Khit San Thit

Khit San Thit My own business that is help for my city.

25/07/2018

Congratulation

မြန်မာလိုအညွှန်းနဲ့ဆိုတော့ပိုကောင်းတာပေါ့
13/07/2018

မြန်မာလိုအညွှန်းနဲ့ဆိုတော့ပိုကောင်းတာပေါ့

လာမည့်နှစ်မှစ၍ ဆေးဝါး၊ အစားအသောက်နှင့် အလှကုန်ပစ္စည်းများအပါအ၀င် ပြည်ပမှတင်သွင်းသော ကုန်စည်များပေါ်တွင် သုံးစွဲပုံညွှန်ကြားချက်များ မြန်မာဘာသာဖြင့် ဖော်ပြရမည်
------ ------ ------ ----- -----

ဆေးဝါး၊ အစားအသောက်နှင့် အလှကုန်ပစ္စည်းများအပါအ၀င် ပြည်ပမှတင်သွင်းသော ကုန်စည်များပေါ်တွင် သုံးစွဲပုံနှင့်ပတ်သက်သော သတင်းအချက် အလက်(သို့မဟုတ်) ညွှန်ကြားချက်များကို လာမည့်နှစ်မှစတင်၍ မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

၂၀၁၄ ခုနှစ် စားသုံးသူအကာ အကွယ်ပေးရေးဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(ဃ) အရ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်စည်များပေါ်တွင် သုံးစွဲပုံနှင့်ပတ်သက်သော သတင်းအချက်အလက် (သို့မဟုတ်) ညွှန်ကြားချက်များကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာနှင့်အခြား ဘာသာတွဲလျက်ဖြစ်စေဖော်ပြ၍ ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း၊ ရောင်းချခြင်းများ ဆောင်ရွက်သွားရမည်ဟု ဇူလိုင် ၇ ရက်ကအသိပေးထားပြီး အမိန့်ကြော်ငြာစာကို ၁ လအတွင်း ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း စားသုံးသူ အကာအကွယ်ပေးရေးဗဟိုကော်မတီရုံး တာဝန်ခံ ဦးစိုးအောင်က ပြောသည်။

''ဒီအသိပေးကြေညာထားတာကနေ ၁ လအတွင်းထုတ်မယ်ဆိုပြီး ဆုံးဖြတ်ချက်ချထားပါတယ်။ ပြည်ထောင်စုရှေ့နေချုပ်ရုံးကလည်း ဒီအပေါ်မှာသဘောထားမှတ်ချက်ပေးပြီးပါပြီ။ ထုတ်ဖို့ပဲ ကျန်တော့တယ်။ ဒီလထဲလည်းဖြစ်ရင်ဖြစ်မယ်။ ရှေ့လလည်း ဖြစ်ရင်ဖြစ်မယ်''ဟု ၎င်းက ပြောသည်။

ယင်းဥပဒေအရ ပြည်တွင်း၌ ထုတ်လုပ်သည်ဖြစ်စေ၊ ပြည်ပမှတင်သွင်းသည် ဖြစ်စေ၊ ကုန်ပစ္စည်း အားလုံးအကျုံးဝင်ပြီး ဥပမာအားဖြင့် ရေခဲသေတ္တာကို နေရာပြောင်းရွှေ့အသုံးပြုမည်ဆိုပါက ဂက်စ်ပိုက် လိုင်းဖိအားကြောင့် ချို့ယွင်းပျက်စီးနိုင်၍ ရွှေ့ပြောင်းမှုအပြီး မည်သည့်အချိန်ကာလမှ စက်ကိုအသုံးပြု ရမည်ဆိုသည့် စာသား၊ ကွန်ပျူတာနှင့် ဆက်စက်ပစ္စည်းတခုဖြစ်သည့် ကာလာပရင်တာကိုအသုံးပြုလျှင် မည်သည့်စက္ကူအမျိုးအစားကိုသာ အသုံးပြုရမည်စသည့် ညွှန်ကြားချက်များကို ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြပေးရမည်ဖြစ်သည်။

''အားဖြည့်အချိုရည်တွေဆိုရင် အသက်ငယ်တဲ့လူတွေမသောက်ရဆိုတဲ့ လမ်းညွှန်ချက်တွေရှိပါတယ်။ ဒါမျိုးတွေ လိုပါတယ်။ ဆေးဝါးတွေဆိုရင်လည်း အိမ်သုံးဆေးဖြစ်တဲ့ လိမ်းဆေးမှာဆိုရင် ၂၁ ရက်ထက်ပိုပြီး မသုံးရဆိုတာမျိုး၊ ဆရာဝန်ရဲ့ညွှန်ကြားချက်နဲ့ သုံးပါဆိုတာမျိုး ဒါတွေဟာ လိုအပ်ချက်တွေပါ။ ထိန်းချုပ်ဆေး ကိုတော့ မဆိုလိုပါဘူး။ ပြီးတော့ မြန်မာပြည်ထဲကို ရောက်လာတဲ့အလှကုန်တွေမှာဆိုရင်လည်း ဘယ်လိုအသားအရေရှိသူ သုံးပါဆိုတဲ့ လမ်းညွှန်တွေဟာ မြန်မာလို ဖော်ပြရမယ်ဆိုတဲ့ ဥပဒေရှိပြီးသားမို့ ဒါကို ကြိုတင်ပြီး အသိပေးလိုက်တာပါ''ဟု ဦးစိုးအောင်က ပြောသည်။

ပြည်ပနိုင်ငံများသို့ တင်ပို့သည့် ကုန်စည်များတွင် သက်ဆိုင်ရာနိုင်ငံ၏ ဘာသာကို ထည့်သွင်းဖော်ပြပေးပြီးမှသာ တင်ပို့ရသကဲ့သို့ မြန်မာနိုင်ငံသို့ ရောက်ရှိလာသော ကုန်စည်များတွင်လည်း မြန်မာဘာသာဖြင့် ဖော်ပြပေးရန် ပြည်တွင်းလုပ်ငန်းရှင်များက ဒုသမ္မတ(၁)ဦးဆောင်သည့် ပုဂ္ဂလိကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီတွင် တောင်းဆိုထားပြီး ယင်းအချက်ကိုလည်း ဇွန်လ ၂၇ ရက်ကပြုလုပ်သော စားသုံးသူအကာအကွယ်ပေးရေး ဗဟိုကော်မတီမှ အတည်ပြုဆုံးဖြတ်ခဲ့ကြောင်းနှင့် ဦးစားပေးကုန်စည်အဖြစ် သတ်မှတ်ဆောင်ရွက် သွားမည့်အစီအမံများကို သက်ဆိုင်ရာဌာနများနှင့် အသေးစိတ်ညှိနှိုင်းမှုများပြုလုပ်မည်ကြောင်း ၎င်းကပြော သည်။

''ထိန်းချုပ်တဲ့ပစ္စည်းတွေဆိုရင် ဥပမာ-ဆရာဝန်က တိုက်ရိုက်ညွှန်ကြားတဲ့ ထိန်းချုပ်တဲ့ဆေးတို့၊ တခြားထိန်းချုပ်တဲ့ ပစ္စည်းတွေဆိုရင် ဒါအများပြည်သူမသုံးတဲ့ ကိစ္စတွေဆိုရင်တမျိုးဖြစ်မှာပါ။ ဒါကိုလည်း ဌာနဆိုင်ရာတွေနဲ့ ညှိနှိုင်းပြီးတော့ ထုတ်ပြန်ပြီးတော့ နောက်မှာဘယ်ဟာတွေကို လုပ်ပေးရမယ်ဆိုတဲ့ကိစ္စက သီးခြားသတ်သတ်ရှိပါမယ်။ ကင်ဆာဆေးတွေဆိုရင် အပြင်မှာလည်း စားသုံးသူတွေတိုက်ရိုက် မထိတွေ့တဲ့ကိစ္စပေါ့။ ဒါမျိုးတွေလည်း ဖြစ်ကောင်းဖြစ်သွားပါမယ်။ ကျန်တဲ့ဌာနတွေရဲ့ သဘောတူညီချက်တွေ တချို့ဟာတွေ ကျန်ကောင်းကျန်နိုင်ပါတယ်''ဟု ဦးစိုးအောင်က ပြောသည်။

ထို့အပြင် ၂၀၁၄ ခုနှစ် စားသုံးသူ အကာအကွယ်ပေးရေးဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ဃ)အရ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး ၆ လပြည့်မြောက်သည့် နေ့မှစ၍ အာဏာသက်ရောက်မည်ဖြစ်၍ လိုက်နာခြင်းမရှိပါက စားသုံးသူအကာအကွယ်ပေးရေးဥပဒေနှင့်အညီ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးထားသည်။

လင်းလင်းအောင်

တားဆေးတွေရဲ့အသုံးဝင်ပုံ
08/05/2018

တားဆေးတွေရဲ့အသုံးဝင်ပုံ

''သန္ဓေတားဆေးတွေရဲ့ အသုံးဝင်ပုံ'' နေ့စဉ်သောက်ရတဲ့ သန္ဓေတားဆေးကတ်လေးတွေကို အိမ်ထောင်ရှင်အမျိုးသမီးတိုင်း သိကြ...

06/05/2018

လေးဘက်နာရောဂါ

ORS ---ဓါတ်ဆား
25/04/2018

ORS ---ဓါတ်ဆား

ချွေးထွက်များလို့ဆိုပြီး ဓာတ်ဆားမှုန့်ရေသောက်တဲ့သူတိုင်း ဒါလေးကို သတိထားကြပါနော်… April 15, 2018 user Health 0 #ဓာတ်ဆားမှုန်.....

ကျောက်ကပ်ရောဂါဖြစ်နိုင်ခြေ
20/04/2018

ကျောက်ကပ်ရောဂါဖြစ်နိုင်ခြေ

20/04/2018

ကိုယ်သောက်နေကျ ဆေးတွေရဲ့ နာမည်ကို ဂရုစိုက် ဖတ်ဖူးပါသလား? တချို့ဆေးတွေရဲ့ နာမည်အဆုံးမှာ MR, SR, OD, CR, Re**rd, XL စသဖြင့် ရှ...

20/04/2018

''လိင်ဆက်ဆံပြီးချိန်တွင် မိန်းမကိုယ်အပြင်၌ သုတ်လွှတ်ခြင်း'' လိင်ဆက်ဆံတဲ့အခါ ကိုယ်ဝန်မရအောင်လို့ သုတ်လွှတ်ခါန...

Address

Nyaung Shwe TownShip/Shan State/Myanmar
Nyaungshwe

Telephone

09960445665

Website

Alerts

Be the first to know and let us send you an email when Khit San Thit posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share