SEIN GYI《2》Pharmacy

SEIN GYI《2》Pharmacy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SEIN GYI《2》Pharmacy, Medical and health, Pakokku.

စိန်ကြီး ဆေးဆိုင်တွင် ​ဆေးအ​ရောင်းကျွမ်းကျင်ဝန်ထမ်း မ ၁ ဦး အလိုရှိပါသည်ပညာအရည်အချင်း အထက်တန်းအောင်လုပ်ငန်းအတွေ့အကြုံ ရှိ...
13/11/2025

စိန်ကြီး ဆေးဆိုင်တွင် ​ဆေးအ​ရောင်းကျွမ်းကျင်ဝန်ထမ်း မ ၁ ဦး အလိုရှိပါသည်

ပညာအရည်အချင်း အထက်တန်းအောင်
လုပ်ငန်းအတွေ့အကြုံ ရှိသူဦးစားပေးမည်။

-ဆေးဝါးကျွမ်းကျင်လက်မှတ်ရှိရမည်

-စည်းကမ်းရှိပြီးကိုယ်ကျင့်တရားကောင်းမွန်ရမည်။

-ဝယ်သူများကိုစိတ်ရှည်ပျူဌာစွာဆက်ဆံနိုင်ရမည်။

-လူမှုရေးအရှုပ်အရှင်းကင်းရှင်းရမည်။

အလုပ်ချိန် မနက် 8နာရီမှ ညနေ 5နာရီခွဲထိ

ရေရှည်လုပ်ကိုင်နိုင်ပြီး အမှန်တကယ်အလုပ် လုပ်ချင်သူများသာ ဆိုင်ဖွင့်ချိန်အတွင်း လာလျှောက်ပါရန်။

#အလုပ်ခေါ်စာ
#ဆေးဆိုင်အလုပ်ခေါ်စာ
#ဆေးဝါးကျွမ်းကျင်
#ဆေးအရောင်းကျွမ်းကျင်

အသေးစိတ် မေးမြန်လိုပါက Cb

Paracetamol ပါရာစီတမောထို​ဆေးကိုသည်းခြေမှအစာခြေရည်များကဖြိုဖျက်လိုက်တဲ့အခါမှာ သေစေတဲ့ အဆိပ်အင်ဇိုင်းများကို ထွက်ပေါ်စေပါ...
22/09/2022

Paracetamol ပါရာစီတမော

ထို​ဆေးကိုသည်းခြေမှအစာခြေရည်များကဖြိုဖျက်လိုက်တဲ့အခါမှာ သေစေတဲ့ အဆိပ်အင်ဇိုင်းများကို ထွက်ပေါ်
စေပါတယ် အဲ့ဒီအဆိပ်ပမာဏဟာ...
ကဖိန်းနဲ့တွေ့တဲ့အခါအဆိပ်အင်အားကို၃ဆအထိ
မြင့်တက်သွားစေပါတယ်...

ပါရာစီတမောကို ကော်ဖီ, ကိုကာကိုလာအ​အေး တို့နဲ့ တွဲမသောက်သင့်ပါဘူး
အသက်သေစေတဲ့အထိဖြစ်စေပါတယ်။

အသဲကိုပျက်စီးစေတတ်ပါတယ် ဘာလို့လဲဆိုရင်
ကော်ဖီမှာပါတဲ့ကဖိန်းဓာတ်ကြောင့်လို့
သိပ္ပံပညာရှင်များကဆိုထားတယ်လို့သိရပါတယ်။

ပါရာစီတမောမှမဟုတ်ပါဘူး
ဘယ်ဆေးကိုမဆိုကော်ဖီ ၊နွားနို့တို့နှင့် တွဲမသောက်ဖို့
အတတ်နိုင်ဆုံးရှောင်တာကောင်းပါတယ်......။

ပါရာစီတမောကို အလွန်အကျွံသောက်မိရင်....
အသည်းပျက်စီးစေပြီးသေစေနိုင်ပါတယ်...
ဒီလိုပဲ အရက်နဲ့တွဲသောက်မိရင်လည်းအသည်းကို
ပျက်စီးစေတဲ့အထိသေနိုင်ပါတယ်....

ပါရာစီတမောကို တာရှည်သုံးစွဲရင်
ကျောက်ကပ်နဲ့အသည်းပျက်စီးစေတတ်ပြီး
သွေးတိုးခြင်းနဲ့လေဖြတ်ခြင်းများလည်း
ဖြစ်စေနိုင်ပါတယ် ဒါကိုလည်းသိထားသင့်ပါတယ်။

ပါရာစီတမောရဲ့ကောင်းကျိူးကတော့ သားအိမ်ကင်ဆာကိုလျော့ပါးစေတယ်ဆိုတာလည်းတွေ့ရှိထားပါတယ်..
သုတေသီတွေတွေ့ရှိချက်အရ
ပါရာစီတမောသောက်သုံးနေတဲ့အမျိူးသမီးများမှာ
သားအိမ်ကင်ဆာအန္တရာယ်ဖြစ်ဖို့ ၃၀%ပိုနည်းပါးတာ
တွေ့ရပါတယ်တဲ့....။

ပါရာစီတမောမှမဟုတ်ပါဘူး ​ဆေးဝါးတိုင်းမှာ side effect ရှိပါတယ်
ဘယ်ဆေးဝါးကိုမဆို ဆရာဝန်မညွှန်ကြားဘဲ မလိုအပ်ဘဲ တာရှည်သုံးစွဲရင်မကောင်းဘူးဆိုတာ သိထားကြဖို့လိုအပ်ပါတယ်....။

Credit Health Care

နှလုံးရောဂါသံသယဖြစ်နိုင်သည့်လက္ခဏာများအမောမခံနိုင်တာ၊ ရင်ဘတ်အောင့်တာ၊ အသက်ရှူမ၀တာတွေလိုမျိုးဖြစ်ရင် နှလုံးရောဂါဖြစ်နေတယ်...
12/09/2022

နှလုံးရောဂါသံသယဖြစ်နိုင်သည့်လက္ခဏာများ

အမောမခံနိုင်တာ၊ ရင်ဘတ်အောင့်တာ၊ အသက်ရှူမ၀တာတွေလိုမျိုးဖြစ်ရင် နှလုံးရောဂါဖြစ်နေတယ်လို့ သံသယ ရှိနိုင်ပါတယ်။ အဲဒီလို ရိုးရှင်းတဲ့လက္ခဏာတွေ မပြဘဲနဲ့လည်း ခန္ဓာကိုယ်အတွင်း အောက်ဖော်ပြပါလက္ခဏာတွေဖြစ်ပေါ်နေရင် နှလုံးရောဂါအတွက် သံသယဖြစ်နိုင်တာကြောင့် ဆရာ၀န်နဲ့ ပြသဆွေးနွေးသင့်ပါတယ်။ ....................................................
●အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်း

အိပ်ရင် ဟောက်တတ်တဲ့အတွက် အသက်ရှူရပ်သွားတဲ့အခါမှာ ဦးနှောက်ကနေ အောက်ဆီဂျင်ကို လုံလုံလောက်လောက် ရရှိမှာမဟုတ်တော့ပါဘူး။ ဒါကြောင့် ဦးနှောက်ထဲကို သွေးရောက်ရှိဖို့အတွက် နှလုံးနဲ့သွေးကြောတွေကို အလုပ်ပိုလုပ်ဖို့ အချက်ပေးလိုက်တာကြောင့် သွေးဖိအားမြင့်တက်လာတာ၊ နှလုံးခုန်နှုန်း ပုံမမှန်ဖြစ်တာ၊ လေဖြတ်တာနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေတွေ မြင့်မားလာပါတယ်။ အိပ်ပျော်နေစဉ် အသက်ရှူရပ်တာက ကုသလို့ ပျောက်ကင်းနိုင်တဲ့ ရောဂါပါ။....................................................
●လိမ္မော်ဝါရောင် အဖုအပိမ့်များ ထွက်ခြင်း

ခန္ဓာကိုယ်ထဲမှာ ထရိုင်ဂလစ်စရိုက်တွေ အလွန်များပြားနေခဲ့ရင် လက်ဆစ်၊ ခြေဆစ်နဲ့ တင်ပါးပတ်၀န်းကျင်က အရေပြားပေါ်မှာ လိမ္မော်ဝါရောင် အဖုအပိမ့်တွေ ထွက်လာတတ်ပါတယ်။ သွေးကြောအတွင်းမှာ ဒီအဆီတွေ အများအပြားရှိနေတာကြောင့် သွေးကြောတွေ မာကျောလာပြီး ဒီလိမ္မော်ဝါရောင် အဖုအပိမ့်တွေ အများအပြားရှိနေတာ ဖြစ်ပြီး နှလုံးရောဂါနဲ့ လေဖြတ်နိုင်ခြေ မြင့်မားတာနဲ့ ဆက်စပ်မှုရှိပါတယ်။ ....................................................
●ဆုပ်ကိုင်နိုင်အား လျော့နည်းခြင်း

သင့်လက်ရဲ့ ဆုပ်ကိုင်အားက သင့်နှလုံးသန်မာမှု ဘယ်လောက်ရှိသလဲဆိုတာကို ဖော်ပြနိုင်ပါတယ်။ ပစ္စည်းတွေကို ကောင်းကောင်းညှစ်နိုင်တာက နှလုံးရောဂါဖြစ်နိုင်ခြေ နည်းတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ ....................................................
လက်သည်းအောက်တွင် အမည်းရောင်အစက်အပြောက်ပေါ်ခြင်း

သင့်လက်သည်းတွေ မတော်တဆ ထိခိုက်မိတာမရှိဘဲ လက်သည်းအောက်မှာ သွေးခြည်ဥသလို အမည်းရောင်အစက်ပေါ်နေတာက နှလုံး ဒါမှမဟုတ် နှလုံးအဆို့ရှင်မှာ ရောဂါပိုး၀င်ရောက်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ဆီးချိုရောဂါရှိသူတွေမှာလည်း ဒီလိုလက္ခဏာတွေ ပြတတ်ပါတယ်။ ဒီလက္ခဏာပြသူတွေက နှလုံးရောဂါနဲ့ လေဖြတ်နိုင်ခြေ နှစ်ဆကနေ လေးဆအထိ ပိုများပါတယ်။ ....................................................
●ခေါင်းမူးခြင်း

ခေါင်းမူးနေတာက နှလုံးချို့ယွင်းနေတာနဲ့ တိုက်ရိုက်ဆက်စပ်မှုရှိပါတယ်။ ဦးနှောက်ထဲကို သွေးလုံလုံလောက်လောက် ရောက်ရှိအောင် နှလုံးက ပို့မပေးနိုင်တာကြောင့်ပါ။ ခေါင်းမူးတာက နှလုံးခုန်နှုန်းပုံမမှန်ဖြစ်တာရဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ နှလုံးကြွက်သားအားနည်းတာကြောင့် နှလုံးအလုပ်မလုပ်နိုင်တဲ့အတွက်လည်း ခေါင်းမူးနိုင်ပါတယ်။ ....................................................

●အသားအရေအရောင်ပြောင်းလဲခြင်း

လက်ချောင်းနဲ့ ခြေချောင်းတွေမှာ အပြာရောင် ဒါမှမဟုတ် အညိုရောင်ဖြစ်နေတာက မွေးရာပါ နှလုံးချို့ယွင်းတာ၊ သွေးကြောကျဉ်းတာ ဒါမှမဟုတ် သွေးကြောပိတ်တာကြောင့် ဖြစ်တဲ့ သွေးလှည့်ပတ်မှုမကောင်းတာကြောင့်ပါ။ အသားအရေမှာ သွေးခြည်ဥသလို ဖြစ်နေတာက သွေးကြောထဲမှာ ကပ်ငြိနေတဲ့ ကိုလက်စထရောဖတ်တွေက ပြိုကွဲသွားပြီး အရေပြားအောက်ကို ရောက်ရှိသွားတာကြောင့်ပါ။ များသောအားဖြင့် လက်ဖဝါးနဲ့ ခြေဖဝါးနေရာတွေမှာ အဖြစ်များပါတယ်။ ....................................................
●သွားဖုံးသွေးယိုခြင်း

သွားဖုံးရောဂါနဲ့ နှလုံးရောဂါက ဆက်စပ်မှုရှိပါတယ်။ သွားဖုံးမှ ဘက်တီးရီးယားပိုးတွေက သွေးကြောကတစ်ဆင့် နှလုံးထဲရောက်သွားပြီး နှလုံးရောင်ရမ်းမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ....................................................
အရေပြားပေါ်တွင် ပုံမှန်ထက် အရောင်ရင့်သော အကွက်များထွက်ခြင်း

လည်ပင်း၊ ချိုင်းနဲ့ ပေါင်ခြံလိုမျိုး အသားအရေတွန့်ခေါက်တဲ့နေရာတွေမှာ ပုံမှန်ထက် အရောင်ရင့်ပြီး ထူထပ်လာတဲ့အသားအရေဖြစ်ပေါ်လာတာက အင်ဆူလင်ဟော်မုန်းကို အသုံးပြုရာမှာ အခက်အခဲဖြစ်လာတာကြောင့်ပါ။ ဆီးချိုရောဂါဖြစ်နိုင်ပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ဖို့နဲ့ နှလုံးရောဂါကာကွယ်ဖို့အတွက် ဆရာ၀န်နဲ့ ပြသသင့်ပါတယ်။ ....................................................
●ခြေထောက်ဖောရောင်ခြင်း

အချိန်အကြာကြီးမတ်တတ်ရပ်ရသူ ဒါမှမဟုတ် ထိုင်နေရသူတွေမှာ ခြေထောက် ဖောရောင်တတ်ပြီး များသောအားဖြင့် ကိုယ်၀န်ဆောင်သူတွေမှာ အဖြစ်များပါတယ်။ နှလုံးအလုပ်မလုပ်နိုင်တဲ့အတွက် ခြေထောက်အတွင်း သွေးလှည့်ပတ်မှု မကောင်းတာကြောင့်လည်း အရည်တွေ စုဆောင်းမှုဖြစ်ကာ ခြေထောက်ဖောရောင်နိုင်ပါတယ်။ ရုတ်တရက် ခြေထောက်ဖောရောင်လာခဲ့ရင် ဆရာ၀န်နဲ့ ပြသသင့်ပါတယ်။ ....................................................
●အသက်ရှူရခက်ခဲခြင်း

အသက်ရှူမ၀တာက နှလုံးအလုပ်မလုပ်နိုင်တာ၊ နှလုံးခုန်နှုန်းပုံမမှန်ဖြစ်တာ ဒါမှမဟုတ် နှလုံးတိုက်ခိုက်ခံရတဲ့ လက္ခဏာဖြစ်တာမို့ ဆရာ၀န်နဲ့ ပြသသင့်ပါတယ်။ အထူးသဖြင့် လဲလျောင်းနေစဉ် အသက်ရှူမ၀တာ ဒါမှမဟုတ် အရင်က သင် လွယ်လွယ်ကူကူလုပ်နေကျအလုပ်တွေ လုပ်အပြီး အသက်ရှူရခက်ခဲနေရင်ပါ။ ....................................................
●မောပန်းခြင်း

နှလုံးအလုပ်မလုပ်နိုင်တာကြောင့် မောပန်းတတ်တာက ခန္ဓာကိုယ်အတွက် သွေး လိုအပ်သလောက် အတိုင်းအတရောက်အောင် ပို့ဖို့ နှလုံးကြွက်သားတွေက မညှစ်နိုင်တာကြောင့်ပါ။ ချောင်းဆိုးတာနဲ့ ခြေထောက်ဖောရောင်တဲ့ လက္ခဏာ ရှိ မရှိကိုလည်း စစ်ဆေးသင့်ပါတယ်။ မောပန်းတာက ကင်ဆာရောဂါ၊ သွေးအားနည်းရောဂါ ဒါမှမဟုတ် စိတ်ကျဝေဒနာလိုမျိုး ရောဂါတွေရဲ့ လက္ခဏာတွေလည်း ဖြစ်နိုင်တာကြောင့်ပါ။

ဒေါက်တာခင်မိုးမိုး

သွေးတိုးရှိတဲ့သူတွေ ကျောက်ကပ်ပျက်စီးတော့မယ်ဆိုရင် ဒီလို လက္ခဏာတွေ ပြတတ်ပါတယ်crd health care
01/09/2022

သွေးတိုးရှိတဲ့သူတွေ ကျောက်ကပ်ပျက်စီးတော့မယ်ဆိုရင် ဒီလို လက္ခဏာတွေ ပြတတ်ပါတယ်

crd health care

ရေအိတ်အကြောင်း သိကောင်းစရာ​ရေအိတ်ဖြစ်ရတဲ့ အကြောင်း ရင်းကို အတိအကျ မပြော နိုင်ပေမဲ့နေထိုင်စား သောက်မှု ပုံစံ ပြောင်းလဲ လာ...
30/07/2022

ရေအိတ်အကြောင်း သိကောင်းစရာ

​ရေအိတ်ဖြစ်ရတဲ့ အကြောင်း ရင်းကို အတိအကျ မပြော နိုင်ပေမဲ့နေထိုင်စား သောက်မှု ပုံစံ ပြောင်းလဲ လာတာ၊စိတ်ဖိစီး မှုများ လာ တာ တွေနဲ့အဓိကသက် ဆိုင်တယ်၊ ဓာတုဆိုးဆေးမကင်း တဲ့ အစား အ သောက်တွေအစား များ လာ တယ်၊ အဲဒီဆိုးဆေး၊ ပလတ်စတစ်၊ ဟော်မုန်းဆေး၊ တာရှည်ခံ ဆေးတွေထဲ မှာ xenon estrogen တွေ ပါလာတယ်၊ အဲဒါတွေ က အမျိုး သမီးတွေမှာသွားပြီး ဒုက္ခ ပေးတာ လို့ ပြော ပါတယ်။

သည်လိုရေအိတ်တည်တာက မျိုးရိုးနဲ့လည်း သက်ဆိုင်သလို ခပ် ဝဝ ဗိုက်ခေါက် ထူထူအမျိုးသမီး တွေမှာ ဖြစ်နိုင်ခြေပိုများတယ်လို့ ဆိုတယ်။ မမျိုးဥအိမ် မှာ အ ဓိက ဖြစ်တာက အလုံးအကျိတ်နှစ်မျိုး ရှိပါတယ်။ရေအိတ်တည်တာနဲ့ကင်ဆာ ဖြစ်တာပါ။

သည်နေရာမှာ အရေးကြီးတာက screening test (ကြိုတင်စစ် ဆေးမှု) လည်း လုပ်လို့ မရသေးဘူး။ မမျိုးဥအိမ်ကင်ဆာက လက္ခဏာမပြ ပါ ဘူး။နောက်ကျ မှသိရတာများတာ ကြောင့် မမျိုးဥ အိမ်ကင်ဆာက ကြောက်စ ရာ ကောင်းတဲ့ ရောဂါတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။မမျိုးဥအိမ်မှာ ရေအိတ်တည် တာကလည်း လက္ခဏာမပြတတ်ဘူး။တခြားရောဂါ တစ်ခုခုကြောင့် သွားပြရင်း ဓာတ်မှန်ရိုက်မှ တွေ့တတ်တာမျိုးပါ။ရေအိတ်တည်တာ အမျိုးမျိုးရှိပါတယ်။

Demoid cyst ခေါ်တဲ့ ရေအိတ် တည် တာက အများ ဆုံး ဖြစ်တာ များပါ တယ်။ ၉၅ ရာခိုင်နှုန်းက ကင်ဆာ မ ဟုတ်ပါ ဘူး။

PCOS လို့ ခေါ်တဲ့ မမျိုးဥအိမ်မှာ အရေကြည်အိတ် ၁၂ လုံးအထက်ရှိတဲ့ရောဂါက အသက် ၃၀ ဝန်း ကျင်အမျိုးသမီးတွေမှာ အဖြစ်များ တယ်၊ ကလေးမရ နိုင်တဲ့အ ကြောင်း ရင်းတွေ ထဲမှာ င်္ဖှုံဆ ကြောင့် က ၃၀ ရာခိုင်နှုန်း လောက်သက်ဆိုင် တယ်၊ မမျိုးဥ အိမ်(PCOS)မှာ ရေအိတ် တည်တာကနောက်ဆက်တွဲ ပြဿနာ တွေအနေနဲ့ ရေရှည်မှာ ဆီးချို၊ သွေးတိုး ရောဂါ၊ သွေးတွင်း အဆီ များတာ၊ သားအိမ်ကင်ဆာ ဖြစ်နိုင် ခြေနဲ့လဲဆက်စပ်နေတယ်လို့ ပြောပါတယ်။

မမျိုးဥအိမ်မှာ ရေအိတ်တည် တာကသားဥကြွေတဲ့ အချိန်မှာ အ ဖြစ်များပါတယ်။ တချို့သူတွေမှာ ရေအိတ်ကြောင့် ပုံမှန်ရာသီမလာ ဘဲ နောက်ကျတာရှိသလို သွေး ဆင်းများတာတွေလည်း ဖြစ်လာ ပါတယ်။တချို့ကျတော့ ရေအိတ်ဖြစ် နေမှန်းကို မသိဘူး၊ ရေအိတ်က ကြီးပြီးတင်းလာမှ နာလာမှ၊ ပေါက် ထွက်သွားတာမျိုး၊အထဲမှာ လိမ်သွားပြီးနာလာမှ အရေးပေါ်ခွဲ စိတ်ကုသရတာလဲ ရှိတယ်၊

ရေ အိတ်တည်သူတွေ မှာ ဟော် မုန်းတွေ ပုံမမှန်ဖြစ်ပြီး ရာသီ မမှန်တာ၊ဝက်ခြံ ထွက်တာ၊မျက်နှာ မှာ အဆီတွေထွက်လာတာ၊အမွေး အမျှင်တွေ ထူလာတာ လည်း ရှိပါတယ်။ ဟော်မုန်း ပုံမမှန်ဖြစ်ရတဲ့ အ ကြောင်းရင်းများစွာထဲမှာ စိတ် ဝင် စားစရာက ဥပမာ- မွေးမြူရေး ဝက်တွေ စားသုံးတာနဲ့လည်း ဆက် စပ်နေတယ်လို့ ယူဆတယ်။ မွေုးမြူ ရေးဝက်တွေကပုံမှန် တစ်နှစ် လောက် နဲ့ ကြီးထွားရမှာကို အခု နောက်ပိုင်း ခြောက်လနဲ့ အ မြန် ကြီးထွားအာင် ဟော် မုန်း ဆေးတွေ ကျွေးလာကြတယ်လို့ ဆို တယ်။အဲသည်ဟော်မုန်းဓာတ် တွေက အမျိုးသမီးရဲ့ မမျိုးဥအိမ်မှာ ရေအိတ်တည်ဖို့ တွန်းအားပေးသလို ဖြစ်လာနိုင် တယ်လို့ ဆိုပါ တယ်။ရေအိတ်တည်တဲ့အခါ အမျိုး သမီးတွေကို အာထရာဆောင်း ရိုက်တာ၊ဟော်မုန်း ဓါတ် စစ်တာတွေလုပ်ပြီး လိုအပ်ရင်သောက်ဆေးပေးတာ ပြုလုပ်ပါတယ်။

ရေ အိတ်အရွယ်အစားက နှစ်စင်တီမီတာ လောက်ဆို စောင့်ကြည့်တာ မျိုးရှိပေမဲ့ ငါးစင်တီမီတာအထက် ရှိနေမယ်။တဖြည်းဖြည်းနဲ့ ကြီး လာမယ်ဆိုရင် ခွဲစိတ်ပြီး ကုသ ရတယ် လို့ သိရတယ်။

အခု နောက်ပိုင်း ဆေးရုံဆေးခန်းတွေ မှာ ဒီလိုမျိုး လူနာတွေအတွေ့ရများ လာတယ်၊အမျိုးသမီးတွေအနေနဲ့ နေထိုင်စားသောက်မှု ပုံစံကို ပြောင်းလဲရမယ်၊ စိတ်ဖိစီးမှု နည်း အောင်နေရမယ်၊ လေ့ကျင့်ခန်း ပုံမှန် လုပ်သင့်တယ်၊ ကိုယ့်မှာ ရှိတဲ့ ကိုယ်အလေးချိန်ရဲ့ ငါးရာခိုင်နှုန်း လောက် ချဖို့ လို တယ်၊ အဝမလွန် စေနဲ့၊ နောက်ဓာတုဆိုးဆေး၊ပလတ်စတစ်၊ဟော်မုန်းဆေး၊ တာ ရှည်ခံဆေးတွေ ပါတဲ့ အစားအစာတွေ ကို တတ်နိုင်ရင် ရှောင်ရမယ်လို့ အ ကြံပြုပါတယ်။

to
ကျန်းမာရေးနဲ့ အမျိုးသမီး - သုတအဖြာဖြာ page
from ​
ဒေါက်တာဖြိုး​ဇော်

အပူများခြင်း​ကြောင့် ​ချောင်း​ခြောက် (ချွဲမပါ) ဆိုးတဲ့အခါ လည်​ချောင်း ယားယံတာ လည်​ချောင်းနာတာ၊ လည်​ချောင်း​ခြောက်တာ​တွေပ...
28/07/2022

အပူများခြင်း​ကြောင့် ​ချောင်း​ခြောက် (ချွဲမပါ) ဆိုးတဲ့အခါ လည်​ချောင်း ယားယံတာ လည်​ချောင်းနာတာ၊ လည်​ချောင်း​ခြောက်တာ​တွေပါ တွဲပြီးဖြစ်ပွားတတ်ပါတယ်။ ​

ချောင်း​ခြောက်ဆိုးခြင်းကို သက်သာ​စေဖို့ dextromethophan ပါဝင်တဲ့ ​ချောင်းဆိုး​ပျောက်​ဆေးကို တစ်နေ့ (၂)ကြိမ်​ သောက်သုံး​ပေးနိုင်ပါတယ်။

သာမန်အပူများလို့ ​ချောင်းဆိုးခြင်းမျိုးအတွက် နည်းလမ်းများ
(၁) ​ရေများများ​သောက်ပါ
(၂) Humidifier သုံးပါ
(၃) ​ချောင်းဆိုး​ပျောက်ငုံ​ဆေး ငုံပါ
(၄) ဆားရည်နဲ့ပလုတ်ကျင်းပါ
(၅) ​ရေ​နွေး​သောက်ပါ
(၆) ရေနွေးငွေ့ရှူပါ

သတိပြုရန် - ချောင်းဆိုးခြင်းက အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်တာကြောင့် ချောင်းဆိုးနေစဥ် ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ခါးနာခြင်း၊ အသက်ရှူကြပ်ခြင်း၊ အသက်ရှူစဥ် တရွှီရွှီမြည်ခြင်း စတာတွေပါ ခံစားနေရပြီဆိုရင်တော့ ဆရာဝန်နဲ့သွားရောက်ပြသပြီး စစ်ဆေးကုသမှု ခံယူရမှာဖြစ်ပါတယ်။

Credit- Dr. Aye Myat Mon

Gout  ဂေါက်ရောဂါ  Uric acid ဓာတ်များရင်ဖြစ်ပါတယ်။​ရောဂါလက္ခဏာက ခြေမအရင်းနှင့် ဒူး​ခေါင်းမှာ အဆစ် တစ်ခု သို့ နှစ်ခု ​ရောင...
26/07/2022

Gout ဂေါက်ရောဂါ Uric acid ဓာတ်များရင်ဖြစ်ပါတယ်။

​ရောဂါလက္ခဏာက ခြေမအရင်းနှင့် ဒူး​ခေါင်းမှာ အဆစ် တစ်ခု သို့ နှစ်ခု ​ရောင်ပီး နာတယ်။

🚫​ Cells ဆဲလ်များ​သော ရှောင်ရမယ့် အစာတွေက
- Red meat (အမဲသား၊ ဝက်သား၊ဆိတ်သား)
- ဝမ်းတွင်းသား ကလီဆာတွေ
- အစေ့အဆံတွေ ၊ အညွန့်အငြှောင့်တွေ (ပဲပင်ပေါက်၊ပဲအမျိုးမျိုး)
- အရက်၊ ဘီယာ
- ငါးဥ🚫

အဆစ်ဆိုတာ အရိုးနှစ်ခုရဲ့ အဆုံးတွေကို အရွတ်တွေ ကြွက်သားတွေနဲ့ တွဲဆက်ထားပါတယ်။

Uric acid ဆိုတာက အဆစ်တွေမှာစုရတာကိုကြိုက်ပါတယ်။

ခန္ဓာကိုယ်ထဲမှာ Uric acid များလာတော့ အဆစ်တွေမှာ သွားစုပါတယ်။

Uric Acid ကအပ်​သေး​သေး​​လေးတွေနဲ့တူတယ်။အပ်တွေလာစိုက်နေလို နာပီး​ရောင်​နေ​တော့ သွေးဖြူဥတွေ က ရန်သူလာတယ် ဆိုပြီး အဲ့ဒီအဆစ်ကို ဝိုင်းပြီးတိုက်ခိုက်ကြပါတယ်။အဲ့တော့ အဆစ်က ရောင်သထက်ရောင် နာသထက်နာ နေပါတော့တယ်။

- ခန္ဓာကိုယ်မှာ ရောင်ရမ်းမှုဖြစ်တော့ အဖျားနည်းနည်းရှိတတ်ပါတယ်

👉 ဘာလို့ Uric acid က များရတာလဲ !!!

၁။ စားတာများရင်
၂။ စွန့်ထုတ်တာ နည်းရင်

၁။ Cells ဆဲလ်ထဲမှာ Nucleus ရှိလို့ ဆဲလ်များရင် နယူကလီရက်စ် ကများတယ် ။ Nucleus ထဲက Nucleuic acid က ခန္တာကိုယ်ထဲမှာ Uric acid အဖြစ်​ပြောင်းတယ်။ ဆဲလ်များတဲ့အစားအစာများ​ရှောင်ရမယ်။

၂။ Uric acid စွန့်ထုတ်တာနည်းရင်

ဥပမာ - ဆီးဆေးသောက်နေရတဲ့သူတွေပေါ့
အဲ့ဒီလူတွေမှာ Uric acid များပါတယ်။

💉 ဆေးထိုး၊ 💊 ဆေးစားလိုက်ရင် သက်သာသွားပါတယ်။

ခဏ ခဏ ဖြစ်ရင် အဆစ်တွေပျက်စီးပါမယ်။ကျောက်ကပ်မှာကျောက်တည်ပါမယ်။

Gout က ဖြစ်ဖူးထားရင် ကိုယ့် Life style ကို မပြင်ရင် ပြန်ဖြစ်တတ်ပါတယ်။

ဒူးခေါင်း စတဲ့ အဆစ်တစ်ခုပဲ ရောင်ရင် တခြားဖြစ်တတ်တာ (၂) ခုရှိပါသေးတယ်
- Septic arthritis (အဆစ်ထဲပိုးဝင်တဲ့ရောဂါ)
- Hemarthrosis ( သွေးရောဂါတစ်မျိုး)

Credit Dr ဘုန်းစည်သူလွင်

Amoxicillin အ​မောက်စလင် သည် ပိုးသတ်​ဆေးဖြစ်သည်။ သတိပြုရန် - Penicillin ပင်နယ်စလင် ​ဆေးနှင့်မတည့်လျှင် Amoxicillin ကို မ​...
23/07/2022

Amoxicillin အ​မောက်စလင် သည် ပိုးသတ်​ဆေးဖြစ်သည်။ သတိပြုရန် - Penicillin ပင်နယ်စလင် ​ဆေးနှင့်မတည့်လျှင် Amoxicillin ကို မ​သောက်ရပါ။

​ချောင်းဆိုးသလိပ်ဝါထွက်လျှင် တ​နေ့၃ကြိမ် ၅ရက်​သောက်ရန်

Credit- ​ဒေါက်တာ ဖြိုး​ဇော်

Amoxicillin is a newer version of penicillin that covers more types of bacteria. Amoxicillin and penicillin are both antibiotics in the penicillin class.
Having an allergy to penicillin means you must avoid all medications in this class of antibiotics including medications like Amoxicillin, Augmentin, and Ampicillin.

 #အကြောထုံးခြင်း ( Varicose Veins )****************အကြောများဆိုင်းပြီး သွေးကြောပိတ်ဆို့ရောင်ရမ်းလာခြင်းကို ဆေးပညာအရ vari...
10/07/2022

#အကြောထုံးခြင်း ( Varicose Veins )
****************
အကြောများဆိုင်းပြီး သွေးကြောပိတ်ဆို့ရောင်ရမ်းလာခြင်းကို ဆေးပညာအရ varicose veins လို့ခေါ်ပါတယ်.. များသောအား ဖြင့် ခြေသလုံး ခြေမျက်စေ့ နဲ့ ခြေထောက်တစ်ခွင်မှာ ဖြစ်လေ့ရှိပြီး
သွေးကြောအဆို့ရှင်များအားနည်း၍ ကောင်းစွာအလုပ်မလုပ်နိုင်ခြင်း လှုပ်ရှားမှုနည်းလို့ သွေးလည်ပတ်မှုနည်းခြင်း နဲ့ ခန္ဓာကိုယ်ဖိအားကို ခြေထောက်ကမတန်တဆခံရခြင်းစတာတွေကြောင့် ဒီရောဂါဖြစ်လာပါတော့တယ်..

အဲဒီလိုပိတ်ဆို့ခြင်းက ကြီးကြီးမားမားပြဿနာမဟုတ်ပေမယ့် လွန်ကဲစွာ အကြောထုံးလာခဲ့ရင်တော့ နောက်ဆက်တွဲရောဂါအန္တာရာယ်များဖြစ်ပေါ်လာစေပါတယ်..
အလှုပ်အရှားနည်းသည့် သက်ကြီးရွယ်အိုများ၊ အရွယ်မတိုင်မီအ၀လွန်သူများ နှင့် ကိုယ်၀န်ဆောင်အမျိုးသမီးများ ဖြစ်လေ့ရှိပါတယ်.. မျိုးရိုးရှိလို့ဖြစ်တာမျိုးလည်းရှိပါတယ်..

ရောဂါလက္ခဏာများကတော့
(၁)ခြေထောက်ရောင်ကိုင်းခြင်း
(၂) သွေးကြောများယားယံခြင်း
(၃) အရေပြားအရောင် ပြောင်းလဲသွားခြင်းတို့ဖြစ်ပါတယ်..

အနေအထိုင်ဆင်ခြင်ပါ✅
(၁) ကောင်းစွာသွေးလည်ပတ်စီးဆင်းခြင်းက အကြောထုံးဝေဒနာ (လုံး၀)မဖြစ်စေနိုင်ပါ။ ထို့ကြောင့် လမ်းများများလျှောက်/ခပ် ဖွဖွပြေး/စက်ဘီးစီး/ရေကူး စသည့်လေ့ကျင့်ခန်း တစ်ခုခုကို နာရီ၀က်(သို့မဟုတ်)၄၅မိနစ်ခန့် နေ့စဉ် ပုံမှန်လုပ်ပေးခြင်း ဖြင့် သွေးလည်ပတ်မှုကောင်းစေသည့်အပြင် ကိုယ်အလေးချိန်ပါကျစေပါတယ်..
(၂) ကြာမြင့်စွာ မတ်တပ်ရပ်အလုပ်လုပ်ခြင်းက ခြေထောက်ကို၀န်ပိစေပြီး၊ အကြောထုံးလာစေလို့သတိပြုပါ..
(၃) ခုံပေါ်မှာအကြာကြီးထိုင်၍အလုပ်လုပ်ခြင်း၊ တီဗွီကြည့်ခြင်း (သို့မဟုတ်)ကွန်ပြူတာကြာမြင့်စွာသုံးခြင်း၊ ခြေထောက်၂-ချောင်းချိပ်ထိုင်ခြင်း၊ ပေါင်ပေါ်သို့လေးလံသောပစ္စည်းတင်၍ ထိုင်ခြင်း စသည်တို့က သွေးလည်ပတ်မှုကို တားဆီးပိတ်ဆို့စေပါတယ်..
(၅) ဒေါက်မြင့်ဖိနပ်စီးပြီး ခရီးဝေးလမ်းလျှောက်ခြင်း(သို့မ ဟုတ်)မတ်တပ်ရပ်ခြင်းကလည်း သွေးကြောပိတ်ဆို့စေနိုင်ပါတယ်..
(၆) မိမိခြေထောက်ထက်သေးငယ်သည့် ဖိနပ်စီးခြင်း၊ ခြေ အိပ်သေးသေး၀တ်ဆင်ခြင်း တို့ကလည်း ခြေထောက်သွေးကြောထုံးစေတဲ့ ပြဿနာတွေပါပဲ..
(၇) တခါတရံမှာ အကြောထုံး များက သည်းမခံနိုင်လောက်အောင်ယားယံစေသော်လဲ၊ ကုတ်ခြစ်ခြင်းမပြုပါနဲ့.. သွေးထွက်အနာဖြစ်စေပါတယ်..

အစားအသောက်ဖြင့်ထိန်းပါ✅
(၁) သကြား၊ အချိုကဲသောအစားအစာများ၊ ရေခဲမုန့်၊ ဆီကြော်မုန့်များ၊ အဆီများသောအစားအစာများ၊ တိရိစ္ဆာန်မှရသော အ ဆီအနှစ်များ၊ ပြန်လည်ပြုပြင်ထားသောအသင့်စား အစားအစာများ၊ ဆား နှင့် ငန်သောအစားအစာများ…စသည်တို့ကိုရှောင်ပါ (သို့မဟုတ်)အနည်းငယ်သာစားပါ..
(၂) ဆေးလိပ် နှင့် အရက်ကိုတတ်နိုင်သလောက်ရှောင်ပါ..
(၃) ငါးများများစားပါ..
(၄) ပဲပိစပ်၊ ကြက်သွန်နီ၊ ဂျင်း တို့က သွေးလည်ပတ်မှုကိုများစွာကောင်းးကျိုးပြုပါတယ်..
(၅) နာနတ်သီး၊ ချယ်ရီသီး နှင့် ဘယ်ရီသီး တို့က အကြောထုံးပိတ်ဆို့ခြင်းအတွက် အကောင်းဆုံးဓာတ်စာများဖြစ်ကြပါတယ်..
(၆) ၀မ်းချုပ်ခြင်းက အကြောထုံးခြင်းနှင့် ပတ်သက် ဆက်နွယ်နေတာမို့၊ ၀မ်းမချုပ်အောင် အမျှင်ဓာတ်များသောအစားအစာများစားပေးပါ..
(၇) မုန်လာဥနီနှင့်ဟင်းနုနယ်ကိုတွဲ ဖက်စားပေးခြင်းဖြင့်၊ ၄င်း ၂-မျိုးဓာတ်ပြုခြင်းက အကြောထုံးရောဂါကို ဆေးစွမ်းထက်မြတ်စေပါတယ်..

လွယ်ကူသက်သာအိမ်တွင်းကုထုံး
****************************
(၁) #ခရမ်းချဉ်သီးစေ့ ထဲမှာ salicylic acid ပါဝင်တာကြောင့် သွေးကြောပိတ်ခြင်းတွေ မဖြစ်အောင် တားဆီးကာကွယ်ပေးပြီး သွေးလည်ပတ်မှု အားကောင်းစေပါတယ်.. နောက်ပြီး အရေပြားအတွင်းထဲထိ စိမ့်ဝင်နိုင်တာကြောင့် သွေးကြောထုံးနေတာတွေကိုလည်း ပြန်လည်ကောင်းမွန်လာစေပါတယ်..
အသုံးပြုနည်းကတော့
ခရမ်းချဉ်သီး(၂)လုံးကို ကြိတ်ချေလိုက်ပါ..
ကြေညက်သွားပြီ ဆိုရင်တော့ အကြောထုံးနေတဲ့ နေရာကို လိမ်းပေးလိုက်ရုံပါပဲ..
ပူစပ်စပ်လေးခံစားလာရပြီဆိုရင် ရေအေးအေးလေးနဲ့ဆေးချပေးပြီး တစ်နေ့ကို (၄) ကြိမ်ခန့် ပြုလုပ်ပေးရပါမယ်.. တစ်ပါတ်လောက်မှန်မှန်လိမ်းပေးရင် ပျောက်ပါပြီ..

(၂) #ဂေါ်ဖီထုပ် ဟာလည်း ဗီတာမင် B1, B6, K, E, နဲ့ C ပါဝင်ရုံသာမက သတ္တုဓာတ်လည်း ကြွယ်ဝစွာပါဝင်ပါတယ်.. ဒါကြောင့် သွေးကြော ပိတ်တာတွေကို ကာကွယ်ပေးပြီး သွေးကြောထုံးတွေကို ပျောက်ကင်းစေပါတယ်..
အသုံးပြုနည်းကတော့
ဂေါ်ဖီရွက် (၃)ရွက်ကိုယူပြီး သေးသေးလေးတွေ ဖြစ်အောင်လှီးလိုက်ပါ..
ပြီးရင် ကြိတ်စက်ထဲ ထည့်ကြိတ်ပါ..
ပြီးရင်တော့ ရလာတဲ့အရည်ကို ယူပြီး တစ်နေ့(၃)ကြိမ် အကြောထုံးတွေ အပေါ်မှာ လိမ်းပေးလိုက်ပါ.. တစ်ပါတ်လောက်တော့ လိမ်းပေးရပါမယ်..

ဒါမှမဟုတ်..
(၃) #ပန်းသီးရှာလကာရည် ကလည်း အကြောအထုံးများကိုပြေပျောက်စေလို့ မကြာခဏလိမ်းပေးပြီး ကုသလို့ရပါတယ်..

(၄) Varicose Vein Cream လို့ခေါ်တဲ့ လိမ်းဆေးကို နီးစပ်ရာဆေးခန်းမှမေးဝယ်ပြီး အညွှန်းအတိုင်းလိမ်းပေးရပါမယ်..

(၅) နာကျင်မှုသက်သာစေရန် နှင့် သွေးလည်ပတ်မှု ကောင်းစေရန်အတွက် ရေအေးအေးဖြင့် အကြောအထုံးများပေါ်သို့ မကြာခဏလောင်းချပေးပါ..

သာမန်အကြောထုံးခြင်းကို အနေအထိုင်အစားအသောက်နဲ့ အိမ်တွင်းကုထုံးများနဲ့ ကုသခြင်း ထိန်းထားခြင်း ပြုလုပ်နိုင်ပေမယ့်
သာမန်ထက်ဆိုးရွားလာရင်တော့ လိုအပ်တဲ့စစ်ဆေးမှုတွေလုပ်ပြီး ရောဂါအတိမ်အနက်ပေါ်မူတည်ပြီး
(၁) လေဆာပစ်ခြင်း
(၂) ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်း
(၃) Catheterထည့်၍ကုသခြင်း
(၄) ခွဲစိပ်ခြင်း
စသဖြင့် ကုသမှုခံယူသင့်ပါတယ်နော်..

Credit to original writer

Fatty Liver Disease (FLD) အသည်းအဆီဖုံးခြင်းအသည်းအဆီဖုံးခြင်းကို Hepatic Steatosis လို့လည်းခေါ်တယ်။ အသည်းအဆီဖုံးရောဂါသည် ...
16/06/2022

Fatty Liver Disease (FLD) အသည်းအဆီဖုံးခြင်း

အသည်းအဆီဖုံးခြင်းကို Hepatic Steatosis လို့လည်းခေါ်တယ်။ အသည်းအဆီဖုံးရောဂါသည် အရေအတွက်ဟာ လူအားလုံးပေါင်းရဲ့ ၁ဝ-၂၄% ရှိတယ်။ အဝလွန်သူတွေထဲမှာ ၇၅% က ဒီလိုဖြစ်နေမယ်။ အရက်မသောက်သူတွေက ၃၅% ရှိတယ်။ အသည်းမှာအဆီလာဖုံးနေတဲ့ရောဂါ ကလေး-လူကြီး၊ ယောက်ျား-မိန်းမအားလုံးမှာ ဖြစ်နိုင်တယ်။ အသည်းမှာအဆီတွေ လိုတာထက် ပိုစုဝေးလာရင် အသည်း (ဆဲလ်) တွေဟာ နေရာဖယ်ပေးလိုက်ရမယ်၊ သူတို့လုပ်ရမဲ့ အဆိပ်အတောက် ဖယ်ရှားရေးကို အရင်လိုမလုပ်နိုင်တာ ဖြစ်လာတယ်။

(ဖက်တီး-လစ်ဗာ) ဘာလို့ဖြစ်သလဲ၊ အမျိုးမျိုး ဖြစ်နိုင်တယ်။ ရောဂါဗေဒအရပြောရရင် ကိုယ်ထဲက တခြားနေရာတွေက အဆီတွေ အသည်းမှာလာစုနေလို့၊ အူထဲကအဆီကိုအသည်းကနေများများစုပ်ယူလို့၊ အသည်းကနေ အဆီကို ချေဖျက်တာ သိပ်မလုပ်နိုင်လို့။ ဒါပေမဲ့ အဆီများများစားတိုင်း အသည်းမှာအဲလိုအဆီမများစေပါ။

●ဘာလို့ဖြစ်ရသလဲ
အရက်၊ အဝလွန်တာ၊ အစာငတ်ခံတာ၊ ဆီးချို၊ (စတီရွိုက်ဆေး)၊ Carbon tetrachloride နဲ့ Yellow phosphorus အဆိပ်သင့်ခြင်း၊ Cushing's syndrome ရောဂါ နဲ့ Hyperlipidemia သွေးထဲမှာအဆီများရောဂါတွေကနေ ဖြစ်လာစေနိုင်တယ်။ Microvesicular fatty liver ဆိုတဲ့ အသည်းအဆီများနေတာမျိုးကတော့ Valproic acid နဲ့ မသင့်တာ၊ (တက်ထွာဆိုက်ကလင်း) ဆေးများတာ၊ ရက်လွန်တာနဲ့ ကိုယ်ဝန်ဆောင်တာတွေကနေ ဖြစ်စေနိုင်တယ်။

Amiodarone, Methotrexate, Diltiazem, Highly active antiretroviral therapy, Glucocorticoids, Tamoxifen, Phosphorus, Mushroom poisoning ဆေးတွေကြောင့်လဲ ဖြစ်စေနိုင်တယ်။ Inflammatory bowel disease, HIV, Hepatitis C (genotype 3), Alpha 1-antitrypsin deficiency ရောဂါတွေနဲ့လဲဆက်ဖြစ်နိုင်တယ်။

အရက်နဲ့ ဆက်ဖြစ်တာကို Alcoholic steatosis ခေါ်တယ်။ အရက်မဟုတ်တာကို Non-alcoholic fatty liver disease ခေါ်တယ်။ အရက်ကနေဖြစ်စေတဲ့ ပိုဆိုးတာကို Alcoholic steatohepatitisနဲ့ Non-alcoholic steatohepatitisလို့ ခေါ်တယ်။ အရက်ကြောင့် မဟုတ်တာဟာ Metabolic syndrome ခေါ်ပြီး Diabetes ဆီးချို၊ Hypertension သွေးတိုး၊ Obesity အဝလွန်ခြင်းနဲ့ Dyslipidemia သွေးထဲအဆီများရောဂါအပြင် တခြားရောဂါတွေကနေ ဖြစ်စေနိုင်တယ်။ Hepatitis အသည်းရောင်တာနဲ့ တွဲနေသူလဲရှိတယ်။

လူအတော်များများ အသည်းအဆီဖုံးရောဂါ ရှိနေပေမဲ့ လူကောင်းလိုနေကြသေးတယ်။ စမ်းသပ်တဲ့အခါ အသည်း ကြီးနေတာ တွေ့ရနိုင်တယ်။ အသည်းလုပ်ငန်းကိုသိဘို့ သွေးစစ်ရင် Alanine transaminase (ALT) နဲ့ Aspartate aminotransferase (AST) ခေါ်တဲ့ အသည်းမှာ (အင်ဇိုင်းမ်) တွေ များနေမယ်။ (ALT) နဲ့ (AST) (အင်ဇိုင်းမ်) တွေ များနေတာကအသည်းရောဂါ ရမှသာ ဖြစ်တာမဟုတ်ပါ။ ကြွက်သားရောဂါ ကြောင့်လဲရစေတယ်။ CT scan နဲ့ MRI လုပ်ရင် ပိုသိနိုင်တယ်။ Liver biopsy အသည်းက အသားစထုတ်ယူစစ်ဆေးမှ ရောဂါရှိတာသေချာမယ်။

●​ရောဂါလက္ခဏာများ
• အသည်းနေရာတချို့မှာနာနေတယ်။ သူ့ကိုဖိကြည့်ရင် နာမယ်။
• အားယုတ်မယ်။ အစားပျက်မယ်။
• အသား-ဆီးဝါနေမယ်။
• ကိုယ် (ဗိုက်-ခြေထောက်) ရောင်နိုင်တယ်။

●သတိပြုရန်
•ဆရာဝန်ထံသို့သွား​ရောက်ပြသပါ။ဆရာဝန်ညွှန်ကြား​ချက်အတိုင်းလိုက်နာ​ဆောင်ရွက်ပါ။✅

ပိုဆိုးလာရင် အသည်း (ဆဲလ်) တွေ သေတော့ အမာရွတ် ဖြစ်တာကြောင့် အသည်းခြောက် ရောဂါ ဖြစ်လာမယ်။ ပြန်မကောင်းတော့ပါ။ အသည်းအစားထိုးရမယ်။
ဆေးမကုဘဲနေရင် တချိန်မှာ ဦးနှောက် ထိခိုက်တာ ဖြစ်လာနိုင်တယ်။
အရက်ကြောင့်ဖြစ်တဲ့ အသည်းခြောက်နေသူတွေထဲက ၁ဝ% ဟာတချိန်မှာ အသည်းကင်ဆာ ဖြစ်လာနိုင်တယ်။

အရက်ကြောင့်မဟုတ်ပဲဖြစ်ရတဲ့ အသည်းအဆီဖုံးရောဂါကနေ အသည်းရောဂါမဖြစ်တာ ၈ဝ% ရှိတယ်။ ၂ဝ% ကတော့ (NASH) ဖြစ်မယ်။ အဲဒီ NASH ထဲက ၂ဝ-၃ဝ% ဟာ အသည်းခြောက်တာနဲ့ အသည်းမကောင်းတော့တာတွေ ဖြစ်လာနိုင်တယ်။

ဘာလို့ဖြစ်သလဲကိုသိမှ ကုသတာမှန်မယ်။ ရိုးရိုးအသည်းအဆီဖုံးတာကို ကုစရာမလိုပါ။ Steatosis ကြောင့်ဖြစ်ရင် ပြန်ကောင်းနိုင်တယ်။ ဖြစ်လာမှတော့ နဂိုလို ပြန်မရောက်နိုင်တာများတယ်။ ရောဂါဖြစ်နေတာ နှေးအောင် လုပ်လို့တော့ ရတယ်။ အစောပိုင်းအဆင့် အစားအသောက် ဆင်ခြင်တာ၊ လူနေပုံ ပြင်တာနဲ့ ပြန်ကောင်းနိုင်တယ်။

●လိုက်နာရန်အချက်များ
• ကိုယ်အလေးချိန် လျှော့ချပါ။
• ကိုယ်လက်-လေ့ကျင့်ခန်းလုပ်ပါ။
• အဆီလျှော့စားပါ။ အချိုပါ လျှော့စားပါ။
• အရက်ဖြတ်ပါ။
• ဆားခါး၊ ဗီတာမင် စီနဲ့ အီးတွေကအထောက်အကူပေးနိုင်တယ်။
• ဆန်လုံးညို၊ သိပ်ဖြူစင်အောင်ချွတ်မထားတဲ့ အစေ့အဆီတွေကကောင်းတယ်။
•အသီးတွေနဲ့ အသီးအရွက်တွေကိုနေ့တိုင်းစားပါ။
•နွားနို့ထဲမှာအဆိပ်ပျယ်ဓါတ်ပါလို့ ကောင်းတယ်။
•(စတိရွိုက်)ဆေး၊ ကြီးထွားဆေး၊ ပဋိဇီဝဆေးတွေ မပါတဲ့ အသားငါးသာရွေးစားပါ။
•​ရေများများ​သောက်ပါ။

●​ရှောင်ရန်အချက်များ
•Phytic acid ပါနေလို့ ဂျုံကမကောင်းပါ။
• ပေါင်မုံ့ဖြူ၊ ကြက်ဥခေါက်ဆွဲ၊ ကိတ်မုံ့၊ သွားရည်စာတချို့တွေကိုရှောင်ပါ။
• ကြာကြာကျော်ထားတဲ့အစာတွေ၊ နှစ်ခါပြန်ကြော်တာတွေ၊ အဆီများအစာတွေ၊ စက်ရုံကနေ ပြုပြင် ထုပ်ပိုးထားတဲ့ အစာတွေ ရှောင်ပါ။
• ဝက်အူတောင့်၊ (ဟော-ဒေါ့ခ်) မတည့်ပါ။
• ကြက်ဥနည်းနည်းသာစားပါ။
• အချိုရည်၊ ကော်ဖီ၊ အရက်ပါအရည်တွေ မတည့်ပါ။
• အမဲသား၊ ဝက်သားနဲ့စာရင် ကြက်သားကတော်သေးတယ်။

ဗိုက်ဖေါင်းတာဟာ ဖျင်းခေါ် ဗိုက်ထဲမှာ အရည်ပိုတွေအောင်းတာဖြစ်တယ်။ လိုအပ်ရင်ဖေါက်ထုတ်ရတယ်။ ဆေးတွေလိုမယ်။ ဗီတာမင် ဘီ-၁ နဲ့ တခြားဗီတာမင်တွေလိုနိုင်တယ်။ ပိုတက်ဆီယမ်ဓါတ်ဆား လိုနိုင်တယ်။ ဆီးသွားစေတဲ့ဆေးလိုနိုင်တယ်။ အနာသက်သာဆေး လိုနိုင်တယ်။

Credit ဒေါက်တာတင့်ဆွေ

Ischemic Heart Disease နှလုံးသွေးကြောကျဉ်း​ရောဂါနှလုံးဟာ ခန္ဓာကိုယ်တခုလုံးကို သွေးလည်ပတ်စီးဆင်းဖို့ လုပ်ဆောင်ပေးတဲ့ သွေး...
23/04/2022

Ischemic Heart Disease နှလုံးသွေးကြောကျဉ်း​ရောဂါ

နှလုံးဟာ ခန္ဓာကိုယ်တခုလုံးကို သွေးလည်ပတ်စီးဆင်းဖို့ လုပ်ဆောင်ပေးတဲ့ သွေးညှစ်စက်တခုပဲဖြစ်ပါတယ်။ လူ့သက်တမ်း တလျှောက်လုံး မရပ်မနား စည်းချက်မှန်မှန် အချိန်ပြည့် လုပ်ဆောင်နိုင်အောင် နှလုံးကြွက်သားအတွက် အောက်စီဂျင်နဲ့ အာဟာရကို နှလုံးသွေးကြော (ကိုရိုနရီ) များက ထောက်ပံ့ပေးနေရပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် နှလုံးသွေးကြောများဟာ ကျဉ်းမြောင်းလာပြီး နှလုံးကြွက်သားအတွက် အောက်စီဂျင်နဲ့ အာဟာရကို လုံလောက်စွာ မထောက်ပံ့နိုင်တော့တဲ့အခါ နှလုံးသွေးကြောကျဉ်း လက္ခဏာများ ပေါ်ပေါက်လာပါတယ်။

နှလုံးသွေးကြော ကျဉ်းစေသော အဓိက အချက်(၃)ချက်မှာ
(၁) သွေးတိုးရောဂါ (Hypertension)
(၂) သွေးတွင်း ကိုလက်စထရော များခြင်း (Hypercholesterolaemia)
(၃) ဆေးလိပ်သောက်ခြင်းတို့ဖြစ်ပါတယ်။

နှလုံးသွေးကြော ကျဉ်းစေသော အခြား အကြောင်းများကတော့ ဆီးချိုသွေးချိုရောဂါ၊ စိတ်ဖိစီးမှုများခြင်း၊ အဝလွန်ခြင်း၊ လှုပ်ရှားမှုနည်းသော ထိုင်၍ အလုပ်လုပ်ကိုင်ရခြင်းတို့ဖြစ်ပါတယ်။

အဲဒီအကြောင်းတွေကြောင့် သွေးကြောရဲ့ အတွင်းနံရံဟာ အနည်ကျ စုပုံ ထူအမ်းလာပြီး ကျဉ်းမြောင်းလာတယ်။ အနည်ကျ စုပုံတဲ့အထဲမှာ ကိုလက်စထရော၊ ကယ်လ်စီယမ်၊ ဆဲလ်သေအစအနတွေ၊ သွေးမွှားဥများများပါတယ်။ အနည်ကျစုပုံခဲဟာ သွေးကြောနံရံမှ ပြုတ်ထွက်ပြီး သွေးကြောတနေရာမှာပိတ်တတ်တယ်။ နှလုံးသွေးကြောမှာ ပိတ်မိရင် နှလုံးပုပ်ခြင်း၊ ဦးနှောက်သွေးကြောပိတ်ရင် လေဖြတ်ခြင်း (Stroke)၊ ခြေလက်ရှိသွေးကြောများ ပိတ်ရင် နာကျင်ခြင်း၊ အသားပုပ်ခြင်းတို့ ဖြစ်တတ်ပါတယ်။

Angina Pectoris နှလုံးသွေးကြောကျဉ်း ရောဂါလက္ခဏာများ
ရင်ဘတ်အောင့်ခြင်း၊ ရင်ဘတ် အလယ်တွင် တင်းကျပ်စွာ ခံစားရခြင်း၊ လေးလံနေခြင်း၊ ရင်ပူခြင်း ရံဖန်ရံခါ ဘယ်ဘက် ပုခုံးနဲ့ ဘယ်ဘက်လက်မောင်း၊ လည်ပင်းနှင့် မေးစေ့တဝိုက် ပြန်နှံ့နာကျင် တတ်တယ်။ ရင်ဘတ်အောင့်ခြင်းဟာ ရုတ်တရက် ပြေးလွှားခြင်း၊ အားစိုက်အလုပ် လုပ်ရခြင်းကြောင့် ဖြစ်ပေါ်တတ်ပြီး အများအားဖြင့် စက္ကန့် (၃ဝ) ကနေ (၅) မိနစ်ထိ ကြာတတ်တယ်။ အသက်ရှူမြန်ခြင်း၊ အသက်ရှူကြပ်သကဲ့သို့ ခံစားရခြင်း၊ မူးဝေလာခြင်း၊ ပျို့အန်ခြင်း၊ အလွန်အမင်း ချွေးထွက်လာခြင်း၊ ရင်ဘတ်အောင့်ခြင်း မသက်သာပါရင် နှလုံးသွေးကြောပိတ်ခြင်း (Heart Attack) ဖြစ်နိုင်တယ်။

ရောဂါစမ်းသပ်စစ်ဆေးချက်များ
• Exercise Electrocardiogram (ECG) ရိုက်ခြင်း၊
• Cardiac Catheterization ပိုက်အသေးစား တမျိုးအား ခြေထောက် (သို့) လက်မောင်း သွေးကြောမှတဆင့် နှလုံးသွေးကြောသို့ ရောက်အောင်လုပ်ပြီး ဆိုးဆေးတမျိုး ထုတ်လွှတ်ပြီး ဓါတ်မှန်ရိုက်ကြည့်ခြင်း၊
• ရင်ဘတ်ဓါတ်မှန် ရိုက်ခြင်းဖြင့် နှလုံးအခြေအနေကို ကြည့်ခြင်း၊
• သွေးတွင်း ကိုလက်စထရော စစ်ဆေးခြင်း၊ ဆီးချိုသွေးချို စစ်ဆေးခြင်း၊ တို့ ပြုလုပ်ရန် လိုအပ်တယ်။

ဆေးဝါးတွေကို ဆရာဝန် ညွှန်ကြားသည့်အတိုင်း လိုက်နာသောက်သုံးပါ။

လိုက်နာရမည့်အချက်များ
တိရိစ္ဆာန်အဆီများ၊ ဝက်သား၊ အမဲသား၊ ဆိတ်သား၊ ကြက်ဥ၊ မလိုင်ပါ နွားနို့နှင့် နို့ထွက်ပစ္စည်းများစတဲ့ ကိုလက်စထရော ကြွယ်ဝတဲ့အစားအစာတွေကိုရှောင်ပါ။

ဟင်းသီးဟင်းရွက်အသီးအနှံများ၊ မလိုင်ထုတ်ထားတဲ့နွားနို့၊ ငါး၊ ကြက်ဘဲအသား၊ ဂျုံ၊ ပြောင်း၊ လူးဆပ်၊ အနှံများ စားသုံးပါ။ သ​ဘော်သီးမှည့် စားသုံးပါ။

ဆေးလိပ်ဖြတ်ပါ၊ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဆောင်ပါ၊ သွေးတိုးနဲ့ ဆီးချို ရောဂါရှိရင် စနစ်တကျကုသနေပါ၊ စိတ်ဖိစီးမှုတွေကို ရှောင်ကြဉ်ရန်။ ကိုယ်အလေးချိန် လျှော့ချပါ။

Credit Dr Tint Swe

Address

Pakokku

Website

Alerts

Be the first to know and let us send you an email when SEIN GYI《2》Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram