ေရႊအိမ္သူ

ေရႊအိမ္သူ ကျန်းမာရေးဗဟုသုတများမျှဝေရာ

31/01/2025

ဒူးနာတာကို သက်သာစေဖို့~~~~~~~

ဒူးနာခြင်းက နေ့စဉ်ဘဝ နေထိုင်မှုနှင့် လှုပ်ရှားမှုများမှာ အလွန်အနှောင့်အယှက်ဖြစ်စေပါတယ်။အသက်အရွယ်ရလာတဲ့လူတိုင်းမှာ ဖြစ်တတ်တဲ့ အများဆုံးတွေ့ရသော ဝေဒနာထဲက တစ်ခုက ဒူးနာခြင်းပါ။ လမ်းလျှောက်ရင်း ဒူးက မျက်ခနဲ ဖြစ်တတ်ခြင်း၊ လှေကား အတက်အဆင်းမှာ နာသွားတတ်ခြင်း၊ အထိုင်အထတွေမှာ ခက်ခဲပြီး ဒူးနာကျင်တတ်ခြင်း၊ လမ်းလျှောက်မရ ဖြစ်တတ်ခြင်းတို့က ဒူးနာခြင်းရဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပါတယ်။ လှုပ်ရှားသွားလာတဲ့အချိန် နှင့် ညအိပ်ရာဝင်ချိန်မှာ ဒူးနာလေ့ရှိပြီး နားလိုက်ရင်တော့ အနည်းငယ်သက်သာသွားတတ်တာကိုလည်း တွေ့ရှိရတတ်ပါတယ်။

ဘာကြောင့် ဒူးနာရသလဲ?
ဒူးနာခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေက အများကြီးရှိတဲ့ထဲကမှ အဖြစ်များတဲ့ အကြောင်းရင်းတွေကတော့ –

▪️အရိုးနဲ့ အဆစ်အမြစ်ရောင်ခြင်း
အရိုးနဲ့ အဆစ်အမြစ်ရောင်ခြင်း (Osteoarthritis) ကြောင့် ဒူးနာတတ်ပါတယ်။ ဒီရောဂါကို အဆစ်အမြစ်များ ယိုယွင်းပျက်စီးရောင်ရမ်းခြင်းလို့လည်း ခေါ်ပြီး အချိန်ကြာမြင့်လာတာနဲ့အမျှ ဒူးဟာ ကွေးနိုင်ဆန့်နိုင်စွမ်း တဖြည်းဖြည်းနည်းလာပြီး တောင့်တင်းနာကျင်လာတတ်သလို ဒူးမျက်နှာပြင်ကလည်း ထိခိုက်ပျက်စီးလာတတ်ပါတော့တယ်။

▪️လေးဖက်နာအဆစ်ရောင်ရောဂါ
ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကနေ ကိုယ်ပိုင်တစ်ရှုးတွေကို ပြန်တိုက်ခိုက်တဲ့အခါ လေးဖက်နာအဆစ်အမြစ်ရောင်ရောဂါ (Rheumatoid arthritis) လို့ခေါ်တဲ့ဖြစ်လာရပါတယ်။ ဒူးအပါအဝင် ခန္ဓာကိုယ်ရဲ့ ဘယ်အဆစ်မှာမဆို ဖြစ်နိုင်တဲ့ လေးဖက်နာကြောင့် မကြာမကြာ ဒူးနာတတ်ပါတယ်။

▪️ဂေါက်ရောဂါ
ဂေါက်ရောဂါကြောင့်လည်း ပြင်းထန်စွာ ဒူးနာခြင်း၊ နီရဲရောင်ရမ်းခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ ဂေါက်ရောဂါကြောင့် လှုပ်ရှားလို့ သိပ်မကောင်းတော့ဘဲ မကြာခဏ အဆစ်တွေ နာတတ်၊ ရောင်ရမ်းစေတတ်ပါတယ်။

▪️အရွတ်စုတ်ပြဲခြင်း
ပေါင်ရိုးနဲ့ ခြေသလုံးရိုးတို့ကို ဆက်သွယ်ချိတ်ဆက်ပြီး ဒူးဆစ်ကို ပံ့ပိုးပေးထားတဲ့ အရွတ်တွေ စုတ်ပြဲရင်၊ အလွန်အကျွံ ဆွဲဆန့်ခံရရင် ဒူးနာနိုင်ပါတယ်။

▪️အရိုးနု စုတ်ပြဲခြင်း
ပေါင်ရိုးနဲ့ ခြေသလုံးရိုးတို့ကြားမှာရှိတဲ့ အရိုးနုလေး စုတ်ပြဲသွားရင်လည်း ဒူးနာနိုင်ပါတယ်။ ဒူးကို ပံ့ပိုးထောက်မ ပေးထားတဲ့ အရိုးနု နှစ်ခု ရှိပြီး အရိုးနုရှိလို့သာ ပေါင်ရိုးနဲ့ ခြေသလုံးရိုးတို့အကြား ပွတ်တိုက်မှု မရှိဘဲ ကွေးနိုင်ဆန့်နိုင်တာ ဖြစ်ပါတယ်။ ဒီအရိုးနုလေးတွေက ရုတ်တရက် လှုပ်ရှားမှုတွေ၊ ဒဏ်ဖြစ်တာတွေ ကြောင့် စုတ်ပြဲသွားနိုင်ပါတယ်။

▪️ကိုယ်အလေးချိန် များနေခြင်း
ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေတာ ဒါမှမဟုတ် အဝလွန်နေတာဟာ ဒူးကို ဝန်ပိစေတဲ့အတွက် ဒူးနာဖို့ အလေးသာစေတဲ့အချက်တစ်ချက် ဖြစ်ပါတယ်။ လမ်းလျှောက်တာ၊ လှေကားအတက်အဆင်းလုပ်တာ၊ မတ်တပ်ထရပ်လိုက်တာ စတဲ့ နေ့စဉ်ဘဝရဲ့ ပုံမှန်လှုပ်ရှားမှုတွေမှာတောင် မျက်ခနဲ၊ ဂျွတ်ခနဲ ထိခိုက်သွားနိုင်ပါတယ်။

▪️ကြွက်သားတောင့်တင်းနေခြင်း
ကြွက်သားတွေ တောင့်တင်းပြီး သန်မာမှုအားနည်းနေတာက ဒူးနာခြင်း ဖြစ်နိုင်ခြေ ပိုများစေတဲ့ အကြောင်းရင်းတစ်ခု ပါပဲ။ ကြွက်သား သန်မာမှသာ အရိုးအဆစ်တွေကို တည်ငြိမ်အောင် ထိန်းပေးပြီး ကာကွယ်ပေးနိုင်မှာ ဖြစ်သလို ကြွက်သားတွေတောင့်တင်းမနေဘဲ လှုပ်ရှားရလွယ်၊ ပေါ့ပါးနေမှ လှုပ်ရရှားရကောင်းမယ်လေ။..............................
ဒူးနာခြင်းကို သက်သာစေဖို့ ဘာလုပ်သင့်သလဲ?

~မလှုပ်မရှားဘဲ မနေပါနဲ့
နာနေတဲ့ဒူး/ခြေထောက်ကို ညှာပြီး အနားပေးလွန်းရင်လည်း အဆစ်နာပိုဆိုးစေနိုင်ပါတယ်။ အရမ်းလှုပ်ရှားပေးဖို့မလိုပေမယ့် ပုံမှန်လှုပ်ရှားမှုတော့ရှိသင့်ပါတယ်။ ဒူးနာအတွက် သက်သာစေမယ့်ခပ်ဖြည်းဖြည်း လေ့ကျင့်ခန်း တွေရှိတာကြောင့် ဒူးကို အရမ်းအားမပြုရဘူး၊ ဝန်မပိစေဘူးဆိုရင် လှုပ်ရှားလို့ရပါတယ်။

~ဒူးစွပ် စွပ်ပါ။
ဒူးစွပ် စွပ်ထားတဲ့အခါ ဒူးကိုဝန်ပိတာ သက်သာစေပြီး ဒူးဆစ်ရဲ့ လှုပ်ရှားလုပ်ဆောင်နိုင်စွမ်းကို အထောက်အကူ ဖြစ်စေမှာပါ။ မကြာမကြာ ဝတ်လိုက်၊ ချွတ်လိုက် လုပ်ပေးပါ။ အမြဲစွပ်ထားဖို့တော့ မလိုပါဘူး။

~အကိုက်အခဲပျောက်ဆေး သောက်ပါ၊ လိမ်းပါ၊ ဆေးပလာစတာကပ်ပါ။
နာကျင်မှု သက်သာစေဖို့ အကိုက်အခဲပျောက်ဆေး သောက်လို့ရပါတယ်။ ဒါပေမယ့် အစာအိမ်ရောဂါ၊ အသည်းရောဂါ၊ စတဲ့ ရောဂါအခံတွေ ကိုယ့်မှာ ရှိနေရင် ဆရာဝန်နဲ့ ပြပြီးမှ ဆေးညွှန်းအတိုင်း သောက်တာ ကောင်းပါတယ်။ အကိုက်အခဲပျောက်လိမ်းဆေးတွေကတော့ ဘေးထွက်ဆိုးကျိုးပိုနည်းလို့ ပိုအဆင်ပြေပါတယ်။ ပရုတ်အေးပလာစတာကပ်ပေးတာမျိုးကလည်း ကြွက်သားတွေကို ပြေလျော့စေပြီး နာကျင်မှုလျော့ပါးစေပါတယ်။

~ကိုယ်အလေးချိန် လျှော့ပါ။
ကိုယ်အလေးချိန်များနေတဲ့သူတွေဟာ ထိုက်သင့်သလောက် ကိုယ်လက်လှုပ်ရှားမှုလုပ်တာ၊ အစားဆင်ခြင်တာတွေနဲ့ အဆီချသင့်ပါတယ်။ ဒါမှ ဒူးဆစ်နဲ့ ခန္ဓာကိုယ်အပေါ် သက်ရောက်နေတဲ့ဝန်တွေ လျော့ပါးစေမှာဖြစ်ပါတယ်။

~လေ့ကျင့်ခန်း လုပ်ပါ။
နာရီအတော်ကြာ ထိုင်နေပြီးတဲ့အခါ မိနစ် ၃၀လောက် တစ်ကြိမ် လမ်းခဏထလျှောက်တာ၊ ဒါမှမဟုတ် ထိုင်လျက်ကနေ ခြေထောက်လှုပ်ရှားပေးတာ (ဒူးဆစ်လှုပ်ရှားမှု အနည်းငယ် ပါအောင် ဟိုလှုပ်ဒီလှုပ် ဆိုလည်းရပါတယ်) မျိုး လုပ်သင့်ပါတယ်။ ဒူးနာသူတွေ လုပ်သင့်တဲ့ လေ့ကျင့်ခန်းတွေ လုပ်လို့ရပါတယ်။

~ရေနွေးအိတ် ကပ်ပါ။

နာကျင်ကိုက်ခဲမှု နဲ့ ရောင်ရမ်းမှုတွေကို ခဏတာ သက်သာစေဖို့ ရေနွေးအိတ် ကပ်ပေးပါ။ သိပ်ပူနေတယ်ဆိုရင် အဝတ်ပါးလေးခံပြီး ကြပ်ထုပ်ထိုးသလို အနွေးကပ်ပေးပါ။.......................................
ဒူးနာသော ဝေဒနာခံစားရရင် ဘာတွေရှောင်ကြဉ်ရမလဲ?

ဆောင့်ကြောင့်ထိုင်တာ၊ ခြေထောက်ချိတ်ထိုင်တာ၊ လှေကားတက်တာတွေ ရှောင်ကြဉ်ရပါမယ်။ မလွှဲသာလို့ လှေကားတက်ရမယ် ဆိုလည်း တည့်တည့်တက်တာထက် ဘေးလေးစောင်းပြီး ဖြည်းဖြည်းချင်း တက်သင့်ပါတယ်။

နေ့စဉ်ဘဝမှာ ကောင်းမွန်စွာဖြတ်သန်းပြီး ကျန်းမာနေဖို့ အဓိက ဖြစ်လို့ ရောဂါဝေဒနာတွေမခံစားရခင်မှာ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ကာ ကြိုတင်ကာကွယ်နေထိုင်ပြီး နီးစပ်ရာ ဆရာဝန်များနှင့် ပုံမှန်ကျန်းမာရေးစစ်ဆေးကာ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Reference Source >>> https://bit.ly/3xpCeCP

#ဒူးနာခြင်း

31/01/2025

ခေါင်းကိုက် ခါးနာပျောက်ဆေး "သင်္ဘောရွက်နှင့် ထန်းလျှက်ခဲ"

ခါးတွေအရမ်းနာ ခေါင်းတွေလဲတအားကိုက်တော့ အင်္ဂလိပ်ဆေးတွေလဲ ခဏခဏ မသောက်ချင်တော့ဘူးဆိုပြီး အိမ်တွင်းဆေးလေး လုပ်ကြည့်တယ် ။

သင်္ဘောရွက်လေးတရွက် ခူးလာပြီး ရေနွေးဆူဆူမှာ ထည့်ပြုပ်လိုက်တယ်။ ပြီးတော့ (၃) မိနစ်လောက်ရရင် ထန်းလျှက်ခဲလေး (၃) လုံးလောက် ထည့်ကျို လိုက်ပြီး (၃) မိနစ်လောက် ထပ်ကျိုပြီးရင် အရည်ကျလာပီ အဲဒီတော့ ဖန်ခွက်အကြီးနဲ့ ကိုယ်သောက်နိုင်သလောက်ထိ သောက်ပါ။

သောက်ပြီး (၁၀)မိနစ်လောက်နေတော့ ဆီးခဏခဏသွားလာတယ်။

ခေါင်းကိုက်တာလဲ ပျောက်လာပြီး ခါးနာတာတွေလဲ သက်သာသွားတယ်။

#ကျန်းမားရေးဗဟုသုတ

Address

Pakokku
UP

Telephone

+959960814063

Website

Alerts

Be the first to know and let us send you an email when ေရႊအိမ္သူ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram