JOY Best Medical Services for all

29/07/2025

မူဆယ် မှာ ဖွင့်လှစ်လိုက်ပါပြီ

ကျန်းမာရေးသတင်းကောင်းအတွက်

JOY-Muse ပါ 🥰🥰🥰

06/06/2025

မိုးတွင်းကာလ အလည်လာတတ်တဲ့ အထူးဧည့်သည်တော်များ

ငှက်ဖျားအတွက် ပြင်ဆင်ရင်း

ရောဂါရှာဖွေရေးဓါတ်ခွဲခန်း
#မူဆယ်
#မူဆယ်မြို့

20/10/2023

Joy ဓါတ်ခွဲခန်း

03/04/2023
သင့်ကျန်းမာရေးအတွက် လောက်ကိုင်မြို့Joy Advanced Medical Laboratory အဆင့်မြင့် ရောဂါရှာဖွေရေး ဓါတ်ခွဲခန်း မှာ စစ်ဆေးတဲ့ရလ...
02/04/2023

သင့်ကျန်းမာရေးအတွက် လောက်ကိုင်မြို့Joy Advanced Medical Laboratory အဆင့်မြင့် ရောဂါရှာဖွေရေး ဓါတ်ခွဲခန်း မှာ စစ်ဆေးတဲ့ရလဒ်အဖြေတွေတိကျရတဲ့ အကြောင်းအရင်းတွေထဲမှာ ခေတ်မီ Analyzer စက်ပစ္စည်းတွေနဲ့ Stability အရမ်းကောင်းမွန်တဲ့ Reagent တွေကြောင့်ဖြစ်ပါတယ်။

Japan နိုင်ငံထုတ် Sysmex အမှတ်တံဆိပ် Spain (Barcelonaနိုင်ငံထုတ်) A15 Biosystem Analyzer တွေက Fully Automated ဖြစ်တဲ့အတွက် Human error နဲ့ Interperator Variation ခေါ် တစ်ဦးနဲ့တစ်ဦးကြား လုပ်ဆောင်မှုကွဲလွဲနိုင်တာတွေကို လျော့ချပေးပါတယ်။

လောက်ကိုင်မြို့မှာတခုတည်းသော International External Quality Assessment program လုပ်ဆောင်နေသော Lab ဖြစ်ပါတယ်။
Quality Control, Calibratition နှင့် Maintenance (ပြုပြင်ထိန်းသိမ်းမှုများ) ကိုလဲ စံသတ်မှတ်ချက်တွေအတိုင်း တသွေမတိမ်း လုပ်ဆောင်နေတဲ့အတွက် အဖြေတိကျမှန်ကန်မှုတွေအတွက် စိတ်ချ ယုံကြည်ရတာဖြစ်ပါတယ်

ရလဒ်အဖြေတွေက တိကျတဲ့အတွက် ရွှေလောက်ကိုင်ရဲ့ မိဘပြည်သူများအနေနဲ့ Joy Lab မှာ ယုံကြည်စိတ်ချစွာလာရောက် ကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။

ဖုန်း- 09668670407/ 09675240697/ 09755743406
အမှတ်2/1024 ဗမာတန်းအနောက်စာတိုက်လမ်း(သို့)ပရိဘောဂအရောင်းလမ်းမကြီး(မင်အန်းလမ်း)/ ရွှေစင်ကွမ်းယာဆိုင်(ညာချိုး)
လောင်တူချန်လမ်းမပေါ်(ဘယ်ဘက် 2 အိမ်ကျော်)
လောက်ကိုင်မြို့

04/03/2023
04/03/2023

ကိုယ်ခံအားကောင်းချင်ရင် ဒါတွေစားပါ
Ensure contains 12 nutrients which help to support for immunity
Ensure Gold contains protein, Vitamin A, B6, B12, C, D, E, Folate and selenium, copper, zinc, and iron, that help support the normal function of the immune system.



16/10/2022

ဆရာ Urgent [အရေးကြီး] case မို့ပါ

အွမ်! ခုနကပဲ Urgent တစ်ယောက်။

ကြည့်လက်စ သွေးဖလင်လေး ခဏထား မိုက်ခရိုစကုပ်ကနေ ခွာ။ အဖြေကို analyse လုပ။် လက်မှတ်ထိုး။ ထွက်ပြီပေါ့ အဖြေ......။

ဝူး..... ခုနက ကြည့်နေတာ ဘယ်ရောက်သွားလဲ မသိ။ count လုပ်ထားတဲ့ ဟာလေး အစကနေ ပြန်စပေါ့။

လူနာက ငှက်ဖျားပိုး P falciparum တွေနဲ့ သွေးအားနည်း သွေးဥမွှားနည်း စုံနေတာပဲ။ ကျွန်တော်တို့ ပြောနေဲဆို အရမ်းလှတဲ့ slide လေး [လူနာကတော့ တော်တော် ဆိုးနေပြီထင့်]

စိတ်ဝင်တစား ကြည့်နေလိုက်တာ ....

ဆရာ Urine REME လေး Urgent မို့

ငင့် ဆီးစစ်တာ Urgent ။ အင်းပေါ့ Diabetic Ketoacidosis ဆို urine ketone အရေးတကြီး လိုချင်မှာပါ့

ဆရာ ESR လေး urgent ....

ဂါးး...... ဒါတော့ နည်းနည်းများနေပြီ။

ESR ဆိုတာ သွေးအနည်ထိုင်နှုန်း Erothrocyte sedimentation rate ကို တိုင်းတာပေါ့။ Method [2] မျိုးရှိတာပေါ့။ Westergren နဲ့ Wintrobe လေ။ ကျွန်တော်တို့ အသုံးများတာ Westergren Method။ အရင် Westergren Tube တွေက အချိန် [၁] နာရီ ပြည့်အောင် စောင့်ရပါ၏။ နာရီဝက်တိုင်း ၂ နဲ့ လည်းမြှောက်လို့မရပါ။ စောင့်ပေတော့ ၁ နာရီ။ Modifined tube တွေ ထွင်လာကြ၏။ ဒါတောင် ၁၅ မိနစ် စောင့်ရပါသေး၏။ ဒါဆို မေးစရာ ရှိလာပြီ။ Urgent ဟုတ်နိုင်ပါတော့မလားကွယ်တို့.........။

Electrolyte တွေကတော့ ပြဿနာမရှိ။ ဖောက်ပြီး နာရီဝက်အတွင်း စစ်ပေတော့။ မဟုတ်ရင် Potassium က ပြသနာ ပေးပြီလေ။ မစစ်နိုင်သေးရင် serum နဲ့ cells ခွဲပြီး serum သွေးရည်ကြည်ကို အအေးခန်းထဲ သိမ်းထားပေရော့ ။

ကြည့်လက်စ slide လည်း မကြည့်နိုင်တော့။ urgent ကိစ္စ ခေါင်းထဲ တွေးမိလာ၏။

ဥပမာ သွေးရည်ကြည်ထဲက ယူရီးယား ပမာဏ [Serum urea] ဖောက်စစ်မယ် ဆိုပါတော့။ ရောက်လာပြီ သွေးပုလင်းလေး ဓာတ်ခွဲခန်းကို ...

Register လုပ်မယ် ၁ မိနစ်
Identification စစ်မယ် ၃၀ စက္ကန့်
သွေးရည်ကြည်ထွက်အောင် လှည့်မယ် ၅-၁၀ မိနစ်
စက်ထဲထည့်မယ် analyse လုပ် စစ်ပြီ ကြာချိန် ၅ မိနစ်
[ဒါ fully automated analyzer အတွက်နော်။ semi auto တွေဆို အပူပေးချိန် Intubation period အတွက် အချိန် ပိုပေးရမယ်]
ရလာပြီ အဖြေ Report ရိုက်မယ် ၅ မိနစ်
ရောဂါဗေဒ ဆရာဝန်က အဖြေ မကြိုက်လို့ သို့မဟုတ် QC မဝင်တာ Error ဝင်လို့ ရှင်းရမှာ ဓာတ်အား Electric current မမှန်တာကို ရှင်းရမှာ စက်အပူချိန် ငြိမ်အောင် stable ဖြစ်အောင် စောင့်ရမှာတွေ ထည့်မတွက်သေးဘူး

အစောဆုံး ၁၅ မိနစ် ၂၀ မိနစ်ကြား ထွက်ပါပြီ အဖြေ.. ရော့ ... ယူလို့ရပြီလား

မရသေးဘူး ဆရာ...

တောင်းထားတဲ့ စာရွက်မှာ ရေးထားတဲ့ လူနာ့ မှတ်တမ်း တောင်းတဲ့ စစ်ဆေးချက် တောင့်တဲ့ ဆရာဝန် မှန်လား ပြန်စစ် ၁ မိနစ်

ကဲ.... ကငြိမ်းမောင်တို့ ရပါပြီ အဖြေ လာယူကြပါ

ဝူး..... မောသဗျ

ဒါတောင် ဥပမာက Test တစ်ခုပဲ ပေးထားတာ Lab မှာက test အမျိုးအမည်ပေါင်း မြောက်မြားစွာ run နေရတာလေ။ ဒီကြားထဲ Urgent ဆို first priority လေး ထားရတာပါ့။ ဒါတောင့် ရှေ့မှာ urgent cases များရှိနေရင် စောင့်ပေတော့ ကိုယ့်အလှည့်ကို။ စောင့်နိုင်လားကွဲ့။

စောင့်နိုင်ဘူးလေ။ ကိုယ့်လက်က လက်ချောင်းလေးတွေတောင် အတိုအရှည် မညီတာ။ လူအမျိုးမျိုး စိတ်အထွေထွေ ဆိုတဲ့ စကား အလကား ထားတာမှ မဟုတ်တာနော့။

လာပြီ။ Complaint တွေ တပြုံ တခေါင်းကြီး

Lab က အဖြေ အချိန်မှီ မရလို့တဲ့

ရှင်းစမ်း အဲ့မှာ ပျော်ပျော်ကြီး..... ဝါသနာပါရင် က လို့လည်း ရတယ်လေနော့... အဟဲ

Conflict ဆိုတာ ဒါပါပဲ....

ကျုပ်လား

စိတ်မကုန်တဲ့ အထိတော့ လုပ်နေဦးမှာပဲ

QC တော့ လာမထိကြနဲ့ဗျာနော့
Credit:

Photo- Original up loader.

11/10/2022

သားဥအိမ် ရေအိတ်တည်ကြောင်းသိနိုင်မယ့် အချက်များ
~~~~~~~~~~~~~~~~~~

သားဥအိမ်မှာ ရေအိတ်နဲ့ အသားလုံးတည်ခြင်းဟာ အရွယ်ရောက်ပြီးအမျိုးသမီး ပျိုပျိုအိုအိုမရွေး ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ အများအားဖြင့် သားဥအိမ်မှာ ရေအိတ်တည်တဲ့အခါ နာကျင်မှုမရှိဘဲ အချိန်တော်တော်ကြာမှသိရတဲ့အတွက် မလိုအပ်ဘဲခွဲစိတ်မှုပြုလုပ်ပြီး ဖယ်ရှားရတတ်ပါတယ်။ အရွယ်အစားသေးတဲ့အချိန်မှာ သိခဲ့မယ်ဆို ခွဲစိတ်စရာမလိုဘဲ ဆေးထိုး၊ ဆေးသောက်ပြုလုပ်ပြီးပျောက်ကင်းနိုင်တာလည်းရှိပါတယ်။

သားဥအိမ်မှာ ရေအိတ်နဲ့ အသားလုံးတည်တဲ့အခါ

- မျက်နှာတွင် ဝက်ခြံများထွက်လာခြင်း

- မလိုလားအပ်သော အမွှေးအမျှင်များ ပိုပေါက်လာခြင်း

- ဆံပင်ကျွတ်ခြင်း

- ရက်ရှည်ရာသီလာခြင်း

- တင်ပဆုံတွင်း နာကျင်ခြင်း

- ပင်ပန်းနွမ်းနယ်ခြင်း

အထက်ဖော်ပြပါ လက္ခဏာတွေခံစားနေရပြီဆိုရင်တော့ နီးစပ်ရာဆရာဝန်နဲ့ပြသပြီး ကျန်းမာရေးစစ်ဆေးမှုအမြန်ဆုံး ခံယူဖို့ လိုအပ်ပါတယ်။

𝗖𝘂𝘀𝘁𝗼𝗺𝗲𝗿 𝗦𝗲𝗿𝘃𝗶𝗰𝗲
(𝟬𝟵) 𝟰𝟮𝟭 𝟬𝟬𝟳 𝟬𝟬𝟱 / (𝟬𝟵) 𝟳𝟴𝟰 𝟲𝟬𝟲 𝟬𝟲𝟬

𝗢𝗻𝗗𝗼𝗰𝘁𝗼𝗿 𝗔𝗽𝗽 ကို ဒေါင်းလုဒ်ပြုလုပ်ရန်
𝗗𝗼𝘄𝗻𝗹𝗼𝗮𝗱 𝗟𝗶𝗻𝗸 - https://onelink.to/ondoctorapp



11/10/2022

“စိတ်အကြောင်း”

▪️လူတစ်ယောက်ရဲ့ စိတ်ကို လွှမ်းမိုးနေတဲ့အရာ ၄ ခု ရှိတယ်လို့ ထင်တယ်။ အဲဒါတွေကတော့ -

• ၁။ ပင်ကိုယ်ဗီဇစိတ်
• ၂။ ငယ်ဘ၀ အတွေ့အကြုံ
• ၃။ လက်ရှိအခြေအနေ
• ၄။ စိတ်ကို သိရှိကိုင်တွယ်နိုင်စွမ်း တို့ ဖြစ်ပါတယ်။

▪️တစ်ချက်ချင်းစီ ရှင်းပါရစေ။

📌၁။ ပင်ကိုယ်ဗီဇစိတ်

ဗုဒ္ဓဘာသာဝင်တွေကတော့ သံသရာကို ယုံကြတယ်။ ဒီအခါ ရှေ့ရှေ့ဘဝတွေက ဗီဇစိတ်တွေဟာ ဒီဘဝထိပါ ပါလာတယ် ဆိုတာမျိုး လက်ခံထားကြတယ်။ တချို့က ပင်ကိုယ်ကတည်းက ဒေါသနည်းတယ်။ တချို့ကျ စိတ်ကြီးတယ်။ တချို့ကျ သူများနဲ့ မျှဝေလိုစိတ်၊ ကူညီလိုစိတ် ရှိတယ်။ တချို့ကျ တဏှာရာဂ များတယ် စသဖြင့်ပေါ့။

📌၂။ ငယ်ဘ၀ အတွေ့အကြုံ

မိဘအုပ်ထိန်းမှုက အဓိက ဆိုပေမဲ့ သူတစ်ခုတည်းတော့ မဟုတ်ဘူး။ ကလေးဘဝက သူ ဘယ်လိုတွေ တွေ့ကြုံခံစားခဲ့ရသလဲပေါ့။ တချို့က ကလေးဘဝကတည်းက မိဘ၊ အုပ်ထိန်းသူ၊ သို့မဟုတ် Caregiver ရဲ့ အချစ်၊ အာရုံစိုက်မှုကို သူများနဲ့ လုပြီး ယူခဲ့ရတယ်။ ဒီလိုကလေးမျိုးကျ မနာလိုစိတ် ပိုကြီးတယ်။ သူများနဲ့ ပိုနှိုင်းယှဉ်တယ်။

တချို့က အချစ်ခံလိုတယ်။ အသိအမှတ်ပြုခံလိုတယ်။ တချို့ကတော့ ငယ်ဘ၀ ကြမ်းတမ်းခဲ့တာမို့ ဘဝပေး သင်ခန်းစာအရ ဘယ်သူ့ကိုမှ မယုံဘူး။ မေတ္တာတွေ၊ အကြင်နာတွေထက် ကိုယ်တစ်ယောက် အဆင်ပြေဖို့သာ အဓိက ဆိုတာမျိုး တွေးတယ်။

ရည်းစားကို အလွန်အကျွံ သဝန်တိုတယ်။ တခြားယောက်ျားလေးနဲ့ စကားပြောနေတာ တွေ့ရင်ကို ရိုက်နှက်တာတွေ လုပ်တယ်။ Violence လုပ်တာပေါ့။ မချစ်လို့လားဆိုတော့ မဟုတ်ဘူး။ တအားချစ်လို့။ သူ ငယ်ငယ်က မိဘတွေက စွန့်ပစ်သွားတော့ အဲ့လို သူချစ်တဲ့လူက ထပ်စွန့်ပစ်သွားမှာကို မခံနိုင်ဘူး။ ဒီတော့ Violence လုပ်တယ်။

ကလေးဘဝက အိမ်တွင်းအကြမ်းဖက်မှု ကြုံခဲ့ရတဲ့သူဟာ ကိုယ်တိုင်အသက်ကြီးလာတဲ့အခါမှာလည်း Abuser တစ်ယောက် ဖြစ်လာတတ်တယ်လို့ ဆိုကြတယ်။

Split personality ဆိုတာ ရှိသေးတယ်။ အလွယ်ပြောရရင် လူတစ်ကိုယ် စိတ်နှစ်မျိုး။ (၂ မျိုးထက်လည်း ပိုနိုင်သေးတယ်။) ဥပမာ ငယ်ငယ်က မိဘကဖြစ်ဖြစ် တအားရိုက်တယ်။ ကျောင်းမှာ အနိုင်ကျင့်ခံရတယ်။ ဒါတွေကို သည်းခံလွန်းမက သည်းခံနေရတယ်၊ ဘာမှလည်း ပြန်မလုပ်နိုင်တဲ့အခါ သူ့ကိုယ်သူပဲ နောက်ထပ်လူတစ်ယောက်အဖြစ် မွေးဖွားလိုက်တယ်။ အဲဒီလူပုံစံမှာကျ အင်မတန် သတ္တိရှိတယ်။ တိုက်ရဲခိုက်ရဲတယ်။ ကြမ်းတမ်းတယ်။ ခက်ထန်တယ်။ တကယ်ကတော့ သူပဲ။ သူတစ်ယောက်တည်းမှာကို ပုံစံက ၂ မျိုး ဖြစ်သွားတာ။ အဲဒီပြဿနာကို ကြုံတွေ့ရတဲ့ လူတွေရဲ့ ၉၀ % လောက်မှာ ဆိုးရွားတဲ့ ငယ်ဘ၀ ရှိနေတာကို တွေ့ရတယ်။

📌၃။ လက်ရှိအခြေအနေ

စိတ်ဆိုတာက ပြင်ပက အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့ စတဲ့ အာရုံတွေပေါ် မူတည်ပြီး ဖြစ်ပေါ်လာတာမို့လို့ ကိုယ်လက်ရှိ ရှင်သန်နေတဲ့ အခြေအနေ၊ ပတ်ဝန်းကျင်ကလည်း စိတ်ကို သက်ရောက်မှု ရှိပါတယ်။ လောကဓံတရားမှာ ကောင်းတာတွေနဲ့ ကြုံနေချိန်တော့ လူက ပျော်နေမယ်။ အကောင်းမြင်လွယ်တယ်။ မုဒိတာ ပွားနိုင်တယ်။ ယေဘုယျအားဖြင့်ပေါ့။ အဆိုးလောကဓံတွေနဲ့ ကြုံရရင်တော့ အပြစ်မြင်လွယ်တယ်။ အဆိုးမြင်လွယ်တယ်။ ဒေါသပိုထွက်တတ်တယ်။ ဒါကြောင့် လက်ရှိရင်ဆိုင်နေရတဲ့ အခြေအနေကလည်း စိတ်အပေါ်မှာ သက်ရောက်မှု ရှိပါတယ်။

📌၄။ စိတ်ခံစားချက်တွေကို သိရှိကိုင်တွယ်နိုင်စွမ်း

ပြောရရင် ရှေ့ ၃ ချက်က ကိုယ့်အနေနဲ့ များများစားစား မတတ်နိုင်ဘူး။ စိတ်နဲ့ ပတ်သက်လို့ ကိုယ်လုပ်နိုင်တာ ဒီနောက်ဆုံးတစ်ခုပဲ။

စကားလုံးတစ်လုံးတည်းပြော ဆို EQ ပါပဲ။ သူ့မှာ ၂ ပိုင်းပါတယ်။ သိတာနဲ့ အဲဒါကို စီမံတာနဲ့။

ကိုယ့်ရဲ့ ပင်ကိုယ်စိတ်က ဘယ်လိုရှိတယ်၊ ငယ်ဘဝမှာ ဘာတွေ ဖြစ်ခဲ့တယ်၊ ဘယ်လိုစိတ်ဒဏ်ရာတွေ ရှိတယ်၊ ခုလက်ရှိမှာရော ဘယ်လိုတွေ ခံစားနေရတယ် စသဖြင့် သိဖို့ လိုတယ်။ ဝိပဿနာ အားထုတ်တဲ့အခါ နည်းတစ်ခုဖြစ်တဲ့ စိတ္တာနုပဿနာ ဆိုတာ အဲဒါပါပဲ။ ကိုယ့်စိတ်တွေကို ပြန်ဆန်းစစ်တာ၊ အဖြေရှာတာပေါ့။

ပြီးရင် အဲဒီခံစားချက်တွေကို စီမံရမယ်။ စီမံတယ်ဆိုတာ ထိန်းချုပ်တာ၊ ဖိနှိပ်တာကို ပြောတာ မဟုတ်ဘူး။ ဒါကြောင့်လည်း Emotional control, Emotional suppression စတာတွေထက် Emotional regulation ဆိုတဲ့ စကားလုံးကို ပိုသဘောကျတယ်။

စိတ်ဆိုတာ အတင်းကြီး ထိန်းချုပ်ဖိနှိပ်ထားရင် လွတ်ထွက်သွားတဲ့အခါ ပိုဆိုးတတ်တယ်။ ဒါကြောင့် သူ့ကို စီမံခန့်ခွဲတာက ပိုကောင်းတယ်။

ဥပမာ ဒေါသစိတ်တော့ ရှိတယ်၊ ကိုယ်ထိလက်ရောက် တစ်ခုခု ပြန်လုပ်ချင်တယ်၊ ခွန်းတုံ့ပြန်ချင်တယ်။ ဒါပေမဲ့ စိတ်ကို ဖိနှိပ်ထားရတယ်။ အဲ့အခါ ကလေးဘဝမှာဆို ခုနကလို Split personality ထိ ဖြစ်လာတတ်တယ်။ လူကြီးဘဝမှာဆိုလည်း စိတ်ဓါတ်ကျတာတွေ ဖြစ်လာနိုင်တယ်။ အပြင်ကိုသာ မထုတ်လိုက်ရတာ၊ ရင်ထဲမှာ ဒီမီးက တ​ငွေ့​ငွေ့နဲ့ လောင်နေသေးတာကိုး။ အဲဒီအစား တစ်ယောက်ယောက်ကို ရင်ဖွင့်ပြောလိုက်တာမျိုး၊ လူမရှိတဲ့ နေရာမှာ သွားအော်ဟစ်လိုက်တာမျိုးက ပိုကောင်းတယ်ပေါ့။

အဲ့လို စီမံခန့်ခွဲတဲ့ နေရာမှာတော့ တစ်ယောက်နဲ့ တစ်ယောက် နည်းတွေ တူကြမှာ မဟုတ်ဘူး။ ကိုယ့်မှာ ဖြစ်နေတဲ့ စိတ်ပေါ်မှာလည်း မူတည်သေးတာကိုး။

ယေဘုယျသဘော ပြောရရင်တော့ -

• ကိုယ်လက်လေ့ကျင့်ခန်း လုပ်ခြင်း
• ရသစာပေ ဖတ်ရှုခြင်း
• ပညာရပ်တစ်ခုခုကို လေ့လာခြင်း
• သစ်ပင်စိုက်ခြင်း
• ပန်းချီ၊ ဂီတ၊ အနုပညာတစ်ခုခုကို လေ့လာခြင်း၊ ဖန်တီးခြင်း
• စိတ်ချင်း နီးစပ်သူများနဲ့ အချိန်ဖြုန်းခြင်း
• တရားထိုင်ခြင်း
• ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို ချရေးခြင်း (Journaling)

ဒါတွေကတော့ ကိုယ့်ရဲ့ စိတ်ကို အတိုင်းအတာတစ်ခုထိ အဆင်ပြေစေမဲ့ နည်းတချို့ ဖြစ်ပါတယ်။ လိုအပ်ရင်လည်း ပညာရှင်အကူအညီ ယူရတာမျိုး ရှိပါလိမ့်မယ်။ ဒါကိုလည်း မရှက်မကြောက်ကြစေချင်ဘူး။

▪️စိတ်တွေကို ပိုနားလည်လာတဲ့အခါ လူတွေကို အပြစ်မြင်တာ နည်းလာတယ်။ ပြစ်မှုကျူးလွန်ထားတဲ့ တရားခံတွေကအစ သူတို့လုပ်ရပ်ရဲ့ နောက်ကွယ်မှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိနေတာကို တွေ့ရတယ်။ လူမှုအသိုင်းအဝိုင်းက ပစ်ပယ်ထားတာ၊ ကိုယ့်ကိုယ်ကိုယ် လေးစားမှု ပျောက်ဆုံးနေတာ၊ ချစ်ခြင်းမေတ္တာကို လိုအပ်တာ စသဖြင့်ပေါ့။ ဒါတွေက သူတို့ရဲ့ ပြစ်မှုကို နားလည်ဖို့၊ ခွင့်လွှတ်ဖို့ မဟုတ်ပါဘူး။ စိတ်တွေရဲ့ သဘောကို ပိုမြင်သာအောင်ပါ။

ကိုယ့်ကိုယ်ကိုယ်နဲ့ စဉ်းစားမိရင်လည်း ကျွန်တော်တို့ လုပ်တဲ့ ရွေးချယ်မှု၊ ဆုံးဖြတ်မှုတွေမှာ ငယ်ဘ၀ စိတ်ဒဏ်ရာတွေ၊ လက်ရှိ ဖြတ်သန်းနေရတဲ့ အခြေအနေတွေက လွှမ်းမိုးနေတာ သတိထားမိပါလိမ့်မယ်။ ပြီးခဲ့တာတွေကို မတတ်နိုင်တော့ပေမဲ့ လက်ရှိ ကိုယ့်မှာ ဖြစ်နေတဲ့ စိတ်အခြေအနေကို သိနားလည်အောင် လုပ်ပြီး ကိုင်တွယ်စီမံနိုင်ဖို့တော့ လိုပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၁၈.၆.၂၀၂၂

(၁၀.၁၀.၂၀၂၂ World Mental Health Day အထိမ်းအမှတ် ပြန်လည်တင်​ပေးခြင်း ဖြစ်ပါသည်။)

Address

No. 2/1024, Laukaing Township
Nyaungshwe
06481

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Telephone

+959259829466

Website

Alerts

Be the first to know and let us send you an email when JOY posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to JOY:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category