U Nyunt Aung Pharmacy

U Nyunt Aung Pharmacy A thirty year old family-owned pharmacy.

https://www.facebook.com/100088228762877/posts/271154522502171/?mibextid=cr9u03
26/09/2023

https://www.facebook.com/100088228762877/posts/271154522502171/?mibextid=cr9u03

🔴 မိန်းမကိုယ်ပိုးဝင်ခြင်း၊ မှိုစွဲခြင်း၊
ဆီးလမ်းကြောင်းပိုးဝင်ခြင်းဆိုတာ
အမျိုးသမီးတိုင်းကြုံတွေ့နိုင်သော
ပြဿနာများပဲဖြစ်ပါတယ် 🔴

အဖြူဆင်းခြင်း၊ အနံ့နံခြင်း၊ ယားယံခြင်းများဟာ
မိန်းမကိုယ်ပိုးဝင်ခြင်းရဲ့ လက္ခဏာများဖြစ်သလို
နေ့စဉ်ဘဝကို အနှောင့်အယှက်ပေးပြီး
ယုံကြည်မှုတွေ လျော့နည်းစေတဲ့
အကြောင်းအရင်းတစ်ခုပဲဖြစ်ပါတယ် 🥺🥺🥺

ဒါကြောင့် လှပသန့်ရှင်းပြီး ယုံကြည်မှုတွေတိုးစေဖို့
𝐕𝐂𝐚𝐫𝐞 𝐖𝐨𝐦𝐞𝐧’𝐬 𝐏𝐫𝐨𝐛𝐢𝐨𝐭𝐢𝐜𝐬 ကို
နေ့စဉ်ပုံမှန်သောက်သုံးခြင်းဖြင့် မိန်းမကိုယ်ပိုးဝင်ခြင်းများကို
ကြိုတင်ကာကွယ်တားဆီးလိုက်ပါ 🛡 🛡 🛡


#ယုံကြည်မှုတွေနှစ်ဆတိုးဖို့VCAREကိုပဲရွေးချယ်စို့
Telegram Link : https://t.me/s/nazcopharmachannel

ဟလို မဂ်လာပါရှင့်ကြွက်သားနာကျင်ကိုက်ခဲမှုတွေကို သက်သာစေဖို့ တိုက်ဂါးဘမ်းကို အသုံးပြုပြီး၊ နွေရာသီရဲ့အပူဒဏ်တွေကိုလဲ Tiger...
16/05/2023

ဟလို မဂ်လာပါရှင့်

ကြွက်သားနာကျင်ကိုက်ခဲမှုတွေကို သက်သာစေဖို့ တိုက်ဂါးဘမ်းကို အသုံးပြုပြီး၊ နွေရာသီရဲ့အပူဒဏ်တွေကိုလဲ Tiger Balm Mini Fan လေးနဲ့ ကာကွယ်လို့ရတယ်နော် 🥰

🔸ကြွက်သားနာကျင်ကိုက်ခဲခြင်း၊ ခေါင်းမူး ခေါင်းကိုက်ခြင်း၊ နှာစေးနှာပိတ်ခြင်း၊ လေထိုးလေအောင့်ခြင်း နှင့် အင်းဆက်ပိုးမွှားကိုက်ခံရခြင်းတို့အတွက် တိုက်ဂါးဘမ်း ပရုပ်ဆီ အနီ နှင့် အဖြူ

🔸အဆင့်မြင့် Hydrogel နည်းပညာနဲ့ ပြုလုပ်ထားလို့ အသားလောင်ခြင်း၊ တင်းကျပ်ခြင်း မရှိစေဘဲ၊ ခါးနာခြင်း၊ ဇက်ခိုင်ခြင်း နှင့် ကြွက်သားနာကျင်ကိုက်ခဲမှုတွေကို သက်သာစေတဲ့ တိုက်ဂါးဘမ်း ဆေးပလာစတာ အပူ နှင့် အအေး

တိုက်ဂါးဘမ်းချစ်သူတွေအတွက် နွေရာသီ အထူး ပရိုမိုးရှင်း (Summer Special Promotion) အနေနဲ့
တိုက်ဂါးဘမ်းပစ္စည်း (12,000) ဖိုးနဲ့အထက် ဝယ်ယူသူတွေအတွက် Tiger Balm Mini Fan (၁)ခု လက်ဆောင်ရယူလိုက်ပါနော် 🤗

Promotion Period - 1st to 31st, May 2023

နာချင်ရာ နာစမ်း … တိုက်ဂါးဘမ်း



https://www.facebook.com/100044561973995/posts/646261256869268/
09/10/2022

https://www.facebook.com/100044561973995/posts/646261256869268/

လက်မောင်းကပ်ရောဂါအကြောင်း သိကောင်းစရာ

(ဖြည့်စွက်)

လက်မောင်းကပ် (၃)မျိုး

လက်မောင်းကပ်ဖြစ်စေနိုင်သော အခြေခံအကြောင်း (၃)မျိုးရှိသည်။

၁။ ထိခိုက်ဒဏ်ရာရခြင်း

၂။လက်ကို အအေးပတ်ခြင်း

၃။ ကျီးပေါင်းကြောင့် ပုခုံးခဲခြင်း တို့ဖြစ်သည်။

ထိခိုက်ဒဏ်ရာရခြင်းကြောင့် လက်ကိုသိုင်းထားခြင်း၊ ကျောက်ပတ်တီးစည်းထားခြင်း၊ မလှုပ်ရှားဘဲ ငြိမ်သက်အောင်နေခြင်းတို့ကြောင့် ပုခုံးခဲပြီး လက်မောင်းကပ်ရောဂါ ဖြစ်တတ်သည်။ အထူးသဖြင့် ကျောက် ပတ်တီးစည်းရသူများတွင် ပို၍ ဖြစ်တတ်သည်။ အချို့မှာ ဆိုင်ကယ်လဲခြင်း၊ ကားအက်ဆီးဒင့်ဖြစ်ခြင်းတို့ ကြောင့် ပုခုံးရိုးကို ခိုက်မိပြီး ဒဏ်ဖြစ်ရာမှ လက်မောင်းကပ်ရောဂါ ဖြစ်လေ့ရှိသည်ကို တွေ့ရသည်။

အအေးပတ်ခြင်းနှင့် ပတ်သက်၍ အတွေ့အကြုံမှာ

မိတ်ဆွေတစ်ဦး လက်မောင်းကပ်ရောဂါဖြစ်၍ လာပြသည်။ သူ့အသက်မှာ ၅၀ ကျော် စီးပွားရေးလုပ်ငန်းရှင်ဖြစ်သည်။ အဆင်ပြေသည်။ လက်ကို အသုံး ပြု၍ ပင်ပင်ပန်းပန်းမလုပ်ရ။ သို့သော် သူ့ညာလက်မှာ တစ်ဖြည်းဖြည်းကပ်လာသည်။ ဖြစ်ကာစက လေးရုံ သာလေးသည်။ နောက်ပိုပိုလေးလာပြီး ၂ လကျော် ၃ လခန့်ရှိသောအခါ လက်ကို အပေါ်မြှောက်မရအောင် ကပ်လာသည်။ ထိုမိတ်ဆွေသည် အအေးအလွန်ကြိုက်သူဖြစ်သည်။

သူ၏အိပ်ခန်းတွင် လေအေးပေးစက် ကို တစ်နေကုန်ဖွင့်ထားပြီးအေးမှ အိပ်စက်တတ်သူဖြစ်သည်။ သူသည် ပက်လပ်အိပ်လေ့ရှိပြီး လေအေး ပေးစက် အဲယားကွန်းမှာ သူ၏ ညဘက်အခြမ်းမှ ဖြစ်သည်ကို တွေ့ရှိရသည်။ အိပ်စက်ချိန်တစ်ညလုံး ညာ ဘက်အခြမ်းကို အအေးမိရာမှ လက်မောင်းကပ်ရောဂါဖြစ်လာသည်ဟု ယူဆရသည်။

ကျီးပေါင်းတက်ခြင်းမှာ ယခုခေတ်တွင် ဖုန်းအကြည့်များခြင်း၊ ကွန်ပျူတာအသုံးများခြင်း၊ ခေါင်းငုံ့၍ ဖုန်းကြည့်ခြင်းတို့ကြောင့် လည်ပင်းရိုးဆစ် ဇက်ကျီးပေါင်းတက်ရာမှ ဇက်မှလက်ပြင်၊ လက်မောင်းတစ် လျှောက်သွားသော အာရုံကြောဖိမိ ညှပ်မိရာမှ လက်မောင်းကပ်ခြင်းဖြစ်လာနိုင်သည်။
လက်မောင်းကပ်သူတို့သည် နောက်ကျောသို့ လက်နောက်ပြန်ပြီး မကုတ်နိုင်။ အမျိုးသမီးများဆို လျှင် ဘောလီအင်္ကျီချိတ်ကို လက်နောက်ပြန်မဖြုတ်နိုင်သည်ကို တွေ့ရမည်ဖြစ်သည်။

လက်မောင်းကပ်သူ များသည် မရသည့်လှုပ်ရှားမှုများကို လက်မလျှော့ဘဲ မရရအောင် တစ်ဖြည်းဖြည်း ကြိုးစားလေ့ကျင့်ယူခြင်း ဖြင့် လက်မောင်းကပ်ရောဂါပျောက်ကင်းနိုင်သည်။ ငြိမ်ငြိမ်နေလျှင် လက်မောင်းကပ်ခြင်း၊ ပုခုံးခဲခြင်းပို၍ ဆိုးလာမည်ကို သတိပြုကြစေလိုသည်။

ကြည်လွင်မြင့်(မုဒြာ)

ကွယ်လွန်သူ (ဦးညွန့်​အောင်) အသက် (၆၅)နှစ်အတွက် ဆွမ်းသွတ်တရားနာ ကြွ​ရောက်​ပေးပါရန် ဖိတ်ကြားအပ်ပါသည်။ တရားနာချိန် -၈နာရီ
12/08/2022

ကွယ်လွန်သူ (ဦးညွန့်​အောင်) အသက် (၆၅)နှစ်အတွက် ဆွမ်းသွတ်တရားနာ ကြွ​ရောက်​ပေးပါရန် ဖိတ်ကြားအပ်ပါသည်။
တရားနာချိန် -၈နာရီ

09/08/2022

(ဦးညွန့်​အောင်) -အသက် (၆၅)နှစ်
ယ​နေ့ ၉.၈. ၂၀၂၂ ၊ (အင်္ဂါ​​)​နေ့တွင်
ကွယ်လွန် အနိစ္စ​ရောက်သွား​သော​ကြောင့်
၁၀.၈. ၂၀၂၂ ၊ (ဗုဒ္ဓဟူး)​နေ့ ည​နေ ၃နာရီတွင် ဗိုလ်ချုပ်လမ်း​နေအိမ်မှ ၃မိုင် သုသာန်သို့ ပို့​ဆောင်ဂူသွင်းမည်ဖြစ်ပါ​သော​ကြောင့် ရပ်​ဝေးရပ်နီးမိတ်​ဆွေများကို ​အသိ​ပေးအ​ကြောင်းကြားအပ်ပါသည်။

14/07/2022

အရိုးပါး၊ အရိုးပွရောဂါဖြစ်သည်နှင့် နောက်ဆက်တွဲပြဿနာများ ဖြစ်လာတတ်ပါသည်။ သာမန်အားဖြင့် အရိုးက ပါးခြင်း၊ ပွခြင်းဖြစ်နေသည်ကို လူအများစုက သိလေ့သိထမရှိဘဲ အရိုးကျိုးသည့်အခါမှသာ သိရပါသည်။ ဥပမာ- အဘွားကြီးတစ်ယောက် အသက် ၆၀၊ ၇၀၊ ၈၀ တွင် အရိုးမှာ တဖြည်းဖြည်း ပါးလာ၊ ပွလာသော်လည်း ချော်လဲလိုက်သည့်အခါမှသာ ဗြောင်းခနဲဆို ကျိုးသွားပါသည်။ ထိုအချိန်အခါကျလျှင် များသောအားဖြင့် ပြန်ဆက်ရန်လည်း မလွယ်ပေ။

အဓိကကျိုးသော အရိုးများထဲတွင် နံပါတ် (၁) ပေါင်ရင်းရိုးရှိ သေးသိမ်နေသောနေရာ၌ကျိုးခြင်း (Fracture neck of femur) မှာ အဖြစ်အများဆုံးဖြစ်ပါသည်။ နံပါတ် (၂) အနေဖြင့် Pelvic fracture ဟုခေါ်သည့် ဆီးခုံနှင့် တင်ပါးရိုးကြီးလည်း ကျိုးနိုင်ပါသည်။ နံပါတ် (၃) အနေနှင့် ခါးရိုးမကြီးလည်း ကျိုးနိုင်ပါသည်။ ထို့အပြင် လက်အရိုးက တစ်ခုခုကို ထောက်လိုက်သည့်အခါတွင်လည်း ကျိုးသွားတတ်ပါသည်။

အရိုးပါး၊ အရိုးပွရောဂါ ဖြစ်နေသောကြောင့် အရိုးက တော်ရုံနှင့်ပြန်မဆက်ဘဲ အိပ်ရာထဲလဲပြီး ဒုက္ခိတဘဝဖြင့် တစ်သက်လုံး နေသွားရနိုင်ပါသည်။ ထိုအခါ နောက်ဆက်တွဲပြဿနာများဖြစ်သော အဆုတ်ထဲပိုးဝင်ပြီး နမိုးနီးယားရောဂါ (Pneumonia) များနှင့် ဆီးလမ်းကြောင်းထဲပိုးဝင်ပြီး ကျောက်ကပ်ပျက်စီးသည့်ရောဂါများပါ ဖြစ်လာတတ်ပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)

ကိုးကားချက် - "အရိုးပါး၊ အရိုးပွရောဂါ" စာအုပ်မှ ထုတ်နုတ်ဖော်ပြသည်။

16/06/2022

မနက်စောစော ကော်ဖီ သောက်ခြင်း နဲ့ ကျန်းမာရေး က အခုလိုတွေ ဆက်စပ်နေတာကြောင့် ကော်ဖီကို ကျန်းမာရေးနဲ့ ညီညွတ်အေ.....

25/05/2022

Monkeypox ခေါ် မျောက်ကျောက်ရောဂါအတွက် သိသင့်တဲ့ အဓိကအချက် (၉) ချက်

1⃣ ကျောက်ကြီးရောဂါ (Smallpox) အတွက် ထိုးခဲ့ကြတဲ့ ကျောက်ရောဂါ ကာကွယ်ဆေးဟာ အခု Monkeypox ရောဂါကိုလည်း ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။ (၁၉၈၀ ခုနှစ်မှာ ကျောက်ရောဂါကို ကမ္ဘာပေါ်ကနေ အမြစ်ဖြတ်နှိမ်နင်းနိုင်ပြီလို့ကြေငြာခဲ့ပါတယ်။ အဲ့ဒီမတိုင်မီတုန်းကဆို ကျောက်ရောဂါကာကွယ်ဆေးတွေ ထိုးခဲ့ကြရပါတယ်။ အိမ်မှာ အကြမ်းအားဖြင့် အသက် ၄၀ အထက် လူကြီးတွေရှိရင် သူတို့လက်မောင်းမှာ ကျောက်ရောဂါကာကွယ်ဆေး ထိုးထားတဲ့ အမာရွတ် အဝိုင်းကြီးတွေကို မြင်နိုင်ပါတယ်။) ယခုအခါ Monkeypox ရောဂါအတွက် ကာကွယ်ဆေးသစ်များကို ဖော်စပ်ထားပြီးဖြစ်သလို အဲ့ဒီထဲက တစ်မျိုးဖြစ်တဲ့ JYNNEOS® ဟာ Monkeypox ကိုကာကွယ်ရေးအတွက် သုံးနိုင်ကြောင်း အတည်ပြုချက်ရရှိပြီး ဖြစ်ပါတယ်။ အဲ့ဒီ ကာကွယ်ဆေးကို အားပျော့ချည့်နဲ့သွားအောင် လုပ်ထားတဲ့ Vaccinia virus (Ankara strain) ကနေထုတ်ထားတာဖြစ်ပြီး ထိုးမယ်ဆို နှစ်ကြိမ်ထိုးရမယ်လို့ ဆိုပါတယ်။ JYNNEOS® ကာကွယ်ဆေးကို ဒိန်းမတ်နိုင်ငံရှိ Bavarian Nordic ကုမ္ပဏီက ထုတ်လုပ်ပါတယ်။

2⃣ Monkeypox ရောဂါဟာ သူ့နာမည်အတိုင်းပဲ မျောက်ကျောက် ဗိုင်းရပ်စ် (Monkeypox virus) ကြောင့်ဖြစ်ရတာပါ။ အဲ့ဒီ Monkeypox Virus ဟာ Orthopoxvirus မျိုးစုအဖွဲ့ဝင်ဖြစ်ပြီး Poxviridae မျိုးရင်းတွင် ပါဝင်ပါတယ်။

3⃣ Monkeypox ရောဂါဟာ အများအားဖြင့် သူ့ဟာသူ ပျောက်ကင်းသွားတတ်တဲ့ ရောဂါဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေက ၂ ပတ်ကနေ ၄ ပတ်အထိ ကြာတတ်ပါတယ်။ သို့သော် အချို့သောသူများမှာ ပြင်းထန်တတ်လို့ မပေါ့ဆသင့်ပါ။ မကြာသေးမီက ရရှိထားသော အချက်အလက်များအရ ရောဂါဖြစ်ပွားသူတွေမှာ သေဆုံးမှုနှုန်းဟာ ၃-၆ ရာခိုင်နှုန်းခန့် ရှိတာကို တွေ့ရပါတယ်။

4⃣ Monkeypox ရောဂါဟာ လူတွေဆီကို အနီးကပ်ထိတွေ့ခြင်းကနေ ကူးစက်လာတာပါ။ ရောဂါဖြစ်နေတဲ့လူနာ/ ရောဂါဖြစ်နေတဲ့ တိရစ္ဆာန်နဲ့ ထိတွေ့တာ နှင့် ရောဂါပိုးရှိနေတဲ့ အရာဝတ္ထုတွေနဲ့ ထိတွေ့တာတွေကို ဆိုလိုပါတယ်။

5⃣ လူတစ်ယောက်ကနေ အခြားလူတစ်ယောက်ကို ကူးစက်တဲ့ နေရာမှာတော့ မျောက်ကျောက်ရောဂါ အရည်ကြည်ဖုတွေ/အနာတွေကို ထိမိတာ၊ ခန္ဓာကိုယ်ကထွက်တဲ့ အရည်တွေကို ကိုင်တွယ်မိတာတွေအပြင်၊ ချောင်းဆိုး/နှာချေကထွက်တဲ့ အရည်စက်ကလေးတွေနဲ့ ပိုးမွားတွေ ပေကျံနေတဲ့ အိပ်ရာခင်းကဲ့သို့သော အရာဝတ္ထုတွေကတစ်ဆင့် ကူးစက်နိုင်ပါတယ်။

6⃣ Monkeypox ရောဂါဟာ တိရစ္ဆာန်ကတစ်ဆင့် ကူးစက်တဲ့ ဗိုင်းရပ်စ်ရောဂါ (Viral zoonotic disease) တစ်ခုဖြစ်ပြီး အာဖရိကတိုက် အလယ်ပိုင်းနှင့် အနောက်ပိုင်းရှိ အပူပိုင် းမိုးသစ်တောဒေသတွေမှာ အဓိကအားဖြင့် ဖြစ်ပွားလေ့ရှိပါတယ်။ တစ်ခါတစ်ရံမှသာ အဲ့ဒီဒေသတွေကနေ အခြားအရပ်ဒေသတွေကို ပျံ့နှံ့ရောက်ရှိသွားတတ်ပါတယ်။

7⃣ ကျောက်ကြီးရောဂါ (Smallpox) ကိုကုသရာမှာ အသုံးပြုခဲ့တဲ့ Tecovirimat ခေါ် ဗိုင်းရပ်စ်ပိုးဟန့်တားဆေးတစ်ခုကို ယခုဖြစ်ပွားနေတဲ့ Monkeypox ရောဂါကုသရာမှာ အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။ သုံးဖို့လည်း လိုင်စင်ရထားပြီး ဖြစ်ပါတယ်။

8⃣ Monkeypox ရောဂါရဲ့ လက္ခဏာများဟာ ၁၉၈၀ ခုနှစ်ကတည်းက အမြစ်ပြတ်နှိမ်နင်းလိုက်ပြီဖြစ်တဲ့ ကျောက်ရောဂါ (Smallpox) ရဲ့လက္ခဏာများနဲ့ ဆင်တူပါတယ်။ သူတို့ ဗိုင်းရပ်စ် နှစ်မျိုးစလုံးက Orthopoxvirus မျိုးစုတွေပဲ ဖြစ်ကြပါတယ်။ ကံကောင်းတာက Monkeypox ရောဂါက ကျောက်ရောဂါထက် ကူးစက်မှုနှုန်းရော၊ ပြင်းထန်မှုပါ လျော့နည်းပါတယ်။

9⃣ Monkeypox ရောဂါဖြစ်ပြီဆိုရင် ဖျားတာ၊ အရည်ကြည်ဖု/အဖုအပိမ့် အနီကွက်ထွက်တာနဲ့ ပြန်ရည်ကျိတ်တွေကြီးလာတဲ့ လက္ခဏာတွေ တွေ့ရများပါတယ်။ အဲ့ဒီကနေမှတစ်ဆင့် လက္ခဏာပြင်းထန်သူတွေမှာ နောက်ဆက်တွဲ ရှုပ်ထွေးမှုအမျိုးမျိုး ဖြစ်စေနိုင်တာမို့ မပေါ့ဆဘဲ စနစ်တကျ ကာကွယ်ကုသသင့်ပါတယ်။

ဒေါက်တာခင်မောင်လွင် (FAME)
25.5.2022

Reference
-------------
WHO Fact sheet – Monkeypox https://www.who.int/news-room/fact-sheets/detail/monkeypox
JYNNEOS Smallpox (Monkeypox) vaccine https://www.precisionvaccinations.com/vaccines/jynneos-smallpox-monkeypox-vaccine

https://hellosayarwon.com/healthy-sleep/a-good-nights-sleep/summer-fan-sleep-good-or-bad/
15/05/2022

https://hellosayarwon.com/healthy-sleep/a-good-nights-sleep/summer-fan-sleep-good-or-bad/

နွေရာသီ ပန်ကာ ကြွက်သားတွေ နာကျင်ကိုက်ခဲ နှာစေး အသက်ရှုလမ်းကြောင်း အသားခြောက်မယ် ဓာတ်မတည့်မှုတွေ အပူချိန် မ...

Address

Pauk Street/ Myoma Street
Pakokku

Opening Hours

Monday 06:30 - 18:00
Tuesday 06:30 - 18:00
Wednesday 06:30 - 18:00
Thursday 06:30 - 18:00
Friday 06:30 - 18:00
Saturday 06:30 - 18:00
Sunday 06:30 - 18:00

Telephone

+959792300803

Website

Alerts

Be the first to know and let us send you an email when U Nyunt Aung Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to U Nyunt Aung Pharmacy:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram