်တို့ကိုလည်း ဟင်းရံအဖြစ် မကြာမကြာ စားပေးသင့်သည်။

🔹 အိုင်အိုဒင်းဓာတ်ပါသော အစားအစာများဖြစ်သည့် ပင်လယ်စာ၊ ရေမှော်၊ ကျောက်ကျော စသည်တို့ကို ဝက်ခြံပေါက်နေစဉ် ရှောင်သင့်သည်။

🔹 အိမ်သုံးဆား အထူးသဖြင့် အိုင်အိုဒင်းဓာတ် ဖြည့်စွက်ထားသောဆားကို ဝက်ခြံပေါက်နေစဉ် မစားသင့်ဘဲ ပျောက်မှသာ ပြန်စားသင့်ပါသည်။

🔹 စားသုံးဆီကို တတ်နိုင်သလောက် လျှော့စားသင့်သည်။ အထူးသဖြင့် ပြည့်ဝဆီ များစွာပါဝင်သည့် စားအုန်းဆီနှင့် ဝက်သားကို အထူးရှောင်ကြဉ်သင့်သည်။

🔹 ငါးမျိုးစုံကို ကြိုက်သလောက် စားနိုင်သည်။ ငါးတွင်ပါဝင်သည့် အဆီသည် အိုမီဂါ-၃ ဖြစ်၍ ဝက်ခြံရောဂါ ပျောက်ကင်းရေးအတွက် အထောက်အကူပြုပါသည်။ အိုမီဂါ-၃ ပါဝင်သော ဖြည့်စွက်ဆေးဝါးများကိုလည်း မှီဝဲပေးနိုင်ပါသည်။

🔹 နွားနို့နှင့် နို့ထွက်ပစ္စည်းများဖြစ်သည့် ထောပတ်၊ မလိုင်၊ ဒိန်ခဲ စသည်တို့ကို ဝက်ခြံပေါက်နေစဉ် ရှောင်သင့်သည်။ ပျောက်လျှင် ပြန်စားနိုင်သည်။

🔹 အချိုဓာတ်များသော သရေစာများ၊ အချိုရည်များကို ရှောင်သင့်သည်။

🔹 ဆီးချိုရောဂါသည်များ ဝက်ခြံပေါက်လျှင် ပို၍ဆိုးဆိုးဝါးဝါး ဖြစ်တတ်သဖြင့် ဆီးချိုရောဂါကို သေသေချာချာ ကုသမှုခံယူသင့်သည်။ ဆီးချိုကိုမထိန်းနိုင်လျှင် ဝက်ခြံမပျောက်သည့်အပြင် ပို၍ဆိုးလာတတ်ပါသည်။

🔹 စိတ်ဖိစီးမှုကို တတ်နိုင်သလောက် လျှော့ရန်လိုသည်။ တရားထိုင်ခြင်းသည် များစွာအကျိုးရှိပါသည်။

🔹 ကော်ဖီ၊ လက်ဖက်ရည်စသည့် ကဖင်းဓာတ် များစွာပါသော အစားအသောက်များသည် ဝက်ခြံကို ပိုမိုဆိုးဝါးစေနိုင်သဖြင့် ရှောင်သင့်သည်။

🔹 နိုင်ငံခြား ဝက်ခြံပျောက်ဆေးများ (လိမ်းဆေး၊ သောက်ဆေးအားလုံး) ကို အသုံးပြုမည်ဆိုပါက တတ်ကျွမ်းနားလည်သော ဆရာဝန်နှင့် တိုင်ပင်ပြီးမှသာ အသုံးပြုရန်နှင့် ညွှန်ကြားချက်အတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်ရန် ဖြစ်သည်။ သဘာဝ ဆေးဖက်ဝင်အပင်များမှ စနစ်တကျ ထုတ်လုပ်ထားသော ဝက်ခြံပျောက်လိမ်းဆေးများကိုလည်း အသုံးပြုနိုင်သည်။

🔹 ပရိုဘိုင်အိုတစ် ကြွယ်ဝသည့် အစားအစာများ ပုံမှန်စားပေးသင့်သည်။ နို့ထွက်ပစ္စည်းများထဲတွင် ဒိန်ချဉ်ကို သောက်နိုင်သည်။ ပရိုဘိုင်အိုတစ် ဖြည့်စွက်ဆေးဝါးများ မှီံဝဲလျှင် ပိုကောင်း၏။ ဥပမာ - ဘိုင်အိုဗြူးတီး (𝗕𝗶𝗼𝗕𝗲𝗮𝘂𝘁𝘆)၊ ဒိန်ချဉ်ဆေး (𝗕𝗶𝗼𝗴𝘂𝗿𝘁)

🔹 ဖိုင်တိုအီစတိုဂျင် ကြွယ်ဝသော အစားအစာများဖြစ်သည့် ပဲပိစပ်၊ ပဲနို့ရည်၊ နှမ်းနှင့်လုပ်သောမုန့်များ စားပေးသင့်သည်။ သို့မဟုတ် ဖိုင်တိုအီစထရိုဂျင် ကြွယ်ဝသည့် သဘာဝ ဖြည့်စွက်ဆေးဝါးများ မှီဝဲနိုင်သည်။ ဥပမာ - ပဲပိစပ်ဆေး (𝗦𝗼𝘆𝗮𝗺𝗶𝗻)၊ လှပျိုဖြူဆေး (𝗟𝗮𝗱𝘆𝗺𝗮𝘅)၊ ဒေါင်းကွေးဆေး (𝗥𝗲𝗷𝘂𝘃𝗶𝗿)

အထက်ဖော်ပြပါ အချက်များသည် ဝက်ခြံရောဂါ ကာကွယ်ရေးအတွက်ရော ကုသရေးအတွက်ပါ အရေးပါသောအချက် ဖြစ်ပါ၍ လိုက်နာကျင့်သုံးခြင်းဖြင့် ဝက်ခြံရောဂါမှ ကင်းဝေးစေရန် ဆန္ဒပြုအပ်ပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)

ကိုးကားချက် - "ဝက်ခြံရောဂါ" စာအုပ်၊ နိဂုံးချုပ်မှ ထုတ်နုတ်ဖော်ပြသည်။

Address

Naypyidaw

Telephone

+959451011919

Website

Alerts

Be the first to know and let us send you an email when Pyace Sone Aung - Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Pyace Sone Aung - Pharmacy:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram