Shwe Yati Phamacy & clinic

Shwe Yati Phamacy & clinic For the patients

မစားသင်.သော အစာ/ဆေး စားမိသောအခါအဆိပ်ပြယ်အောင် ပြုလုပ်နည်းအဆိပ်ဖြေဆေးအဆိပ်ဖြေဆေး ဆိုတာ မစားသင့်တဲ့ အစာကို စားမိတဲ့ အခါ အန...
03/06/2020

မစားသင်.သော အစာ/ဆေး စားမိသောအခါ
အဆိပ်ပြယ်အောင် ပြုလုပ်နည်း

အဆိပ်ဖြေဆေး

အဆိပ်ဖြေဆေး ဆိုတာ မစားသင့်တဲ့ အစာကို စားမိတဲ့ အခါ အန်အောင် လုပ်ခြင်း၊ဓာတ်ပြယ်အောင်လုပ်ခြင်း၊ ထိုးဆေးအဆိပ်လွန်ပါက ချက်ချင်း ဖြေဆေး ထိုးသွင်းခြင်း စသည့် အဆိပ်ပြယ်ဆေးများကို ဆိုလိုပါတယ်။ တိရစ္ဆာန်၊ မြွေနဲ့ အင်းဆက်များရဲ့ အဆိပ်မဟုတ်ကြောင်း ကြိုတင်ဆိုထားပါရစေ။

ဆေးအဆိပ်ဖြစ်ခြင်း

ဆေးအဆိပ် ဖြစ်ခြင်းမှာ ဆေးပေးလွန်ခြင်း၊ မှားယွင်းခြင်းကြောင့် ဖြစ်ပါတယ်။ ဥပမာ-အစာအိမ်ရောဂါ ရှိမှန်း မသိဘဲ၊ အကိုက်အခဲပျောက်ဆေး အစားလွန်ကာ ဗိုက်အောင့်ခြင်း၊ သွေးစထွက်ခြင်း၊ အက်စစ် အချဉ်ရည်ပါခြင်း၊ ဆိုးရွားလာပါက ဝမ်းတွင်း သွေးပါခြင်း၊ သွေးအန်ခြင်းတို့ ဖြစ်နိုင်တယ်။ အဲဒီအခါ ထိရောက်တဲ့ စားဆေး ဥပမာ အစာအိမ်ဆေး၊ အန်ဆေးများ ပေးသင့်တယ်။ အများအားဖြင့် အစာပိုက်မှ ဆားရည်ထည့်ဆေးခြင်း၊ မုန်ညင်းစေ့အဆီ၊ ပိုတက်စီယမ် ပါမင်ဂနိတ် အရည်၊ ဓာတ်ဆားရည်တို့ ထည့်ခြင်းဖြင့် ကုသ နိုင်တယ်။

အစာအိမ်ဆေးကြောခြင်း

အစာအိမ် ဆေးကြောတာ နှစ်ကြိမ်ရှိရင် စင်ကြယ်သွားပြီ ဖြစ်လို့ ပုံမှန် အရည် သောက်ပေးနိုင်ပါပြီ။ ဗိုက်အောင့်သေးပါက အစာအိမ်နံရံများ သွေးကြောထိခိုက်ခြင်း ရှိ၊ မရှိ စစ်ဆေး သင့်တယ်။ အစာအိမ်လမ်းကြောင်းရှိ မှန်ပြောင်းဖြင့် ကြည့်ပြီး ပိုးကြောင့်ဖြစ်သော အနာဖြစ်ပါက အိပ်ချ်ပိုလိုရီ စားဆေး၊ အမောက်စလင် ၅ဝဝ မီလီဂရမ်၊ မက်ထရို၊ ရီနယ်ဘီဒင်၊ ဘစ်တယ်အောက်ဆိုဒ် သို့မဟုတ် အင်တာဆစ်ဖလပ်လေးမျိုး သုံးကြိမ် တစ်ပတ်ပေးပြီး ပြန်စစ်ဆေးသင့်တယ်။ ဘီယာသောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း ဖြတ်ရပါမယ်။ ဝမ်းတွင်းသို့ သောက်ဆေး မဟုတ်တဲ့ ဆေးများကြောင့် အစာအိမ်နှင့် အူလမ်းကြောင်းမှာ အရေးပေါ် ကုသမှုရရှိဖို့ ဆေးရုံတက်နေရတဲ့လူနာများပြားလှပါတယ်။ သေကြောင်းကြံလိုတဲ့ ရည်ရွယ်ချက်နဲ့ သောက်သူများ အဖို့ အသက်ရှင်စဉ် မသိရဘဲ သွေးကြော ပေါက်ပြဲပြီး အသက် မရှိတော့မှ တွေ့ရတတ်သလို အချို့ သွေးထွက် လွန်ပြီး သေဆုံးရတာမျိုး တွေ့ရပါတယ်။

အဆိပ်ဖြေဆေး

အဆိပ်ဖြေဆေးမှာ နယ်လိုဆုမ်း (Naloxone) အင်တီဒုတ် အကြောင်း မပါမဖြစ် ပါရမယ်။ အများအားဖြင့် မူးယစ်ဆေးစွဲသူများဟာ ကိုယ် သောက်သုံးသင့်တဲ့ ပမာဏထက် ပိုမို သောက်သုံးတတ်လို့ ရှော့ခ်ဖြစ်လို့ ဆေးရုံ၊ ဆေးခန်း ရောက်လာတတ်တယ်။ သူ့ရဲ့အကြောင်းသိသူတွေပါလို့ မူးယစ်ဆေးဝါး အသုံးများလျှင် နယ်လိုဆုမ်း အကြောထဲ ထည့်ပေးရင် အချိန်မီပြန်ကောင်း သွားတယ်။

အချို့ပါးစပ်ကနေ ဆားရေအတင်းတိုက်တာ၊ ဂလူးကို့စ် ထိုးပေးတာတို့က အတော်အသင့် ဆေးများတဲ့ ဆေးသမားတွေ ဖြေရှင်းနေကျ ဖြစ်တယ်။ အချို့ဆေးရောလို့ ဓာတ်မတည့်ဘဲ ပင်နယ်စလင်၊ ဘားပလက် မတည့်ဘဲ ရောက်လာတတ်တယ်။ ဘာမီတွန်၊ အထရိုပိန်း၊ ဆူလူကော့ ထိုးဆေးများ၊ ဒရစ်ချိုငန် စသဖြင့် လူနာရဲ့အခြေအနေကို ကြည့်ပြီး ကုသသွားရတာမျိုးလည်း ရှိပါတယ်။ ။

Ref: ဒေါက်တာ လွင်သန့် (ဆေး-၂) မြဝတီ
Myo MinThu

Address

Naypyidaw

Telephone

+9595333656

Website

Alerts

Be the first to know and let us send you an email when Shwe Yati Phamacy & clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Shwe Yati Phamacy & clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram