Nay Plus Pharmacy

Nay Plus Pharmacy Where happiness comes true ....!

28/07/2016

“ကျန်းမာရေး” အမေးအဖြေကဏ္ဍမှာ မေးလာတဲ့ “ သွေးပေါင်ကျပြီး ခေါင်းမူးတတ်တဲ့သူများအတွက် ဆောင်ရန်/ရှောင်ရန်များ” ကို အားလုံးသိရအောင် ဝေမျှပေးလိုက်ပါတယ်။
=================
(၁) ဆားပါတဲ့အစာတွေ စားပေးပါ။
(၂) အချိုရည်များများ သောက်ပေးပါ။
(၃) အရက်ယမကာကို လျော့ပါ။
(၄) ပူအိုက်တဲ့ အချိန်မျိုးနဲ့ နေမကောင်းဖြစ်ချိန်တွေမှာ အရည်ကို ပိုသောက်ပေးပါ။
(၅) ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပေးခြင်းဖြင့်
သွေးလည်ပတ်မှု ကောင်းပါစေ။
(၆) ထိုင်နေရာမှ၊ အိပ်စက်လှဲလျောင်းနေရာမှ ရုတ်တရက် ဆတ်ခနဲ ထခြင်းမျိုးမှ ရှောင်ပါ။
(၇) အလေးပင်တွေ မ,မရပါ။
(၈) ရေနွေးနဲ့ ရေအကြာကြီး စိမ်ချိုးတာမျိုး ရှောင်ပါ။
(၉) အစာကို နဲနဲချင်းစီ ခဏခဏ ခွဲစားပါ။

'tforlowbloodpressure

28/07/2016
28/07/2016

ဗိုက်ခေါက်ထူသူများ တစိလအတွင်းသိသာမည့် သံပုရာ ပျားရည်
ပြုလုပ်နည်း
၁. သံပုရာသီးကိုဆားဖြင့် ၂၀မိနစ်နယ်ပါ
၂. ဆားများကိုရေပြန်ဆေးပါ
၃. ပါးပါးလှီးပါ
၎. အစေ့ထုတ်ပါ
၅. ဖန်ပုလင်းထဲ သံပုရာတစ်ပြားထည့် ပျားရည်စစ်စစ်တစက်ထည့် နောက်တစ်ပြားထည့် ပျားရည်နောက်တစ်စက်ထည့် ပျားရည်နဲ့ သံပုရာထည့်လို့ကုန်ရင် အဖုံးပိတ် ရေခဲသေတ္တာထဲထည့်
၆. ၃ရက်ကြာရင် စစားလို့ရပါပြီ
၇. မနက်အိပ်ယာနိုး ဘာမှမစားရသေးခငိ တစ်ပြားစား ညအိပ်ရာဝင် တပြားစား

စားနည်း
၁. ပျားသံပုရာတစ်ပြားကို ရေခွက်ထဲထည့်ပါ
၂. သံပုရာကွင်းကိုမြုပ်ယုံလေး ရေနွေးဖြူထည့်ပါ
၃. သောက်လို့ရလောက်အောင်အေးလာလျှင် အရည်ကိုသောက်၍ အဖတ်ပါဝါးစား၍ရပါသည်

စာကြွင်း
ပျားရည်နှင့် သံပုရာသီး စစ်စစ်ဖြစ်ရပါမည်
မနက်မိုးလင်းဘာမှမစားခင်နှင့် ညဘက်ဘာမှမစားတော့ဘူးဆိုတာသေချာပြီဆိုလျှင်မှစားပါ

14/07/2016

နနွင်း နှင့် ပျောက်စေနိုင်သောရောဂါအချို့ #ဘီပိုး စီပိုး

#သွေးသန့်သွေးအားကောင် #သွေးတိုးကျဆေး #အသည်းဆေး #နှလုံးအားတိုးဆေး #ယားနာပျောက်ဆေး #ပန်းနာရင်ကျပ် #ကင်ဆာ #ဆီးပူဆီးအောင့် #လေထိုးလေအောင့် #အစာအိမ်နာ

ကျွန်တော်တို့ နေ့စဉ်နေ့တိုင်း စားသုံးနေကြသော ဟင်းလျာ အစားအစာများ ထဲတွင် နနွင်းသည် မပါမဖြစ် မရှိမဖြစ် လိုအပ်သော မြေအောက်ပင်စည် Rhizome ခေါ် ဟင်းခတ် အမွှေးအကြိုင် တစ်မျိုး ဖြစ်သည်။

နနွင်းကို ကျွန်တော်တို့ မြန်မာနိုင်ငံတွင်သာ မကဘဲ အရှေ့တောင်အာရှ နိုင်ငံများ တွင်လည်း ဟင်းခတ် အမွှေးအကြိုင် အဖြစ်ရော၊ တိုင်းရင်းဆေးဝါး အဖြစ်ပါ စိုက်ပျိုး ခဲ့ကြပါတယ်။

နနွင်းကို လွန်ခဲ့သော နှစ်ပေါင်း ၄ဝဝဝ ကျော် ကပင် တရုတ် တိုင်းရင်းဆေးဝါးများ အဖြစ် အသုံးပြုခဲ့ ကြပါတယ်။ ကျွန်တော်တို့ မြန်မာ တိုင်းရင်းဆေးဝါးများ ကိုလည်း ရှေးမြန်မာ ဘုရင်များ လက်ထက် ကတည်းက နနွင်းကို ထည့်သွင်း အသုံးပြုခဲ့ ကြပါတယ်။

နနွင်းကို စားသုံးခြင်း အတွက် အသားအရေကို လှပစေခြင်း၊ အရွယ်တင် နုပျိုစေခြင်းတို့ အပြင် အိုမင်း ရင့်ရော်မှုကိုပါ ကာကွယ် ပေးစေပါတယ်။

မြန်မာ့ တိုင်းရင်းဆေးဝါး များတွင်လည်း နနွင်းကို သောက်ဆေး၊ လူးဆေး၊ လိမ်းဆေးအဖြစ် အသုံးပြုခဲ့ ကြပါတယ်။

အကြောတင်၊ အကြောညပ်၊ အဆစ်ရောင်၊ အဆစ်ကိုက်၊ ထိခိုက်ရှနာများ အတွက် နနွင်းကို အကျိုးရှိစွာ သုံးပေးလျှင် သက်သာ ပျောက်ကင်းစေနိုင် ပါတယ်။

ဆီးပူ ဆီးအောင့်၊ လေထိုး လေအောင့် ခြင်းများကိုလည်း ထုံးနှင့် နနွင်း ရောစပ်၍ လိမ်းပေးပါက သိသိသာသာ ပျောက်ကင်း စေပါတယ်။

ထို့အပြင် နနွင်းသည် ဗက်တီးရီးယား ပိုးမွှားများကိုလည်း တွန်းလှန်နိုင်သည့် အာနိသင် စွမ်းအားများလည်း ပါရှိပါ သည်။

နနွင်းဖြင့် ဖော်စပ်ထားသော ဆေးဝါးများတွင်လည်း ကုသနိုင်သော ရောဂါများမှာ အစာအိမ်ရောဂါ၊ အသည်းနှင့် ပတ်သက်သော ရောဂါများ၊ ကင်ဆာရောဂါ၊ အူမကြီး ကင်ဆာ၊ ခန္ဓာကိုယ် အစိတ်အပိုင်းတွင် ဖြစ်ပေါ် နေသော ကင်ဆာ အမျိုးမျိုးတို့၏ ပျံ့နှံ့မှုကိုလည်း တားဆီး ကာကွယ် ပေးနိုင်ပါတယ်။

အစာအိမ်နာ ရောဂါကို ကုသရာမှာလည်း နနွင်းဟာ အကျိုး သက်ရောက်မှုကို အကောင်း ဆုံး ပေးနိုင်ပါတယ်။

အယ်လ်ဇိုင်းမားခေါ် ဦးနှောက်တွင် အကျိတ် တည်သည့် နာကျင်ကိုက်ခဲနေသည့် ဝေဒနာ ရှင်များအား နနွင်းကို အသုံးပြု၍ ကုသခဲ့ရာ ၎င်း ဝေဒနာရှင်ကို သက်သာ စေသည့် အပြင် မှတ်ဥာဏ်များလည်း ပြန်လည် ဖွံ့ဖြိုး တိုးတက် စေခဲ့ပါတယ်။

နနွင်းသည် သွေးကြော နံရံများ၏ ပြည့်ဝဆီများ တည်ဆောက်မှုကို မဖြစ်ပေါ်စေရန် ကာကွယ်ပေးပြီး မကောင်းသည့် ကိုလက်စထရော အဆီများကို လျှော့ချ ပေးခြင်းဖြင့် နှလုံး ဝေဒနာရှင်များ ရုတ်တရက် နှလုံးတိုက်ခိုက်မှုကို လျှော့ချ ပေးနိုင်ပါတယ်။

ဒါ့အပြင် နှလုံးရောင်ရမ်းခြင်း၊ နှလုံးကြီးထွားခြင်း တို့ကို သက်သာစေနိုင်ပြီး နှလုံး ဖိစီးမှု ခံစားနေရသည့် ရောဂါ ဝေဒနာရှင်များ၊ နှလုံး၏ စွမ်းဆောင်ရည် ကျဆင်းနေ သည့် ရောဂါ ဝေဒနာရှင်များ အတွက် နနွင်းသည် အထက်မြက်ဆုံးသော ဆေးစွမ်းကောင်း တစ်လက် ဖြစ်ပါသည်။

ဆီးချိုရောဂါ ဝေဒနာရှင်များ အတွက်လည်း နနွင်းသည် မရှိမဖြစ် လိုအပ်သော ဆေးဝါး ဖြစ်ပါတယ်။ ဆီးချိုရောဂါ ဝေဒနာ ရှင်များ အတွက်ကတော့ နနွင်းဟာ သွေးအတွင်းမှ သကြားဓာတ် ပါဝင်မှု နှုန်းထားကို သဘာဝ အတိုင်း ရရှိစေရန် ဆောင်ရွက် ပေးနိုင်ပါတယ်။

နောက်ပြီး ဆီးချို ရောဂါကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်စေနိုင်တဲ့
မျက်စိ အမြင်လွှာများကို ပျက်စီးစေခြင်း၊ အမြင်အာရုံများ ချို့ယွင်းထိခိုက် ပျက်စီးစေခြင်း၊ မျက်ရည်ပူများ ကျဆင်းခြင်းတို့ ဒဏ်မှလည်း နနွင်းက အကောင်းဆုံး အကာအကွယ် ပေးနိုင်ပါတယ်။

ကျွန်တော်တို့ နေ့စဉ် စားသုံးနေသော နနွင်းဟာ ရှေးမြန်မာ ဘုရင်များ လက်ထက်တွင် မကဘဲ ယနေ့ အချိန်အထိ မြန်မာ တိုင်းရင်းဆေးဝါးများ ထဲတွင် ထည့်သွင်း အသုံးပြုခဲ့ ကြပါတယ်။

သွေးတိုးကျဆေး၊ အသည်းဆေး၊ နှလုံးအားတိုးဆေး၊ ယားနာပျောက်ဆေး၊ ပန်းနာရင်ကျပ်ကမှ အစ အလုံး စုံသော တိုင်းရင်းဆေးဝါး များတွင် နနွင်းသည် မပါမရှိ ဖြစ်ခဲ့ပါတယ်။

ဒါ့ကြောင့် နနွင်းဟာ ကျွန်တော်တို့နဲ့ အနီးစပ်ဆုံး ဆေးတစ်လက် ဖြစ်ပါတယ်။ နောက်ဆုံး ကုန်ကုန်ပြောရရင် ဓားရှ၊ ပုလင်းကွဲရှ၊ သံစူး၊ ငြောင့်စူး တာတို့တောင် အနာကို ရေစင်အောင် ဆေးကြောပြီး နနွင်းမှုန့် ထည့်လိုက်ရင် သက်သာ ပျောက်ကင်း စေပါတယ်။ အဲ့ဒါကြောင့် နနွင်းကို သူနဲ့ ဆိုင်ရာဆိုင်ရာ အနာရောဂါ အခြေ အနေ အလိုက် အကျိုးရှိစွာ အသုံးပြုနိုင်ကြောင်း သိရှိစေရန် ရေးသား အကြံပြုလိုက် ပါတယ်။ ။

Yee Hmwe
စီပိုးအတွက် သခွတ်ခေါက်နဲ့အရွက်ကျိုသောက်ပါ လက်တွေ့ပါ သုံးလအတွင်းပိုးကောင်ရေသန်း၁၀၀ပြုတ်ကျသွားတယ်။

May Aung bပိုးငုခေါက်၃ခွက်၁ခွက်တင်ကြိုသောက်ပါcပိုးအတွက်သွက်ပွင့်ဟင်းခါးချက်စားသခွပ်ရိုးရေခမ်းပြုတ်သုပ်စားပါ။

Shenwi ( ဘီပိုးသမားက မေးလို့ )
မခက်ပါနနွင်းမှုန့်နဲ့ပျားရည်သမအောင်မွှေ ပြီးရင်လုံးပြီးအချောက်လန်းပါ ပွေး- ဝဲ-ယားနာ-အနာကြီးရောစသည့်ရောဂါများလဲပျောက်ကင်းနိုင်သည်။

warlin ( ဆီးချိုသမားက တည့်လားပေးလို့ )
ဆီးချိုရှိရင်ဆနွင်းခါးတောင့်ကိုမှီဝဲပေးပါ

မိုးတွင်းကာလတွင် ဖြစ်ပွားတက်သော ရောဂါများနှင့်ပတ်သက်၍ ပြည်သူများအတွက် ကျန်းမာရေးသတိပေးနှိုးဆော်ချက်°°°°°°°°°°°°°°°°°°°°°°...
14/07/2016

မိုးတွင်းကာလတွင် ဖြစ်ပွားတက်သော ရောဂါများနှင့်ပတ်သက်၍ ပြည်သူများအတွက် ကျန်းမာရေးသတိပေးနှိုးဆော်ချက်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

Gua Sha မက်ကလောင် (credit - Dr.Tint Swe)---------------------------------------------၁။ ကျွန်တော့အစ်မဖြစ်နေလို့ပါဆရာ။ မြ...
14/07/2016

Gua Sha မက်ကလောင် (credit - Dr.Tint Swe)
---------------------------------------------
၁။ ကျွန်တော့အစ်မဖြစ်နေလို့ပါဆရာ။ မြစ်ကြီးနားမှာပြတော့ trimetazidine ကိုပေးလိုက်တာ အဲဆေးကို သောက်တော့လဲ မသက်သာဘူး။ အစ်မ အသက်က ၃၃ နှစ်ပါ။ မက်ခလောင်ထလာရင် ခေါင်းမှုးပြီး မျက်လုံး ဖွင့်လို့တောင်မရဘူးလို့ ပြောတယ်ဆရာ။ ရှာခြစ်လိုက်ဆွဲလိုက်ရင် ကောင်းသွားတယ်လို့ပြောတယ်။ နေ့တိုင်းလိုလို ရှာခြစ်ရလို့ အသားတွေတောင် မာနေပြီလို့လဲ ပြောပါတယ်ဆရာ။ ဘယ်လိုဆက်လုပ်ရမလဲဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါနော်။ မနှစ်ကစစ်ထားတဲ့ သွေးအဖြေကို ပို့ပေးလိုက်ပါတယ်နော်ဆရာ။
၂။ ကျမ ဘီပိုးအကူးခံရတာလည့်း့ မှာနေတုန်းက အသိဥာဏ်မဲ့စွာ တရုတ်အပ်စိုက်ခဲ့လို့ပါဆရာ။ ပြီးတော့ အကြောတက်လို့ဆိုပြီး သူငယ်ချင်းတရုတ်မက မက်ဂလောင်ခြစ်တယ်ဆိုပြီး ဇွန်းနဲ့ကြောကို သွေးစို့အောင် ခြစ်ပေးခဲ့ဘူးပါတယ်။ နောက်မှကျမ သိရတာကျမတို့နဲ့ တစ်အိမ်ထဲနေ မြန်မာတရုတ်မလေးမှာ HBeAg ရှိနေခဲ့တာပါဘဲ။ အဲဒီ မက်ဂလောင်ခြစ်တဲ့ဇွန်းကို အဲဒီကောင်မလေးကို ခြစ်လိုက် ကျမကိုခြစ်လိုက် လုပ်ခဲ့တယ်ဆိုတာ သိရပါတယ်။
၃။ ဆရာ တစ်ချို့လူတွေဟာ ခြေချောင်း၊ လက်ချောင်းလေးတွေယားလို့ဆိုပြီး ကြိုးနှင့်စည်းပြီး သွေးတွေ ဖောက်ပစ်ကြတယ်။ အဲလိုဖောက်လိုက်တော့ သွေးတွေမည်းမည်ကြီးတွေထွက်သွားပါတယ်။ အဲဒါ လုပ်သင့်ပါသလား။ ဘာကြောင့် သွေးတွေကအဲလိုမည်းသွားရပါသလဲ။ ကျေးဇူးပြုပြီးဖြေပေးပါဆရာ။
၎။ ငှက်ဖျား-မက်ကလောင်-သွေးလွန်တုပ်ကွေး ဆက်စပ်မှုလေး သိချင်ပါတယ်ဆရာ။
ကိုယ်မကျွမ်းကျင်တာကို ဆရာ မလုပ်သင့်သလို၊ ကိုယ်သိတာနဲ့မတူရင် အပြစ်တင် မစောသင့်ဘူး။ MBBS လို ပညာသာ သင်ထားသူတွေက မက်ကလောင်အပါအဝင် တခြားဆေးနည်းတွေကို ထောက်ပြတဲ့အခါ ဒေါသနဲ့ အာဃာတလွတ်အောင် ဆင်ခြင်ရပါတယ်။ သိပ္ပံဘာသာအရ လက်ဆုပ်လက်ကိုင် မပြနိုင်ပေမဲ့ ငြင်းပယ်လို့ မရတာတွေ တပုံတခေါင်းရှိတယ်။ အမေးကိုဖြေရာမှာ တခြားပုဂ္ဂိုလ်တွေ ထောက်ပြသတိပေးတာနဲ့ ကျားကူပါရစေ။
၁။ အဖျားကျအောင်လုပ်တဲ့ နည်းတွေထဲက အန္တရာယ်အကြီးဆုံးကတော့ မက်ကလောင်ဖောက်တာပဲ။ နှစ်စဉ် မက်ကလောင် ဖောက်တာကနေ ပိုးဝင်ပြီးတော့ အသက် ဆုံးရှုံးသွားတဲ့ ကလေးတွေ မနည်းလှဘူး။ (Dr. Junior)
၂။ မြင်းနီပျံ အမှတ်တံဆိပ်၊ မက်ကလောင် အဖျားဖြတ်ဆေးကြီး၊ နမ့်ခမ်မြို့၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ခြင်္သေ့ကမ္ဘာ ငှက်ဖျား မက်ကလောင် ဖြတ်ဆေး တို့ကိုလဲ မှတ်ပုံတင်ထားခြင်းမရှိ၍ ပိတ်ပင်လိုက်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာထားသည်။ (လျှပ်တစ်ပြက် ဂျာနယ် Vol2 No.53 မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများ)
၃။ သွေးလွန်တုပ်ကွေးနဲ့ပတ်သက်ပြီး မိဘတွေရဲ့ အဓိကမှားယွင်းမှုကို သိချင်ပါတယ်။ မက်ကလောင် ဖောက်တာပါ။ ကလေးရဲ့ လက်ထိပ်ကလေးတွေကို အပ်နဲ့ဖောက်ပေးလိုက်ရင် လန်းသွားမယ် ဆိုကြတယ်။ အရမ်း မှားယွင်းပါတယ်။ သွေးဆိပ်တက်ပြီး သေဆုံးနိုင်ပါတယ်။ နောက် မှားယွင်းနေတဲ့ အချက် တစ်ချက်ကတော့ သွေးလွန်တုပ်ကွေးဖြစ်ရင် သွေးသွင်းကြတာပါ။ သွေးလွန်တုပ်ကွေးဆိုတာ သွေးကြောနံရံတွေကို သွေးရည်ကြည်တွေ စိမ့်ထွက်စေတယ်။ ဒါပေမယ့် ငါးရက် ကျော်ရင် သွေးကြောထဲ အလိုလို ပြန်ဝင်လာတယ်။ မသိဘဲ အပြင်ကနေ သွေးတွေကို ထပ်ထည့်ရင် သာမန်ထက် လွန်ကဲတဲ့အတွက် ရုတ်တရက် နှလုံးခုန်ရပ်သွားတယ်။ ဒါကြောင့် သွေးလွန်တုပ်ကွေးဖြစ်တိုင်း အရမ်း သွေးမသွင်းရပါဘူး။ ခန္ဓာကိုယ်ထဲက အရည်အပြင်ကို ဘယ်လောက်ထွက်သွားလဲဆိုတာ ချိန်ဆပြီးမှန်းရပါမယ်။ အရမ်းမလုပ်ပါနဲ့။ ကလေးဆေးရုံကြီးမှာ ခန္ဓာကိုယ်က ရေဘယ်လောက် စိမ့်ထွက်သွားလဲဆိုတာ တိုင်းတာတဲ့စက်တွေ ရှိပါတယ်။ (မြန်မာတိုင်း (မ်) အတွဲအမှတ် ၂၄၊ အမှတ် ၄၇ဝ)
၎။ အပူကြီးရင် အပူချပေးဖို့ လိုတယ်။ အပူချဖို့က ပါရာစီတမောကလွဲလို့ ဘာမှမသုံးသင့်ဘူး။ အကိုက်အခဲ ပျောက်ဆေး သုံးရင် သွေးယိုတာ ဖြစ်နိုင်ပါတယ်။ မက်ကလောင် ဖောက်တာလည်း မလုပ်သင့်ဘူး။ မက်ကလောင်က ပိုးဝင်ပြီး သွေးဆိပ်တက်ပြီးဆုံးနိုင်ပါတယ်ဟု အဆိုပါ ကလေးအထူးကုဆရာဝန်ကြီးကပြောကြားခဲ့သည်။ (Eleven Media Group)
ကျွန်တော့်အမြင် -
မက်ကလောင်လုပ်တာ ဘာကောင်းသလဲ။ လက်တွေ့ စမ်းသူတွေက ရောဂါသက်သာတယ်လို့ ပြောကြတာတွေရှိမှာပါ။ ပူအောင်လုပ်ပေးရင် နာတာကိုသက်သာစေတယ်လို့ ဆေးပညာက လက်ခံပါတယ်။ သုတေသနလုပ်ရင် ရာနှုန်းများများ သက်သာတယ်ဆိုယုံနဲ့တော့ မရသေးပါ။ အပူချိန်ကိုတော့ ပြဒါးတိုင်နဲ့ တိုင်းလို့ရပေမဲ့ နာ-မနာကို တိုင်းစရာ မရှိပါ။ သက်သာတယ်လို့ ပြောတာက စိတ်ရဲ့အဆုံးအဖြတ်တခု ဖြစ်တယ်။ အနည်းဆုံးတော့ ငါ ကုသမှုတခု ခံယူလိုက်ပြီ၊ သူများတွေ ဒါလုပ်ရင်သက်သာတယ်လို့ ကြားဘူးတယ်ဆိုတဲ့ ယုံကြည်မှုကနေပါ သက်သာရာ ရစေနိုင်သေးတယ်။ သက်သာတယ် ထင်မှတ်လက်ခံရင် ကုသမှုရဲ့ရည်ရွယ်ချက်ပြည့်တယ်လို့ ပြောရတော့မှာပါ။ မက်ကလောင် ခြစ်လို့၊ ဖေါက်လို့၊ လူရဲ့သွေးမှာ ဘာတွေထူးခြား ပြောင်းလဲစေသလဲ၊ ဘာ့ကြောင့်လဲ၊ စတာတွေပါ လေ့လာရပါအုံးမယ်။
သူများတွေဆီမှာ ဘယ်လိုလုပ်ကြသလည်း
မက်ကလောင်နည်းကို သာမန်လူတွေ၊ ဒေသခံလူတွေရဲ့ဆေးနည်းလို့ ဆိုနိုင်ပါတယ်။ တရုပ်လို Gua Sha, Pinyin ခေါ်တယ်။ Scrape away fever အဖျားကို ခြစ်ထုတ်ပြစ်နည်းလို့ ဆိုပါတယ်။ ဗီယက်နမ် တွေကတော့ Scrape wind လေကို ခြစ်ထုတ်တာနဲ့၊ အင်ဒိုနီးရှားမှာလဲ Scraping technique ခြစ်နည်းပဲခေါ်တယ်။
တကယ်တန်း တရုပ်တွေလုပ်တဲ့ မက်ကလောင်နည်းကတော့ (ကြွေ) ဇွန်းနဲ့ဖြစ်ဖြစ် ပိုက်ဆံစေ့အဟောင်းနဲ့ဖြစ်ဖြစ်၊ တိရစ္ဆာန် (ကျွဲ) အရိုး-ချိုနဲ့ဖြစ်ဖြစ်၊ ကျောက်စိမ်းနဲ့ဖြစ်ဖြစ်၊ အရေပြားကို ဆက်တိုက်ခြစ်ပေးတယ်။ အရေပြားကို ထိတဲ့ နေရာက အသွားခပ်တုံးတုံး ဖြစ်ရတယ်။ ဆီတခုခုနဲ့ သုတ်ပြီးမှ ခပ်တင်းတင်းဖိပြီး၊ ကြွက်သား အောက်ဖက်ဆီကို ဖိ-ခြစ် ပေးရတယ်။ တကယ်လို့ ပင်ပန်းနွမ်းလျှတဲ့ လူနာဆိုရင် ချင်း(ဂျင်း) မြစ်ကို ခေါင်ရည်မှာ စိမ်ပြီး၊ ခါးရိုးမှာ အထက်ကနေ အောက်ဖက်ဆီလိမ်းပေးတယ်။ အပ်စိုက်နည်းမှာပါတဲ့ သတ်မှတ်မျဉ်းတွေအရ လုပ်ရတယ်။ မျဉ်းတွေဟာ ၄-၆ လက္မ အရှည်ရှိရတယ်။ အရေပြားအောက်က သွေးကြောမျှဉ်သေးသေးလေးတွေကနေ သွေးခြည်ဥ လာလိမ့်မယ်။ များတဲ့နေရာမှာ အရေပြားအောက်မှာ ပိုကြီးတဲ့သွေးယိုတာ ဖြစ်လာမယ်။
၂-၄ ရက်ကြာမှာ မှေးမှိန်သွားပါမယ်။ နာတယ်ထင်ရပေမဲ့ မနာဘူးတဲ့။ ရောဂါသက်သာတယ်လို့ ခံစားလာမယ်တဲ့။ အဖျား၊ ခေါင်းကိုက်၊ နာတာ၊ ကြွက်သား-အကြော ထိခိုက်တာ၊ အပူဒဏ်-အအေးဒဏ်ကြောင့် အားယုတ်တာ၊ အစာမကျေ၊ ချောင်းဆိုး၊ ရင်ကြပ်၊ ပန်းနာ၊ ဆီးလမ်းနာ၊ မွေးလမ်းနာ၊ အစာဆိပ် သင့်တာတွေအတွက် ဒီဆေးကုနည်းကို သုံးရပါသတဲ့။
နောက်တနည်းကို Ba Sha ခေါ်တယ်။ Pull out fever အဖျားထုတ်ပစ်နည်းပါ။ အရေပြားကို သွေးခြည်ဥအောင် အထိ ကုပ်ဆွဲပေးနည်း ဖြစ်တယ်။ များသောအားဖြင့် အရွတ်ကြော၊ နဖူးအလယ်ခေါင်နေရာတွေမှာ လုပ်ကြတယ်။
ဒီနည်းမှာ သွေးစို့အောင်၊ သွေးထွက်အောင် ဖေါက်-ခြစ်တဲ့အတွက်ကတော့ သွေးလွန်တုပ်ကွေးမှာ ပိုဆိုးစေမှာ အမှန်ပါ။ ရောဂါကြောင့်လား၊ ဒါ့ကြောင့်လား အခွဲရခက်စေတယ်။ မက်ကလောင်အစွမ်းကြောင့် သွေးထွက်ရောဂါရှိနေသူဆိုရင် သွေးပိုထွက်စေပါမယ်။ တခြားပိုးတွေဝင်နိုင်တာလည်းပါတယ်။ ဆေးကုသတာမှာ ဒါနဲ့တင်ပြီးပြီလို့ ထင်မှတ်စေအုံးမယ်။ ကိုယ့်ဆေးပညာ မဟုတ်လို့ အပြစ်ပြောတာမဟုတ်ပါ။ Artesunate, Artemether ဆေးတွေဟာ တရုပ်တိုင်းရင်းဆေးက လာတာပေမဲ့ ငှက်ဖျားဆေးကောင်းတွေလို့ ဆေးပညာရှင်တွေကပါ သုတေသနလုပ်လက်ခံပြီး၊ တကမ္ဘာလုံး သုံးနေကြပါတယ်။ တရုပ်မက်ကလောင်ကိုတော့ အဲလိုအဆင့်ထိ လက်မခံပါ။
၂ဝဝ၁ ကရိုက်တဲ့ The Treatment ရုပ်ရှင်တကားရှိတယ်။ အမေရိကရောက်နေတဲ့ ကလေးတွေဆီ လာလယ်တုံး၊ မြေးကလေး ကိုယ်ပူတော့ တရုပ်အဖိုးကနေ Gua Sha နည်းနဲ့ ကုပေးတယ်။ ကလေးမှာ သွေးခြည်ဥနေတဲ့ အခြစ်ရာ အစင်းအစင်းတွေတွေ့တော့ ကလေးကို တလွဲလုပ်တယ်လို့ အထင်မှားခံရပြီး၊ ဒုက္ခအကြီးအကျယ် ရောက်ကြရတယ်။
ဘာဘဲဖြစ်ဖြစ် ငှက်ဖျားကို ငှက်ဖျားဆေးမသောက်ပဲ၊ လိုအပ်ရင်မထိုးပဲနဲ့တော့ ဟိုနည်းဒီနည်းမလုပ်ပါနဲ့။ ဦးနှောက်ထဲ ပိုးရောက်ရင် ကျောက်စိမ်းနဲ့ ခြစ်လို့လည်းရတော့မှာမဟုတ်ပါ။ သွေးလွန်တုပ်ကွေး ဖြစ်နေချိန်မှာလည်း လက်ရှောင်ကြပါ။ သွေးကတဆင့်ကူးစက်တဲ့ HIV ပိုး၊ အသည်းရောင် (စီ) ပိုး၊ (ဘီ) ပိုးတွေက ကုသရခက်ခဲလွန်းတာ သတိပြုပါ။
Dr. တင့်ဆွေ

13/07/2016

သိထားသင့်သောဗဟုသုတများဖြစ်ပါသည်။
***********************************
Credit &Photo

သွေးတိုးရောဂါဖြစ်လျှင် ဆောင်ရန်နှင့်ရှောင်ရန်
13/07/2016

သွေးတိုးရောဂါဖြစ်လျှင် ဆောင်ရန်နှင့်ရှောင်ရန်

သွေးပေါင်ကျသမားများအတွက်နည်းလမ်းကောင်းလေးပါ
11/07/2016

သွေးပေါင်ကျသမားများအတွက်နည်းလမ်းကောင်းလေးပါ

ဂျင်း(ချင်း)သုပ်နဲ့ သဘောင်္သီးလုံးဝမတည့်ပါ။
11/07/2016

ဂျင်း(ချင်း)သုပ်နဲ့ သဘောင်္သီးလုံးဝမတည့်ပါ။

"ချင်း(ဂျင်း)သုပ်နဲ့သင်္ဘောသီး သတိထားကြပါ" - ကျေးဇူးပြုပြီး share ပေးကြပါ
Credit
Unofficial ကြေးမုံသတင်းစာ

ကျီးပေါင်းရောဂါ အတွက် ဆေးနည်း။
11/07/2016

ကျီးပေါင်းရောဂါ အတွက် ဆေးနည်း။

11/07/2016

အိပ်မပျော်သူများအတွက် ပူစီနံရွက်
******* × ****** × ******* × ********

အိပ်မပျော်တဲ့ မိတ်ဆွေများအတွက် ကျွန်မလုပ်နေကျဆေးနည်းလေး ပေးပါရစေ။

အိပ်ဆေးသောက်အိပ်ခြင်းဟာ ရေရှည်မှာ မကောင်းပါဘူး။ ဒီနိုင်ငံမှာဆို အိပ်ဆေး လုံးဝ မပေးပါဘူး။ အရင်ကတော့ နွားနို့ပူပူလေးကို မအိပ်ခင် နာရီဝက်လောက်အလိုမှာ သောက်လိုက်ပြီးမှ အိပ်ရင် အိပ်ပျော်တယ်ဆိုလို့ သောက်ကြည့်ပါတယ်။ မဆိုးပါဘူး။ ဒါပေမယ့် နွားနို့သိပ်မကြိုက်တတ်တဲ့ ကျွန်မအတွက် သိပ်အဆင်မပြေပါဘူး။

ဒါနဲ့ အညာမှာနေတဲ့ မွေးသမိခင်ကို မေးရတော့တာပေါ့။ သမီးရေ အိပ်မပျော်ရင် ရေနွေးထဲကို ပူတီနာအရွက် ၅ ရွက် ၆ ရွက်ကို ထည့်ပြီး ခပ်နွေးနွေးလေး အနေအထားရောက်ရင် သောက်ပြီး အိပ်ယာထဲ ဝင်လိုက်ပါတဲ့။ ခဏနေရင် အိပ်ပျော်သွားလိုက်မယ်တဲ့။

တကယ်ကို အဟုတ် အိပ်ဆေးကောင်းလေးပါ။ အခုတော့အိမ်မှာ ပူတီနာကို အခင်းဖြစ်အောင်စိုက်ထား လိုက်ပါတော့တယ်။ သြော် နောက်တစ်ခုက ပူတီနာ အရည်ကို သောက်ခြင်းဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေသလို အဆီလည်းကျစေပါတယ်တဲ့။

မိတ်ဆွေများ လိုသလို အသုံးပြုနိုင်ကြပါစေ.....

Credit: Myawady New

Address

NAY Plus Pharmacy(Bagan)
Pakokku

Telephone

092301287

Website

Alerts

Be the first to know and let us send you an email when Nay Plus Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram